Truyen3h.Co

Accident

Part - 9

KimFany059

#Unicode

တီတီတီတီ.... တီတီတီတီ

ဖုန်း alarm မြည်သံကြောင့် Jisoo စားပွဲခုံပေါ် မှောက်အိပ်နေရာက နိုးလာသည်

Jennieက သူမ ကုတင်ပေါ်အိပ်နေလို့ Jisoo စားပွဲခုံပေါ်မှောက်အိပ်ခဲ့တာလေ

Jisoo အကြောဆန့်ပြီး နောက်ကိုလှည့်ကြည့်တော့ ကုတင်ပေါ်တွင် Jennieက မရှိတော့ပေ

စောင်ကိုလည်း သပ်သပ်ရပ်ရပ်လေး ခေါက်ထားပြီး အိပ်ရာကိုလည်း သပ်သပ်ရပ်ရပ်လေး ပြန်ခင်းထားသေးသည်

Jennie မွာ ထွက်သွားပြီ ထင်ပြီး Jisoo မျက်နှာသစ်ဖို့ ရေချိုးခန်းဘက် ထွက်လာသည်

ရေချိုးခန်း တံခါးဖွင့်မလို့ရှိသေး တံခါးကရုတ်တရက်ပွင့်လာလို့ Jisoo လန့်သွားသည်

"အမလေး"

မျက်နှာသုတ်ပုဝါလေးကို ပုခုံးပေါ်တင်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ Jennieတစ်ယောက် လန့်သွားတဲ့ Jisoo ကိုမော့ကြည့်လိုက်သည်

မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ကို သိချင်ရင် အိပ်ရာနိုးခါစအချိန်ကိုသာ ပြေးကြည့်ပါလို့ ပြောခဲ့ဖူးတဲ့ လူတစ်ချို့ရဲ့ စကားကိုတောင် Jisooကြောင့် Jennie ယုံကြည်လာမိသည်

ကြည့်ပါအုံး မိတ်ကပ်လိမ်းထားဖို့မပြောနဲ့ အိပ်ချင်မူးတူး ဖြစ်နေတဲ့ Jisoo ရဲ့ မျက်နှာလေးဟာ အရမ်းကြည့်ကောင်းလွန်းသည်

"နင် ထွက်သွားပြီ ထင်နေတာ "

"မျက်နှာသွားသစ်နေတာရယ် "

"Aww ဟပ်ချိုး..."

ရုတ်တရက် နှာထချေတဲ့ Jisooကြောင့် Jennie စိတ်ပူသွားတယ်

ဘာလို့ဆို မနေ့ညက မိုးရေထဲကနေ သူမကို Jisooကဆွဲခေါ်ခဲ့ပြီး မိုးမိခဲ့တာလေ

"Jisoo နင် အဆင်ပြေရဲ့လား "

"ပြေပါတယ် '

Jisoo ကပြေတယ်ပြောပေမယ့် နဖူးကေန ချွေးစေးတွေထွက်လာလို့ Jisooရဲ့ နဖူးကို Jennie စမ်းကြည့်လေသည်

"နင့်နှုတ်ခမ်းတွေကခြောက်သွေ့ပြီး ကိုယ်ကလည်း ပူနေတယ် Jisoo "

Jennie စကားလည်းဆုံးရော Jisoo လဲကျသွားလို့ Jennieမှာ Jisooကို ဆွဲထူလိုက်သည်

ထို့နောက် Jisoo ကိုတွဲကာ ကုတင်ဘက်သို့ခေါ်သွားသည်

"ဒီမှာ ခဏနေနော် ဆေးရုံကို ငါခေါ်သွားပေးမယ် "

"မသွားချင်ဘူး "

Jisoo ကုတင်ပေါ်ထိုင်ရင်း ငြင်းလိုက်သည်

"မရဘူး သွားကိုသွးရ..."

Jennie စကားမဆုံးသေး Jisooမှာ Jennieရဲ့ လက်ကိုဆောင့်ဆွဲလိုက်သည်

"အု..."

