Part 5
#unicode
"ဟုတ်ပြီဗျာ့ Jennie shii ဒီဘက်လှည့်ပေးပါအုံး လက်ကို အပေါ်မြှောက်လိုက် perfect ...."
ကင်မရာ ဒါရိုက်တာပြောသလို Jennie Kim လှုပ်ရှားလိုက်သည်
ယခု သူမတို့ magazine တစ်ခုအတွက် ဓာတ်ပုံရိုက်ကူးနေကြတာလေ
"Good. ..ရိုက်ကူးရေးနားမယ်.. "
ကင်မရာဒါရိုက်တာရဲ့ စကားကြောင့် Chaeyoung တစ်ယောက် Jennieဆီရောက်လာသည်
ထိုင်ခုံတွင် ထိုင်နားနေတဲ့ Jennieကို Chaeyoung တဘတ်စောင်လေးခြုံပေးလိုက်သည်
"Chae. ..ငါ့ I padရော..."
"အာ ကားထဲမှာကျန်ခဲ့တယ်...ငါ သွားယူလိုက်မယ်လေ နော် နင်က အမောပြေရေသောက်လိုက်ပါအုံး "
ရေဘူးကို Jennie ဆီပေးပြီး Chaeyoung လှည့်ထွက်ဖို့လုပ်တော့ Jennieက Chaeyoungရဲ့ လက်ကို လှမ်းဆွဲသည်
"ငါ သွားယူလိုက်မယ် ကားထဲမှာယူစရာလည်းရှိလို့ "
Jennieမှာ ဖြူလျော့နေတဲ့ သူမနှုတ်ခမ်းတွေကို အားထည့်ပြီး ပြုံးပြကာ ပြောလိုက်သည်
"သေချာလို့လား နင့်ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုဘဲ ဗိုက်ဆာလို့လား "
Chaeyoung မေးတော့ Jennie သူမနဖူးကို လက်နဲ့စမ်းလိုက်မိသည်
"Oh my god ပူခြစ်နေတာဘဲ...ဒါကို Chaeyoung သိလို့ မဖြစ်ဘူး....ရိုက်ကူးရေးနားလိုက်ရင် တစ်ခြား ဝန်ထမ်းတွေပါ အလုပ်ရှုပ်ကုန်မယ် "
Jennie ပူခြစ်နေတဲ့ သူမနဖူးကို စမ်းရင်း တွေးလိုက်မိသည်
"ရ ရပါတယ် Chae ငါဘာမှမဖြစ်ဘူးရယ် သွားယူလိုက်အုံးမယ် "
Jennie ပြောပြီး I padယူဖို့ ရိုက်ကူးရေးလုပ်တဲ့ ဟိုတယ်ကနေ ထွက်လာခဲ့သည်
"ကျစ် မနေ့က ငါ ရေချိုးပြီး ခေါင်းသေချာမသုတ်မိတာ ခုဖျားပြီ...."
