Truyen3h.Co

Born Again

Part 4

KimFany059

#Unicode

At seoul

"Dad. ...ကျွန်တော် မလုပ်နိုင်တော့ဘူး ... ပြီးကျ Companyအတွက်လည်း အရမ်းအန္တရာယ်များတယ်လို့ ထင်တယ် "

Chanyeolမှာ သူ့ရဲ့ အကြံဥာဏ်ကို ပြောပေမယ့် Mr. Park ကတော့ လက်မခံပေ

"ငါ့ကို ဘာလုပ် ညာလုပ်ဆိုပြီး ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ပြောရရင် မင်းက ဘာကောင်မို့လို့လည်း "

Mr. Park ဘုန်းခနဲ စားပွဲခုံကို ရိုက်ပြီး ပြောလိုက်တော့ Chanyeol စိတ်တိုပြီး ထရပ်လိုက်သည်

"Dad ကျေးဇူးပြုပြီး ဒီလောက်နဲ့ ရပ်လိုက်လို့ မရဘူးလား ကျွန်တော်တို့ ရသင့်တာထက် ပိုရခဲ့ပြီးပြီလေ ဒီလောက်နဲ့ ဆေးတွေမှောင်ခိုလုပ်တာ ရပ်လိုက်ပြီး အရင်လို Company လုပ်ငန်းကို ပြန်လုပ်သင့်ပြီထင်တယ် "

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက Mr. Parkမှာ တရုတ်က ဆေးအုပ်စုနဲ့ ပေါင်းမိပြီး Company ကို ဗန်းပြကာ မူးယစ်ဆေးတွေ မှောင်ခိုလုပ်ခဲ့ကြသည်

Chanyeol သိသိချင်းကတည်းက ကန့်ကွက်ခဲ့ပေမယ့် သူ့စကားက အရာမဝင်ခဲ့ပေ....

*Slap*

Mr. Park သူ့သားမျက်နှာကို ဖြန်းခနဲ ရိုက်လိုက်သည်

"ပါးစပ်ပိတ်ထားစမ်း အခုကိစ္စက အရေးကြီးတယ် ငါတို့ တော်တော်ဝေးဝေးလည်း ရောက်လာပြီဘဲ နောက်ပြန်လှည့်လို့မှ မရတာ "

Knock Knock

တံခါးခေါက်သံကြောင့် Mr. Park တို့ စကားများနေရာက ရပ်သွားသည်

"Sir. ..Mr Ling ရောက်လာပါပြီ "

Mr. Ling လည်း ရုံးခန်းထဲ ဝင်လာရော ခုနက သူ့သားကို ခက်ထန်နေတဲ့ Mr. Park မျက်နှာမှာ ချက်ချင်း ပြုံးသွားပြီး

"ကြိုဆိုပါတယ် Mr. Ling ....ဒါကတော့ ကျွန်တော့်သား Park Chanyeolပါ....Chanyeol ဒါက ငါပြောပြဖူးတဲ့ Mr. Ling လေ "

Mr. Ling နဲ့ Mr Parkတို့ လက်ဆွဲနှုတ်ဆက်ပြီး Mr. Ling မှာ Chanyeolကို လက်ကမ်းပေးသည်

Chanyeol လက်ဆွဲမနှုတ်ဆက်ချင်ပေမယ့် သူ့အဖေက ချောင်းဟန့်ပြီး အချက်ပြလို့ ဟန်ဆောင်ပြုံးကာ Mr. Ling နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်

"တွေ့ရတာ ဝမ်းသာပါတယ် Chanyeolပါဗျာ့ "

"Hahaha ဟုတ်ပါပြီ မင်းက လူချောဘဲကွ...."

"ဟုတ် ကျေးဇူးပါဗျာ့ "

Mr. Ling နဲ့ Mr. Park တို့ ထိုင်ပြီး မူးယစ်ဆေးအသစ်အကြောင်း ဆွေးနွေးနေပေမယ့် Chanyeol မှာတော့ သူ့အဖေရုံးခန်းကနေ ထွက်သွားချင်စိတ်တွေ ဖြစ်နေသည်

"ဒီတော့ Mr. Parkရေ ကျုပ်ပြောတဲ့အတိုင်းဘဲ ဆေးအသစ်ကတော့ ထွင်ပြီးပြီ....စျေးကွက်ထဲ မဖြန့်ခင် စမ်းသပ်မှုလေးတွေတော့ လုပ်ကြည့်ချင်သေးတယ်...."

Mr. Ling ရဲ့ စကားကြောင့် Chanyeol လန့်သွားတယ်

"လူတွေနဲ့ စမ်းသပ်မယ့်အစား တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ်ကြည့်မလား Mr. Ling ...."