Jensoo နှစ်ယောက် ကုတင်ပေါ်ပစ်လှဲသွားပြီး Jisooအပေါ်တွင် Jennieက အုပ်လျ​က်သားရှိနေသည်

Jisooရဲ့ ခပ်ပြင်းပြင်းအသက်ရှုသံက Jennieရဲ့ မျက်နှာကို ရိုက်ခတ်နေသည်

Knock knock

ရုတ်တရက် တံခါးခေါက်သံကြောင့် Jennie ကုတင်ပေါ်ကနေ အမြန်ဆင်းပြေးလာပြီး တံခါးဖွင့်ပေးလိုက်သည်

"ဟင် Jisooက ဘယ်မှာလည်း Jennieက ဘာလို့ ဒီမှာရှိနေတာလည်း "

Lisaမှာ Jisooဆီ အလည်လာချိန် Jisooရဲ့ အိမ်မှာ Jennieကို တွေ့လိုက်ရလို့ အံ့သြနေသည်

"Jisooက ဟိုမှာ "

Jennie ကုတင်ဘက်ကို လက်ညိုးထိုးပြတော့ Lisaမှာ ကုတင်ဘက်သို့ သွားလိုက်သည်

"Jisoo နင် စာမေးပွဲ ရှိနေတာကို ဘာလို့ အိပ်နေတာလည်း "

Lisaပြောပြီး ကုတင်ပေါ် သို့ ပစ်တက်ပြီး Jisoo ပေါ် ပစ်လှဲလိုက်သည်

"အမလေး ပူကြပ်နေတာဘဲ နင်ဖျားနေတာလား "

Lisaက မေးပေမယ့် Jisooကတော့ ပြန်မဖြေနိုင် အိပ်ပျော်နေသည်

"အိပ်ပျော်သွားတယ်ထင်တယ်....မနေ့က သူမိုးမိတဲ့အပြင် စားပွဲခုံပေါ်မှောက်အိပ်ရတော့..."

"ဟုတ်ပြီ Jennie ဟိုစားပွဲခုံက အံဆွဲထဲမှာ အဖျားပျောက်ဆေးရှိတယ် အဲ့တာလေး ယူပေးပါလား "

"ဆေးရုံပို့တာ ပိုမကောင်းဘူးလား "

"အခုလောလောဆယ် သူ ဆေးရုံသွားချင်မှာ မဟုတ်လောက်ဘူး အဲ့တာမို့ အဖျားပျောက်ဆေးဘဲတိုက်လိုက်မယ် တစ်ချက်လောက်ယူပေးပါအုံး ငါလည်း ရေဝတ်တိုက်ဖို့ အဝတ်သွားယူလိုက်အုံးမယ် "

Lisa ပြောပြီး ရေချိုးခန်းဘက်သွားတော့ Jennieလည်း ဆေးယူဖို့ စားပွဲဘက်သွားလိုက်သည်

စားပွဲအံဆွဲကိုဖွင့်ဖွင့်ချင်း Bona နဲ့ Jisoo ရယ်မောနေတဲ့ပုံလေးကို Jennie တွေ့လိုက်သည်

Bonaကို ကြည့်ပြီး အသည်းပုံနှုတ်ခမ်းလေးပေါ်အောင် ပြုံးရယ်နေတဲ့ Jisooကို Jennie ကြည့်ရင်း Bonaကို Jisoo တော်တော်ချစ်မှန်း သတိထားမိသည်

"Jennie shii ဆေးတွေ့လားမသိဘူး "

"အာ..Jisooကို သေချာဂရုစိုက်ပေးပါအုံး...ဟိုလေ သွားစရာရှိလို့ သွားပြီနော် Lisa. ....."

"ဒီဦးထုပ်လေးဆောင်းသွားလိုက် "

Lisa ဦးထုပ်လှမ်းပေးတော့ကို Jennie ယူပြီး အမြန်ထွက်လာခဲ့သည်

Jisooနဲ့ Bonaပုံတွေ မြင်ရင် Jennie အပြစ်မကင်းသလို အပြစ်ရှိသလိို ခံစားရသည်

အရမ်းချစ်ကြတဲ့ စုံတွဲလေးကို သေကွဲကွဲစေမိလို့ မိုးနတ်မင်းက သူမအမေကို အစားပြန်လည်ခေါ်သွားခြင်းလာလို့တောင် Jennie တွေးမိနေသည်

"ဆေးရုံမှာမရှိဘဲ တစ်ညလုံး ဘယ်သွားနေတာလည်း Jennie. ..ဆေးရုံကို ပြန်လာတော့ နင့်ကိုလည်းမတွေ့ရဘူး တစ်ညလုံးစောင့်နေပေမယ့်.... "

အိမ်ထဲဝင်ဝင်ခြင်း တံခါးဝမှာ ဆီးကြိုပြီး မေးခွန်းထုတ်နေတဲ့ Chaeyoungကြောင့် Jennie သက်ပြင်းချလိုက်သည်

"ငါ ပင်ပန်းလာလို့ ခဏနားချင်..."

