Truyen3h.Co

Accident

Part 8

KimFany059

#unicode

"ရက်စက်လိုက်တဲ့ လောကကြီးဘဲ....ဘာလို့ Jennieရဲ့ အမေက ခုလို...."

"Lisa shii ရှင်က မေးခွန်းတွေ အရမ်းမေးပြီး စပ်စုတာဘဲနော် ရှင်က အပြင်လူဖြစ်နေလို့ ရှင်မေးသမျှ ကျွန်မ ဖြေမပေးနိုင်ဘူးရှင့် "

Chaeyoung ဘုဆတ်ဆတ်ပြောပြီး ထွက်လာတော့ Lisaမှာ ဆေးရုံကော်ရစ်တာတွင် အူကြောင်ကြောင်နဲ့ ကျန်ခဲ့သည်

"ဟေး ဒီမှာ ငါက အပြင်လူမဟုတ်ပါဘူးနော် Jennieရဲ့ သူငယ်ချင်းပါ ဘယ်လိုပြောရမလည်း အင်း သူငယ်ချင်းပေါ့ "

Lisaမှာ အော်ပြောပြီး Chaeyoungရဲ့ နောက်သို့ ပြေးလိုက်သွားသည်

"Omo တကယ်လား...ဒါဆို ဘာလို့ ရှင့်နာမည် ရှင့်အကြောင်းကို သူ ဘာလို့ ကျွန်မကို မပြောခဲ့တာလည်း ဘာနေနေ ရှင်က အပြင်လူဘဲ "

Lisaမှာ ရုတ်တရက်ကြီး Chaeyoungက သူမကို ရန်တွေဇွတ်လုပ်နေလို့ အံ့သြနေသည်

"အယ်ဗျာ နေပါအုံး မင်း မျက်နှာက ဘာလို့နီရဲနေတာလည်း နေမကောင်းဘူးလား "

Lisaမှာ ရုတ်တရက် Chaeyoungရဲ့ နဖူးကို လာစမ်းတော့ Chaeyoung လန့်သွားတယ်

သူမ မျက်နှာကို ဘယ်သူမှအခုလိုမကိုင်ဖူးဘူးလေ

Lisaကတော့ နဖူးအပြင် မျက်နှာလေးပါကိုင်စမ်းကြည့်နေသည်

"ပါးဖောင်းဖောင်းလေးက အိစိအိစိနဲ့...."

Chaeyoungရဲ့ မျက်နှာကိုကိုင်ရင်း Lisa တွေးလိုက်မိသည်

ထိုစဥ် အခန်းတစ်ခန်းမှ သူနာပြုမှာ ဆေးလှည်းနဲ့ထွက်လာစဥ် Lisaတို့ကို မြင်ပြီး တစ်မျိုးထင်သွားသည်

"အာ ....ရှင် သွားလို့ရပါပြီ Lisa "

"Aww ဟုတ် ဟုတ် သွားတော့မယ်နော် Chaeyoung Shii ကောင်းကောင်းနေခဲ့ပါ "

သူမကို နှုတ်ဆက်ပြီး ထွက်သွားတဲ့ Lisa ကို ကြည့်ရင်း Chaeyoung သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြုံးလိုက်မိသည်

"တစ်ခုခုစားစားသင့်တယ် Jennie "

Jangsukက ပြောပေမယ့် Jennieကတော့ နံရံကိုသာ ကြည့်နေသည်

"မင်း တစ်နေကုန်လုံး ဘာမှမစားရသေးဘူးလေ Jennie ရာ "

"Ommaက ဘာဖြစ်တာလည်း "

"ဒါလေး စားလိုက်အုံး "

Jennieမေးတာ မဖြေဘဲ Jangsukမှာ မုန်လာဥဆန်ပြုတ်ပန်းကန်ကို Jennieလက်ထဲထည့်ပေးလိုက်သည်

"စားချင်စိတ်မရှိဘူး "

Jennie ပြောပြီး ပန်းကန်ကို စားပွဲခုံပေါ်တင်လိုက်သည်

Jangsukမှာ Jennieကို ဘာမှကျွေးမရသောကြောင့် နံရံကိုမှီပြီးသာရပ်နေမိသည်

Chaeyoungကလည်းမရှိတော့ Jangsuk ဘာလုပ်ရမယ်မသိပေ

"ဟိုလေ တစ်ခုခု စားချင်တာမရှိဘူးလား '

