Part 8
#unicode
Jisooဆီ သွားမတွေ့ခင် Jennieဆီသို့ Roseanne ဖုန်းဆက်သေးသည်
သို့သော်လည်း Jennie က ဖုန်းမကိုင်သောကြောင့် Roseanneလည်း ရေချိုးဖို့ ပြင်ဆင်လိုက်သည်
Jisoo မှာ Roseanneရှေ့ ကြည့်ကောင်းအောင် suit အဖြူရောင်လေး ဝတ်ပြီး Entertainment သို့ မောင်းထွက်လာခဲ့သည်
Roseanneလည်း ရေချိုး မနက်စာ စားပြီးနောက် Bus ကား စီးကာ Jisooရဲ့ Entertainment ဆီသို့ စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်
"Good Morningပါ ဧည့်သည် ချိန်းထားတာရှိလားရှင့် "
Entertainment ထဲ ဝင်ဝင်ချင်း သူမကို နှုတ်ဆက်တဲ့ Reception က ကောင်မလေးကို Roseanne ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်သည်
"ဟုတ် Good morningပါ ဒီက CEOနဲ့ ချိန်းထားလို့ပါ "
"နာမည်လေး တစ်ဆိတ်လောက် "
"Roseanne Park ပါ "
"အော် ဟုတ်ကဲ့ CEOက ဧည့်သည်ရောက်တဲ့အခါ ရုံးခန်းကို ခေါ်လာခဲ့ဖို့ မှာထားပါတယ် လိုက်ပို့ပေးပါမယ်နော် "
"ကျေးဇူးတင်ပါတယ် "
Roseanneမှာ ဝန်ထမ်း နောက် လိုက်သွားရင်း Emtertaientကြီးကို ကြည့်ကာ နောက်ဆို သူမလည်း ဒီ Entertainment မှာ လေ့ကျင့်ပြီး Debutလုပ်ရတော့မည်ကို တွေးရင်း ကျေနပ်ပျော်ရွှင်နေသည်
Knock knock!
တံခါးခေါက်သံကြောင့် Jisoo အံဆွဲထဲက ရေမွှေးကိုအမြန်ထုတ်ကာ အဝတ်အစားပေါ်သို့ တစ်ချက်ဆွတ်လိုက်သည်
ထို့နောက် ရေမွှေးပုလင်းကိုပြန်သိမ်းပြီး ချောင်းဟန့်လိုက်သည်
"အဟမ်း ဝင်ခဲ့ပါ "
Jisooမှာ ချောင်းဟန့်ပြီးနောက် အနားရှိ စာရွက်တစ်ရွက်ကို ကောက်ကိုင်ပြီး ဟန်လုပ်နေသည်
Roseanne ရုံးခန်းထဲ ဝင်ဝင်ချင်း စားပွဲခုံတွင် စာရွက်တွေဖတ်နေတဲ့ Jisooကို ကြည့်ပြီး နည်းနည်းတော့ရှိန်သွားသည်
"Roseanne ရောက်လာပြီလား ထိုင်လေ ဘာသောက်မလည်း အအေးလား ကော်ဖီလား Teaလား "
Jisoo ထရပ်ပြီး ပြောတော့ Roseanne လည်း ဆိုဖာမှာ ဝင်ထိုင်လိုက်သည်
"ဟို ကျွန်မ ခုနတင် မနက်စာစားလာလို့ ဘာမှမသောက်တော့ပါဘူး "
"ဒါဆို ရေနှစ်ခွက်ဘဲ အတွင်းရေးမှူးရောက်လာရင် ယူလာခိုင်းလိုက်ပါ သွားလို့ရပြီ "
"ဟုတ်ကဲ့ CEO '
Roseanne ကို ရုံးခန်းသို့ လိုက်ပို့တဲ့ ဝန်ထမ်းမှာ Jisooကို နှုတ်ဆက်ပြီး ရုံးခန်းကနေ ထွက်လာခဲ့သည်
"ဒီတော့....စာချုပ်ကိစ္စဆွေးနွေးကြတာပေါ့ "
Jisoo မှာ Roseanneအတွက် စာရွက်စာတမ်းတွေ ယူလာရင်း Roseanneနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်
"Roseanne ဖတ်ကြည့်ပါအုံး ဆိုးဆိုးဝါးဝါး တားမြစ်ထားတာတွေတော့ မရှိပါဘူး တစ်ခုဘဲ Debut ကာလအတွင်းမှာတော့ သမီးရည်းစားအရှုပ်အရှင်းတွေဖြစ်မှာဆိုးလို့ Debutပြီး နှစ်နှစ်အတွင်း ရည်းစား မထားပါနဲ့ "
Jisooရဲ့ စကားကြောင့် Roseanne လန့်သွားတယ်
"ရှင် ဒါဆို ရည်းစားရှိနေရင်ရော ဘယ်လိုလုပ်မလည်း "
"ဒါများ အလွယ်လေး မင်းရဲ့ ရည်းစားကို ဖြတ်လိုက်ပေါ့ Roseanneရယ် ..."
