Truyen3h.Co

Born Again

Part 7

KimFany059

#Unicode

Chaeyoungကို ချောင်းငယ်ထဲကနေ ပွေ့ချီပြီး Manoban သူတို့ရဲ့ ရွက်ဖျင်တဲဘက် ခေါ်လာခဲ့သည်

Manobanတို့ ငှားထားတဲ့ အိမ်လေးက ရွာပြင်ဘက် နည်းနည်း ရောက်လို့ ပတ်ဝန်းကျင်က Partyကြောင့် ဆူညံမနေဘဲ တိတ်ဆိတ်ငြိမ်းချမ်းနေသည်

လေအေးလေးတွေကလည်း တိုက်ခတ်နေလို့ Manoban ချမ်းလို့ သူမကိုယ် သူမ ဖက်ထားနေတယ်

Chaeyoungက ရွက်ဖျင်တဲထဲ အဝတ်လဲနေလို့ Manoban ရေစိုနေတဲ့ အဝတ်နဲ့ ရွက်ဖျင်တဲရှေ့ ထိုင်စောင့်နေသည်

Chaeyoungကတော့ ဘောင်းဘီလဲပြီးနောက် ခုန သူမ ဖယ်ထားတဲ့ Bra ပျောက်လို့ စောင်တွေ ခေါင်းအုံးတွေအောက် လိုက်ရှာနေသည်

"ဘယ်ရောက်သွားလည်း ခုနက တွေ့လိုက်ပါသေးတယ် "

"Chae Chaeyoung အဝတ်လဲလို့ ပြီးပြီလား "

Manoban ချမ်းလွန်းလို့ အသံတွေပါ တုန်လာသည်....သစ်ကိုင်းခြောက်တွေနဲ့ မီးဖိုထားသော်လည်း လိုအပ်သလောက် အနွေးဓာတ်မရသောကြောင့် Manoban မလှမ်းမကမ်းက သူမတို့ငှားထားတဲ့ အိမ်လေးထဲသာ ပြေးဝင်သွားချင်တော့သည်

ဒီည ရွက်ဖျင်တဲထဲမှာ အိပ်မယ်လို့ Chaeyoung နဲ့ သဘောတူထားမိတာ မှားသွားပြီလို့ Manoban တွေးမိနေသည်

"ခဏလေးနော် Manoban ငါ တစ်ခုပျောက်နေလို့ ရှာနေတာ မတွေ့သေးလို့ ..."

"O okay မြန် မြန် လုပ်...."

Chaeyoung မှာ သူမ ခေါင်းအုံးအောက်က Braကို တွေ့ပြီး ကောက်ဝတ်နေစဥ် သူမဘောင်းဘီပေါ် တက်လာတဲ့ နှံကောင်ကို မြင်သောအခါ အော်လေသည်

Chaeyoung အော်သံကြောင့် Manoban မှာ ရွက်ဖျင်တဲက ဇစ်ကို ဖွင့်ပြီး အထဲကို ဝင်သွားသည်

Braနဲ့ Chaeyoung ကို မြင်ပြီး Manobanမှာ မျက်လုံးပြူးသွားသည်

Chaeyoungကလည်း အမြန်စောင်ကို ကောက်ခြုံလိုက်သည်

Chaeyoung ပေါင်ပေါ်က နှံကောင်က Chaeyoung အော်သံကြောင့် Manobanရဲ့ ခေါင်းအုံးပေါ်ရောက်သွားသည်

"So sorry မရည်ရွယ်ပါဘူး မင်းရဲ့အော်သံကြားလို့ "

"ရ ရပါတယ် ဟိုမှာ နှံကောင်.... "

Chaeyoung နှံကောင်ရှိရာကို လက်ညိုးထိုးပြတော့ Manobanမှာ ရယ်ပြီး နှံကောင်ကို ဖိနပ်နဲ့ရိုက်လေသည်

သို့သော် Braနဲ့ Chaeyoung ပုံလေးကို သူမ အတွေးထဲမှာတော့ ဖျောက်ဖျက်မရပေ

အသက်က ၂၇ရှိပြီဆိုတော့ Manobanတစ်ယောက်လည်း Innocent မဟုတ်တော့ဘူးလေ

"ဟပ်ချိုး "

