Part 8
#Unicode
Chaeyoung အိပ်ရာက နိုးလာတော့ ခေါင်းနောက်ကျိကျိ ဖြစ်နေသည် သို့သော်လည်း မနေ့ကထက်စာရင်တော့ အများကြီး သက်သာလာပါတယ်
တံခါးခေါက်သံကြားလို့ ဝင်လာခိုင်းတော့ လင်ဗန်းလေးကိုင်ပြီး Manoban တစ်ယောက် ဝင်လာသည်
"Good Morning "
"Morning Chae. ..ဘယ်လိုလည်း သက်သာလား ဒီမယ် မင်းအတွက် ပေါင်မုန့်ကြက်ဥကြော်လာတယ်...."
"ရေတံခွန်ကို သွားဖို့အထိ သက်သာနေပြီ "
Chaeyoung တက်တက်ကြွကြွပြောတော့ Manoban ခေါင်းခါပြသည်
Chaeyoungမှာ အပြင်ထွက်ဆော့ခွင့်မရတဲ့ ကလေးငယ်တစ်ယောက်လို နှုတ်ခမ်းစူကာ Manoban ကို ကြည့်နေသည်
"မရဘူး မရဘူး အဖျားလုံးဝမပျောက်သေးတဲ့အထိ ဘယ်မှာမသွားရဘူး ရေတံခွန်တောင်က တော်တော် အချိန်ပေးပြီး ထိပ်ဆုံးထိရောက်အောင် အားယူတက်ရတာ...မင်းရဲ့ ဒီပုံစံနဲ့ဆို တောင်အောက်မှာတင် အမောဆို့နေမှာ ..."
Manobanပြောပြီး သူ့ဘောင်းဘီအိတ်ထဲက ဆေးဘူးကို ထုတ်လိုက်သည်
"ဒါပေမယ့်...."
"ဒါပေမယ့်တွေ မလိုချင်ဘူး ဒီနေ့ တစ်နေ့လုံး အိမ်မှာဘဲ နေရမယ် မုန့်စားပြီး ဆေးသောက် ဒါဘဲ "
ထူးထူးဆန်းဆန်း Manobanက သူမကို မျက်စောင်းထိုးပြီး ပြောလို့ Chaeyoung ပါးစပ်ပိတ်သွားသည်
At Seoul
Chanyeol တစ်ယောက် မနေ့က စိတ်ဖောက်ပြီး သူ assistant ကို ရိုင်းခဲ့တာတွေအတွက် အားနာနေသည်
"Good Morning Sir. .."
Chanyeol ရုံးခန်းဘက်လည်းလာရော Aeriမှာ အရိုအသေပေးကာ နှုတ်ဆက်လေသည်
"Good Morning. ..မင်း နာမည်က ဘယ်သူ...."
"Aeriပါ Sir "
"ဟုတ်ပြီ Aeri. ...မနေ့က စိတ်တိုစရာရှိနေလို့ မင်းအပေါ် ပုံချမိသွားတာ sorryပါ....."
Aeriမှာ Chaenyeol က သူ့ကို တောင်းပန်နေလို့ အံ့သြနေသည်
"ရ ရပါတယ် Sir "
"အလုပ် သေချာလုပ်ပါ "
Chanyeol မှာ Aeri ပခုံးကို ပုတ်ကာ ပြောပြီး သူ့ရုံးခန်းထဲ ဝင်သွားသည်
အပြင်မထွက်ရလို့ Park Chaeyoung တစ်ယောက် တော်တော်ပျင်းနေပြီလေ
Manobanပေးတဲ့ စာအုပ်လည်း အစအဆုံးဖတ်ပြီးသွားပြီ.....နေ့လည် တစ်နာရီထိုးနေပြီဆိုတော့ ဘာမှလုပ်စရာမရှိဘဲ တစ်နေ့လည်လုံး ငုတ်တုတ်ထိုင်နေရမလား ......Chaeyoungမှာ ဘောလုံးပွဲ ကြည့်နေတဲ့ Manobanကို မကျေနပ်ကြောင်း မျက်စောင်းတွေ လှိမ့်ထိုးလေသည်
"မျက်စောင်းတွေ လှိမ့်ထိုးမနေနဲ့ မျက်လုံးကြီး စွေသွားအုံးမယ် "
ဘောလုံးပွဲ ကြည့်နေတဲ့ Manoban မှာ ဘောလုံးပွဲကြည့်ရင်း တစ်ချက်တစ်ချက် Chaeyoungကို လှမ်းကြည့်တတ်တာမို့ Chaeyoung သူ့ကို မျက်စောင်းတွေထိုးနေမှန်း သိသည်
Chaeyoung လည်း Manoban ဘေးနားလာထိုင်ပြီး
"ငါတို့အခု အပြင်သွားလို့ရပြီလား ...."
