Truyen3h.Co

What's wrong with My Exes

Part 4

KimFany059


#unicode

Jennie barကနေ အိမ်ကို ပြန်ရောက်လာခဲ့သည်

ခြေလက်သန့်စင်ပြီး ကုတင်ပေါ်တွင် လှဲအိပ်ရင်း  Roseanneရဲ့ Instagram ကိုcheckဖို့ သတိရသွားသည်

Jennie ဖုန်းယူကာ အင်တာနက်ဖွင့်ပြီး Roseanneရဲ့ Account ထဲ ဝင်ကြည့်လိုက်သည်

ကော်ဖီခွက်လေးနဲ့ စာရွက်ပုံလေး ရိုက်တင်ထားတာ ကြည့်ပြီး Roseanne သီချင်းရေးနေမှန်း Jennie သဘောပေါက်သွားသည်

အချိန်အကြာကြီး သဘောကျခဲ့ရတဲ့ idolဆိုတော့ သူပုံတစ်ပုံတင်တာနဲ့ ဘာကိုဆိုလိုချင်တယ်ဆိုတာ Jennie သိတယ်လေ

Roseanneရဲ့ ပိုစ့်ကို အသည်းပေးပြီးနောက် Jennie တစ်ယောက် DM ပို့လိုက်သည်

"သီချင်းရေးနေတာလား Roseanne နောက် comeback အတွက်လား "

Roseanneဆီ messageပို့လိုက်ပြီး သိပ်မကြာလိုက် Jennieဆီ Message တစ်စောင် ဝင်လာလို့ ကြည့်လိုက်တော့ Roseanneဆီက ဖြစ်နေသည်

"ဟုတ်တယ် Jennie.... "

"Wow အရမ်းနားထောင်ချင်နေပါပြီ "

"Producer တွေကို မပြရသေးဘူးရယ် သူတို့က လက်ခံမှ ဆိုလို့ရမှာ "

"Fighting Roseanne "

"ဒါနဲ့ Jennieက အခု အပြင်မှာလား "

Roseanneက ရုတ်တရက် သူမကို ဘယ်မှာလည်းမေးလာသောကြောင့် Jennie အံ့သြသွားသည်

"မဟုတ်ပါဘူး အိမ်မှာပါ ဘာလို့လည်း Roseanne "

"Aww Jennie Instagram မှာ အရက်ခွက်ပုံလေးတွေ တင်ထားလို့ "

"အာ အဲ့တာ သူငယ်ချင်းတွေနဲ့ သွားသောက်တာရယ်...အခုပြန်ရောက်လာလို့ ကုတင်ပေါ်တောင် ရောက်နေပြီ "

"Aww အင်းပါ မူးနေပြီလား "

Roseanneကို မူးချင်ယောင်ဆောင်ပြီး ရည်းစားစကားတစ်ခါထဲ ပြောလိုက်ရမလားလို့ Jennie တွေးနေသည်

"Roseanne... "

"ဟုတ် "

"Roseanneကို ချစ်တယ် "

Jennie ဆီက ချစ်တယ်ဆိုတဲ့ messageကို မြင်လိုက်ရတော့ Roseanne တစ်ယောက် မျက်လုံးပြူးပြီး အံ့သြသွားတယ်

"အာ ကြည့်ရတာ Jennie အရမ်းမူးနေပြီထင်တယ် အိပ်လိုက်တော့နော် ကောင်းသောညပါ Good Night "

Jennie ဘာမှဆက်မပြောခင် Roseanneမှာ စာပို့ပြီး အင်တာနက်ကို ပိတ်လိုက်သည်

ထို့နောက် ဖုန်းကို ခေါင်းအုံးဘေးနားထားလိုက်သည်

"ဘုရားရေ သူမူးနေတာနဲ့ မိန်းကလေးချင်းကို ချစ်တယ် ပြောစရာလား... မဟုတ်လောက်ပါဘူး idolနဲ့ fan အနေနဲ့ ပြောတာနေမှာပါ ....ဒါပေမယ့် သူချစ်တယ်ပြောတာကို ငါက ဘာလို့ ရင်တွေခုန်နေရတာလည်း မဟုတ်သေးပါဘူး "