"Jangsuk ဟိုမှာစောင့်နေတယ်...."

Chaeyoungရဲ့ စကားကြောင့် Jennie စိတ်ပိုရှုပ်သွားတယ် သူမရဲ့ အိမ်ကို လူတွေလာလည်တာမကြိုက်ဘူးလေ

အထူးသဖြင့် Jangsuk လာလည်ရင် ပိုစိတ်ရှုပ်ရသည်

"ပြီးတော့ Dramaအတွက် စာချုပ်ချုပ်ထားတဲ့ Director နဲ့ တွေ့ရအုံးမယ်နော် ပြီးတော့ ဇာတ်ညွှန်းဖတ်ဖို့လည်းရှိတယ် "

"ကောင်းပြီ Chaeyoung.... နင် ခဏအပြင်သွားပေးပါလား...."

Jennie အဆင်မပြေနေမှန်းသိလို့ Chaeyoung ခေါင်းညိတ်လိုက်သည်

"ကောင်းပြီလေ တစ်ခုခုဆို ငါ့ကိုဖုန်းဆက်နော် "

"Ok "

Chaeyoung ထွက်သွားတော့ Jennie ဦးထုပ်ကိုချွတ်ပြီး Jangsukဆီ လျှောက်လာသည်

"အိမ်ထိလာရတဲ့အကြောင်းအရင်းလေးက "

"မင်းအမေ သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတွေက စကားပြောစေချင်တယ်တဲ့ "

Jang sukပြောပြီး Tvကို ဖွင့်လိုက်တော့ Jennie ရဲ့ အမေ သတင်းကတ​က်လာသည်

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး idolဖြစ်တဲ့ Jennie Kimရဲ့ အမေဟာ မနေ့ညကဘဲ ဆေးရုံမှာ သေဆုံးသွားကြောင်း သတင်းရရှိခဲ့ပါတယ်

ဆရာဝန်တွေကတော့ အစာအဆိပ်သင့်တယ်လို့ ပြောပြပေမယ့် ဘယ်အရာကြောင့် သေဆုံးသွားလည်းဆိုတာ သေချာမသိရသေးပါဘူး

Jennie Kimကလည်း မနေ့ညကဆေးရုံမှာ ရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ် Jennie Kimကိုရော Mrs. Kim အတွက်ပါ ဆုတောင်းပေးရအောင်ဗျာ

Jennie သတင်းကိုကြည့်ပြီး စိတ်ပျက်မိလာတယ်

"ရဲစခန်းကို သွားပြီး မင်းအမေသေဆုံးမှုအတွက် သက်သေရှာပေးပါလို့ ပြောကြည့်လိုက် "

"Hk ရယ်စရာဘဲ Bonaအလှည့်တုံးကကျ သတင်းတွေအသေပိတ်ပြီး....နေပါစေ ဘယ်သူ့ကိုမှမယုံတာမို့လို့ ကိုယ့်ဘာသာကိုယ် သက်သေရှာလိုက်ပါမယ် "

"Jennie မင်း ကိုယ့်ကိုအမြင်မကြည်တာနဲ့ ဒီလိုလုပ်စရာမလိုပါဘူး မင်းအမေ "

"ကျွန်မ ရေချိုးရမှာမို့ ထွက်သွားလိုက်ပါ "

Jennieမှာ Jang Sukကို ပြောပြီး သူ့အခန်းထဲ ဝင်သွားလိုက်သည်

Jennieမှာ ရေချိုးခန်းက ရေပန်းအောက်တွင်ရေချိုးရင်း ခက်ခဲတဲ့ အခြေအနေတွေကြားမှာ အသက်ရှူနိုင်ဖို့ ကြိုးစားနေမိနေသည်

#tbc

#zawgyi

တီတီတီတီ.... တီတီတီတီ

ဖုန္း alarm ျမည္သံေၾကာင့္ Jisoo စားပြဲခုံေပၚ ေမွာက္အိပ္ေနရာက နိုးလာသည္

Jennieက သူမ ကုတင္ေပၚအိပ္ေနလို႔ Jisoo စားပြဲခုံေပၚေမွာက္အိပ္ခဲ့တာေလ

Jisoo အေၾကာဆန႔္ၿပီး ေနာက္ကိုလွည့္ၾကည့္ေတာ့ ကုတင္ေပၚတြင္ Jennieက မရွိေတာ့ေပ

ေစာင္ကိုလည္း သပ္သပ္ရပ္ရပ္ေလး ေခါက္ထားၿပီး အိပ္ရာကိုလည္း သပ္သပ္ရပ္ရပ္ေလး ျပန္ခင္းထားေသးသည္

