Truyen3h.Co

Accident

Part 3

KimFany059

#Unicode

တတိယအကြိမ်မြောက် တံခါးခေါင်းလောင်းသံမြည်ပြီးနောက်မှာတော့ Jisoo တံခါးဖွင့်ပေးဖို့ အိပ်ရာက ထလာခဲ့သည်

Jisoo တံခါးဖွင့်လိုက်တဲ့အခါ ပလက်စတစ်အိတ်နှစ်အိတ်ကို ကိုင်ပြီး သူမကို ပြုံးပြနေတဲ့ Lisaကို တွေ့လိုက်ရသည်

"မနက်စာ အတူစားရအောင် "

Lisa အိတ်နှစ်အိတ်ကို မြှောက်ပြပြီး ပြောလိုက်သည်

ထို့နောက် အိမ်ထဲဝင်ကာ မီးဖိုခန်းဘက်သို့ သွားပြီး စားစရာတွေကို ပန်းကန်ထဲထည့်လေသည်

"ဘာတွေဝယ်လာတာလည်း "

"Omarက နင့်အတွက် မနက်စာချက်ပေးလိုက်တာ... "

Jisooလည်း Lisaကို အနှောင့်အယှက်မပေးဘဲ ဧည့်ခန်းထဲတွင် ထိုင်လိုက်ပြီး Tv ဖွင့်လိုက်သည်

Tvလည်းဖွင့်လိုက်ရော သတင်းတစ်ချို့ကြော်ငြာနေတာကို Jisoo တွေ့လိုက်ရသည်

ထိုအချိန်တွင် Lisaမှာ ပန်းကန်တွေနဲ့အတူ Tv ရှေ့သို့ ရောက်လာသည်

Tvကို ကွယ်ကာကျောပေးပြီး Lisa ထိုင်လိုက်တော့ Jisooတစ်ယောက် Tvကို မမြင်ရတော့လို့ မျက်မှောင်ကြုတ်သွားသည်

"ဒီတော့...Bona မရှိတဲ့နောက်ပိုင်း နင်အဆင်ပြေရဲ့လား Jisoo "

"Tv ရှေ့ကဖယ်စမ်းပါ..."

Jisoo ဘာတွေစိတ်ဝင်တစားကြည့်နေလည်းဆိုပြီး Lisa တစ်ယောက် Tvကို လှည့်ကြည့်တော့ Jennie တစ်ယောက် Tv screenပေါ် ရောက်လာတာကြည့်ပြီး Lisa ထပ်ပြီး Tvကို ကွယ်လိုက်သည်

"နင့်ကိုနင် နှိပ်စက်နေတာဘဲ Jisoo. ..အဲ့ကောင်မလေးကို လက်စားချေဖို့ လုပ်မနေနဲ့ ကံကြမ္မာက သူ့ဆီရောက်သွားလိမ့်မယ် ငါပြောချင်တာ နားလည်တယ်မလား.."

"သူ ဝဋ်လည်မယ့်အချိန် ထိုင်မစောင့်နိုင်ဘူး Lisa. ..ဝဋ်မလည်ခင် သူ့ကိုအရင် ထောင်ထဲ ငါထည့်ပစ်မှဖြစ်မယ် "

Jisoo မဲ့ပြုံးပြုံးပြီး Lisaကို ပြောလိုက်သည်

"မရဘူးလေ နင် အဲ့လိုလုပ်လို့မှမရတာ....နင်လည်း Law ကျောင်းသူပါ....သူလုပ်ခဲ့တယ်ဆိုတာ..ဘာသက်သေမှမရှိဘဲ နင်ဘယ်လိုထောင်ထဲထည့်မှာလည်း....နင်လည်းသိပါတယ် သက်သေတစ်ခုကဘယ်လောက်အရေးကြီးလည်းဆိုတာ နင့်မှာရှိတာက အက်ကွဲနေတဲ့ဖုန်းတစ်လုံးဘဲ အဲ့ဖုန်းမှာ သူ့ပုံပါတာနဲ့ သူဆိုတာသေချာလား....တစ်ယောက်ယောက်က သူ့ဟန်ဆောင်နေတာလည်းဖြစ်နိုင်တာဘဲလေ...အမှန်တရားက ဘာလည်းဆိုတာ "

"နင်က သူ့ကို ကာကွယ်ပေးနေတာဘဲ Lisa. ..."

