Truyen3h.Co

Accident

Part 13

KimFany059

#unicode

ဘောင်းဘီအိတ်ထဲသို့
လက်နှစ်ဖက်ထည့်ပြီး ပြတင်းပေါက်ပေါ်က မိုးရေစက်တွေကို Jangsuk ရပ်ကြည့်နေမိသည်

Mrs. Kimရဲ့ နာရေးခန်းမထဲတွင် Jangsuk တစ်ယောက်တည်းသာ ရပ်နေမိသည်

Jennieကို ရှာမတွေ့သေးသောကြောင့် Jangsuk အခုထိ တစ်ရေးမှ မအိပ်နိုင်သေးပေ

"ဆရာ. ...."

သူ့တပည့်တစ်ယောက်ရဲ့အသံကြောင့် Jennie သတင်း တစ်ခုခုထူးခြားပြီး ထင်လို့ Jangsuk မျှော်လင့်ချက်နဲ့ မေးလိုက်သည်

"တစ်ခုခုထူးခြားပြီလား...."

"မထူးခြားသေးပါဘူး ဆရာ ..... ဒါပေမယ့် မီဒီယာတွေက Jennie Kimကိုဘဲ ဆက်တိုက် တိုက်ခိုက်မေးခွန်းထုတ်နေကြပါတယ် "

Jangsuk သူ့တပည့်ရဲ့ ဖုန်းကို ယူပြီး သတင်းဖတ်လိုက်သည်

သူမ အမေရဲ့ နာရေးခန်းမမှာ ရှိမနေတဲ့ Jennie Kim. ...သူမ Entertainment က CEOကတော့ အလုပ်ပင်ပန်းမှုကြောင့် အနားယူနေတယ် ပြောပေမယ့် အမေတစ်ယောက်ရဲ့ နာရေးကိုတောင် မလာနိုင်တာ ဘာကြောင့်များလည်းလို့ မေးခွန်းတွေ ထုတ်နေကြပါပြီ

"Negative comment တွေရှိလား..."

"ဟုတ်....အဖေနဲ့အမေရဲ့ ဆက်ဆံရေးကြောင့် အမေ့နာရေးမလာတာလားဆိုတဲ့ comment တစ်ချို့တော့ ရှိပါတယ်..."

"အဲ့ commentတွေရော ဒီ Articleကိုပါ ဖျက်ချပစ် တစ်ခုမှ ငါမမြင်ချင်ဘူး "

"ဟုတ်ကဲ့ ဆရာ "

Jennie သတိရလာတော့ သူမ ချုပ်နှောင်ခံခဲ့ရတဲ့ အခန်းထဲ ပြန်ရောက်နေမှန်း သိလိုက်ရသည်

"သတိရလာပြီလား...."

ရင်းနှီးနေတဲ့ အသံပိုင်ရှင်ကြောင့် Jennie မျက်လုံးကို ပြန်ပိတ်လိုက်သည်

"သတိရလာမှန်းသိတယ် သရုပ်ဆောင်မနေနဲ့ ထတော့ "

"ငါ့ကို သေစေချင်နေတာ မဟုတ်လား ဘာလို့ ရေထဲက ကယ်ခဲ့တာလည်း "

"ဒီနားတဝိုက် မကျွတ်မလွတ်တဲ့ အစိမ်းသေ သရဲရှိလာမှာဆိုးလို့ "

"အဲ့တာက တကယ့်အကြောင်းပြချက်လား....."

Jennie ကမေးတော့ Jisoo ပခုံးတွန့်ပြသည်

"မင်းက ဘာ reason ထပ်လိုချင်သေးတာလဲ "

"ဘာမှမလိုချင်ပါဘူး...."

Jennie သတိရလာပြီမို့လို့ ဘာမှဆက်မပြောဘဲ Jisoo အခန်းထဲကထွက်လာသည်

Flashback

Jennie သတိမေ့နေတုံးက Jisooဆီ သူမဘေးတိုက်ခန်းက ကလေးမက ဖုန်းဆက်လာခဲ့သည်

"Hello "

သတိမေ့နေသော Jennieကို ထိုင်ကြည့်ရင်း Jisoo ဖုန်းဝင်လာသောကြောင့် ဖုန်းကိုင်လိုက်သ​ည်

"Jisoo Unnie. ..သမီးပါ Minjeong. ...."

