Truyen3h.Co

Born Again

Part 3

KimFany059

#Unicode

နောက်တစ်နေ့ မနက်တွင် Chaeyoung တစ်ယောက် သူမကိုယ်တိုင် မကောင်းဆိုးဝါးလို့ သတ်မှတ်ထားတဲ့ လောကကြီးကို မျက်နှာချင်းဆိုင်ဖို့ နိုးလာခဲ့သည်

ငှက်ကလေးတွေက တေးသီချင်းတွေ သီကြူးနေပေမယ့်.....နေမင်းကြီးက တောက်ပနေပေမယ့် လေပြည်လေညှင်းတွေ တိုက်ခိုက်နေပေမယ့် Chaeyoung ပထမဆုံး တွေးမိတဲ့အကြောင်းကတော့ ကိုယ့်ကိုကိုယ် ဘယ်လိုသတ်သေရမလည်းဆိုတာပါဘဲ

Chaeyoung သူမပါးပေါ်  စီးကျလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်လိုက်စဥ် လက်မှာစိုက်ထားတဲ့ အပ်ကြောင့် စူးခနဲ နာကျင်သွားသည်

ထိုစဥ် အခန်းထဲကို လူတစ်ယောက် ဝင်လာတာကို Chaeyoung တွေ့လိုက်တယ် ဒါပေမယ့် သူမ ဂရုမစိုက်ဘဲ ပြတင်းပေါက်အပြင်ဘက်ကို အကြည့်လွှဲလိုက်သည်

အမျိူးသမီးကတော့ သက်ပြင်းချပြီး သူမ Duty coatက အိတ်ထောင်နှစ်ဖက်ထဲ လက်ထည့်ပြီး

"နိုးလာပြီလား "

"မြင်တဲ့အတိုင်းဘဲလေ "

Chaeyoung ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ဖြေလိုက်သည်

ထိုအမျိူးသမီးမှာ ခုံကို ဆွဲယူပြီး Chaeyoung ကုတင်ဘေး ဝင်ထိုင်လိုက်သည်

"သက်သာရဲ့လား ဘယ်လိုခံစားရလဲ "

Chaeyoung ဘုကလန့်ဖြေမှာ သိပေမယ့် တာဝန်အရ မေးလိုက်သည်

"သက်သာနေတဲ့ပုံပေါ်နေတာလား "

Chaeyoung သူမကို မေးခွန်းတွေမေးနေတဲ့ အမျိူးသမီးကို ကြည့်လိုက်တော့ မနေ့က သူမကို ဇွပ်ခနဲ ပေါ့ပေါ့ပါးပါးနဲ့ ပွေ့ချီပြီး ကုတင်ပေါ် တင်ခဲ့တဲ့ တစ်ယောက်ဖြစ်နေသည်......

Chaeyoung နဲ့ မျက်လုံးချင်းဆုံသွားတော့ ထိုတစ်ယောက်မှာ အတောက်ပဆုံးအပြုံးနဲ့ Chaeyoung ကို ပြုံးပြလိုက်သည်

"ဘယ်လိုခံစားရလည်းဆိုတော့ ငါသေချင်နေတယ် "

Chaeyoung စကားကြောင့် Manoban မှာ ခေါင်းခါပြီး

"သေခြင်းတရားက မင်းထင်သလောက် မလွယ်ကူမရိုးရှင်းဘူး "

"လွယ်ပါတယ် ဒီပြတင်းပေါက်ကနေ ခုန်ချလိုက်ရင် သေပြီဘဲကို..... ကြည့်ရသလောက် ဒါက အထပ်မြင့်မှာဘဲ....."

"Ok ကောင်းပြီ ဒါဆို မင်း ဒီပြတင်းပေါက်ကနေ ခုန်ချပြီး သတ်သေလိုက်ပြီထား ငါတို့ ဆေးရုံနာမည် ပျက်သွားတာကျ ဘယ်လို ပြန်ဆယ်ရမလည်း .....ငါတို့ ဆေးရုံက လူနာကို ဂရုမစိုက်လို့ လုံခြုံရေး အားနည်းလို့ အခုလို ဖြစ်ရတာဆိုပြီး နာမည်ပျက်တွေ ထွက်လာရင် ဘယ်လိုလုပ်မလည်း "

Manoban ရဲ့ စကားကြောင့် Chaeyoung မျက်နှာလွှဲပြီး တိတ်ဆိတ်သွားတယ်

သူမ သေချင်ပေမယ့် တစ်ဖက်က အပြစ်မရှိတဲ့
လူတွေကိုတော့ နစ်နာအောင် မလုပ်ချင်ဘူးလေ ....