Jangsuk ထပ်မေးတော့ Jennieမှာ ငိုထားရလို့ မို့မောက်နီရဲနေတဲ့ မျက်လုံးတွေနဲ့ Jangsukကို ကြည့်လိုက်သည်

"Ommaနဲ့ရှင်က အရမ်းရင်းနှီးတော့လေ သူဘာကြောင့် သေသွားရလည်းဆိုတာ ရှင်သိနေမလားလို့ "

"မင်း စကားကြီးက ကိုယ်က သူ့ကို သတ်ခဲ့လားလို့ စွပ်စွဲနေသလိုဘဲ come on တွေးချင်ရာတွေးပြီး တစ်ကိုယ်ကောင်းဆန်မနေပါနဲ့ "

Jangsukက ငြင်းတော့ Jennieက ခြောက်အက်အက်အသံနဲ့ရယ်လိုက်တယ်

"သိသာနေတယ် မဟုတ်ဘူးလား Jangsuk "

"ဒီမှာ Jennie..... မင်းအမေက ပိုက်ဆံအတွက် ကိုယ်ပြောသမျှ ကိုယ်ကြိုးဆွဲရာကမယ်လို့ပြောခဲ့ပေမယ့် ကိုယ်အဲ့ဒီလောက်ထိ တစ်ကိုယ်ကောင်းမဆန်ဘူး Jennie ....မင်း ကိုယ့်အကြောင်းကို မသိချင်သလို စိတ်မဝင်စားတဲ့အတွက် ကိုယ်ကကြောက်စရာကောင်းတဲ့သူလို့ ထင်နေတာမလား မဟုတ်ဘူး Jennie ကိုယ်အဲ့လောက်မယုတ်မာဘူး "

"ဟာသဘဲ "

"မင်း ဘာလို့ ကိုယ့်ကိုမယုံနိုင်ရတာလည်း...."

"ယောကျ်ားတွေကို ကျွန်မ လွယ်လွယ်မယုံတတ်ဘူး '

"Jennie. ..မင်းဘေးမှာ ရှိနေတာက မင်းကို ကိုယ် "

"ဟင့်အင်း မပြောနဲ့ ရှင့်ဆီက ကျွန်မ ဘာစကားမှ မကြားချင်ဘူး "

"ဒါပေမယ့် "

"ဒီဆန်ပြုတ် ကျွန်မ စားမှာမဟုတ်လို့ သွန်လိုက်ပါ ပြီးတော့ Omma ရှင့်ဆီကနေ ချေးထားတဲ့ ပိုက်ဆံတွေ ကျွန်မ အကြေဆပ်ပေးပါမယ် "

"မင်းကို အကြွေးဆပ်ခိုင်းဖို့ မင်းအနောက်လိုက်နေတာ မဟုတ်ဘူး Jennie. ..မင်းကို မြင်ရရင် ပျော်နေလို့ပျော်ရလို့ မင်းအနားလာနေတာ...တော်ပြီကွာ မင်းလည်း စိတ်ပင်ပန်းနေမှာ နားလိုက်တော့ "

Jang Sukမှာ ဘာမှထပ်မပြောဘဲ ဆေးရုံအခန်းထဲကထွက်လာတော့ Jennieမှာ သက်ပြင်းသာချလိုက်သည်

Knock knock

Knock Knock

"Yah Kim Jisoo ဘာလုပ်နေတာလည်း တံခါးလာဖွင့်ပေး "

Knock knock

လေးခါမြောက် Lisa တံခါးဆက်ခေါက်မှ Jisoo တစ်ယောက် တံခါးလာဖွင့်ပေးသည်

"ဘာလုပ်နေတာလည်းဟ ကြာလိုက်တာ ငါ တံခါးခေါက်ရတာ လက်တောင်ကျိုးတော့မယ် "

"ဘာလာလုပ်တာလည်း နင့်အမေဆိုင်မကူဘူးလား "

