Truyen3h.Co

What's wrong with My Exes

Part 7

KimFany059

#unicode

"ဒါဆို CEO သဘောကျရင် ကျွန်မ သူ့ကို ဆက်သွယ်လိုက်ပါမယ် "

"ဟင့်အင်း မလိုဘူး ငါကိုယ်တိုင် သူ့ကိုဆက်သွယ်လိုက်မယ်.....မင်းက သူ့အတွက် လိုအပ်တဲ့ Practice Room ရယ် သူနဲ့လိုက်ဖက်မယ့် producerတွေ ရှာထားပေး "

"ဟုတ်ကဲ့ CEO "

"သွားလို့ရပြီ "

"Nae. .."

အတွင်းရေးမှူးလည်း ထွက်သွားရော CEO တစ်ယောက် ဖုန်းကို ကောက်ယူပြီး နံပါတ်တစ်ခုကို နှိပ်သင့်မနှိပ်သင့် တွေးနေမိသည်

Phone Ringtone. ...

ဖုန်းမြည်သံကြောင့် ဖုန်းမျှော်နေတဲ့ Roseanne မှာ Jennie ထင်ပြီး ဖုန်းနံပါတ်တောင် မကြည့်ဘဲ ကောက်ကိုင်လိုက်သည်

"Hello "

"Hello Roseanne Park လား မသိဘူး "

တစ်ဖက်က မရင်းနှီးတဲ့ အသံကို ကြားလိုက်ရတဲ့အခါကျမှ Roseanne တစ်ယောက် ဖုန်းကို ပြန်ကြည့်တော့ နံပါတ်စိမ်း ဖြစ်နေမှန်း သိလိုက်ရသည်

"အာ ဟုတ်ပါတယ် ဘယ်သူလည်း မသိဘူး "

"KJ entertainment က CEO Kim Jisooပါ...."

KJ Entertainment ဆိုတဲ့ နာမည်လည်း ကြားရရော Roseanne တစ်ယောက် စိတ်လှုပ်ရှားသွားသည်

KJ Entertainment ဆိုတာ Koreaမှာ နာမည်အကြီးဆုံး Emtertainment ထဲက တစ်ခုလေ......

"ဟုတ် "

"တို့ရဲ့ Entertainment ကို သိလောက်မှာပါ ဒါကြောင့်မို့ လိုရင်းဘဲ ပြောလိုက်မယ်နော်....တို့ မင်းနဲ့ စာချုပ်ချုပ်ချင်တယ် Roseanne..... အကယ်၍ မင်းဘက်က တို့နဲ့ စာချုပ်ချုပ်ချင်တယ်ဆိုရင် အခုဘဲ တွေ့လို့ရတယ်နော် "

Jisooရဲ့ စကားကြောင့် Entertainment အရှိန်အဝါကို ကြည့်ပြီး ချက်ချင်းလက်ခံလိုက်ချင်ပေမယ့် သူမရဲ့ ချစ်သူ Jennieကိုလည်း တိုင်ပင်ကြည့်ချင် စိတ်ဖြစ်လာသည်

"အာ CEO ကျွန်မကို စဥ်းစားဖို့ အချိန်လေးပေးပေးပါလား ..."

"ကောင်းပြီလေ Roseanne တို့ မင်းကို စဥ်းစားချိန်ပေးပါမယ်....အကယ်၍ မင်းဘက်က စဥ်းစားပြီးပြီဆို ဒီဖုန်းကိုဘဲ ဆက်လိုက်လို့ရတယ် "

"ဟုတ် ကျေးဇူးတင်ပါတယ်...."