သူမ အဖေ အဆောက်အဦးပေါ်က ခုန်ချသတ်သေခဲ့တယ်ဆိုတာ သူမအဖေဟာ မကောင်းဆိုးဝါးဖြစ်ကြောင်း တစ်လောကလုံးကို သိစေချင်လို့ ဖြစ်ပြီး ဒီဆေးရုံက လူတွေအကြောင်း Chaeyoungမသိတဲ့အပြင် ဘယ်မှာမှန်းတောင် သေချာမသိ......မိမိကြောင့် လူတစ်ဖက်သား ဒုက္ခရောက်မှာကို Chaeyoung မလိုလား

"ဗိုက်ဆာနေမှာပေါ့ ဆန်ပြုတ်သွားယူပေးမယ် "

Manoban ထရပ်တော့ Chaeyoung ခေါင်းခါပြသည်

"ဗိုက်မဆာဘူး ငါ့အတွက် အချိန်ဖြုန်းမနေနဲ့ "

"ဒီမှာ ကြည့် အစာငတ်ခံပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေတာဆိုရင် ဒါ ကောင်းတဲ့နည်းလမ်းမဟုတ်ဘူး....တော်လိုက်တော့ "

"ဒါဆို သေဖို့အကောင်းဆုံး နည်းလမ်းက ဘာလည်း ...."

Chaeyoung စိတ်တိုလာတာနဲ့ Manobanကို အော်ပစ်လိုက်သည် .....လောကကြီးကို အရှုံးပေးထားသူကို ဘာလို့ အသက်သွင်းနေကြတာလည်း

Manoban သူမကို အော်လိုက်တဲ့ Chaeyoungကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခုစဥ်းစားနေသည်

"မင်း အဲ့ဒီလောက်တောင် သေချင်နေတာလား "

Manoban မေးတော့ Chaeyoung ခေါင်းညိတ်ပြသည်

"Ok ကောင်းပြီလေ "

Manoban လက်ဖျောက်တီးပြီး Chaeyoung လက်က အပ်တွေ ဆေးသွင်းထားတာတွေကို ဆွဲဖြုတ်လိုက်သည်

ထို့နောက် Chaeyoungကို ပွေ့ချီလိုက်သည်

Chaeyoung ကို ပွေ့ချီလိုက်တော့ Chaeyoungရဲ့ မျက်နှာက Lisa လည်ပင်းနားရောက်ပြီး Lisa လည်ပင်းကို နမ်းမိမလို ဖြစ်သွားတယ်

Chaeyoung ရုတ်တရက် ပွေ့ချီခံလိုက်ရတော့ ပြုတ်ကျမှာကြောက်ပြီး Lisaရဲ့ လည်ပင်းကို သိုင်းဖက်မိထားသည်

"ဘာလုပ်တာလည်း အောက်ချပေး "

Manobanမှာ ခေါင်းခါပြီး Chaeyoungကို ပွေ့ချီကာ အခန်းအပြင်ဘက်ကို ထွက်သွားသည်

"ဘာလုပ်တာလည်း အောက်ချပေးလို့.....ဘယ်သွားနေတာလည်း "

"မင်းနဲ့ အတူသေမလို့လေ "

Manobanရဲ့ စကားကြောင့် Chaeyoung လန့်သွားသည်

"နင် ရူးနေတာလား သေရမယ့်လူက ငါလေ...နင်မှ မဟုတ်တာ "

Chaeyoungတို့ ဆူညံသံကြောင့် ဆေးရုံက တစ်ခြားလူနာတွေနဲ့ ဝန်ထမ်းတွေမှာ Chaeyoungတို့ကို ကြည့်နေကြသည်

Liamမှာ ဘာဖြစ်တာလည်းလို့ မျက်လုံးနဲ့ Manobanကို လှမ်းမေးပေမယ့် Manobanကတော့ လျစ်လျူရှုပြီး Exitလှေကားကနေ ခေါင်မိုးထပ်ကို တက်သွားသည်

ထို့နောက် ခေါင်မိုးထပ်တံခါးကို ခြေထောက်နဲ့ကန်ဖွင့်လိုက်သည်

ကြောက်ရွံ့ခြင်း မရှိဘဲ Chaeyoungကို ပွေ့ချီပြီး အစွန်ဆုံးနေရာကို သွားရပ်လိုက်သည်

"ကဲ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ် "

