Part 7
#Unicode
"Hello. .."
Lisa သူမ အမေ ကို ကူညီပေးရင်း ဖုန်းလာလို့ Apron ကို ချွတ်ကာ ဖုန်းကိုင်လိုက်သည်
"Hello ကျွန်မက Jennieရဲ့ သူငယ်ချင်း Park Chaeyoungပါ...မနေ့က Jennieက ကျွန်မဆီ ဒီဖုန်းနဲ့ခေါ်ခဲ့လို့လေ ဒါကြောင့်မို့ ကျွန်မ ပြန်ခေါ်ကြည့်တာ အခု ဒီကတစ်ယောက်နဲ့အတူ သူ ရှိနေလားဟင် "
Chaeyoungရဲ့ စကားကြောင့် Lisa မှာ သူမအမေမသိအောင် ဟင်းချက်နေရာက ထွက်လာပြီး အခန်းထဲဝင်သွားသည်
"သူ အခုထိ ပြန်မရောက်သေးဘူးလားဟင် "
"ဟုတ် မရောက်သေးဘူး မနေ့က ကျွန်မ ဆေးရုံကို ရောက်သွားတော့ သူမရှိတော့ဘူး ဆေးရုံက သူနာပြုက တစ်ယောက်ယောက်က သူ့ကို ခေါ်သွားတာမြင်တယ်လို့ ပြောလို့လေ ဒါကြောင့်မို့ သူက ဒီကတစ်ယောက်နဲ့ရှိနေမလား သိချင်လို့ ဖုန်းဆက်ကြည့်တာပါ "
"အာ မင်းကို ဘယ်လိုပြောရမလည်းမသိဘူး....မနေ့ညက သူထွက်ပြေးသွားတယ်...ကျွန်တော် အနားတဝိုက်လိုက်ရှာကြည့်တော့ မတွေ့ရလို့လေ အိမ်ပြန်သွားပြီထင်နေခဲ့တာ "
"ရှင် သူက ထွက်ပြေးသွားတယ် ဟုတ်လား ဘာလို့လည်း "
Lisaရဲ့ စကားကြောင့် Chaeyoung အံ့သြပြီး မေးလိုက်သည်
"Park Chaeyoung shii အခု ဘယ်မှာလည်းဟင် ကျွန်တော်တို့ သူ့ကိုအတူတူရှာကြရအောင်လား "
Lisa အနွေးထည်ကောက်ဝတ်ရင်းမေးလိုက်သည်
"ဟုတ် အခု ကျွန်မ ဆေးရုံနားက ရဲစခန်းမှာ လူပျောက်တိုင်ရင်ကောင်းမလား တွေးနေတာ "
Chaeyoung ရဲစခန်းကို ကြည့်ရင်း Lisa မေးတာကို ဖြေလိုက်သည် ရဲစခန်းထဲ ဝင်ရမလားမဝင်ရမလား Chaeyoung တွေဝေနေတယ်လေ
"ဒါဆို ကျွန်တော်လာခဲ့မယ် အဲ့ဒီမှာစောင့်နေနော် "
"ဟုတ် "
Lisaလည်း ဖုန်းချပြီး ကားသော့ကိုကောက်ယူကာ အခန်းထဲကထွက်လာသည်
"အမေ .....ကိစ္စလေးရှိလို့ အပြင်ခဏသွားအုံးမယ်နော် "
Lisa သူမအမေ ကို အသိပေးပြီး ရဲစခန်းသို့ ထွက်လာခဲ့သည်
Chaeyoung တစ်ယောက် ရဲစခန်းရှေ့ အချိန်အတော်ကြာရပ်စောင့်နေပြီးနောက် ကားတစ်စီးက သူမရှေ့သို့ရောက်လာသည်