အိပ်နေရင်း Chaeyoung နှာထချေသောကြောင့် Chaeyoung ကို ကျောပေးအိပ်နေတဲ့ Manoban မှာ Chaeyoung ဘက်လှည့်ပြီး သူမ စောင်ကိုပါ ခြုံပေးလိုက်သည်

Chaeyoung နှာခေါင်းလေးမှာ နှာချေရလွန်းလို့ နီရဲနေသည်

Hoodieက ပါတဲ့ ဦးထုပ်လေးကို Chaeyoung ခေါင်းဆောင်းထားပြီး တစ်ကိုယ်လုံးကလည်း စောင်ခြုံထားသောကြောင့် ကြည့်ရတာ ဆူရှီလုံးလေးနဲ့တူနေသည်

"ငါ့ကြောင့် လန့်နိုးသွားတာလား Sorry "

"ရပါတယ် "

တကယ်တော့ Manoban အိပ်မပျော်ပေ

မျက်လုံးထဲ Braနဲ့ Chaeyoungကိုဘဲ မြင်ယောင်နေမိလို့ ဘယ်လိုမှ အိပ်မရ ဖြစ်နေသည်

အပြင်ဘက်က အင်းစက်ပိုးမွှားတွေ အော်သံကြောင့် Chaeyoung ကြောက်ပြီး သူမကို ကျောပေးထားတဲ့ Manobanကို တို့လေသည်

"Manoban ဒီဘက်လှည့်အိပ်ပါလား "

"ဘာလို့လည်း "

"အပြင်က အော်သံတွေ ငါကြောက်လို့ "

"Come on သူတို့က အကောင်သေးသေးလေးကို မင်းက ဘာကြောက်နေတာလည်း Chaeyoung ရ...တက်နင်းရင်တောင် သေနိုင်တာကို  "

"Virus တွေ ဘက်တီးရီးယားတွေက သေးပေမယ့် သူတို့က လူတွေကို သေစေနိုင်တယ်..ဟပ်ချိူး....."

Chaeyoung နှာထပ်ချေသောကြောင့် Manoban ငုတ်တုတ်ထထိုင်ပြီး Chaeyoung နဖူးကို စမ်းကြည့်သည်

"မင်း အဖျားရှိနေပြီ Chae ကိုယ်နည်းနည်း ပူလာတယ် "

Manoban စိတ်ပူပြီး ပြောလိုက်သည်

"ဒါပေမယ့် ဟပ်ချိုး "

"မဖြစ်တော့ပါဘူး "

Manoban ရွက်ဖျင်တဲ ဇစ်ကို ဖွင့်ပြီး အပြင်ထွက်လိုက်သည်

"Chaeထွက်လာခဲ့ "

ရွက်ဖျင်တဲထဲက ထွက်လာတဲ့ Chaeyoung ကို ပွေ့ချီပြီး အိမ်ဘက်ကို ခေါ်လာသည်

"Chae. ..ငါ့ဘောင်းဘီအိတ်ထဲမှာ အိမ်သော့ရှိတယ် နှိုက်ပေး "

Manobanမှာ Chaeyoungကို ပွေ့ချီထားသောကြောင့် လက်မအားပေ ထို့ကြောင့် Chaeyoungကို အကူအညီတောင်းခြင်း ဖြစ်သည်

Chaeyoung မှာ ဘောင်းဘီအိတ်ထဲ နှိုက်ရင်း တစ်ခုခုကို ထိသွားသလို ခံစားရလို့ လက်အမြန် ထုတ်လိုက်သည်

Manobanကလည်း ဓာတ်လိုက်ခံရသလို တုန်တက်သွားပြီး Chaeyoung ကို အောက်ချကာ သူမဘာသာဘဲ သော့ယူပြီး ဖွင့်လေသည်

Chaeyoungကို ထိုင်ခုံမှာ ခဏထိုင်ခိုင်းပြီး Manoban အိပ်ရာခင်းနေသည်

"ရပြီလာ..."