Minjeong ဆိုသော ကလေးမလေးမှာ Jisooတို့ ဘေးအိမ်က Bona အရမ်းချစ်သော ဆယ်နှစ်အရွယ် ကလေးမလေးပင်ဖြစ်သည်

Jisooက သင်တန်းသွားနေချိန်ဆို Bonaက အလုပ်ကပြန်ရောက်တိုင်း Minjeong နဲ့ဆော့နေလေ့ရှိသည်

"Aww Minjeong ကလေး ပြောလေ....ဘာကိစ္စရှိလို့လည်း "

"သမီး ကျူရှင်က ပြန်လာတုံး Unnieရဲ့ အိမ်ကို လူဆိုးတွေ ဖျက်ဝင်နေတာတွေ့လို့...."

"ဘာ.... "

"အဲ့တာကြောင့် ဖုန်းလှမ်းဆက်လိုက်တာ "

"ဟုတ်ပြီ ကျေးဇူးပါ Minjeong. ..အိမ်ထဲမှာဘဲနေနော် Unnie အခုလာမယ် "

Jisoo ဖုန်းအမြန်ချပြီး Jennieကို ကြည့်လိုက်သည်

ထို့နောက် သက်ပြင်းချပြီး Jennieကို ကြိုးတုပ် အိမ်တံခါးကို သော့ခတ်ကာ Jisoo သူမအိမ်သို့ ထွက်သွားလေသည်

"ဒါ ဘာလုပ်နေကြတာလည်း...."

Bonaနဲ့ သူမဝယ်ခဲ့တဲ့ တိုက်ခန်းလေးကို ရှုပ်ပွနေအောင် ဖွခံထားရတာကြည့်ပြီး Jisoo အော်လိုက်သည်

Jisoo ရောက်လာတော့ Jangsukမှာ သူ့လူတွေကို အပြင်ခဏထွက်နေဖို့ မျက်စပစ်ပြလိုက်သည်

"လူတိုင်းက မင်းသမီးလေးကို ကယ်တင်ချင်နေတာဘဲ "

Jisoo ပြောပြီး Jangsukဆီသို့ လျှောက်သွားလိုက်သည်

"ရော့ ...."

စာအိတ်အဝါရောင်ကို Jisooရှေ့ကို Jangsuk ပစ်ချလိုက်သည်

"ဒါ ဘာလည်း "

"သက်သေမလိုချင်ဘူးလား အဲ့မှာလေ...."

"ဟ ငါ သက်သေရှာနေမှန်း နင် ဘယ်လိုသိလည်း "

Jisooရဲ့ စကားကြောင့် သူ့စကား အမှားပါသွားမှန်း Jangsuk သတိထားမိပြီး မျက်နှာပျက်သွားတယ်

"ငါက ဒီစာအိတ်က သက်သေဆိုတာ ဘယ်လိုယုံရမှာလဲ.... "

"ဒီမှာ Kim Jisoo. ..ငါ ဒီကိုလာတာ မင်း ငါ့ကို ယုံပါလို့ ပြောဖို့မဟုတ်ဘူး.....မင်းနဲ့အပေးအယူလုပ်ချင်လို့လာခဲ့တာ....."

"အပေးအယူ...."

"မင်း....ရှေ့နေစာမေးပွဲ မ​ဖြေလိုက်ရတာလည်း ငါသိတယ်.....မဖြေလိုက်ရလို့ တစ်နှစ်အောက်သွားမယ် မဟုတ်လား.... စဥ်းစားကြည့်ရင် အချိန်တွေက နှမြောစရာကြီးနော်....မင်း ကြိုးစားလေ့လာခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားတာ....ဒီတော့....မင်း စာမေးပွဲမဖြေလိုက်ရပေမယ့် အောင်သွားအောင် ငါလုပ်ပေးမယ်..... "

"နင် ဘယ်သူလည်း...."

