Truyen3h.Co

Born Again

Part 5

KimFany059

#Unicode

ဆေးရုံအုပ်ကြီး Ruthမှာ Chaeyoung ကျန်းမာရေးပြန်ကောင်းလာကြောင်း Park Chanyeolကို ဖုန်းဆက်အကြောင်းကြားလေသည်

Chanyeolမှာ သူ့ညီမ အသက်ရှင်ပြီး အရင်လို ပြန်လည်ကျန်းမာလာလို့ အရမ်းပျော်နေသည်

သို့သော်လည်း ရှေ့ဆက် ဘာလုပ်ရမလည်း Chanyeol မသိ....အခုလောလောဆယ် Mr. Ling တို့နဲ့ အလုပ်တွဲလုပ်နေလို့ သူ့အဖေ အနား နေရမှာမို့ Chanyeolမှာ သူ့ညီမရှိတဲ့ နယူးဇီလန်ကိုလည်း လိုက်သွားလို့မရ....

နယူးဇီလန်မှာလည်း Chaeyoung ကို စောင့်ရှောက်ဖို့ အသိမိတ်ဆွေ ယုံကြည်ရသူကလည်းမရှိ ဖြစ်နေတော့ Chanyeol ခက်ခဲနေသည်

"Mr. Park. ..အမှန်တိုင်းပြောရမယ်ဆို ကျွန်တော်တို့ ဆေးရုံမှာ Korea စကားပြောတတ်တဲ့ ဆရာဝန်မလေးရှိတယ် သူက ကိုရီးယားမှာလည်း နေဖူးတယ်တဲ့  ပြီးတော့ Miss Chaeyoung သတိပြန်ရတဲ့နေ့ကစပြီး အခုထိ သူကဘဲ ဂရုစိုက်စောင့်ရှောက်ပေးခဲ့တာဆိုတော့ သူ့ကို ယုံလို့ရတယ်ထင်တယ်... မိန်းကလေးချင်းဆိုတော့ အဆင်ပြေမယ်ထင်တယ် "

Manobanမှာ ဆေးရုံအုပ်က သူမအကြောင်းပြောနေသောကြောင့် စာအုပ်ဖတ်နေရာက လန့်သွားသည်

ဆေးရုံအုပ် Ruthက ပြုံးပြီး သူမကို ဖုန်းလှမ်းပေးနေသောကြောင့်  Manoban စိတ်ထဲကနေ ဆေးရုပ်အုပ်ကို ကြိတ်ဆဲရင်း ဖုန်းလှမ်းယူလိုက်သည်

"He. ..Hello Mr. Park "

"ခင်ဗျားနဲ့ စကားပြောခွင့်ရလို့ ဝမ်းသာပါတယ် Dr. Manoban.... Dr. Ruthက ခင်ဗျားအကြောင်းတွေ ပြောပြထားတယ်ဗျာ့ "

Manobanမှာ Chanyeolကို ခက်ထန်မယ်ထင်ခဲ့ပေမယ့် Chaenyeolရဲ့ ချိုသာတဲ့အသံနဲ့ စကားပြောပုံကြောင့် လူကြီးလူကောင်းတစ်ယောက်လို့ စိတ်ထဲ ကောက်ချက်ချလိုက်သည်

"ဟုတ် ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်စရာ မလိုပါဘူး တကယ်တမ်း ကျေးဇူးတင်စကား ပြောရမှာ ကျွန်တော်ပါဗျာ့......နောင် အခါခွင့်ရရင် လူချင်းတွေ့ပြီး ကျေးဇူးဆပ်ချင်ပါတယ် ..."

"အာ ရပါတယ်....ကျွန်မကလည်း Korea ကို အလည်လာဖို့ အစီအစဉ် မရှိသေးလို့ပါ "

"ပိုကောင်းတာပေါ့ဗျာ "

Chanyeol ရဲ့ စကားကြောင့် Manoban မျက်မှောင်ကြုတ်သွားတယ်

"Excuse Me! '

"ဟိုလေ ပြောရမှာတော့ ရှက်ဖို့ကောင်းပေမယ့် ....Dr.  Manoban..... ကျွန်တော့်ရဲ့ ညီမလေးကို ကျွန်တော့်အစား ဆက်ပြီး ဂရုစိုက်စောင့်ရှောက်ပေးလို့ ရမလား....နယူးဇီလန်မှာ ကျွန်တော့် အသိတွေ တစ်ယောက်မှ မရှိလို့ပါ ပြီးတော့ ညီမလေးက Manobanနဲ့ အဆင်ပြေနေတော့လေ

"ဒါပေမယ့် Mr. Park. ..ကျွန်မလည်း ဆေးရုံမှာ လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်...."