Jisoo အသည်းပုံနှုတ်ခမ်းလေး ပေါ်အောင် ပြုံးပြီး Roseanneကို ပြောလိုက်ပေမယ့် Roseanneကတော့ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်
"Roseanneသာ ဒီစည်းကမ်းတွေ လိုက်နာပြီး ကြိုးစားမယ်ဆို ရင် တို့က မင်းကို တစ်နှစ်အတွင်း debut လုပ်ပေးမယ် ဘယ်လိုလည်း "
Jisooရဲ့ စကားကြောင့် Roseanne သူမ လက်မကို ကိုက်ရင်း စဥ်းစားလိုက်သည်
"စာချုပ်ကို သေချာဖတ် Roseanne မင်းအတွက် အကျိုးခံစားခွင့်တွေလည်း တို့ သေချာလေးလုပ်ပေးထားတယ် "
"ဟုတ်ကဲ့ "
Jisoo စီစဥ်ပေးထားတဲ့ စာချုပ်က အကျိုးခံစားခွင့်တွေနဲ့ စည်းကမ်းတွေကို ဖတ်ပြီးနောက် Roseanneမှာ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သည်
"ကဲ တို့ Entertainment နဲ့ စာချုပ်ချုပ်ဆိုပေးလို့ ကျေးဇူးတင်ပါတယ် Roseanne "
"မဟုတ်သာရှင် ကျွန်မလို Onlineအဆိုတော်လေးကို ကမ်းလှမ်းပေးလို့သာ ကျေးဇူးတင်ရမှာပါ "
"ဘာနဲ့လာတာလည်း "
"Busကားနဲ့ "
"တို့ ပြန်လိုက်ပို့ပေးမယ်လေ "
"ရပါတယ် CEOက အလုပ်လည်းရှိနေတာ "
"ဟင့်အင်း မရှိပါဘူး ဒီ Entertainment မှာ အလုပ်မရှိဆုံးက တို့ဘဲ "
"ရှင် "
"လာ နောက်ဆို နာမည်ကျော် Idol ဖြစ်တော့မှာ ဘတ်စ်ကားစီးနေရတာ မကောင်းဘူး "
Jisoo ပြောပြီး Roseanneရဲ့ လက်ကို ဆွဲကာ ကားပါကင်ကို ခေါ်သွားသည်
Entertainment ထဲက လူတွေမှာ သူတို့ရဲ့ အရှုပ်အရှင်းကင်းပြီး တည်ကြည်တဲ့ CEOဟာ အခုတေ့ာ ကောင်မလေးတစ်ယောက်ရဲ့ လကျကိုဆှဲပွိီး ထွက်လာတော့ အထူးတဆန်းဖြစ်နေကြသည်
Roseanneကို ကားတံခါးဖွင့်ပေးတဲ့အပြင် ခါးပတ်ပါ Jisooက ပတ်ပေးနေသောကြောင့် Roseanne အနေရခက်နေသည်
"ကဲ မောင်းပြီနော် "
"ဟုတ် CEO "
"Jisoo. ..Jisooလို့ခေါ်လို့ရတယ် နှစ်ယောက်တည်း ရှိတဲ့အချိန်ကျ "
"ရှင် "
"နောက်တစ်ပတ်ကစပြီး Entertainment မှာ trainee ဆင်းရမှာမို့ မင်းရဲ့ မန်နေဂျာက Entertainment နဲ့နီးတဲ့နေရာမှာ Dorm ပြောင်းပေးဖို့ မင်းကို ကူညီပေးလိမ့်မယ် မင်းအတွက် အသွားအလာလွယ်ကူအောင် ကားတစ်စီးလည်း စီစဉ်ပေးထားတယ် "
"အာ... ကျေးဇူးတင်ပါတယ် "
"ကျေးဇူးတင်စရာ မလိုပါဘူး ဒါ Entertainment က Idol တစ်ယောက်အတွက် CEOက လုပ်ပေးသင့်တဲ့အရာတွေဘဲကို "