Chaeyoungကို တစ်ချက် Manobanကြည့်ပြီး
"အဖြေကတော့ No ပါဘဲဗျာ Miss "
"ဘောလုံးပွဲကြီးက ပျင်းစရာကြီးကို နင်က ဘာလို့ ကြည့်နေတာလည်း "
Chaeyoung နှုတ်ခမ်းစူကာ Manobanကို ရန်လုပ်လေသည်
"Excuse Me! ငါ ငယ်ငယ်က ဘောလုံးသမားဖြစ်ချင်ခဲ့တာ အဖေက ဆရာဝန်လုပ်ဖို့ ပြောလို့ ငါ့ဆယ်ကျော်သက်ဘဝကို စာကျက်ရင်း ကုန်ဆုံးခဲ့တာ "
"အဲ့ဒီတော့ ....ကောင်းပြီလေ ဘောလုံးကန်တတ်တယ်မလား ငါ့ကို သင်ပေးလေ ဒါမှ ဘောလုံးကန်ရတာ ဘယ်လောက် ပျော်ဖို့ကောင်းမှန်း ငါသိမှာပေါ့ "
Manoban အစက ဘောလုံးကန်နည်း သင်ပေးမယ်လို့ တွေးမိပေမယ့် Park Chaeyoung တစ်ယောက် အပြင်ထွက်ချင်နေလို့ ဥာဏ်ဆင်နေမှန်း ရိပ်မိသွားသည်
"No ပါ မင်းရဲ့ ထောက်ချောက်ထဲ မိမယ်ထင်နေတာလား အမိ "
Manoban မှာ Park Chaeyoungကို လျှာထုတ် ပြောင်ပြပြီး ဘောလုံးပွဲ ပြန်ကြည့်နေသည်
"Stupid... "
"You too Chaeyoung "
Chaeyoung သူမအခန်းထဲ ပြေးဝင်သွားပြီး ခေါင်းအုံးသွားယူသည်
ထို့နောက် ဘောလုံးပွဲကြည့်နေတဲ့ Manobanကို အနောက်ကနေ ခေါင်းအုံးနဲ့ ပိတ်ရိုက်လေသည်
"Yah Park Chaeyoung. ..."