Manobanမှာ ပြောရင်း ဆေးရုံအုပ်ကို လှမ်းကြည့်ကာ အကူအညီတောင်းနေသည် သို့သော် ဆေးရုံအုပ်က လက်ခံဖို့ဘဲ အမူအရာပြပြီး ပြောနေလို့ Manoban မျက်နှာရှုံ့မဲ့နေသည်

"ဒါဆို ဆေးရုံကထွက်ပြီး ညီမလေးရဲ့ Personal Doctor လုပ်ပေးပါလားဗျာ ခင်ဗျား တောင်းသလောက် လစာပေးပါမယ်ဗျာ please... "

"နေပါအုံး Mr. Park. ..ကျွန်မကိုလည်း မသိဘဲ မမြင်ဖူးဘဲ ဘာလို့ အရမ်းယုံကြည်နေရတာလည်း "

Manobanမှာ သူမကိုယ်သူမတောင် မယုံကြည်တာကို Mr. Parkက သူမကို အရမ်း ယုံကြည်နေလို့ မေးလိုက်သည်

Chanyeolမှာ Manobanရဲ့ မေးခွန်းကြောင့် တိတ်ဆိတ်သွားပြီ ခဏကြာတော့ သက်ပြင်းချကာ Manobanရဲ့ မေးခွန်းကို ဖြေလိုက်သည်

"ဘာလို့လည်းဆိုတေ့ာ ခင်ဗျားက သူ့ကို ပြုံးအောင်လုပ်နိုင်လို့ "

တစ်ပတ်ကြာတဲ့နောက်....Chaeyoung ဆေးရုံက ဆင်းရမယ့် နေ့ရောက်လာပြီလေ

Chaeyoungမှာ ဆေးရုံကလည်း ဆင်းရမည့်အပြင် Ava ပြောပြထားတဲ့ သတင်းကြောင့် အရမ်းပျော်နေသည်

Ava ပြောပြပုံအရဆို Chaeyoungက အခုထိ ကျန်းမာရေးမကောင်းသေးသောကြောင့် Manobanကဘဲ ဆက်ပြီး Chaeyoungကို စောင့်ရှောက်ပေးမှာမို့ Manoban နဲ့ နေရမယ်တဲ့

Chaeyoung ကလေးတစ်ယောက်လို ဆေးရုံကနေ ပြေးထွက်လာသည်

Manobanကတော့ မျက်မှန်အမည်းတပ်ပြီး ကားပေါ်တွင် စောင့်နေသည်.....

Chaeyoung ကားပေါ်တက်လာပြီး ခါးပတ်ပတ်လိုက်တော့

"ကဲ ဘယ်ကို အရင်သွားချင်လည်း "

Manoban ကားစက်နှိုးရင်း မေးတော့ Chaeyoung မသိဘူးဆိုပြီး ပခုံးတွန့်ပြသည်

သူမ ဆေးရုံက မဆင်းခင်ကတည်းက ဘယ်သွားရမလည်း စဥ်းစားပေမယ့် နယူးဇီလန်အကြောင်းလည်း သိပ်မသိသောကြောင့် ဘယ်သွားရမှန်းမသိပေ

"မင်းမှာ အဝတ်အစားတွေ မရှိဘူးမလား အရင်ဆုံး အဝတ်အစားတွေ သွားဝယ်ရင်ရော "

Manoban အကြံပေးတော့ Chaeyoung မျက်နှာငယ်လေးနဲ့

"ငါ့မှာ ပိုက်ဆံမရှိဘူးလေ ဒီအဝတ်အစားတွေတောင် Avaက လက်ဆောင်ပေးလို့....."

