Part 4
#Unicode
Jisoo အရိုက်ခံထားရတဲ့ သူမမျက်နှာကို ကိုင်ပြီး အခန်းထဲကနေ Devil smileနဲ့ ထွက်လာခဲ့သည်
"ငါ့ဘဝကို...Bona ဘဝကို ဖျက်စီးခဲ့သလိုမျိုး....နင့်ဘဝကို ဖျက်စီးပစ်မယ် Jennie. .."
Jisoo စိတ်ထဲကနေ ကြုံးဝါးလိုက်သည်
Jisooလည်း ထွက်သွားရော ကော်ရစ်တာထောင့်တစ်နေရာက Jang Suk ထွက်လာပြီး Jisooကို စိုက်ကြည့်နေသည်
"သူ့နောက်လိုက်ပြီး သူ့အကြောင်းကို စုံစမ်းခဲ့ "
"ဟုတ်ကဲ့ "
Jang Suk သူ့တပည့်ကို Jisoo အကြောင်း စုံစမ်းဖို့ အမိန့်ပေးလိုက်သည်
ထိုစဥ် သံပုရာဖျော်ရည်ဘူး ဝယ်လာပြီး အဆောက်အဦးထဲ ဝင်လာတဲ့ Chaeyoungကို Jang Suk တွေ့ပြီး လှမ်းခေါ်လိုက်သည်
"Chaeyoung... Jennieကို ကောင်းကောင်းဂရုစိုက်ပေးပါ....တစ်ယောက်တည်း ပစ်မထားနဲ့ တစ်ခုခုဆို ငါ့ကိုပြော "
Jang Suk ပြောချင်တာပြောပြီး ထွက်သွားတော့ Chaeyoungမှာ မျက်မှောင်ကြုတ်ကာ Jang Sukကို ကြည့်နေသည်
*****
"Jennie. ..နင် ရှာခိုင်းထားတဲ့ ကောင်မလေးအကြောင်း ငါရှာတွေ့ပြီ...."
Chaeyoung ဖုန်းထဲကစာတွေဖတ်ရင်း Jennieရဲ့ အခန်းထဲ ဝင်လာတယ်
Jennieကတော့ ဝန်ထုပ်ဝန်ပိုးတစ်ခု ပုခုံးပေါ်ထမ်းထားရသလို ခံစားရပြီး အိပ်မပျော်နိုင်ဘဲ ဖြစ်နေစဥ် Chaeyoungရဲ့ စကားကြောင့် ထထိုင်လိုက်သည်
"ပြောပြ..."
Chaeyoungလည်း Jennie ရဲ့ ကုတင်ပေါ်ထိုင်ချလိုက်ပြီး ဖုန်းထဲကစာတွေဖတ်ပြလေသည်
"သူ့နာမည်က Bonaတဲ့......ကိတ်မုန့်ဆိုင်လေး ဖွင့်ထားပြီး အဖေမရှိတော့ဘဲ အမေဘဲရှိတော့တာတဲ့....ရေးထားပုံအရ သူကတစ်ဦးတည်းသော သမီးတဲ့ "
"Bona... နာမည်လေးကလှလိုက်တာ...သူ့အမေရော...ခုထိ အသက်ရှိသေးလား "
"အခု seoulမှာရှိတယ်တဲ့... "
Chaeyoung က Bonaရဲ့ အကြောင်းကို ဖတ်ပြနေချိန် Jennieမှာ နားထောင်ရင်း ပိုပြီး အပြစ်ရှိသလို ခံစားနေရသည်
တစ်ဦးတည်းသော သမီးလေးမို့ သူမရဲ့အမေ ဘယ်လောက်ရင်နာလိမ့်မလည်း ဘယ်လောက်ခံစားလိုက်ရမလည်း....
Jennie သူမတစ်ဦးတည်း သူမနာမည်ထိုးမကျဖို့ ဒီကားမတော်တဆမှုကို ဖုံးကွယ်ဖို့ ဆုံးဖြတ်မိတာကို Jennie နောင်တရမိသည်
"Jennie ဒီကိုကြည့်စမ်း...."
Chaeyoung အလန့်တကြားဖြစ်သွားပေမယ့် Jennieမှာ အတွေးလွန်နေသောကြောင့် အာရုံမရပေ
"Jen. .."
Chaeyoung သူမရဲ့ပခုံးကိုလာရိုက်မှ Jennie သတိပြန်ဝင်လာသည်
"ဟင်..."
