Truyen3h.Co

Accident

Part 12

KimFany059


#zawgyi

Chaeyoung တစ္ေယာက္ နာေရးက်င္းပတဲ့ခန္းမထဲတြင္ လက္သည္းကိုကိုက္ရင္း ေတာင္ေလွ်ာက္ေျမာက္ေလွ်ာက္နဲ႕ Jennieေၾကာင့္ ေခါင္းရႈပ္ေနရသည္

အေမဆုံးသြားတာသိပ္မၾကာေသးတဲ့အျပင္ နာေရးက်င္းပတဲ့ေန႕မွာဘဲ ျပန္ေပးဆြဲခံလိုက္ရတဲ့ Jennie တစ္ေယာက္ မနက္ျဖန္ သတင္းေခါင္းစဥ္မွာ ဘယ္လိုပါလာမလည္း....Jennieေရာ အဆင္ေျပေနပါ့မလားဆိုၿပီး Chaeyoung စိတ္ပူေနရသည္

"Excuse me. .."

ရင္းႏွီးတဲ့အသံေၾကာင့္ Chaeyoung အေနာက္ကိုလွည့္လိုက္ေတာ့ Lisaရဲ႕ ရင္ခြင္ထဲ တိုးဝင္မိသား ျဖစ္သြားတယ္

"အာ့...."

သူမရင္ခြင္ထဲ ေရာက္လာတဲ့ Chaeyoung ကို Lisa ဖက္ထားလိုက္မိသည္

"အဆင္ေျပရဲ႕လား..."

Lisaရဲ႕ ရင္ခြင္ထဲမွာ Chaeyoung တစ္ေယာက္ ရင္ခုန္သံေတြျမန္ေနတုံး ႏူးညံ့တဲ့ Lisaရဲ႕ အသံေၾကာင့္ Chaeyoung တုန္တက္သြားတယ္

"ေျပ ေျပပါတယ္ တို႔အမွားပါ....ေသခ်ာမၾကည့္မိဘဲ "

"ရပါတယ္ Chaeyoungရယ္...."

Chaeyoungရဲ႕ ပခုံးႏွစ္ဖက္ကို ကိုင္ၿပီး Lisa ေျပာလိုက္သည္

ရွက္ၿပီး မ်က္ႏွာနီရဲကာ စကားထစ္ ေနတဲ့ Chaeyoung ကိုၾကည့္ၿပီး Lisa သေဘာက်ေနမိသည္

"Jennieေရာ..."

"ဟို...."

Lisaက ႐ုတ္တရက္ Jennieကို ေမးလို႔ Chaeyoung ဘာေျဖရမွန္းမသိ ျဖစ္သြားတယ္

"သူ႕ကိုပါ ႏႈတ္ဆက္မလို႔ေလ..."

"အာ...သူ ဒီမွာမရွိဘူး Lisa. .."

"ဟုတ္လား....အလုပ္မ်ားေနတာလား သူ "

"မဟုတ္ဘူး သူ႕အိမ္မွာ ေအးေဆးနားေနတာ..."

Jang sukက ႐ုတ္တရက္ေရာက္လာၿပီး Chaeyoung ေဘးနားရပ္ကာ Lisaကို ေျပာလိုက္သည္

"Mrs. Kimကို ကန္ေတာ့ဖို႔လာတာဆိုရင္ သြားကန္ေတာ့ပါ မဟုတ္ရင္ေတာ့ ျပန္လိုက္ေတာ့ "

Jang sukရဲ႕ စကားေၾကာင့္ Lisaကို Chaeyoung အားနာသြားတယ္

"ဟုတ္ Chaw က Mrs. Kimကို အရိုအေသေပးဖို႔ လာတာပါ..... "

"ဒါဆို သူတို႔ေနာက္ လိုက္သြားလိုက္ပါ....ေကာင္ေလးေတြ... သူ႕ကို လမ္းျပေပးလိုက္ "

Lisaမွာ Jang Suk ရဲ႕ တပည့္ေတြ လမ္းျပတဲ့အတိုင္းလိုက္သြားတယ္

"Jennieေရာ ရွာေတြ႕ၿပီလား...."

