Part 6
#unicode
"ဘာလို့ ငါ့ကို ဒီလောက် ငေးကြည့်နေရတာလည်း အရမ်း သဘောကျနေတာလား "
Jennieကို ပွေ့ချီထားတဲ့ Jisooမှာ သူမကို မျက်တောင်မခတ်ဘဲ ကြည့်နေတာကို သတိထားမိပြီး မေးလိုက်သည်
ထိုအခါမှ Jennie ခေါင်းအမြန်ခါယမ်းလိုက်ပြီး Jisooပေါ်က ဆင်းလိုက်သည်
Lisa ပြောတဲ့ သူငယ်ချင်းဆိုတဲ့တစ်ယောက်က သူလား
Jennie သူမကိုယ်သူမ စိတ်ထဲကနေ ပြန်မေးရင်း အခန်းတံခါးဘက်ကိုသွားလိုက်သည်
Jisooလည်း အပြင်ဘက်ထွက်တော့မယ့် Jennieရဲ့ လက်ကိုအမြန်ဆွဲကိုင်လိုက်သည်
"ဘယ်သွားမလို့လည်း "
Jisoo မေးတာကို Jennie မဖြေဘဲ လက်ကိုဖြုတ်ချပေမယ့် Jisooမှာ Jennieရဲ့ လက်ကောက်ဝက် ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်
"လွှတ်..."
"ဘယ်သွားမယ်ဆိုတာ မပြောမချင်း ငါမလွှတ်ပေးဘူး တစ်ညလုံး ဒီတိုင်းနေချင်နေ "
"ဟာ အိမ်သာသွားမလို့ပါဆို "
Jennie ပြောပြီး Jisooရဲ့ လက်ကို ဖြုတ်ချကာ အခန်းအပြင်ဘက်က အိမ်သာဘက်သို့ပြေးသွားသည်
"ဒီအခန်းထဲမှာလည်း အိမ်သာရှိရက်နဲ့ကို "
Jisooမှာ အခန်းထဲက အိမ်သာအခန်းလေးကိုကြည့်ပြီး ပြောလိုက်သည်
ထို့နောက် Jennieနောက်သို့ လိုက်သွားပြီး အိမ်သာရှေ့တွင် ရပ်စောင့်နေသည်
Jennieမှာ နီရဲနေတဲ့ သူမမျက်နှာကို မှန်ထဲတွင်ကြည့်ပြီး သူမကိုယ်သူမ သတိပေးနေသည်
"သူက နင့်ကိုမုန်းနေတာ Jennie သူက နင့်ကိုမုန်းနေတာ သတိထားစမ်း ဘာလို့ မျက်နှာက နီရဲနေရတာလည်း "
Jennieမှာ လက်ဆေးကန်ကရေပိုက်ကိုဖွင့်ပြီး မျက်နှာသစ်ချလိုက်သည်
"ငါက သူ့ကို မုန်းနေတာပါ တစ်ခြား ဘာခံစားချက်မှ မရှိဘူးရယ် "
Jisoo ကလည်း သန့်စင်ခန်းရှေ့ရပ်နေရင်း သူမစိတ်ထဲက ခံစားချက်တစ်ချို့ကို အဝေးသို့ပယ်ထုတ်ဖို့ ကြိုးစားနေသည်
Jennie မျက်နှာကို အကြိမ်ကြိမ် ရေနဲ့သစ်ချနေစဥ် Jisooအသံနဲ့အတူ တံခါးခေါက်သံကိုပါကြားလိုက်ရသည်
"ပြီးပြီလား....ဟေး "
Jennieမှာ Jisooကို လျစ်လျူရှုလိုက်ပြီး မျက်နှာဆက်သစ်နေသည်
"မြန်မြန်တံခါးဖွင့်ဟ "
တံခါးကိုဆက်တိုက်ထုရိုက်နေသောကြောင့် Jennieလည်း လော့ချထားတဲ့ သန့်စင်ခန်းတံခါးကိုဖွင့်ပေးလိုက်ရသည်
"Yah. .."
