Truyen3h.Co

Business Proposal

Part 10

KimFany059


Chaeyoung အိပ်ရာကနိုးလာတော့ နွေးထွေးပြီး သက်တောင့်သက်သာရှိသလိုခံစားရသည်

ဘာလို့ စောင်ကြီးက ငါ့လည်ပင်းနားကပ်ပြီး အသက်ရှုနေတာပါလိမ့်

Chaeyoung အနောက်ကို လှည့်ကြည့်တော့ သူ့သူငယ်ချင်း Lisaက သူ့ကို ဖက်ခွပြီး အိပ်နေသည်

Lisaကို ကြည့်ပြီး မနေ့ညက အကြောင်းတွေ ဂျယ်ဂျူကို စရောက်ကတည်းက ထူးဆန်းနေတဲ့ Lisa အပြုအမူတွေ ပြီးတော့ မနေ့ညက Lisaသူ့ကို ငိုပြီး ရင်ဖွင့်ခဲ့တာတွေကို သတိရသွားတယ်

Lisa မနိုးအောင် Chaeyoung ထလိုက်ပေမယ့်လည်း Lisaက သူ့ကို ခွထားသော​ကြောင့် Lisa သက်ပြင်းချလိုက်သည်

Lisaက တကယ် အားနည်းတတ်တဲ့ ကောင်မလေးဘဲ... Lisaကို ကြည့်ပြီး Chaeyoung သက်ပြင်းချလိုက်သည်

Lisaအတွက်လည်း Chaeyoung စိတ်မကောင်းဖြစ်မိတယ်

Lisaကို စိတ်ဒုက္ခပေးပြီး ဖျက်စီးခဲ့တဲ့ Emilyကို လိုက်ရှာပြီး မျက်ခွက်ကို ဆယ်ချက်လောက် ဆင့်ထိုးချင်စိတ်တွေ Chaeyoung တဖွားဖွားဖြစ်နေတယ်

ဒီနာကျင်စရာအမှတ်တရတွေကို မှတ်ဥာဏ်တွေကို Lisa တစ်ယောက်တည်း ရင်ဆိုင်နေခဲ့တာ ကြာပြီဘဲ....မနေ့ညက Lisaပြောတာတွေ တိတိကျကျ သိရပြီး Chaeyoung တော်တော်လေး စိတ်မကောင်းဖြစ်နေတယ်

ပြီးတော့ Lisa သူ့ကိုနမ်းခဲ့တာကို သတိရသွားတယ်

Lisaက စိတ်တွေရှုပ်ထွေးပြီး နှစ်သိမ့်မှုလိုနေလို့ သူ့ကို နမ်းတာဖြစ်မယ်လို့ Chaeyoung တွေးလိုက်တယ်

မဟုတ်ရင် သူ့ကို နမ်းစရာအကြောင်းပြချက်မှမရှိတာ ဟုတ်တယ်မလား

ပြီးတော့ clubက ကောင်မလေးကို Lisaနမ်းခဲ့တာကို ကြည့်ခြင်းအားဖြင့် Lisaက...ပျက်စီးနေတာဘဲ Lisaရဲ့စိတ်က ရှုပ်ထွေးနေပြီး တစ်ယောက်ယောက်ကို နမ်းလိုက်တာဖြစ်ဖြစ် အာရုံလွှဲနေမှ စိတ်ငြိမ်းချမ်းနေနိုင်မယ်ထင်တယ်....အဲ့လိုနဲ့များ Emilyပေးတဲ့ ဒဏ်ရာတွေကို ကုသနေသလား

Lisaမနိုးအောင် သူ့ရဲ့နဖူးလေးကို Chaeyoung ဖွဖွလေးနမ်းလိုက်သည်...Lisa အိပ်ဖို့လိုအပ်တယ်လေ သူ့စိတ်ရော လူပါ အနားယူဖို့ လိုအပ်နေတယ်

Chaeyoung လိုက်ကာကနေ တဆင့်အပြင်ကို ကြည့်လိုက်သည်

ဂျယ်ဂျူက အရမ်းလှတာဘဲ...ငယ်ငယ်ကတည်းက Lisaအတွက် အမှတ်တရရှိတဲ့ မြို့လေးပါဘဲ

သူ့သူငယ်ချင်းတွေအကြောင်း ပိုသိခွင့်ရလို့ Chaeyoung ပျော်​နေမိတယ်

သူ့လက်သန်းကြွယ်မှာ စွပ်ထားတဲ့ လက်စွပ်လေးကို Chaeyoung ငုံ့ကြည့်လိုက်သည်

သူက အခုအပျိုမဟုတ်တော့ဘူး လက်ထပ်ပြီးတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပြီ

Lisa အိပ်ရာကနိုးလို့ ထလိုက်တော့ ဆိုဖာ​ပေါ်ထိုင်နေတဲ့ Chaeyoungကို တွေ့ရသည်

"Good Morningပါ Lisa "

Lisaကြည့်ရတာ ခဏလောက် မနေ့ညက အကြောင်းပြန်တွေးနေပုံပေါ်သည် ပြီးမှ Chaeyoungကို ပြန်နှုတ်ဆက်သည်

"GOOD MORNING"

Lisaပြောပြီး ကုတင်ပေါ်က ဆင်းလာသည်

"နေလို့ကောင်းရဲ့လား "

"ကောင်းပါတယ်... အာ မနေ့ညကအတွက် ငါတောင်းပန်ပါတယ် Chaeyoung"

Chaeyoungနဲ့ အကြည့်ချင်းမဆုံရဲလို့ သူ့လက်ကိုသူ ငုံ့ကြည့်ကာ Lisa တောင်းပန်လိုက်သည်

"မလိုပါဘူး နင့်အတွက် ငါအမြဲရှိနေတယ် သိလား "

Chaeyoungပြောပြီး Lisaရဲ့ လက်ကိုကိုင်လိုက်သည်

Lisaကတော့ ဘာမှပြန်မပြောပေ

Lisa စိတ်သက်သာရာရအောင် Chaeyoungကဘဲ စကားထပ်ပြောနေသည်

"အိမ်ပြန်ဖို့ အဝတ်အစားမသိမ်းခင် မနက်စာစားကြမလား "

"ကောင်းတာပေါ့ စားကြမယ် "

အိမ်ပြန်လမ်းတစ်လျှောက်လုံး Chaelisa နှစ်ယောက်သား နမ်းခဲ့တဲ့အကြောင်း ပြန်မပြောကြဘဲ အစမဖော်ဘဲ တိတ်ဆိတ်နေတယ်

Lisaကိုကြည့်ရတာလည်း သူမူးပြီး Chaeyoungကို နမ်းခဲ့လို့ အားနာနေပုံပေါ်နေသည် ဒါကြောင့်လည်း Chaeyoungက ဘာမှမပြောဘဲနေနေတာပေါ့

Emilyနဲ့တွေ့ပြီးနောက် Lisa တော်တော်လေးပျက်စီးသွားခဲ့တာပါ...Chaeyoungနဲ့တွေ့ခါစ ဆယ်နှစ်လောက်တုံးက Lisaက အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်

အချိန်ကြာလာပြီးနောက် Lisaက Chaeyoung သူ့ခံစားချက်တွေကို ဖြည်းဖြည်းချင်းပြသခဲ့သည်

ဒါပေမယ့် Emilyနဲ့တွေ့ပြီးနောက် Lisa  သစ္စာဖောက်ခံရလို့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းမရှိတော့ပေ ...အရက်တွေသောက်ပြီး အခန်းပိတ်နေလို့ Chaeyoungကဘဲ Lisaကို အခန်းထဲကထွက်ဖို့ လုပ်ခဲ့ရသေးသည်

Chaelisaတို့နှစ်ယောက်က တစ်ယောက်အတွက်တစ်ယောက် ရှိနေကြတာတော့ အမှန်ပင်

Yoon Hyunဆီ​က သစ္စာဖောက်ခံရတုန်းက ငိုပြီး ရေခဲမုန့်စားနေတဲ့ Chaeyoungကို Lisa ဘာမှမမေးဘဲ Chaeyoungဘက်က ဖွင့်​ပြောလာတဲ့အထိ ထိုင်စောင့်ပေးခဲ့သည်

နောက်ဆုံးတော့ Chaelisaတို့ Lisaရဲ့ အိမ်ကိုရောက်လာကြသည်

Lisaနဲ့ လက်ထပ်ပြီးတဲ့အတွက် Lisaအိမ်ကို Chaeyoung လိုက်နေခြင်း ဖြစ်သည်

"နင့်အဝတ်အစားတွေ ဒီမှာမရှိဘူး မဟုတ်လား Chae...နောက်နေ့မှ Jennieတို့ကို အကူအညီတောင်းပြီး သွားယူပေါ့ ငါ့ဒရိုင်ဘာ Ryderကိုလည်း ပြောထားလိုက်မယ် နင့်အိမ်ကို လိုက်ပို့ပေးဖို့ "