Jennie မြာ ထြက္သြားၿပီ ထင္ၿပီး Jisoo မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းဘက္ ထြက္လာသည္

ေရခ်ိဳးခန္း တံခါးဖြင့္မလို႔ရွိေသး တံခါးက႐ုတ္တရက္ပြင့္လာလို႔ Jisoo လန႔္သြားသည္

"အမေလး"

မ်က္ႏွာသုတ္ပုဝါေလးကို ပုခုံးေပၚတင္ၿပီး ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ Jennieတစ္ေယာက္ လန႔္သြားတဲ့ Jisoo ကိုေမာ့ၾကည့္လိုက္သည္

မိန္းမတစ္ေယာက္ရဲ႕ အလွဆုံးအခ်ိန္ကို သိခ်င္ရင္ အိပ္ရာနိုးခါစအခ်ိန္ကိုသာ ေျပးၾကည့္ပါလို႔ ေျပာခဲ့ဖူးတဲ့ လူတစ္ခ်ိဳ႕ရဲ႕ စကားကိုေတာင္ Jisooေၾကာင့္ Jennie ယုံၾကည္လာမိသည္

ၾကည့္ပါအုံး မိတ္ကပ္လိမ္းထားဖို႔မေျပာနဲ႕ အိပ္ခ်င္မူးတူး ျဖစ္ေနတဲ့ Jisoo ရဲ႕ မ်က္ႏွာေလးဟာ အရမ္းၾကည့္ေကာင္းလြန္းသည္

"နင္ ထြက္သြားၿပီ ထင္ေနတာ "

"မ်က္ႏွာသြားသစ္ေနတာရယ္ "

"Aww ဟပ္ခ်ိဳး..."

႐ုတ္တရက္ ႏွာထေခ်တဲ့ Jisooေၾကာင့္ Jennie စိတ္ပူသြားတယ္

ဘာလို႔ဆို မေန႕ညက မိုးေရထဲကေန သူမကို Jisooကဆြဲေခၚခဲ့ၿပီး မိုးမိခဲ့တာေလ

"Jisoo နင္ အဆင္ေျပရဲ႕လား "

"ေျပပါတယ္ '

Jisoo ကေျပတယ္ေျပာေပမယ့္ နဖူးေကန ေခြၽးေစးေတြထြက္လာလို႔ Jisooရဲ႕ နဖူးကို Jennie စမ္းၾကည့္ေလသည္

"နင့္ႏႈတ္ခမ္းေတြကေျခာက္ေသြ႕ၿပီး ကိုယ္ကလည္း ပူေနတယ္ Jisoo "

Jennie စကားလည္းဆုံးေရာ Jisoo လဲက်သြားလို႔ Jennieမွာ Jisooကို ဆြဲထူလိုက္သည္

ထို႔ေနာက္ Jisoo ကိုတြဲကာ ကုတင္ဘက္သို႔ေခၚသြားသည္

"ဒီမွာ ခဏေနေနာ္ ေဆး႐ုံကို ငါေခၚသြားေပးမယ္ "

"မသြားခ်င္ဘူး "

Jisoo ကုတင္ေပၚထိုင္ရင္း ျငင္းလိုက္သည္

"မရဘူး သြားကိုသြးရ..."

Jennie စကားမဆုံးေသး Jisooမွာ Jennieရဲ႕ လက္ကိုေဆာင့္ဆြဲလိုက္သည္

"အု..."

Jensoo ႏွစ္ေယာက္ ကုတင္ေပၚပစ္လွဲသြားၿပီး Jisooအေပၚတြင္ Jennieက အုပ္လ်က္သားရွိေနသည္

Jisooရဲ႕ ခပ္ျပင္းျပင္းအသက္ရႈသံက Jennieရဲ႕ မ်က္ႏွာကို ရိုက္ခတ္ေနသည္

Knock knock

႐ုတ္တရက္ တံခါးေခါက္သံေၾကာင့္ Jennie ကုတင္ေပၚကေန အျမန္ဆင္းေျပးလာၿပီး တံခါးဖြင့္ေပးလိုက္သည္

"ဟင္ Jisooက ဘယ္မွာလည္း Jennieက ဘာလို႔ ဒီမွာရွိေနတာလည္း "