Jisoo သန့်စင်ခန်းတံခါးပွင့်လာလာချင်း အထဲကိုဝင်လာပြီး Jennieကို အော်လေသည်
"မင်း မျက်နှာက ရေတွေတအားစိုနေတာ ဘာဖြစ်တာလည်း မျက်နှာတစ်ခုတည်း မိုးကွက်ရွာသွားတာလား "
"ပူလို့ မျက်နှာသစ်တာလေ ဘာဖြစ်လို့ တံခါးကိုဇွတ်ခေါက်နေတာလည်း "
"အသက်ရှင်ရက် ဒီကထွက်ချင်ရင် လာ အမြန်အခန်းကိုသွားပြီး အဝတ်လဲရမယ် "
Jisoo ပြောပြီး Jennieလက်ကို ဆောင့်ဆွဲကာ ဆေးရုံအခန်းဘက်သို့သွားလေသည်
"အမြန်လဲနော် "
Jisoo ပြောပြီး Jennie အဝတ်လဲဖို့ အခန်းရှေ့တွင် ရပ်ပြီးစောင့်ပေးနေသည်
Jennie အဝတ်အစားလဲပြီး အခန်းထဲကထွက်လာတာနဲ့ Jisooမှာ Jennieကို ခြေဆုံးခေါင်းအုံးကြည့်ကာ
"မင့်အဝတ်အစားကြီးက ဘယ်လိုကြီးလည်း "
"ရိုက်ကူးရေးလုပ်ရင်း ဒီရောက်လာတာလေ ဘာဖြစ်လို့ အဝတ်အစားလဲခိုင်းရတာလည်း "
"မင်း အိမ်သာထဲဝင်သွားတာကို တစ်ယောက်ယောက်က မြင်သွားတယ် ဒါမို့ သတင်းထောက်တွေရောက်မလာခင် အမြန်သွားရအောင် Exit ဘက်ကထွက်ကြမယ် ဒါမှအဆင်ပြေမှာ "
Jennieလည်း Jisoo နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်သွားသည်
ကားပေါ်ရောက်သောအခါ Jisooမှာ ကားခါးပတ်ကို ပတ်ရင်း Jennieကို ကြည့်လိုက်သည်
"ငါ သက်သေရှာတွေ့တဲ့အခါ ဒီကားတိုက်မှုက မတော်တဆမှု ဟုတ်ပါတယ်ဆိုပြီး မင်းထပ်ငြင်းနေအုံးမလား Jennie "
Jisooရဲ့စကားကြောင့် Jennie ခါးပတ်ပတ်နေရာက ရပ်သွားတယ်
"မတော်တဆမှုပါဆို ဘာသက်သေတွေရှာအုံးမလို့လည်း "
Jennie ခါးပတ်ဆက်မပတ်တော့ဘဲ Jisooကို ကြည့်ပြီး မေးလိုက်သည်
"ငါ ယုံမယ်လို့ထင်နေတာလား "
"မထင်ပါဘူး နင်မယုံဘူးဆိုတာ ငါသိတယ်လေ "
"ဒါဆို ဘာလို့လည်း ဘာလို့လည်း....ဘာကြောင့်လည်း "
Jennie ရဲ့ လက်မောင်းနှစ်ဖက်ကို ဆောင့်ဆွဲညှစ်ပြီး Jisooမေးလိုက်သည်
"Jisoo ငါနာတယ်....တော်တော့ Stop it "
"ငါမေးတာဖြေစမ်းပါ "
Jisooမှာ ဒေါသတွေထိန်းမရတော့ဘဲ Jennieရဲ့ လက်မောင်းကို တအားဆွဲညှစ်လေသည်
Jennieမှာ Jisooကိုဆောင့်တွန်းပြီး ကားပေါ်ကဆင်းပြေးပေမယ့် Jisooမှာ Jennieနောက်ကို လိုက်လာပြီး Jennie လက်ကိုဆောင့်ဆွဲလိုက်သည်
ဖြန်း!