"ဒါကိုကြည့်စမ်း..."
Jennie မှာ Chaeyoungပေးတဲ့ဖုန်းကိုယူပြီး ကြည့်လိုက်သည်
"Jennie Kim. ...Seoul မြို့...South Koreaရဲ့ နာမည်ကြီး idolတစ်ယောက်က သူမရဲ့ကားတိုက်မှု ကို မတော်သစမှုဆိုပြီး ဖုံးကွယ်ထားခြင်း "
Jennie မြင်လိုက်ရတဲ့ သတင်းခေါင်းစဥ်ကြောင့် လက်ထဲကဖုန်းလွတ်ကျသွားသည်
Chaeyoung ထပြီး ပြတင်းပေါက်လိုက်ကာကနေ အပြင်ကိုကြည့်တော့ သတင်းထောက်တွေအများကြီး သူမတို့ တိုက်ရှေ့ ဂိတ်ရှေ့ရောက်နေတာကို တွေ့လိုက်ရသည်
"Jennie. ..အပြင်မှာ သတင်းထောက်တွေအများကြီးရောက်လာတယ်....ဒီမှာဘဲနေနော် ငါ... တံခါးတွေသေချာသွားပိတ်လိုက်အုံးမယ်...ပြီးတော့ လုံခြုံရေး ဦးလေးကိုလည်း သွားပြောအုံးမယ်....နင်လည်း နောက်ဖေးတံခါးသေချာပိတ်ထားလားကူကြည့်ပေးအုံး "
Chaeyoung ပြောပြီး အခန်းထဲကထွက်သွားတော့ Jennie လည်း အမြန် နောက်ဖေးတံခါးပိတ်ဖို့ အခန်းထဲကထွက်လာသည်
တံခါးကိုသေချာစစ်ရင်း ပြတင်းပေါက်ကိုလှမ်းကြည့်တော့ Hoodie အနက်ဝတ်ပြီး maskတပ်ထားတဲ့သူတစ်ယောက်က သူမကို ကြည့်နေတာကိုတွေ့လိုက်ရသည်
မျက်ဝန်းတွေ...မျက်ဝန်းတွေကို ကြည့်ရင်း Jennie. ...သတိရသွားတယ်...သူ...သူမဘဲ....
သူ ဘယ်လိုလုပ် ဒီအိမ်အနောက်ကို ရောက်နေတာလည်း....
ဒီသတင်းထောက်တွေကို ခေါ်လာတာ သူ ဟုတ်မဟုတ်မေးဖို့ Jennie တွေဝေနေသည်
Jennie အခန်းထဲဲပြန်ဝင်ပြီး Hooide အညိုဝတ်ပြီး maskကို တပ်ကာ သူ့ဆီသွားလေသည်
Jisoo သူမကို Jennieက မြင်သွားလို့ မဲ့ပြုံးပြုံးလိုက်သည်
"ကဲ ခဏနေ အပြင်ထွက်လာပြီး ငါ့ဆီလာတော့မှာဘဲ..."
Jisoo ခန့်မှန်းထားသလိုပင် Jennie တစ်ယောက် maskတပ်ရုပ်ဖျက်ပြီး သူမဆီရောက်လာသည်
Jennie ဘာမှမပြောဘဲ Jisooကို ခဏကြာစိုက်ကြည့်နေမိသည်
"အပြင်ကို ထွက်လာပြီးမှတော့ ငါ့ကို စိုက်ကြည့်မနေဘဲ တစ်ခုခုပြောသင့်တယ် မဟုတ်ဘူးလား... "
Jisoo Hoodieခေါင်းစွပ်ကို ဖယ်ပြီး Jennieကို မေးလိုက်သည်
"မေးပါ နင်မေးတာဖြေဖို့အသင့်ဘဲ Jennie Kim "
"ဒီသတင်းထောက်တွေကို ခေါ်လာခဲ့တာ နင်မဟုတ်လား "
"အိမ်း....နာမည်ကြီး ကြယ်ပွင့်လေး Jennie Kimဆီက Official Statement လိုတယ်လေ မဟုတ်ဘူးလား "
Jisoo သူမရဲ့မေးစေ့ကို ပွတ်ရင်း မေးလိုက်သည်
"သတင်းထောက်တွေဆီ သတင်းပျံ့သွားမှာကြောက်နေတာမလား Jennie Kim "
"ကြောက်တယ် ဟုတ်လား...ဒီထက်ဆိုးတာတွေတောင် ငါကြုံခဲ့ရပြီးပြီ ဒါကြောင့်မို့ နင် ငါ့ကိုဆွဲချရမှာပျော်တယ်ဆိုရင် လုပ်လိုက်ပါ နင်လုပ်နိုင်သလောက်လုပ်ပြီး ပျော်ပစ်လိုက် "
"မင်း...."
Jennieရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်ပြီး Jennieရဲ့ လက်မောင်းကို ဆွဲဆောင့်လိုက်သည်
"နင် ကြိုက်သလိုငါ့ကို မုန်းနိုင်တယ် ငါ့ကို သေပါစေလို့လည်း ဆုတောင်းလို့ရတယ် ငါ့ကိုသတ်ဖို့ ကြိုးစားလည်း ရတယ်...ဒါပေမယ့်... ငါ့ကိုနမ်းတာမျိုး ငါ့သိက္ခာကိုစော်ကားတာမျိုးတော့မလုပ်နဲ့"
Jennieပြောပြီး ထိုင်ချကာ ငိုလိုက်သည်
"ဟားးးး မင်းဘာလို့ ငိုနေတာလည်း "
"နင်က နှလုံးသားမရှိတဲ့ မိန်းကလေးဘဲ...ဒီ accident ကြောင့် ငါ ဘာမှမခံစားရဘဲ ပျော်နေမယ်ထင်နေတာလား တစ်စုံတစ်ယောက်ကို သတ်မိပြီဆိုတဲ့ စိတ်နဲ့ ငါအေးအေးချမ်းချမ်းအိပ်ပျော်မယ်ထင်နေတာလား "
Jennieမှာ maskရော မျက်မှန်ရောဖြုတ်ပြီး ကလေးတစ်ယောက်လိုထိုင်ငိုနေသည်
Jisooမှာ Jennieငိုတာကို ကြည့်ပြီး ကျေနပ်သလိုခံစားရပေမယ့်လည်း....စိတ်ထဲတစ်မျိုးခံစားနေပြန်သည်
"နှလုံးသားမရှိတဲ့ မိန်းကလေးဟုတ်လား...ကလေးဆန်လိုက်တာ..."
Jisoo ပြောရင်း ဘေးဘက်ဝန်းကျင်ကိုတစ်ချက်ကြည့်တော့ Jennie အသံကြောင့် သူမတို့ရှိရာဆီလာနေတဲ့ သတင်းထောက်တစ်ယောက်ကို မလှမ်းမကမ်းကနေမြင်လိုက်ရသည်
ထို့ကြောင့် ထိုင်ငိုနေတဲ့ Jennie ကို Jisoo ဆွဲကာ သူမကားဆီခေါ်သွားသည်
"Yah ဘာလုပ်တာလည်းလွှတ်..."
"မအော်နဲ့ Jennie ပါးစပ်ပိတ်ထား သတင်းထောက်တွေ မိတာမခံချင်ရင် ကားထဲအမြန်ဝင်..."
Jisoo ကားတံခါးကိုဆွဲဖွင့်ပြီး Jennie ကို ကားထဲဝင်ခိုင်းသည်
ထို့နောက် Jisoo ကားမောင်းကာ အနောက်ဂိတ်ကနေ သတင်းထောက်တွေနဲ့ဝေးရာသို့ မောင်းထွက်လာသည်
မသေချာတဲ့ခံစားချက်တွေရောထွေးနေတာကို ရှင်းလင်းရင်း ပိုရောထွေးလာတဲ့သူကို ပြပါဆို Jisooကိုဘဲ ပြရမည်....
Jennie Kimကို ဒုက္ခရောက်စေချင်လို့ သတင်းထောက်တွေကို သတင်းပေးပြီးခေါ်လာခဲ့တဲ့ Jisooက ယခု Jennie Kimကို သတင်းထောက်တွေ လက်ကနေ ကယ်တင်ခဲ့ပြန်သည်
"ဆရာ....စုံစမ်းခိုင်းထားတဲ့ တစ်ယောက်ကို သိရပါပြီ..."
