Part 6
#Unicode
Chaeyoung ကတော့ ကားပေါ်တစ်ရေးတမော အိပ်လိုက်လာပေမယ့် Manobanကတော့ ကားမောင်းရင်း မငိုက်အောင် ပီကေစားနေရသည်
ခရီးသွားပါမယ်ဆိုမှ Liamရဲ့ လူတယောက်က ညအချိန်မတော် ရောဂါ ထဖောက်လို့ Manoban ဝင် ကူညီပေးရသေးသည်
မနက် ခြောက်နာရီကျ အိမ်ပြန်ပြီး အထုပ်အပိုးပြင်ရသေးသည်
အိပ်ချင်စိတ် ဝင်မလာအောင် Manoban ပီကေဝါးရင်း သီချင်းဆိုနေသည်
နာရီကို ကြည့်တော့ မနက် ၁၀ နာရီထိုးနေပြီ နောက်နာရီဝက်လောက် ထပ်မောင်းရင် ရွာလေးကို ရောက်တော့မှာမို့ လှပတဲ့ မြင်ကွင်းတွေကို Chaeyoung လွတ်သွားမှာ စိတ်ပူလို့ နှိုးလိုက်သည်
"Chae. ..Chaeyoung ထတော့ ရွာဘက်ရောက်တော့မယ် "
Chaeyoung မျက်လုံးကို ပွတ်ပြီး အိပ်ချင်မူးတူးနဲ့ အပြင်ကို လှမ်းကြည့်တော့ စိမ်းစိုနေတဲ့ ကွင်းပြင်ကျယ်ကြီးကို တွေ့ရလေသည်
ဆိုးလ်မြို့လို မော်တော်ယာဥ်တွေ ရှုပ်ထွေးမှု မရှိတဲ့ လေထုသန့်ရှင်းတဲ့ သဘာဝရဲ့ မြင်ကွင်းတွေကို ကြည့်ပြီး Chaeyoung အံ့သြနေသည်
"Bless my eyes. ..."
Manobanဆီက ခွင့်ပြုချက်တောင်းမနေဘဲ Chaeyoung ကားပြတင်းပေါက် ကို ဖွင့်လိုက်သည်
ကားပြတင်းပေါက်ကို ဖွင့်လိုက်တဲ့အခါ နွေဦးရဲ့လေပြည်လေညှင်းလေးတွေဟာ Chaeyoungနဲ့ Manoban မျက်နှာကို တိုးဝှေ့နေသည်
Chaeyoung မျက်လုံးမှိတ်ပြီး အသက်ဝဝရှူကာ လေပြည်ညှင်းလေးတွေကို ခံစားနေသည်
Manobanကတော့ သဘာဝအလှတွေထက် သူမဘေးနားက အလှလေးကိုဘဲ ကားမောင်းရင်း ခဏခဏကြည့်နေမိသည်
"Oh my god. ...ချစ်စရာလေးတွေ ကြည့်ပါအုံး "
မြက်ခင်းပြင်ထဲ ပြေးလွှားဆော့ကစားနေတဲ့ သိုးငယ်လေးတွေကို မြင်တော့ Chaeyoung သဘောကျပြီး အော်လေသည်
Chaeyoung သူမမြင်ဖူးတဲ့ သဘာဝအလှအပမြင်ကွင်းတွေကြောင့် အရမ်း စိတ်လှုပ်ရှားပြီး ပျော်နေသည်
ရွာထဲကို ဝင်လာတော့ ဘန်ဂလိုလို အိမ်သေးသေးလေးတွေနဲ့ ပန်းခြံသေးသေးလေးတွေ လယ်ကွင်းစိမ်းစိမ်းလေးတွေ တောင်တန်းတွေ မြင်ရတော့ Chaeyoung အသက်တောင်မရှူနိုင်
"ရေတံခွန်တွေကို သဘောကျလား "
Manobanကို မကြည့်ဘဲ Chaeyoung ခေါင်းညိတ်ပြလိုက်သည် ဘာလို့ဆို သူမ လှပတဲ့မြင်ကွင်းတွေကို တစ်စက္ကန့်လေးတောင် လက်လွှတ်မခံနိုင်ဘူးလေ
"ဒီရွာဘက်မှာ ရေတံခွန်တွေ အများကြီးရှိတယ် တစ်ချို့တွေဆီ သွားကြမယ်လေ "
"တစ်ချို့ဘဲလား အကုန်လုံးကို သွားလည်လို့မရဘူးလား "
ဒီတစ်ခါတော့ Manoban ဘက်လှည့်ပြီး Chaeyoung မေးလိုက်သည်
"ကောင်းပြီလေ မင်းသွားချင်တယ်ဆို အကုန်လုံး နှံ့အောင် လိုက်ပို့ပေးမယ် "
Chaeyoung ကလေးလေးတစ်ယောက်လို လက်ခုပ်တီးလိုက်သည်
"ဒါနဲ့ ဘယ်မှာနေမှာလည်းဟင် Manoban. ..."
