Part 19
#Unicode
နောက်ဆုံးတော့ Mr. Lingနဲ့ လက်ထပ်ရမယ့် နေ့ကို ရောက်လာခဲ့ပြီလေ
Wedding Dayမို့ မိန်းကလေးတွေက Wedding Dressနဲ့ ပျော်ကြပေမယ့် Chaeyoungကတော့ ထိုမိန်းကလေးတွေနဲ့မတူ......
မချစ်ရတဲ့ သူနဲ့လက်ထပ်ရတော့မှာမို့ Chaeyoung သူမကိုယ်သူမ အဆုံးစီရင်ဖို့ ကြိုးစားနေသည်
ယခု Chaeyoungက Mr. Lingရဲ့ စံအိမ်တွင် Wedding အတွက် မိတ်ကပ်လိမ်းပြီး အလှပြင်နေရသည်
မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ် artist တွေ ထွက်သွားတော့ Chaeyoung သူမအိမ်ကနေ ဖွက်ယူလာခဲ့တဲ့ ဓားနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ တွေးလေသည်
အခန်းအရှေ့မှာ အစောင့်တွေရှိတာကြောင့် Chaeyoung တွေဝေမနေဘဲ အမြန် အဆုံးစီရင်ဖို့ တွေးပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ အသံကိုကြားရတော့ Chaeyoung အတွေးတွေရပ်သွားတယ်
ထိုမိန်းကလေးရဲ့အသံကို Chaeyoung ရင်းနှီးသလို ခံစားရသည်
"အပြင်မှာဘဲနေ အထဲလိုက်မလာနဲ့ ငါက သူ့ရဲ့ မိန်းမအသစ်ကို မြင်ဖူးချင်ရုံဘဲ...."
Mr. Lingရဲ့ မိန်းမဖြစ်နေလို့ အစောင့်တွေလည်း ထိုမိန်းကလေးကို ဝင်ခွင့်ပေးလိုက်သည်
တံခါးဖွင့်သံလည်းကြားရော Chaeyoung လိုက်ကာနောက်တွင် အမြန်ပုန်းလိုက်သည်
"Chaeyoung. ..."
အခန်းထဲဝင်လာတဲ့ မိန်းကလေးက သူမနာမည်ကို သိနေလို့ Chaeyoung အံ့သြသွားတယ်
Chaeyoung ပုန်းနေရာက ထွက်လာပြီး ထိုမိန်းကလေးကို ဓားနဲ့ချိန်လိုက်စဥ်
"Aeri. ....."
"Chaeyoung.... "
ထိုမိန်းကလေးက Aeri ဖြစ်နေတော့ Chaeyoung သူ့လက်က ဓားကိုလွတ်ချလိုက်သည်
"Aeri ဘာလို့ ဒီကိုရောက်နေတာလည်း "
"Chaeyoung လက်ထဲမှာလည်း ဓားကြီးနဲ့ ဘယ်လိုဖြစ်တာလည်း....မဟုတ်မှလွဲလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ တွေးနေတာလား....."
Aeriမေးတော့ Chaeyoung ခေါင်းညိတ်ပြသည်
"Aeri က ဘယ်လိုဖြစ်လို့.... "
"Mr. Ling ရဲ့ မိန်းမဖြစ်သွားပြီလေ.....ငါတို့ ဖမ်းခံရတုံးက Mr. Lingက Mr. Parkဆီကနေ ငါ့ကိုဝယ်သွားတာ "
Aeriရဲ့ စကားကြောင့် Chaeyoung စိတ်မကောင်းဖြစ်သွားတယ်
"Aeriရယ်...."
"အခု ငါက ပြဿနာမဟုတ်ဘူး Chaeyoung ...ငါအခု နင့်ကို ကူညီဖို့လာတာ "
Aeriပြောပြီး သူမ စကတ်ကြားထဲ ဖွက်ထားတဲ့ စာအိတ်ကိုထုတ်ပြီး Chaeyoungကို ပေးလိုက်သည်
"ဘာတွေလည်း "
"Mr. Lingရဲ့ မူးယစ်ဆေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို ငါခိုးလာတာ.... အထောက်အကူဖြစ်ဖို့ မျှော်လင့်ရတာဘဲ "
"ဟင် "
"အရာအားလုံးက နင့်အပေါ်မူတည်နေပြီ Chaeyoung ..ဒီ စာအိတ်ကိုယူပြီး ဒီကနေ ပြေးနိုင်သလောက်ထွက်ပြေးပါ "
"အတူထွက်ပြေးကြမယ်လေ Aeri "
"နှစ်ယောက်အတူ ထွက်ပြေးလို့မဖြစ်ဘူး Chaeyoung "
"ဒါပေမယ့်...."
