Truyen3h.Co

Born Again

Part 9

KimFany059

#Unicode

မိုးသည်းထန်စွာ ရွာနေသောကြောင့် Chaeyoungတို့ အပြင်မထွက်ရဘဲ အိမ်ထဲ နေနေရသည်

Chaeyoung ကတော့ သူမအခန်းထဲတွင် စောင်ပါးပါးလေး ခြုံပြီး ကုတင်ပေါ်တွင် ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်က မိုးရေစက်တွေကို ငေးကြည့်နေသည်

ခေါင်မိုးပေါ်ကျလာတဲ့ မိုးရေစက်သံတွေ နားထောင်ရင်း သူမရဲ့ သနားစရာကောင်းတဲ့ ဘဝလေးကို တွေးမိသွားသည်

သို့သော်လည်း အနည်းဆုံးတော့ ယခုပျော်နေရတာဘဲလို့ တွေးမိပြီး ပြုံးမိသွားတယ်

ပြုံးနေရာက ရုတ်တရက် သူမ အမေကို လူသတ်သမားလို့ စွပ်စွဲတဲ့အကြောင်းတွေ ပြန်သတိရသွားတယ်

Chanyeol ပြောပြပုံအရဆို သူမတို့ အမေက ထောက်ချောက်ဆင်ခံရတာတဲ့ ....ထောင်ချောက်ဆင်တဲ့သူကိုလည်း Park မောင်နှမနှစ်ယောက်က သူတို့အဖေလို့ သံသယဝင်နေပေမယ့်......တကယ့်လက်တွေ့မှာတော့ သူတို့အဖေကို ဘာမှမပြောရဲ မမေးရဲကြဘူးလေ

Chaeyoung အတွေးတွေလွန်ရင်း သူမ အကိုကို သတိရသွားတယ်

ဆိုးလ်ကိုပြန်ပြီး သူမအကိုကို နယူးဇီလန်မှာ သူမနဲ့ အတူနေဖို့ Chaeyoung ခေါ်ချင်သည်

သို့သော်လည်း သူမတို့အဖေ လက်အောက်ကနေ ရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်လေ

သူမတောင် ပုံပျက်ပန်းပျက် သေပြီဆိုတဲ့ သတင်းကြောင့် အခုလို လွတ်လာခဲ့တာလေ

တွေးနေရင်း သူမအကိုအပေါ် အားနာစိတ်ဝင်လာသည်

သူမအကိုရဲ့ ကျေးဇူးကြောင့် အခုလို ဒီနေရာမှာ အေးအေးချမ်းချမ်းနေနေရတာလေ

Chaeyoung သူမအကိုကို အားနာစိတ်တွေဝင်လာပြီး မျက်ရည်တွေကျလာသည်

Knock Knock

တံခါးခေါက်သံကြောင့် Chaeyoung သူမ မျက်ရည်တွေကို အမြန်သုတ်လိုက်သည်

"ဝင်လာလို့ ရလား "

"ရတယ် Manoban "

Chaeyoung မျက်ရည်တွေသုတ်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်

Manoban အခန်းထဲဝင်လာတော့ Chaeyoung ပြုံးပြပေမယ့် Manoban ငိုထားတယ်ဆိုတာ Chaeyoung ပါးပေါ်က မျက်ရည်စီးကြောင်းတွေကြောင့် သတိထားမိတယ်လေ

"မင်း အဆင်ပြေရဲ့လား "

Chaeyoungကို သောက်ဆေးတွေပေးရင်း Manoban မေးလိုက်သည်

Chaeyoung မှာ Manobanပေးတဲ့ ဆေးသောက်ပြီး ခေါင်းညိတ်ပြသည်

Manoban မှာ ထိုင်ခုံပေါ် ထိုင်ရင်း Chaeyoung ကို စိတ်ပူနေတဲ့အကြည့်နဲ့ ကြည့်နေသည်

"Look.... မင်း စိတ်ထဲ တစ်ခုခု ဖြစ်နေတယ်ဆိုရင် ငါ့ကိုပြောပြလို့ ရပါတယ် ရင်ဖွင့်လို့ရတယ် Chae "

Chaeyoung ခေါင်းခါပြပေမယ့် Manoban က လက်မလျော့ပေ

"မပြောဘဲ မျိုသိပ်ထားရင် မင်းကျန်းမာရေးအတွက် ကောင်းမှာ မဟုတ်ဘူးနော် ငါတို့က အခု မင်းကို physicalရော mentalရော ပြန်ကောင်းလာအောင် ကုနေရတာ "