Chaeyoung ရုတ်တရက်ကြောက်စိတ်ဝင်လာလို့ အောက်ကိုတောင် ငုံ့မကြည်ရဲဘဲ Manoban ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ထားသည်

"နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ငါတို့နှစ်ယောက်လုံး အောက်ကို ပြုတ်ကျမှာ ...ဒီတော့ မခုန်ချခင်မှာ မင်း နောင်တရလား "

Manobanမေးတော့ Chaeyoung ခေါင်းခါပြသည်

"မရဘူး ရှင်ရော...."

Manoban သက်ပြင်းချပြီး

"ငါလား နောင်တရတာပေါ့ ငါ လက်မထပ်ရသေးဘူး ငါသွားချင်တဲ့ ပဲရစ်မြို့ကို မသွားရသေးဘူး ပြီးကျ ရည်းစားလည်းမရှိသေးဘူး ငါဖြစ်ချင်တာတွေ မဖြစ်သေးဘဲ သေရတော့မယ်လေ "

"ရှင့်မှာ ရည်းစားမရှိဘူးလား...."

Chaeyoung သူမကြောင့် လူတစ်ယောက်အနာဂတ် ပျက်စီးသွားမှာကို ကြောက်ရွံ့နေသည်

"မရှိဘူး မင်းရော "

"အင်း ငါ့ဘေးနား အမြဲရှိနေပေးတဲ့ အကိုက လွဲပြီး ချစ်ရမယ့်သူ မတွေ့ဖူးဘူး မရှိဘူး...."

"အင်း မင်း နောင်တမရဘူးလား.....မင်းရဲ့ အကိုကဘဲ ဒီသုံးနှစ်လုံး ....ဆေးရုံစရိတ်ထောက်ပံ့ခဲ့တာ ...သူက အားလုံးကို ဆန့်ကျင်ပြီး မင်းကို ကယ်ခဲ့....လုံခြုံတဲ့ ဒီနေရာကို ပို့ခဲ့တာ....မင်း သူ့အပေါ် နည်းနည်းမှ အားနာစိတ် မဝင်မိဘူးလား "

Manoban ပြောရင်း Chaeyoung ငိုနေတာ ခံစားမိလို့ နောက်ကိုဆုတ်ပြီး ခုံတန်းရှည်ဘက် Chaeyoungကို ခေါ်သွားသည်

ထို့နောက် Chaeyoungကို ခုံတန်းရှည်ပေါ် ထိုင်ခိုင်းလိုက်သည်

တရှုံ့ရှုံ ငိုနေတဲ့ Chaeyoungကို ကြည့်ပြီး Manoban သူ့ဘောင်းဘီအိတ်ထဲက လက်ကိုင်ပါဝါကို ထုတ်ကာ Chaeyoung မျက်ရည်တွေကို သုတ်ပေးနေသည်

"ငါ တကယ် တကိုယ်ကောင်းဆန်တဲ့ ညီမလေးဘဲ "

"ငိုလိုက်ပါ အားပါးတရ ငိုပစ်လိုက်ပါ......ဒီအပေါ်မှာ ဘယ်သူမှမရှိလို့ ဘယ်သူမှမသိပါဘူး....."

Chaeyoungကို ဖက်ပြီး Manoban နှစ်သိမ့်တော့ Chaeyoung ငိုချပစ်လိုက်သည်

Chaeyoungတို့ ခေါင်မိုးထပ်တွင် တစ်နာရီလောက်နေပြီနောက် Chaeyoung ကို သူမ အခန်းထဲသို့ Manoban ပြန်ခေါ်လာသည်

"ငိုထားရတာ ပင်ပန်းနေမှာပေါ့ ခဏနားလိုက်အုံး ငါ ကန်တင်းကနေ ဆန်ပြုတ်သွားယူပေမယ် "

"မ...."

"မစားလို့မရဘူး သုံးနှစ်လုံးလုံး မင်း ဘာမှမစားရသေးဘူး ဆေးတွေဘဲ သွင်းထားရလို့ ဗိုက်ဟောင်းလောင်းဖြစ်နေမှာ...."

