Part 10
#unicode
At Seoul
Mr. Ling တစ်ယောက် Chanyeol တို့ Companyကို ထပ်လာပြန်သည်
ကောင်းသောလာခြင်း မဟုတ်မှန်း Chanyeolသိလို့ သက်ပြင်းသာ ချမိသည်
Mr. Ling စိတ်တိုတဲ့ပုံစံနဲ့ Mr. Park ရဲ့ စားပွဲခုံကို ဝုန်းခနဲ ထုကာ
"ကျုပ်ကို ညာခဲ့တာဘဲ Mr. Park "
Mr. Parkမှာ Mr. Ling ရဲ့ စကားကြောင့် စိတ်ရှုပ်သွားတယ်
"Mr. Ling ဘာပြောတာလည်း မသိဘူး "
"Mr. Park ရဲ့ သမီးက မသေသေးပါဘူး "
Mr. Ling ရဲ့ စကားကြောင့် Chanyeol ရှော့ခ်ရသွားပြီး လန့်သွားတယ်
Mr. Parkကတော့ ခုထိ Mr. Ling ဘာပြောနေမှန်း နားမလည်သေးပေ
"Mr. Ling ဘာပြောနေမှန်း ကျုပ်ဖြင့် ခုထိ နားမလည်သေးဘူး "
"နယူးဇီလန်က ရွာလေးတစ်ရွာမှာ Park Chaeyoungကို တွေ့ခဲ့တယ်လို့ ကျုပ်တပည့်တစ်ယောက်က လှမ်းအကြောင်းကြားတယ် "
"ဘာ ဘယ်လို...."
"ကိုယ့်သားကိုယ် မေးကြည့်ပါအုံး Mr. Park "
Mr. Park မှာ Chanyeolဆီ လျှောက်လာပြီး အင်ကျီကော်လံကို ဆောင့်ဆွဲလိုက်သည်
"သူပြောတာ ဟုတ်သလား Park Chanyeol "
"ဟို လူမှားတာ ဖြစ်မှာပါ "
"ရော့ သက်သေတွေ "
Mr. Ling စားပွဲခုံပေါ်ကို Chaeyoung နဲ့ Manobanရဲ့ပုံတွေ ပစ်တင်လိုက်သည်
Chanyeolမှာ မျက်လုံးမှိတ်ထားပြီး Manobanတို့ကို လူကြားထဲထင်ထင်ပေါ်ပေါ်မနေရန် သတိမပေးမိလို့ သူ့ကိုယ်သူ အပြစ်တင်လိုက်မိသည်
Slap
သူ့အဖေရဲ့ ရိုက်ချက်ကြောင့် Chanyeol ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်
"မင်း ငါ့ကို ဘာလို့ ညာတာလည်း ဟမ် "
"ဘာလို့ ညာတာလည်း ဟုတ်လား ဒီအညစ်အကြေးတွေကြားကနေ ကိုယ့်ညီမကိုကိုယ် ကာကွယ်တာ အကြောင်းပြချက်ပေးရအုံးမှာလား...."
Chanyeol အကြောက်အလန့်မရှိဘဲ သူ့အဖေကို ပြန်ခနဲ့လိုက်သည်
Mr. Park မှာ သူ့သားကို ရိုက်ပြီး Mr. Ling ဘက် လှည့်ကာ
"ဒါနဲ့ Chaeyoungကို ဘာလို့ ဂရုစိုက်နေတာလည်း Mr. Ling.....ဘာကြောင့်များလည်း "
Mr. Ling မှာ လူယုတ်မာ အပြုံးနဲ့ပြုံးပြီး
"သူ့ကို လိုချင်လို့......အလဲအလှယ်လုပ်မလား Mr. Park သမီးကို ကျုပ်ကိုပေး...ကျုပ်က တရုတ်ပြည်စပ်က ဘိန်းခင်းတွေကို Mr. Park ကိုပေးမယ်..."