Jennie သူမကိုယ် သူမ အပြစ်တင်ရင်း ကားတံခါးဖွင့်လိုက်စဥ် အမြင်တွေ ဝေဝါးလို့လာတယ်
"Miss miss. ...သတိထားအုံး "
အော်သံတစ်သံကြောင့် Jennie မော့ကြည့်တော့ ဟိုတယ် အခန်းတစ်ခုရဲ့ ဝရန်တာမှ ရေပုံးတစ်ပုံး သူမပေါ်ပြုတ်ကျလာတာကို တွေ့လိုက်ရတယ်
သို့သော် Jennie ရှောင်ဖို့ အားအင်မရှိ....ရုတ်တရက် လဲကျသွားသည်
ထိုစဥ် ဟိုတယ်က ထွက်လာတဲ့ Lisaမှာ Jennie လဲကျသွားတာ မြင်တော့ အမြန်ပွေ့ထူလိုက်သည်
"ဒီမှာ...သတိထားပါအုံး "
သတိလစ်နေတဲ့ Jennieကို Lisa ဆေးရုံပို့လိုက်ဖို့ စဥ်းစားပြီး ပွေ့ချီကာ သူမကားထဲသို့ ထည့်လိုက်သည်
ကားနောက်ခန်းထဲက ပို့စရာမုန့်တွေကို Lisa တစ်ချက်လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်
"လောလောဆယ် သူ့အသက်က အရေးကြီးတယ် မုန့်တွေက နောက်မှလိုက်ပို့ပြီး တောင်းပန်လိုက်မယ် "
Lisa ရေရွတ်ပြိီး ကားစက်နှိုးလိုက်သည်
"Jisoo နင် ဘယ်မှာလည်း "
Lisa တစ်ယောက် Jennie ရှိနေတဲ့ ဆေးရုံခန်းရှေ့တွင် ရပ်ပြီး Jisooဆီ ဖုန်းခေါ်လိုက်သည်
"ငါ စာကြည့်တိုက်မှာ စာဖတ်နေတာ "
"ဆေးရုံကို လာခဲ့ပေးပါလား....ငါ lunch boxတစ်ချို့ ပို့စရာရှိလို့ "
"ဆေးရုံ ဟုတ်လား နင်က ဘာဖြစ်လို့ ဆေးရုံရောက်နေတာလည်း "
"ငါ လိပ်စာပို့လိုက်မယ် မြန်မြန်လာခဲ့ ဒါဆို ဘာလို့ ငါ ဆေးရုံရောက်နေလည်းဆိုတာ သိရမယ် မြန်မြန်လာနော် အချိန်မရှိဘူး "
"ကောင်းပြီ ငါလာခဲ့မယ် "
Jisooလည်း Lisaကို စိတ်ပူပြီး ဖတ်လက်စစာအုပ်ကို ပိတ်ကာ ကျောပိုးအိတ်ကို ကောက်လွယ်ပြီး စာကြည့်တိုက်က ထွက်လာသည်
"Kim Jisoo. ..."
Jisoo သူမကားနားရောက်သောအခါ ယောက်ျားတစ်ယောက်က သူမကားအနောက်ကနေ ရုတ်တရက်ထွက်ပေါ်လာသည်
"စကားပြောရအောင် "
Jisoo သူမနာမည်ခေါ်တဲ့ ယောက်ျားကို အကဲခတ်နေသည်
တစ်ခါမှ သူ့ကိုမမြင်ဖူးသလို သူ့ဘေးနားက ဝန်းရံနေတဲ့ လူတစ်ချို့ကြောင့် Jisoo သံသယနည်းနည်းဝင်လာမိသည်
"ဘာပြောစရာရှိလို့လည်း "
"ငါနဲ့စကားပြောမယ်ဆို မင်း ရည်းစား သေဆုံးရခြင်းအတွက် တရားမျှတမှုရလိမ့်မယ် "
ထိုယောက်ျားရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်လိုက်သည်
ဒီကားမတော်တဆမှုအကြောင်း သိတာ သူမနဲ့ Jennieဘဲ ရှိတာလေ Jennieကလည်း ပြောပြမယ့်သူမဟုတ်တာ ဒီယောက်ျားဘယ်လိုသိတာလည်း
"Sorry ကျွန်မ သွားစရာလေးရှိလို့ "
"ရပါတယ် အကယ်၍ တစ်ချိန်ချိန်မှာ မင်းတစ်ခုခုကို သိချင်ရင် ငါ့ကိုလာရှာပါ.... ဒီစကားက မင်းနဲ့ငါ့အတွက် လျို့ဝှက်ချက်နော် "
Jisoo ထိုယောက်ျားကမ်းပေးတဲ့ ကတ်ကိုယူကြည့်တော့ ဖုန်းနံပါတ်နဲ့လိပ်စာသာရေးထားသည်
"ကျွန်မကို နာမည်တောင်ပေးသိဖို့ မယုံတဲ့ သူကို ကျွန်မကလည်း ယုံကြည်ပြီး လိုက်ရှာရမှာလား "
Jisooပြောတော့ ထိုယောက်ျားမှာ ရယ်လိုက်သည်
"ငါ့ကို လာရှာရင် ငါဘယ်သူလည်းဆိုတာ မင်းသိမှာပါ Kim Jisoo လာရှာဖို့ မျှော်လင့်ပါတယ် see ya. .."