Chaeyoung ငြင်းမလို့လုပ်ပေမယ့် Manobanက လက်ကာပြသည်

Chaeyoung နှုတ်ခမ်းလေးစူပြီး Manobanကို လှမ်းကြည့်လိုက်သည်

"နှုတ်ခမ်းလာစူပြမနေနဲ့ ငါ သွားယူလိုက်အုံးမယ် စိတ်ချမယ်နော် "

Manoban ထွက်သွားတော့ Chaeyoung သူမဗိုက်လေးကို ပွတ်လိုက်သည်

ခုန တော်တော်အားသုံးပြီး ငိုထားတော့ ဗိုက်က အချက်ပြနေပြီလေ

Chaeyoung သက်ပြင်းချပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း သူမအကို အကြောင်း တွေးနေသည်

"Oppa အခု ဘာများလုပ်နေမလည်း....Chae နေရာအစားထိုးခံလိုက်ရပြီလား "

"ဒန်တန်တန့် ဆန်ပြုတ်ရပါပြီ  ဒီတိုင်း ငြိမ်ငြိမ်လေးထိုင်နေတာဘဲ လိမ်မာလိုက်တာ "

Manoban ပြောပြီး လင်ဗန်းကို စားပွဲခုံပေါ် တင်လိုက်သည်

ထို့နောက် ကုတင်အောက်က ခေါက်ချိုးစားပွဲလေးကို ယူပြီး ကုတင်ပေါ်တင်လိုက်သည်

ဆန်ပြုတ်ပူပူလေးကို ယူပြီး စားပွဲခုံပေါ် တင်ကာ Manoban ခွံ့ကျွေးမယ်လုပ်တော့

"Chae ဘာသာစားမယ် "

"ကောင်းပြီလေ "

Manoban ခေါင်းညိတ်ပြီး Chaeyoung စားတာကို ထိုင်ကြည့်နေသည်

"Wow ဆန်ပြုတ်က ကောင်းလိုက်တာ....."

ဆန်ပြုတ်သောက်ရင်း Chaeyoung လက်မထောင်ပြီး ပြောလိုက်သည်

"ကြိုက်လား "

"ကြိုက်တယ် "

"မဝရင် ပြော ထပ်ယူပေးမယ် "

"Nae "

Chaeyoung ဆန်ပြုတ်ငုံ့သောက်တိုင်း သူမ ဆံပင်တွေနဲ့ အဆင်မပြေဖြစ်နေတာ Manoban သတိထားမိတော့ သူမခေါင်းက ခေါင်းစီးကြိုး အဝါလေးကို ဖြုတ်ပြီး ထရပ်လိုက်သည်

"ဟေး ခဏ......"

Manoban အသံကြောင့် Chaeyoung စားနေရာက ရပ်တော့ Chaeyoung ဆံပင်လေးကို သေချာကိုင်ပြီး သူမ ခေါင်းစီးကြိုးနဲ့ ချည်ပေးလိုက်သည်

"ရပြီ စားတော့.....ခုန ဆံပင်တွေကြောင့် မင်း အဆင်မပြေ ဖြစ်နေ လို့ ငါ စည်းပေးတာ "

Chaeyoung သူမ အကိုကလွဲလို့ တစ်ခြားသူဆီက တစ်ခါမှ အခုလို ဂရုစိုက်မခံရဖူးလို့ ရုတ်တရက် ရင်တွေခုန်လာသည်.......

#TBC

#Zawgyi

ေနာက္တစ္ေန႕ မနက္တြင္ Chaeyoung တစ္ေယာက္ သူမကိုယ္တိုင္ မေကာင္းဆိုးဝါးလို႔ သတ္မွတ္ထားတဲ့ ေလာကႀကီးကို မ်က္ႏွာခ်င္းဆိုင္ဖို႔ နိုးလာခဲ့သည္

ငွက္ကေလးေတြက ေတးသီခ်င္းေတြ သီၾကဴးေနေပမယ့္.....ေနမင္းႀကီးက ေတာက္ပေနေပမယ့္ ေလျပည္ေလညွင္းေတြ တိုက္ခိုက္ေနေပမယ့္ Chaeyoung ပထမဆုံး ေတြးမိတဲ့အေၾကာင္းကေတာ့ ကိုယ့္ကိုကိုယ္ ဘယ္လိုသတ္ေသရမလည္းဆိုတာပါဘဲ