Manoban ကားအံဆွဲထဲက ကတ်တစ်ကတ်ကို ထုတ်လိုက်သည်

ထို့နောက် Chaeyongကို မေးလိုက်သည်

"ဟင် Black Cardကြီး "

"ဟုတ်တယ် မင်းရဲ့ ကတ်ဘဲ ကဲ shopping ထွက်ကြစို့ "

Shopping mallတွင် Chaeyoung တစ်ယောက် သူမ ကြိုက်တဲ့ အဝတ်အစားတွေ အကုန်ဝယ်လေသည်

Manobanကတော့ အဝတ်အစားထုတ်တွေ ဆွဲရင်းသယ်ရင်း အနောက်ကနေ ပါလာသည်

"Chae. ..ခရီးဆောင်အိတ်တစ်လုံး ဝယ်ရအောင် မင်း အဝတ်အစားတွေ ထည့်ဖို့ "

"ဟုတ်သား မတွေးမိဘူး ဟီး ကျေးဇူး Manoban "

Chaeyoung တို့ shopping ထွက်ပြီးနောက် ကားရှိရာသို့ ပြန်သွားကြသည်

ကားပေါ်တွင် Manoban ခါးပတ်ပတ်ရင်း

"တကယ်တော့ ငါတွေးထားတဲ့ တစ်နေရာရှိတယ်..."

"ဘယ်နေရာလည်း... "

Chaeyoung ရေခဲမုန့်စားရင်း မေးလိုက်သည်။

"ရွာလေးတစ်ရွာကို သွားမှာ "

"ရွာလား "

"ဟုတ်တယ် "

"အဲ့သွားပြီး ဘာလုပ်မှာလည်း "

"အခုသွားမယ့် ရွာလေးက အေးချမ်းတယ် အဲ့မှာနေရင် မင်း အရင်ကထက် စိတ်က ပျော်ရွှင်လာလိမ့်မယ် "

"Aww. ..."

ရွာလေးကို သွားတဲ့ ခရီးက တော်တော်လေး ဝေးနေလို့ ရှုခင်းတွေကြည့်ပြီး တိတ်ဆိတ်နေတဲ့ Chaeyoungကို Manobanကဘဲ စကားစလိုက်သည်

"မင်းအကြောင်းတွေ ပြောပြချင်လား Chae.... "

Manobanရဲ့ မေးခွန်းကြောင့် Chaeyoung ပျော်သွားတယ်လေ ဘာလို့ဆို သူမကလည်း Manoban အကြောင်းသိချင်နေတာကိုး

တစ်ခါတစ်ခါ ရုပ်တည်နဲ့နေတတ်တဲ့ Manobanကို သူမအကြောင်း မမေးရဲသောကြောင့် ယခု အပြန်အလှန် မေးခွန်းမေးရင်း Manobanအကြောင်း သိရတော့မယ်ဆိုပြီး ဝမ်းသာနေသည်...

"အခုလို မေးခွန်းမျိုး တစ်ခါမှ မကြားဖူးဘူး သူတို့က ငါ့မိသားစုရဲ့ နောက်ခံဘဲ သိကြတာ အဲ့တာကြောင့်လည်း ငါ့မှာ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေ မရှိတာ.... .သူတို့က မိသားစု နောက်ခံ ကြည့်ပေါင်းတာ ငါ့ Personality... ငါ့အရည်အချင်းတွေ မသိကြဘူး ငါ တိုက်ကွန်ဒိုဆော့တတ်တာတောင် မသိဘူး ..."

Chaeyoungရဲ့ ကလေးဆန်တဲ့ နောက်ဆုံးက စကားကြောင့် Manoban သဘောကျပြီး ရယ်လေသည်

"ဘာရယ်တာလည်း "

Chaeyoungမှာ မျက်စောင်းထိုးပြီး Manobanကို ရန်လုပ်လိုက်သည်

"မင်းလို ဖြူဖြူလေးက တိုက်ကွန်ဒိုဆော့တတ်တယ်ပေါ့ "

"ဆော့တတ်တာပေါ့ ဘာလို့လည်း "

"မယုံနိုင်လို့ပါ "

"ယုံအောင် လုပ်ပြရမလား "

Chaeyoung ပြောပြီး လက်သီးရွယ်တော့ Manoban လက်ကာပြီး

"Hey hey Madam ငါ ကားမောင်းနေတာနော် "

"ဒါဆို နင့်အကြောင်းပြောပြ...."