Jang Sukမှာ ဂေါက်ရိုက်နေစဥ် သူ့တပည့်စကားကြောင့် ဂေါက်ရိုက်ရာကရပ်လိုက်သည်
"သူ့နာမည်က Kim Jisooပါ Jennie Kim ကားတိုက်မှုဖြစ်ခဲ့တဲ့နေရာမှာ နေပါတယ်တဲ့ ပြီးတော့ အဲ့နားကလူတွေပြောပုံအရ ကားတိုက်ခံရပြီး သေသွားတဲ့ကောင်မလေးက Jisooရဲ့ ရည်းစားပါတဲ့ အခု Jennieရဲ့ သတင်းထွက်လာတာလည်း သူ့ကြောင့်လို့ပြောပါတယ် "
"အင်း သူက ဘာအလုပ်လုပ်တာလည်း '
"Law မေဂျာကျောင်းပြီးပါ....ကြည့်ရတာ ရှေ့နေလုပ်မယ်ထင်ပါတယ်ဗျာ့ "
"ရှေ့နေလုပ်မယ်ဆိုတော့....Jennieကို တရားစွဲမှာပေါ့...."
Jang Suk စဥ်းစားရင်း Jennieကို ကာကွယ်ဖို့....Jisooကို သတ်ပစ်ရန် တွေးမိသွားတယ်
"သူ ဘယ်မှာလည်း....ငါ့ဆီခေါ်ခဲ့....သူနဲ့ပြောစရာတွေရှိတယ် "
တံတားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ငါးပေအကွာလောက်မှာခွာထိုင်ရင်း Jensoo နှစ်ယောက် စီးဆင်းနေတဲ့မြစ်ရေတွေကို ကြည့်နေကြသည်
"ဒီ accident ကြောင့် ငါ ဘာမှမခံစားရဘဲ ပျော်နေမယ်ထင်နေတာလား တစ်စုံတစ်ယောက်ကို သတ်မိပြီဆိုတဲ့ စိတ်နဲ့ ငါအေးအေးချမ်းချမ်းအိပ်ပျော်မယ်ထင်နေတာလား "
Jennieရဲ့စကားကို Jisoo ပြန်ကြားယောင်ပြီး ဟက်ခနဲရယ်လိုက်သည်
ထို့နောက် ထိုင်ရာက ထလိုက်တော့ Jisooကို Jennie လှမ်းကြည့်လိုက်သည်
"ဘယ်သွားမလို့လည်း "
"မင်းနဲ့ ဘာဆိုင်လို့မေးတာလည်း "
"နင်က ငါ့ကို ဒီခေါ်လာတာလေ ပြန်ပို့ပေးရမှာပေါ့ "
"ကားပေါ်တက်...."
Jisoo ကားပေါ်ရောက်တော့ Jennie တစ်ခုခုကို သတိထားမိသွားပြီး တိတ်ဆိတ်နေသည်
ထို့နောက် Jisooက ဘာလို့ သူမကို အရမ်းမုန်းနေရတာလည်း အရမ်းမုန်းနေတဲ့ သူမကို ပြဿနာတွေကြားထားမသွားဘဲ ဘာလို့ ကယ်တင်ခဲ့ရလည်းဆိုတာ Jennie တစ်လမ်းလုံးတွေးနေမိသည်
သတင်းထောက်တွေမရှိတော့တာ သေချာမှ Jisoo အရှေ့ဂိတ်ပေါက်တွင် ကားရပ်ပေးလိုက်သည်
Jennieလည်း ဘာမှမပြောဘဲ ကားပေါ်ကဆင်းသွားတော့ Jisooလည်း လှည့်မကြည့်ဘဲ မောင်းထွက်လာခဲ့သည်
အကယ်၍ Jisooသာ ကားမှန်ကနေတစ်ဆင့် ကြည့်ခဲ့ရင်...သူမကို ရပ်ကြည့်နေတဲ့ Jennieကို တွေ့ရမှာပါ....
"Kim Jisooတဲ့လား..."
ကားထဲဝင်ထိုင်တုံးက Jisooရဲ့ လိုင်စင်ကို Jennie တွေ့ခဲ့တယ်လေ....
ဒါကြောင့်မို့ Jisooရဲ့ နာမည်ကို Jennie မှတ်ထားခြင်း ဖြစ်သည်
#Tbc
#zawgyi
Jisoo အရိုက္ခံထားရတဲ့ သူမမ်က္ႏွာကို ကိုင္ၿပီး အခန္းထဲကေန Devil smileနဲ႕ ထြက္လာခဲ့သည္
"ငါ့ဘဝကို...Bona ဘဝကို ဖ်က္စီးခဲ့သလိုမ်ိဳး....နင့္ဘဝကို ဖ်က္စီးပစ္မယ္ Jennie. .."