Chaeyoung သူမပါးေပၚ  စီးက်လာတဲ့ မ်က္ရည္ေတြကို လက္နဲ႕သုတ္လိုက္စဥ္ လက္မွာစိုက္ထားတဲ့ အပ္ေၾကာင့္ စူးခနဲ နာက်င္သြားသည္

ထိုစဥ္ အခန္းထဲကို လူတစ္ေယာက္ ဝင္လာတာကို Chaeyoung ေတြ႕လိုက္တယ္ ဒါေပမယ့္ သူမ ဂ႐ုမစိုက္ဘဲ ျပတင္းေပါက္အျပင္ဘက္ကို အၾကည့္လႊဲလိုက္သည္

အမ်ိဴးသမီးကေတာ့ သက္ျပင္းခ်ၿပီး သူမ Duty coatက အိတ္ေထာင္ႏွစ္ဖက္ထဲ လက္ထည့္ၿပီး

"နိုးလာၿပီလား "

"ျမင္တဲ့အတိုင္းဘဲေလ "

Chaeyoung ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္ရင္း ေျဖလိုက္သည္

ထိုအမ်ိဴးသမီးမွာ ခုံကို ဆြဲယူၿပီး Chaeyoung ကုတင္ေဘး ဝင္ထိုင္လိုက္သည္

"သက္သာရဲ႕လား ဘယ္လိုခံစားရလဲ "

Chaeyoung ဘုကလန့္ေျဖမွာ သိေပမယ့္ တာဝန္အရ ေမးလိုက္သည္

"သက္သာေနတဲ့ပုံေပၚေနတာလား "

Chaeyoung သူမကို ေမးခြန္းေတြေမးေနတဲ့ အမ်ိဴးသမီးကို ၾကည့္လိုက္ေတာ့ မေန႕က သူမကို ဇြပ္ခနဲ ေပါ့ေပါ့ပါးပါးနဲ႕ ေပြ႕ခ်ီၿပီး ကုတင္ေပၚ တင္ခဲ့တဲ့ တစ္ေယာက္ျဖစ္ေနသည္......

Chaeyoung နဲ႕ မ်က္လုံးခ်င္းဆုံသြားေတာ့ ထိုတစ္ေယာက္မွာ အေတာက္ပဆုံးအၿပဳံးနဲ႕ Chaeyoung ကို ၿပဳံးျပလိုက္သည္

"ဘယ္လိုခံစားရလည္းဆိုေတာ့ ငါေသခ်င္ေနတယ္ "

Chaeyoung စကားေၾကာင့္ Manoban မွာ ေခါင္းခါၿပီး

"ေသျခင္းတရားက မင္းထင္သေလာက္ မလြယ္ကူမရိုးရွင္းဘူး "

"လြယ္ပါတယ္ ဒီျပတင္းေပါက္ကေန ခုန္ခ်လိဳက္ရင္ ေသၿပီဘဲကို..... ၾကည့္ရသေလာက္ ဒါက အထပ္ျမင့္မွာဘဲ....."

"Ok ေကာင္းၿပီ ဒါဆို မင္း ဒီျပတင္းေပါက္ကေန ခုန္ခ်ၿပီး သတ္ေသလိုက္ၿပီထား ငါတို႔ ေဆး႐ုံနာမည္ ပ်က္သြားတာက် ဘယ္လို ျပန္ဆယ္ရမလည္း .....ငါတို႔ ေဆး႐ုံက လူနာကို ဂ႐ုမစိုက္လို႔ လုံၿခဳံေရး အားနည္းလို႔ အခုလို ျဖစ္ရတာဆိုၿပီး နာမည္ပ်က္ေတြ ထြက္လာရင္ ဘယ္လိုလုပ္မလည္း "

Manoban ရဲ႕ စကားေၾကာင့္ Chaeyoung မ်က္ႏွာလႊဲၿပီး တိတ္ဆိတ္သြားတယ္

သူမ ေသခ်င္ေပမယ့္ တစ္ဖက္က အျပစ္မရွိတဲ့
လူေတြကိုေတာ့ နစ္နာေအာင္ မလုပ္ခ်င္ဘူးေလ ....