Jisooရဲ့ ပခုံးကို ပုတ်ပြီး ထိုယောက်ျားက ထွက်သွားတော့ Jisooလည်း ကားထဲဝင်လိုက်သည်
Lisaဆီက message ဝင်လာတော့ ဖွင့်ကြည့်ပြီး ဆေးရုံကိုသွားဖို့ Jisoo ကားစက်နှိုးလိုက်သည်
"သူ့နောက်ကို ထပ်ကြပ်မခွာ လိုက်ပြီး သူဘာလုပ်တယ်ဆိုတာ အမြဲသတင်းပို့ပေး ကြားလား "
"ဟုတ် boss "
Jang Suk မှာ Jisooကို ကြည့်ပြီး သူ့တပည့်တွေကို အမိန့်ပေးလိုက်သည်
Lisaမှာ ဖုန်းထဲကရုပ်ရှင်ကြည့်ရင်း Jisoo ရောက်လာမယ့်အချိန်ကို Jennie ရှိတဲ့အခန်းထဲက စောင့်နေသည်
"ရေ...ရေဆာတယ် "
Jennie သတိရလာပြီး ရေတောင်းနေတဲ့အတွက် Lisa သူ့ဖုန်းကိုချလိုက်သည်
"သတိရလာပြီလား "
Lisa ရေခွက်ကို Jennieဆီ ကမ်းပေးလိုက်သည်
ရေအငမ်းမရသောက်နေတဲ့ Jennie ကို Jisoo ပြောဖူးသလို ဆိုးသွမ်းတဲ့ မိန်းကလေးလားလို့ Lisa ကြည့်ရင်း အကဲခတ်နေမိသည်
"ထပ်ပေးပါအုံး "
"Ok. ..."
Jennie ရေသောက်လို့ဝတော့ တစ်ခန်းလုံးကိုဝေ့ကြည့်မိသည်
"ကျွန်မ ဘယ်ရောက်နေတာလည်းဟင် "
"ဟိုတယ်ရှေ့မှာ သတိလစ်သွားလို့ ဟိုတယ်နားက ဆေးရုံကိုခေါ်လာတာ "
Jennie တစ်ချက်ပြန်တွေးပြီး သတိရသွားဟန်ပေါ်သည်
"အာ....ဒါနဲ့ ကျွန်မဖုန်းရောဟင် "
"အဲ့တာတော့ မသိဘူး ငါက မင်းကိုဘဲ ခေါ်လာတာ "
"ဟိုလေ စိတ်မရှိရင် ကျွန်မ ဖုန်း တစ်callလောက်ခေါ်လို့ရလားဟင် "
"ရပါတယ် ရော့ "
Jennie မှာ Lisa ဖုန်းကိုယူပြီး Chaeyoung ဆီ ဖုန်းခေါ်လေသည်
"Hello "
"Chaeyoung ငါပါ Jennie "
Chaeyoung နဲ့ဖုန်းပြောနေတဲ့ Jennieကို Lisa အကဲခတ်ရင်း Jisoo ပြောပြခဲ့သလို ဆိုးရွားနေတဲ့ မိန်းကလေးမဟုတ်မှန်း Lisa ပိုသိလာတယ်
ကားတိုက်မှုမှာ မတော်တဆမှုဖြစ်နိုင်သလို နောက်ကွယ်မှာ တစ်ခုခုရှိနိုင်လို့ဆိုတာ Lisa တွေးကြည့်နေမိသည်
"ဟိုလေ ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်... ဒီကတစ်ယောက် နာမည်က "
Lisaမှာ Jennie ပြန်ပေးတဲ့ သူ့ဖုန်းကို ယူလိုက်ရင်း
"Lisa ပါ... "
"ကျွန်မ နာမည်ကိုရော မမေးတော့ဘူးလား "
Lisaက သူ့နာမည်ဖြေပြီး ဘာမှဆက်မပြောလို့ Jennie မေးလိုက်သည်
"Jennie Kimလေ....နာမည်ကျော်စူပါစတားကို မသိတဲ့သူက ရူးနေလို့ဘဲကို "
Lisaရဲ့ စကားကြောင့် Jennie ရယ်လိုက်သည်
"ကျေးဇူးတင်ပါတယ် Lisa shii .."