Jisoo စိတ္ထဲကေန ႀကဳံးဝါးလိုက္သည္
Jisooလည္း ထြက္သြားေရာ ေကာ္ရစ္တာေထာင့္တစ္ေနရာက Jang Suk ထြက္လာၿပီး Jisooကို စိုက္ၾကည့္ေနသည္
"သူ႕ေနာက္လိုက္ၿပီး သူ႕အေၾကာင္းကို စုံစမ္းခဲ့ "
"ဟုတ္ကဲ့ "
Jang Suk သူ႕တပည့္ကို Jisoo အေၾကာင္း စုံစမ္းဖို႔ အမိန့္ေပးလိုက္သည္
ထိုစဥ္ သံပုရာေဖ်ာ္ရည္ဘူး ဝယ္လာၿပီး အေဆာက္အဦးထဲ ဝင္လာတဲ့ Chaeyoungကို Jang Suk ေတြ႕ၿပီး လွမ္းေခၚလိုက္သည္
"Chaeyoung... Jennieကို ေကာင္းေကာင္းဂ႐ုစိုက္ေပးပါ....တစ္ေယာက္တည္း ပစ္မထားနဲ႕ တစ္ခုခုဆို ငါ့ကိုေျပာ "
Jang Suk ေျပာခ်င္တာေျပာၿပီး ထြက္သြားေတာ့ Chaeyoungမွာ မ်က္ေမွာင္ၾကဳတ္ကာ Jang Sukကို ၾကည့္ေနသည္
*****
"Jennie. ..နင္ ရွာခိုင္းထားတဲ့ ေကာင္မေလးအေၾကာင္း ငါရွာေတြ႕ၿပီ...."
Chaeyoung ဖုန္းထဲကစာေတြဖတ္ရင္း Jennieရဲ႕ အခန္းထဲ ဝင္လာတယ္
Jennieကေတာ့ ဝန္ထုပ္ဝန္ပိုးတစ္ခု ပုခုံးေပၚထမ္းထားရသလို ခံစားရၿပီး အိပ္မေပ်ာ္နိုင္ဘဲ ျဖစ္ေနစဥ္ Chaeyoungရဲ႕ စကားေၾကာင့္ ထထိုင္လိုက္သည္
"ေျပာျပ..."
Chaeyoungလည္း Jennie ရဲ႕ ကုတင္ေပၚထိုင္ခ်လိဳက္ၿပီး ဖုန္းထဲကစာေတြဖတ္ျပေလသည္
"သူ႕နာမည္က Bonaတဲ့......ကိတ္မုန့္ဆိုင္ေလး ဖြင့္ထားၿပီး အေဖမရွိေတာ့ဘဲ အေမဘဲရွိေတာ့တာတဲ့....ေရးထားပုံအရ သူကတစ္ဦးတည္းေသာ သမီးတဲ့ "
"Bona... နာမည္ေလးကလွလိုက္တာ...သူ႕အေမေရာ...ခုထိ အသက္ရွိေသးလား "
"အခု seoulမွာရွိတယ္တဲ့... "
Chaeyoung က Bonaရဲ႕ အေၾကာင္းကို ဖတ္ျပေနခ်ိန္ Jennieမွာ နားေထာင္ရင္း ပိုၿပီး အျပစ္ရွိသလို ခံစားေနရသည္
တစ္ဦးတည္းေသာ သမီးေလးမို႔ သူမရဲ႕အေမ ဘယ္ေလာက္ရင္နာလိမ့္မလည္း ဘယ္ေလာက္ခံစားလိုက္ရမလည္း....
Jennie သူမတစ္ဦးတည္း သူမနာမည္ထိုးမက်ဖိဳ႕ ဒီကားမေတာ္တဆမႈကို ဖုံးကြယ္ဖို႔ ဆုံးျဖတ္မိတာကို Jennie ေနာင္တရမိသည္
"Jennie ဒီကိုၾကည့္စမ္း...."
Chaeyoung အလန့္တၾကားျဖစ္သြားေပမယ့္ Jennieမွာ အေတြးလြန္ေနေသာေၾကာင့္ အာ႐ုံမရေပ
"Jen. .."
Chaeyoung သူမရဲ႕ပခုံးကိုလာရိုက္မွ Jennie သတိျပန္ဝင္လာသည္
"ဟင္..."
"ဒါကိုၾကည့္စမ္း..."