သူမ အေဖ အေဆာက္အဦးေပၚက ခုန္ခ်သတ္ေသခဲ့တယ္ဆိုတာ သူမအေဖဟာ မေကာင္းဆိုးဝါးျဖစ္ေၾကာင္း တစ္ေလာကလုံးကို သိေစခ်င္လို႔ ျဖစ္ၿပီး ဒီေဆး႐ုံက လူေတြအေၾကာင္း Chaeyoungမသိတဲ့အျပင္ ဘယ္မွာမွန္းေတာင္ ေသခ်ာမသိ......မိမိေၾကာင့္ လူတစ္ဖက္သား ဒုကၡေရာက္မွာကို Chaeyoung မလိုလား

"ဗိုက္ဆာေနမွာေပါ့ ဆန္ျပဳတ္သြားယူေပးမယ္ "

Manoban ထရပ္ေတာ့ Chaeyoung ေခါင္းခါျပသည္

"ဗိုက္မဆာဘူး ငါ့အတြက္ အခ်ိန္ျဖဳန္းမေနနဲ႕ "

"ဒီမွာ ၾကည့္ အစာငတ္ခံၿပီး ကိုယ့္ကိုကိုယ္ သတ္ေသဖို႔ ႀကိဳးစားေနတာဆိုရင္ ဒါ ေကာင္းတဲ့နည္းလမ္းမဟုတ္ဘူး....ေတာ္လိုက္ေတာ့ "

"ဒါဆို ေသဖို႔အေကာင္းဆုံး နည္းလမ္းက ဘာလည္း ...."

Chaeyoung စိတ္တိုလာတာနဲ႕ Manobanကို ေအာ္ပစ္လိုက္သည္ .....ေလာကႀကီးကို အရႈံးေပးထားသူကို ဘာလို႔ အသက္သြင္းေနၾကတာလည္း

Manoban သူမကို ေအာ္လိုက္တဲ့ Chaeyoungကို ၾကည့္ရင္း ႏႈတ္ခမ္းကို ကိုက္ကာ တစ္ခုခုစဥ္းစားေနသည္

"မင္း အဲ့ဒီေလာက္ေတာင္ ေသခ်င္ေနတာလား "

Manoban ေမးေတာ့ Chaeyoung ေခါင္းညိတ္ျပသည္

"Ok ေကာင္းၿပီေလ "

Manoban လက္ေဖ်ာက္တီးၿပီး Chaeyoung လက္က အပ္ေတြ ေဆးသြင္းထားတာေတြကို ဆြဲျဖဳတ္လိုက္သည္

ထို႔ေနာက္ Chaeyoungကို ေပြ႕ခ်ီလိုက္သည္

Chaeyoung ကို ေပြ႕ခ်ီလိုက္ေတာ့ Chaeyoungရဲ႕ မ်က္ႏွာက Lisa လည္ပင္းနားေရာက္ၿပီး Lisa လည္ပင္းကို နမ္းမိမလို ျဖစ္သြားတယ္

Chaeyoung ႐ုတ္တရက္ ေပြ႕ခ်ီခံလိုက္ရေတာ့ ျပဳတ္က်မွာေၾကာက္ၿပီး Lisaရဲ႕ လည္ပင္းကို သိုင္းဖက္မိထားသည္

"ဘာလုပ္တာလည္း ေအာက္ခ်ေပး "

Manobanမွာ ေခါင္းခါၿပီး Chaeyoungကို ေပြ႕ခ်ီကာ အခန္းအျပင္ဘက္ကို ထြက္သြားသည္

"ဘာလုပ္တာလည္း ေအာက္ခ်ေပးလို႔.....ဘယ္သြားေနတာလည္း "

"မင္းနဲ႕ အတူေသမလို႔ေလ "

Manobanရဲ႕ စကားေၾကာင့္ Chaeyoung လန့္သြားသည္

"နင္ ႐ူးေနတာလား ေသရမယ့္လူက ငါေလ...နင္မွ မဟုတ္တာ "

Chaeyoungတို႔ ဆူညံသံေၾကာင့္ ေဆး႐ုံက တစ္ျခားလူနာေတြနဲ႕ ဝန္ထမ္းေတြမွာ Chaeyoungတို႔ကို ၾကည့္ေနၾကသည္

Liamမွာ ဘာျဖစ္တာလည္းလို႔ မ်က္လုံးနဲ႕ Manobanကို လွမ္းေမးေပမယ့္ Manobanကေတာ့ လ်စ္လ်ဴရႈၿပီး Exitေလွကားကေန ေခါင္မိုးထပ္ကို တက္သြားသည္

