Truyen3h.Co

Business Proposal

Part 2

KimFany059


Chaeyoungရဲ့ စကားကြောင့် Lisa မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် Chaeyoungကို ကြည့်နေသည်

"နေပါအုံး ဘာလည်း "

"ငါ့ကို လက်ထပ်ပါ Lisa "

ဟုတ်ပြီ Lisa နားကြားမှားထာမဟုတ်ဘူးဘဲ Chaeyoungရဲ့ အပြုံးက လှပပြီး ယုံကြည်ချက်ရှိနေတဲ့အပြုံး...အဲ့လိုကောင်မလေးကို ဘယ်သူက ငြင်းနိုင်မှာလည်း

ဒါပေမယ့် Chaeyoungက သူ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်​ဖြစ်ပြီး ဒီစကားက ဟာသတစ်ခုလို ကြောက်စရာကောင်းနေသည်

Lisa တဟားဟားနဲ့စတင်ရယ်မောလိုက်သည်

"Oh gosh Chaeyoung...ဒါက ​တော်တော်ကြောက်စရာကောင်းတဲ့ ဟာသဘဲ "

Lisa ရယ်မောရင်း ခေါင်းခါကာ ဘီယာဘူးကို ကောက်ကိုင်လိုက်သည်

သို့သော် Lisaလက်က ဘီယာဘူးကို Chaeyoungဆွဲလုလိုက်သည်


"Chaeyoung? "

Chaeyoung မျက်နှာက တကယ်ကြီးဖြစ်နေလို့ Lisa ရယ်နေရာကနေ ရပ်လိုက်ရတယ်

"နင်ငါ့ကို စနေတာ မဟုတ်လား ဟာသတွေပြောနေတာမလား Chaeyoung "

"Lisa...ငါ့ကိုလက်ထပ်လိုက်စမ်းပါ "

"မဟုတ်ဘူး Chaeyoung နင် သောက်ထားတာလား မူးနေပြီထင်တယ် "

"ငါတကယ်ပြောနေတာ Lisa...နင့်ကို ဒီလိုမျိုးနဲ့ငါကူညီနိုင်မှာ ငါနင့်ကိုလက်ထပ်လိုက်ရင် နင်လည်း companyပြန်ရပြီ မဟုတ်လား "

Lisaရဲ့ လက်မောင်းကို ကိုင်ပြီး Chaeyoung ပြောလိုက်သည်

"what...မဟုတ်ဘူးနော် Chaeyoung ဒါနောက်စရာမဟုတ်သလို ကစားစရာလည်း မဟုတ်ဘူး "

Lisa သူ့သူငယ်ချင်းလက်ကို ဖယ်ချလိုက်သည်

ရုတ်တရက် မမျှော်လင့်ဘဲ လက်ထပ်ခွင့်တောင်းခံရလို့ Lisa တော်တော်လေး အံ့သြနေတယ်လေ

"ငါမလုပ်နိုင်ဘူး Lisa လက်မထပ်နိုင်ဘူး "

Lisaရဲ့ ငြင်းဆိုမှုကြောင့် Chaeyoung အနည်းငယ်တော့ နာကျင်သွားသည်

"Gees...ကျေးဇူးပါ Lisa နင်က ငါ့ကိုလက်ထပ်မှာထက် နင့်ရည်းစားဟောင်းနဲ့ဘဲ ညှိနှိုင်းချင်တယ်ပေါ့ ဟုတ်လား "

Chaeyoung ထရပ်လိုက်ပြီး မီးဖိုခန်းဘက်သွားကာ  ခွက်နှစ်ခွက်ကို ဘေစင်ကန်ထဲထည့်လိုက်သည်

"What "

Lisa ထရပ်ပြီး Chaeyoung​နောက်ကို လိုက်သွားသည်

"မဟုတ်တာ ငါ နင့်ကိုကျော်ပြီး သူ့ကိုမရွေးပါဘူးဟ ဘယ်အရာနဲ့ယှဥ်ယှဥ် နင့်ကိုအမြဲရွေးချယ်ခဲ့တာ သိသားနဲ့ "

Lisa ပြောပြီး Chaeyoungရဲ့ လက်ကိုကိုင်လိုက်သည်

"နင်က ငါ့companyထက် ပိုပြီး တန်ဖိုးရှိပါတယ် Lisa "

"ငါ့ကို လက်ထပ်ဖို့ ဘာလို့ အရမ်းကြောက်နေတာလည်း Lisa....ငါတို့တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းယုံကြည်ကြတယ် မဟုတ်ဘူးလား..."