Roseanne နှလုံးခုန်မြန်နေတဲ့ သူ့ရင်ဘတ်ကို သူစမ်းကြည့်ရင်း တွေးလိုက်မိသည်

"အယ် သူလိုင်းပေါ်က ဆင်းသွားပြီဘဲ....ငါ ဖွင့်ပြောလိုက်လို့ စိတ်ဆိုးသွားတာလားမသိဘူး.... "

တစ်ဖက်က Jennieမှာလည်း လိုင်းပေါ်မှာ မရှိတော့တဲ့ Roseanne အကောင့်လေးကို ကြည့်ရင်း Roseanne များ စိတ်ဆိုးသွားတာလားဆိုပြီး တွေးပူနေမိသည်

Roseanne အိပ်ရာက နိုးလာပြီး မျက်နှာသစ်သွားတိုက်ပြီးနောက် မနက်စာဝယ်စားဖို့ တိုက်ခန်းအပြင်ကို ထွက်လာသည်

"ဟင် Jennie "

Roaeanne တိုက်ခန်းအပြင်ကို ထွက်လာလာချင်း အရှေ့မှာ ငုတ်တုတ်ထိုင်စောင့်နေတဲ့ Jennieကို တွေ့ပြီး အံ့သြသွားသည်

"Roseanne "

"ဘာလို့ ဒီအရှေ့မှာ ထိုင်စောင့်နေတာလည်း "

"Roseanne စိတ်ဆိုးသွားတယ်ထင်လို့...."

Jennie မျက်နှာငယ်လေးနဲ့ပြောတော့ Roseanne စိတ်မကောင်းဖြစ်သွားတယ်

"မနက်စာမစားရသေးဘူးမလား လာ မနက်စာအရင်သွားစားရအောင် "

Roseanneက မနက်စာစားဖို့ ခေါ်တော့ Jennie တစ်ယောက် ပျော်သွားသည်

"Ok သွားစားကြမယ် ငါ့မှာကားပါတယ်....ဘယ်ဆိုင်စားချင်လည်း "

"တို့စားနေကျ ဆိုင်မှာဘဲ စားမယ်လေ "

"ကောင်းပါပြီ...."

ကားပေါ်ကို ရောက်တော့ Jennie မှာ Roseanne ကို ခါးပတ်ပတ်ပေးလိုက်သည်

"Roseanne ဘာသီချင်းနားထောင်ချင်လည်း "

"Jennie ကြိုက်တဲ့သီချင်းဖွင့်လေ ရပါတယ် "

"ဒါဆို Lana Del Reyရဲ့ Video Games သီချင်းဖွင့်လိုက်မယ်နော် "

"Okလေ...."

I tell you all the time
Heaven is a place on earth with you
Tell me all the things you wanna do
I heard that you like the bad girls
Honey, is that true?

Lana Del Reyရဲ့ Video Gamesကို Jennie လိုက်ဆိုရင်း Roseanneကို တစ်ချက်လှမ်းကြည့်လိုက်သည်

"Roseanne သိလား အဲ့သီချင်းစာသားလိုဘဲ Roseanneနဲ့အတူတူရှိနေရင် ဒီကမ္ဘာမြေကြီးက ကောင်းကင်ဘုံလိုဘဲ ခံစားစေရတယ် "

"အာ...."

"Roseanneကို Taeyang ရဲ့ Only Look at me သီချင်းလေးcover songတင်ထားတဲ့ videoလေး ကြည့်ပြီး စသဘောကျခဲ့တာ....အစကတော့ ဒီလိုဘဲ Idolလို သဘောကျခဲ့တယ်ထင်တာ....."