ထို႔ေနာက္ ေခါင္မိုးထပ္တံခါးကို ေျခေထာက္နဲ႕ကန္ဖြင့္လိုက္သည္

ေၾကာက္႐ြံ႕ျခင္း မရွိဘဲ Chaeyoungကို ေပြ႕ခ်ီၿပီး အစြန္ဆုံးေနရာကို သြားရပ္လိုက္သည္

"ကဲ မင္းကို ေနာက္ဆုံးအခြင့္အေရးေပးမယ္ "

Chaeyoung ႐ုတ္တရက္ေၾကာက္စိတ္ဝင္လာလို႔ ေအာက္ကိုေတာင္ ငုံ႕မၾကည္ရဲဘဲ Manoban ရင္ခြင္ထဲ ေခါင္းတိုးေဝွ႕ထားသည္

"ေနာက္ထပ္ ေျခတစ္လွမ္း လွမ္းလိုက္တာနဲ႕ ငါတို႔ႏွစ္ေယာက္လုံး ေအာက္ကို ျပဳတ္က်မွာ ...ဒီေတာ့ မခုန္ခ်ခင္မွာ မင္း ေနာင္တရလား "

Manobanေမးေတာ့ Chaeyoung ေခါင္းခါျပသည္

"မရဘူး ရွင္ေရာ...."

Manoban သက္ျပင္းခ်ၿပီး

"ငါလား ေနာင္တရတာေပါ့ ငါ လက္မထပ္ရေသးဘူး ငါသြားခ်င္တဲ့ ပဲရစ္ၿမိဳ႕ကို မသြားရေသးဘူး ၿပီးက် ရည္းစားလည္းမရွိေသးဘူး ငါျဖစ္ခ်င္တာေတြ မျဖစ္ေသးဘဲ ေသရေတာ့မယ္ေလ "

"ရွင့္မွာ ရည္းစားမရွိဘူးလား...."

Chaeyoung သူမေၾကာင့္ လူတစ္ေယာက္အနာဂတ္ ပ်က္စီးသြားမွာကို ေၾကာက္႐ြံ႕ေနသည္

"မရွိဘူး မင္းေရာ "

"အင္း ငါ့ေဘးနား အၿမဲရွိေနေပးတဲ့ အကိုက လြဲၿပီး ခ်စ္ရမယ့္သူ မေတြ႕ဖူးဘူး မရွိဘူး...."

"အင္း မင္း ေနာင္တမရဘူးလား.....မင္းရဲ႕ အကိုကဘဲ ဒီသုံးႏွစ္လုံး ....ေဆး႐ုံစရိတ္ေထာက္ပံ့ခဲ့တာ ...သူက အားလုံးကို ဆန့္က်င္ၿပီး မင္းကို ကယ္ခဲ့....လုံၿခဳံတဲ့ ဒီေနရာကို ပို႔ခဲ့တာ....မင္း သူ႕အေပၚ နည္းနည္းမွ အားနာစိတ္ မဝင္မိဘူးလား "

Manoban ေျပာရင္း Chaeyoung ငိုေနတာ ခံစားမိလို႔ ေနာက္ကိုဆုတ္ၿပီး ခုံတန္းရွည္ဘက္ Chaeyoungကို ေခၚသြားသည္

ထို႔ေနာက္ Chaeyoungကို ခုံတန္းရွည္ေပၚ ထိုင္ခိုင္းလိုက္သည္

တရႈံ႕ရႈံ ငိုေနတဲ့ Chaeyoungကို ၾကည့္ၿပီး Manoban သူ႕ေဘာင္းဘီအိတ္ထဲက လက္ကိုင္ပါဝါကို ထုတ္ကာ Chaeyoung မ်က္ရည္ေတြကို သုတ္ေပးေနသည္

"ငါ တကယ္ တကိုယ္ေကာင္းဆန္တဲ့ ညီမေလးဘဲ "

"ငိုလိုက္ပါ အားပါးတရ ငိုပစ္လိုက္ပါ......ဒီအေပၚမွာ ဘယ္သူမွမရွိလို႔ ဘယ္သူမွမသိပါဘူး....."

Chaeyoungကို ဖက္ၿပီး Manoban ႏွစ္သိမ့္ေတာ့ Chaeyoung ငိုခ်ပစ္လိုက္သည္

Chaeyoungတို႔ ေခါင္မိုးထပ္တြင္ တစ္နာရီေလာက္ေနၿပီေနာက္ Chaeyoung ကို သူမ အခန္းထဲသို႔ Manoban ျပန္ေခၚလာသည္

"ငိုထားရတာ ပင္ပန္းေနမွာေပါ့ ခဏနားလိုက္အုံး ငါ ကန္တင္းကေန ဆန္ျပဳတ္သြားယူေပမယ္ "

"မ...."