"ဒါပေမယ့်တွေ မပြောနဲ့တော့ Chaeyoung .....ဟိုအဘိုးကြီး ရောက်မလာခင် အမြန်ပြေးတော့.....သူအခု သူ့ဖောက်သည်နဲ့ သွားတွေ့နေတာမို့ နင်ပြေးရင်လွတ်တယ် ....ငါ့ကို စိတ်မပူပါနဲ့.... ငါ့ကို အားနာတယ်ဆို ......အရာအားလုံးကို မကြောက်မရွံ့ဘဲ နင်စီစဥ်ထားသလို ရင်ဆိုင်ပြီး သူတို့ကို အပြစ်ပေးဆပ်ရအောင် လုပ်ပေးမယ်လို့ ကတိပေးပါ....နင် ကတိပေးနိုင်တယ်မလား "
Chaeyoung မျက်ရည်တွေကျလာပြီး Aeriကို ခေါင်းညိတ်ပြလိုက်သည်
Aeriမှာ Chaeyoung မျက်ရည်တွေကို သုတ်ပေးပြီး ဖက်လိုက်သည်
ထို့နောက် Mr. Ling မလာခင် ထွက်ပြေးဖို့ အစီအစဉ် ဆွဲကြသည်
Aeri အခန်းအပြင်ထွက်ပြီး အိမ်အကူတစ်ယောက်ကို ခေါ်လိုက်သည်
"ဘာလုပ်မလို့လည်း..မ..."
"သတို့သမီးက ရေမှောက်သွားလို့ သုတ်ခိုင်းမလို့ နင်လာသုတ်မလို့လား "
အခန်းရှေ့စောင့်နေတဲ့ အစောင့်ကမေးတော့ Aeri ဘုဆတ်ဆတ်ပြောလိုက်သည်
"မဟုတ်ပါဘူး..... "
Chaeyoungလည်း အခန်းထဲရောက်လာတဲ့ အိမ်အကူကို စားပွဲခုံပေါ်က ပန်းအိုးနဲ့ ရိုက်ချလိုက်သည်
"တောင်းပန်ပါတယ် "
Chaeyoung တောင်းပန်စကားပြောပြီး သတိမေ့သွားတဲ့ အိမ်အကူရဲ့ အဝတ်အစားတွေကို ချွတ်ကာ လဲလိုက်သည်
ထို့နောက် Aeriကို ဖက်ပြီး Chaeyoung ကျေးဇူးတင်စကားပြောလိုက်သည်
"ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် Aeri. ...."
"ကျေးဇူးတင်ရင် ငါ့ကိုပေးထားတဲ့ ကတိတည်ပါ ..."
Chaeyoung ခေါင်းညိတ်ပြီးAeriပေးတဲ့ စာအိတ်ကို သူမ ခါးကြားထဲ ထိုးထည့်လိုက်သည်
ထို့နောက် အခန်းထဲကနေ အစောင့်တွေရှေ့ ခေါင်းငုံ့ပြီး ထွက်သွားလေသည်
အစောင့်တွေကလည်း အိမ်အကူဆိုပြီး မျက်နှာသေချာမကြည့်ဘဲ အချင်းချင်း စကားပြောနေကြသည်
Chaeyoungမှာ အိမ်အကူယောင်ဆောင်ပြီး အိမ်ထဲကနေ အပြင်ကိုရောက်သွားသည်
ထိုစဥ် အိမ်ထဲကနေ သေနတ်သံကိုကြားတော့ Aeri သူ့ကိုယ်သူ အဆုံးစီရင်သွားတာ Chaeyoung သိပြီး ဒီအိမ်ကြီးကနေ လွတ်အောင်ပြေးလေသည်
Chaeyoung ပြေးရင်း မောလာပြီး ခဏခဏ မှောက်ရက် လဲမိလို့ ခြေထောက်တစ်ခုလုံးလည်း စုတ်ပြတ်နေသည်
သို့သော် Mr. Lingရဲ့ လူတွေက သူမကို လိုက်ရှာနေမှန်း Chaeyoung သိလို့ အားတင်းထားကာ ဆက်ပြေးနေသည်
