Part 33
အခုလောလောဆယ်မှာတော့ Chaeyoung အိမ်မှာဘဲနေနေရသည် ဆေးရုံကလည်း Chaeyoungကို အလုပ်ထုတ်လိုက်တော့ Chaeyoungလည်း အလုပ်မရှိတော့ အိပ်လိုက်စားလိုက်နဲ့ အချိန်ကုန်နေသည်
ဝုတ် ဝုတ်
Loveက ဟောင်ပြီး Chaeyoung အိပ်နေတဲ့ ကုတင် အပေါ်သို့ ခုန်တက်သည်
ပြီးတော့ Chaeyoungကို လျှာနဲ့ယက်ကာ နမ်းလေသည်
Chaeyoungက Love ရဲ့ favorite womanလေ
"Good boy...ဘယ်သူက အလိမ္မာဆုံးလည်း ဟုတ်ပါ့ Loveပေါ့ "
Lisaမရှိတဲ့အချိန်မှာဆို Loveက သူ့ကိုအဖော်ပြုပေးလို့ Chaeyoungမှာ Loveကို ကျေးဇူးတင်နေမိသည်
Lisaက Yoosunနဲ့ဖြေရှင်းနေပြီး Jisooတို့ကတော့ Chaeyoungအတွက် အပြစ်ကင်းကြောင်း ပြသဖို့ ကြိုးစားနေကြတယ်လေ
Chaeyoungလည်း ပျင်းပျင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ Tvဖွင့်လိုက်သည်
Tv ကြည့်ရင်း ဖုန်းမြည်သံကြားလို့ ကြည့်လိုက်တော့ Jisooဆီက Messageဝင်လာသည်
Messageကို ဖတ်လိုက်တော့ Jennie ဆီက Message ဖြစ်နေသည်
Jennie Kim - Chaeyoung ငါ တစ်ခုခုရထားတယ် နင့်အကူအညီလိုလို့ တွေ့လို့ရမလား
Chaeyoung- အိမ်ကထွက်လာလို့ မရဘူး ရဲတွေနဲ့ bodyguardတွေက ငါ့ကို စောင့်ကြည့်နေကြတယ်
Jennie Kim - ငါ နင့်ကို အိမ်ကနေ ထွက်လာလို့ရအောင် ထုတ်ပေးမယ် ငါတို့ Emilyအိမ်ကို သွားကြည့်ဖို့ လိုတယ် သက်သေရှာပေးဖို့
Chaeyoung- ဘယ်လို အမှုအခင်းရှိတဲ့ အိမ်ကို ငါတို့ဝင်လို့မရဘူးလေ
Jennie Kim - ဝင်မှဖြစ်မယ် နင်ငါ့ကို ကူညီပေးမှဖြစ်မယ် ဆယ့်ငါးမိနစ်ကြာရင် ထွက်ခဲ့ အနောက်ပေါက်ကနေ တွယ်ဆင်းလာလို့ရလား
Chaeyoung - Gosh Jennie yah
Jennie Kim - ငါ နင်တို့အိမ်အနောက်က body guardတစ်ချို့ကို အာရုံခဏလွှဲပေးထားမယ် အနောက်ပြတင်းပေါက်က ခုန်ဆင်းပြီး လမ်းထိပ်က စတိုးဆိုင်နားမှာစောင့်နေ
Jennieမှာ စာပို့ပြီး ထပ်မပို့တော့ Chaeyoungလည်း Hoodie အနက်ဝတ်ပြီး ပေါ့ပါးတဲ့ ဘောင်းဘီကောက်ဝတ်ကာ ပြတင်းပေါက်ကနေ စောင်တွေကို ချည်ပြီး ဆင်းဖို့ ကြိုးစားသည်
နောက်ဆုံးတော့ Chaeyoungလည်း အိမ်ကနေ ရအောင် ခိုးထွက်လာပြီး Jennieနဲ့ချိန်းထားတဲ့နေရာသို့ ရောက်လာသည်
ပြီးနောက် Jennieနဲ့အတူ Emilyရဲ့ အိမ်သို့ သွားလေသည်
Emilyရဲ့ အိမ်ထဲ ခိုးဝင်ပြီးနောက် အိမ်ထဲသို့ရောက်တော့ Chaeyoungမှာ သွေးအိုင်ထဲလဲနေတဲ့ Emilyရဲ့ အလောင်းကို ပြန်မြင်ယောင်လာသည်
"ငါ နိုးလာတော့ သူက အဲ့ဒီမှာ "