"မင်းက ဘယ်မှာနေချင်လို့လည်း "
"ဟိုက လူတွေနေသလို ရွက်ဖျင်တဲနဲ့ နေချင်တယ် "
Chaeyoung ကွင်းပြင်မှာ ရွက်ဖျင်တဲတွေထိုးနေတဲ့ လူငယ်အုပ်စုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်
"တကယ်လား အဲ့လူတွေက tour လှည့်နေတဲ့ သူတွေနော် မင်းက သူတို့လိုနေနိုင်လို့လား အအေးမိနေမယ် "
Manoban ဒီက ရာသီဥတုနဲ့ Chaeyoung အဆင်မပြေဖြစ်မှာ စိတ်ပူနေတယ် ဘာလို့ဆို အခုမှ Chaeyoungက နေကောင်းခါစရှိသေးတယ်လေ
"နေကြည့်ချင်တယ် အဲ့လိုအမြဲ နေချင်ခဲ့တာ.....ကျောင်းတုံးက camping တွေဆိုလည်း ငါ အဲ့တစ်ခါမှ မသွားဖူးဘူး လုပ်ပါ Manobanကလည်း ငါတစ်ခုလောက် ရွက်ဖျင်တဲလေးထိုးပြီး နေဖူးကြည့်ချင်လို့ "
Chaeyoung နှုတ်ခမ်းလေးစူပြီး ပြောလိုက်သည်
သူမ တစ်ခါမှ camping သွားရင် မလိုက်ရပါ ဘာလို့ဆို သူမမှာ သူငယ်ချင်း မရှိသောကြောင့် ဖြစ်သည်
"ရွက်ဖျင်တဲထဲ ငါတို့နှစ်ယောက်ဘဲ ရှိမှာနော် စဥ်းစားပါအုံး Miss "
"I Don't Care Manoban. ..."
Manobanလည်း ခေါင်းခါရယ်ပြီး ရွာလူကြီး အိမ်ဘက်မောင်းသွားသည်
ရွာလူကြီးဆီက ခွင့်တောင်းပြီး camping လုပ်ဖို့ နေရာတောင်းသည် ကံကောင်းချင်တော့ Manoban ဒီရွာဘက်ကို လာဖူးတာ ရွာလူကြီးက မှတ်မိနေသည်
Manobanနဲ့ ရွာလူကြီးတို့ စကားပြောနေစဥ် Chaeyoungကတော့ ပတ်ဝန်းကျင်က အိမ်လှလှလေးတွေကြည့်ရင်း အလုပ်များနေသည်
ရွာလူကြီးဆီက ခွင့်ပြုချက်ရပြီးနောက် Manobanတို့ ရွာလူကြီးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်
"အခု ဘယ်သွားမှာလည်း "
"ရွာလူကြီး Sam ပေးတဲ့ အိမ်ဘက်သွားမယ်လေ အဲ့အိမ်ဘေး မင်း ဆောက်ချင်တဲ့ ရွက်ဖျင်တဲ ဆောက်ကြမယ် "
"Yeah. .."