Jennie မွာ Chaeyoungေပးတဲ့ဖုန္းကိုယူၿပီး ၾကည့္လိုက္သည္
"Jennie Kim. ...Seoul ၿမိဳ႕...South Koreaရဲ႕ နာမည္ႀကီး idolတစ္ေယာက္က သူမရဲ႕ကားတိုက္မႈ ကို မေတာ္သစမႈဆိုၿပီး ဖုံးကြယ္ထားျခင္း "
Jennie ျမင္လိုက္ရတဲ့ သတင္းေခါင္းစဥ္ေၾကာင့္ လက္ထဲကဖုန္းလြတ္က်သြားသည္
Chaeyoung ထၿပီး ျပတင္းေပါက္လိုက္ကာကေန အျပင္ကိုၾကည့္ေတာ့ သတင္းေထာက္ေတြအမ်ားႀကီး သူမတို႔ တိုက္ေရွ႕ ဂိတ္ေရွ႕ေရာက္ေနတာကို ေတြ႕လိုက္ရသည္
"Jennie. ..အျပင္မွာ သတင္းေထာက္ေတြအမ်ားႀကီးေရာက္လာတယ္....ဒီမွာဘဲေနေနာ္ ငါ... တံခါးေတြေသခ်ာသြားပိတ္လိုက္အုံးမယ္...ၿပီးေတာ့ လုံၿခဳံေရး ဦးေလးကိုလည္း သြားေျပာအုံးမယ္....နင္လည္း ေနာက္ေဖးတံခါးေသခ်ာပိတ္ထားလားကူၾကည့္ေပးအုံး "
Chaeyoung ေျပာၿပီး အခန္းထဲကထြက္သြားေတာ့ Jennie လည္း အျမန္ ေနာက္ေဖးတံခါးပိတ္ဖို႔ အခန္းထဲကထြက္လာသည္
တံခါးကိုေသခ်ာစစ္ရင္း ျပတင္းေပါက္ကိုလွမ္းၾကည့္ေတာ့ Hoodie အနက္ဝတ္ၿပီး maskတပ္ထားတဲ့သူတစ္ေယာက္က သူမကို ၾကည့္ေနတာကိုေတြ႕လိုက္ရသည္
မ်က္ဝန္းေတြ...မ်က္ဝန္းေတြကို ၾကည့္ရင္း Jennie. ...သတိရသြားတယ္...သူ...သူမဘဲ....
သူ ဘယ္လိုလုပ္ ဒီအိမ္အေနာက္ကို ေရာက္ေနတာလည္း....
ဒီသတင္းေထာက္ေတြကို ေခၚလာတာ သူ ဟုတ္မဟုတ္ေမးဖို႔ Jennie ေတြေဝေနသည္
Jennie အခန္းထဲဲျပန္ဝင္ၿပီး Hooide အညိုဝတ္ၿပီး maskကို တပ္ကာ သူ႕ဆီသြားေလသည္
Jisoo သူမကို Jennieက ျမင္သြားလို႔ မဲ့ၿပဳံးၿပဳံးလိုက္သည္
"ကဲ ခဏေန အျပင္ထြက္လာၿပီး ငါ့ဆီလာေတာ့မွာဘဲ..."
Jisoo ခန့္မွန္းထားသလိုပင္ Jennie တစ္ေယာက္ maskတပ္႐ုပ္ဖ်က္ၿပီး သူမဆီေရာက္လာသည္
Jennie ဘာမွမေျပာဘဲ Jisooကို ခဏၾကာစိုက္ၾကည့္ေနမိသည္
"အျပင္ကို ထြက္လာၿပီးမွေတာ့ ငါ့ကို စိုက္ၾကည့္မေနဘဲ တစ္ခုခုေျပာသင့္တယ္ မဟုတ္ဘူးလား... "
Jisoo Hoodieေခါင္းစြပ္ကို ဖယ္ၿပီး Jennieကို ေမးလိုက္သည္
"ေမးပါ နင္ေမးတာေျဖဖို႔အသင့္ဘဲ Jennie Kim "
"ဒီသတင္းေထာက္ေတြကို ေခၚလာခဲ့တာ နင္မဟုတ္လား "
"အိမ္း....နာမည္ႀကီး ၾကယ္ပြင့္ေလး Jennie Kimဆီက Official Statement လိုတယ္ေလ မဟုတ္ဘူးလား "
Jisoo သူမရဲ႕ေမးေစ့ကို ပြတ္ရင္း ေမးလိုက္သည္
"သတင္းေထာက္ေတြဆီ သတင္းပ်ံ့သြားမွာေၾကာက္ေနတာမလား Jennie Kim "
"ေၾကာက္တယ္ ဟုတ္လား...ဒီထက္ဆိုးတာေတြေတာင္ ငါႀကဳံခဲ့ရၿပီးၿပီ ဒါေၾကာင့္မို႔ နင္ ငါ့ကိုဆြဲခ်ရမွာေပ်ာ္တယ္ဆိုရင္ လုပ္လိုက္ပါ နင္လုပ္နိုင္သေလာက္လုပ္ၿပီး ေပ်ာ္ပစ္လိုက္ "
"မင္း...."