"Jennieဆီက အပြန် နင် အဆင်ပြေမပြေသိချင်လို့ ဝင်လာတာ အဆင်ပြေရဲ့လား "

"ပြေပါတယ် ငါ စာလုပ်နေတာ ထွေထွေထူးထူးမရှိရင် ပြန်တော့ "

"Jennie အမေဆုံးသွားပြီ...အဲ့တာ သူရှော့ခ်ရပြီး ဆေးရုံတက်နေရတယ် ဟိုဆေးရုံလေ သူတက်ဖူးတယ် "

"အဲ့တာ ငါနဲ့ဘာဆိုင်လို့လာပြောရတာလည်း သူဆေးရုံတက်တက် မတက်တက် ငါစိတ်မဝင်စားဘူး သူ့အမေ ဆုံးတာလည်း စိတ်မကောင်းဖြစ်မပေးနိုင်ဘူး Bona ဝဋ်တွေ သူလည်တာဘဲ "

"Yah Jisoo "

"စာလုပ်နေတာမို့ သူ့အကြောင်းပြောမယ်ဆို လစ်တော့ "

Jisoo ပြောပြီး တံခါးကိုဆောင့်ပိတ်တော့ Lisa သက်ပြင်းချပြီး ထွက်လာခဲ့သည်။

Jisoo စာလုပ်ရင်း Jennie မျက်နှာမြင်ယောင်လာပြီး လက်ထဲကခဲတံကိုချကာ text bookကို ပိတ်လိုက်သည်

ထို့နောက် ကားသော့ကိုယူပြီး Jennieအဆင်ပြေမပြေသိချင်လို့ ဆေးရုံသို့ Jisooထွက်လာခဲ့သည်

"တောင်းပန်ပါတယ် Appa. ..ကတိမတည်နိုင်ခဲ့လို့....Omma. ...Ommaကို တစ်ခါတစ်ခါ မုန်းမိပေမယ့်  .... Ommaကို Chaw ချစ်ပါတယ်....Omma ရဲ့နောက်ဆုံးအချိန်မှာ ရှိမပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်..... "

Jennie တစ်ယောက် မျက်ရည်တွေနဲ့ ရေရွတ်ရင်း အိပ်ပျော်သွားသည်

"Omma. ....Omma မလား "

Jennie တစ်ရေးနိုးလာတော့ သူမကုတင်ဘေးနား လာရပ်နေတဲ့ သူမအမေကို တွေ့လိုက်ရသည်

Coat အင်ကျီကို ခြုံထားတဲ့ Mrs. Kimမှာ Jennie မေးတာ မဖြေဘဲ အခန်းထဲကထွက်သွားတော့ Jennie ဆေးသွင်းပိုက်ကိုဖြုတ်ပြီး ကုတင်ပေါ်ကဆင်းကာ သူမအမေနောက် ပြေးလိုက်သွားသည်

"Omma. ...Chaw ကို စောင့်ပါအုံး.... "

ဆေးရုံအပြင်ဘက်ကို Jennie ပြေးထွက်လာရင်း ကားလမ်းမပေါ်က သူမအမေဆီသို့ ပြေးသွားသည်

Jisoo ဆေးရုံဘက်လာရင်း သူမကားရှေ့တည့်တည့်ပြေးဝင်လာတဲ့ ကောင်မလေးကြောင့် ကားဘရိတ်အမြန်အုပ်လိုက်ရသည်

​ဘယ်သူလည်းဆိုတာ Jisoo သေချာကြည့်တော့ Jennie ဖြစ်နေသည်

Jisoo ကားခါးပတ်ချွတ်ပြီး ကားပေါ်ကဆင်းလိုက်တယ်

"Yah မင်းရူးနေတာလား ဘာလို့ ကားရှေ့ပြေးဝင်လာတာလည်း သတ်သေချင်လို့လား မရဘူး ဒီတိုင်း ပေမသေးပေးနိုင်ဘူး "

"Omma. ..Omma ဟိုမှာ  "

Jennie ရေရွတ်ပြီး လက်ညိုးထိုးပြရာကို Jisooကြည့်တော့ ဘယ်သူမှရှိမနေပေ

"Jennie. ..."