Chanyeol စကားကြောင့် Mr. Park သူ့သားကို Warning ပေးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်

Mr. Ling ကတော့ Chanyeolကို ကြည့်ပြီး ရယ်လေသည်

"ဟားဟားဟား Chanyeolကတော့ နောက်ပြီ.... ဒီမူးယစ်ဆေးတွေက လူတွေအတွက် လုပ်ထားတာလေ တိရစ္ဆာန် တွေ အတွက်မှ မဟုတ်တာ "

Mr. Ling ရဲ့ စကားကြောင့် Chanyeol ဒေါသထွက်ပြီး အံကိုကြိတ်ထားသည်

"ဒါနဲ့ မင်းမှာ သမီးတစ်ယောက်ရှိတယ်လို့ ငါကြားဖူးတယ် Mr. Park "

"သေသွားတာ သုံးနှစ်ရှိပြီ....."

Chanyeol ထပ်ပြီး ဖြတ်ပြောသောကြောင့် Mr. Park သူ့သားကို စိုက်ကြည့်လိုက်သည်

"ဟုတ်တယ် သူပြောသလိုဘဲ သမီးလေးက သေသွားပြီ "

"Aww ကြားရတာ စိတ်မကောင်းစရာပါဘဲ သူသာ အသက်ရှင်သေးရင် ကောင်းမယ်....."

Mr. Ling ရဲ့ စကားထဲ သူ့ညီမကို အန္တရာယ် ပေးချင်တဲ့ အငွေ့အသက်တွေ ပါနေတာကို Chanyeol သတိထားမိသည်

Mr. Lingနဲ့ ဆွေးနွေးပြီးနောက်

"ကဲ ဒါဆိုလည်း ပြန်တော့မယ်.....Mr. Park နောက်လကျ တရုတ်ကနေ အဲ့ဆေးအသစ်ကို ပို့ပေးမယ် စမ်းသပ်စရာလေးတွေ အသင့်ဖြစ်နေရမယ်နော် "

"ကောင်းပြီဗျာ..... "

Mr. Ling လည်း ထွက်သွားရော Chanyeolလည်း ရုံးခန်းက ထွက်သွားဖို့ လုပ်ပေမယ့်

"Park Chanyeol.... ငါ သတိပေးထားမယ်နော် အခုကိစ္စကို ဖျက်စီးဖို့ မကြိုးစားပါနဲ့ "

"ခင်ဗျားကတော့ ဘယ်တော့မှ ငြိမ်းချမ်းမယ် မထင်ဘူး "

Chanyeol သူ့အဖေကို မကြည့်ဘဲ ပြောကာ ရုံးခန်းက ထွက်လာခဲ့သည်

Chaeyoungမှာ ဝှီးချဲပေါ်ထိုင်ရင်း ပြတင်းပေါက်အပြင်က ကောင်းကင်ပေါ်မှ ကြယ်လေးတွေကို ငေးကြည့်နေသည်

ပြီးတော့ ကလေးတစ်ယောက်လို ကောင်းကင်ပေါ်  ကြယ်ဘယ်နှခုရှိလည်း ရေတွက်နေသည်

"40 41 42...."

ကြယ်တွေကို ရေတွက်နေတုံး တံခါးခေါက်သံကြောင့် လန့်သွားတယ်

"ဝင်ခဲ့ပါ "

Chaeyoung ဘယ်သူမှန်းသိလို့ မကြည့်ဘဲ ပြောလိုက်သည်

"Ash ကြယ်တွေရေနေတာ ဘယ်ရောက်သွားလည်း မသိ "

Chaeyoung သက်ပြင်းချပြီး ရေရွတ်လိုက်သည်

"ဘာလုပ်နေတာလည်း ...."

"ကြယ်တွေရေနေတာ Manoban.... "

"Aww ဗိုက်ဆာလား..... "

Manoban လူနာကုတင်ပေါ် ထိုင်ပြီးမေးလိုက်သာ်

"ဒီတစ်နေ့လုံး ဒါဘဲ မေးနေတာ အခါနှစ်ဆယ်လောက် ရှိနေပြီ ဘာလည်း ငါ့ကို ဝလာပြီး ဝက်နဲ့ တူစေချင်လို့လား "

Chaeyoungရဲ့ စကားကြောင့် Manoban ရယ်လိုက်သည် ...

ပြီးကျ သူမကို ရန်လုပ်နေတဲ့ Chaeyoung ကို ကြည့်ရင်း Manoban အသည်းယားလာသည်....