Jennieရဲ႕ စကားေၾကာင့္ Jisoo မ်က္ေမွာင္ၾကဳတ္ၿပီး Jennieရဲ႕ လက္ေမာင္းကို ဆြဲေဆာင့္လိုက္သည္
"နင္ ႀကိဳက္သလိုငါ့ကို မုန္းနိုင္တယ္ ငါ့ကို ေသပါေစလို႔လည္း ဆုေတာင္းလို႔ရတယ္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားလည္း ရတယ္...ဒါေပမယ့္... ငါ့ကိုနမ္းတာမ်ိဳး ငါ့သိကၡာကိုေစာ္ကားတာမ်ိဳးေတာ့မလုပ္နဲ႕"
Jennieေျပာၿပီး ထိုင္ခ်ကာ ငိုလိုက္သည္
"ဟားးးး မင္းဘာလို႔ ငိုေနတာလည္း "
"နင္က ႏွလုံးသားမရွိတဲ့ မိန္းကေလးဘဲ...ဒီ accident ေၾကာင့္ ငါ ဘာမွမခံစားရဘဲ ေပ်ာ္ေနမယ္ထင္ေနတာလား တစ္စုံတစ္ေယာက္ကို သတ္မိၿပီဆိုတဲ့ စိတ္နဲ႕ ငါေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္မယ္ထင္ေနတာလား "
Jennieမွာ maskေရာ မ်က္မွန္ေရာျဖဳတ္ၿပီး ကေလးတစ္ေယာက္လိုထိုင္ငိုေနသည္
Jisooမွာ Jennieငိုတာကို ၾကည့္ၿပီး ေက်နပ္သလိုခံစားရေပမယ့္လည္း....စိတ္ထဲတစ္မ်ိဳးခံစားေနျပန္သည္
"ႏွလုံးသားမရွိတဲ့ မိန္းကေလးဟုတ္လား...ကေလးဆန္လိုက္တာ..."
Jisoo ေျပာရင္း ေဘးဘက္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္ေတာ့ Jennie အသံေၾကာင့္ သူမတို႔ရွိရာဆီလာေနတဲ့ သတင္းေထာက္တစ္ေယာက္ကို မလွမ္းမကမ္းကေနျမင္လိုက္ရသည္
ထို႔ေၾကာင့္ ထိုင္ငိုေနတဲ့ Jennie ကို Jisoo ဆြဲကာ သူမကားဆီေခၚသြားသည္
"Yah ဘာလုပ္တာလည္းလႊတ္..."
"မေအာ္နဲ႕ Jennie ပါးစပ္ပိတ္ထား သတင္းေထာက္ေတြ မိတာမခံခ်င္ရင္ ကားထဲအျမန္ဝင္..."
Jisoo ကားတံခါးကိုဆြဲဖြင့္ၿပီး Jennie ကို ကားထဲဝင္ခိုင္းသည္
ထို႔ေနာက္ Jisoo ကားေမာင္းကာ အေနာက္ဂိတ္ကေန သတင္းေထာက္ေတြနဲ႕ေဝးရာသို႔ ေမာင္းထြက္လာသည္
မေသခ်ာတဲ့ခံစားခ်က္ေတြေရာေထြးေနတာကို ရွင္းလင္းရင္း ပိုေရာေထြးလာတဲ့သူကို ျပပါဆို Jisooကိုဘဲ ျပရမည္....
Jennie Kimကို ဒုကၡေရာက္ေစခ်င္လို႔ သတင္းေထာက္ေတြကို သတင္းေပးၿပီးေခၚလာခဲ့တဲ့ Jisooက ယခု Jennie Kimကို သတင္းေထာက္ေတြ လက္ကေန ကယ္တင္ခဲ့ျပန္သည္
"ဆရာ....စုံစမ္းခိုင္းထားတဲ့ တစ္ေယာက္ကို သိရပါၿပီ..."