"အာ ဒီဆိုင်ကယ်ကတော့ "

Jennieတို့ ကားရှေ့ ရုတ်တရက် ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်ကြောင့် Jennie လန့်ပြီး ဘရိတ်အမြန်အုပ်လိုက်ရသလို Roseanneကလည်း လန့်ပြီး စီယာတိုင်ကို ကိုင်ထားတဲ့ Jennie ရဲ့ လက်ကို ကိုင်လိုက်မိသည်

နောက်မှ Roseanne ချောင်းပြန်ဟန့်ပြီး လက်ကိုပြန်ဖယ်ကာ ကားပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေလိုက်မိသည်

ဒီလိုနဲ့ ဘာစကားမှ မပြောဘဲ မနက်စာ စားဖို့ စားသောက်ဆိုင်သို့ Jennie တို့ ရောက်လာကြသည်

မနက်စာစားနေတဲ့ Roseanneကို Jennie စိုက်ကြည့်ရင်း

"Roseanne. ...မနေ့ညက ငါ ပြောတဲ့စကားကဘမူးနေလို့ ပြောတာမဟုတ်ဘူး အတည် တကယ်ပြောတာပါ....ဒီတိုင်းပြောရင် Roseanne စိတ်ဆိုးမှာဆိုးလို့ မူးချင်ယောင်ဆောင်ပြီး ပြောလိုက်ပေမယ့်...နောက် ပြန်စဥ်းစားကြည့်တော့ Roseanne အပေါ် အလေးမထားသလို ဖြစ်မှာဆိုးလို့... မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ် ပြီးတော့ ငါ Roseanne ကို တကယ်ချစ်တာပါ "

"ဟုတ်... တို့ကို စဥ်းစားချိန်ပေးပါအုံး Jennieရော တို့ရောက မိန်းကလေးတွေလေ......."

"ငါကတော့ Roseanne နဲ့ အရာအားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီ.... အင်းပါလေ စဥ်းစားချိန်ပေးပါမယ် တစ်ပတ်ဆိုလုံလောက်လား "

Roseanne ခေါင်းညိတ်ပြတော့ Jennie သူ့ပါးဖောင်းဖောင်းလေး မို့တက်သွားတဲ့အထိ ပြုံးလိုက်သည်

"ကျေးဇူးတင်ပါတယ် Roseanne.... ငါ သတင်းကောင်းစောင့်နေမယ်နော်...."

Roseanneကို မနက်စာကျွေးပြီးနောက် သူမတိုက်ခန်းကို Jennie ပြန်လိုက်ပို့ပေးသည်

"ဟုတ် မနက်စာအတွက်လည်း ကျေးဇူးတင်ပါတယ် Jennie နောက်နေ့ကျ ပြန်ဝယ်ကျွေးပါမယ်...."

"မနက်စာမစားချင်ဘူး...Roseanneရဲ့ အချစ်တွေကို စားချင်တာ "

"အာ..."

Jennie ရဲ့ စကားကြောင့် Roseanne ရှက်ပြီး တိုက်ခန်းထဲ အမြန်ဝင်ပြေးသွားသည်

Jennieကတော့ ရှက်နေတဲ့ Roseanneလေးကို ကြည့်ပြီး သဘောကျကာ ကျန်ခဲ့သည်

Note- Jennieနဲ့စတွေ့ချိန်တုံးက Roseanneက Online အဆိုတော်လေးဘဲ ရှိပါသေးတယ်နော် 😁

အကြာကြီးစောင့်ခိုင်းရလို့ အားနာပါတယ်ဗျာ့ ပျင်းစရာနည်းနည်းကောင်းနေမယ်ဆိုပေမယ့် ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်

#zawgyi

Jennie barကေန အိမ္ကို ျပန္ေရာက္လာခဲ့သည္

ေျခလက္သန့္စင္ၿပီး ကုတင္ေပၚတြင္ လွဲအိပ္ရင္း  Roseanneရဲ႕ Instagram ကိုcheckဖို႔ သတိရသြားသည္

Jennie ဖုန္းယူကာ အင္တာနက္ဖြင့္ၿပီး Roseanneရဲ႕ Account ထဲ ဝင္ၾကည့္လိုက္သည္

ေကာ္ဖီခြက္ေလးနဲ႕ စာ႐ြက္ပုံေလး ရိုက္တင္ထားတာ ၾကည့္ၿပီး Roseanne သီခ်င္းေရးေနမွန္း Jennie သေဘာေပါက္သြားသည္