"အဲ့ဒီအစား Jennie Kimကို ဒီတိုင်းလွှတ်ထားပေး မင်းရဲ့ ပြဿနာထဲ သူ့ကိုဆွဲမထည့်နဲ့ "

"ငါ့ပြဿနာ ဟုတ်လား ဒီလိုဖြစ်အောင် သူကိုယ်တိုင်လုပ်ခဲ့တာ "

"မနက်ဖြန်ထိ မင်းကို စဥ်းစားခွင့်ပေးမယ်....ငါ့အပေးအယူကိုလက်ခံလား ငြင်းမလား သေချာတွေး...."

Jisoo ပခုံးကိုပုတ်ပြောကာ Jangsuk ထွက်သွားတယ်

"Jennie Kim.... မင်းကို ကာကွယ်ပေးချင်နေတဲ့ အကောင်ကြီးတွေ ရှိနေပါ့လား "

Jangsuk ထွက်သွားပြီးနောက် Jisoo စာအိတ်ကို ဖွင့်ကြည့်တော့ ကတ်ထူပြားတွေသာ တွေ့လိုက်ရပြီး Jangsuk သူမကို အရူးလုပ်သွားမှန်း Jisoo သဘောပေါက်သွားတယ်

သို့သော်လည်း စာမေးပွဲ အောင်အောင်လုပ်ပေးနိုင်သည့် Jangsukကို Jisoo ဒီအတိုင်းတော့ လွှတ်မပေးနိုင်ဘူးလေ

Jennie သူမ အမေရဲ့ အခေါင်းရှေ့တွင် ဒူးထောက်ပြီး ရှိုက်ကြီးတငင်နဲ့ငိုနေသည်

Chaeyoungနဲ့ Jangsukကတော့ စိတ်မကောင်းဖြစ်လို့ ခေါင်းငုံ့ပြီးသာ မျက်ရည်တွေ ခိုးသုတ်နေရသည်

"Jennie ထတော့...."

ကင်မရာမီးတွေ တဖြတ်ဖြတ်ရိုက်နေလည်း Jennie ဂရုမစိုက်အား သူမအမေဓာတ်ပုံကိုသာ စိုက်ကြည့်နေမိသည်

"ပြာအိုးကို မြေမြုပ်ရမယ့်အချိန်ရောက်ပြီ Jennie. ...."

"သမီး ဘာလို့ ခေါင်းမာတဲ့ လူဖြစ်နေတာလည်းသိလား....Omma သတိထားမိမှာတော့ မဟုတ်လောက်ပါဘူး ....ဒါပေမယ့် သမီး အခုလိုရပ်တည်နိုင်တာ
Ommaနဲ့Appaကြောင့်ပါ ဘယ်သူကမှ သမီးကို ပေါင်းသင်ဆက်ဆံခေါ်ပြောချင်ခဲ့တာမဟုတ်ခဲ့ဘူး....သမီး တစ်ယောက်တည်း အထီးကျန်နေချိန်တိုင်း Ommaက ဘယ်သူ့ကိုမှ မလိုအပ်ဘဲ ယုံကြည်ချက်ရှိရှိနဲ့ သမီးတစ်ယောက်တည်း ရပ်တည်နိုင်ဖို့ သင်ပေးခဲ့တယ်လေ.... ဘယ်သူ့ကိုမှ မလိုအပ်ပေမယ့် Ommaကိုတော့ ခုထိ လိုအပ်နေသေးတယ်. .. Ommaကို ကာကွယ်မပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်...Ommaရဲ့ စေတနာနဲ့ ဒေါသတွေကို နားလည်ပေးဖို့ မကြိုးစားခဲ့လို့ တောင်းပန်ပါတယ် Ommaကို အစောကြီး လက်လွှတ်ပေးလိုက်ရလို့ တောင်းပန်ပါတယ်  "