Chaeyoung မေးလိုက်သည်

"ငါလား ငါ့အကြောင်းကတော့ Simple ပါဘဲ ပြောစရာ သိပ်မရှိဘူး....ထိုင်းကနေပြီး ငါ့အဖေတို့က ကိုရီးယားပြောင်းလာတယ် အဲ့မှာငါ ဆေးကျောင်းတက်ဖို့ scholarship ရတယ် နောက်ကျ ဆရာဝန် ဖြစ်ပြီး Koreaမှာ မနေချင်လို့ လစာကောင်းကောင်းရတဲ့ နယူးဇီလန်က ဆေးရုံကို ငါလာလုပ်တာ "

"အကုန်လုံးက အေးအေးဆေးဆေး သာမန်ဘဝဘဲနော် ငါတစ်ယောက်ကသာ...."

"Chae. .."

"ဒါပေမယ့် အခုလက်ရှိပုံစံလေးကို ငါသဘောကျတယ် ..."

"ဘယ်အချိန်က နောက်ဆုံးရယ်မောခဲ့တာလည်း "

"ငါ့အမေ မသေခင်က.   ..ငါ့အမေ သေပြီးနောက် ငါ မရယ်ရတော့တာ ကြာပြီ....."

"ကဲ ဒါဆို အခုကစပြီး ပျော်စရာတွေ ရောက်လာစေရမယ်လို့ ငါ အာမခံရဲတယ် Chae "

"I hope. ..."

Chaeတို့ စကားတပြောပြောနဲ့ Manoban ပြောတဲ့ ရွာလေးကို မောင်းလာကြသည်

#Tbc

#Zawgyi

ေဆး႐ုံအုပ္ႀကီး Ruthမွာ Chaeyoung က်န္းမာေရးျပန္ေကာင္းလာေၾကာင္း Park Chanyeolကို ဖုန္းဆက္အေၾကာင္းၾကားေလသည္

Chanyeolမွာ သူ႕ညီမ အသက္ရွင္ၿပီး အရင္လို ျပန္လည္က်န္းမာလာလို႔ အရမ္းေပ်ာ္ေနသည္

သို႔ေသာ္လည္း ေရွ႕ဆက္ ဘာလုပ္ရမလည္း Chanyeol မသိ....အခုေလာေလာဆယ္ Mr. Ling တို႔နဲ႕ အလုပ္တြဲလုပ္ေနလို႔ သူ႕အေဖ အနား ေနရမွာမို႔ Chanyeolမွာ သူ႕ညီမရွိတဲ့ နယူးဇီလန္ကိုလည္း လိုက္သြားလို႔မရ....

နယူးဇီလန္မွာလည္း Chaeyoung ကို ေစာင့္ေရွာက္ဖို႔ အသိမိတ္ေဆြ ယုံၾကည္ရသူကလည္းမရွိ ျဖစ္ေနေတာ့ Chanyeol ခက္ခဲေနသည္

"Mr. Park. ..အမွန္တိုင္းေျပာရမယ္ဆို ကြၽန္ေတာ္တို႔ ေဆး႐ုံမွာ Korea စကားေျပာတတ္တဲ့ ဆရာဝန္မေလးရွိတယ္ သူက ကိုရီးယားမွာလည္း ေနဖူးတယ္တဲ့  ၿပီးေတာ့ Miss Chaeyoung သတိျပန္ရတဲ့ေန႕ကစၿပီး အခုထိ သူကဘဲ ဂ႐ုစိုက္ေစာင့္ေရွာက္ေပးခဲ့တာဆိုေတာ့ သူ႕ကို ယုံလို႔ရတယ္ထင္တယ္... မိန္းကေလးခ်င္းဆိုေတာ့ အဆင္ေျပမယ္ထင္တယ္ "

Manobanမွာ ေဆး႐ုံအုပ္က သူမအေၾကာင္းေျပာေနေသာေၾကာင့္ စာအုပ္ဖတ္ေနရာက လန့္သြားသည္

ေဆး႐ုံအုပ္ Ruthက ၿပဳံးၿပီး သူမကို ဖုန္းလွမ္းေပးေနေသာေၾကာင့္  Manoban စိတ္ထဲကေန ေဆး႐ုပ္အုပ္ကို ႀကိတ္ဆဲရင္း ဖုန္းလွမ္းယူလိုက္သည္

"He. ..Hello Mr. Park "

"ခင္ဗ်ားနဲ႕ စကားေျပာခြင့္ရလို႔ ဝမ္းသာပါတယ္ Dr. Manoban.... Dr. Ruthက ခင္ဗ်ားအေၾကာင္းေတြ ေျပာျပထားတယ္ဗ်ာ့ "