Lisa စကားတွေကြောင့် Jisoo ဒေါသထွက်ပြီး စားပွဲခုံကိုထုချလိုက်သည်

"ဘာ...ငါက သူဘယ်သူလည်းဆိုတာ အမှန်တရားကို မသိဘဲ ကာကွယ်ပေးစရာလား ငါကနင့်ကို ကာကွယ်ပေးနေတာ Jisoo "

"နင်ပြောနေတဲ့ အမှန်တရားကို ပိုက်ဆံနဲ့ ဝယ်လို့ရတယ် Lisa နင်ပြောသလို ငါက Lawကျောင်းသူမို့ Bona အမှုကို ကြိုးစားရှာဖွေနေတာ နင်မမြင်ဘူးလား "

"နင်က ဟိုတစ်ယောက်ဘက် သေချာမကြည့်ဘဲ နင်ဘဲ မှန်တယ်ဆိုပြီး တစ်ထစ်ချဆုံးဖြတ်နေတာကျရော....Law ကျောင်းသူဆို ဥပဒေအရဘဲ လုပ်စမ်းပါ "'

"Lalisa. .. "

Jisoo အာခေါင်ခြစ်ပြီး အော်လိုက်တော့ Lisa သက်ပြင်းချလိုက်သည်

"ငါသွားတော့မယ်....မနက်စာကို သေချာစား....ဒီနေ့တစ်ရက်တော့ အခန်းထဲမှာဘဲအေးဆေးနေအုံး အပြင်ထွက်ပြီး ပြဿနာမရှာနဲ့...."

Lisa ပြောပြီး Jisoo အိမ်က ထွက်လာခဲ့သည်

"ငါကတော့ သက်သေကိုရအောင်ရှာမယ်...ဒီတိုင်းတော့ထိုင်မစောင့်နိုင်ဘူး..."

Jisoo ပြောပြီး အဝတ်အစားလဲကာ သူမအိမ်ကထွက်လာသည်

Jennie သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ Chaeyoungနဲ့အတူ ဟောခန်းဘက်သို့ရောက်လာသည်

"Jennie... "

သူမ ရင်းနှီးတဲ့အသံကြားလို့ Jennie ကြည့်လိုက်တော့ Jang Suk. ..

မျက်နှာမြင်တာနဲ့ရွံရှာရတဲ့အထိ Jennie မုန်းတီးရတဲ့ သူဌေးတစ်ယောက်

"Jenသွားမယ်လာ...."

Chaeyoung မှာ Jennie လက်ကိုတွဲလိုက်ပေမယ့် Jennie က ဖြုတ်ချပြီး

"နင်လုပ်တာမဟုတ်လား...."

Jennie သူမကို ဆေးခပ်ခိုင်းတာ Jang Suk လက်ချက်လို့ သံသယဝင်နေသည်

"ငါက ဘာကိုလုပ်ရမှာလည်း......"

Jang Sukမှာ Jennie နားကပ်လာပြီး Jennieရဲ့ ဆံသားတွေကို ကိုင်ရင်း နမ်းရှိုက်လိုက်သည်

"ဟား.....ဘာခေါင်းလျှော်ရည်သုံးတာလည်းမွှေးနေတာ..."