Jennie သူမအမေရဲ့ ပြာအိုးကို ထွေးပိုက်ထားပြီး စိတ်ထဲကနေ စကားတွေပြောနေမိသည်

ပြာအိုးကို မြေမြုပ်ပြီးနောက် Chaeyoung နဲ့ Jangsuk မှာ မီဒီယာတွေနဲ့ရှင်းလင်းနေစဥ် Jennieကတော့ သန့်စင်ခန်းဘက် ခဏသွားပြီး ငိုနေသည်

Jennieမှာ ဘေစင်ကရေတွေနဲ့ မျက်နှာသစ်ပြီး သန့်စင်ခန်းက ထွက်လာတော့ သန့်စင်ခန်းရှေ့ ရပ်နေတဲ့ Jisooကို တွေ့ရလေသည်

"ဖယ်...နင်နဲ့ ရန်ဖြစ်ဖို့ အားမရှိသေး...."

Jennie ပြောရင်း သတိလစ်ကျသွားလို့ Jisooမှာ အမြန်လှမ်းဆွဲလိုက်သည်

သတိလစ်နေတဲ့ Jennieကို မီဒီယာတွေရှိနေတဲ့ Jangsukဆီ ခေါ်သွားဖို့လည်း အဆင်မပြေသောကြောင့် Exitအပေါက်ကနေ Jennieကို ပွေ့ချီကာ သူမကားဘက်သို့ ခေါ်သွားလေသည်

ငါ ဘာလို့ သူ့ကို ထပ်ခါထပ်ခါ ကယ်နေမိတာလည်း......

#tbc

#zawgyi

ေဘာင္းဘီအိတ္ထဲသို႔ လက္ႏွစ္ဖက္ထည့္ၿပီး ျပတင္းေပါက္ေပၚက မိုးေရစက္ေတြကို Jangsuk ရပ္ၾကည့္ေနမိသည္

Mrs. Kimရဲ႕ နာေရးခန္းမထဲတြင္ Jangsuk တစ္ေယာက္တည္းသာ ရပ္ေနမိသည္

Jennieကို ရွာမေတြ႕ေသးေသာေၾကာင့္ Jangsuk အခုထိ တစ္ေရးမွ မအိပ္နိုင္ေသးေပ

"ဆရာ. ...."

သူ႕တပည့္တစ္ေယာက္ရဲ႕အသံေၾကာင့္ Jennie သတင္း တစ္ခုခုထူးျခားၿပီး ထင္လို႔ Jangsuk ေမွ်ာ္လင့္ခ်က္နဲ႕ ေမးလိုက္သည္

"တစ္ခုခုထူးျခားၿပီလား...."

"မထူးျခားေသးပါဘူး ဆရာ ..... ဒါေပမယ့္ မီဒီယာေတြက Jennie Kimကိုဘဲ ဆက္တိုက္ တိုက္ခိုက္ေမးခြန္းထုတ္ေနၾကပါတယ္ "

Jangsuk သူ႕တပည့္ရဲ႕ ဖုန္းကို ယူၿပီး သတင္းဖတ္လိုက္သည္

သူမ အေမရဲ႕ နာေရးခန္းမမွာ ရွိမေနတဲ့ Jennie Kim. ...သူမ Entertainment က CEOကေတာ့ အလုပ္ပင္ပန္းမႈေၾကာင့္ အနားယူေနတယ္ ေျပာေပမယ့္ အေမတစ္ေယာက္ရဲ႕ နာေရးကိုေတာင္ မလာနိုင္တာ ဘာေၾကာင့္မ်ားလည္းလို႔ ေမးခြန္းေတြ ထုတ္ေနၾကပါၿပီ

"Negative comment ေတြရွိလား..."

"ဟုတ္....အေဖနဲ႕အေမရဲ႕ ဆက္ဆံေရးေၾကာင့္ အေမ့နာေရးမလာတာလားဆိုတဲ့ comment တစ္ခ်ိဳ႕ေတာ့ ရွိပါတယ္..."

