Part 11
#zawgyi
"Chaeyoung ဘယ်မှာလည်း....."
"ကားပေါ်တက်...."
."
"အခြေအနေ ဘယ်လိုလည်း "
"Omma. .....Omma. ..."
"ဟမ်...နင် ဘာပြောတာလည်း "
#tbc
#unicode
"Chaeyoung ဘယ်မှာလည်း....."
ကားပါကင်တွင် ကားရှေ့ ရပ်ပြီး သူမကို ပြုံးကြည့်နေတဲ့ Jisooကို Jennie မေးလိုက်သည်
"ကားပေါ်တက်...."
"ငါမေးနေတယ် Chaeyoung ဘယ်မှာလည်း ...
."
ကားပေါ်တက်ဖို့ ငြင်းဆန်နေတဲ့ Jennieကို Jisoo စိတ်မရှည်တော့ပေ
Jennie လက်မောင်းကို Jisoo ဆောင့်ဆွဲတော့ Jennie မှာ ရုန်းလိုက်သည်
"လွှတ်နော်...CCTV တွေ ရှိနေတာ နင်မကြောက်ဘူးလား "
"CCTV? ဒီနေရာမှာ ဘာCCTVမှ မရှိပါဘူး Jennie Kim. ..ငါက ဥပဒေရေးရာကိုလေ့လာနေသူပါ ဒီလောက်တော့ သိပါတယ်...CCTV မရှိတဲ့နေရာမှာ တမင်ကားရပ်ထားတာ ဟားဟားဟား "
"ငါ့ကို လွှတ်နော် မဟုတ်ရင် နင့်ကို ပြန်ပေးဆွဲမှုနဲ့ တရားစွဲပစ်မယ်....ငါ ပြောတာကြားရဲ့လား... "
"တရားစွဲပစ်မယ် ဟုတ်လား.... လုပ်နိုင်မလား ကြည့်ရအောင်... "
Jisoo ပြောပြီး သူမလက်ထဲက ဖုန်းနဲ့ Jennieရဲ့ နဖူးကိုထုလိုက်သည်
ထို့နောက် သတိမေ့ လဲကျသွားတဲ့ Jennieကို ကြည့်ပြီး Jisoo Psychopath တစ်ယောက်လို သဘောကျစွာရယ်လိုက်သည်
"ဘာ....Jennie Kim ပျောက်သွားတယ် ဟုတ်လား "
Jangsukတစ်ယောက် နာရေးခန်းမကနေ သူ့လူတွေဖုန်းဆက်သောကြောင့် ထွက်လာခဲ့သည်
"မင်းတို့ကို သေချာဂရုစိုက်ကြည့်ဖို့ ငါ မမှာထားဘူးလား "
"ကားပါကင်ဘက်ကို သွားတော့ Chaeyoung လာခေါ်တယ်ထင်ပြီး ကျွန်တော်... "
"ခွေးမသား စောက်ဆံယူပြီး စောက်အလုပ်ကို သေချာမလုပ်ဘူး.....မင်း အဲ့ဒီမှာစောင့်နေ ငါလာမယ်...."
Jennie ပျောက်သွားကြောင်း သိရတော့ Jangsuk ခေါင်းထဲထူပူသွားတယ်
CCTV ကို ကြည့်ဖို့အတွက် JTBCကို Jangsuk သွားလိုက်သည်
လုံခြုံရေး ရုံးခန်းတွင် Jangsuk တစ်ယောက် CCTV တွေကို သေချာကြည့်နေသည်....
မြေအောက်ကားပါကင်ထဲ ဝင်လာတဲ့ Jisooရဲ့ ကားကိုတွေ့တော့....Jennieကို Jisoo ခေါ်သွားတာဖြစ်မယ်လို့ Jangsuk တွေးလိုက်မိသည်
ထိုစဉ် Chaeyoung ဆီကနေ ဖုန်းဝင်လာသည်
"Jang suk. ...Jennie ဘယ်မှာလဲ... သတင်းထောက်တွေ စောင့်နေတာကို သူမလာသေးဘူး '
"Jisoo. ..သူ့ကိုခေါ်သွားတယ် Chaeyoung. ..."