"ဒါဆို မင်း ဖုန်းဆက်မယ့်အချိန်ကို တို့မျှော်နေမယ်နော် See ya Roseanne "

Jisooလည်း ဖုန်းချသွားရော Roseanneမှာ သူ့လက်ကို သူ လက်သည်းနဲ့ ပြန်ဆိတ်ကြည့်နေသည်

"အား နာလိုက်တာ ဒါဆို ဒါက အိမ်မက် မဟုတ်ဘူး တကယ်ဖြစ်နေတာဘဲ KJ လို နာမည်ကြီး Entertainment တစ်ခုက CEO ကိုယ်တိုင်ဆက်သွယ်လာတာက အိမ်မက်မဟုတ်ဘူး တကယ် ဖြစ်နေတာဘဲ အား "

Roseanne ပျော်ပြီး ထခုန်လိုက်သည်

သို့သော်လည်း Jennie ကို သတိရပြီး Roseanne တစ်ယောက် ပြန်ငြိမ်သွားသည်

Jennieနဲ့ သူမ ယခုနောက်ပိုင်း ခဏခဏ စကားများပြီး ရန်ဖြစ်ရသည်

Vanနဲ့ သူမကို ခဏခဏစွပ်စွဲနေတာက Roseanne ရဲ့ အကျင့် ဂုဏ်သိက္ခာကိုပါ ထိခိုက်သလို ဖြစ်နေသည်

Vanနဲ့ သူမဟာ လုပ်ဖော်ကိုင်ဖက်တွေပါလို့ ပြောလို့လည်းမရ ...စတူဒီယိုထဲ အတူရှိနေလို့ သံသယစကားတွေနဲ့ပါ Roseanne ကို Jennie ထိုးနှက်ခဲ့ပြန်သည်

သို့သော်လည်း Roseanneမှာ ချစ်နေတော့လည်း Jennie က သဝန်တိုလွန်းပြီး သူမကို စွပ်စွဲတာပါလို့ ဖြည့်တွေးခဲ့သည်

ယခုလည်း ရန်ဖြစ်စကားများထားလို့ Jennie ဘက်က ဖုန်းခေါ်မယ့် အချိန်ကို စောင့်နေပေမယ့်လည်း Jennie က သူမကို ဖုန်းမခေါ်သေးပေ

Roseanne သက်ပြင်းချပြီး သူမဘက်ကဘဲ Jennieဆီ ဖုန်းစခေါ်လိုက်သည်

သို့သော်လည်း Jennieက ဖုန်းမကိုင်ဘဲ သုံးလေးခါလောက်ခေါ်ပြီးနောက် Roseanneလည်း ဆက်မခေါ်တော့ဘဲ ဖုန်းချပြီး Jennieဆီကို စာပို့လိုက်သည်

"ပြောစရာရှိတယ်...."

"Jane နင့်ဖုန်းထဲ message ဝင်နေတယ်...."

"ဖတ်မနေနဲ့ ငါ့ဆီလာပါအုံး Chaehee နင် ငါ့ကိုလွမ်းနေတာမလား "

Chaeheeလည်း Jennieရဲ့ ဖုန်းစက်ကို ပိတ်လိုက်ပြီး Jennie ရဲ့ အခန်းထဲသို့ ဝင်လာလိုက်သည်

Roseanne သက်ပြင်းချပြီး ကုတင်ပေါ်တွင် ပစ်လှဲလိုက်သည်

"Jennie ဒါဘာလုပ်တာလည်း "

Studioထဲ ဝင်လာပြီး Vanကို ရုတ်တရက်ထိုးလိုက်တဲ့ Jennieကြောင့် Roseanne မှာ Vanကို အားနာစိတ်ဖြစ်လာသည်

"Studio ကို အားတိုင်းသွားနေတာက ဒီကောင်နဲ့ ပလူးပလဲလုပ်ဖို့လား "

"Jennie နင် ပြောတာတွေက လွန်နေပြီနော် ငါတို့ ဘာပလူးပလဲလုပ်နေလို့လည်း ငါ့မျက်လုံးထဲ ဖုန်ဝင်သွားလို့ သူက ကူညီပေးနေတာ နင်ထင်သလို မဟုတ်ဘူး "

"Aww ဖုန်ဝင်ရင် ရေနဲ့ဆေးလေ Roseanneရဲ့ နင့်ကို ငါသတိပေးထားတယ်လေ အဲ့သောက်ကောင်နဲ့ မရောဖို့ "

"တော်တော့ Jennie နင် Studioထဲထိ ဝင်လာပြီး ငါ့အသိတွေရှေ့မှာ ငါ့ကို သောက်ရှက်ခွဲနေတာလား "

"Fuck "

သူမကို ကျိန်ဆဲပြီး ထွက်သွားတဲ့ Jennieနောက်ကို Roseanne လိုက်မသွားဘဲ Vanနဲ့ တခြားသူတွေကို အားနာလို့ တောင်းပန်စကား ပြောရင်း Studio ထဲတွင် ကျန်ခဲ့သည်

Roseanne ပြဿနာတွေကို ပြန်တွေးရင်း သက်ပြင်းရှည်ကြီး ချမိသည်

Studioထဲ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့လို့ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ရဲသောကြောင့် သီချင်းတောင် သွားမသွင်းဖြစ်ပေ....