Jang Suk စကားမဆုံးသေး Jennieမှာ Jang Sukကို ဆောင့်တွန်းချလိုက်သည်

Jang Sukဘေးမှာ ရပ်နေတဲ့ လူနှစ်ယောက်မှာ Jennieကို ချုပ်မယ်လုပ်တော့ Jang Sukက တားလိုက်သည်

Jennieလည်း ဘာမှဆက်မပြောချင်တာကြောင့် Chaeyoungကို ခေါ်ပြီး မီဒီယာတွေရှိတဲ့ အခန်းထဲဝင်သွားလိုက်သည်

Jennie ရောက်လာတာနဲ့ မီဒီယာသတင်းထောက်တွေမှာ cameraတွေကို record လုပ်ပြီး ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ကြလေသည်

Mrs. Kimကတော့ ရှေ့ဆုံးကနေထိုင်ပြီး သူ့သမီးကိုကြည့်နေသည်

Jennie လည်း စားပွဲခုံတွင် ထိုင်လိုက်သောအခါ မီဒီယာသတင်းထောက်သမားတွေမှာ မေးခွန်းတွေစမေးကြသည်

"Jennie. ..အရင်ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုအကြောင်း ရှင်းပြပေးလို့ရလား...."

"သတင်းတွေနဲ့ Tvမှာ ပြောထားတဲ့အတိုင်းပါဘဲ ကျွန်မဘက်ကတော့ ထပ်ပြောစရာမရှိပါဘူး "

"Jennie. ..အဲ့ကားမတော်တဆမှု နောက်ကွယ်မှာ တစ်ယောက်ယောက်များရှိနေလားလို့ သံသယဝင်မိပါသလား "

သတင်းထောက်နောက်တစ်ယောက်ရဲ့ စကားကြောင့် သူမအမေဘေးနားဝင်ထိုင်လိုက်တဲ့ Jang Sukကို Jennie လှမ်းကြည့်လိုက်သည်

"အဲ့လိုသံသယဝင်မိတာမျိုးတော့မရှိပါဘူး"

မေးခွန်းတွေကို တစ်နာရီနီးပါး Jennieဖြေပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြီးပြီမို့ Jennie ထပြန်ဖို့လုပ်နေသည်

ထိုစဥ် သတင်းထောက်တစ်ယောက်ရဲ့စကားကြောင့် Jennie ခြေလှမ်းတွေရပ်တန့်သွားသည်

"ဒီကားမတော်တဆမှုကြောင့် Jennieကို public က အရေးယူတာမျိုး..."

"ဒါက....ဒီတိုင်း ကားမတော်တဆ မှုပါ..ဒါပါပဲ "

Jennie အသံတွေကို မတုန်ရီအောင်ထိန်းပြောပြီး အခန်းထဲကထွက်လာသည်

ထို့နောက် Chaeyoungကိုတွဲပြီး နားနေခန်းထဲJennie ဝင်သွားသည်

"Jennie. ..ငါ သံပုရာရည်ဝယ်ပေးရမလား "

"အင်း ဝယ်ပေးပါအုံး Chaeyoung. .ငါ တအားခေါင်းကိုက်လာလို့ "

"ဟုတ်ပြီ ခဏစောင့်အုံးနော် "

Chaeyoung သံပုရည်ဝယ်ဖို့ ထွက်သွားတော့ Jennie တစ်ယောက် ထိုင်ခုံပေါ်တွင် မျက်လုံးမှိတ်ကာအနားယူနေသည်

Knock knock. ...

အခန်းတံခါးခေါက်သံကြောင့် Chaeyoung သံပုရာရည်ဝယ်ပြီး ပြန်လာပြီအထင်နဲ့ Jennie ထပြီး အခန်းတံခါးဖွင့်ပေးလိုက်တော့....ဆေးရုံခေါင်မိုးထပ်မှာ သူမလည်ပင်းကိုညှစ်ခဲ့တဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်

"ကားမတော်တမှုဟုတ်လား..."

Jisooပြောပြီး အခန်းထဲဝင်လာကာ Jennieရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်

"Yah နင် ဘာလုပ်တာလည်း လွှတ်...ရူးနေတာလား "

Jennie ရုန်းပေမယ့်မရ Jisooမှာ Jennie လက်ကို ခပ်တင်းတင်းကိုင်ထားပြီး နံရံဘက်ဆောင့်တွန်းလိုက်သည်

"ဟုတ်တယ် ငါရူးနေတာ ဘာဖြစ်လည်း "

"ငါ့ကိုလွှတ်..."