Chaeyoungရဲ့ ပါးဖောင်းဖောင်းလေးကိုလည်း လက်နဲ့တို့ချင်စိတ်ကို Manoban ထိန်းထားရသည်

Chaeyoung သူမကို ရန်လုပ်ပြီး ကြယ်တွေကိုဘဲ ဆက်ရေတွက်နေလို့ Manoban သက်ပြင်းချပြီး ထရပ်လိုက်သည်

Manoban ကုတင်ပေါ်ကနေ ထလိုက်သော လှုပ်ရှားမှုကို Chaeyoung မျက်လုံးထောင့်ကနေ တွေ့ပြီး Manoban ပြန်တော့မယ်ထင်ပြီး ဝမ်းနည်းသွားတယ်

"ပြန်တော့မှာလား "

Manoban ဘာမှမပြောဘဲ Chaeyoung အခန်းထဲက ဘီဒိုဆီ သွားလိုက်သည်

ထို့နောက် ဘီဒိုထဲက အနွေးထည်ကို Chaeyoung အအေးမမိဖို့ အတွက် တွေးပြီး ယူလိုက်သည်

Chaeyoungမှာ သူမကို အနွေးထည် ရုတ်တရက်ကောက်ဝတ်ပေးနေတဲ့ Manobanကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်

"Manoban. ..ဘာလုပ်တာလည်း.... "

"အပြင်သွားကြစို့ "

Manoban ပြုံးပြီး Chaeyoung ကို ပြောလိုက်သည်

Chaeyoung ပါတဲ့ ဝှီးချဲလေးကို တွန်းကာ ဆေးရုံထဲက ပန်းခြံဘက်သို့ ခေါ်လာသည်

ထို့နောက် ဝှီးချဲပေါ်က Chaeyoungကို ပွေ့ချီပြီး ခုံတန်းရှည်ပေါ် တင်ပေးလိုက်သည်

"ထိုင်...."

Manoban ပြောပြီး သူမ ပခုံးပေါ်တင်ထားတဲ့ စောင်ကို Chaeyoung ပေါင်ပေါ်သို့ တင်ပေးလိုက်သည်

"Gomawo "

"ဒီကနေ ကြယ်တွေကို ကြည့်ရင် အရမ်းလှတာ ဒါကြောင့်မို့ မင်းကို ဒိီခေါျလာတာ "

Manoban ပြောပြီး Chaeyoung ဘေးနား ဝင်ထိုင်လိုက်သည်

Chaeyoung ကောင်းကင်ပေါ်က ကြယ်တွေကို ပြုံးရင်း ရေတွက်နေသည်

Manobanကတော့ ကလေးတစ်ယောက်လို ကြယ်တွေကို ရေတွက်ရင်း ပြုံးနေတဲ့ ကောင်မလေးကို ငေးကြည့်နေသည်

"မင်း ပြုံးနေတဲ့အခါ အရမ်းလှတာဘဲ Chae
..ခဏခဏ ပြုံးနေသင့်တယ် "

Manobanဆီက ထိုစကားကြားလိုက်ရလို့ Chaeyoung အံ့သြသွားတယ်

Manobanနဲ့ ရင်းနှီးသွားတာ တစ်ပတ်ကျော် ရှိသွားပေမယ့် တစ်ခါမှ Manobanဆီက ယခုလိုစကားမျိူး မကြားဖူးပေ

ဒါပေမယ့် သူမနဲ့စတွေ့ကတည်းက Manobanက အမှန်တွေဘဲ ပြောခဲ့တာမို့ Chaeyoung သူမ အပြုံးကို လှတယ်လို့ ပြောတဲ့စကားအပေါ် ကျေနပ်မိနေသည်

"ဘာလည်း ငါ စိတ်သက်သာလာအောင် ပြောနေတာလား "

"မဟုတ်ပါဘူး ငါ တကယ်ပြောတာ ....."

Manobanရဲ့ စကားလည်း ဆုံးရော သူမတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်

"နယူးဇီလန်က ကြယ်တွေက အရမ်းလှတာဘဲနော် Manoban..... "

Manoban ပြောပြထားလို့ သူမက နယူးဇီလန်မှာဆိုတာ Chaeyoung သိခဲ့ရတယ်လေ

"အင်း ဟုတ်ပါ့ "

"သေသွားတဲ့ သူက ကြယ်အဖြစ် ကောင်းကင်မှာ ရှိသွားတယ်ဆိုတဲ့ စကားကို နင်ယုံလား Manoban.... "

Chaeyoungရဲ့ ကလေးဆန်တဲ့ မေးခွန်းကြောင့် Manoban ရယ်လိုက်သည်

Chaeyoungကတော့ ကောင်းကင်က ကြယ်ကိုမော့ကြည့်ရင်း

"တကယ်တော့ ငါ အဲ့လိုဖြစ်ပါစေလို့ ဆုတောင်းနေခဲ့တာ ဒါမှ ငါ့အမေကို ညတိုင်းတွေ့ရမှာလေ "

Chaeyoungရဲ့ စကားကြောင့် Manoban ခုန ရယ်မိတာကို အားနာသွားသည်

"တောင်းပန်ပါတယ် Chaeyoung "