Chaeyoungကို အိပ်ရာပေါ်  အိပ်ခိုင်းပြီး စောင်ထူထူခြုံပေးလိုက်သည်

ထို့နောက် Chaeyoung နဖူးကို စမ်းရင်း

"နှာချေတာတော့ ရပ်သွားပြီ.....ကောင်းကောင်းအိပ်တော့ ဒီမှာ ဘာပိုးကောင်မှမရှိလို့ ကြောက်မနေနဲ့ ဟုတ်ပြီလား "

"ကျေးဇူးပါ Manoban "

Chaeyoung စကားကြောင့် အိပ်ချင်မူးတူး Manoban တစ်ယောက် ခေါင်းခါပြီး

"ကျေးဇူးတင်စရာမလိုပါဘူး ငါက မင့်ရဲ့ Personal doctor ဘဲလေ မင်းအတွက် တာဝန်ရှိတာပေါ့ မင်းသာတစ်ခုခုဖြစ်ရင် ငါလည်း သေမှာ "

Manobanရဲ့ စကားကြောင့် Chaeyoung ဝမ်းနည်းသလို ခံစားရသည်

Manobanက သူမတို့ကြား စည်းများ တားလိုက်သလား....

"အိပ်တော့ မနက်ဖြန် မင်းအဖျားကျရင် ရွာထဲမရောက်သေးတဲ့ နေရာတွေကို လိုက်ပြမယ် ..ဟိုဘက် အခန်းထဲမှာ ရှိတယ်နော် တစ်ခုခုဖြစ်ရင်အော်သာ နှိုးလိုက် "

Manoban ပြောပြီး ထွက်သွားတော့ Chaeyoung အထီးကျန်သလို ခံစားရသည်

သူမ ရင်ထဲ Manobanနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ကြီးထွားလာတာလည်း သတိထားမိသည်

ဘယ်အချိန်ကတည်းက ဒီခံစားချက်တွေက ဖြစ်လာတာလည်း.....ရပ်တန့်ဖို့လိုနေပြီ....

In seoul

"Come in. ..."

အခန်းတံခါး ခေါက်သံကြောင့် သူ့သားမှန်းသိပြီး Mr. Park ဝင်လာခိုင်းလိုက်သည်

Chanyeolလည်း ဝင်လာရော Mr. Park သူ့လက်ထဲက စာရွက်တွေကို စားပွဲပေါ် ပြန်တင်ပြီး

"ငါတို့ shipတစ်စီး အခိုးခံလိုက်ရတယ် အဲ့တာ မင်းသိလား "

Mr. Park ရဲ့ လေယူလေသိမ်းကို နားထောင်ကြည့်ရသလောက် Mr. Park က သူ့ကို သံသယဝင်နေမှန်း Chanyeol ရိပ်မိသည်

Chanyeol ဆိုဖာပေါ် ထိုင်လိုက်ပြီး သူ့အဖေကို ကြည့်ကာ

"ကျွန်တော့်ကို သံသယဝင်နေတာလား "

"ဘယ်သူ လုပ်တယ်လို့ မင်းထင်သလည်း "

"Appa. ..ကျွန်တော်တို့က company တစ်ခုတည်း လုပ်နေတာ မဟုတ် တခြားအလုပ်တွေ မှောင်ခိုတွေလုပ်တာ အဲ့ဒီတော့ ရန်သူတွေအများကြီး ကျွန်တော်တို့ဆီမှာ ရှိမှာဘဲလေ ...ဘယ်သူမှန်း ကျွန်တော်က ဘယ်လိုလုပ်သိမလည်း "

Mr. Park သူ့မျက်မှန်ကို ချွတ်ပြီး

"Min Hyunနဲ့ ဒီတစ်ပတ် မင်း သွားတွေ့ပေး...."

"ကျွန်တော် Oversea သွားစရာရှိတယ် "

"Cancel လိုက် england က company နဲ့ စာချူပ်ချုပ်မှာမလား တခြားသူ ခိုင်းလိုက်မယ် မင်းက သန်းပေါင်းများစွာ ဆေးတွေ ဝယ်မယ့် Min Hyunနဲ့တွေ့ဖို့လိုတယ် "

"ကျွန်တော် ဆေးတွေနဲ့ ထပ်မပတ်သက်ချင်ဘူး Appa. ...."