"ငါ သိပါတယ် Cheayoung နင် ငါ့အပေါ် အမြဲကောင်းတယ်ဆိုတာ သိပါတယ် ဒါကြောင့်မိုလို့ နင့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကို ငါနဲ့ပိတ်မိပြီး စတေးပစ်တာမျိုး မဖြစ်စေချင်လို့ပါ ငါတစ်ခုခုရှာကြည့်အုံးမယ် ငါလုပ်နိုင်တာ ရှိမှာပါ "

Chaeyoungကို Lisa ဖျောင်းဖျပြီး Chaeyoungရဲ့ ပါးဖောင်းဖောင်းလေးကို Lisa နမ်းလိုက်သည်

"Good Night Chaeyoung "

Chaeyoungကို Lisa နှုတ်ဆက်ပြီး သူ့အိမ်ကနေ ထွက်လာလိုက်သည်

Lisa ဘာတွေဖြစ်သွားလည်းဆိုတာ မယုံနိုင်ဖြစ်နေတယ် Chaeyoungက ဒီလိုရူးကြောင်ကြောင် ideaမျိုး ဘယ်ကနေရလာသလည်း

companyကို ပြန်ရဖို့ Chaeyoungရဲ့ လွတ်လပ်မှုကို စတေးတာ မတရားဘူး မဟုတ်လား

အိမ်ထောင်သည်အဖြစ် နှစ်နှစ်လောက်နေပြီး Chaeyoung သူ့ဘဝကို မစွန့်ပစ်သင့်ဘူး

မိသားစု companyတစ်ခုကို ထိန်းသိမ်းဖို့အတွက်နဲ့ Chaeyoungဘဝကို Lisa မဖျက်စီးချင်ပါ

Lisa သူ့ကားထဲဝင်ထိုင်ပြီး ကားစီယာတိုင်ကို ကိုင်ကာ သက်ပြင်းချလိုက်သည်

"Chaeyoung မင်း ဘာလို့ ကိုယ့်ကိုကိုယ်စတေးချင်နေရတာလည်း "

Lisa ကားစက်နှိုးပြီးနောက် မနက်ဖြန်ကျရင် Chaeyoungက သူ့ဆီရောက်လာပြီး မနေ့ညက မူးပြီးပြောမိတာမေ့လိုက်လို့ ပြောဖို့ ဆုတောင်းနေမိသည်

နောက်တစ်နေ့မနက်ရောက်တော့ companyကိုသွားဖို့ Lisa ပြင်ဆင်လေသည်

အခု သူတိုက်ပွဲဝင်ဖို့ ပြင်ရတော့မည် သူ့ကိုဘာလုပ်ဖို့ အကြံပေးမယ့် အဖေမရှိတော့ပေ နေ့လည်တိုင်း ထမင်းစားဖို့သတိလှမ်းပေးတဲ့ အမေလည်း မရှိတော့ပေ ငါးမန်းတွေကြားမှာ Lisa တစ်ယောက်တည်း ရုန်းကန်ရတော့မည်

Lisa suitဝတ်ပြီး neck tieချည်ရင်း မှန်ကို တစ်ချက်ကြည့်လိုက်သည်

"ငါ မင်းဘဝကို မဖျက်စီးနိုင်ဘူး ငါလက်မထပ်နိုင်ဘူး Chaeyoung "

ထို့နောက် အခန်းထဲက ထွက်လာတော့ Lisa မွေးထားတဲ့ ခွေးလေး Loveက Lisaကို အမြှီးနန့်ပြီး ကြိုဆိုသည်

"Morning boy..."

"Morningပါ Miss Lisa "

Lisaရဲ့ လက်ထောက် Robinက ဆိုဖာတွင် ထိုင်နေရာက ထပြီး Lisaကို နှုတ်ဆက်သည်

"Mount Kumgang Corpက Mr.Leeနဲ့ တွေ့စရာရှိပါတယ် နေ့လည် 1နာရီကျ ရင်းနှီးမြုပ်နှံသူတွေနဲ့ ဖုန်းပြောရမှာပါ 5နာရီကျရင် Markting အကြောင်း Mr.Kimနဲ့meeting ရှိပါတယ် ည ၁၀ နာရီကျ ထိုင်ဝမ်ကို ဖုန်းခေါ်ရပါမယ် "

"ကောင်းပြီ Robin မနက်စာအတွက်လည်း ကျေးဇူး "

Lisaပြောပြီး စားပွဲခုံပေါ်က အသားညှပ်ပေါင်မုန့်ကိုယူကာ companyကို ထွက်လာလိုက်သည်

"အဲ့ဒီတော့ ကျွန်မက လက်မထပ်ရသေးလို့ ဝင်ပါခွင့်မရှိဘူးပြောချင်တာလား "

Lisa စားပွဲခုံကို ဘုန်းခနဲရိုက်ပြီး ပြောလိုက်သည်

"ဟုတ်တယ် sweetie မင်းမိဘတွေဖြစ်စေချင်သလို ​မဖြစ်လာသ၍ မင်းရဲ့ရှယ်ယာတွေက ငါ့လက်ထဲမှာ  မင်းစကားပြောခွင့်ရှိတယ် voteခွင့်မရှိဘူး "

"Mount Kumgang နဲ့ ပူးပေါင်းလို့ မရဘူးလေ "

"Companyချင်း ပူးပေါင်းတာက နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတယ် Lisa..."