Manobanနဲ့ Chaeyoungတို့ အချိန်အကြာကြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်

ငိုချင်နေတဲ့အချိန်မျိုးဆို တစ်စုံတစ်ယောက် ဘာဖြစ်လို့လည်း လာမေးရင် ငိုမိကြတတ်တယ်မလား

Chaeyoungလည်း စိတ်မထိန်းနိုင်တော့ဘဲ Manobanရှေ့မှာ ငိုချမိလိုက်သည်

Manoban ထိုင်ရာက ထပြီး Chaeyoungရဲ့ လက်နှစ်ဖက်ကို ကိုင်လိုက်သည်

"ငိုဖို့ ပခုံးလိုအပ်လား Chae "

Manobanပြောပြီး ကုတင်ပေါ် တက်ကာ Chaeyoung ဘေးနား ဝင်ထိုင်လိုက်သည်

Chaeyoungလည်း Manboan ပခုံးပေါ် မျက်နှာအပ်ကာ ငိုလေသည်....Manobanရဲ့ hoodie တစ်ခုလုံး Chaeyoung မျက်ရည်တွေနဲ့ စိုရွှဲသွားတယ်

မိနစ်အနည်းငယ်ကြာတဲ့အထိ Chaeyoung ငိုနေသည်

ငိုလို့ပြီးတဲ့နောက်မှာတော့ Manboanရော Chaeyoungရော တိတ်ဆိတ်နေကြသည်

Chaeyoung စိတ်က ဗလာလိုဖြစ်နေပြီး Manobanကလည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်

"ငါလေ ခုထိ သေချင်နေတုံးဘဲ "

Chaeyoungရဲ့ စကားကြောင့် Manoban လန့်သွားတယ်.... Chaeyoungကို ဆုံးရှုံးရမှာ Manoban ကြောက်နေတယ်

"ဒါပေမယ့် အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်တွေကို ငါ ရှာတွေ့ခဲ့တယ်......."

ထိုအခါမှ Manoban စိတ်သက်သာရာရသွားတယ်

"Seoul ကို ပြန်ရအောင်လား Manoban "

Chaeyoung စကားကြောင့် Manoban shockရသွားပြန်သည်

Park Chaeyoung တစ်ယောက် Manobanကို ရိုလာကိုစတာ စီးနေရသလို စိတ်ခံစားချက် အနိမ့်အမြင့်ရအောင် လုပ်နေသလို

မိုးရေစက်သံတွေက လွဲလို့ တစ်ခန်းလုံး တိတ်ဆိတ်သွားကြသည်

Manobanမှာ Chaenyeol နဲ့ ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်လာတယ်

Chaeyoungကို ကာကွယ်ပေးမယ်လို့ Manobanက  ကတိပေးခဲ့တယ်လေ

Seoulကို ပြန်သွားမယ်ဆို Chaeyoung အတွက် အန္တရာယ် ရှိစေတယ်ဆိုတာ Manoban သိလို့ မသွားဖို့ တားရန် စကားလုံးတွေရှာနေတယ်

"ဒီမှာနေရတာ မပျော်လို့လား Chae. .."

Manobanရဲ့ မျက်ဝန်းတွေကို Chaeyoung စိုက်ကြည့်လိုက်ပြီး

"နင့်ကြောင့် အရမ်းပျော်ရတာပေါ့ Manoban ရယ် "

"ဒါဆို ဘာလို့ Seoulကို ပြန်ချင်နေရတာလည်း "

"Seoulကို ပြန်ဖို့ ငါ့မှာ အကြောင်းပြချက်တွေ ရှိလို့ပေါ့ ..."

Chaeyoung လက်စားချေချင်နေတာ Manoban ရိပ်မိသွားပြီး

"မဟုတ်သေးဘူး Chae. ..မင်း ဘာတွေ တွေးနေလည်းဆိုတာ ငါသိတယ် ဒါက ဟာသမဟုတ်ဘူးနော် မင်းအတွက် အန္တရာယ် ရှိနေတာကို "

"ဒါဆို Chanyeolကျတော့ရော....ငါ့အကိုက ငါပျော်ဖို့အတွက် သူ ငရဲထဲမှာ နေနေရတာလေ သူ့အကြောင်းတွေးမိပြီး ငါ့ကိုယ်ငါ အပြစ်ရှိသလို ခံစားရတယ် Manobanရယ် "

"ဒါပေမယ့် "

"Shu. ."