"ဟူး...ရှေ့ဆက် အဲ့studioမှာ နေရင် Jennieနဲ့ ငါက တကယ်ပျက်တော့မှာဘဲ....ဒီတော့ KJ Entertainment က လာကမ်းလှမ်းတာကို လက်ခံလိုက်ရမလား...CEOက မိန်းကလေးလည်းဖြစ်ပြီး နာမည်ကြီး entertainment ကမို့ Jennie လည်း လက်ခံနိုင်မယ်ထင်တယ်......"

Roseanne ထိုနေ့ညက တစ်ညလုံး ပြဿနာတွေကို ပြေလည်စေမယ့် နည်းလမ်းတွေးနေခဲ့ပေမယ့် Jennieကတော့ Chaeheeနဲ့ သာယာနေခဲ့သည်

နောက်တစ်နေ့ မနက် ရောက်တော့ Jisoo ကမ်းလှမ်းချက်ကို လက်ခံဖို့ Roseanne ဆုံးဖြတ်လိုက်သ​ည်

Phone Ring

မနက်စာ စားနေတုံး ဖုန်းဝင်လာလို့ Jisoo ကြည့်လိုက်တော့ Roseanne ဆီက ဖြစ်နေမှန်း သိပြီး ပြုံးလိုက်မိသည်

"Hello Roseanne Good Morning ပါ "

"ဟုတ် Good Morningပါ CEO. ...ကျွန်မလေ CEO နဲ့ စာချုပ်ချုပ်ဖို့ ဘယ်ကို လာခဲ့ရမလ​ည်းလို့ ဖုန်းဆက်မေးကြည့်တာပါ "

"မနက် ကိုးနာရီကျော်ကျော်လောက် Entertainment ကို လာခဲ့လိုက်ပါ တို့လည်း အဲ့အချိန်ဆို ရောက်ပြီရယ် "

"ဟုတ် အဲ့တာဆို ကျွန်မ လာခဲ့လိုက်မယ်နော် "

"Okပါ ကမ်းလှမ်းချက်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ် Roseanne "

"အာ မဟုတ်တာ ကျွန်မလို သာမန် အွန်လိုင်းအဆိုတော်လေးကို လာကမ်းလှမ်းပေးလို့သာ ကျွန်မက ကျေးဇူးတင်ရမှာပါ "

"ဟုတ်ပါပြီ ဒါဆို ခဏနေတွေ့မယ်နော် "

"Nae. ..."

Roseanneလည်း ဖုန်းချသွားရော Jisoo မှာ အသည်းပုံနှုတ်ခမ်းလေး ပေါ်အောင် ပြုံးလိုက်သည်

"နောက်ဆုံးတော့ နှင်းဆီပန်းလေးက ငါ့ဆီရောက်လာတော့မယ် အလှဆုံးဖြစ်အောင် ပျိုးထောင်ပေးမှာမို့ အလှပဆုံး ပွင့်လန်းလာ​ပေးပါ "

Jisoo ပြောပြီး အဝတ်အစားလဲဖို့ အခန်းထဲ ဝင်သွားသည်

#Tbc

#zawgyi

"ဒါဆို CEO သေဘာက်ရင္ ကြၽန္မ သူ႕ကို ဆက္သြယ္လိုက္ပါမယ္ "

"ဟင့္အင္း မလိုဘူး ငါကိုယ္တိုင္ သူ႕ကိုဆက္သြယ္လိုက္မယ္.....မင္းက သူ႕အတြက္ လိုအပ္တဲ့ Practice Room ရယ္ သူနဲ႕လိုက္ဖက္မယ့္ producerေတြ ရွာထားေပး "

"ဟုတ္ကဲ့ CEO "

"သြားလို႔ရၿပီ "

"Nae. .."