"ရပါတယ်....အော် ဒါနဲ့ ငါ့အိမ်က စားသောက်ဆိုင် ဖွင့်ထားတာလေ အဲ့တာ Lunch box လိုက်ပို့ရမှာမို့ ငါ့အစား မင်းကို Chaeyoungဆိုလား သူမလာခင်အထိ စောင့်ပေးမယ့်သူခေါ်ထားတယ်သိလား "
"ဟင်..."
"သူက စိတ်ချရပါတယ် စိတ်မပူပါနဲ့ "
Jennieနဲ့ စကားပြောရင်း အခန်းတံခါး ဟသွားတာကို Lisa သတိထားမိသွားသည်
"Jisoo ရောက်လာပြီဘဲ "
Lisa စိတ်ထဲကနေတွေးလိုက်သည်
"ခဏနော် "
Lisa ပြောပြီး ဆေးရုံအခန်းထဲက ထွက်လာသည်
"Jisoo ဘယ်လှည့်ပြန်မလို့လည်း "
"ငါ့ကိုခေါ်တာ သူ့ကြောင့်လား Lisa "
"သူက ဟိုတယ်ရှေ့ သတိမေ့သွားလို့....ငါ ဒီခေါ်လာတာ...လုပ်စမ်းပါ နင်ကလည်း.... "
"ပြီးရောဟာ..."
"သူ့ သူငယ်ချင်း Chaeyoungရောက်လာလိမ့်မယ် အဲ့မတိုင်ခင်ထိ စောင့်ကြည့်ထားပေး ငါလည်း lunch box ပို့စရာရှိလို့ သွားလိုက်အုံးမယ် "
Lisa ထွက်သွားတော့ Jisoo သက်ပြင်းချပြီး အခန်းတံခါး ဆွဲဖွင့်တော့ ကုတင်ပေါ်က ပြုတ်ကျနေတဲ့ Jennieကို တွေ့လိုက်ရလေသည်
"ဟူး "
Jisoo သက်ပြင်းချပြီး Jennieကိုပွေ့ချီလိုက်သည်
Jennie ကတော့ မှောက်ရက်ပြုတ်ကျနေတာမို့ Lisaထင်ပြီး ကျေးဇူးတင်စကားပြောဖို့လုပ်ပေမယ့်....
"ရှင်..."
အသည်းပုံနှုတ်ခမ်းနဲ့ သူမကို မဲ့ပြုံးပြုံးပြနေတဲ့ Jisooကြောင့် နှလုံးခုန်နှုန်းမြန်လာသည်
#Tbc
#zawgyi
"ဟုတ္ၿပီဗ်ာ့ Jennie shii ဒီဘက္လွည့္ေပးပါအုံး လက္ကို အေပၚျမႇောက္လိုက္ perfect ...."
ကင္မရာ ဒါရိုက္တာေျပာသလို Jennie Kim လႈပ္ရွားလိုက္သည္
ယခု သူမတို႔ magazine တစ္ခုအတြက္ ဓာတ္ပုံရိုက္ကူးေနၾကတာေလ
"Good. ..ရိုက္ကူးေရးနားမယ္.. "
ကင္မရာဒါရိုက္တာရဲ႕ စကားေၾကာင့္ Chaeyoung တစ္ေယာက္ Jennieဆီေရာက္လာသည္
ထိုင္ခုံတြင္ ထိုင္နားေနတဲ့ Jennieကို Chaeyoung တဘတ္ေစာင္ေလးၿခဳံေပးလိုက္သည္
"Chae. ..ငါ့ I padေရာ..."