"အာ မဟုတ်တာ ငါ့မိသားစုအကြောင်း နင်သိမယ်ထင်ခဲ့တာ ရပါတယ် Manoban ရ "

"ငါ သိတဲ့ မင့်မိသားစုအကြောင်းဆိုတာ မင်းတို့မိသားစုက ချမ်းသာတာရယ် မင်းမှာ အကိုရှိတာရယ် မင်းအသက်ရှင်မှန်းမသိသေးတဲ့ အဖေ ရှိတာရယ် အဲ့လောက်ဘဲသိတာ "

Manobanရဲ့ စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်ကာ

"ဟင် ငါ ဒီရောက်နေတာ Daddy မသိဘူးပေါ့ "

"အင်း "

Manoban ခေါင်းညိတ်ပြရင်း Chaeyoung မျက်နှာပျက်သွားတာကို သတိထားမိသည်

"အာ စိတ်မကောင်းစရာတွေ ထပ်ပြောမိပြန်ပြီထင်တယ် "

"မဟုတ်တာ နင် စိတ်မကောင်းဖြစ်ပြီး အားနာစရာမလိုပါဘူး.....ပြီးတော့လေ လွန်ခဲ့တဲ့ အပတ်က နင်ပြောခဲ့တာလေး ငါ ပြန်တွေးကြည့်ခဲ့တယ် ....ဘာဘဲ ဖြစ်နေနေ အမှန်တရားကို လက်ခံပြီး လောကကြီးထဲ အခက်အခဲတွေ  ရင်ဆိုင်ရင်း ငါ အသက်ဆက်ရှင်ချင်လာတယ်...."

သေချင်တယ်လို့ အကြိမ်ပေါင်းများစွာ ပြောခဲ့တဲ့ ကောင်မလေးက ယခုလို သတ္တိရှိပြီးရဲရင့်စွာ ပြောလာလို့ Manoban တော်တော် အံ့သြမိသွားသည်

လရောင်အောက်မှာ Chaeyoung မျက်နှာလေး Manoban ကြည့်ရင်း သူမ Chaeyoung အတွက် သေချာ လုပ်ပေးနိုင်ခဲ့တာဘဲလို့ တွေးပြီး ကျေနပ်မိနေသည်

"ဒါပေါ့ မင်းပြောတာမှန်တယ် ဘဝကို ပျော်ပျော်ရွင်ရွင်နဲ့ လှလှပပလေး ဖြတ်သန်းသင့်တယ် "

Manobanပြောတော့ Chaeyoung မှာ ကြယ်တွေကို ကြည့်ရာကနေ Manobanကို ကြည့်လိုက်သည်

Chaeyoungနဲ့ Manobanတို့ အကြည့်ချင်းဆုံသွားတော့ Chaeyoung ရှက်ပြီး မျက်နှာလွှဲလိုက်သည်

"အာ အပြင်မှာ အေးလာပြီ.....ကြယ်တွေ ကြည့်လို့ဝပြီမလား အခန်းထဲ ပြန်သွားကြစို့ "

Chaeyoungကို ကုတင်ပေါ်  တင်ပြီး စောင်သေချာခြုံပေးလိုက်သည်

"မင်း ကျန်းမာရေးက အရင်ကထက် ပိုကောင်းလာပြီ ....သိပ်မကြာခင် ဆေးရုံကဆင်းရတော့မယ်ထင်တယ်......ကောင်းသောညပါ Chae. ...."

Chaeyoungကို နှုတ်ဆက်ပြီး Manoban ထွက်လာခဲ့သည်

Chaeyoungကတော့ Manobanစကားကြောင့် အိပ်မပျော်နိုင် ဖြစ်နေသည်

ဆေးရုံက ဆင်းရပြီဆိုရင် သူမ ကိုရီးယားကို ပြန်သွားရမလား ဒါမှမဟုတ် ဒီမှာဘဲ အခြေချနေရမလား တွေးတောနေသည်

#Tbc

#Zawgyi

At seoul

"Dad. ...ကြၽန္ေတာ္ မလုပ္နိုင္ေတာ့ဘူး ... ၿပီးက် Companyအတြက္လည္း အရမ္းအႏၱရာယ္မ်ားတယ္လို႔ ထင္တယ္ "

Chanyeolမွာ သူ႕ရဲ႕ အႀကံဥာဏ္ကို ေျပာေပမယ့္ Mr. Park ကေတာ့ လက္မခံေပ

"ငါ့ကို ဘာလုပ္ ညာလုပ္ဆိုၿပီး ဘာျဖစ္တယ္ ညာျဖစ္တယ္လို႔ ေျပာရရင္ မင္းက ဘာေကာင္မို႔လို႔လည္း "

Mr. Park ဘုန္းခနဲ စားပြဲခုံကို ရိုက္ၿပီး ေျပာလိုက္ေတာ့ Chanyeol စိတ္တိုၿပီး ထရပ္လိုက္သည္