အတြင္းေရးမႉးလည္း ထြက္သြားေရာ CEO တစ္ေယာက္ ဖုန္းကို ေကာက္ယူၿပီး နံပါတ္တစ္ခုကို ႏွိပ္သင့္မႏွိပ္သင့္ ေတြးေနမိသည္

Phone Ringtone. ...

ဖုန္းျမည္သံေၾကာင့္ ဖုန္းေမွ်ာ္ေနတဲ့ Roseanne မွာ Jennie ထင္ၿပီး ဖုန္းနံပါတ္ေတာင္ မၾကည့္ဘဲ ေကာက္ကိုင္လိုက္သည္

"Hello "

"Hello Roseanne Park လား မသိဘူး "

တစ္ဖက္က မရင္းႏွီးတဲ့ အသံကို ၾကားလိုက္ရတဲ့အခါက်မွ Roseanne တစ္ေယာက္ ဖုန္းကို ျပန္ၾကည့္ေတာ့ နံပါတ္စိမ္း ျဖစ္ေနမွန္း သိလိုက္ရသည္

"အာ ဟုတ္ပါတယ္ ဘယ္သူလည္း မသိဘူး "

"KJ entertainment က CEO Kim Jisooပါ...."

KJ Entertainment ဆိုတဲ့ နာမည္လည္း ၾကားရေရာ Roseanne တစ္ေယာက္ စိတ္လႈပ္ရွားသြားသည္

KJ Entertainment ဆိုတာ Koreaမွာ နာမည္အႀကီးဆုံး Emtertainment ထဲက တစ္ခုေလ......

"ဟုတ္ "

"တို႔ရဲ႕ Entertainment ကို သိေလာက္မွာပါ ဒါေၾကာင့္မို႔ လိုရင္းဘဲ ေျပာလိုက္မယ္ေနာ္....တို႔ မင္းနဲ႕ စာခ်ဳပ္ခ်ဳပ္ခ်င္တယ္ Roseanne..... အကယ္၍ မင္းဘက္က တို႔နဲ႕ စာခ်ဳပ္ခ်ဳပ္ခ်င္တယ္ဆိုရင္ အခုဘဲ ေတြ႕လို႔ရတယ္ေနာ္ "

Jisooရဲ႕ စကားေၾကာင့္ Entertainment အရွိန္အဝါကို ၾကည့္ၿပီး ခ်က္ခ်င္းလက္ခံလိုက္ခ်င္ေပမယ့္ သူမရဲ႕ ခ်စ္သူ Jennieကိုလည္း တိုင္ပင္ၾကည့္ခ်င္ စိတ္ျဖစ္လာသည္

"အာ CEO ကြၽန္မကို စဥ္းစားဖို႔ အခ်ိန္ေလးေပးေပးပါလား ..."

"ေကာင္းၿပီေလ Roseanne တို႔ မင္းကို စဥ္းစားခ်ိန္ေပးပါမယ္....အကယ္၍ မင္းဘက္က စဥ္းစားၿပီးၿပီဆို ဒီဖုန္းကိုဘဲ ဆက္လိုက္လို႔ရတယ္ "

"ဟုတ္ ေက်းဇူးတင္ပါတယ္...."

"ဒါဆို မင္း ဖုန္းဆက္မယ့္အခ်ိန္ကို တို႔ေမွ်ာ္ေနမယ္ေနာ္ See ya Roseanne "

Jisooလည္း ဖုန္းခ်သြားေရာ Roseanneမွာ သူ႕လက္ကို သူ လက္သည္းနဲ႕ ျပန္ဆိတ္ၾကည့္ေနသည္

"အား နာလိုက္တာ ဒါဆို ဒါက အိမ္မက္ မဟုတ္ဘူး တကယ္ျဖစ္ေနတာဘဲ KJ လို နာမည္ႀကီး Entertainment တစ္ခုက CEO ကိုယ္တိုင္ဆက္သြယ္လာတာက အိမ္မက္မဟုတ္ဘူး တကယ္ ျဖစ္ေနတာဘဲ အား "