Chanyeolမှာ ငြင်းဖို့ထိ ပါဝါအာဏာမရှိပေမယ့် သူ့ညီမကို တရုတ်အဘိုးကြီး လက်ထဲမထည့်နိုင်ပေ
"ကျုပ် ညီမကို ခင်ဗျား လက်ထဲ မထည့်နိုင်ဘူး အဘိုးကြီး "
"သောက်ပါးစပ် ပိတ်ထားစမ်း Chanyeol "
သူ့အဖေမှာ Chanyeolကို အော်လိုက်သည်
Chanyeol ပြန်အော်ဖို့ လုပ်ပေမယ့် မနက်က ဆေးမသုံးဘဲ ထွက်လာခဲ့ခြင်းကြောင့် ရုတ်တရက် ကတုန်ကရင် ဖြစ်လာသည်
"နယူးဇီလန်ကနေ Park Chaeyoungကို တတ်နိုင်သမျှ အမြန်ခေါ်လာပေးပါမယ် "
"မလိုပါဘူး Mr. Parkရဲ့ ကျုပ်က ကျုပ်လူတွေကို နယူးဇီလန် လွှတ်လိုက်ပြီ ခင်ဗျား သဘောမတူဘူးဆိုရင်တောင် Park Chaeyoungကို ကျူပ်က မရရအောင် ယူမလို့ ဟားဟားဟား "
"ဟုတ်ပါပြီ ဟားဟားဟား "
Chanyeol မကောင်းဆိုးဝါးတွေ နေတဲ့အခန်းထဲကနေ အားတင်းပြီး ထွက်လာခဲ့သည်
ဓာတ်လှေကားထဲ သူ့ရုံးခန်းကို သွားဖို့ ခလုတ်ကို အားတင်းပြီး နှိပ်ရင်း လဲကျသွားသည်
ကံကောင်းချင်တော့ သူ့ရုံးခန်းအထပ်ရောက်တော့ ဓာတ်လှေကား တံခါးပွင့်လာသည့် အပြင် Aeriကိုပါ တွေ့ရလေသည်
"Sir. .."
"Aeri. ..ငါ့ကို ရုံးခန်း ပို့ပေးပါ....."
Aeriလည်း Chanyeolကို မနိုင်မနင်းတွဲပြီး သူ့ရုံးခန်းသို့ ပို့ပေးလေသည်
"ရုံးခန်းတံခါး လော့ချလိုက် "
Chanyeol စကားကြောင့် Aeri လန့်သွားသည်
သို့သော်လည်း အမိန့်မလွန်ဆန်ရဲလို့ တံခါး လော့ချလိုက်သည်
Chanyeol သူ့စားပွဲအံဆွဲထဲက ဆေးမှုန့်ဘူးလေး ထုတ်ပြီး ရှူလိုက်တော့ Aeri အရမ်း အံ့သြသွားတယ်
Chanyeolကို လူကြီးလူကောင်းတစ်ယောက်လို့ Aeri ယုံကြည်လေးစားခဲ့တာ အခု ဆေးသမား ဖြစ်နေတယ်တဲ့လား
သူ့ကို ဝေဖန်နေတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတဲ့ Aeriဆီ Chanyeol လျှောက်လာသည်
Aeriမှာ သူမကို နှုတ်ပိတ်ဖို့ ရိုက်နှက်နှိပ်စက်တော့မှာလား တွေးပြီး ကြောက်လို့ မျက်လုံးမှိတ်ထားပေမယ့် Chanyeolမှာ Aeriရဲ့ ပခုံးပေါ် မျက်နှာအပ်ကာ ငိုနေသည်
Rooftopတွင် Chanyeolနဲ့ Aeriတို့ ရပ်ကာ အဝေးကိုကြည့်နေကြသည်
Chanyeolပြောပြသမျှ စကားတွေကြားပြီး Aeri မှာ မယုံနိုင်ဖြစ်နေသည်
"Aeri. ...ငါ မွန်းကြပ်လွန်းလို့ မင်းကို ယုံကြည်ရမယ်ထင်ပြီး ရင်ဖွင့်ခဲ့တာနော်...ဒီအကြောင်းတွေ အပြင်ကိုမပေါက်ကြားပါစေနဲ့"
"ဟုတ်..."
"ငါ အခုလိုပြောတာလည်း ပေါက်ကြားမှာ စိတ်ပူလို့ မဟုတ်ဘူး မင်း အန္တရာယ် ရှိလာမှာဆိုးလို့ ....မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိနေတာ ငါ့အဖေကြောင့် မပျက်စီးစေချင်ဘူး သူက သူ့ကိုယ်သူ ကာကွယ်ဖို့ဆို မင်းကို ပုရွက်ဆိတ်တစ်ကောင်လိုတောင် သတ်ပစ်နိုင်တယ် "
"ဒါဆို ကျွန်မ ဘာလုပ်သင့်လည်း "
Chanyeol သူ့ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး
"မင်း ဆုံးဖြတ်ပေါ့... ဒီ မကောင်းတဲ့ company မှာ ဆက်လုပ်မလား အလုပ်ထွက်မလားဆိုတာ အလုပ် ထွက်မယ်ဆိုရင် ထွက်စာမှာ ငါ signထိုးပေးဖို့ အဆင့်သင့်ဘဲ..."
