Part 10
#unicode
"ဥပဒေသင်ကြားရေးဆိုင်ရာ ကျောင်းရှေ့ရောက်ပြီဗျာ့.. "
ဒရိုင်ဘာရဲ့စကားကြောင့် Jennie မျက်မှန်အမည်းတစ်လက်ကို ကောက်တပ်လိုက်သည်
ထို့နောက် ဒရိုင်ဘာကို ကားပေါ်ကဆင်းပြီး သူမအတွက် တံခါးမဖွင့်ပေးဖို့ Jennie အချက်ပြလိုက်သည်
Maskကို နှစ်ထပ်တပ်ပြီးနောက် ဦးထုပ်ဆောင်းကာ လက်ဆွဲအိတ်ကိုယူပြီး ကားပေါ်ကနေ Jennie ဆင်းလာခဲ့သည်
ဘော်ဒီဂတ်တွေမပါ Chaeyoungမပါဘဲ တစ်ယောက်ထဲ လူများတဲ့နေရာကို ရောက်လာမိလို့ Jennie နည်းနည်းတော့ ကြောက်မိသည်
Jennie ကျောင်းထဲသို့ သတိထားဝင်လာရင်း စာရေးမတွေရှိတဲ့နေရာသို့ သွားလိုက်သည်
"ဟိုလေ ဒီ Lawနဲ့ပတ်သက်တဲ့ စာမေးပွဲက ဘယ်အချိန်စမှာလည်းဟင် "
စာရေးမမှာ ဦးထုပ်ဆောင်း maskတပ်ထားပြီး မျက်မှန်အမည်းနဲ့ Jennieကို တစ်ချက်ကြည့်လိုက်သည်
"ပထမ Examကတော့ ပြီးသွားပါပြီ Madam နောက်တစ်ချိန်ကတော့ မာစတာအတန်း သီးသန့် examပါ... "
စာရေးဆရာမရဲ့ စကားကြောင့် Jennie သက်ပြင်းချလိုက်သည်
"ဟိုလေ ကျောင်းအုပ်ကြီးနဲ့တွေ့လို့ရလားဟင်...ကျွန်မ အသိထဲက ကျောင်းသူတစ်ယောက်က ဖျားနေလို့ လာမဖြေနိုင်ဘူးထင်တယ် '
သူမ အသံကို သတိမထားမိအောင် မရိပ်မိအောင်လို့ အသံကိုနှိမ့်ပြီး ပြောလေသည်
Jisooအတွက် ကျောင်းအုပ်ကြီးနဲ့ တွေ့ရမှဖြစ်မှာလေ.... သူမကြောင့် Jisooက မိုးမိပြီး ဖျားခဲ့ခြင်းဖြစ်သည်
သူမကြောင့် Jisoo စာမေးပွဲ ဖြေဖို့ လွတ်လို့မရဘူးလေ
"အားနာပေမယ့် ကျောင်းအုပ်ကြီးနဲ့ တွေ့လို့မရပါဘူး Madam တကယ် တောင်းပန်ပါတယ် "
"မဟုတ်သေးဘူးလေ....ဒါက "
Jennie စကားမဆုံးသေး သူမလက်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲပြီး လူရှင်းတဲ့ စာသင်ခန်းတစ်ခန်းထဲသို့ ဝင်သွားတယ်
ယခုက စာမေးပွဲ ဖြေရတာမို့ ဖြေပြီးတာနဲ့ ပြန်သွားကြလို့ အတန်းထဲလူမရှိခြင်း ဖြစ်သည်
"မင်း ဒီမှာ လာလုပ်နေတာလည်း "
Jisoo အတန်းအပြင်ဘက် လူရှင်းမရှင်းကြည့်ပြီး အခန်းတံခါးကို သော့ခတ်ကာ မေးလိုက်သည်
Jisoo စိတ်ထဲမှာ Jennieက တစ်ခုခုလုပ်ဖို့ ဒီကိုရောက်လာတယ်လို့ တွေးနေတာလေ
"ငါ..."