Roseanne ေပ်ာ္ၿပီး ထခုန္လိုက္သည္

သို႔ေသာ္လည္း Jennie ကို သတိရၿပီး Roseanne တစ္ေယာက္ ျပန္ၿငိမ္သြားသည္

Jennieနဲ႕ သူမ ယခုေနာက္ပိုင္း ခဏခဏ စကားမ်ားၿပီး ရန္ျဖစ္ရသည္

Vanနဲ႕ သူမကို ခဏခဏစြပ္စြဲေနတာက Roseanne ရဲ႕ အက်င့္ ဂုဏ္သိကၡာကိုပါ ထိခိုက္သလို ျဖစ္ေနသည္

Vanနဲ႕ သူမဟာ လုပ္ေဖာ္ကိုင္ဖက္ေတြပါလို႔ ေျပာလို႔လည္းမရ ...စတူဒီယိုထဲ အတူရွိေနလို႔ သံသယစကားေတြနဲ႕ပါ Roseanne ကို Jennie ထိုးႏွက္ခဲ့ျပန္သည္

သို႔ေသာ္လည္း Roseanneမွာ ခ်စ္ေနေတာ့လည္း Jennie က သဝန္တိုလြန္းၿပီး သူမကို စြပ္စြဲတာပါလို႔ ျဖည့္ေတြးခဲ့သည္

ယခုလည္း ရန္ျဖစ္စကားမ်ားထားလို႔ Jennie ဘက္က ဖုန္းေခၚမယ့္ အခ်ိန္ကို ေစာင့္ေနေပမယ့္လည္း Jennie က သူမကို ဖုန္းမေခၚေသးေပ

Roseanne သက္ျပင္းခ်ၿပီး သူမဘက္ကဘဲ Jennieဆီ ဖုန္းစေခၚလိုက္သည္

သို႔ေသာ္လည္း Jennieက ဖုန္းမကိုင္ဘဲ သုံးေလးခါေလာက္ေခၚၿပီးေနာက္ Roseanneလည္း ဆက္မေခၚေတာ့ဘဲ ဖုန္းခ်ၿပီး Jennieဆီကို စာပို႔လိုက္သည္

"ေျပာစရာရွိတယ္...."

"Jane နင့္ဖုန္းထဲ message ဝင္ေနတယ္...."

"ဖတ္မေနနဲ႕ ငါ့ဆီလာပါအုံး Chaehee နင္ ငါ့ကိုလြမ္းေနတာမလား "

Chaeheeလည္း Jennieရဲ႕ ဖုန္းစက္ကို ပိတ္လိုက္ၿပီး Jennie ရဲ႕ အခန္းထဲသို႔ ဝင္လာလိုက္သည္

Roseanne သက္ျပင္းခ်ၿပီး ကုတင္ေပၚတြင္ ပစ္လွဲလိုက္သည္

"Jennie ဒါဘာလုပ္တာလည္း "

Studioထဲ ဝင္လာၿပီး Vanကို ႐ုတ္တရက္ထိုးလိုက္တဲ့ Jennieေၾကာင့္ Roseanne မွာ Vanကို အားနာစိတ္ျဖစ္လာသည္

"Studio ကို အားတိုင္းသြားေနတာက ဒီေကာင္နဲ႕ ပလူးပလဲလုပ္ဖို႔လား "

"Jennie နင္ ေျပာတာေတြက လြန္ေနၿပီေနာ္ ငါတို႔ ဘာပလူးပလဲလုပ္ေနလို႔လည္း ငါ့မ်က္လုံးထဲ ဖုန္ဝင္သြားလို႔ သူက ကူညီေပးေနတာ နင္ထင္သလို မဟုတ္ဘူး "

"Aww ဖုန္ဝင္ရင္ ေရနဲ႕ေဆးေလ Roseanneရဲ႕ နင့္ကို ငါသတိေပးထားတယ္ေလ အဲ့ေသာက္ေကာင္နဲ႕ မေရာဖို႔ "

"ေတာ္ေတာ့ Jennie နင္ Studioထဲထိ ဝင္လာၿပီး ငါ့အသိေတြေရွ႕မွာ ငါ့ကို ေသာက္ရွက္ခြဲေနတာလား "

"Fuck "