Manobanကို ဆက်မပြောဖို့ သူမနှုတ်ခမ်းပေါ် Chaeyoung လက်ညိုးလေးတင်လိုက်သည်

"ဒါပေမယ့်တွေ မလိုချင်ဘူး ငါ ဆုံးဖြတ်ပြီးသွားပြီ နင် ပြန်ပြင်လို့မရဘူး "

Manoban လည်း မိသားစု ပြဿနာဆိုတော့ မဆိုင်ဘဲ ဝင်ရှုပ်သလို ဖြစ်နေမှာဆိုးလို့ သက်ပြင်းသာ ချလိုက်သည်

"အင်းပါလေ သိပါပြီ "

Manoban သက်ပြင်းချတာကို Chaeyoung တစ်မျိုးထင်သွားပြီး

"Sorry Manoban... ဒီပြဿနာထဲ နင့်ကို ဆွဲမခေါ်ခဲ့သင့်ဘူး ....."

"အဲ့လို မဟုတ်ပါဘူး Chaeရ.. "

"ငါ ဆိုးလ်ပြန်တဲ့အခါ နင် မလိုက်ခဲ့လည်း ရတယ်ရယ် "

Chaeyoung စကားလည်းဆုံးရော Manobanမှာ Chaeyoungကို ဆွဲပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

Manoban အပြုအမူကြောင့် Chaeyoung အရမ်း အံ့သြသွားတယ်

သူမ နှုတ်ခမ်းပေါ် လှုပ်ရှားနေတဲ့ Manoban နှုတ်ခမ်းလေးကြောင့် Chaeyoung ကြက်သီးတွေထလာသည်

Manobanမှာတော့ Chaeyoung က သူမကို ပြန်မနမ်းသောကြောင့် စိတ်နည်းနည်း ပျက်သွားပြီး နမ်းရာက ရပ်လိုက်သည်

သို့သော်လည်း Chaeyoung မျက်နှာနားက မခွာဘဲ ရီဝေတဲ့အကြည့်တွေနဲ့ Chaeyoung ကို ကြည့်ကာ

"မင်း ဘယ်သွားသွား ကိုယ် အနောက်ကနေ လိုက်နေမှာ "

"ဘာလို့လည်း "

"Chae အဲ့လောက်ထိတုံးရလား "

Manoban စကားကြောင့် Chaeyoung ပြုံးပြီး Manoban ရဲ့ နှုတ်ခမ်းလေးကို ဖိနမ်းလိုက်သည်

"Chae... "

Manoban မမျှော်လင့်ထားတဲ့ Chaeyoung အပြုအမူကြောင့် ရင်ခုန်သွားသည်

"ငါ့ ပျော်ရွှင်မှုတွေရဲ့ အကြောင်းပြချက်က နင်ဘဲ သိလား Manoban. .. ငါ သေရာကနေ ပြန်လည်မွေးဖွားလာခဲ့ချိန် မျက်လုံးဖွင့်ဖွင့်ချင်း နင့်ကို မြင်လိုက်ရတဲ့အခါ ငါ သိသွားခဲ့တယ် "

Chaeyoung ပြောပြီး Manoban ကို ထပ်နမ်းပြန်သည်

Manobanလည်း Chaeyoungကို နမ်းရင်း ကုတင်ပေါ်ကို တွန်းလှဲလိုက်သည်

"ကိုယ့်ကို နှလုံးရှော့ခ်ရအောင် အသေ သတ်နေတာလား အချစ်လေး "

"ရည်းစားမဖြစ်သေးဘဲ ဘာလို့ အချစ်ကလေးလို့ ခေါ်တာလည်း "

Manobanရဲ့ နှာခေါင်းလေးကို Chaeyoung လက်ညိုးလေးနဲ့တို့ပြီး စလိုက်တော့ Manoban ရယ်လေသည်

"ဒါဆို ကိုယ့်ကောင်မလေး ဖြစ်ပေး "

Chaeyoung ပြန်မဖြေဘဲ စဥ်းစားချင်ယောင်ဆောင်တော့ Chaeyoungကို Manoban ကလိထိုးလေသည်

"Yah yah ယားတယ်နော် Manoban... "

"ဒါဆို အဖြေပေးလေ...."