"အဲ့companyက လက်နက်ထုတ်စက်ရုံတွေနဲ့ ဆက်နွယ်နေတာ ကျွန်မအဖေက Fund warတွေအတွက် ဒီ companyကိုတည်ထောင်ခဲ့တာ မဟုတ်ဘူး ကျွန်မလက်မခံနိုင်ဘူး "

"မင်းမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး ရှယ်ယာရှင်ဘုတ်အဖွဲ့အစည်း ၁၁ယောက်က မဲခွဲ voteလိမ့်မယ် Lisa "

Yoosun စကားကြောင့် Lisa တော်တော်လေးဒေါသထွက်မိသည် သူသာ လက်ထပ်ထားရင် ဗီတိုအာဏာသုံးပြီး ပယ်ချလို့ရမယ်မဟုတ်လား

အစည်းအဝေးတွင် ကန့်ကွက်သူ လေးယောက် ထောက်ခံသူလေးယောက်နဲ့ မဲမပေးထားသူ သုံးယောက်ရှိလာသောကြောင့် မဲပေးခွင့်ကို နောက်လေးလသို့သို့ ရွေ့ဆိုင်းပြီး ရှယ်ယာရှင်တွေကို ပြန်စဥ်းစားခိုင်းတာ Lisaအတွက်တော့ ကံကောင်းမည်ဟုပြောရမည်

Lisa သူနဲ့ချိန်းထားတဲ့သူတွေအားလုံးနဲ့တွေ့ပြီးနောက် သူ့ရုံးခန်းကို ပြန်လာတယ်

Lisa laptopနဲ့ အလုပ်ရှုပ်နေစဥ် တံခါးခေါက်သံကြားသောကြောင့် Jinwooထင်ပြီး ဝင်လာခိုင်းလိုက်သည်

"ဝင်ခဲ့ပါ "

"Hello Lisa..."

"Chaeyoung?...Hey ညဆယ်နာရီရှိနေပြီကို ဘာလာလုပ်တာလည်း "

အထုပ်အပိုးတွေကိုင်ပြီး သူ့ရုံးခန်းထဲဝင်လာတဲ့ Chaeyoungကြောင့် Lisa အံ့သြသွားသည်

"ဆေးရုံမှာ ငါ့ဂျူတီပြီးသွားပြီလေ အဲ့တာ အိမ်ပြန်ရင်း လမ်းကြုံလို့ နင်တို့ companyရှေ့က ဖြတ်တာ နင့်ရုံးခန်းက မီးလင်းနေလို့ နင်ရှိနေလောက်တယ်ဆိုပြီး လာကြည့်တာ သြော် ပြီးတော့ ညစာပါဝယ်လာတယ် "

"ငါ့အကြောင်း နင်အသိဆုံးဘဲ Chaeyoung နင်မရှိဘဲ ငါဘယ်လိုအသက်ရှင်ရပါ့ "

သူ့ပခုံးပေါ် ကလေးတစ်ယောက်လို ခေါင်းလေးလာတင်တဲ့ Lisaကို Chaeyoungစနောက်ပြီးတွန်းလိုက်သည်

"အပိုတွေပြောမနေနဲ့လစ် "

Chaeyoung ပြောပြီး စားစရာတွေနဲ့တူတွေဇွန်းတွေကိုထုတ်ကာ စားပွဲခုံပေါ်တင်လိုက်သည်

"အာ နေအုံး ငါ ထိုင်ဝမ်ကတစ်ယောက်နဲ့ ဖုန်းပြောစရာရှိတယ် သိပ်မကြာပါဘူး ခဏဘဲ "

Chaeyoungလည်းခေါင်းညိတ်ပြပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ဝက်သားဖက်ထုပ်ကြော်ကို တစ်ကိုက်စားလိုက်သည်

ခဏဘဲ သိပ်မကြာဘူးလို့ပြောတဲ့ Lisaမှာ မိနစ်နှစ်ဆယ်ကျော်ရှိပြီဖြစ်သောကြောင့် Chaeyoung ဗိုက်အရမ်းဆာနေပြီး စိတ်မရှည်တော့ဘူးလေ