Chanyeol ပြောပြီး ထရပ်စဥ် ရုတ်တရက် ခေါင်းကိုက်လာပြီး နှလုံးခုန်မြန်လာသည်

Chanyeol နာကျင်မှုကြောင့် လဲကျသွားစဥ် Mr. Park က ရယ်ပြီး ဆေးပုလင်းလေးကိုင်ကာ Chanyeolဆီ လျှောက်လာသည်

"ဒါကြောင့် အဖေ ဘာခိုင်းခိုင်း မငြင်းရဘူးလို့ပြောတာ ...မင်း ဆေးစွဲနေပြီ.....ရော့ ဒါသောက်လိုက်....အဲ့တာဆို ပျောက်သွားလိမ့်မယ် "

"ခင်ဗျား...... "

Chanyeol ဒေါသထွက်ပြီး အံကိုကြိတ်လိုက်သည်

"Hahaha မနက်တိုင်း မင်းသောက်မယ့် နွားနို့ထဲ ငါ အိမ်အကူအဒေါ်ကြီးကို နေ့တိုင်း ဒီ ဆေးရည်လေးတွေ ထည့်ခိုင်းထားတာလေ.... ...မင်းမသိဘူးမလား....ဒီနေ့ ဆေးမထည့်ထားလို့ မင်း ဆေးလိုအပ်နေတာ ရော့.. ဒါသောက်လိုက်"

Mr. Park ကမ်းလှမ်းတဲ့ ဆေးကို လှမ်းမယူဘဲ Chanyeol သူ့ကိုယ်သူ အသေခံဖို့ တွေးလိုက်သည်

သို့သော် သူ့ညီမကို မျက်လုံးထဲ မြင်ယောင်လာသောအခါ...Chanyeol သူ့အဖေ ပေးတဲ့ ဆေးပုလင်းကို လှမ်းယူလိုက်သည်

Chanyeol သူ့ရုံးခန်းထဲတွင် သူ့အဖေလုပ်ရက်တွေကြောင့် စိတ်တိုပြီး ပစ္စည်းတွေ လွှင့်ပစ်ကာ သူ့ဆံပင်သူ လက်တွေနဲ့ ထိုးဖွမိနေသည်

"သားအရင်းကို ဆေးသမားဖြစ်အောင် ထပ်လုပ်ပြန်ပြီ ballဘဲကွာ....."

Knock knock

တံခါးခေါက်သံကြောင့် Chaenyeol သူ့ဒေါသတွေကို ထိန်းလိုက်သည်

"ဝင်ခဲ့ပါ.... "

Chanyeol ရဲ့ Assistant ဖြစ်သူ Aeri မှာ Chanyeol ရုံးခန်းတစ်ခုလုံး ရှုပ်ပွပြီး Chaenyeolကလည်း ဆံပင်စုတ်ဖွားနဲ့ ဖြစ်နေလို့ လန့်သွားတယ်

"Sir အဆင်ပြေရဲ့လား "

"နွားနို့တစ်ခွက်ယူခဲ့ "

"Thae. ..."

"နွားနို့တစ်ခွက်ယူခဲ့လို့ပြောနေတာ မကြားဘူးလား သောက်နားကန်းနေတာလား "

Chanyeol စိတ်ဖောက်လာပြီး Aeriကို ဖန်ခွက်နဲ့ ပစ်ပေါက်လေသည်

ကံကောင်းချင်တော့ Aeriကို မမှန်ဘဲ ဘေးကနံရံကို သွားမှန်လေသည်

Aeriလည်း ကြောက်ပြီး ခေါင်းညိတ်ကာ Chanyeolအတွက် နွားနို့သွားယူလေသည်

Mr. Park လုပ်ကြံတဲ့ ဆေးက အစွမ်းပြလာပြီလား?

#TBC

#zawgyi











"O okay မြန် မြန် လုပ်...."











"ဟပ်ချိုး "





"ရပါတယ် "





"ဘာလို့လည်း "



"Virus တွေ ဘက်တီးရီးယားတွေက သေးပေမယ့် သူတို့က လူတွေကို သေစေနိုင်တယ်..ဟပ်ချိုး....."




"ဒါပေမယ့် ဟပ်ချိုး "

"မဖြစ်တော့ပါဘူး "


"Chaeထွက်လာခဲ့ "







"ရပြီလာ..."




"ကျေးဇူးပါ Manoban "









In seoul

"Come in. ..."

















"ခင်ဗျား...... "







Knock knock


"ဝင်ခဲ့ပါ.... "


"Sir အဆင်ပြေရဲ့လား "


"Thae. ..."






#TBC

Bạn đang đọc truyện trên: Truyen3h.Co