"Dad ေက်းဇူးျပဳၿပီး ဒီေလာက္နဲ႕ ရပ္လိုက္လို႔ မရဘူးလား ကြၽန္ေတာ္တို႔ ရသင့္တာထက္ ပိုရခဲ့ၿပီးၿပီေလ ဒီေလာက္နဲ႕ ေဆးေတြေမွာင္ခိုလုပ္တာ ရပ္လိုက္ၿပီး အရင္လို Company လုပ္ငန္းကို ျပန္လုပ္သင့္ၿပီထင္တယ္ "

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကတည္းက Mr. Parkမွာ တ႐ုတ္က ေဆးအုပ္စုနဲ႕ ေပါင္းမိၿပီး Company ကို ဗန္းျပကာ မူးယစ္ေဆးေတြ ေမွာင္ခိုလုပ္ခဲ့ၾကသည္

Chanyeol သိသိခ်င္းကတည္းက ကန့္ကြက္ခဲ့ေပမယ့္ သူ႕စကားက အရာမဝင္ခဲ့ေပ....

*Slap*

Mr. Park သူ႕သားမ်က္ႏွာကို ျဖန္းခနဲ ရိုက္လိုက္သည္

"ပါးစပ္ပိတ္ထားစမ္း အခုကိစၥက အေရးႀကီးတယ္ ငါတို႔ ေတာ္ေတာ္ေဝးေဝးလည္း ေရာက္လာၿပီဘဲ ေနာက္ျပန္လွည့္လို႔မွ မရတာ "

Knock Knock

တံခါးေခါက္သံေၾကာင့္ Mr. Park တို႔ စကားမ်ားေနရာက ရပ္သြားသည္

"Sir. ..Mr Ling ေရာက္လာပါၿပီ "

Mr. Ling လည္း ႐ုံးခန္းထဲ ဝင္လာေရာ ခုနက သူ႕သားကို ခက္ထန္ေနတဲ့ Mr. Park မ်က္ႏွာမွာ ခ်က္ခ်င္း ၿပဳံးသြားၿပီး

"ႀကိဳဆိုပါတယ္ Mr. Ling ....ဒါကေတာ့ ကြၽန္ေတာ့္သား Park Chanyeolပါ....Chanyeol ဒါက ငါေျပာျပဖူးတဲ့ Mr. Ling ေလ "

Mr. Ling နဲ႕ Mr Parkတို႔ လက္ဆြဲႏႈတ္ဆက္ၿပီး Mr. Ling မွာ Chanyeolကို လက္ကမ္းေပးသည္

Chanyeol လက္ဆြဲမႏႈတ္ဆက္ခ်င္ေပမယ့္ သူ႕အေဖက ေခ်ာင္းဟန့္ၿပီး အခ်က္ျပလို႔ ဟန္ေဆာင္ၿပဳံးကာ Mr. Ling နဲ႕ လက္ဆြဲႏႈတ္ဆက္လိုက္သည္

"ေတြ႕ရတာ ဝမ္းသာပါတယ္ Chanyeolပါဗ်ာ့ "

"Hahaha ဟုတ္ပါၿပီ မင္းက လူေခ်ာဘဲကြ...."

"ဟုတ္ ေက်းဇူးပါဗ်ာ့ "

Mr. Ling နဲ႕ Mr. Park တို႔ ထိုင္ၿပီး မူးယစ္ေဆးအသစ္အေၾကာင္း ေဆြးႏြေးေနေပမယ့္ Chanyeol မွာေတာ့ သူ႕အေဖ႐ုံးခန္းကေန ထြက္သြားခ်င္စိတ္ေတြ ျဖစ္ေနသည္

"ဒီေတာ့ Mr. Parkေရ က်ဳပ္ေျပာတဲ့အတိုင္းဘဲ ေဆးအသစ္ကေတာ့ ထြင္ၿပီးၿပီ....ေစ်းကြက္ထဲ မျဖန့္ခင္ စမ္းသပ္မႈေလးေတြေတာ့ လုပ္ၾကည့္ခ်င္ေသးတယ္...."

Mr. Ling ရဲ႕ စကားေၾကာင့္ Chanyeol လန့္သြားတယ္

"လူေတြနဲ႕ စမ္းသပ္မယ့္အစား တိရစ္ဆာန္ေလးေတြနဲ႕ စမ္းသပ္ၾကည့္မလား Mr. Ling ...."