"Yes yes. .."

Chaeyoung အဖြေပြန်ပေးတော့ Chaeyoungအပေါ်ကနေ အုပ်မိုးပြီး Manoban နမ်းဖို့ ကြိုးစားပြန်သည်

"No more kiss Manoban "

"အဲ့လိုပြောလေ နမ်းချင်လာလေဘဲ "

Chaeyoungရဲ့ လက်ကို ချုပ်ပြီး Chaeyoung မျက်နှာတပြင်လုံးကို Manoban အားပါးတရ နမ်းလေသည်

Chaeyoung မှာ Manoban အနမ်းတွေကို ကျေကျေနပ်နပ် လက်ခံရင်း

Please god. ...Manoban ထက် ကောင်းတဲ့သူတွေ ရှိလာခဲ့ရင်တောင်... နောင်ဘဝထိ Manobanကိုဘဲ ရွေးချယ်ပါရစေ ...Manobanက လွဲပြီး ဘယ်သူမှ မလိုချင်လို့ Manoban ကိုတော့ အတ္တကြီးစွာ ပိုင်ဆိုင်ပါရစေ
...............................................Park Chaeyoung

#TBC

#zawgyi

မိုးသည္းထန္စြာ ႐ြာေနေသာေၾကာင့္ Chaeyoungတို႔ အျပင္မထြက္ရဘဲ အိမ္ထဲ ေနေနရသည္

Chaeyoung ကေတာ့ သူမအခန္းထဲတြင္ ေစာင္ပါးပါးေလး ၿခဳံၿပီး ကုတင္ေပၚတြင္ ထိုင္ကာ ျပတင္းေပါက္ အျပင္ဘက္က မိုးေရစက္ေတြကို ေငးၾကည့္ေနသည္

ေခါင္မိုးေပၚက်လာတဲ့ မိုးေရစက္သံေတြ နားေထာင္ရင္း သူမရဲ႕ သနားစရာေကာင္းတဲ့ ဘဝေလးကို ေတြးမိသြားသည္

သို႔ေသာ္လည္း အနည္းဆုံးေတာ့ ယခုေပ်ာ္ေနရတာဘဲလို႔ ေတြးမိၿပီး ၿပဳံးမိသြားတယ္

ၿပဳံးေနရာက ႐ုတ္တရက္ သူမ အေမကို လူသတ္သမားလို႔ စြပ္စြဲတဲ့အေၾကာင္းေတြ ျပန္သတိရသြားတယ္

Chanyeol ေျပာျပပုံအရဆို သူမတို႔ အေမက ေထာက္ေခ်ာက္ဆင္ခံရတာတဲ့ ....ေထာင္ေခ်ာက္ဆင္တဲ့သူကိုလည္း Park ေမာင္ႏွမႏွစ္ေယာက္က သူတို႔အေဖလို႔ သံသယဝင္ေနေပမယ့္......တကယ့္လက္ေတြ႕မွာေတာ့ သူတို႔အေဖကို ဘာမွမေျပာရဲ မေမးရဲၾကဘူးေလ

Chaeyoung အေတြးေတြလြန္ရင္း သူမ အကိုကို သတိရသြားတယ္

ဆိုးလ္ကိုျပန္ၿပီး သူမအကိုကို နယူးဇီလန္မွာ သူမနဲ႕ အတူေနဖို႔ Chaeyoung ေခၚခ်င္သည္

သို႔ေသာ္လည္း သူမတို႔အေဖ လက္ေအာက္ကေန ႐ုန္းထြက္ဖို႔ဆိုတာ မျဖစ္နိုင္ေလ

သူမေတာင္ ပုံပ်က္ပန္းပ်က္ ေသၿပီဆိုတဲ့ သတင္းေၾကာင့္ အခုလို လြတ္လာခဲ့တာေလ

ေတြးေနရင္း သူမအကိုအေပၚ အားနာစိတ္ဝင္လာသည္

သူမအကိုရဲ႕ ေက်းဇူးေၾကာင့္ အခုလို ဒီေနရာမွာ ေအးေအးခ်မ္းခ်မ္းေနေနရတာေလ

Chaeyoung သူမအကိုကို အားနာစိတ္ေတြဝင္လာၿပီး မ်က္ရည္ေတြက်လာသည္

Knock Knock

တံခါးေခါက္သံေၾကာင့္ Chaeyoung သူမ မ်က္ရည္ေတြကို အျမန္သုတ္လိုက္သည္

"ဝင္လာလို႔ ရလား "