Lisaကို လက်ဝှေ့ယမ်းပြီး အချက်ပြတော့ Lisaက ငါးမိနစ်လောက်ထပ်ပေးဖို့ လက်ငါးချောင်းထောင်ပြစည်

"Gosh "

Chaeyoung ညည်းညူပြီး ထပ်ထိုင်စောင့်ရပြန်သည်

တရုတ်စကားပြောနေတဲ့ Lisaကို Chaeyoung ထိုင်ကြည့်နေသည်

Lisaက ဘာသာစကားငါးမျိုးလောက်ကို ထမင်းစားရေသောက် ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်မှာ သူရဲ့ ဆွဲဆောင်မှုရှိတဲ့အရာတွေထဲက တစ်ခုဘဲလေ

"ပြီးပြီ Chaeyoung oh...အေးကုန်ပြီ ခဏ ငါပြန်နွှေးပေးမယ် "

Lisa စားစရာတွေကို ယူပြီး သူ့ရုံးခန်းထဲက မိုက်ခရိုဝေ့ထဲထည့်နွှေးလိုက်သည်

သုံးမိနစ်ကြာတော့ Lisaတို့ ဆိုဖာပေါ်တွင် ထိုင်ပြီး ညစာစားကြပြီလေ

"Lisa နင်အစားမစားဘဲ နေတာကြာလာရင် အစာအိမ်ဖြစ်မယ်နော် "

"ဟုတ်ကဲ့ပါ ဒေါက်တာပတ်ခ် "

Lisa ပြောင်ချော်ချော်လုပ်ပြီး Chaeyoungရဲ့ ပန်းကန်ထဲက အသားကိုလုစားလိုက်သည်

"oh အသားလေးက နူးညံ့လိုက်တာ "

"ချီးထုပ်မ "

"Hey ထမင်းစားနေတာကို "

Lisa သူ့ကို ကျိန်ဆဲတဲ့ Chaeyoung ကို ရန်လုပ်လိုက်သည်

 
ညစာစားပြီးနောက် Chaeyoung ပါးစပ်က ဆောစ့်တွေကို Lisa တစ်ရှူးနဲ့သုတ်ပေးရင်း ရင်ဖွင့်လေသည်

"ငါထင်ထားတာထက် ပိုဆိုးနေပြီ Chae..ငါ့မှာလေးလဘဲ ကျန်တော့မယ် ဒီလေးလအတွင်း"

"Lisa...ငါ မနေ့ညက နင့်ကိုပြောခဲ့တာတွေက တကယ်ပြောတာနော်..."

"ငါသိတယ် Chaeyoung နင့်အတွက် အဆင်မပြေမှာစိတ်ပူတာ ငါတို့လက်ထပ်ပွဲကို မီဒီယာတွေကြောင့် တစ်ကမ္ဘာလုံးက သိသွားမယ် ပြီးတော့ ငါတို့ကိုစောင့်ကြည့်နေတဲ့ တစ်ကမ္ဘာလုံးကလူတွေ...."

"Hey Lisa Manobanရဲ့ မိန်းမဖြစ်ရတာဘဲ ဘာအဆင်မပြေစရာရှိလို့လည်း Roseanne Manobanဆိုတဲ့နာမည်ကလည်း ခေါ်ရတာ မဆိုးပါဘူး "

Lisa ရယ်ပြီး သူ စားပွဲခုံမှာထိုင်ပြီး ဖုန်းပြောနေတုန်းက Chaeyoung မမြင်အောင် အံဆွဲထဲက ယူပြီး ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဗူးလေးကို ထုတ်ဖွင့်လိုက်သည်

"Doctor Park Chaeyoung ငါ့ကို ကူညီဖို့ င့ါမိန်းမဖြစ်ပေးနိုင်မလား "

#tbc

#zawgyi

Chaeyoungရဲ႕ စကားေၾကာင့္ Lisa မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖင့္ Chaeyoungကို ၾကည့္ေနသည္

"ေနပါအုံး ဘာလည္း "

"ငါ့ကို လက္ထပ္ပါ Lisa "

ဟုတ္ၿပီ Lisa နားၾကားမွားထာမဟုတ္ဘူးဘဲ Chaeyoungရဲ႕ အၿပဳံးက လွပၿပီး ယုံၾကည္ခ်က္ရွိေနတဲ့အၿပဳံး...အဲ့လိုေကာင္မေလးကို ဘယ္သူက ျငင္းနိုင္မွာလည္း

ဒါေပမယ့္ Chaeyoungက သူ႕အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ၿပီး ဒီစကားက ဟာသတစ္ခုလို ေၾကာက္စရာေကာင္းေနသည္