အခ်ိန္အၾကာႀကီး သေဘာက်ခဲ့ရတဲ့ idolဆိုေတာ့ သူပုံတစ္ပုံတင္တာနဲ႕ ဘာကိုဆိုလိုခ်င္တယ္ဆိုတာ Jennie သိတယ္ေလ

Roseanneရဲ႕ ပိုစ့္ကို အသည္းေပးၿပီးေနာက္ Jennie တစ္ေယာက္ DM ပို႔လိုက္သည္

"သီခ်င္းေရးေနတာလား Roseanne ေနာက္ comeback အတြက္လား "

Roseanneဆီ messageပို႔လိုက္ၿပီး သိပ္မၾကာလိုက္ Jennieဆီ Message တစ္ေစာင္ ဝင္လာလို႔ ၾကည့္လိုက္ေတာ့ Roseanneဆီက ျဖစ္ေနသည္

"ဟုတ္တယ္ Jennie.... "

"Wow အရမ္းနားေထာင္ခ်င္ေနပါၿပီ "

"Producer ေတြကို မျပရေသးဘူးရယ္ သူတို႔က လက္ခံမွ ဆိုလို႔ရမွာ "

"Fighting Roseanne "

"ဒါနဲ႕ Jennieက အခု အျပင္မွာလား "

Roseanneက ႐ုတ္တရက္ သူမကို ဘယ္မွာလည္းေမးလာေသာေၾကာင့္ Jennie အံ့ၾသသြားသည္

"မဟုတ္ပါဘူး အိမ္မွာပါ ဘာလို႔လည္း Roseanne "

"Aww Jennie Instagram မွာ အရက္ခြက္ပုံေလးေတြ တင္ထားလို႔ "

"အာ အဲ့တာ သူငယ္ခ်င္းေတြနဲ႕ သြားေသာက္တာရယ္...အခုျပန္ေရာက္လာလို႔ ကုတင္ေပၚေတာင္ ေရာက္ေနၿပီ "

"Aww အင္းပါ မူးေနၿပီလား "

Roseanneကို မူးခ်င္ေယာင္ေဆာင္ၿပီး ရည္းစားစကားတစ္ခါထဲ ေျပာလိုက္ရမလားလို႔ Jennie ေတြးေနသည္

"Roseanne... "

"ဟုတ္ "

"Roseanneကို ခ်စ္တယ္ "

Jennie ဆီက ခ်စ္တယ္ဆိုတဲ့ messageကို ျမင္လိုက္ရေတာ့ Roseanne တစ္ေယာက္ မ်က္လုံးျပဴးၿပီး အံ့ၾသသြားတယ္

"အာ ၾကည့္ရတာ Jennie အရမ္းမူးေနၿပီထင္တယ္ အိပ္လိုက္ေတာ့ေနာ္ ေကာင္းေသာညပါ Good Night "

Jennie ဘာမွဆက္မေျပာခင္ Roseanneမွာ စာပို႔ၿပီး အင္တာနက္ကို ပိတ္လိုက္သည္

ထို႔ေနာက္ ဖုန္းကို ေခါင္းအုံးေဘးနားထားလိုက္သည္

"ဘုရားေရ သူမူးေနတာနဲ႕ မိန္းကေလးခ်င္းကို ခ်စ္တယ္ ေျပာစရာလား... မဟုတ္ေလာက္ပါဘူး idolနဲ႕ fan အေနနဲ႕ ေျပာတာေနမွာပါ ....ဒါေပမယ့္ သူခ်စ္တယ္ေျပာတာကို ငါက ဘာလို႔ ရင္ေတြခုန္ေနရတာလည္း မဟုတ္ေသးပါဘူး "