"အာ ကားထဲမွာက်န္ခဲ့တယ္...ငါ သြားယူလိုက္မယ္ေလ ေနာ္ နင္က အေမာေျပေရေသာက္လိုက္ပါအုံး "
ေရဘူးကို Jennie ဆီေပးၿပီး Chaeyoung လွည့္ထြက္ဖို႔လုပ္ေတာ့ Jennieက Chaeyoungရဲ႕ လက္ကို လွမ္းဆြဲသည္
"ငါ သြားယူလိုက္မယ္ ကားထဲမွာယူစရာလည္းရွိလို႔ "
Jennieမွာ ျဖဴေလ်ာ့ေနတဲ့ သူမႏႈတ္ခမ္းေတြကို အားထည့္ၿပီး ၿပဳံးျပကာ ေျပာလိုက္သည္
"ေသခ်ာလို႔လား နင့္ၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုဘဲ ဗိုက္ဆာလို႔လား "
Chaeyoung ေမးေတာ့ Jennie သူမနဖူးကို လက္နဲ႕စမ္းလိုက္မိသည္
"Oh my god ပူျခစ္ေနတာဘဲ...ဒါကို Chaeyoung သိလို႔ မျဖစ္ဘူး....ရိုက္ကူးေရးနားလိုက္ရင္ တစ္ျခား ဝန္ထမ္းေတြပါ အလုပ္ရႈပ္ကုန္မယ္ "
Jennie ပူျခစ္ေနတဲ့ သူမနဖူးကို စမ္းရင္း ေတြးလိုက္မိသည္
"ရ ရပါတယ္ Chae ငါဘာမွမျဖစ္ဘူးရယ္ သြားယူလိုက္အုံးမယ္ "
Jennie ေျပာၿပီး I padယူဖို႔ ရိုက္ကူးေရးလုပ္တဲ့ ဟိုတယ္ကေန ထြက္လာခဲ့သည္
"က်စ္ မေန႕က ငါ ေရခ်ိဳးၿပီး ေခါင္းေသခ်ာမသုတ္မိတာ ခုဖ်ားၿပီ...."
Jennie သူမကိုယ္ သူမ အျပစ္တင္ရင္း ကားတံခါးဖြင့္လိုက္စဥ္ အျမင္ေတြ ေဝဝါးလို႔လာတယ္
"Miss miss. ...သတိထားအုံး "
ေအာ္သံတစ္သံေၾကာင့္ Jennie ေမာ့ၾကည့္ေတာ့ ဟိုတယ္ အခန္းတစ္ခုရဲ႕ ဝရန္တာမွ ေရပုံးတစ္ပုံး သူမေပၚျပဳတ္က်လာတာကို ေတြ႕လိုက္ရတယ္
သို႔ေသာ္ Jennie ေရွာင္ဖို႔ အားအင္မရွိ....႐ုတ္တရက္ လဲက်သြားသည္
ထိုစဥ္ ဟိုတယ္က ထြက္လာတဲ့ Lisaမွာ Jennie လဲက်သြားတာ ျမင္ေတာ့ အျမန္ေပြ႕ထူလိုက္သည္
"ဒီမွာ...သတိထားပါအုံး "
သတိလစ္ေနတဲ့ Jennieကို Lisa ေဆး႐ုံပို႔လိုက္ဖို႔ စဥ္းစားၿပီး ေပြ႕ခ်ီကာ သူမကားထဲသို႔ ထည့္လိုက္သည္
ကားေနာက္ခန္းထဲက ပို႔စရာမုန့္ေတြကို Lisa တစ္ခ်က္လွည့္ၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္
"ေလာေလာဆယ္ သူ႕အသက္က အေရးႀကီးတယ္ မုန့္ေတြက ေနာက္မွလိုက္ပို႔ၿပီး ေတာင္းပန္လိုက္မယ္ "