Chanyeol စကားေၾကာင့္ Mr. Park သူ႕သားကို Warning ေပးတဲ့အၾကည့္နဲ႕ ၾကည့္လိုက္သည္

Mr. Ling ကေတာ့ Chanyeolကို ၾကည့္ၿပီး ရယ္ေလသည္

"ဟားဟားဟား Chanyeolကေတာ့ ေနာက္ၿပီ.... ဒီမူးယစ္ေဆးေတြက လူေတြအတြက္ လုပ္ထားတာေလ တိရစ္ဆာန္ ေတြ အတြက္မွ မဟုတ္တာ "

Mr. Ling ရဲ႕ စကားေၾကာင့္ Chanyeol ေဒါသထြက္ၿပီး အံကိုႀကိတ္ထားသည္

"ဒါနဲ႕ မင္းမွာ သမီးတစ္ေယာက္ရွိတယ္လို႔ ငါၾကားဖူးတယ္ Mr. Park "

"ေသသြားတာ သုံးႏွစ္ရွိၿပီ....."

Chanyeol ထပ္ၿပီး ျဖတ္ေျပာေသာေၾကာင့္ Mr. Park သူ႕သားကို စိုက္ၾကည့္လိုက္သည္

"ဟုတ္တယ္ သူေျပာသလိုဘဲ သမီးေလးက ေသသြားၿပီ "

"Aww ၾကားရတာ စိတ္မေကာင္းစရာပါဘဲ သူသာ အသက္ရွင္ေသးရင္ ေကာင္းမယ္....."

Mr. Ling ရဲ႕ စကားထဲ သူ႕ညီမကို အႏၱရာယ္ ေပးခ်င္တဲ့ အေငြ႕အသက္ေတြ ပါေနတာကို Chanyeol သတိထားမိသည္

Mr. Lingနဲ႕ ေဆြးႏြေးၿပီးေနာက္

"ကဲ ဒါဆိုလည္း ျပန္ေတာ့မယ္.....Mr. Park ေနာက္လက် တ႐ုတ္ကေန အဲ့ေဆးအသစ္ကို ပို႔ေပးမယ္ စမ္းသပ္စရာေလးေတြ အသင့္ျဖစ္ေနရမယ္ေနာ္ "

"ေကာင္းၿပီဗ်ာ..... "

Mr. Ling လည္း ထြက္သြားေရာ Chanyeolလည္း ႐ုံးခန္းက ထြက္သြားဖို႔ လုပ္ေပမယ့္

"Park Chanyeol.... ငါ သတိေပးထားမယ္ေနာ္ အခုကိစၥကို ဖ်က္စီးဖို႔ မႀကိဳးစားပါနဲ႕ "

"ခင္ဗ်ားကေတာ့ ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမယ္ မထင္ဘူး "

Chanyeol သူ႕အေဖကို မၾကည့္ဘဲ ေျပာကာ ႐ုံးခန္းက ထြက္လာခဲ့သည္

Chaeyoungမွာ ဝွီးခ်ဲေပၚထိုင္ရင္း ျပတင္းေပါက္အျပင္က ေကာင္းကင္ေပၚမွ ၾကယ္ေလးေတြကို ေငးၾကည့္ေနသည္

ၿပီးေတာ့ ကေလးတစ္ေယာက္လို ေကာင္းကင္ေပၚ  ၾကယ္ဘယ္ႏွခုရွိလည္း ေရတြက္ေနသည္

"40 41 42...."

ၾကယ္ေတြကို ေရတြက္ေနတုံး တံခါးေခါက္သံေၾကာင့္ လန့္သြားတယ္

"ဝင္ခဲ့ပါ "

Chaeyoung ဘယ္သူမွန္းသိလို႔ မၾကည့္ဘဲ ေျပာလိုက္သည္

"Ash ၾကယ္ေတြေရေနတာ ဘယ္ေရာက္သြားလည္း မသိ "

Chaeyoung သက္ျပင္းခ်ၿပီး ေရ႐ြတ္လိုက္သည္

"ဘာလုပ္ေနတာလည္း ...."

"ၾကယ္ေတြေရေနတာ Manoban.... "

"Aww ဗိုက္ဆာလား..... "

Manoban လူနာကုတင္ေပၚ ထိုင္ၿပီးေမးလိုက္သာ္

"ဒီတစ္ေန႕လုံး ဒါဘဲ ေမးေနတာ အခါႏွစ္ဆယ္ေလာက္ ရွိေနၿပီ ဘာလည္း ငါ့ကို ဝလာၿပီး ဝက္နဲ႕ တူေစခ်င္လို႔လား "

Chaeyoungရဲ႕ စကားေၾကာင့္ Manoban ရယ္လိုက္သည္ ...

ၿပီးက် သူမကို ရန္လုပ္ေနတဲ့ Chaeyoung ကို ၾကည့္ရင္း Manoban အသည္းယားလာသည္....