"ရပါတယ် Jenတို့ကို ခေါ်ပြီးဘဲ သွားလိုက်မယ် နင့်ဒရိုင်ဘာတွေမလိုပါဘူး "

"Ok ကောင်းပြီလေ ဒါဆို အိမ်ထဲကို ဝင်ကြစို့ နေပါအုံး come on'

Chaeyoung ကို သတို့သမီးစတိုင်လို Lisa ရုတ်တရက် ပွေ့ချီလိုက်သောကြောင့် Chaeyoung လန့်သွားတယ်

"ငါတို့က ဟန်းနီးမွန်းကခုမှ ပြန်လာတဲ့ လက်ထပ်ခါစ အတွဲလေ အဲ့ဒီတော့ ကိုယ့်မိန်းမကို အိမ်ထဲ ပွေ့ချီပြီး ခေါ်ရမှာပေါ့ ဟုတ်တယ်မလား "

စကားတတ်လွန်းတဲ့ Lisaကြောင့် Chaeyoung Lisaရဲ့လည်ပင်းမှာ မျက်နှာလေးအပ်ပြီး ရယ်လိုက်သည်

ထို့နောက် Chaeyoungကို သူ့အခန်းထဲသို့ Lisa ပွေ့ချီခေါ်လာသည်

"Jinwooက ဘယ်အချိန် ငါတို့ကို လာချောင်းကြည့်မယ်မှန်းမသိလို့ နင် ငါ့အခန်းမှာ အိပ်လိုက်နော် ငါကတော့ ဧည့်သည်တွေအတွက် ထားထားတဲ့အခန်းမှာ အိပ်လိုက်မယ် ငါ့ပစ္စည်းတွေကတော့ ဒီအခန်းထဲထားထားမယ်ဆိုပေမယ့် နင့်ကိုအနှောင့်အယှက်မပေးပါဘူး"

"အင်းပါ... '

"ဒါဆို ငါတို့ ဝန်ထမ်းအိမ်ဖော်တွေနဲ့တွေ့ရအောင် "

Chaelisaတို့အဝတ်အစားလဲပြီးနောက် ဝန်ထမ်းအိမ်ဖော်တွေကို ဧည့်ခန်းမှာတွေ့ဖို့ လူစုလိုက်သည်

"Welcome Home Miss Maboban "

"ကြိုဆိုပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်မက လက်ထပ်ပြီးသွားပြီဆိုတာ အားလုံးလည်း သိကြတယ်မဟုတ်လား ...Chaeyoungကို ကျွန်မရဲ့ သူငယ်ချင်းလို့ အားလုံးသိကြတယ်မဟုတ်လား ခုတော့ သူငယ်ချင်းက ကျွန်မရဲ့ အမျိုးသမီး ဖြစ်သွားပါပြီ ဒါကြောင့်မို့လို့ သူ့ကိုမလေးမစားဆက်ဆံတာမျိုး မလုပ်ဘဲ respectရှိပေးပါ သူ့ကိုကလန်ကဆန်လုပ်တာမျိူး မလေးမစားလုပ်တဲ့သူတွေရှိရင် မေးခွန်းမမေးဘဲ တန်းထုတ်ပစ်မယ်ဆိုတာ သိထားပေးပါ"

Chaeyoungရဲ့ လက်ကိုကိုင်ပြီး Lisa အိမ်ဖော်ဝန်ထမ်းတွေကို သတိပေးလိုက်သည်

"ပြောတာကို နားလည်ကြလား "

"ဟုတ် နားလည်ပါတယ် "

ဝန်ထမ်းတွေက သံပြိုင်ဖြေတော့ Lisa ခေါင်းညိတ်လိုက်သည်

"ကောင်းပြီ လုပ်စရာရှိတာ ဆက်လုပ်လို့ရပြီ "