Jennieမှာ သူမလက်ကိုဆောင့်ဆွဲတဲ့ Jisooရဲ့ မျက်နှာကို လက်ဖြင့် ရိုက်ချလိုက်သည်
"နားထောင် Jisoo နင်ကလည်း ငါ့လိုဘဲ....နင်က ငါ့ကို ရက်စက်တယ် တစ်ကိုယ်ကောင်းဆန်တယ်လို့တွေးတယ်မလား အေး နင်လည်းအတူတူဘဲ မရှိတဲ့သက်သေရှာပြီး မဟုတ်တဲ့အရာကို ဖန်တီးချင်နေတာ "
"ဘာလို့မရှိရမှာလည်း နင်က Bonaကို သတ်လိုက်တာလေ "
Jisoo ပြောရင်း သူမကောင်မလေးကို သတိရလာပြီး Jennieရဲ့ လည်ပင်းကို ညှစ်ဖို့ကြိုးစားလေသည်
"Yah Kim Jisoo..... "
Jisooကို စိတ်မချလို့ Delivery ပို့ပြီးတာနဲ့ ဆေးရုံကိုချက်ချင်းလာတဲ့ Lisaမှာ ကားပါကင်တွင် Jennieကို လည်ပင်းညှစ်နေတဲ့ Jisooကို မြင်ပြီး အရမ်းလန့်သွားတယ်
Lisaမှာ Jisoo ကိုဆောင့်တွန်းချလိုက်သည်
"ဘာလုပ်တာလည်း..... ကားပါကင်မှာ ဘယ်သူမှမရှိလို့တော်သေးတယ် နင်ရူးနေတာလား "
"ဟုတ်တယ် ငါ ရူးနေတာ Lisa သူ့ကိုသတ်မှဖြစ်မယ်"
"ကျစ် နင်သူ့ကိုသတ်လိုက်လည်း နင့် ကောင်မလေး က အသက်ပြန်ရှင်လာမှာမဟုတ်ဘူး Jisoo "
"ကောင်မလေး....ဒါဆို Jisooက မိန်းကလေးချင်း....သဘောကျတဲ့သူပေါ့ "
Lisaရဲ့ စကားကြောင့် Jennieမှာ အံ့သြနေသည်
"နင် Jennieကို သတ်လိုက်ပြီး လူသတ်သမားဖြစ်သွားမှာကို သူကသဘောကျမယ်ထင်နေတာလား Bonaက ကောင်းကင်ဘုံကနေ သဘောကျမယ်ထင်နေတာလား Jisoo "
"တောက်....ထွက်သွား ..."
Jisoo လဲကျရာကထရပ်ပြီး Jennieကို စိုက်ကြည့်ကာပြောလိုက်သည်
"တောင်းပန်ပါတယ် Jisoo "
"ထွက်သွားလို့ ငါပြောနေတယ်လေ ငါ့မြင်ကွင်းရှေ့ကပျောက်ပေးစမ်းပါ Jennie "
"နင်ဖြစ်စေချင်တဲ့အတိုင်း ငါထွက်သွားပေးပါမယ် တောင်းပန်ပါတယ်... "
Jennie တောင်းပန်စကားပြောပြီး ကားပါကင်ကနေပြေးထွက်သွားတော့ Lisaမှာ သက်ပြင်းသာချနိုင်သည်
Jennieရော Jisooရောက သနားစရာအလွန်ကောင်းနေတဲ့သူတွေ ဖြစ်နေတော့ Lisa သက်ပြင်းအထပ်ထပ်ချပြီး Jisoo ပခုံးကိုကိုင်လိုက်သည်
"ဘာပြောရမှန်း မသိတော့ပေမယ့် Bona အတွက် နင်ခံစားနေရတာ လုံလောက်နေပါပြီ...Jennie ဘက် "
"Jennieလို မိန်းမမျိုးက ပျော့ညံ့တဲ့လူစားမျိုးမှ မဟုတ်တာ နင် သူ့ဘက် တွေးပေးစရာမလိုပါဘူး "
"မဟုတ်သေးဘူး သူ့နေရာမှာ နင်ဆိုရင်ရော "
"ငါ့ကို လာဖြောင်းဖျမနေနဲ့ Lisa. ...Fuck "
Jisoo တစ်ယောက် Lisaကို ကျိန်ဆဲပြီး သူမကားပေါ်တက်ကာ မောင်းထွက်သွားလေသည်
#TBC
#zawgyi
"ဘာလို႔ ငါ့ကို ဒီေလာက္ ေငးၾကည့္ေနရတာလည္း အရမ္း သေဘာက်ေနတာလား "
Jennieကို ေပြ႕ခ်ီထားတဲ့ Jisooမွာ သူမကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနတာကို သတိထားမိၿပီး ေမးလိုက္သည္
ထိုအခါမွ Jennie ေခါင္းအျမန္ခါယမ္းလိုက္ၿပီး Jisooေပၚက ဆင္းလိုက္သည္
Lisa ေျပာတဲ့ သူငယ္ခ်င္းဆိုတဲ့တစ္ေယာက္က သူလား
Jennie သူမကိုယ္သူမ စိတ္ထဲကေန ျပန္ေမးရင္း အခန္းတံခါးဘက္ကိုသြားလိုက္သည္
Jisooလည္း အျပင္ဘက္ထြက္ေတာ့မယ့္ Jennieရဲ႕ လက္ကိုအျမန္ဆြဲကိုင္လိုက္သည္
"ဘယ္သြားမလို႔လည္း "
Jisoo ေမးတာကို Jennie မေျဖဘဲ လက္ကိုျဖဳတ္ခ်ေပမယ့္ Jisooမွာ Jennieရဲ႕ လက္ေကာက္ဝက္ ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္
"လႊတ္..."