သို့သော် ကားတစ်စီးက သူမကို ကျော်တက်ပြီး သူမရှေ့ လာရပ်တဲ့အခါ အရှိန်မထိန်းနိုင်ဘဲ
ကားကိုဝင်တိုက်မိပြီး Chaeyoung လဲကျသွားသည်
ထို့နောက် Chaeyoung ....မြင်ကွင်း အမှောင်ဖုံးသွားသည်
Chaeyoung သတိရလာတော့ သူမ မရင်းနှီးတဲ့ နေရာတစ်ခု ရောက်နေမှန်း သိပြီး အိပ်ရာက ချက်ချင်း ထလိုက်သည်
"Chae. ...သတိရလာပြီလား "
Chaeyoung သူမ အရမ်းသတိရနေတဲ့ ကောင်မလေးကို သူမရှေ့တွင် မြင်လိုက်ရတော့ အရမ်းပျော်ပြီး ဖက်လေသည်
"Manoban "
"နောက်ကျမှ လာကယ်မိလို့ တောင်းပန်ပါတယ် "
Chaeyoungကတော့ ဘာမှမပြောဘဲ Manobanရဲ့ ရင်ခွင်ထဲတွင် ငိုနေသည်
Chaeyoungကို Manoban တင်းတင်းကြပ်ကြပ် ဖက်ပြီး
"Sorry Chae. ...တစ်ယောက်တည်း ခက်ခဲပင်ပန်းနေခဲ့ချိန်က လာမကယ်နိုင်ခဲ့လို့ "
"မဟုတ်တာ Manobanရယ်..."
"Chae. ...ကိုယ် မင်းကို ဖုံးကွယ်ထားခဲ့တဲ့ အမှန်တရားတစ်ခုကို ဝန်ခံစရာရှိတယ်..."
Manoban တစ်ခုခုကို ဝန်ခံတော့မယ်ဆိုတော့ Chaeyoung မအံ့သြဘဲ တည်ငြိမ်နေတယ်လေ
ဘာလို့ဆို သူမ အဖေ စကားကြောင့် Manoban က တစ်ခုခုဘဲဆိုတာ Chaeyoung တွေးမိခဲ့တာကိုး....ဒါပေမယ့် သူမ ချစ်သူကိုတော့ Chaeyoung အပြည့်အဝ ယုံကြည်ထားတယ်လေ
"တကယ်တော့ ကိုယ်က နယူးဇီလန်က သာမန်ဆရာဝန်မဟုတ်ပါဘူး Koreaနိုင်ငံရဲ့ လျို့ဝှက်အဖွဲ့အစည်းက စုံထောက်တစ်ယောက်ပါ "
Manoban ရဲ့ စကားကြောင့် Chaeyoung မျက်လုံးပြူးသွားသည်
"ဘယ်လို "
"ကိုယ်တို့ အဖွဲ့အစည်းက Mr. Parkကို ဖမ်းနိုင်ဖို့ အစီအစဥ်တွေချခဲ့တာလေ..."
"နေပါအုံး ဒါဆို.... Chae က အဲ့အစီအစဥ်တွေထဲက တစ်ခုလား "
Chaeyoungမေးတော့ Manoban မျက်နှာလေး ညှိုးပြီး ခေါင်းညိတ်ပြသည်
Manoban မှာ Chaeyoungရဲ့လက်ကို ကိုင်လိုက်ပေမယ့် Chaeyoungက အကိုင်မခံဘဲ ရုန်းလိုက်သည်
"ကိုယ်က မင်းကို Mr. Park လက်ထဲက ကာကွယ်ပေးဖို့ အမိန့်ရပြီး နယူးဇီလန်ကိုပြောင်းခဲ့တာ.....ဆေးရုံကအစ ရွာလေးမှာ နေခဲ့တာကရော အကုန် ကိုယ်တို့စီစဥ်ခဲ့တာ "
Chaeyoungမှာ Manobanကို မကြည့်ဘဲ တစ်ဖက်ကို မျက်နှာလွှဲကာနေသည်
"ကိုယ် မင်းကို လိမ်ထားခဲ့လို့ တောင်းပန်ပါတယ် Chae. .."