ဝန်ထမ်းတွေလည်း ထွက်သွားရော Lisaမှာ Chaeyoungကို ပြုံးပြလိုက်သည်

"Chae...ငါအလုပ်လုပ်လိုက်အုံးမယ် ဒီအိမ်ကို နင့်အိမ်လို့ သဘောထားပြီး သက်တောင့်သက်သာ နေနော် လိုချင်တာရှိရင် သူတို့ကိုပြောလိုက် စားချင်တာရှိရင် သူတို့ကို လုပ်ခိုင်းလိုက် အားနာစရာမလိုဘူး သိလား နင်က ဒီအိမ်ရဲ့သခင်မဖြစ်နေပြီ...အရာအားလုံးနဲ့ပတ်သက်ပြီး နင့်ကို ပျော်စေချင်တယ် ဒီအိမ်မှာပျော်ပျော်သာနေသိလား မကြိုက်တာရှိရင် အကုန်ပြောင်းပစ် စိတ်ကြိုက်လုပ်သိလား"

"အခုကို ငါ့အိမ်လို့ ခံစားရပြီး နွေးထွေးနေပါပြီ Lisaရယ် ကျေးဇူးတင်ပါတယ် "

"မဟုတ်တာ ကျေးဇူးတင်ရမှာက ငါပါ နင်က ငါ့ကိုကယ်တင်ခဲ့တာ နင်သာမရှိရင် ငါဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး "

"Hey အဲ့လိုလည်း မဟုတ်ဘူးလေ နင်က သန်မာပါတယ် Lisaရ "

"ဘာဘဲဖြစ်နေနေ နင့်အပေါ်မှာ ငါအကြွေးတင်သွားပြီ Chaeyoung ဒီတော့ နင့်ကိုအကြွေးပြန်ဆပ်နိုင်မယ့် အချိန်ထိ ဒီမှာဘဲနေရမယ် အင်း အကြွေးမဆပ်ဘဲ နေလိုက်ရမလားဘဲ "

Lisaက စနောက်တော့ Chaeyoungက ရယ်လိုက်သည်

#tbc

မကြာခင် အစပ်မုန်တိုင်းလာနိုင်ချေရှိသည် xD

#zawgyi

Chaeyoung အိပ္ရာကနိုးလာေတာ့ ႏြေးေထြးၿပီး သက္ေတာင့္သက္သာရွိသလိုခံစားရသည္

ဘာလို႔ ေစာင္ႀကီးက ငါ့လည္ပင္းနားကပ္ၿပီး အသက္ရႈေနတာပါလိမ့္

Chaeyoung အေနာက္ကို လွည့္ၾကည့္ေတာ့ သူ႕သူငယ္ခ်င္း Lisaက သူ႕ကို ဖက္ခြၿပီး အိပ္ေနသည္

Lisaကို ၾကည့္ၿပီး မေန႕ညက အေၾကာင္းေတြ ဂ်ယ္ဂ်ဴကို စေရာက္ကတည္းက ထူးဆန္းေနတဲ့ Lisa အျပဳအမူေတြ ၿပီးေတာ့ မေန႕ညက Lisaသူ႕ကို ငိုၿပီး ရင္ဖြင့္ခဲ့တာေတြကို သတိရသြားတယ္

Lisa မနိုးေအာင္ Chaeyoung ထလိုက္ေပမယ့္လည္း Lisaက သူ႕ကို ခြထားေသာေၾကာင့္ Lisa သက္ျပင္းခ်လိဳက္သည္

Lisaက တကယ္ အားနည္းတတ္တဲ့ ေကာင္မေလးဘဲ... Lisaကို ၾကည့္ၿပီး Chaeyoung သက္ျပင္းခ်လိဳက္သည္

Lisaအတြက္လည္း Chaeyoung စိတ္မေကာင္းျဖစ္မိတယ္

Lisaကို စိတ္ဒုကၡေပးၿပီး ဖ်က္စီးခဲ့တဲ့ Emilyကို လိုက္ရွာၿပီး မ်က္ခြက္ကို ဆယ္ခ်က္ေလာက္ ဆင့္ထိုးခ်င္စိတ္ေတြ Chaeyoung တဖြားဖြားျဖစ္ေနတယ္

ဒီနာက်င္စရာအမွတ္တရေတြကို မွတ္ဥာဏ္ေတြကို Lisa တစ္ေယာက္တည္း ရင္ဆိုင္ေနခဲ့တာ ၾကာၿပီဘဲ....မေန႕ညက Lisaေျပာတာေတြ တိတိက်က် သိရၿပီး Chaeyoung ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနတယ္