Chaeyoungရဲ႕ ပါးေဖာင္းေဖာင္းေလးကိုလည္း လက္နဲ႕တို႔ခ်င္စိတ္ကို Manoban ထိန္းထားရသည္

Chaeyoung သူမကို ရန္လုပ္ၿပီး ၾကယ္ေတြကိုဘဲ ဆက္ေရတြက္ေနလို႔ Manoban သက္ျပင္းခ်ၿပီး ထရပ္လိုက္သည္

Manoban ကုတင္ေပၚကေန ထလိုက္ေသာ လႈပ္ရွားမႈကို Chaeyoung မ်က္လုံးေထာင့္ကေန ေတြ႕ၿပီး Manoban ျပန္ေတာ့မယ္ထင္ၿပီး ဝမ္းနည္းသြားတယ္

"ျပန္ေတာ့မွာလား "

Manoban ဘာမွမေျပာဘဲ Chaeyoung အခန္းထဲက ဘီဒိုဆီ သြားလိုက္သည္

ထို႔ေနာက္ ဘီဒိုထဲက အႏြေးထည္ကို Chaeyoung အေအးမမိဖို႔ အတြက္ ေတြးၿပီး ယူလိုက္သည္

Chaeyoungမွာ သူမကို အႏြေးထည္ ႐ုတ္တရက္ေကာက္ဝတ္ေပးေနတဲ့ Manobanကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္

"Manoban. ..ဘာလုပ္တာလည္း.... "

"အျပင္သြားၾကစို႔ "

Manoban ၿပဳံးၿပီး Chaeyoung ကို ေျပာလိုက္သည္

Chaeyoung ပါတဲ့ ဝွီးခ်ဲေလးကို တြန္းကာ ေဆး႐ုံထဲက ပန္းၿခံဘက္သို႔ ေခၚလာသည္

ထို႔ေနာက္ ဝွီးခ်ဲေပၚက Chaeyoungကို ေပြ႕ခ်ီၿပီး ခုံတန္းရွည္ေပၚ တင္ေပးလိုက္သည္

"ထိုင္...."

Manoban ေျပာၿပီး သူမ ပခုံးေပၚတင္ထားတဲ့ ေစာင္ကို Chaeyoung ေပါင္ေပၚသို႔ တင္ေပးလိုက္သည္

"Gomawo "

"ဒီကေန ၾကယ္ေတြကို ၾကည့္ရင္ အရမ္းလွတာ ဒါေၾကာင့္မို႔ မင္းကို ဒိီခေါ်လာတာ "

Manoban ေျပာၿပီး Chaeyoung ေဘးနား ဝင္ထိုင္လိုက္သည္

Chaeyoung ေကာင္းကင္ေပၚက ၾကယ္ေတြကို ၿပဳံးရင္း ေရတြက္ေနသည္

Manobanကေတာ့ ကေလးတစ္ေယာက္လို ၾကယ္ေတြကို ေရတြက္ရင္း ၿပဳံးေနတဲ့ ေကာင္မေလးကို ေငးၾကည့္ေနသည္

"မင္း ၿပဳံးေနတဲ့အခါ အရမ္းလွတာဘဲ Chae
..ခဏခဏ ၿပဳံးေနသင့္တယ္ "

Manobanဆီက ထိုစကားၾကားလိုက္ရလို႔ Chaeyoung အံ့ၾသသြားတယ္

Manobanနဲ႕ ရင္းႏွီးသြားတာ တစ္ပတ္ေက်ာ္ ရွိသြားေပမယ့္ တစ္ခါမွ Manobanဆီက ယခုလိုစကားမ်ိဴး မၾကားဖူးေပ

ဒါေပမယ့္ သူမနဲ႕စေတြ႕ကတည္းက Manobanက အမွန္ေတြဘဲ ေျပာခဲ့တာမို႔ Chaeyoung သူမ အၿပဳံးကို လွတယ္လို႔ ေျပာတဲ့စကားအေပၚ ေက်နပ္မိေနသည္

"ဘာလည္း ငါ စိတ္သက္သာလာေအာင္ ေျပာေနတာလား "

"မဟုတ္ပါဘူး ငါ တကယ္ေျပာတာ ....."

Manobanရဲ႕ စကားလည္း ဆုံးေရာ သူမတို႔ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈက ဝင္ေရာက္လာသည္

"နယူးဇီလန္က ၾကယ္ေတြက အရမ္းလွတာဘဲေနာ္ Manoban..... "

Manoban ေျပာျပထားလို႔ သူမက နယူးဇီလန္မွာဆိုတာ Chaeyoung သိခဲ့ရတယ္ေလ

"အင္း ဟုတ္ပါ့ "

"ေသသြားတဲ့ သူက ၾကယ္အျဖစ္ ေကာင္းကင္မွာ ရွိသြားတယ္ဆိုတဲ့ စကားကို နင္ယုံလား Manoban.... "