"Manoban. ..ငါ နင့်ကို တစ်ခုမေးစရာရှိတယ် "
"မေးလေ Chae"
"နင် ငါ့ကိုချစ်တယ်ဆိုတာက နင့် Project အောင်မြင်ဖို့ အတွက်လား.... ဟန်ဆောင်ခဲ့တာလား တကယ်ချစ်ခဲ့တာလား "
"ဟန်ဆောင်စရာလား Chaeရယ် ကိုယ့်ဂရုစိုက်မှုတွေရော ချစ်ခြင်းမေတ္တာတွေ အကုန်လုံးက အစစ်မှန်ပါ ကိုယ် မင့်ကို စတွေ့ကတည်းက ချစ်မိသွားတာ....."
Manobanပြောပြီး သူမကို မျက်နှာလွှဲထားတဲ့ Chaeyoungကို သူမဘက် လှည့်ခိုင်းသည်
ထို့နောက် Chaeyoung မျက်နှာလေးကို ကိုင်ပြီး Chaeyoung နှုတ်ခမ်းလေးကို နမ်းလိုက်သည်
လူပျိုကြီး Song Minoကတော့ သူ့ရှေ့က အတွဲတွေကို စိတ်ကုန်ပြီး အခန်းထဲကထွက်သွားကာ အိမ်သာထဲ သွားထိုင်နေလိုက်သည်
#TBC
နောက်နှစ်ပိုင်းပြီးရင် Born Againလေး ဇာတ်သိမ်းပါတော့မယ် ❤
#Zawgyi
ေနာက္ဆုံးေတာ့ Mr. Lingနဲ႕ လက္ထပ္ရမယ့္ ေန႕ကို ေရာက္လာခဲ့ၿပီေလ
Wedding Dayမို႔ မိန္းကေလးေတြက Wedding Dressနဲ႕ ေပ်ာ္ၾကေပမယ့္ Chaeyoungကေတာ့ ထိုမိန္းကေလးေတြနဲ႕မတူ......
မခ်စ္ရတဲ့ သူနဲ႕လက္ထပ္ရေတာ့မွာမို႔ Chaeyoung သူမကိုယ္သူမ အဆုံးစီရင္ဖို႔ ႀကိဳးစားေနသည္
ယခု Chaeyoungက Mr. Lingရဲ႕ စံအိမ္တြင္ Wedding အတြက္ မိတ္ကပ္လိမ္းၿပီး အလွျပင္ေနရသည္
မိတ္ကပ္လိမ္းၿပီးေနာက္ မိတ္ကပ္ artist ေတြ ထြက္သြားေတာ့ Chaeyoung သူမအိမ္ကေန ဖြက္ယူလာခဲ့တဲ့ ဓားနဲ႕ ကိုယ့္ကိုကိုယ္ အဆုံးစီရင္ဖို႔ ေတြးေလသည္
အခန္းအေရွ႕မွာ အေစာင့္ေတြရွိတာေၾကာင့္ Chaeyoung ေတြေဝမေနဘဲ အျမန္ အဆုံးစီရင္ဖို႔ ေတြးေပမယ့္ မိန္းကေလးတစ္ေယာက္ရဲ႕ အသံကိုၾကားရေတာ့ Chaeyoung အေတြးေတြရပ္သြားတယ္
ထိုမိန္းကေလးရဲ႕အသံကို Chaeyoung ရင္းႏွီးသလို ခံစားရသည္
"အျပင္မွာဘဲေန အထဲလိုက္မလာနဲ႕ ငါက သူ႕ရဲ႕ မိန္းမအသစ္ကို ျမင္ဖူးခ်င္႐ုံဘဲ...."
Mr. Lingရဲ႕ မိန္းမျဖစ္ေနလို႔ အေစာင့္ေတြလည္း ထိုမိန္းကေလးကို ဝင္ခြင့္ေပးလိုက္သည္
တံခါးဖြင့္သံလည္းၾကားေရာ Chaeyoung လိုက္ကာေနာက္တြင္ အျမန္ပုန္းလိုက္သည္
"Chaeyoung. ..."
အခန္းထဲဝင္လာတဲ့ မိန္းကေလးက သူမနာမည္ကို သိေနလို႔ Chaeyoung အံ့ၾသသြားတယ္
Chaeyoung ပုန္းေနရာက ထြက္လာၿပီး ထိုမိန္းကေလးကို ဓားနဲ႕ခ်ိန္လိုက္စဥ္
"Aeri. ....."