Manobanမွာ Chanyeolကို ခက္ထန္မယ္ထင္ခဲ့ေပမယ့္ Chaenyeolရဲ႕ ခ်ိဳသာတဲ့အသံနဲ႕ စကားေျပာပုံေၾကာင့္ လူႀကီးလူေကာင္းတစ္ေယာက္လို႔ စိတ္ထဲ ေကာက္ခ်က္ခ်လိဳက္သည္

"ဟုတ္ ေက်းဇူးတင္ပါတယ္ "

"ေက်းဇူးတင္စရာ မလိုပါဘူး တကယ္တမ္း ေက်းဇူးတင္စကား ေျပာရမွာ ကြၽန္ေတာ္ပါဗ်ာ့......ေနာင္ အခါခြင့္ရရင္ လူခ်င္းေတြ႕ၿပီး ေက်းဇူးဆပ္ခ်င္ပါတယ္ ..."

"အာ ရပါတယ္....ကြၽန္မကလည္း Korea ကို အလည္လာဖို႔ အစီအစဥ္ မရွိေသးလို႔ပါ "

"ပိုေကာင္းတာေပါ့ဗ်ာ "

Chanyeol ရဲ႕ စကားေၾကာင့္ Manoban မ်က္ေမွာင္ၾကဳတ္သြားတယ္

"Excuse Me! '

"ဟိုေလ ေျပာရမွာေတာ့ ရွက္ဖို႔ေကာင္းေပမယ့္ ....Dr.  Manoban..... ကြၽန္ေတာ့္ရဲ႕ ညီမေလးကို ကြၽန္ေတာ့္အစား ဆက္ၿပီး ဂ႐ုစိုက္ေစာင့္ေရွာက္ေပးလို႔ ရမလား....နယူးဇီလန္မွာ ကြၽန္ေတာ့္ အသိေတြ တစ္ေယာက္မွ မရွိလို႔ပါ ၿပီးေတာ့ ညီမေလးက Manobanနဲ႕ အဆင္ေျပေနေတာ့ေလ

"ဒါေပမယ့္ Mr. Park. ..ကြၽန္မလည္း ေဆး႐ုံမွာ လုပ္ရမယ့္ အလုပ္ေတြ ရွိေသးတယ္...."

Manobanမွာ ေျပာရင္း ေဆး႐ုံအုပ္ကို လွမ္းၾကည့္ကာ အကူအညီေတာင္းေနသည္ သို႔ေသာ္ ေဆး႐ုံအုပ္က လက္ခံဖို႔ဘဲ အမူအရာျပၿပီး ေျပာေနလို႔ Manoban မ်က္ႏွာရႈံ႕မဲ့ေနသည္

"ဒါဆို ေဆး႐ုံကထြက္ၿပီး ညီမေလးရဲ႕ Personal Doctor လုပ္ေပးပါလားဗ်ာ ခင္ဗ်ား ေတာင္းသေလာက္ လစာေပးပါမယ္ဗ်ာ please... "

"ေနပါအုံး Mr. Park. ..ကြၽန္မကိုလည္း မသိဘဲ မျမင္ဖူးဘဲ ဘာလို႔ အရမ္းယုံၾကည္ေနရတာလည္း "

Manobanမွာ သူမကိုယ္သူမေတာင္ မယုံၾကည္တာကို Mr. Parkက သူမကို အရမ္း ယုံၾကည္ေနလို႔ ေမးလိုက္သည္

Chanyeolမွာ Manobanရဲ႕ ေမးခြန္းေၾကာင့္ တိတ္ဆိတ္သြားၿပီ ခဏၾကာေတာ့ သက္ျပင္းခ်ကာ Manobanရဲ႕ ေမးခြန္းကို ေျဖလိုက္သည္

"ဘာလို႔လည္းဆိုေတ့ာ ခင္ဗ်ားက သူ႕ကို ၿပဳံးေအာင္လုပ္နိုင္လို႔ "

တစ္ပတ္ၾကာတဲ့ေနာက္....Chaeyoung ေဆး႐ုံက ဆင္းရမယ့္ ေန႕ေရာက္လာၿပီေလ

Chaeyoungမွာ ေဆး႐ုံကလည္း ဆင္းရမည့္အျပင္ Ava ေျပာျပထားတဲ့ သတင္းေၾကာင့္ အရမ္းေပ်ာ္ေနသည္