သူမကို က်ိန္ဆဲၿပီး ထြက္သြားတဲ့ Jennieေနာက္ကို Roseanne လိုက္မသြားဘဲ Vanနဲ႕ တျခားသူေတြကို အားနာလို႔ ေတာင္းပန္စကား ေျပာရင္း Studio ထဲတြင္ က်န္ခဲ့သည္

Roseanne ျပႆနာေတြကို ျပန္ေတြးရင္း သက္ျပင္းရွည္ႀကီး ခ်မိသည္

Studioထဲ မ်က္ႏွာပ်က္စရာေတြ ျဖစ္ခဲ့လို႔ ဘယ္သူနဲ႕မွ မ်က္ႏွာခ်င္းမဆိုင္ရဲေသာေၾကာင့္ သီခ်င္းေတာင္ သြားမသြင္းျဖစ္ေပ....

"ဟူး...ေရွ႕ဆက္ အဲ့studioမွာ ေနရင္ Jennieနဲ႕ ငါက တကယ္ပ်က္ေတာ့မွာဘဲ....ဒီေတာ့ KJ Entertainment က လာကမ္းလွမ္းတာကို လက္ခံလိုက္ရမလား...CEOက မိန္းကေလးလည္းျဖစ္ၿပီး နာမည္ႀကီး entertainment ကမို႔ Jennie လည္း လက္ခံနိုင္မယ္ထင္တယ္......"

Roseanne ထိုေန႕ညက တစ္ညလုံး ျပႆနာေတြကို ေျပလည္ေစမယ့္ နည္းလမ္းေတြးေနခဲ့ေပမယ့္ Jennieကေတာ့ Chaeheeနဲ႕ သာယာေနခဲ့သည္

ေနာက္တစ္ေန႕ မနက္ ေရာက္ေတာ့ Jisoo ကမ္းလွမ္းခ်က္ကို လက္ခံဖို႔ Roseanne ဆုံးျဖတ္လိုက္သည္

Phone Ring

မနက္စာ စားေနတုံး ဖုန္းဝင္လာလို႔ Jisoo ၾကည့္လိုက္ေတာ့ Roseanne ဆီက ျဖစ္ေနမွန္း သိၿပီး ၿပဳံးလိုက္မိသည္

"Hello Roseanne Good Morning ပါ "

"ဟုတ္ Good Morningပါ CEO. ...ကြၽန္မေလ CEO နဲ႕ စာခ်ဳပ္ခ်ဳပ္ဖို႔ ဘယ္ကို လာခဲ့ရမလည္းလို႔ ဖုန္းဆက္ေမးၾကည့္တာပါ "

"မနက္ ကိုးနာရီေက်ာ္ေက်ာ္ေလာက္ Entertainment ကို လာခဲ့လိုက္ပါ တို႔လည္း အဲ့အခ်ိန္ဆို ေရာက္ၿပီရယ္ "

"ဟုတ္ အဲ့တာဆို ကြၽန္မ လာခဲ့လိုက္မယ္ေနာ္ "

"Okပါ ကမ္းလွမ္းခ်က္ကို လက္ခံေပးလို႔ ေက်းဇူးတင္ပါတယ္ Roseanne "

"အာ မဟုတ္တာ ကြၽန္မလို သာမန္ အြန္လိုင္းအဆိုေတာ္ေလးကို လာကမ္းလွမ္းေပးလို႔သာ ကြၽန္မက ေက်းဇူးတင္ရမွာပါ "

"ဟုတ္ပါၿပီ ဒါဆို ခဏေနေတြ႕မယ္ေနာ္ "

"Nae. ..."

Roseanneလည္း ဖုန္းခ်သြားေရာ Jisoo မွာ အသည္းပုံႏႈတ္ခမ္းေလး ေပၚေအာင္ ၿပဳံးလိုက္သည္

"ေနာက္ဆုံးေတာ့ ႏွင္းဆီပန္းေလးက ငါ့ဆီေရာက္လာေတာ့မယ္ အလွဆုံးျဖစ္ေအာင္ ပ်ိဳးေထာင္ေပးမွာမို႔ အလွပဆုံး ပြင့္လန္းလာေပးပါ "

Jisoo ေျပာၿပီး အဝတ္အစားလဲဖို႔ အခန္းထဲ ဝင္သြားသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co