ၿပီးေတာ့ Lisa သူ႕ကိုနမ္းခဲ့တာကို သတိရသြားတယ္

Lisaက စိတ္ေတြရႈပ္ေထြးၿပီး ႏွစ္သိမ့္မႈလိုေနလို႔ သူ႕ကို နမ္းတာျဖစ္မယ္လို႔ Chaeyoung ေတြးလိုက္တယ္

မဟုတ္ရင္ သူ႕ကို နမ္းစရာအေၾကာင္းျပခ်က္မွမရွိတာ ဟုတ္တယ္မလား

ၿပီးေတာ့ clubက ေကာင္မေလးကို Lisaနမ္းခဲ့တာကို ၾကည့္ျခင္းအားျဖင့္ Lisaက...ပ်က္စီးေနတာဘဲ Lisaရဲ႕စိတ္က ရႈပ္ေထြးေနၿပီး တစ္ေယာက္ေယာက္ကို နမ္းလိုက္တာျဖစ္ျဖစ္ အာ႐ုံလႊဲေနမွ စိတ္ၿငိမ္းခ်မ္းေနနိုင္မယ္ထင္တယ္....အဲ့လိုနဲ႕မ်ား Emilyေပးတဲ့ ဒဏ္ရာေတြကို ကုသေနသလား

Lisaမနိုးေအာင္ သူ႕ရဲ႕နဖူးေလးကို Chaeyoung ဖြဖြေလးနမ္းလိုက္သည္...Lisa အိပ္ဖို႔လိုအပ္တယ္ေလ သူ႕စိတ္ေရာ လူပါ အနားယူဖို႔ လိုအပ္ေနတယ္

Chaeyoung လိုက္ကာကေန တဆင့္အျပင္ကို ၾကည့္လိုက္သည္

ဂ်ယ္ဂ်ဴက အရမ္းလွတာဘဲ...ငယ္ငယ္ကတည္းက Lisaအတြက္ အမွတ္တရရွိတဲ့ ၿမိဳ႕ေလးပါဘဲ

သူ႕သူငယ္ခ်င္းေတြအေၾကာင္း ပိုသိခြင့္ရလို႔ Chaeyoung ေပ်ာ္ေနမိတယ္

သူ႕လက္သန္းႂကြယ္မွာ စြပ္ထားတဲ့ လက္စြပ္ေလးကို Chaeyoung ငုံ႕ၾကည့္လိုက္သည္

သူက အခုအပ်ိဳမဟုတ္ေတာ့ဘူး လက္ထပ္ၿပီးတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ေနၿပီ

Lisa အိပ္ရာကနိုးလို႔ ထလိုက္ေတာ့ ဆိုဖာေပၚထိုင္ေနတဲ့ Chaeyoungကို ေတြ႕ရသည္

"Good Morningပါ Lisa "

Lisaၾကည့္ရတာ ခဏေလာက္ မေန႕ညက အေၾကာင္းျပန္ေတြးေနပုံေပၚသည္ ၿပီးမွ Chaeyoungကို ျပန္ႏႈတ္ဆက္သည္

"GOOD MORNING"

Lisaေျပာၿပီး ကုတင္ေပၚက ဆင္းလာသည္

"ေနလို႔ေကာင္းရဲ႕လား "

"ေကာင္းပါတယ္... အာ မေန႕ညကအတြက္ ငါေတာင္းပန္ပါတယ္ Chaeyoung"

Chaeyoungနဲ႕ အၾကည့္ခ်င္းမဆုံရဲလို႔ သူ႕လက္ကိုသူ ငုံ႕ၾကည့္ကာ Lisa ေတာင္းပန္လိုက္သည္

"မလိုပါဘူး နင့္အတြက္ ငါအၿမဲရွိေနတယ္ သိလား "

Chaeyoungေျပာၿပီး Lisaရဲ႕ လက္ကိုကိုင္လိုက္သည္

Lisaကေတာ့ ဘာမွျပန္မေျပာေပ

Lisa စိတ္သက္သာရာရေအာင္ Chaeyoungကဘဲ စကားထပ္ေျပာေနသည္

"အိမ္ျပန္ဖို႔ အဝတ္အစားမသိမ္းခင္ မနက္စာစားၾကမလား "

"ေကာင္းတာေပါ့ စားၾကမယ္ "

အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး Chaelisa ႏွစ္ေယာက္သား နမ္းခဲ့တဲ့အေၾကာင္း ျပန္မေျပာၾကဘဲ အစမေဖာ္ဘဲ တိတ္ဆိတ္ေနတယ္