"ရတယ္ Manoban "

Chaeyoung မ်က္ရည္ေတြသုတ္ၿပီး ကုတင္ေပၚက ဆင္းလိုက္သည္

Manoban အခန္းထဲဝင္လာေတာ့ Chaeyoung ၿပဳံးျပေပမယ့္ Manoban ငိုထားတယ္ဆိုတာ Chaeyoung ပါးေပၚက မ်က္ရည္စီးေၾကာင္းေတြေၾကာင့္ သတိထားမိတယ္ေလ

"မင္း အဆင္ေျပရဲ႕လား "

Chaeyoungကို ေသာက္ေဆးေတြေပးရင္း Manoban ေမးလိုက္သည္

Chaeyoung မွာ Manobanေပးတဲ့ ေဆးေသာက္ၿပီး ေခါင္းညိတ္ျပသည္

Manoban မွာ ထိုင္ခုံေပၚ ထိုင္ရင္း Chaeyoung ကို စိတ္ပူေနတဲ့အၾကည့္နဲ႕ ၾကည့္ေနသည္

"Look.... မင္း စိတ္ထဲ တစ္ခုခု ျဖစ္ေနတယ္ဆိုရင္ ငါ့ကိုေျပာျပလို႔ ရပါတယ္ ရင္ဖြင့္လို႔ရတယ္ Chae "

Chaeyoung ေခါင္းခါျပေပမယ့္ Manoban က လက္မေလ်ာ့ေပ

"မေျပာဘဲ မ်ိဳသိပ္ထားရင္ မင္းက်န္းမာေရးအတြက္ ေကာင္းမွာ မဟုတ္ဘူးေနာ္ ငါတို႔က အခု မင္းကို physicalေရာ mentalေရာ ျပန္ေကာင္းလာေအာင္ ကုေနရတာ "

Manobanနဲ႕ Chaeyoungတို႔ အခ်ိန္အၾကာႀကီး တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကသည္

ငိုခ်င္ေနတဲ့အခ်ိန္မ်ိဳးဆို တစ္စုံတစ္ေယာက္ ဘာျဖစ္လို႔လည္း လာေမးရင္ ငိုမိၾကတတ္တယ္မလား

Chaeyoungလည္း စိတ္မထိန္းနိုင္ေတာ့ဘဲ Manobanေရွ႕မွာ ငိုခ်မိလိုက္သည္

Manoban ထိုင္ရာက ထၿပီး Chaeyoungရဲ႕ လက္ႏွစ္ဖက္ကို ကိုင္လိုက္သည္

"ငိုဖို႔ ပခုံးလိုအပ္လား Chae "

Manobanေျပာၿပီး ကုတင္ေပၚ တက္ကာ Chaeyoung ေဘးနား ဝင္ထိုင္လိုက္သည္

Chaeyoungလည္း Manboan ပခုံးေပၚ မ်က္ႏွာအပ္ကာ ငိုေလသည္....Manobanရဲ႕ hoodie တစ္ခုလုံး Chaeyoung မ်က္ရည္ေတြနဲ႕ စို႐ႊဲသြားတယ္

မိနစ္အနည္းငယ္ၾကာတဲ့အထိ Chaeyoung ငိုေနသည္

ငိုလို႔ၿပီးတဲ့ေနာက္မွာေတာ့ Manboanေရာ Chaeyoungေရာ တိတ္ဆိတ္ေနၾကသည္

Chaeyoung စိတ္က ဗလာလိုျဖစ္ေနၿပီး Manobanကလည္း ဘာေျပာရမွန္းမသိ ျဖစ္ေနသည္

"ငါေလ ခုထိ ေသခ်င္ေနတုံးဘဲ "

Chaeyoungရဲ႕ စကားေၾကာင့္ Manoban လန့္သြားတယ္.... Chaeyoungကို ဆုံးရႈံးရမွာ Manoban ေၾကာက္ေနတယ္

"ဒါေပမယ့္ အသက္ဆက္ရွင္ဖို႔ အေၾကာင္းျပခ်က္ေတြကို ငါ ရွာေတြ႕ခဲ့တယ္......."