Chaeyoungမှာ သွေးတစ်ချို့ပေနေတာတောင် မပျောက်သေးတဲ့ နေရာကို လက်ညိုးထိုးကာ ပြောပြနေသည်
"Come on Chaeyoung အဲ့ဒီအကြောင်းတွေ တွေးမနေနဲ့တော့ "
Jennie ပြောပြီး Chaeyoungကို ဆွဲခေါ်လိုက်သည်
"Emilyရဲ့ ကွန်ပျူတာနဲ့ ဖုန်းတွေကို စစ်ဆေးကြည့်ရအောင် Yoosunနဲ့သူနဲ့ ဆက်သွယ်မှုစာတွေကို သေချာစစ်ဆေးကြည့်ရအောင် သက်သေရအောင်ရှာကြမယ် "
Chaeyoungလည်း ခေါင်းညိတ်ပြပြီး Jennieနဲ့အတူ Emilyရဲ့ အခန်းထဲသို့ ဝင်သွားကြသည်
Jennieမှာ Laptopကို ဖွင့်ပြီး NingNingဆီ ဆက်လိုက်သည်
"Ning..ငါ IP နံပါတ်ပြောလိုက်မယ် လုံခြုံရေးနံပါတ်တွေ ကြည့်hackပေးအုံး "
Chaeyoungကလည်း ဘီဒိုထဲမှ ပထမအံဆွဲက စာရွက်စာတမ်းတွေကို ထုတ်ဖတ်ကာကြည့်နေသည်
fileတစ်ချို့က စာရွက်စာတမ်းတွေကတော့ အလုပ်နဲ့ပတ်သက်တဲ့ fileတွေ ဖြစ်နေသည်
ပထမအံဆွဲလေးကို ရှာဖွေပြီးနောက် ဒုတိယအံဆွဲလေးကို ဖွင့်ရှာတဲ့နောက်မှာ စာရွက်စာတမ်းတွေ တစ်ချို့နဲ့ နောက်ဖုန်းတစ်လုံးကိုပါ ရှာတွေ့သေးသည်
"Hey Jennie ဒီမှာနောက်ဖုန်းတစ်လုံး "
"Ning ခဏနော် "
Jennie ပြောပြီး Chaeyoungဆီ လျှောက်လာသည်
"ဒီဖုန်းထဲမှာ မမှတ်ထားတဲ့ နံပါတ်ဆီက စာတွေအများကြီးနဲ့ ဖုန်းခေါ်ထားတာတွေ အများကြီးရှိနေတယ် ငါစစ်ကြည့်လိုက်မယ် "
Chaeyoungမှာ Phoneကို စစ်ဆေးရင်း ပြောလိုက်သည်
Chaeyoung ဖုန်းကို စစ်ဆေးပြီးနောက် ဘီဒိုအောက်က အံဆွဲတွေကိုပါ ဖွင့်ရှာလိုက်သည်
တစ်ခုခုကို ဖွက်ထားချင်ရင် လူတွေက ဟိုးအောက်ဆုံးထိ ဖွက်တတ်ကြတယ် မဟုတ်လား
အံဆွဲထဲက သေတ္တာလေးတစ်ခုကို တွေ့တော့ Chaeyoungဖွင့်ကြည့်လိုက်သည်
သေတ္တာထဲတွင် Lisaနဲ့ Emilyရဲ့ အတွဲပုံတွေကြည့်ပြီး Chaeyoung စိတ်မကောင်းဖြစ်သွားပေမယ့် ဆက်လက်ပြီး စစ်ဆေးနေသည်
Jennieကတော့ NingNingနဲ့ ဖုန်းလိုင်းတွေ စစ်ဆေးနေသည်
ထို့နောက် တစ်ချို့ဓာတ်ပုံတွေ ဆက်ကြည့်တော့ Emily ငယ်ငယ်ကပုံလေးတွေ တွေ့ရသည် ထိုဓာတ်ပုံလေးတွေထဲတွင် Emilyနဲ့ကောင်မလေးတစ်ယောက်ရဲ့ ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ရိုက်ထားတဲ့ ပုံတွေကို တွေ့ရပြီး မှတ်စုတိုလေးတွေကို တွေ့ရသည်
နင် ဒီနေ့အရမ်းလှတာဘဲ နင့်ကို အရမ်းနမ်းချင်လာအောင် လုပ်နေတာလား
Chaeyoung နောက်မှတ်စုတိုလေးတစ်ခုကို ထပ်ဖတ်သည် မှတ်စုတိုတွေကြည့်ရတာ တွန့်ကြေနေသောကြောင့် ခဏခဏ ဖတ်ထားပုံပေါ်သည်