Lisaကိုၾကည့္ရတာလည္း သူမူးၿပီး Chaeyoungကို နမ္းခဲ့လို႔ အားနာေနပုံေပၚေနသည္ ဒါေၾကာင့္လည္း Chaeyoungက ဘာမွမေျပာဘဲေနေနတာေပါ့

Emilyနဲ႕ေတြ႕ၿပီးေနာက္ Lisa ေတာ္ေတာ္ေလးပ်က္စီးသြားခဲ့တာပါ...Chaeyoungနဲ႕ေတြ႕ခါစ ဆယ္ႏွစ္ေလာက္တုံးက Lisaက အရမ္းရွက္တတ္တဲ့ေကာင္မေလးတစ္ေယာက္

အခ်ိန္ၾကာလာၿပီးေနာက္ Lisaက Chaeyoung သူ႕ခံစားခ်က္ေတြကို ျဖည္းျဖည္းခ်င္းျပသခဲ့သည္

ဒါေပမယ့္ Emilyနဲ႕ေတြ႕ၿပီးေနာက္ Lisa  သစၥာေဖာက္ခံရလို႔ လူေတြနဲ႕ ေပါင္းသင္းဆက္ဆံျခင္းမရွိေတာ့ေပ ...အရက္ေတြေသာက္ၿပီး အခန္းပိတ္ေနလို႔ Chaeyoungကဘဲ Lisaကို အခန္းထဲကထြက္ဖို႔ လုပ္ခဲ့ရေသးသည္

Chaelisaတို႔ႏွစ္ေယာက္က တစ္ေယာက္အတြက္တစ္ေယာက္ ရွိေနၾကတာေတာ့ အမွန္ပင္

Yoon Hyunဆီက သစၥာေဖာက္ခံရတုန္းက ငိုၿပီး ေရခဲမုန့္စားေနတဲ့ Chaeyoungကို Lisa ဘာမွမေမးဘဲ Chaeyoungဘက္က ဖြင့္ေျပာလာတဲ့အထိ ထိုင္ေစာင့္ေပးခဲ့သည္

ေနာက္ဆုံးေတာ့ Chaelisaတို႔ Lisaရဲ႕ အိမ္ကိုေရာက္လာၾကသည္

Lisaနဲ႕ လက္ထပ္ၿပီးတဲ့အတြက္ Lisaအိမ္ကို Chaeyoung လိုက္ေနျခင္း ျဖစ္သည္

"နင့္အဝတ္အစားေတြ ဒီမွာမရွိဘူး မဟုတ္လား Chae...ေနာက္ေန႕မွ Jennieတို႔ကို အကူအညီေတာင္းၿပီး သြားယူေပါ့ ငါ့ဒရိုင္ဘာ Ryderကိုလည္း ေျပာထားလိုက္မယ္ နင့္အိမ္ကို လိုက္ပို႔ေပးဖို႔ "

"ရပါတယ္ Jenတို႔ကို ေခၚၿပီးဘဲ သြားလိုက္မယ္ နင့္ဒရိုင္ဘာေတြမလိုပါဘူး "

"Ok ေကာင္းၿပီေလ ဒါဆို အိမ္ထဲကို ဝင္ၾကစို႔ ေနပါအုံး come on'

Chaeyoung ကို သတို႔သမီးစတိုင္လို Lisa ႐ုတ္တရက္ ေပြ႕ခ်ီလိုက္ေသာေၾကာင့္ Chaeyoung လန့္သြားတယ္

"ငါတို႔က ဟန္းနီးမြန္းကခုမွ ျပန္လာတဲ့ လက္ထပ္ခါစ အတြဲေလ အဲ့ဒီေတာ့ ကိုယ့္မိန္းမကို အိမ္ထဲ ေပြ႕ခ်ီၿပီး ေခၚရမွာေပါ့ ဟုတ္တယ္မလား "

စကားတတ္လြန္းတဲ့ Lisaေၾကာင့္ Chaeyoung Lisaရဲ႕လည္ပင္းမွာ မ်က္ႏွာေလးအပ္ၿပီး ရယ္လိုက္သည္