Lisa ရေရွတ်ပြိီး ကားစက္ႏွိုးလိုက္သည္
"Jisoo နင္ ဘယ္မွာလည္း "
Lisa တစ္ေယာက္ Jennie ရွိေနတဲ့ ေဆး႐ုံခန္းေရွ႕တြင္ ရပ္ၿပီး Jisooဆီ ဖုန္းေခၚလိုက္သည္
"ငါ စာၾကည့္တိုက္မွာ စာဖတ္ေနတာ "
"ေဆး႐ုံကို လာခဲ့ေပးပါလား....ငါ lunch boxတစ္ခ်ိဳ႕ ပို႔စရာရွိလို႔ "
"ေဆး႐ုံ ဟုတ္လား နင္က ဘာျဖစ္လို႔ ေဆး႐ုံေရာက္ေနတာလည္း "
"ငါ လိပ္စာပို႔လိုက္မယ္ ျမန္ျမန္လာခဲ့ ဒါဆို ဘာလို႔ ငါ ေဆး႐ုံေရာက္ေနလည္းဆိုတာ သိရမယ္ ျမန္ျမန္လာေနာ္ အခ်ိန္မရွိဘူး "
"ေကာင္းၿပီ ငါလာခဲ့မယ္ "
Jisooလည္း Lisaကို စိတ္ပူၿပီး ဖတ္လက္စစာအုပ္ကို ပိတ္ကာ ေက်ာပိုးအိတ္ကို ေကာက္လြယ္ၿပီး စာၾကည့္တိုက္က ထြက္လာသည္
"Kim Jisoo. ..."
Jisoo သူမကားနားေရာက္ေသာအခါ ေယာက္်ားတစ္ေယာက္က သူမကားအေနာက္ကေန ႐ုတ္တရက္ထြက္ေပၚလာသည္
"စကားေျပာရေအာင္ "
Jisoo သူမနာမည္ေခၚတဲ့ ေယာက္်ားကို အကဲခတ္ေနသည္
တစ္ခါမွ သူ႕ကိုမျမင္ဖူးသလို သူ႕ေဘးနားက ဝန္းရံေနတဲ့ လူတစ္ခ်ိဳ႕ေၾကာင့္ Jisoo သံသယနည္းနည္းဝင္လာမိသည္
"ဘာေျပာစရာရွိလို႔လည္း "
"ငါနဲ႕စကားေျပာမယ္ဆို မင္း ရည္းစား ေသဆုံးရျခင္းအတြက္ တရားမွ်တမႈရလိမ့္မယ္ "
ထိုေယာက္်ားရဲ႕ စကားေၾကာင့္ Jisoo မ်က္ေမွာင္ၾကဳတ္လိုက္သည္
ဒီကားမေတာ္တဆမႈအေၾကာင္း သိတာ သူမနဲ႕ Jennieဘဲ ရွိတာေလ Jennieကလည္း ေျပာျပမယ့္သူမဟုတ္တာ ဒီေယာက္်ားဘယ္လိုသိတာလည္း
"Sorry ကြၽန္မ သြားစရာေလးရွိလို႔ "
"ရပါတယ္ အကယ္၍ တစ္ခ်ိန္ခ်ိန္မွာ မင္းတစ္ခုခုကို သိခ်င္ရင္ ငါ့ကိုလာရွာပါ.... ဒီစကားက မင္းနဲ႕ငါ့အတြက္ လ်ိဳ႕ဝွက္ခ်က္ေနာ္ "
Jisoo ထိုေယာက္်ားကမ္းေပးတဲ့ ကတ္ကိုယူၾကည့္ေတာ့ ဖုန္းနံပါတ္နဲ႕လိပ္စာသာေရးထားသည္
"ကြၽန္မကို နာမည္ေတာင္ေပးသိဖို႔ မယုံတဲ့ သူကို ကြၽန္မကလည္း ယုံၾကည္ၿပီး လိုက္ရွာရမွာလား "
Jisooေျပာေတာ့ ထိုေယာက္်ားမွာ ရယ္လိုက္သည္
"ငါ့ကို လာရွာရင္ ငါဘယ္သူလည္းဆိုတာ မင္းသိမွာပါ Kim Jisoo လာရွာဖို႔ ေမွ်ာ္လင့္ပါတယ္ see ya. .."