ထိုအခါမွ Manoban စိတ္သက္သာရာရသြားတယ္

"Seoul ကို ျပန္ရေအာင္လား Manoban "

Chaeyoung စကားေၾကာင့္ Manoban shockရသြားျပန္သည္

Park Chaeyoung တစ္ေယာက္ Manobanကို ရိုလာကိုစတာ စီးေနရသလို စိတ္ခံစားခ်က္ အနိမ့္အျမင့္ရေအာင္ လုပ္ေနသလို

မိုးေရစက္သံေတြက လြဲလို႔ တစ္ခန္းလုံး တိတ္ဆိတ္သြားၾကသည္

Manobanမွာ Chaenyeol နဲ႕ ေျပာခဲ့တဲ့ စကားေတြ ျပန္ၾကားေယာင္လာတယ္

Chaeyoungကို ကာကြယ္ေပးမယ္လို႔ Manobanက  ကတိေပးခဲ့တယ္ေလ

Seoulကို ျပန္သြားမယ္ဆို Chaeyoung အတြက္ အႏၱရာယ္ ရွိေစတယ္ဆိုတာ Manoban သိလို႔ မသြားဖို႔ တားရန္ စကားလုံးေတြရွာေနတယ္

"ဒီမွာေနရတာ မေပ်ာ္လို႔လား Chae. .."

Manobanရဲ႕ မ်က္ဝန္းေတြကို Chaeyoung စိုက္ၾကည့္လိုက္ၿပီး

"နင့္ေၾကာင့္ အရမ္းေပ်ာ္ရတာေပါ့ Manoban ရယ္ "

"ဒါဆို ဘာလို႔ Seoulကို ျပန္ခ်င္ေနရတာလည္း "

"Seoulကို ျပန္ဖို႔ ငါ့မွာ အေၾကာင္းျပခ်က္ေတြ ရွိလို႔ေပါ့ ..."

Chaeyoung လက္စားေခ်ခ်င္ေနတာ Manoban ရိပ္မိသြားၿပီး

"မဟုတ္ေသးဘူး Chae. ..မင္း ဘာေတြ ေတြးေနလည္းဆိုတာ ငါသိတယ္ ဒါက ဟာသမဟုတ္ဘူးေနာ္ မင္းအတြက္ အႏၱရာယ္ ရွိေနတာကို "

"ဒါဆို Chanyeolက်ေတာ့ေရာ....ငါ့အကိုက ငါေပ်ာ္ဖို႔အတြက္ သူ ငရဲထဲမွာ ေနေနရတာေလ သူ႕အေၾကာင္းေတြးမိၿပီး ငါ့ကိုယ္ငါ အျပစ္ရွိသလို ခံစားရတယ္ Manobanရယ္ "

"ဒါေပမယ့္ "

"Shu. ."

Manobanကို ဆက္မေျပာဖို႔ သူမႏႈတ္ခမ္းေပၚ Chaeyoung လက္ညိုးေလးတင္လိုက္သည္

"ဒါေပမယ့္ေတြ မလိုခ်င္ဘူး ငါ ဆုံးျဖတ္ၿပီးသြားၿပီ နင္ ျပန္ျပင္လို႔မရဘူး "

Manoban လည္း မိသားစု ျပႆနာဆိုေတာ့ မဆိုင္ဘဲ ဝင္ရႈပ္သလို ျဖစ္ေနမွာဆိုးလို႔ သက္ျပင္းသာ ခ်လိဳက္သည္

"အင္းပါေလ သိပါၿပီ "

Manoban သက္ျပင္းခ်တာကို Chaeyoung တစ္မ်ိဳးထင္သြားၿပီး

"Sorry Manoban... ဒီျပႆနာထဲ နင့္ကို ဆြဲမေခၚခဲ့သင့္ဘူး ....."