"ဒါနဲ့ Chae. .ငါတို့နှစ်ယောက်က အဲ့ရွက်ဖျင်တဲ သေးသေးလေးထဲ အတူနေမယ်ဆိုတာ သေချာတယ်နော် "
"ဒါပေါ့ ဘာလို့လည်း မိန်းကလေးချင်းဘဲကို "
"ငါ စိတ်ဖောက်ပြီး မင်းကို ဖက်နမ်းရင် ဘယ်လို လုပ်မလည်း.... "
Manoban ပါးစပ်က ရုတ်တရက်ထွက်သွားသော်လည်း ကံကောင်းချင်တော့ Chaeyoung မကြားလိုက်ပေ
"စိတ်ဖောက်ပြီး ဘာဖြစ်တယ် မကြားလိုက်လို့ "
"ဘာမှမဟုတ်ဘူး "
Manobanတို့ Samပေးတဲ့ အိမ်တွင် အထုပ်အပိုးတွေချပြီး နေ့လည်စာ ဝယ်စားလေသည်
ထို့နောက် တစ်နေ့လည်လုံး ရွာထဲတွင် စက်ဘီးပတ်စီးနေကြသည်
Chaeyoungမှာ ရွာထဲက လူတွေရဲ့ နေထိုင်ပုံ ယဥ်ကျေးမှုကို လေ့လာသင်ယူနေသလို Manobanဆီက စက်ဘီးစီးနည်းလည်း သင်ယူနေသည်
ဘာလို့လည်းဆို သူမ တစ်ခါမှ စက်ဘီး မစီးဖူးဘူးလေ
နာရီပေါင်းများစွာ ကုန်ဆုံးပြီးနောက် Chaeyoung တစ်ယောက် စက်ဘီး စီးတတ်သွားသလို ကွင်းပြင်ထဲ Manobanနဲ့ စိန်ပြေးလိုက်တမ်းကစားခဲ့လို့ အားအင်တွေလည်း ကုန်ခမ်းနေပြီလေ ....
Chaeyoung ခြေလှမ်းတွေ ယိုင်သွားတော့ Manoban မှာ Chaeyoung လက်မောင်းကို အမြန်ကိုင်ထိန်းလိုက်သည်
"အဆင်ပြေရဲ့လား "
"ရေတံခွန်ဘက် သွားရအောင် Manoban "
"No မသွားဘူး မနက်ဖြန်ရှိသေးတာဘဲကို ဘာတွေအလျင်လိုနေတာလည်း မင်းကျန်းမာရေးက ပိုအရေးကြီးတယ် "
Manoban မှာ Chaeyoungရဲ့ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို စမ်းကြည့်ရင်း ပြောလိုက်သည်
"ဒါပေမယ့်တွေ မလိုချင်ဘူး ထပ်ပြီး ခေါင်းမာမယ်ဆို မနက်ဖြန်ပါ အပြင်ထွက်ခွင့် ပိတ်မှာနော် "
Manoban ပြောပြီး ထိုင်ချလိုက်သည်
"ဘာလုပ်တာလည်း"
"ကုန်းပိုးမလို့လေ တက် "
"ရပါတယ် "
"မရပါဘူး မင်း မောလို့ လမ်းတောင်သေချာလျှောက်နိုင်တော့တာ မဟုတ်ဘဲ "
Chaeyoungလည်း Manobanရဲ့ ကျောပေါ်တက်လိုက်သည်
Chaeyoungကို ကုန်းပိုးလာရင်း လမ်းတွင် လေပြေလေညှင်းက တိုက်ပြီး ပန်းပွင့်လေးတွေကလည်း သစ်ပင်ပေါ်က ကြွေကျလာသည်
Chaeyoungကတော့ ပန်းရနံ့လေးတွေကို ရှူရှိုက်ပေမယ့် Chaeyoung အသက်တစ်ခါ ရှူထုတ်လိုက်တိုင်း Manoban လည်ပင်းကို လာထိနေသောကြောင့် Manobanမှာ ရင်တွေခုန်နေသည်
"ဒီည partyရှိတယ်လို့ ရွာလူကြီး Samကပြောတယ် ဒါပေမယ့် မင်းပုံစံနဲ့ Party သွားဖို့ အဆင်မပြေလောက်ဘူး "
"အာ ခဏနားလိုက်ရင် သက်သာသွားမှာကို "
"မထင်ပါဘူး "
"Manobanရာ လုပ်ပါ "
Chaeyoung နှုတ်ခမ်းက ရုတ်တရက် Manoban လည်ပင်းကို လာထိလို့ Manobanမှာ ဒူးတွေတုန်လာသည်
"Partyက ပျင်းစရာ အား အား နာတယ်နော် "
"မသွားခိုင်းရင် လည်ပင်းပိုညှစ်မှာ "
Chaeyoung မှာ Manobanရဲ့ လည်ပင်းကို ညှစ်ပြီး ခြိမ်းခြောက်လေသည်
"ကဲပါ လိုက်ပို့ပါမယ် "
"Yeah ဒါမှ Manoban တက်ကလောက် ပြေးစမ်း ဟဲ့မြင်း "
"Yah yah ဘာမြင်းတုံး "
"ပြေးပါဆို...."