"ကားတိုက်မှုက မတော်တဆဖြစ်တာမဟုတ်မှန်း နင်သိပါတယ်..."

"ဘာတွေလာပြောနေတာလည်း မတော်တဆမှုပါဆို...."

"တကယ်လား..."

Jisoo တစ်ယောက် Jennie ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး မေးတော့ Jennie ငြိမ်ကျသွားသည်

"ပြန်ဖြေပါအုံး မင်းပါးစပ်က ဘာလုပ်ဖို့ထားတာလည်း...."

Jennie မဖြေဘဲ အောက်နှုတ်ခမ်းကို ဖိကိုက်ထားတော့ Jisoo ဟက်ခနဲရယ်ပြီး

"ကြည့်ရတာ မင်းပါးစပ်က ....ငါနမ်းဖို့အတွက်ထင်တယ်..."

Jisoo ပြောပြီး ရုတ်တရက် Jennie ရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်

#tbc

#zawgyi

တတိယအႀကိမ္ေျမာက္ တံခါးေခါင္းေလာင္းသံျမည္ၿပီးေနာက္မွာေတာ့ Jisoo တံခါးဖြင့္ေပးဖို႔ အိပ္ရာက ထလာခဲ့သည္

Jisoo တံခါးဖြင့္လိုက္တဲ့အခါ ပလက္စတစ္အိတ္ႏွစ္အိတ္ကို ကိုင္ၿပီး သူမကို ၿပဳံးျပေနတဲ့ Lisaကို ေတြ႕လိုက္ရသည္

"မနက္စာ အတူစားရေအာင္ "

Lisa အိတ္ႏွစ္အိတ္ကို ျမႇောက္ျပၿပီး ေျပာလိုက္သည္

ထို႔ေနာက္ အိမ္ထဲဝင္ကာ မီးဖိုခန္းဘက္သို႔ သြားၿပီး စားစရာေတြကို ပန္းကန္ထဲထည့္ေလသည္

"ဘာေတြဝယ္လာတာလည္း "

"Omarက နင့္အတြက္ မနက္စာခ်က္ေပးလိုက္တာ... "

Jisooလည္း Lisaကို အႏွောင့္အယွက္မေပးဘဲ ဧည့္ခန္းထဲတြင္ ထိုင္လိုက္ၿပီး Tv ဖြင့္လိုက္သည္

Tvလည္းဖြင့္လိုက္ေရာ သတင္းတစ္ခ်ိဳ႕ေၾကာ္ျငာေနတာကို Jisoo ေတြ႕လိုက္ရသည္

ထိုအခ်ိန္တြင္ Lisaမွာ ပန္းကန္ေတြနဲ႕အတူ Tv ေရွ႕သို႔ ေရာက္လာသည္

Tvကို ကြယ္ကာေက်ာေပးၿပီး Lisa ထိုင္လိုက္ေတာ့ Jisooတစ္ေယာက္ Tvကို မျမင္ရေတာ့လို႔ မ်က္ေမွာင္ၾကဳတ္သြားသည္

"ဒီေတာ့...Bona မရွိတဲ့ေနာက္ပိုင္း နင္အဆင္ေျပရဲ႕လား Jisoo "

"Tv ေရွ႕ကဖယ္စမ္းပါ..."

Jisoo ဘာေတြစိတ္ဝင္တစားၾကည့္ေနလည္းဆိုၿပီး Lisa တစ္ေယာက္ Tvကို လွည့္ၾကည့္ေတာ့ Jennie တစ္ေယာက္ Tv screenေပၚ ေရာက္လာတာၾကည့္ၿပီး Lisa ထပ္ၿပီး Tvကို ကြယ္လိုက္သည္

"နင့္ကိုနင္ ႏွိပ္စက္ေနတာဘဲ Jisoo. ..အဲ့ေကာင္မေလးကို လက္စားေခ်ဖိဳ႕ လုပ္မေနနဲ႕ ကံၾကမၼာက သူ႕ဆီေရာက္သြားလိမ့္မယ္ ငါေျပာခ်င္တာ နားလည္တယ္မလား.."