Lisaလည္း Mrs. Kimကို ကန္ေတာ့ဖို႔ ထြက္သြားေရာ Chaeyoungမွာ Jang Suk ကို ၾကည့္ၿပီး ေမးလိုက္သည္

Jang sukမွာ ေခါင္းခါၿပီး

"ခုထိရွာမေတြ႕ေသးဘူး...."

"နာေရးခ်ဖိဳ႕ ႏွစ္ရက္ဘဲလိုေတာ့တယ္ေနာ္ "

Chaeyoungရဲ႕ စကားေၾကာင့္ Jang Suk သက္ျပင္းခ်လိဳက္သည္

Lisaမွာ Mrs. Kimကို အရိုအေသေပးၿပီး ျပန္ထြက္လာသည္

"Chaeyoung shii..... အဆင္ေျပရဲ႕လား "

"ေျပပါတယ္ Lisa. .. ဒီကိုလာခဲ့ေပးလို႔ ေက်းဇူးတင္ပါတယ္ အိမ္ကိုဂ႐ုစိုက္ျပန္ေနာ္ "

Lisaကို ခန္းမေပါက္ဝထိ Chaeyoung လိုက္ပို႔လိုက္သည္

Jisooမွာ ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးေနာက္ မွန္ကိုၾကည္ရင္း ခႏၶာကိုယ္ေပၚက ေရစက္ေတြကို သဘတ္နဲ႕သုတ္ေနသည္

မိုးစက္သံေတြၾကားေတာ့ အျပင္မွာ မိုး႐ြာေနမွန္း Jisoo သတိထားမိသြားတယ္....

Bona. .. Bonaက မိုးရာသီကို အရမ္းသေဘာက်တာ....မိုး႐ြာၿပီဆို သူအရမ္းေပ်ာ္ေနတတ္တာ....

ျပတင္းေပါက္ေပၚ က်စီးလာတဲ့ မိုးေရစက္ေတြကို ၾကည့္ရင္း Jisoo တစ္ေယာက္ Bona ကို သတိရသြားတယ္

သူမ ေခါင္းေလွ်ာ္ၿပီးတဲ့အခါတိုင္းလည္း Bona က အၿမဲ ဆံပင္သုတ္ေပးေနၾကေလ

Jisoo ဆံပင္ကို ေျပာင္ေအာင္မသုတ္ေတာ့ဘဲ အဝတ္အစားေကာက္ဝတ္ၿပီး အိမ္ထဲကေန ထြက္လာခဲ့တယ္

Jennieကို ခ်ဳပ္ႏွောင္ထားတဲ့ အိမ္ဘက္ သြားရာလမ္းတြင္ စားေသာက္ဆိုင္ကိုေတြ႕လို႔ ဘာမွမစားရေသးတဲ့ Jennieအတြက္ တစ္ခုခုဝယ္သြားဖို႔ Jisoo ေတြးလိုက္မိသည္

"စားေလ...ဗိုက္ဆာေနမယ္ထင္လို႔ ဝယ္လာတာ မစားဘူးလား.... "

အစားအေသာက္ေတြကို ဒီတိုင္း စိုက္ၾကည့္ေနတဲ့ Jennie ကို Jisoo ေမးလိုက္သည္

"နင္က ငါ့လက္ေတြကို ႀကိဳးနဲ႕တုပ္ထားမွေတာ့ ဘယ္လိုစားရမွာလည္း "

"Ha. ..ေခြးလို ကုန္းစားေလ "

"ဘာ...."

"ကဲထားေတာ့ ငါလည္း နင့္ကိုခြံ႕မေကြၽးခ်င္လို႔ ႀကိဳးေျဖေပးလိုက္ပါမယ္ '

Jisoo ေျပာၿပီး Jennieကို ခ်ည္ထားတဲ့ ႀကိဳးေတြကို ေျဖေပးလိုက္သည္

"ထြက္ေျပးဖို႔ေတာ့ မႀကိဳးစားနဲ႕ေပါ့ "

Jennieမွာ ႀကိဳးေျဖခံရၿပီးေနာက္ Jisooေကြၽးေသာ အစားအစာေတြကို ထိုင္စားေလသည္

"Popular starက သာမန္အစားအစာေတြကို အငမ္းမရ စားေနပါေရာလား ဟားဟား "

သူမကို ထိုင္ခနဲ႕ေနတဲ့ Jisooကို Jennie မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္

"လူတစ္ဖက္သားကို ေလးေလးစားစားဆက္ဆံဖို႔ နင့္အေမက မဆုံးမခဲ့ဘူးလား Jisoo "

"ဘာ....."