Lisaမွာ Jisooဆီ အလည္လာခ်ိန္ Jisooရဲ႕ အိမ္မွာ Jennieကို ေတြ႕လိုက္ရလို႔ အံ့ၾသေနသည္

"Jisooက ဟိုမွာ "

Jennie ကုတင္ဘက္ကို လက္ညိုးထိုးျပေတာ့ Lisaမွာ ကုတင္ဘက္သို႔ သြားလိုက္သည္

"Jisoo နင္ စာေမးပြဲ ရွိေနတာကို ဘာလို႔ အိပ္ေနတာလည္း "

Lisaေျပာၿပီး ကုတင္ေပၚ သို႔ ပစ္တက္ၿပီး Jisoo ေပၚ ပစ္လွဲလိုက္သည္

"အမေလး ပူၾကပ္ေနတာဘဲ နင္ဖ်ားေနတာလား "

Lisaက ေမးေပမယ့္ Jisooကေတာ့ ျပန္မေျဖနိုင္ အိပ္ေပ်ာ္ေနသည္

"အိပ္ေပ်ာ္သြားတယ္ထင္တယ္....မေန႕က သူမိုးမိတဲ့အျပင္ စားပြဲခုံေပၚေမွာက္အိပ္ရေတာ့..."

"ဟုတ္ၿပီ Jennie ဟိုစားပြဲခုံက အံဆြဲထဲမွာ အဖ်ားေပ်ာက္ေဆးရွိတယ္ အဲ့တာေလး ယူေပးပါလား "

"ေဆး႐ုံပို႔တာ ပိုမေကာင္းဘူးလား "

"အခုေလာေလာဆယ္ သူ ေဆး႐ုံသြားခ်င္မွာ မဟုတ္ေလာက္ဘူး အဲ့တာမို႔ အဖ်ားေပ်ာက္ေဆးဘဲတိုက္လိုက္မယ္ တစ္ခ်က္ေလာက္ယူေပးပါအုံး ငါလည္း ေရဝတ္တိုက္ဖို႔ အဝတ္သြားယူလိုက္အုံးမယ္ "

Lisa ေျပာၿပီး ေရခ်ိဳးခန္းဘက္သြားေတာ့ Jennieလည္း ေဆးယူဖို႔ စားပြဲဘက္သြားလိုက္သည္

စားပြဲအံဆြဲကိုဖြင့္ဖြင့္ခ်င္း Bona နဲ႕ Jisoo ရယ္ေမာေနတဲ့ပုံေလးကို Jennie ေတြ႕လိုက္သည္

Bonaကို ၾကည့္ၿပီး အသည္းပုံႏႈတ္ခမ္းေလးေပၚေအာင္ ၿပဳံးရယ္ေနတဲ့ Jisooကို Jennie ၾကည့္ရင္း Bonaကို Jisoo ေတာ္ေတာ္ခ်စ္မွန္း သတိထားမိသည္

"Jennie shii ေဆးေတြ႕လားမသိဘူး "

"အာ..Jisooကို ေသခ်ာဂ႐ုစိုက္ေပးပါအုံး...ဟိုေလ သြားစရာရွိလို႔ သြားၿပီေနာ္ Lisa. ....."

"ဒီဦးထုပ္ေလးေဆာင္းသြားလိုက္ "

Lisa ဦးထုပ္လွမ္းေပးေတာ့ကို Jennie ယူၿပီး အျမန္ထြက္လာခဲ့သည္

Jisooနဲ႕ Bonaပုံေတြ ျမင္ရင္ Jennie အျပစ္မကင္းသလို အျပစ္ရွိသလိို ခံစားရသည္

အရမ္းခ်စ္ၾကတဲ့ စုံတြဲေလးကို ေသကြဲကြဲေစမိလို႔ မိုးနတ္မင္းက သူမအေမကို အစားျပန္လည္ေခၚသြားျခင္းလာလို႔ေတာင္ Jennie ေတြးမိေနသည္

"ေဆး႐ုံမွာမရွိဘဲ တစ္ညလုံး ဘယ္သြားေနတာလည္း Jennie. ..ေဆး႐ုံကို ျပန္လာေတာ့ နင့္ကိုလည္းမေတြ႕ရဘူး တစ္ညလုံးေစာင့္ေနေပမယ့္.... "

အိမ္ထဲဝင္ဝင္ျခင္း တံခါးဝမွာ ဆီးႀကိဳၿပီး ေမးခြန္းထုတ္ေနတဲ့ Chaeyoungေၾကာင့္ Jennie သက္ျပင္းခ်လိဳက္သည္

"ငါ ပင္ပန္းလာလို႔ ခဏနားခ်င္..."