"သူ ဝဋ္လည္မယ့္အခ်ိန္ ထိုင္မေစာင့္နိုင္ဘူး Lisa. ..ဝဋ္မလည္ခင္ သူ႕ကိုအရင္ ေထာင္ထဲ ငါထည့္ပစ္မွျဖစ္မယ္ "

Jisoo မဲ့ၿပဳံးၿပဳံးၿပီး Lisaကို ေျပာလိုက္သည္

"မရဘူးေလ နင္ အဲ့လိုလုပ္လို႔မွမရတာ....နင္လည္း Law ေက်ာင္းသူပါ....သူလုပ္ခဲ့တယ္ဆိုတာ..ဘာသက္ေသမွမရွိဘဲ နင္ဘယ္လိုေထာင္ထဲထည့္မွာလည္း....နင္လည္းသိပါတယ္ သက္ေသတစ္ခုကဘယ္ေလာက္အေရးႀကီးလည္းဆိုတာ နင့္မွာရွိတာက အက္ကြဲေနတဲ့ဖုန္းတစ္လုံးဘဲ အဲ့ဖုန္းမွာ သူ႕ပုံပါတာနဲ႕ သူဆိုတာေသခ်ာလား....တစ္ေယာက္ေယာက္က သူ႕ဟန္ေဆာင္ေနတာလည္းျဖစ္နိုင္တာဘဲေလ...အမွန္တရားက ဘာလည္းဆိုတာ "

"နင္က သူ႕ကို ကာကြယ္ေပးေနတာဘဲ Lisa. ..."

Lisa စကားေတြေၾကာင့္ Jisoo ေဒါသထြက္ၿပီး စားပြဲခုံကိုထုခ်လိဳက္သည္

"ဘာ...ငါက သူဘယ္သူလည္းဆိုတာ အမွန္တရားကို မသိဘဲ ကာကြယ္ေပးစရာလား ငါကနင့္ကို ကာကြယ္ေပးေနတာ Jisoo "

"နင္ေျပာေနတဲ့ အမွန္တရားကို ပိုက္ဆံနဲ႕ ဝယ္လို႔ရတယ္ Lisa နင္ေျပာသလို ငါက Lawေက်ာင္းသူမို႔ Bona အမႈကို ႀကိဳးစားရွာေဖြေနတာ နင္မျမင္ဘူးလား "

"နင္က ဟိုတစ္ေယာက္ဘက္ ေသခ်ာမၾကည့္ဘဲ နင္ဘဲ မွန္တယ္ဆိုၿပီး တစ္ထစ္ခ်ဆဳံးျဖတ္ေနတာက်ေရာ....Law ေက်ာင္းသူဆို ဥပေဒအရဘဲ လုပ္စမ္းပါ "'

"Lalisa. .. "

Jisoo အာေခါင္ျခစ္ၿပီး ေအာ္လိုက္ေတာ့ Lisa သက္ျပင္းခ်လိဳက္သည္

"ငါသြားေတာ့မယ္....မနက္စာကို ေသခ်ာစား....ဒီေန႕တစ္ရက္ေတာ့ အခန္းထဲမွာဘဲေအးေဆးေနအုံး အျပင္ထြက္ၿပီး ျပႆနာမရွာနဲ႕...."

Lisa ေျပာၿပီး Jisoo အိမ္က ထြက္လာခဲ့သည္

"ငါကေတာ့ သက္ေသကိုရေအာင္ရွာမယ္...ဒီတိုင္းေတာ့ထိုင္မေစာင့္နိုင္ဘူး..."