"ဘာ....သူ့အမေ နာရေးသတင်းစာရှင်းလင်းပွဲမှာ သူ ပျောက်သွားလို့မဖြစ်ဘူးလေ သူ့ကို ရှာမှဖြစ်မယ်... "
"ငါ့လူတွေကို လွှတ်ပြီး ရှာခိုင်းထားတယ်...Chaeyoung. ...သတင်းထောက်တွေကို ခဏထိန်းထားပေး ငါလာခဲ့မယ် "
Jennie Kimက အခုထိ သတင်းစားရှင်းလင်းပွဲကျင်းပမယ့် နေရာကိုမလာသေးလို့ သတင်းထောက်တွေ တီးတိုးပြောဆိုနေကြသည်
ထိုစဥ် Jennie Kimရဲ့ Entertainment က CEOဖြစ်တဲ့ Jang Suk ခန်းမထဲဝင်လာသောအခါ သတင်းထောက်တွေ အားလုံး လှုပ်လှုပ်ကြွကြွဖြစ်ကုန်ကြသည်
"CEO ရှင့်....Jennieက ဘာလို့ ခုထိမလာသေးတာလည်း "
"ဖြေပေးပါအုံးဗျာ့....ခင်ဗျား Jennie Kim အမေရဲ့ သေဆုံးမှုကို ဘယ်လိုခံစားရလည်း "
"အားလုံးဘဲ...Jennie Kim ဘာလို့ ဒီနေရာကို ရောက်မလာသေးလည်းဆိုတာ....သူမက Dramaအတွက် ရိုက်ကူးရေးရှိနေတဲ့အပြင် သူမအမေကြောင့်ပါ ပင်ပန်းနေလို့ ကျွန်တော် သူ့ကိုအနားယူခိုင်းလိုက်တာပါ.....ကျန်းမာရေးက အရေးကြီးတယ်ဆိုတာ အားလုံးလည်း သိကြပါတယ်နော့်....Jennie Kimနဲ့ ကျနော်တို့ဘက်က အခက်အခဲတွေကို နားလည်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ် ....."
Jang sukပြောပြီး မေးခွန်းများစွာမေးပြီး ဆူညံနေတဲ့ သတင်းထောက်တွေကို ဦးညွှတ်ကာ ထွက်လာခဲ့သည်
"အခြေအနေ ဘယ်လိုလည်း "
"Jennieကို ခုထိ ရှာမတွေ့သေးပါဘူး Sir "
"တွေ့အောင်ရှာကြစမ်း....Jennieကို မတွေ့မချင်း ဘယ်သူမှနားရမယ်မမှတ်နဲ့.... မြေလှန်ရှာကြ...."
Jang suk အော်ဟစ်လိုက်ပြီး ဖုန်းချလိုက်သည်
"Omma. .....Omma. ..."
Jennie သတိရလာတော့ သူမ မရင်းနှီးတဲ့ နေရာတစ်ခုကိုရောက်နေမှန်း သိလိုက်ရသည်
ထို့အပြင် သူမတစ်ကိုယ်လုံးကို ကြိုးတုပ်ထားတာကိုလည်း သိလိုက်ရသည်
သူမရှေ့မှာ ထိုင်ခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်ပြီး သူမကို ပြုံးကြည့်နေတဲ့ Jisooကို တွေ့ရလေသည်
"ဘယ်ရောက်နေတာလည်း....ငါ့ကို ဘာလို့ ကြိုးနဲ့ချည်ထားတာလည်း လွှတ်ပေး "
"အော်ဟော တကူးတကဖမ်းလာပါတယ်ဆို ငါက ရူးနေလို့လား...အခုကစပြီး မင်းကို ချစ်တဲ့သူတွေဆီကနေ....မင်းပျောက်ကွယ်သွားအောင် သူတို့တဖြည်းဖြည်း မင်းကို မေ့သွားအောင်လုပ်ပေးမယ်.... "
"ဟမ်...နင် ဘာပြောတာလည်း "
"နင် မပြောင်းလဲမချင်း နင့်ကို ဒီနေရာမှာ ပိတ်ထားမယ်လို့ပြောတာ....ငါ ဒီတိုင်းနေရတာ ငြီးငွေ့နေပြီ...ဒါကြီးကို အမြန်ပြီးလိုက်ချင်ပြီ "
"အဲ့လိုမလုပ်ပါနဲ့ ငါ့ကိုလွှတ်ပေးပါ ငါ့မှာ အရေးကြီးတဲ့ event တစ်ခုရှိသေးတယ်...သွားရအုံးမှာမို့ လွှတ်ပေးပါနော် Jisoo "
"လွှတ်ပေးဖို့ တောင်းပန်နေရင် အပိုဘဲ Jennie "
"ဒါဆို နင် ဘာလိုချင်တာလည်း "
"ငါ ဘာလိုချင်လည်း ဟုတ်လား Bonaအတွက် အမှန်တရား လိုချင်တာ Jennie နင်ကိုယ်တိုင် ထုတ်ပြောမယ့်အမှန်တရား.....နင့်ကို သုံးရက် အချိန်ပေးမယ် Jennie ဒီနားမှာ နှာဘူးတွေရှိတာမို့လို့ ဘဝမပျက်ချင်ရင် ထွက်ပြေးဖို့ မကြိုးစားဘဲ သေချာတွေးပါ....."
Jisooပြောပြီး အခန်းထဲက ထွက်လာခဲ့သည်
Jennieကတော့ အခန်းထဲတွင် ငိုရင်းကျန်ခဲ့သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co