Lisa တဟားဟားနဲ႕စတင္ရယ္ေမာလိုက္သည္

"Oh gosh Chaeyoung...ဒါက ေတာ္ေတာ္ေၾကာက္စရာေကာင္းတဲ့ ဟာသဘဲ "

Lisa ရယ္ေမာရင္း ေခါင္းခါကာ ဘီယာဘူးကို ေကာက္ကိုင္လိုက္သည္

သို႔ေသာ္ Lisaလက္က ဘီယာဘူးကို Chaeyoungဆြဲလုလိုက္သည္


"Chaeyoung? "

Chaeyoung မ်က္ႏွာက တကယ္ႀကီးျဖစ္ေနလို႔ Lisa ရယ္ေနရာကေန ရပ္လိုက္ရတယ္

"နင္ငါ့ကို စေနတာ မဟုတ္လား ဟာသေတြေျပာေနတာမလား Chaeyoung "

"Lisa...ငါ့ကိုလက္ထပ္လိုက္စမ္းပါ "

"မဟုတ္ဘူး Chaeyoung နင္ ေသာက္ထားတာလား မူးေနၿပီထင္တယ္ "

"ငါတကယ္ေျပာေနတာ Lisa...နင့္ကို ဒီလိုမ်ိဳးနဲ႕ငါကူညီနိုင္မွာ ငါနင့္ကိုလက္ထပ္လိုက္ရင္ နင္လည္း companyျပန္ရၿပီ မဟုတ္လား "

Lisaရဲ႕ လက္ေမာင္းကို ကိုင္ၿပီး Chaeyoung ေျပာလိုက္သည္

"what...မဟုတ္ဘူးေနာ္ Chaeyoung ဒါေနာက္စရာမဟုတ္သလို ကစားစရာလည္း မဟုတ္ဘူး "

Lisa သူ႕သူငယ္ခ်င္းလက္ကို ဖယ္ခ်လိဳက္သည္

႐ုတ္တရက္ မေမွ်ာ္လင့္ဘဲ လက္ထပ္ခြင့္ေတာင္းခံရလို႔ Lisa ေတာ္ေတာ္ေလး အံ့ၾသေနတယ္ေလ

"ငါမလုပ္နိုင္ဘူး Lisa လက္မထပ္နိုင္ဘူး "

Lisaရဲ႕ ျငင္းဆိုမႈေၾကာင့္ Chaeyoung အနည္းငယ္ေတာ့ နာက်င္သြားသည္

"Gees...ေက်းဇူးပါ Lisa နင္က ငါ့ကိုလက္ထပ္မွာထက္ နင့္ရည္းစားေဟာင္းနဲ႕ဘဲ ညွိႏွိုင္းခ်င္တယ္ေပါ့ ဟုတ္လား "

Chaeyoung ထရပ္လိုက္ၿပီး မီးဖိုခန္းဘက္သြားကာ  ခြက္ႏွစ္ခြက္ကို ေဘစင္ကန္ထဲထည့္လိုက္သည္

"What "

Lisa ထရပ္ၿပီး Chaeyoungေနာက္ကို လိုက္သြားသည္

"မဟုတ္တာ ငါ နင့္ကိုေက်ာ္ၿပီး သူ႕ကိုမေ႐ြးပါဘူးဟ ဘယ္အရာနဲ႕ယွဥ္ယွဥ္ နင့္ကိုအၿမဲေ႐ြးခ်ယ္ခဲ့တာ သိသားနဲ႕ "

Lisa ေျပာၿပီး Chaeyoungရဲ႕ လက္ကိုကိုင္လိုက္သည္

"နင္က ငါ့companyထက္ ပိုၿပီး တန္ဖိုးရွိပါတယ္ Lisa "

"ငါ့ကို လက္ထပ္ဖို႔ ဘာလို႔ အရမ္းေၾကာက္ေနတာလည္း Lisa....ငါတို႔တစ္ေယာက္ကိုတစ္ေယာက္ နက္နက္ရွိုင္းရွိုင္းယုံၾကည္ၾကတယ္ မဟုတ္ဘူးလား..."