"ဒီတစ်ယောက်နဲ့တော့ ငါ စိတ်ညစ်တယ် "
Manoban ထိန်းမနိုင်တာနဲ့ Chaeyoung ပြောတဲ့အတိုင်း ပြေးပေးလေသည်
"စိီးတော်မြင်းကြီး မောနေပြီလား "
Manoban သူတို့ ငှားထားတဲ့ အိမ်ထဲ ရေသောက်ပြီး ထိုင်နေသည်
"တိတ်စမ်း "
"ဟဟ "
Chaeyoungမှာ Manobanကို စနောက်နေရတာကို အရမ်းပျော်နေသည်
"ခဏနားလိုက်အုံး ညခုနှစ်နာရီကျ Partyသွားမယ် ဟုတ်ပြီလား ခုတော့ ငါ အပြင်မှာ မင်းအတွက် ရွက်ဖျင်တဲဆောက်လိုက်အုံးမယ် ထွက်မလာနဲ့နော် ထွက်လာရင် Party လိုက်မပို့ဘူး "
Manoban ခြိမ်းခြောက်မှုကြောင့် Chaeyoung အိမ်ထဲကနေ မထွက်ဘဲ ကုတင်ပေါ်
လှဲအိပ်လိုက်သည်
Partyတွင် တူရိယာတွေ တီးမှုတ်ဖျော်ဖြေနေတဲ့သူတွေ ကြည့်လိုက် ကခုန်နေတဲ့သူတွေ ကြည့်လိုက်နဲ့ Chaeyoung တော်တော်ပျော်နေသည်
Manobanကတော့ ကလေးထိန်းနေရတဲ့ နာနီလို ခံစားနေရသည်
"Chae. ..သိပ်မစားနဲ့လေ အစာမကြေ ဖြစ်မယ်
Chae... တအားမခုန်နဲ့လေ မောလိမ့်မယ်
Chae သိပ်မလှည့်နဲ့ ခေါင်းမူးမှာပေါ့ Yah Park Chae. ..."
Manoban စကားမဆုံးသေး Chaeyoung အလှည့်လွန်ပြီး Party ကျင်းပတဲ့နေရာဘေးနားက ချောင်းငယ်လေးထဲသို့ ပြုတ်ကျသွားသည်
"Ash "
Manobanလည်း ချောင်းထဲ ခုန်ဆင်းပြီး Chaeyoungကို ပွေ့ချီလိုက်သည်
လရောင်အောက်မှာ ချောင်းငယ်လေးထဲ Chaeနဲ့ Manoban တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး.........နှလုံးခုန်သံတွေ မြန်လာကြသည်
#Tbc
#Zawgyi
Chaeyoung ကေတာ့ ကားေပၚတစ္ေရးတေမာ အိပ္လိုက္လာေပမယ့္ Manobanကေတာ့ ကားေမာင္းရင္း မငိုက္ေအာင္ ပီေကစားေနရသည္
ခရီးသြားပါမယ္ဆိုမွ Liamရဲ႕ လူတေယာက္က ညအခ်ိန္မေတာ္ ေရာဂါ ထေဖာက္လို႔ Manoban ဝင္ ကူညီေပးရေသးသည္
မနက္ ေျခာက္နာရီက် အိမ္ျပန္ၿပီး အထုပ္အပိုးျပင္ရေသးသည္
အိပ္ခ်င္စိတ္ ဝင္မလာေအာင္ Manoban ပီေကဝါးရင္း သီခ်င္းဆိုေနသည္
နာရီကို ၾကည့္ေတာ့ မနက္ ၁၀ နာရီထိုးေနၿပီ ေနာက္နာရီဝက္ေလာက္ ထပ္ေမာင္းရင္ ႐ြာေလးကို ေရာက္ေတာ့မွာမို႔ လွပတဲ့ ျမင္ကြင္းေတြကို Chaeyoung လြတ္သြားမွာ စိတ္ပူလို႔ ႏွိုးလိုက္သည္