"ဘာလို႔ အဲ့ဒီေလာက္စိတ္တိုေနရတာလည္း..... "

"မင္း..."

Jisoo စိတ္တိုၿပီး ထရပ္လိုက္စဥ္ Jennieမွာ Jisooကို ေဆာင့္တြန္းၿပီး အခန္းထဲက ထြက္ေျပးသြားသည္

"Jennie Kim "

Jisoo လဲက်ေနရာကေန အျမန္ထၿပီး Jennieေနာက္ လိုက္ေတာ့ Jennieမွာ အိမ္အျပင္ဘက္သို႔ ေရာက္သြားႏွင့္ေနၿပီ..

"ေတာက္..."

Jisooမွာ ေတာက္ေခါက္ၿပီး Jennieေနာက္သို႔ ေျပးလိုက္သြားတယ္

Jennieမွာ သူမခ်ဳပ္ခံထားရတဲ့ အိမ္အေနာက္ဘက္က ေတာအုပ္ထဲသို႔ ဝင္ေျပးရင္း ...ေခ်ာင္း.... တစ္ခုကိုေတြ႕ေတာ့ ဘာမွမေတြးဘဲ ေခ်ာင္း  ထဲသို႔ ခုန္ခ်လိဳက္သည္

"Jennie Kim. ..."

ေခ်ာင္းထဲ ခုန္ခ်သြားတဲ့ Jennie ကို Jisoo အျမန္ခုန္ဆင္းၿပီး ေရထဲကေန ဆြဲေခၚလာသည္

"အဟြတ္...."

ကုန္းေျမျပင္ေပၚ ေရာက္ေတာ့ ပါးစပ္ထဲကေန ေရေတြ ျပန္အန္ထြက္လာတဲ့ Jennieကို ၾကည့္ၿပီး Jisoo သက္ျပင္းခ်လိဳက္သည္

"မင္း ႐ူးေနလား ငါ ေရာက္လာတာ ျမန္လို႔ေပါ့ မဟုတ္ရင္ ေရစီးထဲေျမာပါၿပီး ေသေနမယ္...."

"ေသေတာ့လည္း ေကာင္းတာေပါ့ Ommaနဲ႕ Appaေနာက္ လိုက္သြား႐ုံဘဲ..."

". ...."

Jisoo အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္

"မင္းအေမကို နာေရးခ်ၿပီး ေျမျမဳပ္ေတာ့မယ္ သတင္းၾကားတယ္ သူ႕ကို ေနာက္ဆုံးအေနနဲ႕ ေတြ႕ခ်င္ေနမွာေပါ့... "

" ဘယ္လိုမ်ား ေမးရက္တာလည္း..... "

"ထ...."

Jisoo မတ္တပ္ထရပ္လိုက္ၿပီး Jennie ကို လက္ကမ္းလိုက္သည္

"ထေလ.... မင္းကို ျပန္လိုက္ပို႔ေပးမလို႔...."

"ဟင္..... နင္ဘဲ ငါ့ကိုဖမ္းလာၿပီးေတာ့... "

"ငါ စိတ္မေျပာင္းခင္ ကမ္းထားတဲ့ လက္ကို ဆြဲလိုက္....မဟုတ္ရင္ အိမ္ထဲ မင္းကို ႀကိဳးတုပ္ထား..."

Jisoo ရဲ႕ စကားမဆုံးခင္ Jennieမွာ Jisooရဲ႕ လက္ကို အျမန္လွမ္းကိုင္လိုက္သည္

"စိုေနတဲ့အဝတ္လဲၿပီး သြားၾကစို႔...."