Jisoo ေျပာၿပီး အဝတ္အစားလဲကာ သူမအိမ္ကထြက္လာသည္

Jennie သတင္းစာရွင္းလင္းပြဲကို တက္ေရာက္ဖို႔ Chaeyoungနဲ႕အတူ ေဟာခန္းဘက္သို႔ေရာက္လာသည္

"Jennie... "

သူမ ရင္းႏွီးတဲ့အသံၾကားလို႔ Jennie ၾကည့္လိုက္ေတာ့ Jang Suk. ..

မ်က္ႏွာျမင္တာနဲ႕႐ြံရွာရတဲ့အထိ Jennie မုန္းတီးရတဲ့ သူေဌးတစ္ေယာက္

"Jenသြားမယ္လာ...."

Chaeyoung မွာ Jennie လက္ကိုတြဲလိုက္ေပမယ့္ Jennie က ျဖဳတ္ခ်ၿပီး

"နင္လုပ္တာမဟုတ္လား...."

Jennie သူမကို ေဆးခပ္ခိုင္းတာ Jang Suk လက္ခ်က္လို႔ သံသယဝင္ေနသည္

"ငါက ဘာကိုလုပ္ရမွာလည္း......"

Jang Sukမွာ Jennie နားကပ္လာၿပီး Jennieရဲ႕ ဆံသားေတြကို ကိုင္ရင္း နမ္းရွိုက္လိုက္သည္

"ဟား.....ဘာေခါင္းေလွ်ာ္ရည္သုံးတာလည္းေမႊးေနတာ..."

Jang Suk စကားမဆုံးေသး Jennieမွာ Jang Sukကို ေဆာင့္တြန္းခ်လိဳက္သည္

Jang Sukေဘးမွာ ရပ္ေနတဲ့ လူႏွစ္ေယာက္မွာ Jennieကို ခ်ဳပ္မယ္လုပ္ေတာ့ Jang Sukက တားလိုက္သည္

Jennieလည္း ဘာမွဆက္မေျပာခ်င္တာေၾကာင့္ Chaeyoungကို ေခၚၿပီး မီဒီယာေတြရွိတဲ့ အခန္းထဲဝင္သြားလိုက္သည္

Jennie ေရာက္လာတာနဲ႕ မီဒီယာသတင္းေထာက္ေတြမွာ cameraေတြကို record လုပ္ၿပီး ဓာတ္ပုံေတြ တျဖတ္ျဖတ္ရိုက္ၾကေလသည္

Mrs. Kimကေတာ့ ေရွ႕ဆုံးကေနထိုင္ၿပီး သူ႕သမီးကိုၾကည့္ေနသည္

Jennie လည္း စားပြဲခုံတြင္ ထိုင္လိုက္ေသာအခါ မီဒီယာသတင္းေထာက္သမားေတြမွာ ေမးခြန္းေတြစေမးၾကသည္

"Jennie. ..အရင္ရက္ပိုင္းက ျဖစ္ခဲ့တဲ့ ကားမေတာ္တဆမႈအေၾကာင္း ရွင္းျပေပးလို႔ရလား...."

"သတင္းေတြနဲ႕ Tvမွာ ေျပာထားတဲ့အတိုင္းပါဘဲ ကြၽန္မဘက္ကေတာ့ ထပ္ေျပာစရာမရွိပါဘူး "

"Jennie. ..အဲ့ကားမေတာ္တဆမႈ ေနာက္ကြယ္မွာ တစ္ေယာက္ေယာက္မ်ားရွိေနလားလို႔ သံသယဝင္မိပါသလား "

သတင္းေထာက္ေနာက္တစ္ေယာက္ရဲ႕ စကားေၾကာင့္ သူမအေမေဘးနားဝင္ထိုင္လိုက္တဲ့ Jang Sukကို Jennie လွမ္းၾကည့္လိုက္သည္

"အဲ့လိုသံသယဝင္မိတာမ်ိဳးေတာ့မရွိပါဘူး"