"ဟာ Omma သွားပြီ Chawကို စောင့်ပါအုံး Omma "

ဘာမှမရှိတဲ့ လမ်းမဘက်ပြေးသွားမယ့် Jennieရဲ့ လက်ကို Jisoo ဆောင့်ဆွဲလိုက်သည်

"Jennie စိတ်ထိန်းစမ်း ဟိုမှာ ဘယ်သူမှမရှိဘူး နင်ထင်ယောင်ထင်မှားဖြစ်နေတာ စိတ်ထိန်းစမ်း "

Jennie ပခုံးကိုကိုင်ဆောင့်ပြီး Jisoo ပြောတော့ Jennieမှာ ဆောင့်ကြောင့်ထိုင်ကာ ငိုချလေသည်

"Omma ကို ငါအရမ်း တွေ့ချင် တာဘဲ Jisooရယ် ..."

ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေတဲ့ Jennieကို ကြည့်ပြီး Jisoo သက်ပြင်းချလိုက်သည်

"လမ်းမပေါ်မှာ ငိုမနေနဲ့ လူတွေက နင်မှန်း သိသွားမယ် လာ ငါ့အိမ်လိုက်ခဲ့ "

ဒီလိုနဲ့ Jisooတစ်ယောက် ငိုနေတဲ့ Jennieကို ကားပေါ်တက်ခိုင်းပြီး သူမအိမ်သို့ ခေါ်လာခဲ့သည်

#TBC

#zawgyi

"ရက္စက္လိုက္တဲ့ ေလာကႀကီးဘဲ....ဘာလို႔ Jennieရဲ႕ အေမက ခုလို...."

"Lisa shii ရွင္က ေမးခြန္းေတြ အရမ္းေမးၿပီး စပ္စုတာဘဲေနာ္ ရွင္က အျပင္လူျဖစ္ေနလို႔ ရွင္ေမးသမွ် ကြၽန္မ ေျဖမေပးနိုင္ဘူးရွင့္ "

Chaeyoung ဘုဆတ္ဆတ္ေျပာၿပီး ထြက္လာေတာ့ Lisaမွာ ေဆး႐ုံေကာ္ရစ္တာတြင္ အူေၾကာင္ေၾကာင္နဲ႕ က်န္ခဲ့သည္

"ေဟး ဒီမွာ ငါက အျပင္လူမဟုတ္ပါဘူးေနာ္ Jennieရဲ႕ သူငယ္ခ်င္းပါ ဘယ္လိုေျပာရမလည္း အင္း သူငယ္ခ်င္းေပါ့ "

Lisaမွာ ေအာ္ေျပာၿပီး Chaeyoungရဲ႕ ေနာက္သို႔ ေျပးလိုက္သြားသည္

"Omo တကယ္လား...ဒါဆို ဘာလို႔ ရွင့္နာမည္ ရွင့္အေၾကာင္းကို သူ ဘာလို႔ ကြၽန္မကို မေျပာခဲ့တာလည္း ဘာေနေန ရွင္က အျပင္လူဘဲ "

Lisaမွာ ႐ုတ္တရက္ႀကီး Chaeyoungက သူမကို ရန္ေတြဇြတ္လုပ္ေနလို႔ အံ့ၾသေနသည္

"အယ္ဗ်ာ ေနပါအုံး မင္း မ်က္ႏွာက ဘာလို႔နီရဲေနတာလည္း ေနမေကာင္းဘူးလား "

Lisaမွာ ႐ုတ္တရက္ Chaeyoungရဲ႕ နဖူးကို လာစမ္းေတာ့ Chaeyoung လန့္သြားတယ္

သူမ မ်က္ႏွာကို ဘယ္သူမွအခုလိုမကိုင္ဖူးဘူးေလ

Lisaကေတာ့ နဖူးအျပင္ မ်က္ႏွာေလးပါကိုင္စမ္းၾကည့္ေနသည္

"ပါးေဖာင္းေဖာင္းေလးက အိစိအိစိနဲ႕...."