Jennieရဲ႕ လက္ကိုတြဲၿပီး ေတာအုပ္ထဲကေန Jisoo ထြက္လာခဲ့သည္

Jennieကို ေခ်ာင္းေရထဲက ဘာလို႔ကယ္တင္ခဲ့ၿပီး ဘာလို႔ဖမ္းထားရာရေန အိမ္သို႔ျပန္ပို႔ေပးခ်င္ေနမွန္း Jisoo သူမကိုယ္သူမ တကယ္နားမလည္ေတာ့ေပ....

#tbc

#unicode

Chaeyoung တစ်ယောက် နာရေးကျင်းပတဲ့ခန်းမထဲတွင် လက်သည်းကိုကိုက်ရင်း တောင်လျှောက်မြောက်လျှောက်နဲ့ Jennieကြောင့် ခေါင်းရှုပ်နေရသည်

အမေဆုံးသွားတာသိပ်မကြာသေးတဲ့အပြင် နာရေးကျင်းပတဲ့နေ့မှာဘဲ ပြန်ပေးဆွဲခံလိုက်ရတဲ့ Jennie တစ်ယောက် မနက်ဖြန် သတင်းခေါင်းစဥ်မှာ ဘယ်လိုပါလာမလည်း....Jennieရော အဆင်ပြေနေပါ့မလားဆိုပြီး Chaeyoung စိတ်ပူနေရသည်

"Excuse me. .."

ရင်းနှီးတဲ့အသံကြောင့် Chaeyoung အနောက်ကိုလှည့်လိုက်တော့ Lisaရဲ့ ရင်ခွင်ထဲ တိုးဝင်မိသား ဖြစ်သွားတယ်

"အာ့...."

သူမရင်ခွင်ထဲ ရောက်လာတဲ့ Chaeyoung ကို Lisa ဖက်ထားလိုက်မိသည်

"အဆင်ပြေရဲ့လား..."

Lisaရဲ့ ရင်ခွင်ထဲမှာ Chaeyoung တစ်ယောက် ရင်ခုန်သံတွေမြန်နေတုံး နူးညံ့တဲ့ Lisaရဲ့ အသံကြောင့် Chaeyoung တုန်တက်သွားတယ်

"ပြေ ပြေပါတယ် တို့အမှားပါ....သေချာမကြည့်မိဘဲ "

"ရပါတယ် Chaeyoungရယ်...."

Chaeyoungရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ပြီး Lisa ပြောလိုက်သည်

ရှက်ပြီး မျက်နှာနီရဲကာ စကားထစ် နေတဲ့ Chaeyoung ကိုကြည့်ပြီး Lisa သဘောကျနေမိသည်

"Jennieရော..."

"ဟို...."

Lisaက ရုတ်တရက် Jennieကို မေးလို့ Chaeyoung ဘာဖြေရမှန်းမသိ ဖြစ်သွားတယ်

"သူ့ကိုပါ နှုတ်ဆက်မလို့လေ..."

"အာ...သူ ဒီမှာမရှိဘူး Lisa. .."

"ဟုတ်လား....အလုပ်များနေတာလား သူ "

"မဟုတ်ဘူး သူ့အိမ်မှာ အေးဆေးနားနေတာ..."

Jang sukက ရုတ်တရက်ရောက်လာပြီး Chaeyoung ဘေးနားရပ်ကာ Lisaကို ပြောလိုက်သည်

"Mrs. Kimကို ကန်တော့ဖို့လာတာဆိုရင် သွားကန်တော့ပါ မဟုတ်ရင်တော့ ပြန်လိုက်တော့ "

Jang sukရဲ့ စကားကြောင့် Lisaကို Chaeyoung အားနာသွားတယ်

"ဟုတ် Chaw က Mrs. Kimကို အရိုအသေပေးဖို့ လာတာပါ..... "

"ဒါဆို သူတို့နောက် လိုက်သွားလိုက်ပါ....ကောင်လေးတွေ... သူ့ကို လမ်းပြပေးလိုက် "

Lisaမှာ Jang Suk ရဲ့ တပည့်တွေ လမ်းပြတဲ့အတိုင်းလိုက်သွားတယ်

"Jennieရော ရှာတွေ့ပြီလား...."