Jisooရဲ႕ ပခုံးကို ပုတ္ၿပီး ထိုေယာက္်ားက ထြက္သြားေတာ့ Jisooလည္း ကားထဲဝင္လိုက္သည္
Lisaဆီက message ဝင္လာေတာ့ ဖြင့္ၾကည့္ၿပီး ေဆး႐ုံကိုသြားဖို႔ Jisoo ကားစက္ႏွိုးလိုက္သည္
"သူ႕ေနာက္ကို ထပ္ၾကပ္မခြာ လိုက္ၿပီး သူဘာလုပ္တယ္ဆိုတာ အၿမဲသတင္းပို႔ေပး ၾကားလား "
"ဟုတ္ boss "
Jang Suk မွာ Jisooကို ၾကည့္ၿပီး သူ႕တပည့္ေတြကို အမိန့္ေပးလိုက္သည္
Lisaမွာ ဖုန္းထဲက႐ုပ္ရွင္ၾကည့္ရင္း Jisoo ေရာက္လာမယ့္အခ်ိန္ကို Jennie ရွိတဲ့အခန္းထဲက ေစာင့္ေနသည္
"ေရ...ေရဆာတယ္ "
Jennie သတိရလာၿပီး ေရေတာင္းေနတဲ့အတြက္ Lisa သူ႕ဖုန္းကိုခ်လိဳက္သည္
"သတိရလာၿပီလား "
Lisa ေရခြက္ကို Jennieဆီ ကမ္းေပးလိုက္သည္
ေရအငမ္းမရေသာက္ေနတဲ့ Jennie ကို Jisoo ေျပာဖူးသလို ဆိုးသြမ္းတဲ့ မိန္းကေလးလားလို႔ Lisa ၾကည့္ရင္း အကဲခတ္ေနမိသည္
"ထပ္ေပးပါအုံး "
"Ok. ..."
Jennie ေရေသာက္လို႔ဝေတာ့ တစ္ခန္းလုံးကိုေဝ့ၾကည့္မိသည္
"ကြၽန္မ ဘယ္ေရာက္ေနတာလည္းဟင္ "
"ဟိုတယ္ေရွ႕မွာ သတိလစ္သြားလို႔ ဟိုတယ္နားက ေဆး႐ုံကိုေခၚလာတာ "
Jennie တစ္ခ်က္ျပန္ေတြးၿပီး သတိရသြားဟန္ေပၚသည္
"အာ....ဒါနဲ႕ ကြၽန္မဖုန္းေရာဟင္ "
"အဲ့တာေတာ့ မသိဘူး ငါက မင္းကိုဘဲ ေခၚလာတာ "
"ဟိုေလ စိတ္မရွိရင္ ကြၽန္မ ဖုန္း တစ္callေလာက္ေခၚလို႔ရလားဟင္ "
"ရပါတယ္ ေရာ့ "
Jennie မွာ Lisa ဖုန္းကိုယူၿပီး Chaeyoung ဆီ ဖုန္းေခၚေလသည္
"Hello "
"Chaeyoung ငါပါ Jennie "
Chaeyoung နဲ႕ဖုန္းေျပာေနတဲ့ Jennieကို Lisa အကဲခတ္ရင္း Jisoo ေျပာျပခဲ့သလို ဆိုး႐ြားေနတဲ့ မိန္းကေလးမဟုတ္မွန္း Lisa ပိုသိလာတယ္
ကားတိုက္မႈမွာ မေတာ္တဆမႈျဖစ္နိုင္သလို ေနာက္ကြယ္မွာ တစ္ခုခုရွိနိုင္လို႔ဆိုတာ Lisa ေတြးၾကည့္ေနမိသည္
"ဟိုေလ ကူညီေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္... ဒီကတစ္ေယာက္ နာမည္က "