"Chae. ..Chaeyoung ထေတာ့ ႐ြာဘက္ေရာက္ေတာ့မယ္ "
Chaeyoung မ်က္လုံးကို ပြတ္ၿပီး အိပ္ခ်င္မူးတူးနဲ႕ အျပင္ကို လွမ္းၾကည့္ေတာ့ စိမ္းစိုေနတဲ့ ကြင္းျပင္က်ယ္ႀကီးကို ေတြ႕ရေလသည္
ဆိုးလ္ၿမိဳ႕လို ေမာ္ေတာ္ယာဥ္ေတြ ရႈပ္ေထြးမႈ မရွိတဲ့ ေလထုသန့္ရွင္းတဲ့ သဘာဝရဲ႕ ျမင္ကြင္းေတြကို ၾကည့္ၿပီး Chaeyoung အံ့ၾသေနသည္
"Bless my eyes. ..."
Manobanဆီက ခြင့္ျပဳခ်က္ေတာင္းမေနဘဲ Chaeyoung ကားျပတင္းေပါက္ ကို ဖြင့္လိုက္သည္
ကားျပတင္းေပါက္ကို ဖြင့္လိုက္တဲ့အခါ ႏြေဦးရဲ႕ေလျပည္ေလညွင္းေလးေတြဟာ Chaeyoungနဲ႕ Manoban မ်က္ႏွာကို တိုးေဝွ႕ေနသည္
Chaeyoung မ်က္လုံးမွိတ္ၿပီး အသက္ဝဝရႉကာ ေလျပည္ညွင္းေလးေတြကို ခံစားေနသည္
Manobanကေတာ့ သဘာဝအလွေတြထက္ သူမေဘးနားက အလွေလးကိုဘဲ ကားေမာင္းရင္း ခဏခဏၾကည့္ေနမိသည္
"Oh my god. ...ခ်စ္စရာေလးေတြ ၾကည့္ပါအုံး "
ျမက္ခင္းျပင္ထဲ ေျပးလႊားေဆာ့ကစားေနတဲ့ သိုးငယ္ေလးေတြကို ျမင္ေတာ့ Chaeyoung သေဘာက်ၿပီး ေအာ္ေလသည္
Chaeyoung သူမျမင္ဖူးတဲ့ သဘာဝအလွအပျမင္ကြင္းေတြေၾကာင့္ အရမ္း စိတ္လႈပ္ရွားၿပီး ေပ်ာ္ေနသည္
႐ြာထဲကို ဝင္လာေတာ့ ဘန္ဂလိုလို အိမ္ေသးေသးေလးေတြနဲ႕ ပန္းၿခံေသးေသးေလးေတြ လယ္ကြင္းစိမ္းစိမ္းေလးေတြ ေတာင္တန္းေတြ ျမင္ရေတာ့ Chaeyoung အသက္ေတာင္မရႉနိုင္
"ေရတံခြန္ေတြကို သေဘာက်လား "
Manobanကို မၾကည့္ဘဲ Chaeyoung ေခါင္းညိတ္ျပလိုက္သည္ ဘာလို႔ဆို သူမ လွပတဲ့ျမင္ကြင္းေတြကို တစ္စကၠန့္ေလးေတာင္ လက္လႊတ္မခံနိုင္ဘူးေလ
"ဒီ႐ြာဘက္မွာ ေရတံခြန္ေတြ အမ်ားႀကီးရွိတယ္ တစ္ခ်ိဳ႕ေတြဆီ သြားၾကမယ္ေလ "
"တစ္ခ်ိဳ႕ဘဲလား အကုန္လုံးကို သြားလည္လို႔မရဘူးလား "
ဒီတစ္ခါေတာ့ Manoban ဘက္လွည့္ၿပီး Chaeyoung ေမးလိုက္သည္
"ေကာင္းၿပီေလ မင္းသြားခ်င္တယ္ဆို အကုန္လုံး ႏွံ႕ေအာင္ လိုက္ပို႔ေပးမယ္ "
Chaeyoung ကေလးေလးတစ္ေယာက္လို လက္ခုပ္တီးလိုက္သည္
"ဒါနဲ႕ ဘယ္မွာေနမွာလည္းဟင္ Manoban. ..."