"အဲ့ commentေတြေရာ ဒီ Articleကိုပါ ဖ်က္ခ်ပစ္ တစ္ခုမွ ငါမျမင္ခ်င္ဘူး "

"ဟုတ္ကဲ့ ဆရာ "

Jennie သတိရလာေတာ့ သူမ ခ်ဳပ္ႏွောင္ခံခဲ့ရတဲ့ အခန္းထဲ ျပန္ေရာက္ေနမွန္း သိလိုက္ရသည္

"သတိရလာၿပီလား...."

ရင္းႏွီးေနတဲ့ အသံပိုင္ရွင္ေၾကာင့္ Jennie မ်က္လုံးကို ျပန္ပိတ္လိုက္သည္

"သတိရလာမွန္းသိတယ္ သ႐ုပ္ေဆာင္မေနနဲ႕ ထေတာ့ "

"ငါ့ကို ေသေစခ်င္ေနတာ မဟုတ္လား ဘာလို႔ ေရထဲက ကယ္ခဲ့တာလည္း "

"ဒီနားတဝိုက္ မကြၽတ္မလြတ္တဲ့ အစိမ္းေသ သရဲရွိလာမွာဆိုးလို႔ "

"အဲ့တာက တကယ့္အေၾကာင္းျပခ်က္လား....."

Jennie ကေမးေတာ့ Jisoo ပခုံးတြန့္ျပသည္

"မင္းက ဘာ reason ထပ္လိုခ်င္ေသးတာလဲ "

"ဘာမွမလိုခ်င္ပါဘူး...."

Jennie သတိရလာၿပီမို႔လို႔ ဘာမွဆက္မေျပာဘဲ Jisoo အခန္းထဲကထြက္လာသည္

Flashback

Jennie သတိေမ့ေနတုံးက Jisooဆီ သူမေဘးတိုက္ခန္းက ကေလးမက ဖုန္းဆက္လာခဲ့သည္

"Hello "

သတိေမ့ေနေသာ Jennieကို ထိုင္ၾကည့္ရင္း Jisoo ဖုန္းဝင္လာေသာေၾကာင့္ ဖုန္းကိုင္လိုက္သည္

"Jisoo Unnie. ..သမီးပါ Minjeong. ...."

Minjeong ဆိုေသာ ကေလးမေလးမွာ Jisooတို႔ ေဘးအိမ္က Bona အရမ္းခ်စ္ေသာ ဆယ္ႏွစ္အ႐ြယ္ ကေလးမေလးပင္ျဖစ္သည္

Jisooက သင္တန္းသြားေနခ်ိန္ဆို Bonaက အလုပ္ကျပန္ေရာက္တိုင္း Minjeong နဲ႕ေဆာ့ေနေလ့ရွိသည္

"Aww Minjeong ကေလး ေျပာေလ....ဘာကိစၥရွိလို႔လည္း "

"သမီး က်ဴရွင္က ျပန္လာတုံး Unnieရဲ႕ အိမ္ကို လူဆိုးေတြ ဖ်က္ဝင္ေနတာေတြ႕လို႔...."

"ဘာ.... "

"အဲ့တာေၾကာင့္ ဖုန္းလွမ္းဆက္လိုက္တာ "

"ဟုတ္ၿပီ ေက်းဇူးပါ Minjeong. ..အိမ္ထဲမွာဘဲေနေနာ္ Unnie အခုလာမယ္ "

Jisoo ဖုန္းအျမန္ခ်ၿပီး Jennieကို ၾကည့္လိုက္သည္

ထို႔ေနာက္ သက္ျပင္းခ်ၿပီး Jennieကို ႀကိဳးတုပ္ အိမ္တံခါးကို ေသာ့ခတ္ကာ Jisoo သူမအိမ္သို႔ ထြက္သြားေလသည္

"ဒါ ဘာလုပ္ေနၾကတာလည္း...."

Bonaနဲ႕ သူမဝယ္ခဲ့တဲ့ တိုက္ခန္းေလးကို ရႈပ္ပြေနေအာင္ ဖြခံထားရတာၾကည့္ၿပီး Jisoo ေအာ္လိုက္သည္

Jisoo ေရာက္လာေတာ့ Jangsukမွာ သူ႕လူေတြကို အျပင္ခဏထြက္ေနဖို႔ မ်က္စပစ္ျပလိုက္သည္

"လူတိုင္းက မင္းသမီးေလးကို ကယ္တင္ခ်င္ေနတာဘဲ "

Jisoo ေျပာၿပီး Jangsukဆီသို႔ ေလွ်ာက္သြားလိုက္သည္

"ေရာ့ ...."