ကားပေါ်ကနေ အမြန်ဆင်းလာတဲ့ ကောင်မလေးကိုကြည့်ပြီး သူမနဲ့ဖုန်းပြောခဲ့တဲ့တစ်ယောက်ဖြစ်ရမယ်လို့ Chaeyoung တွေးလိုက်သည်
"Lisaပါ ခုနဖုန်းပြောခဲ့တဲ့တစ်ယောက်လေ ဒီက Park Chaeyoung မဟုတ်လား "
"ဟုတ်ပါတယ် "
"ဒါဆိုလည်း အထဲဝင်ကြရအောင် "
ထိုစဉ် Chaeyoungရဲ့ ဖုန်းကရုတ်တရက်မြည်လာသည်
"Hello Jang Suk "
"Jennieရော ဘယ်မှာလည်း သူ့ကို ဆက်သွယ်လို့မရလို့ "
Jang Sukရဲ့ စကားကြောင့် Chaeyoung လန့်သွားတယ် Jang Sukကို Jennie ပျောက်နေကြောင်း အမှန်တိုင်းပြောသင့်မပြောသင့် Chaeyoung စဉ်းစားနေသည်
"ဘာလို့ ပြန်မဖြေတာလည်း တစ်ခုခုဖြစ်နေတာလား "
Chaeyoungက မပြောဘဲတွေဝေနေသောကြောင့် Jang Suk စိတ်မရှည်ဖြစ်လာသည်
"ဟို... "
"Mrs. Kimက အခုအဆိပ်မိပြီး ဆေးရုံရောက်နေတာ Chaeyoung... သူ အခြေအနေပိုမဆိုးခင် Jennie ဒီကိုရောက်လာမှဖြစ်မယ် "
"Jennie မနေ့ကတည်းက ပျောက်နေတာ...Photoshoot ပြီးကတည်းက သူ့ကိုမတွေ့ရတာ "
"ဘာ..."
Chaeyoungရဲ့ စကားကြောင့် Jang Suk ဆေးရုံအခန်းထဲကနေထွက်လာပြီး ဝရံတာအပြင်ကိုကြည့်လိုက်သည်
Jennie ဘယ်ကိုထွက်ပြေးတာလည်း ဘာကြောင့်လည်းဆိုတာ Jang Sukတွေးနေမိသည်
"Jennie ကိုရှာရအုံးမှာမို့ ဒါဘဲနော် သူ့ကိုတွေ့ရင် ဆေးရုံကိုလွှတ်လိုက်ပါမယ် ဒါဘဲနော် "
Chaeyoung ဖုန်းချလိုက်တော့ သူမဘေးနားရပ်နေတဲ့ Lisaလည်း ရဲစခန်းတံခါးကို Chaeyoung အတွက် ဖွင့်ပေးလိုက်သည်
Chaeyoung လည်း ရဲစခန်းထဲရောက်ရော ရဲတစ်ယောက်နဲ့စကားပြောနေတဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားသော Jennieကို တွေ့လိုက်ရသည်
"Jennie နင် ဒီမှာဘာလုပ်နေတာလည်း "
Chaeyoung မေးခွန်းကို Jennie မဖြေ...တိတ်ဆိတ်နေရင်း တံခါးပေါက်ရှေ့ရပ်နေတဲ့ Lisaကို တွေ့လိုက်ရသည်
"Jennie ငါမေးတာဖြေလေ..."
"Chae. ...ငါ့ကို ခဏလွှတ်ထားပေး "
"လွှတ်ထားလို့မရဘူး....Jang Sukက ဖုန်းဆက်လာတယ် နင့်အမေ အစာအဆိပ်မိပြီး ဆေးရုံတင်ထားရတယ်တဲ့ "
Chaeyoung ရဲ့ စကားကြောင့် Jennie လန့်သွားတယ်
"ဘာ...."