Roseanne ႏွလုံးခုန္ျမန္ေနတဲ့ သူ႕ရင္ဘတ္ကို သူစမ္းၾကည့္ရင္း ေတြးလိုက္မိသည္

"အယ္ သူလိုင္းေပၚက ဆင္းသြားၿပီဘဲ....ငါ ဖြင့္ေျပာလိုက္လို႔ စိတ္ဆိုးသြားတာလားမသိဘူး.... "

တစ္ဖက္က Jennieမွာလည္း လိုင္းေပၚမွာ မရွိေတာ့တဲ့ Roseanne အေကာင့္ေလးကို ၾကည့္ရင္း Roseanne မ်ား စိတ္ဆိုးသြားတာလားဆိုၿပီး ေတြးပူေနမိသည္

Roseanne အိပ္ရာက နိုးလာၿပီး မ်က္ႏွာသစ္သြားတိုက္ၿပီးေနာက္ မနက္စာဝယ္စားဖို႔ တိုက္ခန္းအျပင္ကို ထြက္လာသည္

"ဟင္ Jennie "

Roaeanne တိုက္ခန္းအျပင္ကို ထြက္လာလာခ်င္း အေရွ႕မွာ ငုတ္တုတ္ထိုင္ေစာင့္ေနတဲ့ Jennieကို ေတြ႕ၿပီး အံ့ၾသသြားသည္

"Roseanne "

"ဘာလို႔ ဒီအေရွ႕မွာ ထိုင္ေစာင့္ေနတာလည္း "

"Roseanne စိတ္ဆိုးသြားတယ္ထင္လို႔...."

Jennie မ်က္ႏွာငယ္ေလးနဲ႕ေျပာေတာ့ Roseanne စိတ္မေကာင္းျဖစ္သြားတယ္

"မနက္စာမစားရေသးဘူးမလား လာ မနက္စာအရင္သြားစားရေအာင္ "

Roseanneက မနက္စာစားဖို႔ ေခၚေတာ့ Jennie တစ္ေယာက္ ေပ်ာ္သြားသည္

"Ok သြားစားၾကမယ္ ငါ့မွာကားပါတယ္....ဘယ္ဆိုင္စားခ်င္လည္း "

"တို႔စားေနက် ဆိုင္မွာဘဲ စားမယ္ေလ "

"ေကာင္းပါၿပီ...."

ကားေပၚကို ေရာက္ေတာ့ Jennie မွာ Roseanne ကို ခါးပတ္ပတ္ေပးလိုက္သည္

"Roseanne ဘာသီခ်င္းနားေထာင္ခ်င္လည္း "

"Jennie ႀကိဳက္တဲ့သီခ်င္းဖြင့္ေလ ရပါတယ္ "

"ဒါဆို Lana Del Reyရဲ႕ Video Games သီခ်င္းဖြင့္လိုက္မယ္ေနာ္ "

"Okေလ...."

I tell you all the time
Heaven is a place on earth with you
Tell me all the things you wanna do
I heard that you like the bad girls
Honey, is that true?

Lana Del Reyရဲ႕ Video Gamesကို Jennie လိုက္ဆိုရင္း Roseanneကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္

"Roseanne သိလား အဲ့သီခ်င္းစာသားလိုဘဲ Roseanneနဲ႕အတူတူရွိေနရင္ ဒီကမၻာေျမႀကီးက ေကာင္းကင္ဘုံလိုဘဲ ခံစားေစရတယ္ "

"အာ...."

"Roseanneကို Taeyang ရဲ႕ Only Look at me သီခ်င္းေလးcover songတင္ထားတဲ့ videoေလး ၾကည့္ၿပီး စသေဘာက်ခဲ့တာ....အစကေတာ့ ဒီလိုဘဲ Idolလို သေဘာက်ခဲ့တယ္ထင္တာ....."