စာအိတ္အဝါေရာင္ကို Jisooေရွ႕ကို Jangsuk ပစ္ခ်လိဳက္သည္

"ဒါ ဘာလည္း "

"သက္ေသမလိုခ်င္ဘူးလား အဲ့မွာေလ...."

"ဟ ငါ သက္ေသရွာေနမွန္း နင္ ဘယ္လိုသိလည္း "

Jisooရဲ႕ စကားေၾကာင့္ သူ႕စကား အမွားပါသြားမွန္း Jangsuk သတိထားမိၿပီး မ်က္ႏွာပ်က္သြားတယ္

"ငါက ဒီစာအိတ္က သက္ေသဆိုတာ ဘယ္လိုယုံရမွာလဲ.... "

"ဒီမွာ Kim Jisoo. ..ငါ ဒီကိုလာတာ မင္း ငါ့ကို ယုံပါလို႔ ေျပာဖို႔မဟုတ္ဘူး.....မင္းနဲ႕အေပးအယူလုပ္ခ်င္လို႔လာခဲ့တာ....."

"အေပးအယူ...."

"မင္း....ေရွ႕ေနစာေမးပြဲ မေျဖလိုက္ရတာလည္း ငါသိတယ္.....မေျဖလိုက္ရလို႔ တစ္ႏွစ္ေအာက္သြားမယ္ မဟုတ္လား.... စဥ္းစားၾကည့္ရင္ အခ်ိန္ေတြက ႏွေျမာစရာႀကီးေနာ္....မင္း ႀကိဳးစားေလ့လာခဲ့သမွ် သဲထဲေရသြန္ျဖစ္သြားတာ....ဒီေတာ့....မင္း စာေမးပြဲမေျဖလိုက္ရေပမယ့္ ေအာင္သြားေအာင္ ငါလုပ္ေပးမယ္..... "

"နင္ ဘယ္သူလည္း...."

"အဲ့ဒီအစား Jennie Kimကို ဒီတိုင္းလႊတ္ထားေပး မင္းရဲ႕ ျပႆနာထဲ သူ႕ကိုဆြဲမထည့္နဲ႕ "

"ငါ့ျပႆနာ ဟုတ္လား ဒီလိုျဖစ္ေအာင္ သူကိုယ္တိုင္လုပ္ခဲ့တာ "

"မနက္ျဖန္ထိ မင္းကို စဥ္းစားခြင့္ေပးမယ္....ငါ့အေပးအယူကိုလက္ခံလား ျငင္းမလား ေသခ်ာေတြး...."

Jisoo ပခုံးကိုပုတ္ေျပာကာ Jangsuk ထြက္သြားတယ္

"Jennie Kim.... မင္းကို ကာကြယ္ေပးခ်င္ေနတဲ့ အေကာင္ႀကီးေတြ ရွိေနပါ့လား "

Jangsuk ထြက္သြားၿပီးေနာက္ Jisoo စာအိတ္ကို ဖြင့္ၾကည့္ေတာ့ ကတ္ထူျပားေတြသာ ေတြ႕လိုက္ရၿပီး Jangsuk သူမကို အ႐ူးလုပ္သြားမွန္း Jisoo သေဘာေပါက္သြားတယ္

သို႔ေသာ္လည္း စာေမးပြဲ ေအာင္ေအာင္လုပ္ေပးနိုင္သည့္ Jangsukကို Jisoo ဒီအတိုင္းေတာ့ လႊတ္မေပးနိုင္ဘူးေလ

Jennie သူမ အေမရဲ႕ အေခါင္းေရွ႕တြင္ ဒူးေထာက္ၿပီး ရွိုက္ႀကီးတငင္နဲ႕ငိုေနသည္

Chaeyoungနဲ႕ Jangsukကေတာ့ စိတ္မေကာင္းျဖစ္လို႔ ေခါင္းငုံ႕ၿပီးသာ မ်က္ရည္ေတြ ခိုးသုတ္ေနရသည္

"Jennie ထေတာ့...."