Chaeyoungရဲ႕ မ်က္ႏွာကိုကိုင္ရင္း Lisa ေတြးလိုက္မိသည္

ထိုစဥ္ အခန္းတစ္ခန္းမွ သူနာျပဳမွာ ေဆးလွည္းနဲ႕ထြက္လာစဥ္ Lisaတို႔ကို ျမင္ၿပီး တစ္မ်ိဳးထင္သြားသည္

"အာ ....ရွင္ သြားလို႔ရပါၿပီ Lisa "

"Aww ဟုတ္ ဟုတ္ သြားေတာ့မယ္ေနာ္ Chaeyoung Shii ေကာင္းေကာင္းေနခဲ့ပါ "

သူမကို ႏႈတ္ဆက္ၿပီး ထြက္သြားတဲ့ Lisa ကို ၾကည့္ရင္း Chaeyoung သူမကိုယ္တိုင္ေတာင္မသိလိုက္ဘဲ ၿပဳံးလိုက္မိသည္

"တစ္ခုခုစားစားသင့္တယ္ Jennie "

Jangsukက ေျပာေပမယ့္ Jennieကေတာ့ နံရံကိုသာ ၾကည့္ေနသည္

"မင္း တစ္ေနကုန္လုံး ဘာမွမစားရေသးဘူးေလ Jennie ရာ "

"Ommaက ဘာျဖစ္တာလည္း "

"ဒါေလး စားလိုက္အုံး "

Jennieေမးတာ မေျဖဘဲ Jangsukမွာ မုန္လာဥဆန္ျပဳတ္ပန္းကန္ကို Jennieလက္ထဲထည့္ေပးလိုက္သည္

"စားခ်င္စိတ္မရွိဘူး "

Jennie ေျပာၿပီး ပန္းကန္ကို စားပြဲခုံေပၚတင္လိုက္သည္

Jangsukမွာ Jennieကို ဘာမွေကြၽးမရေသာေၾကာင့္ နံရံကိုမွီၿပီးသာရပ္ေနမိသည္

Chaeyoungကလည္းမရွိေတာ့ Jangsuk ဘာလုပ္ရမယ္မသိေပ

"ဟိုေလ တစ္ခုခု စားခ်င္တာမရွိဘူးလား '

Jangsuk ထပ္ေမးေတာ့ Jennieမွာ ငိုထားရလို႔ မို႔ေမာက္နီရဲေနတဲ့ မ်က္လုံးေတြနဲ႕ Jangsukကို ၾကည့္လိုက္သည္

"Ommaနဲ႕ရွင္က အရမ္းရင္းႏွီးေတာ့ေလ သူဘာေၾကာင့္ ေသသြားရလည္းဆိုတာ ရွင္သိေနမလားလို႔ "

"မင္း စကားႀကီးက ကိုယ္က သူ႕ကို သတ္ခဲ့လားလို႔ စြပ္စြဲေနသလိုဘဲ come on ေတြးခ်င္ရာေတြးၿပီး တစ္ကိုယ္ေကာင္းဆန္မေနပါနဲ႕ "

Jangsukက ျငင္းေတာ့ Jennieက ေျခာက္အက္အက္အသံနဲ႕ရယ္လိုက္တယ္

"သိသာေနတယ္ မဟုတ္ဘူးလား Jangsuk "

"ဒီမွာ Jennie..... မင္းအေမက ပိုက္ဆံအတြက္ ကိုယ္ေျပာသမွ် ကိုယ္ႀကိဳးဆြဲရာကမယ္လို႔ေျပာခဲ့ေပမယ့္ ကိုယ္အဲ့ဒီေလာက္ထိ တစ္ကိုယ္ေကာင္းမဆန္ဘူး Jennie ....မင္း ကိုယ့္အေၾကာင္းကို မသိခ်င္သလို စိတ္မဝင္စားတဲ့အတြက္ ကိုယ္ကေၾကာက္စရာေကာင္းတဲ့သူလို႔ ထင္ေနတာမလား မဟုတ္ဘူး Jennie ကိုယ္အဲ့ေလာက္မယုတ္မာဘူး "

"ဟာသဘဲ "

"မင္း ဘာလို႔ ကိုယ့္ကိုမယုံနိုင္ရတာလည္း...."