"ငါ သိပါတယ္ Cheayoung နင္ ငါ့အေပၚ အၿမဲေကာင္းတယ္ဆိုတာ သိပါတယ္ ဒါေၾကာင့္မိုလို႔ နင့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိန္ကို ငါနဲ႕ပိတ္မိၿပီး စေတးပစ္တာမ်ိဳး မျဖစ္ေစခ်င္လို႔ပါ ငါတစ္ခုခုရွာၾကည့္အုံးမယ္ ငါလုပ္နိုင္တာ ရွိမွာပါ "

Chaeyoungကို Lisa ေဖ်ာင္းဖ်ၿပီး Chaeyoungရဲ႕ ပါးေဖာင္းေဖာင္းေလးကို Lisa နမ္းလိုက္သည္

"Good Night Chaeyoung "

Chaeyoungကို Lisa ႏႈတ္ဆက္ၿပီး သူ႕အိမ္ကေန ထြက္လာလိုက္သည္

Lisa ဘာေတြျဖစ္သြားလည္းဆိုတာ မယုံနိုင္ျဖစ္ေနတယ္ Chaeyoungက ဒီလို႐ူးေၾကာင္ေၾကာင္ ideaမ်ိဳး ဘယ္ကေနရလာသလည္း

companyကို ျပန္ရဖို႔ Chaeyoungရဲ႕ လြတ္လပ္မႈကို စေတးတာ မတရားဘူး မဟုတ္လား

အိမ္ေထာင္သည္အျဖစ္ ႏွစ္ႏွစ္ေလာက္ေနၿပီး Chaeyoung သူ႕ဘဝကို မစြန့္ပစ္သင့္ဘူး

မိသားစု companyတစ္ခုကို ထိန္းသိမ္းဖို႔အတြက္နဲ႕ Chaeyoungဘဝကို Lisa မဖ်က္စီးခ်င္ပါ

Lisa သူ႕ကားထဲဝင္ထိုင္ၿပီး ကားစီယာတိုင္ကို ကိုင္ကာ သက္ျပင္းခ်လိဳက္သည္

"Chaeyoung မင္း ဘာလို႔ ကိုယ့္ကိုကိုယ္စေတးခ်င္ေနရတာလည္း "

Lisa ကားစက္ႏွိုးၿပီးေနာက္ မနက္ျဖန္က်ရင္ Chaeyoungက သူ႕ဆီေရာက္လာၿပီး မေန႕ညက မူးၿပီးေျပာမိတာေမ့လိုက္လို႔ ေျပာဖို႔ ဆုေတာင္းေနမိသည္

ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ companyကိုသြားဖို႔ Lisa ျပင္ဆင္ေလသည္

အခု သူတိုက္ပြဲဝင္ဖို႔ ျပင္ရေတာ့မည္ သူ႕ကိုဘာလုပ္ဖို႔ အႀကံေပးမယ့္ အေဖမရွိေတာ့ေပ ေန႕လည္တိုင္း ထမင္းစားဖို႔သတိလွမ္းေပးတဲ့ အေမလည္း မရွိေတာ့ေပ ငါးမန္းေတြၾကားမွာ Lisa တစ္ေယာက္တည္း ႐ုန္းကန္ရေတာ့မည္

Lisa suitဝတ္ၿပီး neck tieခ်ည္ရင္း မွန္ကို တစ္ခ်က္ၾကည့္လိုက္သည္

"ငါ မင္းဘဝကို မဖ်က္စီးနိုင္ဘူး ငါလက္မထပ္နိုင္ဘူး Chaeyoung "

ထို႔ေနာက္ အခန္းထဲက ထြက္လာေတာ့ Lisa ေမြးထားတဲ့ ေခြးေလး Loveက Lisaကို အျမႇီးနန့္ၿပီး ႀကိဳဆိုသည္

"Morning boy..."

"Morningပါ Miss Lisa "

Lisaရဲ႕ လက္ေထာက္ Robinက ဆိုဖာတြင္ ထိုင္ေနရာက ထၿပီး Lisaကို ႏႈတ္ဆက္သည္

"Mount Kumgang Corpက Mr.Leeနဲ႕ ေတြ႕စရာရွိပါတယ္ ေန႕လည္ 1နာရီက် ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႕ ဖုန္းေျပာရမွာပါ 5နာရီက်ရင္ Markting အေၾကာင္း Mr.Kimနဲ႕meeting ရွိပါတယ္ ည ၁၀ နာရီက် ထိုင္ဝမ္ကို ဖုန္းေခၚရပါမယ္ "

"ေကာင္းၿပီ Robin မနက္စာအတြက္လည္း ေက်းဇူး "

Lisaေျပာၿပီး စားပြဲခုံေပၚက အသားညွပ္ေပါင္မုန့္ကိုယူကာ companyကို ထြက္လာလိုက္သည္

"အဲ့ဒီေတာ့ ကြၽန္မက လက္မထပ္ရေသးလို႔ ဝင္ပါခြင့္မရွိဘူးေျပာခ်င္တာလား "

Lisa စားပြဲခုံကို ဘုန္းခနဲရိုက္ၿပီး ေျပာလိုက္သည္

"ဟုတ္တယ္ sweetie မင္းမိဘေတြျဖစ္ေစခ်င္သလို မျဖစ္လာသ၍ မင္းရဲ႕ရွယ္ယာေတြက ငါ့လက္ထဲမွာ  မင္းစကားေျပာခြင့္ရွိတယ္ voteခြင့္မရွိဘူး "

"Mount Kumgang နဲ႕ ပူးေပါင္းလို႔ မရဘူးေလ "

"Companyခ်င္း ပူးေပါင္းတာက ႏွစ္ဦးႏွစ္ဖက္အတြက္ အက်ိဳးရွိတယ္ Lisa..."