နင် တကယ်ဘဲ ငါ့ကိုထားသွားမှာလား ငါ့ကို တကယ်ဘဲ ဂရုမစိုက်တော့ဘူးလား ဘာလို့လည်း ငါပိုက်ဆံမရှိလို့လား Emily....နင် ဒီကနေ ဆိုးလ်ကို မသွားခင် နောက်ဆုံးအနေနဲ့ တွေ့လို့ရမလား ချစ်တယ် Emily
စာထဲမှာ ရေးထားပုံအရ အဲ့ဒီစာရေးတဲ့သူက Emilyနဲ့မွေးရပ်မြေချင်းတူပြီး Emilyကို အရမ်းချစ်တဲ့သူ ဖြစ်ရမယ်လို့ Chaeyoung တွေးမိသည်
ပြီးတော့ ဓာတ်ပုံတွေကို တစ်ချက်ပြန်ကြည့်ရင်း ဓာတ်ပုံထဲက Emilyဘေးနား အမြဲရှိနေတဲ့တစ်ယောက်ကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးသလို Chaeyoung ခံစားနေရတယ်
ငါ ဆိုးလ်မြို့ကိုတက်လာခဲ့ပြီ Emily...Company ကြီးကြီးတွေလည်း တော်တော်ရှိတာဘဲဟ နင်ကတော့ နေသားကျနေပြီဖြစ်နေပေမယ့် ငါတော့ နင်နဲ့စကားပြောချင်တယ် ပြောခွင့်ရချင်တယ် နင် နာမည်ကြီးတဲ့ကောင်မလေး Lisa Manobanနဲ့တွဲနေတယ်ဆို....စိတ်ချ ငါနင့်ကိုပြန်ရအောင်ယူပြမယ်
"Chaeyoung "
Jennieက ခေါ်လို့ လှမ်းကြည့်တော့ Joyနဲ့jennieကို တွေ့ရလေသည်
"Chaeyoung shii ဒီနေရာမှာ ဘာလုပ်နေတာလည်း အိမ်မှာနေဖို့ ပြောထားတယ် မဟုတ်ဘူးလား "
"ဟို ဒီမှာ စစ်ဆေးစရာရှိလို့ "
"အဲ့တာရဲတွေစုံထောက်တွေ အလုပ်မဟုတ်ဘူးလား "
"ရဲတွေ စုံထောက်တွေက ဘာမှမလုပ်လို့ ကျွန်မတို့ ဒီရောက်နေတာလေ "
Jennieကဝင်ပြောတော့ Joyမှာ Jennieကို ကြည့်လိုက်သည်
"ကျွန်မ အလုပ်လုပ်လို့ ရှင်တို့ နှစ်ယောက်ကို ဒီမှာဖမ်းမိတာ မဟုတ်ဘူးလား ဒီအိမ်ထဲ ရှာစရာရှိနေလို့ လာရှာရင်း ရှင်တို့ကို တွေ့တာလေ ဒါက လူသတ်မှုဖြစ်ထားတဲ့ အိမ်နော် ခိုးဝင်တာက ပြစ်မှု မြောက်ပါတယ် "
"ပြစ်မှုမြောက်တာ မမြောက်တာ ခဏထားအုံး လူသတ်တဲ့သူကို ငါသိပြီထင်တယ် "
Chaeyoungပြောပြီး မှတ်စုတိုစာရွက်တွေကို Joyဆီပေးလိုက်သည်
"ဒီစာတွေက လက်ရေးနဲ့ရေးထားတဲ့စာတွေ ဒါ လူသတ်တရားခံရေးထားတာ ဖြစ်နိုင်တယ်"
Joyမှာ မှတ်စုတို စာရွက်တွေ ယူပြီးနောက်
"ကောင်းပြီ ဒါဆိုလည်း ကျွန်မ စစ်ဆေးကြည့်ပါမယ် လောလောဆယ် အိမ်ပြန်ကြပါ "
Joyမှာ စာရွက်တွေယူချိန် Chaeyoungမှာ ဓာတ်ပုံတွေထဲက Emilyနဲ့ဖက်ရိုက်ထားတဲ့ တစ်ယောက်ကို ရုတ်တရက်မှတ်မိသွားသည်
"Holly shit Lisaတော့ ဒီချိန်အိမ်ပြန်ရောက်ရင် ဒုက္ခရောက်နေလောက်ပြီ ငါတို့ အိမ်ကို အမြန်သွားမှ ဖြစ်မယ် "
တရားခံ ဘယ်သူလည်းဆိုတာ Chaeyoung သိပြီး Lisaအတွက် အရမ်းစိတ်ပူသွားတယ်
#tbc
#zawgyi
ဝုတ် ဝုတ်
"Ning ခဏနော် "
"Chaeyoung "
#tbc
Bạn đang đọc truyện trên: Truyen3h.Co