Ava ေျပာျပပုံအရဆို Chaeyoungက အခုထိ က်န္းမာေရးမေကာင္းေသးေသာေၾကာင့္ Manobanကဘဲ ဆက္ၿပီး Chaeyoungကို ေစာင့္ေရွာက္ေပးမွာမို႔ Manoban နဲ႕ ေနရမယ္တဲ့

Chaeyoung ကေလးတစ္ေယာက္လို ေဆး႐ုံကေန ေျပးထြက္လာသည္

Manobanကေတာ့ မ်က္မွန္အမည္းတပ္ၿပီး ကားေပၚတြင္ ေစာင့္ေနသည္.....

Chaeyoung ကားေပၚတက္လာၿပီး ခါးပတ္ပတ္လိုက္ေတာ့

"ကဲ ဘယ္ကို အရင္သြားခ်င္လည္း "

Manoban ကားစက္ႏွိုးရင္း ေမးေတာ့ Chaeyoung မသိဘူးဆိုၿပီး ပခုံးတြန့္ျပသည္

သူမ ေဆး႐ုံက မဆင္းခင္ကတည္းက ဘယ္သြားရမလည္း စဥ္းစားေပမယ့္ နယူးဇီလန္အေၾကာင္းလည္း သိပ္မသိေသာေၾကာင့္ ဘယ္သြားရမွန္းမသိေပ

"မင္းမွာ အဝတ္အစားေတြ မရွိဘူးမလား အရင္ဆုံး အဝတ္အစားေတြ သြားဝယ္ရင္ေရာ "

Manoban အႀကံေပးေတာ့ Chaeyoung မ်က္ႏွာငယ္ေလးနဲ႕

"ငါ့မွာ ပိုက္ဆံမရွိဘူးေလ ဒီအဝတ္အစားေတြေတာင္ Avaက လက္ေဆာင္ေပးလို႔....."

Manoban ကားအံဆြဲထဲက ကတ္တစ္ကတ္ကို ထုတ္လိုက္သည္

ထို႔ေနာက္ Chaeyongကို ေမးလိုက္သည္

"ဟင္ Black Cardႀကီး "

"ဟုတ္တယ္ မင္းရဲ႕ ကတ္ဘဲ ကဲ shopping ထြက္ၾကစို႔ "

Shopping mallတြင္ Chaeyoung တစ္ေယာက္ သူမ ႀကိဳက္တဲ့ အဝတ္အစားေတြ အကုန္ဝယ္ေလသည္

Manobanကေတာ့ အဝတ္အစားထုတ္ေတြ ဆြဲရင္းသယ္ရင္း အေနာက္ကေန ပါလာသည္

"Chae. ..ခရီးေဆာင္အိတ္တစ္လုံး ဝယ္ရေအာင္ မင္း အဝတ္အစားေတြ ထည့္ဖို႔ "

"ဟုတ္သား မေတြးမိဘူး ဟီး ေက်းဇူး Manoban "

Chaeyoung တို႔ shopping ထြက္ၿပီးေနာက္ ကားရွိရာသို႔ ျပန္သြားၾကသည္

ကားေပၚတြင္ Manoban ခါးပတ္ပတ္ရင္း

"တကယ္ေတာ့ ငါေတြးထားတဲ့ တစ္ေနရာရွိတယ္..."

"ဘယ္ေနရာလည္း... "

Chaeyoung ေရခဲမုန့္စားရင္း ေမးလိုက္သည္။

"႐ြာေလးတစ္႐ြာကို သြားမွာ "

"႐ြာလား "

"ဟုတ္တယ္ "

"အဲ့သြားၿပီး ဘာလုပ္မွာလည္း "

"အခုသြားမယ့္ ႐ြာေလးက ေအးခ်မ္းတယ္ အဲ့မွာေနရင္ မင္း အရင္ကထက္ စိတ္က ေပ်ာ္႐ႊင္လာလိမ့္မယ္ "

"Aww. ..."