"အဲ့companyက လက္နက္ထုတ္စက္႐ုံေတြနဲ႕ ဆက္ႏြယ္ေနတာ ကြၽန္မအေဖက Fund warေတြအတြက္ ဒီ companyကိုတည္ေထာင္ခဲ့တာ မဟုတ္ဘူး ကြၽန္မလက္မခံနိုင္ဘူး "

"မင္းမွာ ဝင္ေရာက္စြက္ဖက္ခြင့္မရွိဘူး ရွယ္ယာရွင္ဘုတ္အဖြဲ႕အစည္း ၁၁ေယာက္က မဲခြဲ voteလိမ့္မယ္ Lisa "

Yoosun စကားေၾကာင့္ Lisa ေတာ္ေတာ္ေလးေဒါသထြက္မိသည္ သူသာ လက္ထပ္ထားရင္ ဗီတိုအာဏာသုံးၿပီး ပယ္ခ်လိဳ႕ရမယ္မဟုတ္လား

အစည္းအေဝးတြင္ ကန့္ကြက္သူ ေလးေယာက္ ေထာက္ခံသူေလးေယာက္နဲ႕ မဲမေပးထားသူ သုံးေယာက္ရွိလာေသာေၾကာင့္ မဲေပးခြင့္ကို ေနာက္ေလးလသို႔သို႔ ေ႐ြ႕ဆိုင္းၿပီး ရွယ္ယာရွင္ေတြကို ျပန္စဥ္းစားခိုင္းတာ Lisaအတြက္ေတာ့ ကံေကာင္းမည္ဟုေျပာရမည္

Lisa သူနဲ႕ခ်ိန္းထားတဲ့သူေတြအားလုံးနဲ႕ေတြ႕ၿပီးေနာက္ သူ႕႐ုံးခန္းကို ျပန္လာတယ္

Lisa laptopနဲ႕ အလုပ္ရႈပ္ေနစဥ္ တံခါးေခါက္သံၾကားေသာေၾကာင့္ Jinwooထင္ၿပီး ဝင္လာခိုင္းလိုက္သည္

"ဝင္ခဲ့ပါ "

"Hello Lisa..."

"Chaeyoung?...Hey ညဆယ္နာရီရွိေနၿပီကို ဘာလာလုပ္တာလည္း "

အထုပ္အပိုးေတြကိုင္ၿပီး သူ႕႐ုံးခန္းထဲဝင္လာတဲ့ Chaeyoungေၾကာင့္ Lisa အံ့ၾသသြားသည္

"ေဆး႐ုံမွာ ငါ့ဂ်ဴတီၿပီးသြားၿပီေလ အဲ့တာ အိမ္ျပန္ရင္း လမ္းႀကဳံလို႔ နင္တို႔ companyေရွ႕က ျဖတ္တာ နင့္႐ုံးခန္းက မီးလင္းေနလို႔ နင္ရွိေနေလာက္တယ္ဆိုၿပီး လာၾကည့္တာ ေၾသာ္ ၿပီးေတာ့ ညစာပါဝယ္လာတယ္ "

"ငါ့အေၾကာင္း နင္အသိဆုံးဘဲ Chaeyoung နင္မရွိဘဲ ငါဘယ္လိုအသက္ရွင္ရပါ့ "

သူ႕ပခုံးေပၚ ကေလးတစ္ေယာက္လို ေခါင္းေလးလာတင္တဲ့ Lisaကို Chaeyoungစေနာက္ၿပီးတြန္းလိုက္သည္

"အပိုေတြေျပာမေနနဲ႕လစ္ "

Chaeyoung ေျပာၿပီး စားစရာေတြနဲ႕တူေတြဇြန္းေတြကိုထုတ္ကာ စားပြဲခုံေပၚတင္လိုက္သည္

"အာ ေနအုံး ငါ ထိုင္ဝမ္ကတစ္ေယာက္နဲ႕ ဖုန္းေျပာစရာရွိတယ္ သိပ္မၾကာပါဘူး ခဏဘဲ "

Chaeyoungလည္းေခါင္းညိတ္ျပၿပီး ဆိုဖာေပၚတြင္ ထိုင္ကာ ဝက္သားဖက္ထုပ္ေၾကာ္ကို တစ္ကိုက္စားလိုက္သည္