"မင္းက ဘယ္မွာေနခ်င္လို႔လည္း "
"ဟိုက လူေတြေနသလို ႐ြက္ဖ်င္တဲနဲ႕ ေနခ်င္တယ္ "
Chaeyoung ကြင္းျပင္မွာ ႐ြက္ဖ်င္တဲေတြထိုးေနတဲ့ လူငယ္အုပ္စုကို လက္ညိုးထိုးျပကာ ေျပာလိုက္သည္
"တကယ္လား အဲ့လူေတြက tour လွည့္ေနတဲ့ သူေတြေနာ္ မင္းက သူတို႔လိုေနနိုင္လို႔လား အေအးမိေနမယ္ "
Manoban ဒီက ရာသီဥတုနဲ႕ Chaeyoung အဆင္မေျပျဖစ္မွာ စိတ္ပူေနတယ္ ဘာလို႔ဆို အခုမွ Chaeyoungက ေနေကာင္းခါစရွိေသးတယ္ေလ
"ေနၾကည့္ခ်င္တယ္ အဲ့လိုအၿမဲ ေနခ်င္ခဲ့တာ.....ေက်ာင္းတုံးက camping ေတြဆိုလည္း ငါ အဲ့တစ္ခါမွ မသြားဖူးဘူး လုပ္ပါ Manobanကလည္း ငါတစ္ခုေလာက္ ႐ြက္ဖ်င္တဲေလးထိုးၿပီး ေနဖူးၾကည့္ခ်င္လို႔ "
Chaeyoung ႏႈတ္ခမ္းေလးစူၿပီး ေျပာလိုက္သည္
သူမ တစ္ခါမွ camping သြားရင္ မလိုက္ရပါ ဘာလို႔ဆို သူမမွာ သူငယ္ခ်င္း မရွိေသာေၾကာင့္ ျဖစ္သည္
"႐ြက္ဖ်င္တဲထဲ ငါတို႔ႏွစ္ေယာက္ဘဲ ရွိမွာေနာ္ စဥ္းစားပါအုံး Miss "
"I Don't Care Manoban. ..."
Manobanလည္း ေခါင္းခါရယ္ၿပီး ႐ြာလူႀကီး အိမ္ဘက္ေမာင္းသြားသည္
႐ြာလူႀကီးဆီက ခြင့္ေတာင္းၿပီး camping လုပ္ဖို႔ ေနရာေတာင္းသည္ ကံေကာင္းခ်င္ေတာ့ Manoban ဒီ႐ြာဘက္ကို လာဖူးတာ ႐ြာလူႀကီးက မွတ္မိေနသည္
Manobanနဲ႕ ႐ြာလူႀကီးတို႔ စကားေျပာေနစဥ္ Chaeyoungကေတာ့ ပတ္ဝန္းက်င္က အိမ္လွလွေလးေတြၾကည့္ရင္း အလုပ္မ်ားေနသည္
႐ြာလူႀကီးဆီက ခြင့္ျပဳခ်က္ရၿပီးေနာက္ Manobanတို႔ ႐ြာလူႀကီးကို ႏႈတ္ဆက္ၿပီး ထြက္လာခဲ့ၾကသည္
"အခု ဘယ္သြားမွာလည္း "
"႐ြာလူႀကီး Sam ေပးတဲ့ အိမ္ဘက္သြားမယ္ေလ အဲ့အိမ္ေဘး မင္း ေဆာက္ခ်င္တဲ့ ႐ြက္ဖ်င္တဲ ေဆာက္ၾကမယ္ "
"Yeah. .."