"ေယာက်္ားေတြကို ကြၽန္မ လြယ္လြယ္မယုံတတ္ဘူး '

"Jennie. ..မင္းေဘးမွာ ရွိေနတာက မင္းကို ကိုယ္ "

"ဟင့္အင္း မေျပာနဲ႕ ရွင့္ဆီက ကြၽန္မ ဘာစကားမွ မၾကားခ်င္ဘူး "

"ဒါေပမယ့္ "

"ဒီဆန္ျပဳတ္ ကြၽန္မ စားမွာမဟုတ္လို႔ သြန္လိုက္ပါ ၿပီးေတာ့ Omma ရွင့္ဆီကေန ေခ်းထားတဲ့ ပိုက္ဆံေတြ ကြၽန္မ အေၾကဆပ္ေပးပါမယ္ "

"မင္းကို အေႂကြးဆပ္ခိုင္းဖို႔ မင္းအေနာက္လိုက္ေနတာ မဟုတ္ဘူး Jennie. ..မင္းကို ျမင္ရရင္ ေပ်ာ္ေနလို႔ေပ်ာ္ရလို႔ မင္းအနားလာေနတာ...ေတာ္ၿပီကြာ မင္းလည္း စိတ္ပင္ပန္းေနမွာ နားလိုက္ေတာ့ "

Jang Sukမွာ ဘာမွထပ္မေျပာဘဲ ေဆး႐ုံအခန္းထဲကထြက္လာေတာ့ Jennieမွာ သက္ျပင္းသာခ်လိဳက္သည္

Knock knock

Knock Knock

"Yah Kim Jisoo ဘာလုပ္ေနတာလည္း တံခါးလာဖြင့္ေပး "

Knock knock

ေလးခါေျမာက္ Lisa တံခါးဆက္ေခါက္မွ Jisoo တစ္ေယာက္ တံခါးလာဖြင့္ေပးသည္

"ဘာလုပ္ေနတာလည္းဟ ၾကာလိုက္တာ ငါ တံခါးေခါက္ရတာ လက္ေတာင္က်ိဳးေတာ့မယ္ "

"ဘာလာလုပ္တာလည္း နင့္အေမဆိုင္မကူဘူးလား "

"Jennieဆီက အျပန္ နင္ အဆင္ေျပမေျပသိခ်င္လို႔ ဝင္လာတာ အဆင္ေျပရဲ႕လား "

"ေျပပါတယ္ ငါ စာလုပ္ေနတာ ေထြေထြထူးထူးမရွိရင္ ျပန္ေတာ့ "

"Jennie အေမဆုံးသြားၿပီ...အဲ့တာ သူေရွာ့ခ္ရၿပီး ေဆး႐ုံတက္ေနရတယ္ ဟိုေဆး႐ုံေလ သူတက္ဖူးတယ္ "

"အဲ့တာ ငါနဲ႕ဘာဆိုင္လို႔လာေျပာရတာလည္း သူေဆး႐ုံတက္တက္ မတက္တက္ ငါစိတ္မဝင္စားဘူး သူ႕အေမ ဆုံးတာလည္း စိတ္မေကာင္းျဖစ္မေပးနိုင္ဘူး Bona ဝဋ္ေတြ သူလည္တာဘဲ "

"Yah Jisoo "

"စာလုပ္ေနတာမို႔ သူ႕အေၾကာင္းေျပာမယ္ဆို လစ္ေတာ့ "

Jisoo ေျပာၿပီး တံခါးကိုေဆာင့္ပိတ္ေတာ့ Lisa သက္ျပင္းခ်ၿပီး ထြက္လာခဲ့သည္။

Jisoo စာလုပ္ရင္း Jennie မ်က္ႏွာျမင္ေယာင္လာၿပီး လက္ထဲကခဲတံကိုခ်ကာ text bookကို ပိတ္လိုက္သည္

ထို႔ေနာက္ ကားေသာ့ကိုယူၿပီး Jennieအဆင္ေျပမေျပသိခ်င္လို႔ ေဆး႐ုံသို႔ Jisooထြက္လာခဲ့သည္