ကင္မရာမီးေတြ တျဖတ္ျဖတ္ရိုက္ေနလည္း Jennie ဂ႐ုမစိုက္အား သူမအေမဓာတ္ပုံကိုသာ စိုက္ၾကည့္ေနမိသည္

"ျပာအိုးကို ေျမျမဳပ္ရမယ့္အခ်ိန္ေရာက္ၿပီ Jennie. ...."

"သမီး ဘာလို႔ ေခါင္းမာတဲ့ လူျဖစ္ေနတာလည္းသိလား....Omma သတိထားမိမွာေတာ့ မဟုတ္ေလာက္ပါဘူး ....ဒါေပမယ့္ သမီး အခုလိုရပ္တည္နိုင္တာ
Ommaနဲ႕Appaေၾကာင့္ပါ ဘယ္သူကမွ သမီးကို ေပါင္းသင္ဆက္ဆံေခၚေျပာခ်င္ခဲ့တာမဟုတ္ခဲ့ဘူး....သမီး တစ္ေယာက္တည္း အထီးက်န္ေနခ်ိန္တိုင္း Ommaက ဘယ္သူ႕ကိုမွ မလိုအပ္ဘဲ ယုံၾကည္ခ်က္ရွိရွိနဲ႕ သမီးတစ္ေယာက္တည္း ရပ္တည္နိုင္ဖို႔ သင္ေပးခဲ့တယ္ေလ.... ဘယ္သူ႕ကိုမွ မလိုအပ္ေပမယ့္ Ommaကိုေတာ့ ခုထိ လိုအပ္ေနေသးတယ္. .. Ommaကို ကာကြယ္မေပးနိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္...Ommaရဲ႕ ေစတနာနဲ႕ ေဒါသေတြကို နားလည္ေပးဖို႔ မႀကိဳးစားခဲ့လို႔ ေတာင္းပန္ပါတယ္ Ommaကို အေစာႀကီး လက္လႊတ္ေပးလိုက္ရလို႔ ေတာင္းပန္ပါတယ္  "

Jennie သူမအေမရဲ႕ ျပာအိုးကို ေထြးပိုက္ထားၿပီး စိတ္ထဲကေန စကားေတြေျပာေနမိသည္

ျပာအိုးကို ေျမျမဳပ္ၿပီးေနာက္ Chaeyoung နဲ႕ Jangsuk မွာ မီဒီယာေတြနဲ႕ရွင္းလင္းေနစဥ္ Jennieကေတာ့ သန့္စင္ခန္းဘက္ ခဏသြားၿပီး ငိုေနသည္

Jennieမွာ ေဘစင္ကေရေတြနဲ႕ မ်က္ႏွာသစ္ၿပီး သန့္စင္ခန္းက ထြက္လာေတာ့ သန့္စင္ခန္းေရွ႕ ရပ္ေနတဲ့ Jisooကို ေတြ႕ရေလသည္

"ဖယ္...နင္နဲ႕ ရန္ျဖစ္ဖို႔ အားမရွိေသး...."

Jennie ေျပာရင္း သတိလစ္က်သြားလို႔ Jisooမွာ အျမန္လွမ္းဆြဲလိုက္သည္

သတိလစ္ေနတဲ့ Jennieကို မီဒီယာေတြရွိေနတဲ့ Jangsukဆီ ေခၚသြားဖို႔လည္း အဆင္မေျပေသာေၾကာင့္ Exitအေပါက္ကေန Jennieကို ေပြ႕ခ်ီကာ သူမကားဘက္သို႔ ေခၚသြားေလသည္

ငါ ဘာလို႔ သူ႕ကို ထပ္ခါထပ္ခါ ကယ္ေနမိတာလည္း......

Bạn đang đọc truyện trên: Truyen3h.Co