႐ြာေလးကို သြားတဲ့ ခရီးက ေတာ္ေတာ္ေလး ေဝးေနလို႔ ရႈခင္းေတြၾကည့္ၿပီး တိတ္ဆိတ္ေနတဲ့ Chaeyoungကို Manobanကဘဲ စကားစလိုက္သည္

"မင္းအေၾကာင္းေတြ ေျပာျပခ်င္လား Chae.... "

Manobanရဲ႕ ေမးခြန္းေၾကာင့္ Chaeyoung ေပ်ာ္သြားတယ္ေလ ဘာလို႔ဆို သူမကလည္း Manoban အေၾကာင္းသိခ်င္ေနတာကိုး

တစ္ခါတစ္ခါ ႐ုပ္တည္နဲ႕ေနတတ္တဲ့ Manobanကို သူမအေၾကာင္း မေမးရဲေသာေၾကာင့္ ယခု အျပန္အလွန္ ေမးခြန္းေမးရင္း Manobanအေၾကာင္း သိရေတာ့မယ္ဆိုၿပီး ဝမ္းသာေနသည္...

"အခုလို ေမးခြန္းမ်ိဳး တစ္ခါမွ မၾကားဖူးဘူး သူတို႔က ငါ့မိသားစုရဲ႕ ေနာက္ခံဘဲ သိၾကတာ အဲ့တာေၾကာင့္လည္း ငါ့မွာ ရင္းႏွီးတဲ့ သူငယ္ခ်င္းမိတ္ေဆြ မရွိတာ.... .သူတို႔က မိသားစု ေနာက္ခံ ၾကည့္ေပါင္းတာ ငါ့ Personality... ငါ့အရည္အခ်င္းေတြ မသိၾကဘူး ငါ တိုက္ကြန္ဒိုေဆာ့တတ္တာေတာင္ မသိဘူး ..."

Chaeyoungရဲ႕ ကေလးဆန္တဲ့ ေနာက္ဆုံးက စကားေၾကာင့္ Manoban သေဘာက်ၿပီး ရယ္ေလသည္

"ဘာရယ္တာလည္း "

Chaeyoungမွာ မ်က္ေစာင္းထိုးၿပီး Manobanကို ရန္လုပ္လိုက္သည္

"မင္းလို ျဖဴျဖဴေလးက တိုက္ကြန္ဒိုေဆာ့တတ္တယ္ေပါ့ "

"ေဆာ့တတ္တာေပါ့ ဘာလို႔လည္း "

"မယုံနိုင္လို႔ပါ "

"ယုံေအာင္ လုပ္ျပရမလား "

Chaeyoung ေျပာၿပီး လက္သီး႐ြယ္ေတာ့ Manoban လက္ကာၿပီး

"Hey hey Madam ငါ ကားေမာင္းေနတာေနာ္ "

"ဒါဆို နင့္အေၾကာင္းေျပာျပ...."

Chaeyoung ေမးလိုက္သည္

"ငါလား ငါ့အေၾကာင္းကေတာ့ Simple ပါဘဲ ေျပာစရာ သိပ္မရွိဘူး....ထိုင္းကေနၿပီး ငါ့အေဖတို႔က ကိုရီးယားေျပာင္းလာတယ္ အဲ့မွာငါ ေဆးေက်ာင္းတက္ဖို႔ scholarship ရတယ္ ေနာက္က် ဆရာဝန္ ျဖစ္ၿပီး Koreaမွာ မေနခ်င္လို႔ လစာေကာင္းေကာင္းရတဲ့ နယူးဇီလန္က ေဆး႐ုံကို ငါလာလုပ္တာ "

"အကုန္လုံးက ေအးေအးေဆးေဆး သာမန္ဘဝဘဲေနာ္ ငါတစ္ေယာက္ကသာ...."

"Chae. .."

"ဒါေပမယ့္ အခုလက္ရွိပုံစံေလးကို ငါသေဘာက်တယ္ ..."

"ဘယ္အခ်ိန္က ေနာက္ဆုံးရယ္ေမာခဲ့တာလည္း "

"ငါ့အေမ မေသခင္က.   ..ငါ့အေမ ေသၿပီးေနာက္ ငါ မရယ္ရေတာ့တာ ၾကာၿပီ....."

"ကဲ ဒါဆို အခုကစၿပီး ေပ်ာ္စရာေတြ ေရာက္လာေစရမယ္လို႔ ငါ အာမခံရဲတယ္ Chae "

"I hope. ..."

Chaeတို႔ စကားတေျပာေျပာနဲ႕ Manoban ေျပာတဲ့ ႐ြာေလးကို ေမာင္းလာၾကသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co