"Chaeyoung.... "
ထိုမိန္းကေလးက Aeri ျဖစ္ေနေတာ့ Chaeyoung သူ႕လက္က ဓားကိုလြတ္ခ်လိဳက္သည္
"Aeri ဘာလို႔ ဒီကိုေရာက္ေနတာလည္း "
"Chaeyoung လက္ထဲမွာလည္း ဓားႀကီးနဲ႕ ဘယ္လိုျဖစ္တာလည္း....မဟုတ္မွလြဲလို႔ ကိုယ့္ကိုကိုယ္ သတ္ေသဖို႔ ေတြးေနတာလား....."
Aeriေမးေတာ့ Chaeyoung ေခါင္းညိတ္ျပသည္
"Aeri က ဘယ္လိုျဖစ္လို႔.... "
"Mr. Ling ရဲ႕ မိန္းမျဖစ္သြားၿပီေလ.....ငါတို႔ ဖမ္းခံရတုံးက Mr. Lingက Mr. Parkဆီကေန ငါ့ကိုဝယ္သြားတာ "
Aeriရဲ႕ စကားေၾကာင့္ Chaeyoung စိတ္မေကာင္းျဖစ္သြားတယ္
"Aeriရယ္...."
"အခု ငါက ျပႆနာမဟုတ္ဘူး Chaeyoung ...ငါအခု နင့္ကို ကူညီဖို႔လာတာ "
Aeriေျပာၿပီး သူမ စကတ္ၾကားထဲ ဖြက္ထားတဲ့ စာအိတ္ကိုထုတ္ၿပီး Chaeyoungကို ေပးလိုက္သည္
"ဘာေတြလည္း "
"Mr. Lingရဲ႕ မူးယစ္ေဆးေတြနဲ႕ပတ္သက္တဲ့ အခ်က္အလက္တစ္ခ်ိဳ႕ကို ငါခိုးလာတာ.... အေထာက္အကူျဖစ္ဖို႔ ေမွ်ာ္လင့္ရတာဘဲ "
"ဟင္ "
"အရာအားလုံးက နင့္အေပၚမူတည္ေနၿပီ Chaeyoung ..ဒီ စာအိတ္ကိုယူၿပီး ဒီကေန ေျပးနိုင္သေလာက္ထြက္ေျပးပါ "
"အတူထြက္ေျပးၾကမယ္ေလ Aeri "
"ႏွစ္ေယာက္အတူ ထြက္ေျပးလို႔မျဖစ္ဘူး Chaeyoung "
"ဒါေပမယ့္...."
"ဒါေပမယ့္ေတြ မေျပာနဲ႕ေတာ့ Chaeyoung .....ဟိုအဘိုးႀကီး ေရာက္မလာခင္ အျမန္ေျပးေတာ့.....သူအခု သူ႕ေဖာက္သည္နဲ႕ သြားေတြ႕ေနတာမို႔ နင္ေျပးရင္လြတ္တယ္ ....ငါ့ကို စိတ္မပူပါနဲ႕.... ငါ့ကို အားနာတယ္ဆို ......အရာအားလုံးကို မေၾကာက္မ႐ြံ႕ဘဲ နင္စီစဥ္ထားသလို ရင္ဆိုင္ၿပီး သူတို႔ကို အျပစ္ေပးဆပ္ရေအာင္ လုပ္ေပးမယ္လို႔ ကတိေပးပါ....နင္ ကတိေပးနိုင္တယ္မလား "
Chaeyoung မ်က္ရည္ေတြက်လာၿပီး Aeriကို ေခါင္းညိတ္ျပလိုက္သည္
Aeriမွာ Chaeyoung မ်က္ရည္ေတြကို သုတ္ေပးၿပီး ဖက္လိုက္သည္
ထို႔ေနာက္ Mr. Ling မလာခင္ ထြက္ေျပးဖို႔ အစီအစဥ္ ဆြဲၾကသည္
Aeri အခန္းအျပင္ထြက္ၿပီး အိမ္အကူတစ္ေယာက္ကို ေခၚလိုက္သည္
"ဘာလုပ္မလို႔လည္း..မ..."