"အဲ့လို မဟုတ္ပါဘူး Chaeရ.. "

"ငါ ဆိုးလ္ျပန္တဲ့အခါ နင္ မလိုက္ခဲ့လည္း ရတယ္ရယ္ "

Chaeyoung စကားလည္းဆုံးေရာ Manobanမွာ Chaeyoungကို ဆြဲၿပီး Chaeyoungရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

Manoban အျပဳအမူေၾကာင့္ Chaeyoung အရမ္း အံ့ၾသသြားတယ္

သူမ ႏႈတ္ခမ္းေပၚ လႈပ္ရွားေနတဲ့ Manoban ႏႈတ္ခမ္းေလးေၾကာင့္ Chaeyoung ၾကက္သီးေတြထလာသည္

Manobanမွာေတာ့ Chaeyoung က သူမကို ျပန္မနမ္းေသာေၾကာင့္ စိတ္နည္းနည္း ပ်က္သြားၿပီး နမ္းရာက ရပ္လိုက္သည္

သို႔ေသာ္လည္း Chaeyoung မ်က္ႏွာနားက မခြာဘဲ ရီေဝတဲ့အၾကည့္ေတြနဲ႕ Chaeyoung ကို ၾကည့္ကာ

"မင္း ဘယ္သြားသြား ကိုယ္ အေနာက္ကေန လိုက္ေနမွာ "

"ဘာလို႔လည္း "

"Chae အဲ့ေလာက္ထိတုံးရလား "

Manoban စကားေၾကာင့္ Chaeyoung ၿပဳံးၿပီး Manoban ရဲ႕ ႏႈတ္ခမ္းေလးကို ဖိနမ္းလိုက္သည္

"Chae... "

Manoban မေမွ်ာ္လင့္ထားတဲ့ Chaeyoung အျပဳအမူေၾကာင့္ ရင္ခုန္သြားသည္

"ငါ့ ေပ်ာ္႐ႊင္မႈေတြရဲ႕ အေၾကာင္းျပခ်က္က နင္ဘဲ သိလား Manoban. .. ငါ ေသရာကေန ျပန္လည္ေမြးဖြားလာခဲ့ခ်ိန္ မ်က္လုံးဖြင့္ဖြင့္ခ်င္း နင့္ကို ျမင္လိုက္ရတဲ့အခါ ငါ သိသြားခဲ့တယ္ "

Chaeyoung ေျပာၿပီး Manoban ကို ထပ္နမ္းျပန္သည္

Manobanလည္း Chaeyoungကို နမ္းရင္း ကုတင္ေပၚကို တြန္းလွဲလိုက္သည္

"ကိုယ့္ကို ႏွလုံးေရွာ့ခ္ရေအာင္ အေသ သတ္ေနတာလား အခ်စ္ေလး "

"ရည္းစားမျဖစ္ေသးဘဲ ဘာလို႔ အခ်စ္ကေလးလို႔ ေခၚတာလည္း "

Manobanရဲ႕ ႏွာေခါင္းေလးကို Chaeyoung လက္ညိုးေလးနဲ႕တို႔ၿပီး စလိုက္ေတာ့ Manoban ရယ္ေလသည္

"ဒါဆို ကိုယ့္ေကာင္မေလး ျဖစ္ေပး "

Chaeyoung ျပန္မေျဖဘဲ စဥ္းစားခ်င္ေယာင္ေဆာင္ေတာ့ Chaeyoungကို Manoban ကလိထိုးေလသည္

"Yah yah ယားတယ္ေနာ္ Manoban... "

"ဒါဆို အေျဖေပးေလ...."

"Yes yes. .."

Chaeyoung အေျဖျပန္ေပးေတာ့ Chaeyoungအေပၚကေန အုပ္မိုးၿပီး Manoban နမ္းဖို႔ ႀကိဳးစားျပန္သည္

"No more kiss Manoban "

"အဲ့လိုေျပာေလ နမ္းခ်င္လာေလဘဲ "

Chaeyoungရဲ႕ လက္ကို ခ်ဳပ္ၿပီး Chaeyoung မ်က္ႏွာတျပင္လုံးကို Manoban အားပါးတရ နမ္းေလသည္

Chaeyoung မွာ Manoban အနမ္းေတြကို ေက်ေက်နပ္နပ္ လက္ခံရင္း

Please god. ...Manoban ထက္ ေကာင္းတဲ့သူေတြ ရွိလာခဲ့ရင္ေတာင္... ေနာင္ဘဝထိ Manobanကိုဘဲ ေ႐ြးခ်ယ္ပါရေစ ...Manobanက လြဲၿပီး ဘယ္သူမွ မလိုခ်င္လို႔ Manoban ကိုေတာ့ အတၱႀကီးစြာ ပိုင္ဆိုင္ပါရေစ
...............................................Park Chaeyoung

#TBC

Bạn đang đọc truyện trên: Truyen3h.Co