Lisaလည်း Mrs. Kimကို ကန်တော့ဖို့ ထွက်သွားရော Chaeyoungမှာ Jang Suk ကို ကြည့်ပြီး မေးလိုက်သည်

Jang sukမှာ ခေါင်းခါပြီး

"ခုထိရှာမတွေ့သေးဘူး...."

"နာရေးချဖို့ နှစ်ရက်ဘဲလိုတော့တယ်နော် "

Chaeyoungရဲ့ စကားကြောင့် Jang Suk သက်ပြင်းချလိုက်သည်

Lisaမှာ Mrs. Kimကို အရိုအသေပေးပြီး ပြန်ထွက်လာသည်

"Chaeyoung shii..... အဆင်ပြေရဲ့လား "

"ပြေပါတယ် Lisa. .. ဒီကိုလာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် အိမ်ကိုဂရုစိုက်ပြန်နော် "

Lisaကို ခန်းမပေါက်ဝထိ Chaeyoung လိုက်ပို့လိုက်သည်

Jisooမှာ ရေချိုးခေါင်းလျှော်ပြီးနောက် မှန်ကိုကြည်ရင်း ခန္ဓာကိုယ်ပေါ်က ရေစက်တွေကို သဘတ်နဲ့သုတ်နေသည်

မိုးစက်သံတွေကြားတော့ အပြင်မှာ မိုးရွာနေမှန်း Jisoo သတိထားမိသွားတယ်....

Bona. .. Bonaက မိုးရာသီကို အရမ်းသဘောကျတာ....မိုးရွာပြီဆို သူအရမ်းပျော်နေတတ်တာ....

ပြတင်းပေါက်ပေါ် ကျစီးလာတဲ့ မိုးရေစက်တွေကို ကြည့်ရင်း Jisoo တစ်ယောက် Bona ကို သတိရသွားတယ်

သူမ ခေါင်းလျှော်ပြီးတဲ့အခါတိုင်းလည်း Bona က အမြဲ ဆံပင်သုတ်ပေးနေကြလေ

Jisoo ဆံပင်ကို ပြောင်အောင်မသုတ်တော့ဘဲ အဝတ်အစားကောက်ဝတ်ပြီး အိမ်ထဲကနေ ထွက်လာခဲ့တယ်

Jennieကို ချုပ်နှောင်ထားတဲ့ အိမ်ဘက် သွားရာလမ်းတွင် စားသောက်ဆိုင်ကိုတွေ့လို့ ဘာမှမစားရသေးတဲ့ Jennieအတွက် တစ်ခုခုဝယ်သွားဖို့ Jisoo တွေးလိုက်မိသည်

"စားလေ...ဗိုက်ဆာနေမယ်ထင်လို့ ဝယ်လာတာ မစားဘူးလား.... "

အစားအသောက်တွေကို ဒီတိုင်း စိုက်ကြည့်နေတဲ့ Jennie ကို Jisoo မေးလိုက်သည်

"နင်က ငါ့လက်တွေကို ကြိုးနဲ့တုပ်ထားမှတော့ ဘယ်လိုစားရမှာလည်း "

"Ha. ..ခွေးလို ကုန်းစားလေ "

"ဘာ...."

"ကဲထားတော့ ငါလည်း နင့်ကိုခွံ့မကျွေးချင်လို့ ကြိုးဖြေပေးလိုက်ပါမယ် '

Jisoo ပြောပြီး Jennieကို ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးလိုက်သည်

"ထွက်ပြေးဖို့တော့ မကြိုးစားနဲ့ပေါ့ "

Jennieမှာ ကြိုးဖြေခံရပြီးနောက် Jisooကျွေးသော အစားအစာတွေကို ထိုင်စားလေသည်

"Popular starက သာမန်အစားအစာတွေကို အငမ်းမရ စားနေပါရောလား ဟားဟား "

သူမကို ထိုင်ခနဲ့နေတဲ့ Jisooကို Jennie မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်

"လူတစ်ဖက်သားကို လေးလေးစားစားဆက်ဆံဖို့ နင့်အမေက မဆုံးမခဲ့ဘူးလား Jisoo "

"ဘာ....."