"ဘယ္သြားမယ္ဆိုတာ မေျပာမခ်င္း ငါမလႊတ္ေပးဘူး တစ္ညလုံး ဒီတိုင္းေနခ်င္ေန "
"ဟာ အိမ္သာသြားမလို႔ပါဆို "
Jennie ေျပာၿပီး Jisooရဲ႕ လက္ကို ျဖဳတ္ခ်ကာ အခန္းအျပင္ဘက္က အိမ္သာဘက္သို႔ေျပးသြားသည္
"ဒီအခန္းထဲမွာလည္း အိမ္သာရွိရက္နဲ႕ကို "
Jisooမွာ အခန္းထဲက အိမ္သာအခန္းေလးကိုၾကည့္ၿပီး ေျပာလိုက္သည္
ထို႔ေနာက္ Jennieေနာက္သို႔ လိုက္သြားၿပီး အိမ္သာေရွ႕တြင္ ရပ္ေစာင့္ေနသည္
Jennieမွာ နီရဲေနတဲ့ သူမမ်က္ႏွာကို မွန္ထဲတြင္ၾကည့္ၿပီး သူမကိုယ္သူမ သတိေပးေနသည္
"သူက နင့္ကိုမုန္းေနတာ Jennie သူက နင့္ကိုမုန္းေနတာ သတိထားစမ္း ဘာလို႔ မ်က္ႏွာက နီရဲေနရတာလည္း "
Jennieမွာ လက္ေဆးကန္ကေရပိုက္ကိုဖြင့္ၿပီး မ်က္ႏွာသစ္ခ်လိဳက္သည္
"ငါက သူ႕ကို မုန္းေနတာပါ တစ္ျခား ဘာခံစားခ်က္မွ မရွိဘူးရယ္ "
Jisoo ကလည္း သန့္စင္ခန္းေရွ႕ရပ္ေနရင္း သူမစိတ္ထဲက ခံစားခ်က္တစ္ခ်ိဳ႕ကို အေဝးသို႔ပယ္ထုတ္ဖို႔ ႀကိဳးစားေနသည္
Jennie မ်က္ႏွာကို အႀကိမ္ႀကိမ္ ေရနဲ႕သစ္ခ်ေနစဥ္ Jisooအသံနဲ႕အတူ တံခါးေခါက္သံကိုပါၾကားလိုက္ရသည္
"ၿပီးၿပီလား....ေဟး "
Jennieမွာ Jisooကို လ်စ္လ်ဴရႈလိုက္ၿပီး မ်က္ႏွာဆက္သစ္ေနသည္
"ျမန္ျမန္တံခါးဖြင့္ဟ "
တံခါးကိုဆက္တိုက္ထုရိုက္ေနေသာေၾကာင့္ Jennieလည္း ေလာ့ခ်ထားတဲ့ သန့္စင္ခန္းတံခါးကိုဖြင့္ေပးလိုက္ရသည္
"Yah. .."