ေမးခြန္းေတြကို တစ္နာရီနီးပါး Jennieေျဖၿပီးေနာက္ သတင္းစာရွင္းလင္းပြဲ ၿပီးၿပီမို႔ Jennie ထျပန္ဖို႔လုပ္ေနသည္

ထိုစဥ္ သတင္းေထာက္တစ္ေယာက္ရဲ႕စကားေၾကာင့္ Jennie ေျခလွမ္းေတြရပ္တန့္သြားသည္

"ဒီကားမေတာ္တဆမႈေၾကာင့္ Jennieကို public က အေရးယူတာမ်ိဳး..."

"ဒါက....ဒီတိုင္း ကားမေတာ္တဆ မႈပါ..ဒါပါပဲ "

Jennie အသံေတြကို မတုန္ရီေအာင္ထိန္းေျပာၿပီး အခန္းထဲကထြက္လာသည္

ထို႔ေနာက္ Chaeyoungကိုတြဲၿပီး နားေနခန္းထဲJennie ဝင္သြားသည္

"Jennie. ..ငါ သံပုရာရည္ဝယ္ေပးရမလား "

"အင္း ဝယ္ေပးပါအုံး Chaeyoung. .ငါ တအားေခါင္းကိုက္လာလို႔ "

"ဟုတ္ၿပီ ခဏေစာင့္အုံးေနာ္ "

Chaeyoung သံပုရည္ဝယ္ဖို႔ ထြက္သြားေတာ့ Jennie တစ္ေယာက္ ထိုင္ခုံေပၚတြင္ မ်က္လုံးမွိတ္ကာအနားယူေနသည္

Knock knock. ...

အခန္းတံခါးေခါက္သံေၾကာင့္ Chaeyoung သံပုရာရည္ဝယ္ၿပီး ျပန္လာၿပီအထင္နဲ႕ Jennie ထၿပီး အခန္းတံခါးဖြင့္ေပးလိုက္ေတာ့....ေဆး႐ုံေခါင္မိုးထပ္မွာ သူမလည္ပင္းကိုညွစ္ခဲ့တဲ့ ေကာင္မေလးကို ေတြ႕လိုက္ရတယ္

"ကားမေတာ္တမႈဟုတ္လား..."

Jisooေျပာၿပီး အခန္းထဲဝင္လာကာ Jennieရဲ႕ လက္ႏွစ္ဖက္ကို ဖမ္းခ်ဳပ္လိုက္သည္

"Yah နင္ ဘာလုပ္တာလည္း လႊတ္...႐ူးေနတာလား "

Jennie ႐ုန္းေပမယ့္မရ Jisooမွာ Jennie လက္ကို ခပ္တင္းတင္းကိုင္ထားၿပီး နံရံဘက္ေဆာင့္တြန္းလိုက္သည္

"ဟုတ္တယ္ ငါ႐ူးေနတာ ဘာျဖစ္လည္း "

"ငါ့ကိုလႊတ္..."

"ကားတိုက္မႈက မေတာ္တဆျဖစ္တာမဟုတ္မွန္း နင္သိပါတယ္..."

"ဘာေတြလာေျပာေနတာလည္း မေတာ္တဆမႈပါဆို...."

"တကယ္လား..."

Jisoo တစ္ေယာက္ Jennie ရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီး ေမးေတာ့ Jennie ၿငိမ္က်သြားသည္

"ျပန္ေျဖပါအုံး မင္းပါးစပ္က ဘာလုပ္ဖို႔ထားတာလည္း...."

Jennie မေျဖဘဲ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားေတာ့ Jisoo ဟက္ခနဲရယ္ၿပီး

"ၾကည့္ရတာ မင္းပါးစပ္က ....ငါနမ္းဖို႔အတြက္ထင္တယ္..."

Jisoo ေျပာၿပီး ႐ုတ္တရက္ Jennie ရဲ႕ ႏႈတ္ခမ္းကို နမ္းလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co