"ဘာလို့ အဲ့ဒီလောက်စိတ်တိုနေရတာလည်း..... "

"မင်း..."

Jisoo စိတ်တိုပြီး ထရပ်လိုက်စဥ် Jennieမှာ Jisooကို ဆောင့်တွန်းပြီး အခန်းထဲက ထွက်ပြေးသွားသည်

"Jennie Kim "

Jisoo လဲကျနေရာကနေ အမြန်ထပြီး Jennieနောက် လိုက်တော့ Jennieမှာ အိမ်အပြင်ဘက်သို့ ရောက်သွားနှင့်နေပြီ..

"တောက်..."

Jisooမှာ တောက်ခေါက်ပြီး Jennieနောက်သို့ ပြေးလိုက်သွားတယ်

Jennieမှာ သူမချုပ်ခံထားရတဲ့ အိမ်အနောက်ဘက်က တောအုပ်ထဲသို့ ဝင်ပြေးရင်း ...ချောင်း.... တစ်ခုကိုတွေ့တော့ ဘာမှမတွေးဘဲ ချောင်း  ထဲသို့ ခုန်ချလိုက်သည်

"Jennie Kim. ..."

ချောင်းထဲ ခုန်ချသွားတဲ့ Jennie ကို Jisoo အမြန်ခုန်ဆင်းပြီး ရေထဲကနေ ဆွဲခေါ်လာသည်

"အဟွတ်...."

ကုန်းမြေပြင်ပေါ် ရောက်တော့ ပါးစပ်ထဲကနေ ရေတွေ ပြန်အန်ထွက်လာတဲ့ Jennieကို ကြည့်ပြီး Jisoo သက်ပြင်းချလိုက်သည်

"မင်း ရူးနေလား ငါ ရောက်လာတာ မြန်လို့ပေါ့ မဟုတ်ရင် ရေစီးထဲမြောပါပြီး သေနေမယ်...."

"သေတော့လည်း ကောင်းတာပေါ့ Ommaနဲ့ Appaနောက် လိုက်သွားရုံဘဲ..."

". ...."

Jisoo အတန်ကြာတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်

"မင်းအမေကို နာရေးချပြီး မြေမြုပ်တော့မယ် သတင်းကြားတယ် သူ့ကို နောက်ဆုံးအနေနဲ့ တွေ့ချင်နေမှာပေါ့... "

" ဘယ်လိုများ မေးရက်တာလည်း..... "

"ထ...."

Jisoo မတ်တပ်ထရပ်လိုက်ပြီး Jennie ကို လက်ကမ်းလိုက်သည်

"ထလေ.... မင်းကို ပြန်လိုက်ပို့ပေးမလို့...."

"ဟင်..... နင်ဘဲ ငါ့ကိုဖမ်းလာပြီးတော့... "

"ငါ စိတ်မပြောင်းခင် ကမ်းထားတဲ့ လက်ကို ဆွဲလိုက်....မဟုတ်ရင် အိမ်ထဲ မင်းကို ကြိုးတုပ်ထား..."

Jisoo ရဲ့ စကားမဆုံးခင် Jennieမှာ Jisooရဲ့ လက်ကို အမြန်လှမ်းကိုင်လိုက်သည်

"စိုနေတဲ့အဝတ်လဲပြီး သွားကြစို့...."

Jennieရဲ့ လက်ကိုတွဲပြီး တောအုပ်ထဲကနေ Jisoo ထွက်လာခဲ့သည်

Jennieကို ချောင်းရေထဲက ဘာလို့ကယ်တင်ခဲ့ပြီး ဘာလို့ဖမ်းထားရာရနေ အိမ်သို့ပြန်ပို့ပေးချင်နေမှန်း Jisoo သူမကိုယ်သူမ တကယ်နားမလည်တော့ပေ....

#tbc

Bạn đang đọc truyện trên: Truyen3h.Co