Jisoo သန့္စင္ခန္းတံခါးပြင့္လာလာခ်င္း အထဲကိုဝင္လာၿပီး Jennieကို ေအာ္ေလသည္
"မင္း မ်က္ႏွာက ေရေတြတအားစိုေနတာ ဘာျဖစ္တာလည္း မ်က္ႏွာတစ္ခုတည္း မိုးကြက္႐ြာသြားတာလား "
"ပူလို႔ မ်က္ႏွာသစ္တာေလ ဘာျဖစ္လို႔ တံခါးကိုဇြတ္ေခါက္ေနတာလည္း "
"အသက္ရွင္ရက္ ဒီကထြက္ခ်င္ရင္ လာ အျမန္အခန္းကိုသြားၿပီး အဝတ္လဲရမယ္ "
Jisoo ေျပာၿပီး Jennieလက္ကို ေဆာင့္ဆြဲကာ ေဆး႐ုံအခန္းဘက္သို႔သြားေလသည္
"အျမန္လဲေနာ္ "
Jisoo ေျပာၿပီး Jennie အဝတ္လဲဖို႔ အခန္းေရွ႕တြင္ ရပ္ၿပီးေစာင့္ေပးေနသည္
Jennie အဝတ္အစားလဲၿပီး အခန္းထဲကထြက္လာတာနဲ႕ Jisooမွာ Jennieကို ေျခဆုံးေခါင္းအုံးၾကည့္ကာ
"မင့္အဝတ္အစားႀကီးက ဘယ္လိုႀကီးလည္း "
"ရိုက္ကူးေရးလုပ္ရင္း ဒီေရာက္လာတာေလ ဘာျဖစ္လို႔ အဝတ္အစားလဲခိုင္းရတာလည္း "
"မင္း အိမ္သာထဲဝင္သြားတာကို တစ္ေယာက္ေယာက္က ျမင္သြားတယ္ ဒါမို႔ သတင္းေထာက္ေတြေရာက္မလာခင္ အျမန္သြားရေအာင္ Exit ဘက္ကထြက္ၾကမယ္ ဒါမွအဆင္ေျပမွာ "
Jennieလည္း Jisoo ေနာက္ကို ယုံယုံၾကည္ၾကည္နဲ႕ လိုက္သြားသည္
ကားေပၚေရာက္ေသာအခါ Jisooမွာ ကားခါးပတ္ကို ပတ္ရင္း Jennieကို ၾကည့္လိုက္သည္
"ငါ သက္ေသရွာေတြ႕တဲ့အခါ ဒီကားတိုက္မႈက မေတာ္တဆမႈ ဟုတ္ပါတယ္ဆိုၿပီး မင္းထပ္ျငင္းေနအုံးမလား Jennie "
Jisooရဲ႕စကားေၾကာင့္ Jennie ခါးပတ္ပတ္ေနရာက ရပ္သြားတယ္
"မေတာ္တဆမႈပါဆို ဘာသက္ေသေတြရွာအုံးမလို႔လည္း "
Jennie ခါးပတ္ဆက္မပတ္ေတာ့ဘဲ Jisooကို ၾကည့္ၿပီး ေမးလိုက္သည္
"ငါ ယုံမယ္လို႔ထင္ေနတာလား "
"မထင္ပါဘူး နင္မယုံဘူးဆိုတာ ငါသိတယ္ေလ "
"ဒါဆို ဘာလို႔လည္း ဘာလို႔လည္း....ဘာေၾကာင့္လည္း "
Jennie ရဲ႕ လက္ေမာင္းႏွစ္ဖက္ကို ေဆာင့္ဆြဲညွစ္ၿပီး Jisooေမးလိုက္သည္
"Jisoo ငါနာတယ္....ေတာ္ေတာ့ Stop it "
"ငါေမးတာေျဖစမ္းပါ "
Jisooမွာ ေဒါသေတြထိန္းမရေတာ့ဘဲ Jennieရဲ႕ လက္ေမာင္းကို တအားဆြဲညွစ္ေလသည္
Jennieမွာ Jisooကိုေဆာင့္တြန္းၿပီး ကားေပၚကဆင္းေျပးေပမယ့္ Jisooမွာ Jennieေနာက္ကို လိုက္လာၿပီး Jennie လက္ကိုေဆာင့္ဆြဲလိုက္သည္
ျဖန္း!