Lisaမွာ Jennie ျပန္ေပးတဲ့ သူ႕ဖုန္းကို ယူလိုက္ရင္း
"Lisa ပါ... "
"ကြၽန္မ နာမည္ကိုေရာ မေမးေတာ့ဘူးလား "
Lisaက သူ႕နာမည္ေျဖၿပီး ဘာမွဆက္မေျပာလို႔ Jennie ေမးလိုက္သည္
"Jennie Kimေလ....နာမည္ေက်ာ္စူပါစတားကို မသိတဲ့သူက ႐ူးေနလို႔ဘဲကို "
Lisaရဲ႕ စကားေၾကာင့္ Jennie ရယ္လိုက္သည္
"ေက်းဇူးတင္ပါတယ္ Lisa shii .."
"ရပါတယ္....ေအာ္ ဒါနဲ႕ ငါ့အိမ္က စားေသာက္ဆိုင္ ဖြင့္ထားတာေလ အဲ့တာ Lunch box လိုက္ပို႔ရမွာမို႔ ငါ့အစား မင္းကို Chaeyoungဆိုလား သူမလာခင္အထိ ေစာင့္ေပးမယ့္သူေခၚထားတယ္သိလား "
"ဟင္..."
"သူက စိတ္ခ်ရပါတယ္ စိတ္မပူပါနဲ႕ "
Jennieနဲ႕ စကားေျပာရင္း အခန္းတံခါး ဟသြားတာကို Lisa သတိထားမိသြားသည္
"Jisoo ေရာက္လာၿပီဘဲ "
Lisa စိတ္ထဲကေနေတြးလိုက္သည္
"ခဏေနာ္ "
Lisa ေျပာၿပီး ေဆး႐ုံအခန္းထဲက ထြက္လာသည္
"Jisoo ဘယ္လွည့္ျပန္မလို႔လည္း "
"ငါ့ကိုေခၚတာ သူ႕ေၾကာင့္လား Lisa "
"သူက ဟိုတယ္ေရွ႕ သတိေမ့သြားလို႔....ငါ ဒီေခၚလာတာ...လုပ္စမ္းပါ နင္ကလည္း.... "
"ၿပီးေရာဟာ..."
"သူ႕ သူငယ္ခ်င္း Chaeyoungေရာက္လာလိမ့္မယ္ အဲ့မတိုင္ခင္ထိ ေစာင့္ၾကည့္ထားေပး ငါလည္း lunch box ပို႔စရာရွိလို႔ သြားလိုက္အုံးမယ္ "
Lisa ထြက္သြားေတာ့ Jisoo သက္ျပင္းခ်ၿပီး အခန္းတံခါး ဆြဲဖြင့္ေတာ့ ကုတင္ေပၚက ျပဳတ္က်ေနတဲ့ Jennieကို ေတြ႕လိုက္ရေလသည္
"ဟူး "
Jisoo သက္ျပင္းခ်ၿပီး Jennieကိုေပြ႕ခ်ီလိုက္သည္
Jennie ကေတာ့ ေမွာက္ရက္ျပဳတ္က်ေနတာမို႔ Lisaထင္ၿပီး ေက်းဇူးတင္စကားေျပာဖို႔လုပ္ေပမယ့္....
"ရွင္..."
အသည္းပုံႏႈတ္ခမ္းနဲ႕ သူမကို မဲ့ၿပဳံးၿပဳံးျပေနတဲ့ Jisooေၾကာင့္ ႏွလုံးခုန္ႏႈန္းျမန္လာသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co