"လိုက်ခဲ့ "
Jisoo တံခါးပြန်ဖွင့်ပြီး Jennie လက်ဆွဲကာ ခေါင်မိုးထပ်ကို ခေါ်သွားသည်
"ဘာလုပ်တာလည်း နာတယ်ဟ ကြည့်ရတာတော့ နေကောင်းတဲ့ပုံပါဘဲ ငါ သွားတော့မယ် "
Jennie ပြောပြီး ပြုတ်ကျလုနီးပါးဖြစ်နေတဲ့ ဦးထုပ်ကို ပြန်ပြင်ဆောင်းလိုက်ပြီး Jisooဘေးကနေ ထွက်သွားဖို့ ခြေလှမ်းလိုက်သည်
"မဟုတ်တာတွေလုပ်ထားတော့ လူမိမှာ ကြောက်နေတာလား Jennie "
Jisooရဲ့ စကားကြောင့် Jennie ဒေါသထွက်သွားတယ်
"Jisoo နင်က တကယ်ကို မဆင်မခြင်ပြောတတ်ပြီး စာနာစိတ်မရှိတဲ့သူဘဲ"
"အဟက် စာနာစိတ်မရှိ မဆင်မခြင်ပြောတတ်တဲ့သူ ဟုတ်လား မင်းကသာ ငါရှိတဲ့ ကျောင်းကိုလာပြီး ဘာမဟုတ်တာတွေလုပ်ဖို့ ကြံစည်နေတာလည်း "
Jennie ရဲ့လက်ကို ဆောင့်ဆွဲပြီး Jisoo ပြောလိုက်သည်
"Jisoo နင်က ထင်တာအမြဲပြောပြီး အားအမြဲသုံးနေတာဘဲ "
"နားထောင် Jennie. ...ငါ့လမ်းကြောင်းထဲ ဝင်လာရင်တော့ ရှင်းစရာရှိတာရှင်းရမှာဘဲ တစ်လောကလုံးကို မင်းက ဘယ်လောက်စက်စုပ်ရွံရှာဖွယ်ကောင်းလည်းဆိုတာ ချပြမယ် အာ ပြီးတော့ မနက်က မင်းအမေရဲ့ သတင်းတွေ့လိုက်ရတယ် မင်းအမေအစား မင်း သေလိုက်တာမှ ပိုကောင်းအုံးမယ် "
ဖြန်း
Jisooရဲ့ စကားဆုံးရော Jisooရဲ့ မျက်နှာပေါ်သို့ Jennieလက်ဝါးက ကျရောက်လာသည်
"ရတယ် သွား တစ်လောကလုံးကို ပြောပြလိုက် နင့်လိုလူကပြောတာကို ယုံကြမယ်ထင်လား လေ့လာနေတာက Law ....လေ့လာနေတဲ့ဘာသာရပ်ကိုမှ အားမနာ လူတစ်ဖက်သားကို ဇွတ်ပြောဆိုနေတာ တရားတယ်ထင်နေတာလား "
Jennieရဲ့ စကားလည်းဆုံးရော Jisooမှာ Jennieရဲ့ maskကိုဆွဲဖြုတ်ပြီး Jennieရဲ့ နှုတ်ခမ်းကိုဆွဲနမ်းလိုက်သည်
ဖြန်းး
Jennieဆီက ပါးရိုက်ခံရပြန်တော့ Jisoo ဟက်ခနဲ ရယ်လိုက်သည်
Jennieမှာ Jisooကို ပါးရိုက်ပြီး ခေါင်မိုးထပ်က ဆင်းပြေးတော့ Jisooမှာ Jennieနောက် ပြေးလိုက်သွားတယ်
"Jennie Kimဟေ့ "
Jisoo အော်သံကြောင့် ကျောင်းသူကျောင်းသားတွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်
%Jennieကိုလည်း တွေ့ရော Jennieဆီသို့ လူအုပ်ကြီးမှာပြေးလာကြသည်
"Jennie ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလည်း "
"Omma သေဆုံးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလည်း "
"အဆင်ပြေလား Unnie "
Jennieမှာ လူအုပ်ကြီးကနေ အတင်းတိုးဝှေ့ပြီး ကားပေါ်သို့ ပြေးတက်လေသည်
"Jennie ဘယ်ရောက်နေတာလည်း ဇာတ်ညွှန်းဖတ်ဖို့ မင်းသားတောင်ရောက်နေပြီ နင်မရောက်လာသေးလို့ စောင့်နေကြတာ "