Manoban ဘောပွဲကြည့်ရာကနေ ထရပ်တော့ Chaeyoung တစ်ယောက် ခေါင်းအုံးကို ပစ်ချပြီး ထွက်ပြေးလေသည်
Manoban လည်း ထွက်ပြေးသွားတဲ့ Chaeyoungနောက် ပြေးလိုက်သွားသည်
chaeyoung မီးဖိုခန်းထဲ ပြေးသွားပြီး ဓါးကို ကောက်ကိုင်ကာ Manobanကို ရွယ်ထားသည်
"ရှေ့တိုးမလာနဲ့နော် "
"Chae ဓားကို အောက်ချလိုက် ကစားစရာမဟုတ်ဘူးနော် မတော်လို့ ချော်လဲပြီး ကိုယ့်ကိုကိုယ် ထိုးမိမယ် "
"Blah Blah "
Chaeyoung က သူ့ကိုပြောင်ပြနေစဥ် Manobanမှာ လေ၏လျှင်မြန်ခြင်းနဲ့အတူ Chaeyoung လက်မှ ဓားကို ကန်ချလိုက်သည်
"Wow Actionကားထဲက မင်းသားအတိုင်းဘဲ ဓားကိုကန်သွားတာ မိုက် "
Manoban သူမ ဆံပင်ကို သပ်တင်ရင်း Chaeyoung အနားတိုးလာသည်
Chaeyoungမှာ ဆံပင်သပ်တင်သွားတဲ့ Manobanကို ကြည့်ရင်း မှင်သက်နေမိသည်
"ကြွေသွားတာလား "
"ဘာလို့ကြွေရမှာလည်း "
Chaeyoung မှာ ရှက်ပြီး မျက်နှာတွေ နီရဲလာသည် ထို့ကြောင့် ခေါင်းငုံ့ပြီး Manoban ကို ရန်လုပ်လိုက်သည်
"မော့ကြည့်ပါအုံး ခုနက ရန်လုပ်နေတဲ့ ငစွာမလေး ဘယ်ရောက်သွားလည်း "
Manoban စနောက်တော့ Chaeyoung ခေါင်းမော့ပြီး ရန်လုပ်မယ်လုပ်တော့ သူမကို ငုံ့ကြည့်နေတဲ့ Manobanနဲ့ နှုတ်ခမ်းချင်း ထိမိသွားလေသည်
Chaeyoung ရင်တွေခုန်လာလို့ Manobanကို တွန်းလွှတ်လိုက်သည်
Manobanကလည်း ရှက်ပြီး သူ့လည်ပင်းကို ပြန်ကိုင်နေသည်
"ငါ့ကို အပြင်လိုက်ပို့မလား ဒါမှမဟုတ် ငါ့ဘာသာငါ သွားမှာနော် "
Chaeyoung ရှက်ရမ်းရမ်းပြီး Manobanကို ငေါက်ကာ မီးဖိုးခန်းထဲက ထွက်လာသည်
********
"Wowww......... "
Chaeyoungကတော့ အော်ဟစ်ပြီး တောင်ပေါ် အားပါးတရ တက်နေပေမယ့် Manobanကတော့ Chaeyoungအတွက် အဝတ်အစားတွေ ဆေးနဲ့ မုန့်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်ကို သယ်ရင်း အမောဆို့ကာ တက်နေသည်
"အဘွားကြီးကျနေတာဘဲ နှေးလိုက်တာ မြန်မြန်တက်ပါလား..."
Manobanမှာ သစ်ပင်ကြီးကို မှီပြီး အမောဖြေရင်း
"Yah တောင်ပေါ်ကို ဒီကျောပိုးအိတ်နဲ့တက်နေရတာလေ..... မြန်စေချင် ငါ့ကို ဒုံးပျံသာဝယ်ပေး "
"မောနေမှာပေါ့ ရေသောက်လိုက်အုံး "
Manoban စကားကြောင့် Chaeyoung အားနာသွားပြီး သူ့လက်ထဲက ရေဘူးကို Manoban အား ပေးလိုက်သည်
Manobanလည်း Chaeyoungပေးတဲ့ရေဘူးကို ယူပြီး သောက်နေစဥ် Chaeyoungမှာ သူမ နားရွက်ကြားထဲ တစ်ခုခုထည့်ပေးနေသည်
"အမွှေစိန်ရေ ဘာလုပ်ပြန်တာလည်း "
"ဘာမှမလုပ်ပါဘူး ခုန လမ်းမှာ ခူးလာတဲ့ ပန်းပန်ပေးတာ ..."
"ငါ မကြိုက် "
"ဖယ်မယ်မကြံနဲ့ နင် ပန်းပန်ထားတာ တော်တော်လှတယ် Manoban. ...."