"ဒါနဲ႕ Chae. .ငါတို႔ႏွစ္ေယာက္က အဲ့႐ြက္ဖ်င္တဲ ေသးေသးေလးထဲ အတူေနမယ္ဆိုတာ ေသခ်ာတယ္ေနာ္ "
"ဒါေပါ့ ဘာလို႔လည္း မိန္းကေလးခ်င္းဘဲကို "
"ငါ စိတ္ေဖာက္ၿပီး မင္းကို ဖက္နမ္းရင္ ဘယ္လို လုပ္မလည္း.... "
Manoban ပါးစပ္က ႐ုတ္တရက္ထြက္သြားေသာ္လည္း ကံေကာင္းခ်င္ေတာ့ Chaeyoung မၾကားလိုက္ေပ
"စိတ္ေဖာက္ၿပီး ဘာျဖစ္တယ္ မၾကားလိုက္လို႔ "
"ဘာမွမဟုတ္ဘူး "
Manobanတို႔ Samေပးတဲ့ အိမ္တြင္ အထုပ္အပိုးေတြခ်ၿပီး ေန႕လည္စာ ဝယ္စားေလသည္
ထို႔ေနာက္ တစ္ေန႕လည္လုံး ႐ြာထဲတြင္ စက္ဘီးပတ္စီးေနၾကသည္
Chaeyoungမွာ ႐ြာထဲက လူေတြရဲ႕ ေနထိုင္ပုံ ယဥ္ေက်းမႈကို ေလ့လာသင္ယူေနသလို Manobanဆီက စက္ဘီးစီးနည္းလည္း သင္ယူေနသည္
ဘာလို႔လည္းဆို သူမ တစ္ခါမွ စက္ဘီး မစီးဖူးဘူးေလ
နာရီေပါင္းမ်ားစြာ ကုန္ဆုံးၿပီးေနာက္ Chaeyoung တစ္ေယာက္ စက္ဘီး စီးတတ္သြားသလို ကြင္းျပင္ထဲ Manobanနဲ႕ စိန္ေျပးလိုက္တမ္းကစားခဲ့လို႔ အားအင္ေတြလည္း ကုန္ခမ္းေနၿပီေလ ....
Chaeyoung ေျခလွမ္းေတြ ယိုင္သြားေတာ့ Manoban မွာ Chaeyoung လက္ေမာင္းကို အျမန္ကိုင္ထိန္းလိုက္သည္
"အဆင္ေျပရဲ႕လား "
"ေရတံခြန္ဘက္ သြားရေအာင္ Manoban "
"No မသြားဘူး မနက္ျဖန္ရွိေသးတာဘဲကို ဘာေတြအလ်င္လိုေနတာလည္း မင္းက်န္းမာေရးက ပိုအေရးႀကီးတယ္ "
Manoban မွာ Chaeyoungရဲ႕ လက္ေကာက္ဝတ္က ေသြးခုန္ႏႈန္းကို စမ္းၾကည့္ရင္း ေျပာလိုက္သည္
"ဒါေပမယ့္ေတြ မလိုခ်င္ဘူး ထပ္ၿပီး ေခါင္းမာမယ္ဆို မနက္ျဖန္ပါ အျပင္ထြက္ခြင့္ ပိတ္မွာေနာ္ "
Manoban ေျပာၿပီး ထိုင္ခ်လိဳက္သည္
"ဘာလုပ္တာလည္း"
"ကုန္းပိုးမလို႔ေလ တက္ "
"ရပါတယ္ "
"မရပါဘူး မင္း ေမာလို႔ လမ္းေတာင္ေသခ်ာေလွ်ာက္နိုင္ေတာ့တာ မဟုတ္ဘဲ "
Chaeyoungလည္း Manobanရဲ႕ ေက်ာေပၚတက္လိုက္သည္
Chaeyoungကို ကုန္းပိုးလာရင္း လမ္းတြင္ ေလေျပေလညွင္းက တိုက္ၿပီး ပန္းပြင့္ေလးေတြကလည္း သစ္ပင္ေပၚက ေႂကြက်လာသည္
Chaeyoungကေတာ့ ပန္းရနံ႕ေလးေတြကို ရႉရွိုက္ေပမယ့္ Chaeyoung အသက္တစ္ခါ ရႉထုတ္လိုက္တိုင္း Manoban လည္ပင္းကို လာထိေနေသာေၾကာင့္ Manobanမွာ ရင္ေတြခုန္ေနသည္