ခဏဘဲ သိပ္မၾကာဘူးလို႔ေျပာတဲ့ Lisaမွာ မိနစ္ႏွစ္ဆယ္ေက်ာ္ရွိၿပီျဖစ္ေသာေၾကာင့္ Chaeyoung ဗိုက္အရမ္းဆာေနၿပီး စိတ္မရွည္ေတာ့ဘူးေလ

Lisaကို လက္ေဝွ႕ယမ္းၿပီး အခ်က္ျပေတာ့ Lisaက ငါးမိနစ္ေလာက္ထပ္ေပးဖို႔ လက္ငါးေခ်ာင္းေထာင္ျပစည္

"Gosh "

Chaeyoung ညည္းၫူၿပီး ထပ္ထိုင္ေစာင့္ရျပန္သည္

တ႐ုတ္စကားေျပာေနတဲ့ Lisaကို Chaeyoung ထိုင္ၾကည့္ေနသည္

Lisaက ဘာသာစကားငါးမ်ိဳးေလာက္ကို ထမင္းစားေရေသာက္ ကြၽမ္းကြၽမ္းက်င္က်င္ေျပာနိုင္သည္မွာ သူရဲ႕ ဆြဲေဆာင္မႈရွိတဲ့အရာေတြထဲက တစ္ခုဘဲေလ

"ၿပီးၿပီ Chaeyoung oh...ေအးကုန္ၿပီ ခဏ ငါျပန္ႏႊေးေပးမယ္ "

Lisa စားစရာေတြကို ယူၿပီး သူ႕႐ုံးခန္းထဲက မိုက္ခရိုေဝ့ထဲထည့္ႏႊေးလိုက္သည္

သုံးမိနစ္ၾကာေတာ့ Lisaတို႔ ဆိုဖာေပၚတြင္ ထိုင္ၿပီး ညစာစားၾကၿပီေလ

"Lisa နင္အစားမစားဘဲ ေနတာၾကာလာရင္ အစာအိမ္ျဖစ္မယ္ေနာ္ "

"ဟုတ္ကဲ့ပါ ေဒါက္တာပတ္ခ္ "

Lisa ေျပာင္ေခ်ာ္ေခ်ာ္လုပ္ၿပီး Chaeyoungရဲ႕ ပန္းကန္ထဲက အသားကိုလုစားလိုက္သည္

"oh အသားေလးက ႏူးညံ့လိုက္တာ "

"ခ်ီးထုပ္မ "

"Hey ထမင္းစားေနတာကို "

Lisa သူ႕ကို က်ိန္ဆဲတဲ့ Chaeyoung ကို ရန္လုပ္လိုက္သည္

 
ညစာစားၿပီးေနာက္ Chaeyoung ပါးစပ္က ေဆာစ့္ေတြကို Lisa တစ္ရႉးနဲ႕သုတ္ေပးရင္း ရင္ဖြင့္ေလသည္

"ငါထင္ထားတာထက္ ပိုဆိုးေနၿပီ Chae..ငါ့မွာေလးလဘဲ က်န္ေတာ့မယ္ ဒီေလးလအတြင္း"

"Lisa...ငါ မေန႕ညက နင့္ကိုေျပာခဲ့တာေတြက တကယ္ေျပာတာေနာ္..."

"ငါသိတယ္ Chaeyoung နင့္အတြက္ အဆင္မေျပမွာစိတ္ပူတာ ငါတို႔လက္ထပ္ပြဲကို မီဒီယာေတြေၾကာင့္ တစ္ကမၻာလုံးက သိသြားမယ္ ၿပီးေတာ့ ငါတို႔ကိုေစာင့္ၾကည့္ေနတဲ့ တစ္ကမၻာလုံးကလူေတြ...."

"Hey Lisa Manobanရဲ႕ မိန္းမျဖစ္ရတာဘဲ ဘာအဆင္မေျပစရာရွိလို႔လည္း Roseanne Manobanဆိုတဲ့နာမည္ကလည္း ေခၚရတာ မဆိုးပါဘူး "

Lisa ရယ္ၿပီး သူ စားပြဲခုံမွာထိုင္ၿပီး ဖုန္းေျပာေနတုန္းက Chaeyoung မျမင္ေအာင္ အံဆြဲထဲက ယူၿပီး ေဘာင္းဘီအိတ္ထဲထည့္ထားတဲ့ ဗူးေလးကို ထုတ္ဖြင့္လိုက္သည္

"Doctor Park Chaeyoung ငါ့ကို ကူညီဖို႔ င့ါမိန္းမျဖစ္ေပးနိုင္မလား "

#tbc

Bạn đang đọc truyện trên: Truyen3h.Co