Manoban ဘာမှမပြောချင်တော့လို့ သက်ပြင်းသာ ချလိုက်သည်
နောက်ဆုံးတော့ မနိုင်စိန် Park Chaeyoungနဲ့အတူ Manoban ရေတံခွန် တောင်ပေါ်သို့ ရောက်လာသည်
Manobanကတော့ မောပြီး ထိုင်အမောဖြေနေပေမယ့် Chaeyoungမှာတော့ Manoban ပေးထားတဲ့ ဖုန်းနဲ့ ရှုခင်းတွေကို ဓာတ်ပုံလိုက်ရိုက်နေသည်
Chaeyoungကို ကြည့်ရင်း Manoban သူမ လည်ပင်းမှာ လွယ်ထားတဲ့ ကင်မရာကို ယူကာ ဓာတ်ပုံရိုက်လေသည်
သဘာဝတရားကြီးမှာ Chaeyoungရဲ့ အလှတွေကြောင့် Manoban ကင်မရာထဲ ပိုလှနေသည်
"Chae. ..အစွန်းတွေဘက် သိပ်မသွားနဲ့ ပြုတ်ကျမယ်နော် "
"Wow မိုက်လိုက်တာ ရင်ထဲအေးချမ်းသွားတာဘဲ "
Manobanဘေးနား Chaeyoung လာထိုင်ပြီး ရေစီးသံတွေကို နားထောင်နေသည်
စိမ်းစိုနေတဲ့ သစ်ပင်တွေ တဝေါဝေါစီးဆင်းနေတဲ့ ရေတံခွန်ကို ကြည့်ရင်း Chaeyoung သူမ စိတ်ဒဏ်ရာတွေကို ကုသနေသည်
Manobanမှာ သစ်ပင်တစ်ပင်က သစ်ရွက်ကို လှမ်းခူးပြီး လိပ်လိုက်သည်
ထို့နောက် နှုတ်ခမ်းနားတေ့ပြီး မှုတ်လိုက်တော့ သာယာတဲ့အသံလေး ထွက်လာ သည် (ရုပ်ရှင်ထဲကလို သစ်ရွက်လေးနဲ့ပုလွေမှုတ်တာလေ😁အာ့လိုလေး)
Manobanရဲ့ ပုလွေမှုတ်သံလေးဟာ Chaeyoung အတွက် နာကျင်စရာတွေကို ပြန်သတိရပြီး ဝမ်းနည်းစေသည်
Chaeyoung မျက်ရည်တွေကျလာတော့ Manoban ရပ်လိုက်သည်
"Chae. .."
"မငိုပါဘူး ဒီတိုင်း အရင်က နာကျင်စရာတွေ တွေးမိလို့ မျက်ရည်ကျလာတာ ခုကစပြီး မငိုတော့ဘူး......အရင်ကထက် သန်မာအောင် နေမယ် "
Chaeyoung ပြောပြီး မတ်တပ်ထရပ်လိုက်သည်
"Chae... ပြုံးပြပါအုံး "
Chaeyoung မှာ Manoban ကို လှည့်ပြီး ပြုံးပြတော့ Manoban ထရပ်လိုက်ပြီး သူမနားရွက်ပေါ်က ပန်းပွင့်လေး ယူကာ Chaeyoung ကို ပန်ပေးလိုက်သည်
"မင်းပြုံးတဲ့အခါ အရမ်းလှတယ်လို့ ကိုယ် ပြောဖူးတာ မှတ်မိတယ်မလား ....."
Manobanနဲ့ Chaeyoungတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့အကြည့်တွေဟာ သံလိုက်လို ဆွဲငင်နေကြသည်
"ဒီ ပန်းပွင့်လေးက မင်းနဲ့ပိုလိုက်တယ် Chae. .."
Manoban ပြောပြီး Chaeyoungကို ဓာတ်ပုံရိုက်လိုက်သည်
#TBC
#zawgyi
"Good Morning "
"ဒါပေမယ့်...."
At Seoul
"Good Morning Sir. .."
"Aeriပါ Sir "
"ရ ရပါတယ် Sir "
"အလုပ် သေချာလုပ်ပါ "
"Stupid... "
"You too Chaeyoung "
"Yah Park Chaeyoung. ..."
"ရှေ့တိုးမလာနဲ့နော် "
"Blah Blah "
"ကြွေသွားတာလား "
"ဘာလို့ကြွေရမှာလည်း "
********
"Wowww......... "
"ငါ မကြိုက် "
"Chae. .."
"Chae... ပြုံးပြပါအုံး "
#TBC
Bạn đang đọc truyện trên: Truyen3h.Co