"အာ ဒီဆိုင္ကယ္ကေတာ့ "

Jennieတို႔ ကားေရွ႕ ႐ုတ္တရက္ ျဖတ္ေမာင္းသြားတဲ့ ဆိုင္ကယ္ေၾကာင့္ Jennie လန့္ၿပီး ဘရိတ္အျမန္အုပ္လိုက္ရသလို Roseanneကလည္း လန့္ၿပီး စီယာတိုင္ကို ကိုင္ထားတဲ့ Jennie ရဲ႕ လက္ကို ကိုင္လိုက္မိသည္

ေနာက္မွ Roseanne ေခ်ာင္းျပန္ဟန့္ၿပီး လက္ကိုျပန္ဖယ္ကာ ကားျပတင္းေပါက္ကေန အျပင္ကို ၾကည့္ေနလိုက္မိသည္

ဒီလိုနဲ႕ ဘာစကားမွ မေျပာဘဲ မနက္စာ စားဖို႔ စားေသာက္ဆိုင္သို႔ Jennie တို႔ ေရာက္လာၾကသည္

မနက္စာစားေနတဲ့ Roseanneကို Jennie စိုက္ၾကည့္ရင္း

"Roseanne. ...မေန႕ညက ငါ ေျပာတဲ့စကားကဘမူးေနလို႔ ေျပာတာမဟုတ္ဘူး အတည္ တကယ္ေျပာတာပါ....ဒီတိုင္းေျပာရင္ Roseanne စိတ္ဆိုးမွာဆိုးလို႔ မူးခ်င္ေယာင္ေဆာင္ၿပီး ေျပာလိုက္ေပမယ့္...ေနာက္ ျပန္စဥ္းစားၾကည့္ေတာ့ Roseanne အေပၚ အေလးမထားသလို ျဖစ္မွာဆိုးလို႔... မေန႕က ကိစၥအတြက္ ေတာင္းပန္ပါတယ္ ၿပီးေတာ့ ငါ Roseanne ကို တကယ္ခ်စ္တာပါ "

"ဟုတ္... တို႔ကို စဥ္းစားခ်ိန္ေပးပါအုံး Jennieေရာ တို႔ေရာက မိန္းကေလးေတြေလ......."

"ငါကေတာ့ Roseanne နဲ႕ အရာအားလုံးကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီ.... အင္းပါေလ စဥ္းစားခ်ိန္ေပးပါမယ္ တစ္ပတ္ဆိုလုံေလာက္လား "

Roseanne ေခါင္းညိတ္ျပေတာ့ Jennie သူ႕ပါးေဖာင္းေဖာင္းေလး မို႔တက္သြားတဲ့အထိ ၿပဳံးလိုက္သည္

"ေက်းဇူးတင္ပါတယ္ Roseanne.... ငါ သတင္းေကာင္းေစာင့္ေနမယ္ေနာ္...."

Roseanneကို မနက္စာေကြၽးၿပီးေနာက္ သူမတိုက္ခန္းကို Jennie ျပန္လိုက္ပို႔ေပးသည္

"ဟုတ္ မနက္စာအတြက္လည္း ေက်းဇူးတင္ပါတယ္ Jennie ေနာက္ေန႕က် ျပန္ဝယ္ေကြၽးပါမယ္...."

"မနက္စာမစားခ်င္ဘူး...Roseanneရဲ႕ အခ်စ္ေတြကို စားခ်င္တာ "

"အာ..."

Jennie ရဲ႕ စကားေၾကာင့္ Roseanne ရွက္ၿပီး တိုက္ခန္းထဲ အျမန္ဝင္ေျပးသြားသည္

Jennieကေတာ့ ရွက္ေနတဲ့ Roseanneေလးကို ၾကည့္ၿပီး သေဘာက်ကာ က်န္ခဲ့သည္

Note- Jennieနဲ႕စေတြ႕ခ်ိန္တုံးက Roseanneက Online အဆိုေတာ္ေလးဘဲ ရွိပါေသးတယ္ေနာ္ 😁

အၾကာႀကီးေစာင့္ခိုင္းရလို႔ အားနာပါတယ္ဗ်ာ့ ပ်င္းစရာနည္းနည္းေကာင္းေနမယ္ဆိုေပမယ့္ ဖတ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္

Bạn đang đọc truyện trên: Truyen3h.Co