Jennieရဲ့ အော်သံကြောင့် ရဲစခန်းထဲကလူတစ်ချို့မှာ Jennieကို လှမ်းကြည့်နေကြသည်
Chaeyoungမှာ လူတွေက Jennieမှန်းမသိအောင် Jennieရှေ့ကနေ ပိတ်ရပ်လိုက်သည်
"Jang Suk ဖုန်းဆက်လာတယ် နင့်အမေ အဆိပ်မိပြီး ဆေးရုံပေါ်ရောက်နေတယ်ဆိုပြီး "
Chaeyoungရဲ့ စကားတွေ နားထောင်ရင်း Jennie ရင်ထဲပူလောင်လာပြီး မွန်းကြပ်လာကာ အသက်ရှုမဝလာသလိုခံစားလာရသည်
"ဘယ် ဘယ်ဆေးရုံမှလည်း "
"သမီး အသက်ကြီးလာရင်လည်း Ommaကို ချစ်ပေးရမယ်နော်...".
"ဟုတ် ဒါပေမယ့်လေ Appa သူက ဘာလို့သမီးတို့ကို မချစ်တာလည်းဟင် "
Little Jennieမှာ သူ့အဖေရဲ့ပေါင်ပေါ်မှာ ထိုင်ရင်း သူ့အဖေကိုမော့ကြည့်ကာ မေးလိုက်သည်
.
"မဟုတ်တာ Ommaက သမီးကို ချစ်ပါတယ် သူက...ထုတ်မပြတတ်တာ ဒါကြောင့်မို့ သမီးက Appaကို ကတိတစ်ခုပေး....Ommaက သမီးကို ရိုက်ရင်တောင် စိတ်မပျက်ဘဲချစ်ပေးပါမယ်လို့.....ကာကွယ်ပေးပါမယ်လို့လေ..."
Jennie သူမအဖေနဲ့ပြောခဲ့တဲ့စကားတွေပါ ပြန်ကြားယောင်လာပြီး သတိမေ့သွားလေသည်
"Jen. ..Jennie. ..Lisa shiiလာကူပေးပါအုံး "
Chaeyoung မေ့လဲသွားတဲ့ Jennieကို ပွေ့ချီရင်း Lisaကို အကူအညီတောင်းလိုက်သည်
"ငါ ငါ ဘယ်ရောက်နေတာလည်း "
Jennie သတိရလာလာချင်း Jang Sukနဲ့အတူ Chaelisaကို မြင်လိုက်ရသည်
"နင်တို့က ဘာလို့ ဒီမှာရှိနေတာလည်း O. ..Ommaရော..."
Jennieကမေးတော့ Jang Sukမှာ သက်ပြင်းချပြီး Chaeyoungကတော့ မျက်ရည်တွေကျလာသည်
"စိတ်မကောင်းပါဘူး Jennie. ...နင့်အမေ .."
"မဟုတ်ဘူး မဖြစ်ရဘူး ငါ Appaကို ကတိပေးထားတာ တည်မှဖြစ်မယ်လေ မဟုတ်ဘူး မဟုတ်ဘူးးးးးးးOmmaဆီ သွားမှဖြစ်မယ် ဘယ်မှာလည်း "
ကုတင်ပေါ်ကဆင်းပြေးဖို့လုပ်နေတဲ့ Jennieကို Jang Suk ဖမ်းချုပ်လိုက်သည်
"Jennie စိတ်ထိန်း......စိတ်ထိန်း "
"ငါ့ကိုလွှတ်စမ်း"
Jennieမှာ အရူးတစ်ယောက်လို အော်ဟစ်နေသောကြောင့် Chaeyoungမှာ သူနာပြုကိုအမြန်သွားခေါ်ပြီး စိတ်ငြိမ်ဆေးထိုးခိုင်းရသည်
Lisaမှာတော့ Jennieကို ကြည့်ရင်း စိတ် မကောင်းဖြစ်နေသည်
#tbc
#zawgyi
"Hello. .."
"ဟုတ် "
"ဟုတ်ပါတယ် "
"Hello Jang Suk "
"ဟို... "
"ဘာ..."
"Jennie ငါမေးတာဖြေလေ..."
"ဘာ...."
"ဘယ် ဘယ်ဆေးရုံမှလည်း "
.
"ငါ့ကိုလွှတ်စမ်း"
#tbc
Bạn đang đọc truyện trên: Truyen3h.Co