ဇာတ်ညွှန်းဖတ်ဖို့ JTBCအဆောက်အဦးထဲ ဝင်လာတဲ့ Jennie ကို Chaeyoung ဆူလိုက်သည်
"Sorry Chae ကိစ္စလေးရှိလို့ ဟိုပြီးရင်လေ ခဏနေ ငါ့သတင်းတွေတက်လာလိမ့်မယ် ကြည့်ပြီး ဖြေရှင်းပေးပါအုံး "
Jennieပြောပြီး ဇာတ်ညွှန်းဖတ်မယ့် အခန်းထဲ ဝင်သွားလိုက်သည်
"တောင်းပန်ပါတယ် ကိစ္စလေးပေါ်လာလို့ နောက်ကျသွားတယ်ရှင် "
"ရပါတယ် Jennie shii လူစုံပြီဆိုတော့ ဇာတ်ညွှန်းဖတ်ကြတော့မလား "
"Nae ဒါဆို ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါမယ်နော် Annyeonghasayo Jennie Kim ပါ ဒီရုပ်ရှင်အတွက် ကျွန်မကို သင်ပြပေးကြပါအုံးနော် "
"Annyeonghasayo ကိုယ်ကတော့ မင်းနဲ့သရုပ်ဆောင်မယ့် မင်းသား Jeong Min ပါ "
"Nae Jeong Min shii ကျွန်မတို့အတူတူ အကောင်းဆုံး ကြိုးစားသွားရအောင်နော် "
Jennieတို့ ဇာတ်ညွှန်းဖတ်နေချိန်တွင် Chaeyoungမှာလည်း ဥပဒေကျောင်းမှာ Jennieရောက်လာတဲ့ သတင်းတွေကို ဖုံးဖိရင်း Jennie အမေ သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေသည်
"တစ်ခု ကူညီပေးလို့ရလား...."
Chaeyoungမှာ သတင်းစားရှင်းလင်းပွဲကျင်းပမယ့် အခန်းထဲ စီစဥ်ညွှန်ကြားရင်း ကောင်မလေးတစ်ယောက်က သူမရှေ့ရောက်လာသည်
"ဟုတ်...."
"ဖုန်းလေး ခဏငှားပေးပါလား တို့ဖုန်း အိမ်မှာကျန်ခဲ့လို့ "
Chaeyoungလည်း ထိုကောင်မလေးကို ဝန်ထမ်းထဲကတစ်ယောက်ထင်ပြီး ဖုန်းငှားလိုက်သည်
Jennieမှာ ဇာတ်ညွှန်းဖတ်ပြီးနောက် Jeong Minနဲ့အတူတူ အခန်းထဲက ထွက်လာခဲ့သည်။
"ဟိုလေ Jennie shii "
Jeong Minက စကားစမလို့ရှိသေး Jennie ဆီ ဖုန်းဝင်လာသောကြောင့် Jeong Minလည်း ပြောမယ့်စကားကို ရပ်လိုက်သည်
"Chaeyoung ပြော...ငါအခုဘဲ ဇာတ်ညွှန်းဖတ်ပြီးတာရယ် လာခေါ်တော့မလား "
"Chaeyoungကို အသက်ရှင်လျက်မြင်ချင်တယ်ဆိုရင် ဘယ်သူ့ကိုမှ အသိမပေးဘဲ JTBCက ကားပါကင်မှာ စောင့်နေ "
"Jisoo. ..နင် ဒါဘာလုပ်တာလည်း.... "
Jennie မှာ Jisooရဲ့ အသံကြောင့် လန့်သွားလေသည်
"စကားအပိုမပြောချင်ဘူး အဲ့မှာစောင့်နေ Chaeyoungနဲ့ထပ်တွေ့ချင်ရင်ပေါ့ "
Jisooပြောပြီး ဖုန်းချကာ ဖုန်းထဲက လက်တလောခေါ်ထားတဲ့ Contactကို ဖျက်လိုက်သည်
ထို့နောက် Chaeyoungဆီသို့ Jisoo မဲ့ပြုံးပြုံးပြီး လျှောက်လာသည်
#tbc
#zawgyi
"မဟုတ်သေးဘူးလေ....ဒါက "
"ငါ..."
"လိုက်ခဲ့ "
ဖြန်း
ဖြန်းး
"Jennie Kimဟေ့ "
"အဆင်ပြေလား Unnie "
"ဟုတ်...."
"ဟိုလေ Jennie shii "
#tbc
Bạn đang đọc truyện trên: Truyen3h.Co