Jennie သူမဘေးနား အဝတ်မပါဘဲ အိပ်နေတဲ့ Chaheeကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
ဖုန်းကို ဖွင့်ကြည့်တော့ Roseanneဆီက Miss calledတွေနဲ့ Message တွေကို တွေ့ရသည်
Jennie လည်း အကြောင်းစုံသိရဖို့ Roseanne ရဲ့ တိုက်ခန်းသို့ သွားလိုက်သည်
Jennie မှာ Roseanne ရဲ့ တိုက်ခန်းရှေ့ရောက်တော့ ကားစက်ရပ်လိုက်ကာ ကားပေါ်က ဆင်းဖို့ လုပ်နေချိန် သူမရှေ့ လာရပ်တဲ့ ကားတစ်စီးပေါ်တွင် ကောင်မတစ်ယောက်နဲ့ ရယ်မောနေတဲ့ Roseanneကို တွေ့ပြီး ဒေါသထွက်သွားသည်
"ဘာလည်းဟ ဘာလို့ အဲ့မိန်းမနဲ့ အရမ်းရယ်မောနေရတာလည်း တောက် "
Jennie ကားပေါ်က ဆင်းပြီး Jisooရဲ့ ကားပေါ်ရယ်မောနေတဲ့ Roseanneကို ဆွဲခေါ်လေသည်ယ
" ဟ ဘာလုပ်တာလည်း "
Jisooမှာလည်း စကားပြောနေရင်း ရုတ်တရက် ကောင်မလေးတစ်ယောက်က Roseanneကို ကားပေါ်က ဆွဲချခေါ်သွားသောကြောင့် လန့်သွားသည်
"Jen ဘာလုပ်တာလည်း "
"နင် ဘာစောက်ချိုးတွေချိုးနေတာလည်း "
"ငါ Message ပို့ထားတယ်လေ ဖုန်းဆက်တော့ နင်မှမကိုင်တာ "
Jisooလည်း ကားပေါ်ကအမြန်ဆင်းပြီး Roseanne ရဲ့လက်တစ်ဖက်ကိုလှမ်းဆွဲလေသည်
"Roseanne အဆင်ပြေရဲ့လား "
"ခင်ဗျားက ဘယ်သူလည်း "
Roseanne ရဲ့ လက်ကို လှမ်းဆွဲလိုက်တဲ့ Jisooကို ဆောင့်တွန်းပြီး Jennie မေးလိုက်သည်
Roseanneမှာ Jennieရဲ့ အပြုအမူကြောင့် သူမရဲ့ CEO အသစ်ကိုအားနာနေမိသည်
"တောင်းပန်ပါတယ် CEO နောက်ကျတွေ့ပါမယ်နော် Jen လာကွာ မဆိုးနဲ့ "
Jisooကို တောင်းပန်ပြီး Jennie ကို ဆွဲခေါ်ကာ တိုက်ခန်းထဲသို့ Roseanne ဝင်သွားသည်
Jisooကတော့ Roseanne တို့ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ ကျန်ခဲ့သည်
#TBC
#Zawgyi
"Roseanne Park ပါ "
"ကျေးဇူးတင်ပါတယ် "
Knock knock!
"အဟမ်း ဝင်ခဲ့ပါ "
"ဟုတ်ကဲ့ CEO '
"ဟုတ်ကဲ့ "
"ဘာနဲ့လာတာလည်း "
"Busကားနဲ့ "
"ရှင် "
Entertainment ထဲက လူတွေမှာ သူတို့ရဲ့ အရှုပ်အရှင်းကင်းပြီး တည်ကြည်တဲ့ CEOဟာ အခုတော့ ကောင်မလေးတစ်ယောက်ရဲ့ လကကြိုဆှဲပှီး ထွက်လာတော့ အထူးတဆန်းဖြစ်နေကြသည်
"ကဲ မောင်းပြီနော် "
"ဟုတ် CEO "
"ရှင် "
"အာ... ကျေးဇူးတင်ပါတယ် "
" ဟ ဘာလုပ်တာလည်း "
"Jen ဘာလုပ်တာလည်း "
"ခင်ဗျားက ဘယ်သူလည်း "
#TBC
Bạn đang đọc truyện trên: Truyen3h.Co