Jennieမွာ သူမလက္ကိုေဆာင့္ဆြဲတဲ့ Jisooရဲ႕ မ်က္ႏွာကို လက္ျဖင့္ ရိုက္ခ်လိဳက္သည္
"နားေထာင္ Jisoo နင္ကလည္း ငါ့လိုဘဲ....နင္က ငါ့ကို ရက္စက္တယ္ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ေတြးတယ္မလား ေအး နင္လည္းအတူတူဘဲ မရွိတဲ့သက္ေသရွာၿပီး မဟုတ္တဲ့အရာကို ဖန္တီးခ်င္ေနတာ "
"ဘာလို႔မရွိရမွာလည္း နင္က Bonaကို သတ္လိုက္တာေလ "
Jisoo ေျပာရင္း သူမေကာင္မေလးကို သတိရလာၿပီး Jennieရဲ႕ လည္ပင္းကို ညွစ္ဖို႔ႀကိဳးစားေလသည္
"Yah Kim Jisoo..... "
Jisooကို စိတ္မခ်လိဳ႕ Delivery ပို႔ၿပီးတာနဲ႕ ေဆး႐ုံကိုခ်က္ခ်င္းလာတဲ့ Lisaမွာ ကားပါကင္တြင္ Jennieကို လည္ပင္းညွစ္ေနတဲ့ Jisooကို ျမင္ၿပီး အရမ္းလန့္သြားတယ္
Lisaမွာ Jisoo ကိုေဆာင့္တြန္းခ်လိဳက္သည္
"ဘာလုပ္တာလည္း..... ကားပါကင္မွာ ဘယ္သူမွမရွိလို႔ေတာ္ေသးတယ္ နင္႐ူးေနတာလား "
"ဟုတ္တယ္ ငါ ႐ူးေနတာ Lisa သူ႕ကိုသတ္မွျဖစ္မယ္"
"က်စ္ နင္သူ႕ကိုသတ္လိုက္လည္း နင့္ ေကာင္မေလး က အသက္ျပန္ရွင္လာမွာမဟုတ္ဘူး Jisoo "
"ေကာင္မေလး....ဒါဆို Jisooက မိန္းကေလးခ်င္း....သေဘာက်တဲ့သူေပါ့ "
Lisaရဲ႕ စကားေၾကာင့္ Jennieမွာ အံ့ၾသေနသည္
"နင္ Jennieကို သတ္လိုက္ၿပီး လူသတ္သမားျဖစ္သြားမွာကို သူကသေဘာက်မယ္ထင္ေနတာလား Bonaက ေကာင္းကင္ဘုံကေန သေဘာက်မယ္ထင္ေနတာလား Jisoo "
"ေတာက္....ထြက္သြား ..."
Jisoo လဲက်ရာကထရပ္ၿပီး Jennieကို စိုက္ၾကည့္ကာေျပာလိုက္သည္
"ေတာင္းပန္ပါတယ္ Jisoo "
"ထြက္သြားလို႔ ငါေျပာေနတယ္ေလ ငါ့ျမင္ကြင္းေရွ႕ကေပ်ာက္ေပးစမ္းပါ Jennie "
"နင္ျဖစ္ေစခ်င္တဲ့အတိုင္း ငါထြက္သြားေပးပါမယ္ ေတာင္းပန္ပါတယ္... "
Jennie ေတာင္းပန္စကားေျပာၿပီး ကားပါကင္ကေနေျပးထြက္သြားေတာ့ Lisaမွာ သက္ျပင္းသာခ်နိဳင္သည္
Jennieေရာ Jisooေရာက သနားစရာအလြန္ေကာင္းေနတဲ့သူေတြ ျဖစ္ေနေတာ့ Lisa သက္ျပင္းအထပ္ထပ္ခ်ၿပီး Jisoo ပခုံးကိုကိုင္လိုက္သည္
"ဘာေျပာရမွန္း မသိေတာ့ေပမယ့္ Bona အတြက္ နင္ခံစားေနရတာ လုံေလာက္ေနပါၿပီ...Jennie ဘက္ "
"Jennieလို မိန္းမမ်ိဳးက ေပ်ာ့ညံ့တဲ့လူစားမ်ိဳးမွ မဟုတ္တာ နင္ သူ႕ဘက္ ေတြးေပးစရာမလိုပါဘူး "
"မဟုတ္ေသးဘူး သူ႕ေနရာမွာ နင္ဆိုရင္ေရာ "
"ငါ့ကို လာေျဖာင္းဖ်မေနနဲ႕ Lisa. ...Fuck "
Jisoo တစ္ေယာက္ Lisaကို က်ိန္ဆဲၿပီး သူမကားေပၚတက္ကာ ေမာင္းထြက္သြားေလသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co