Jang Sukမွာ ေဂါက္ရိုက္ေနစဥ္ သူ႕တပည့္စကားေၾကာင့္ ေဂါက္ရိုက္ရာကရပ္လိုက္သည္
"သူ႕နာမည္က Kim Jisooပါ Jennie Kim ကားတိုက္မႈျဖစ္ခဲ့တဲ့ေနရာမွာ ေနပါတယ္တဲ့ ၿပီးေတာ့ အဲ့နားကလူေတြေျပာပုံအရ ကားတိုက္ခံရၿပီး ေသသြားတဲ့ေကာင္မေလးက Jisooရဲ႕ ရည္းစားပါတဲ့ အခု Jennieရဲ႕ သတင္းထြက္လာတာလည္း သူ႕ေၾကာင့္လို႔ေျပာပါတယ္ "
"အင္း သူက ဘာအလုပ္လုပ္တာလည္း '
"Law ေမဂ်ာေက်ာင္းၿပီးပါ....ၾကည့္ရတာ ေရွ႕ေနလုပ္မယ္ထင္ပါတယ္ဗ်ာ့ "
"ေရွ႕ေနလုပ္မယ္ဆိုေတာ့....Jennieကို တရားစြဲမွာေပါ့...."
Jang Suk စဥ္းစားရင္း Jennieကို ကာကြယ္ဖို႔....Jisooကို သတ္ပစ္ရန္ ေတြးမိသြားတယ္
"သူ ဘယ္မွာလည္း....ငါ့ဆီေခၚခဲ့....သူနဲ႕ေျပာစရာေတြရွိတယ္ "
တံတားေပၚမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ငါးေပအကြာေလာက္မွာခြာထိုင္ရင္း Jensoo ႏွစ္ေယာက္ စီးဆင္းေနတဲ့ျမစ္ေရေတြကို ၾကည့္ေနၾကသည္
"ဒီ accident ေၾကာင့္ ငါ ဘာမွမခံစားရဘဲ ေပ်ာ္ေနမယ္ထင္ေနတာလား တစ္စုံတစ္ေယာက္ကို သတ္မိၿပီဆိုတဲ့ စိတ္နဲ႕ ငါေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္မယ္ထင္ေနတာလား "
Jennieရဲ႕စကားကို Jisoo ျပန္ၾကားေယာင္ၿပီး ဟက္ခနဲရယ္လိုက္သည္
ထို႔ေနာက္ ထိုင္ရာက ထလိုက္ေတာ့ Jisooကို Jennie လွမ္းၾကည့္လိုက္သည္
"ဘယ္သြားမလို႔လည္း "
"မင္းနဲ႕ ဘာဆိုင္လို႔ေမးတာလည္း "
"နင္က ငါ့ကို ဒီေခၚလာတာေလ ျပန္ပို႔ေပးရမွာေပါ့ "
"ကားေပၚတက္...."
Jisoo ကားေပၚေရာက္ေတာ့ Jennie တစ္ခုခုကို သတိထားမိသြားၿပီး တိတ္ဆိတ္ေနသည္
ထို႔ေနာက္ Jisooက ဘာလို႔ သူမကို အရမ္းမုန္းေနရတာလည္း အရမ္းမုန္းေနတဲ့ သူမကို ျပႆနာေတြၾကားထားမသြားဘဲ ဘာလို႔ ကယ္တင္ခဲ့ရလည္းဆိုတာ Jennie တစ္လမ္းလုံးေတြးေနမိသည္
သတင္းေထာက္ေတြမရွိေတာ့တာ ေသခ်ာမွ Jisoo အေရွ႕ဂိတ္ေပါက္တြင္ ကားရပ္ေပးလိုက္သည္
Jennieလည္း ဘာမွမေျပာဘဲ ကားေပၚကဆင္းသြားေတာ့ Jisooလည္း လွည့္မၾကည့္ဘဲ ေမာင္းထြက္လာခဲ့သည္
အကယ္၍ Jisooသာ ကားမွန္ကေနတစ္ဆင့္ ၾကည့္ခဲ့ရင္...သူမကို ရပ္ၾကည့္ေနတဲ့ Jennieကို ေတြ႕ရမွာပါ....
"Kim Jisooတဲ့လား..."
ကားထဲဝင္ထိုင္တုံးက Jisooရဲ႕ လိုင္စင္ကို Jennie ေတြ႕ခဲ့တယ္ေလ....
ဒါေၾကာင့္မို႔ Jisooရဲ႕ နာမည္ကို Jennie မွတ္ထားျခင္း ျဖစ္သည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co