"ေတာင္းပန္ပါတယ္ Appa. ..ကတိမတည္နိုင္ခဲ့လို႔....Omma. ...Ommaကို တစ္ခါတစ္ခါ မုန္းမိေပမယ့္  .... Ommaကို Chaw ခ်စ္ပါတယ္....Omma ရဲ႕ေနာက္ဆုံးအခ်ိန္မွာ ရွိမေပးနိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္..... "

Jennie တစ္ေယာက္ မ်က္ရည္ေတြနဲ႕ ေရ႐ြတ္ရင္း အိပ္ေပ်ာ္သြားသည္

"Omma. ....Omma မလား "

Jennie တစ္ေရးနိုးလာေတာ့ သူမကုတင္ေဘးနား လာရပ္ေနတဲ့ သူမအေမကို ေတြ႕လိုက္ရသည္

Coat အင္က်ီကို ၿခဳံထားတဲ့ Mrs. Kimမွာ Jennie ေမးတာ မေျဖဘဲ အခန္းထဲကထြက္သြားေတာ့ Jennie ေဆးသြင္းပိုက္ကိုျဖဳတ္ၿပီး ကုတင္ေပၚကဆင္းကာ သူမအေမေနာက္ ေျပးလိုက္သြားသည္

"Omma. ...Chaw ကို ေစာင့္ပါအုံး.... "

ေဆး႐ုံအျပင္ဘက္ကို Jennie ေျပးထြက္လာရင္း ကားလမ္းမေပၚက သူမအေမဆီသို႔ ေျပးသြားသည္

Jisoo ေဆး႐ုံဘက္လာရင္း သူမကားေရွ႕တည့္တည့္ေျပးဝင္လာတဲ့ ေကာင္မေလးေၾကာင့္ ကားဘရိတ္အျမန္အုပ္လိုက္ရသည္

ဘယ္သူလည္းဆိုတာ Jisoo ေသခ်ာၾကည့္ေတာ့ Jennie ျဖစ္ေနသည္

Jisoo ကားခါးပတ္ခြၽတ္ၿပီး ကားေပၚကဆင္းလိုက္တယ္

"Yah မင္း႐ူးေနတာလား ဘာလို႔ ကားေရွ႕ေျပးဝင္လာတာလည္း သတ္ေသခ်င္လို႔လား မရဘူး ဒီတိုင္း ေပမေသးေပးနိုင္ဘူး "

"Omma. ..Omma ဟိုမွာ  "

Jennie ေရ႐ြတ္ၿပီး လက္ညိုးထိုးျပရာကို Jisooၾကည့္ေတာ့ ဘယ္သူမွရွိမေနေပ

"Jennie. ..."

"ဟာ Omma သြားၿပီ Chawကို ေစာင့္ပါအုံး Omma "

ဘာမွမရွိတဲ့ လမ္းမဘက္ေျပးသြားမယ့္ Jennieရဲ႕ လက္ကို Jisoo ေဆာင့္ဆြဲလိုက္သည္

"Jennie စိတ္ထိန္းစမ္း ဟိုမွာ ဘယ္သူမွမရွိဘူး နင္ထင္ေယာင္ထင္မွားျဖစ္ေနတာ စိတ္ထိန္းစမ္း "

Jennie ပခုံးကိုကိုင္ေဆာင့္ၿပီး Jisoo ေျပာေတာ့ Jennieမွာ ေဆာင့္ေၾကာင့္ထိုင္ကာ ငိုခ်ေလသည္

"Omma ကို ငါအရမ္း ေတြ႕ခ်င္ တာဘဲ Jisooရယ္ ..."

ကေလးတစ္ေယာက္လို ရွိုက္ႀကီးတငင္ ငိုေနတဲ့ Jennieကို ၾကည့္ၿပီး Jisoo သက္ျပင္းခ်လိဳက္သည္

"လမ္းမေပၚမွာ ငိုမေနနဲ႕ လူေတြက နင္မွန္း သိသြားမယ္ လာ ငါ့အိမ္လိုက္ခဲ့ "

ဒီလိုနဲ႕ Jisooတစ္ေယာက္ ငိုေနတဲ့ Jennieကို ကားေပၚတက္ခိုင္းၿပီး သူမအိမ္သို႔ ေခၚလာခဲ့သည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co