"သတို႔သမီးက ေရေမွာက္သြားလို႔ သုတ္ခိုင္းမလို႔ နင္လာသုတ္မလို႔လား "
အခန္းေရွ႕ေစာင့္ေနတဲ့ အေစာင့္ကေမးေတာ့ Aeri ဘုဆတ္ဆတ္ေျပာလိုက္သည္
"မဟုတ္ပါဘူး..... "
Chaeyoungလည္း အခန္းထဲေရာက္လာတဲ့ အိမ္အကူကို စားပြဲခုံေပၚက ပန္းအိုးနဲ႕ ရိုက္ခ်လိဳက္သည္
"ေတာင္းပန္ပါတယ္ "
Chaeyoung ေတာင္းပန္စကားေျပာၿပီး သတိေမ့သြားတဲ့ အိမ္အကူရဲ႕ အဝတ္အစားေတြကို ခြၽတ္ကာ လဲလိုက္သည္
ထို႔ေနာက္ Aeriကို ဖက္ၿပီး Chaeyoung ေက်းဇူးတင္စကားေျပာလိုက္သည္
"ငါ့ကို ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ Aeri. ...."
"ေက်းဇူးတင္ရင္ ငါ့ကိုေပးထားတဲ့ ကတိတည္ပါ ..."
Chaeyoung ေခါင္းညိတ္ၿပီးAeriေပးတဲ့ စာအိတ္ကို သူမ ခါးၾကားထဲ ထိုးထည့္လိုက္သည္
ထို႔ေနာက္ အခန္းထဲကေန အေစာင့္ေတြေရွ႕ ေခါင္းငုံ႕ၿပီး ထြက္သြားေလသည္
အေစာင့္ေတြကလည္း အိမ္အကူဆိုၿပီး မ်က္ႏွာေသခ်ာမၾကည့္ဘဲ အခ်င္းခ်င္း စကားေျပာေနၾကသည္
Chaeyoungမွာ အိမ္အကူေယာင္ေဆာင္ၿပီး အိမ္ထဲကေန အျပင္ကိုေရာက္သြားသည္
ထိုစဥ္ အိမ္ထဲကေန ေသနတ္သံကိုၾကားေတာ့ Aeri သူ႕ကိုယ္သူ အဆုံးစီရင္သြားတာ Chaeyoung သိၿပီး ဒီအိမ္ႀကီးကေန လြတ္ေအာင္ေျပးေလသည္
Chaeyoung ေျပးရင္း ေမာလာၿပီး ခဏခဏ ေမွာက္ရက္ လဲမိလို႔ ေျခေထာက္တစ္ခုလုံးလည္း စုတ္ျပတ္ေနသည္
သို႔ေသာ္ Mr. Lingရဲ႕ လူေတြက သူမကို လိုက္ရွာေနမွန္း Chaeyoung သိလို႔ အားတင္းထားကာ ဆက္ေျပးေနသည္
သို႔ေသာ္ ကားတစ္စီးက သူမကို ေက်ာ္တက္ၿပီး သူမေရွ႕ လာရပ္တဲ့အခါ အရွိန္မထိန္းနိုင္ဘဲ
ကားကိုဝင္တိုက္မိၿပီး Chaeyoung လဲက်သြားသည္
ထို႔ေနာက္ Chaeyoung ....ျမင္ကြင္း အေမွာင္ဖုံးသြားသည္
Chaeyoung သတိရလာေတာ့ သူမ မရင္းႏွီးတဲ့ ေနရာတစ္ခု ေရာက္ေနမွန္း သိၿပီး အိပ္ရာက ခ်က္ခ်င္း ထလိုက္သည္
"Chae. ...သတိရလာၿပီလား "
Chaeyoung သူမ အရမ္းသတိရေနတဲ့ ေကာင္မေလးကို သူမေရွ႕တြင္ ျမင္လိုက္ရေတာ့ အရမ္းေပ်ာ္ၿပီး ဖက္ေလသည္
"Manoban "
"ေနာက္က်မွ လာကယ္မိလို႔ ေတာင္းပန္ပါတယ္ "
Chaeyoungကေတာ့ ဘာမွမေျပာဘဲ Manobanရဲ႕ ရင္ခြင္ထဲတြင္ ငိုေနသည္
Chaeyoungကို Manoban တင္းတင္းၾကပ္ၾကပ္ ဖက္ၿပီး
"Sorry Chae. ...တစ္ေယာက္တည္း ခက္ခဲပင္ပန္းေနခဲ့ခ်ိန္က လာမကယ္နိုင္ခဲ့လို႔ "
"မဟုတ္တာ Manobanရယ္..."