"မစားလို႔မရဘူး သုံးႏွစ္လုံးလုံး မင္း ဘာမွမစားရေသးဘူး ေဆးေတြဘဲ သြင္းထားရလို႔ ဗိုက္ေဟာင္းေလာင္းျဖစ္ေနမွာ...."

Chaeyoung ျငင္းမလို႔လုပ္ေပမယ့္ Manobanက လက္ကာျပသည္

Chaeyoung ႏႈတ္ခမ္းေလးစူၿပီး Manobanကို လွမ္းၾကည့္လိုက္သည္

"ႏႈတ္ခမ္းလာစူျပမေနနဲ႕ ငါ သြားယူလိုက္အုံးမယ္ စိတ္ခ်မယ္ေနာ္ "

Manoban ထြက္သြားေတာ့ Chaeyoung သူမဗိုက္ေလးကို ပြတ္လိုက္သည္

ခုန ေတာ္ေတာ္အားသုံးၿပီး ငိုထားေတာ့ ဗိုက္က အခ်က္ျပေနၿပီေလ

Chaeyoung သက္ျပင္းခ်ၿပီး ျပတင္းေပါက္အျပင္ဘက္ကို လွမ္းၾကည့္ရင္း သူမအကို အေၾကာင္း ေတြးေနသည္

"Oppa အခု ဘာမ်ားလုပ္ေနမလည္း....Chae ေနရာအစားထိုးခံလိုက္ရၿပီလား "

"ဒန္တန္တန့္ ဆန္ျပဳတ္ရပါၿပီ  ဒီတိုင္း ၿငိမ္ၿငိမ္ေလးထိုင္ေနတာဘဲ လိမ္မာလိုက္တာ "

Manoban ေျပာၿပီး လင္ဗန္းကို စားပြဲခုံေပၚ တင္လိုက္သည္

ထို႔ေနာက္ ကုတင္ေအာက္က ေခါက္ခ်ိဳးစားပြဲေလးကို ယူၿပီး ကုတင္ေပၚတင္လိုက္သည္

ဆန္ျပဳတ္ပူပူေလးကို ယူၿပီး စားပြဲခုံေပၚ တင္ကာ Manoban ခြံ႕ေကြၽးမယ္လုပ္ေတာ့

"Chae ဘာသာစားမယ္ "

"ေကာင္းၿပီေလ "

Manoban ေခါင္းညိတ္ၿပီး Chaeyoung စားတာကို ထိုင္ၾကည့္ေနသည္

"Wow ဆန္ျပဳတ္က ေကာင္းလိုက္တာ....."

ဆန္ျပဳတ္ေသာက္ရင္း Chaeyoung လက္မေထာင္ၿပီး ေျပာလိုက္သည္

"ႀကိဳက္လား "

"ႀကိဳက္တယ္ "

"မဝရင္ ေျပာ ထပ္ယူေပးမယ္ "

"Nae "

Chaeyoung ဆန္ျပဳတ္ငုံ႕ေသာက္တိုင္း သူမ ဆံပင္ေတြနဲ႕ အဆင္မေျပျဖစ္ေနတာ Manoban သတိထားမိေတာ့ သူမေခါင္းက ေခါင္းစီးႀကိဳး အဝါေလးကို ျဖဳတ္ၿပီး ထရပ္လိုက္သည္

"ေဟး ခဏ......"

Manoban အသံေၾကာင့္ Chaeyoung စားေနရာက ရပ္ေတာ့ Chaeyoung ဆံပင္ေလးကို ေသခ်ာကိုင္ၿပီး သူမ ေခါင္းစီးႀကိဳးနဲ႕ ခ်ည္ေပးလိုက္သည္

"ရၿပီ စားေတာ့.....ခုန ဆံပင္ေတြေၾကာင့္ မင္း အဆင္မေျပ ျဖစ္ေန လို႔ ငါ စည္းေပးတာ "

Chaeyoung သူမ အကိုကလြဲလို႔ တစ္ျခားသူဆီက တစ္ခါမွ အခုလို ဂ႐ုစိုက္မခံရဖူးလို႔ ႐ုတ္တရက္ ရင္ေတြခုန္လာသည္.......

#TBC

Bạn đang đọc truyện trên: Truyen3h.Co