"Jangsuk ဟိုမွာေစာင့္ေနတယ္...."

Chaeyoungရဲ႕ စကားေၾကာင့္ Jennie စိတ္ပိုရႈပ္သြားတယ္ သူမရဲ႕ အိမ္ကို လူေတြလာလည္တာမႀကိဳက္ဘူးေလ

အထူးသျဖင့္ Jangsuk လာလည္ရင္ ပိုစိတ္ရႈပ္ရသည္

"ၿပီးေတာ့ Dramaအတြက္ စာခ်ဳပ္ခ်ဳပ္ထားတဲ့ Director နဲ႕ ေတြ႕ရအုံးမယ္ေနာ္ ၿပီးေတာ့ ဇာတ္ၫႊန္းဖတ္ဖို႔လည္းရွိတယ္ "

"ေကာင္းၿပီ Chaeyoung.... နင္ ခဏအျပင္သြားေပးပါလား...."

Jennie အဆင္မေျပေနမွန္းသိလို႔ Chaeyoung ေခါင္းညိတ္လိုက္သည္

"ေကာင္းၿပီေလ တစ္ခုခုဆို ငါ့ကိုဖုန္းဆက္ေနာ္ "

"Ok "

Chaeyoung ထြက္သြားေတာ့ Jennie ဦးထုပ္ကိုခြၽတ္ၿပီး Jangsukဆီ ေလွ်ာက္လာသည္

"အိမ္ထိလာရတဲ့အေၾကာင္းအရင္းေလးက "

"မင္းအေမ ေသဆုံးမႈနဲ႕ပတ္သက္ၿပီး ရဲေတြက စကားေျပာေစခ်င္တယ္တဲ့ "

Jang sukေျပာၿပီး Tvကို ဖြင့္လိုက္ေတာ့ Jennie ရဲ႕ အေမ သတင္းကတက္လာသည္

ေတာင္ကိုရီးယားနိုင္ငံရဲ႕ နာမည္ႀကီး idolျဖစ္တဲ့ Jennie Kimရဲ႕ အေမဟာ မေန႕ညကဘဲ ေဆး႐ုံမွာ ေသဆုံးသြားေၾကာင္း သတင္းရရွိခဲ့ပါတယ္

ဆရာဝန္ေတြကေတာ့ အစာအဆိပ္သင့္တယ္လို႔ ေျပာျပေပမယ့္ ဘယ္အရာေၾကာင့္ ေသဆုံးသြားလည္းဆိုတာ ေသခ်ာမသိရေသးပါဘူး

Jennie Kimကလည္း မေန႕ညကေဆး႐ုံမွာ ရွိခဲ့တယ္လို႔ သတင္းရရွိခဲ့ပါတယ္ Jennie Kimကိုေရာ Mrs. Kim အတြက္ပါ ဆုေတာင္းေပးရေအာင္ဗ်ာ

Jennie သတင္းကိုၾကည့္ၿပီး စိတ္ပ်က္မိလာတယ္

"ရဲစခန္းကို သြားၿပီး မင္းအေမေသဆုံးမႈအတြက္ သက္ေသရွာေပးပါလို႔ ေျပာၾကည့္လိုက္ "

"Hk ရယ္စရာဘဲ Bonaအလွည့္တုံးကက် သတင္းေတြအေသပိတ္ၿပီး....ေနပါေစ ဘယ္သူ႕ကိုမွမယုံတာမို႔လို႔ ကိုယ့္ဘာသာကိုယ္ သက္ေသရွာလိုက္ပါမယ္ "

"Jennie မင္း ကိုယ့္ကိုအျမင္မၾကည္တာနဲ႕ ဒီလိုလုပ္စရာမလိုပါဘူး မင္းအေမ "

"ကြၽန္မ ေရခ်ိဳးရမွာမို႔ ထြက္သြားလိုက္ပါ "

Jennieမွာ Jang Sukကို ေျပာၿပီး သူ႕အခန္းထဲ ဝင္သြားလိုက္သည္

Jennieမွာ ေရခ်ိဳးခန္းက ေရပန္းေအာက္တြင္ေရခ်ိဳးရင္း ခက္ခဲတဲ့ အေျခအေနေတြၾကားမွာ အသက္ရႉနိုင္ဖို႔ ႀကိဳးစားေနမိေနသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co