"ဒါပေမယ့်...."
"အလုပ်သစ်ရှာဖို့ ခက်ခဲနေရင် ငါရှာပေးပါမယ် ဒီ industry မှာ ငါ့အသိတွေ အများကြီး ရှိတယ်..... အလုပ်ရဖို့ မခက်ခဲပါဘူး "
"ဒါဆို မနက်ဖြန်ကျ ကျွန်မ resign လာတင်ပါမယ်..."
"Ok "
Chanyeol မှာ သူ့အဖေအကြောင်းသိလို့ Aeriကို သူ့ညီမလို ဖြစ်မှာဆိုးလို့ ဒီမကောင်းဆိုးဝါး company ကနေ လွတ်နိုင်ဖို့ ကူညီချင်သည်
Chanyeolမှာ Dr. Ruthဆီကနေ Manoban ဖုန်းနံပါတ်တောင်းပြီး Manobanဆီ ဖုန်းခေါ်သော်လည်း....Manobanမှာ ဖုန်းမကိုင်ပေ
Chanyeolမှာ သူ့ညီမအတွက် စိတ်ပူပြီး ဘာလုပ်ရမလည်း တွေးနေစဥ် ဟိုတစ်လောက သူ ကူညီပေးခဲ့တဲ့ အထက်တန်းကျောင်းတုံးက သူ့သူငယ်ချင်း Minoကို သတိရသွားသည်
"ဟုတ်ပြီ သူ့ကိုအကူအညီတောင်းရမယ် အဲ့ကောင်က အတိုက်ခိုက်လည်း ကျွမ်းတော့..... chaeyoung ကို ကာကွယ်နိုင်တယ်...."
နယူးဇီလန်တွင်
Manoban တစ်ယောက် အိပ်ရာက နိုးလာတော့ သူမ လက်မောင်းပေါ် အိပ်ပျော်နေတဲ့ Chaeyoungကို အနမ်းတစ်ချက် ပေးလိုက်သည်
စားပွဲခုံပေါ်တွင် တင်ထားတဲ့ ဖုန်းမှာ Vibrate ဖြစ်နေသောကြောင့် Chaeyoung နိုးမှာဆိုးလို့ Chaeyoung ခေါင်းလေးကို ညင်သာစွာ ကိုင်ကာ ခေါင်းအုံးပေါ်သို့ တင်ပေးလိုက်သည်
ထို့နောက် ကုတင်ပေါ်က ဆင်းပြီး ဖုန်းကို ကောက်ကိုင်ကာ အခန်းထဲက ထွက်လာသည်
"Hello "
"Dr. Manoban လား...ကျွန်တော် Park Chanyeolပါ Chaeyoung ရဲ့အကို "
"Aww ဟုတ်ကဲ့ ...Mr. Park... "
"Dr. Manobanတို့ အခုရှိနေတဲ့ နေရာကနေ တခြားကို အမြန်ထွက်သွားဖို့ လိုတယ်ဗျာ့ "
"ဘာလို့လည်း "
"Chaeyoungရဲ့ လုံခြုံရေး အတွက်ပါ ...အခု ခင်ဗျားတို့ တည်နေရာကို သိပြီး လိုက်လာနေကြပြီ ..."
Chanyeolရဲ့ စကားကြောင့် Manobanမှာ လန့်သွားတယ်
"ဘာ ဘယ်လိုဖြစ်တာလည်း ဘယ်သူတွေလည်း "
"ကိစ္စကတော့ ပြောရရင် ရှည်လိမ့်မယ် ဒါပေမယ့် သူတို့တွေက Chaeyoungကို အန္တရာယ် ပေးမယ့်သူတွေမို့ Manobanက ကျွန်တော့် ညီမလေးကို တတ်နိုင်သမျှ ကာကွယ်ပေးပါဗျာ တောင်းဆိုပါတယ်...."
Chanyeolရဲ့ စကားကြောင့် Manoban စိတ်တွေပူပြီး အံကိုကြိတ်ထားမိသည်
#TBC
#Zawgyi
At Seoul
"ဘာ ဘယ်လို...."
"ရော့ သက်သေတွေ "
Slap
"ဟုတ်ပါပြီ ဟားဟားဟား "
"Sir. .."
"ဟုတ်..."
"ဒါပေမယ့်...."
"Ok "
နယူးဇီလန်တွင်
"Hello "
"Aww ဟုတ်ကဲ့ ...Mr. Park... "
"ဘာလို့လည်း "
#TBC
Bạn đang đọc truyện trên: Truyen3h.Co