Chaeyoungရဲ႕ ကေလးဆန္တဲ့ ေမးခြန္းေၾကာင့္ Manoban ရယ္လိုက္သည္

Chaeyoungကေတာ့ ေကာင္းကင္က ၾကယ္ကိုေမာ့ၾကည့္ရင္း

"တကယ္ေတာ့ ငါ အဲ့လိုျဖစ္ပါေစလို႔ ဆုေတာင္းေနခဲ့တာ ဒါမွ ငါ့အေမကို ညတိုင္းေတြ႕ရမွာေလ "

Chaeyoungရဲ႕ စကားေၾကာင့္ Manoban ခုန ရယ္မိတာကို အားနာသြားသည္

"ေတာင္းပန္ပါတယ္ Chaeyoung "

"အာ မဟုတ္တာ ငါ့မိသားစုအေၾကာင္း နင္သိမယ္ထင္ခဲ့တာ ရပါတယ္ Manoban ရ "

"ငါ သိတဲ့ မင့္မိသားစုအေၾကာင္းဆိုတာ မင္းတို႔မိသားစုက ခ်မ္းသာတာရယ္ မင္းမွာ အကိုရွိတာရယ္ မင္းအသက္ရွင္မွန္းမသိေသးတဲ့ အေဖ ရွိတာရယ္ အဲ့ေလာက္ဘဲသိတာ "

Manobanရဲ႕ စကားေၾကာင့္ Chaeyoung မ်က္ေမွာင္ၾကဳတ္ကာ

"ဟင္ ငါ ဒီေရာက္ေနတာ Daddy မသိဘူးေပါ့ "

"အင္း "

Manoban ေခါင္းညိတ္ျပရင္း Chaeyoung မ်က္ႏွာပ်က္သြားတာကို သတိထားမိသည္

"အာ စိတ္မေကာင္းစရာေတြ ထပ္ေျပာမိျပန္ၿပီထင္တယ္ "

"မဟုတ္တာ နင္ စိတ္မေကာင္းျဖစ္ၿပီး အားနာစရာမလိုပါဘူး.....ၿပီးေတာ့ေလ လြန္ခဲ့တဲ့ အပတ္က နင္ေျပာခဲ့တာေလး ငါ ျပန္ေတြးၾကည့္ခဲ့တယ္ ....ဘာဘဲ ျဖစ္ေနေန အမွန္တရားကို လက္ခံၿပီး ေလာကႀကီးထဲ အခက္အခဲေတြ  ရင္ဆိုင္ရင္း ငါ အသက္ဆက္ရွင္ခ်င္လာတယ္...."

ေသခ်င္တယ္လို႔ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့တဲ့ ေကာင္မေလးက ယခုလို သတၱိရွိၿပီးရဲရင့္စြာ ေျပာလာလို႔ Manoban ေတာ္ေတာ္ အံ့ၾသမိသြားသည္

လေရာင္ေအာက္မွာ Chaeyoung မ်က္ႏွာေလး Manoban ၾကည့္ရင္း သူမ Chaeyoung အတြက္ ေသခ်ာ လုပ္ေပးနိုင္ခဲ့တာဘဲလို႔ ေတြးၿပီး ေက်နပ္မိေနသည္

"ဒါေပါ့ မင္းေျပာတာမွန္တယ္ ဘဝကို ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ လွလွပပေလး ျဖတ္သန္းသင့္တယ္ "

Manobanေျပာေတာ့ Chaeyoung မွာ ၾကယ္ေတြကို ၾကည့္ရာကေန Manobanကို ၾကည့္လိုက္သည္

Chaeyoungနဲ႕ Manobanတို႔ အၾကည့္ခ်င္းဆုံသြားေတာ့ Chaeyoung ရွက္ၿပီး မ်က္ႏွာလႊဲလိုက္သည္

"အာ အျပင္မွာ ေအးလာၿပီ.....ၾကယ္ေတြ ၾကည့္လို႔ဝၿပီမလား အခန္းထဲ ျပန္သြားၾကစို႔ "

Chaeyoungကို ကုတင္ေပၚ  တင္ၿပီး ေစာင္ေသခ်ာၿခဳံေပးလိုက္သည္

"မင္း က်န္းမာေရးက အရင္ကထက္ ပိုေကာင္းလာၿပီ ....သိပ္မၾကာခင္ ေဆး႐ုံကဆင္းရေတာ့မယ္ထင္တယ္......ေကာင္းေသာညပါ Chae. ...."

Chaeyoungကို ႏႈတ္ဆက္ၿပီး Manoban ထြက္လာခဲ့သည္

Chaeyoungကေတာ့ Manobanစကားေၾကာင့္ အိပ္မေပ်ာ္နိုင္ ျဖစ္ေနသည္

ေဆး႐ုံက ဆင္းရၿပီဆိုရင္ သူမ ကိုရီးယားကို ျပန္သြားရမလား ဒါမွမဟုတ္ ဒီမွာဘဲ အေျခခ်ေနရမလား ေတြးေတာေနသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co