"Chae. ...ကိုယ္ မင္းကို ဖုံးကြယ္ထားခဲ့တဲ့ အမွန္တရားတစ္ခုကို ဝန္ခံစရာရွိတယ္..."
Manoban တစ္ခုခုကို ဝန္ခံေတာ့မယ္ဆိုေတာ့ Chaeyoung မအံ့ၾသဘဲ တည္ၿငိမ္ေနတယ္ေလ
ဘာလို႔ဆို သူမ အေဖ စကားေၾကာင့္ Manoban က တစ္ခုခုဘဲဆိုတာ Chaeyoung ေတြးမိခဲ့တာကိုး....ဒါေပမယ့္ သူမ ခ်စ္သူကိုေတာ့ Chaeyoung အျပည့္အဝ ယုံၾကည္ထားတယ္ေလ
"တကယ္ေတာ့ ကိုယ္က နယူးဇီလန္က သာမန္ဆရာဝန္မဟုတ္ပါဘူး Koreaနိုင္ငံရဲ႕ လ်ိဳ႕ဝွက္အဖြဲ႕အစည္းက စုံေထာက္တစ္ေယာက္ပါ "
Manoban ရဲ႕ စကားေၾကာင့္ Chaeyoung မ်က္လုံးျပဴးသြားသည္
"ဘယ္လို "
"ကိုယ္တို႔ အဖြဲ႕အစည္းက Mr. Parkကို ဖမ္းနိုင္ဖို႔ အစီအစဥ္ေတြခ်ခဲ့တာေလ..."
"ေနပါအုံး ဒါဆို.... Chae က အဲ့အစီအစဥ္ေတြထဲက တစ္ခုလား "
Chaeyoungေမးေတာ့ Manoban မ်က္ႏွာေလး ညွိုးၿပီး ေခါင္းညိတ္ျပသည္
Manoban မွာ Chaeyoungရဲ႕လက္ကို ကိုင္လိုက္ေပမယ့္ Chaeyoungက အကိုင္မခံဘဲ ႐ုန္းလိုက္သည္
"ကိုယ္က မင္းကို Mr. Park လက္ထဲက ကာကြယ္ေပးဖို႔ အမိန့္ရၿပီး နယူးဇီလန္ကိုေျပာင္းခဲ့တာ.....ေဆး႐ုံကအစ ႐ြာေလးမွာ ေနခဲ့တာကေရာ အကုန္ ကိုယ္တို႔စီစဥ္ခဲ့တာ "
Chaeyoungမွာ Manobanကို မၾကည့္ဘဲ တစ္ဖက္ကို မ်က္ႏွာလႊဲကာေနသည္
"ကိုယ္ မင္းကို လိမ္ထားခဲ့လို႔ ေတာင္းပန္ပါတယ္ Chae. .."
"Manoban. ..ငါ နင့္ကို တစ္ခုေမးစရာရွိတယ္ "
"ေမးေလ Chae"
"နင္ ငါ့ကိုခ်စ္တယ္ဆိုတာက နင့္ Project ေအာင္ျမင္ဖို႔ အတြက္လား.... ဟန္ေဆာင္ခဲ့တာလား တကယ္ခ်စ္ခဲ့တာလား "
"ဟန္ေဆာင္စရာလား Chaeရယ္ ကိုယ့္ဂ႐ုစိုက္မႈေတြေရာ ခ်စ္ျခင္းေမတၱာေတြ အကုန္လုံးက အစစ္မွန္ပါ ကိုယ္ မင့္ကို စေတြ႕ကတည္းက ခ်စ္မိသြားတာ....."
Manobanေျပာၿပီး သူမကို မ်က္ႏွာလႊဲထားတဲ့ Chaeyoungကို သူမဘက္ လွည့္ခိုင္းသည္
ထို႔ေနာက္ Chaeyoung မ်က္ႏွာေလးကို ကိုင္ၿပီး Chaeyoung ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
လူပ်ိဳႀကီး Song Minoကေတာ့ သူ႕ေရွ႕က အတြဲေတြကို စိတ္ကုန္ၿပီး အခန္းထဲကထြက္သြားကာ အိမ္သာထဲ သြားထိုင္ေနလိုက္သည္
#TBC
ေနာက္ႏွစ္ပိုင္းၿပီးရင္ Born Againေလး ဇာတ္သိမ္းပါေတာ့မယ္
Bạn đang đọc truyện trên: Truyen3h.Co