"ဒီည partyရွိတယ္လို႔ ႐ြာလူႀကီး Samကေျပာတယ္ ဒါေပမယ့္ မင္းပုံစံနဲ႕ Party သြားဖို႔ အဆင္မေျပေလာက္ဘူး "
"အာ ခဏနားလိုက္ရင္ သက္သာသြားမွာကို "
"မထင္ပါဘူး "
"Manobanရာ လုပ္ပါ "
Chaeyoung ႏႈတ္ခမ္းက ႐ုတ္တရက္ Manoban လည္ပင္းကို လာထိလို႔ Manobanမွာ ဒူးေတြတုန္လာသည္
"Partyက ပ်င္းစရာ အား အား နာတယ္ေနာ္ "
"မသြားခိုင္းရင္ လည္ပင္းပိုညွစ္မွာ "
Chaeyoung မွာ Manobanရဲ႕ လည္ပင္းကို ညွစ္ၿပီး ၿခိမ္းေျခာက္ေလသည္
"ကဲပါ လိုက္ပို႔ပါမယ္ "
"Yeah ဒါမွ Manoban တက္ကေလာက္ ေျပးစမ္း ဟဲ့ျမင္း "
"Yah yah ဘာျမင္းတုံး "
"ေျပးပါဆို...."
"ဒီတစ္ေယာက္နဲ႕ေတာ့ ငါ စိတ္ညစ္တယ္ "
Manoban ထိန္းမနိုင္တာနဲ႕ Chaeyoung ေျပာတဲ့အတိုင္း ေျပးေပးေလသည္
"စိီးတော်မြင်းကြီး ေမာေနၿပီလား "
Manoban သူတို႔ ငွားထားတဲ့ အိမ္ထဲ ေရေသာက္ၿပီး ထိုင္ေနသည္
"တိတ္စမ္း "
"ဟဟ "
Chaeyoungမွာ Manobanကို စေနာက္ေနရတာကို အရမ္းေပ်ာ္ေနသည္
"ခဏနားလိုက္အုံး ညခုႏွစ္နာရီက် Partyသြားမယ္ ဟုတ္ၿပီလား ခုေတာ့ ငါ အျပင္မွာ မင္းအတြက္ ႐ြက္ဖ်င္တဲေဆာက္လိုက္အုံးမယ္ ထြက္မလာနဲ႕ေနာ္ ထြက္လာရင္ Party လိုက္မပို႔ဘူး "
Manoban ၿခိမ္းေျခာက္မႈေၾကာင့္ Chaeyoung အိမ္ထဲကေန မထြက္ဘဲ ကုတင္ေပၚ
လွဲအိပ္လိုက္သည္
Partyတြင္ တူရိယာေတြ တီးမႈတ္ေဖ်ာ္ေျဖေနတဲ့သူေတြ ၾကည့္လိုက္ ကခုန္ေနတဲ့သူေတြ ၾကည့္လိုက္နဲ႕ Chaeyoung ေတာ္ေတာ္ေပ်ာ္ေနသည္
Manobanကေတာ့ ကေလးထိန္းေနရတဲ့ နာနီလို ခံစားေနရသည္
"Chae. ..သိပ္မစားနဲ႕ေလ အစာမေၾက ျဖစ္မယ္
Chae... တအားမခုန္နဲ႕ေလ ေမာလိမ့္မယ္
Chae သိပ္မလွည့္နဲ႕ ေခါင္းမူးမွာေပါ့ Yah Park Chae. ..."
Manoban စကားမဆုံးေသး Chaeyoung အလွည့္လြန္ၿပီး Party က်င္းပတဲ့ေနရာေဘးနားက ေခ်ာင္းငယ္ေလးထဲသို႔ ျပဳတ္က်သြားသည္
"Ash "
Manobanလည္း ေခ်ာင္းထဲ ခုန္ဆင္းၿပီး Chaeyoungကို ေပြ႕ခ်ီလိုက္သည္
လေရာင္ေအာက္မွာ ေခ်ာင္းငယ္ေလးထဲ Chaeနဲ႕ Manoban တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ၿပီး.........ႏွလုံးခုန္သံေတြ ျမန္လာၾကသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co