ထို႔ေနာက္ Chaeyoungကို သူ႕အခန္းထဲသို႔ Lisa ေပြ႕ခ်ီေခၚလာသည္

"Jinwooက ဘယ္အခ်ိန္ ငါတို႔ကို လာေခ်ာင္းၾကည့္မယ္မွန္းမသိလို႔ နင္ ငါ့အခန္းမွာ အိပ္လိုက္ေနာ္ ငါကေတာ့ ဧည့္သည္ေတြအတြက္ ထားထားတဲ့အခန္းမွာ အိပ္လိုက္မယ္ ငါ့ပစၥည္းေတြကေတာ့ ဒီအခန္းထဲထားထားမယ္ဆိုေပမယ့္ နင့္ကိုအႏွောင့္အယွက္မေပးပါဘူး"

"အင္းပါ... '

"ဒါဆို ငါတို႔ ဝန္ထမ္းအိမ္ေဖာ္ေတြနဲ႕ေတြ႕ရေအာင္ "

Chaelisaတို႔အဝတ္အစားလဲၿပီးေနာက္ ဝန္ထမ္းအိမ္ေဖာ္ေတြကို ဧည့္ခန္းမွာေတြ႕ဖို႔ လူစုလိုက္သည္

"Welcome Home Miss Maboban "

"ႀကိဳဆိုေပးလို႔ ေက်းဇူးတင္ပါတယ္ ကြၽန္မက လက္ထပ္ၿပီးသြားၿပီဆိုတာ အားလုံးလည္း သိၾကတယ္မဟုတ္လား ...Chaeyoungကို ကြၽန္မရဲ႕ သူငယ္ခ်င္းလို႔ အားလုံးသိၾကတယ္မဟုတ္လား ခုေတာ့ သူငယ္ခ်င္းက ကြၽန္မရဲ႕ အမ်ိဳးသမီး ျဖစ္သြားပါၿပီ ဒါေၾကာင့္မို႔လို႔ သူ႕ကိုမေလးမစားဆက္ဆံတာမ်ိဳး မလုပ္ဘဲ respectရွိေပးပါ သူ႕ကိုကလန္ကဆန္လုပ္တာမ်ိဴး မေလးမစားလုပ္တဲ့သူေတြရွိရင္ ေမးခြန္းမေမးဘဲ တန္းထုတ္ပစ္မယ္ဆိုတာ သိထားေပးပါ"

Chaeyoungရဲ႕ လက္ကိုကိုင္ၿပီး Lisa အိမ္ေဖာ္ဝန္ထမ္းေတြကို သတိေပးလိုက္သည္

"ေျပာတာကို နားလည္ၾကလား "

"ဟုတ္ နားလည္ပါတယ္ "

ဝန္ထမ္းေတြက သံၿပိဳင္ေျဖေတာ့ Lisa ေခါင္းညိတ္လိုက္သည္

"ေကာင္းၿပီ လုပ္စရာရွိတာ ဆက္လုပ္လို႔ရၿပီ "

ဝန္ထမ္းေတြလည္း ထြက္သြားေရာ Lisaမွာ Chaeyoungကို ၿပဳံးျပလိုက္သည္

"Chae...ငါအလုပ္လုပ္လိုက္အုံးမယ္ ဒီအိမ္ကို နင့္အိမ္လို႔ သေဘာထားၿပီး သက္ေတာင့္သက္သာ ေနေနာ္ လိုခ်င္တာရွိရင္ သူတို႔ကိုေျပာလိုက္ စားခ်င္တာရွိရင္ သူတို႔ကို လုပ္ခိုင္းလိုက္ အားနာစရာမလိုဘူး သိလား နင္က ဒီအိမ္ရဲ႕သခင္မျဖစ္ေနၿပီ...အရာအားလုံးနဲ႕ပတ္သက္ၿပီး နင့္ကို ေပ်ာ္ေစခ်င္တယ္ ဒီအိမ္မွာေပ်ာ္ေပ်ာ္သာေနသိလား မႀကိဳက္တာရွိရင္ အကုန္ေျပာင္းပစ္ စိတ္ႀကိဳက္လုပ္သိလား"

"အခုကို ငါ့အိမ္လို႔ ခံစားရၿပီး ႏြေးေထြးေနပါၿပီ Lisaရယ္ ေက်းဇူးတင္ပါတယ္ "

"မဟုတ္တာ ေက်းဇူးတင္ရမွာက ငါပါ နင္က ငါ့ကိုကယ္တင္ခဲ့တာ နင္သာမရွိရင္ ငါဘာလုပ္ရမွန္းသိမွာမဟုတ္ဘူး "

"Hey အဲ့လိုလည္း မဟုတ္ဘူးေလ နင္က သန္မာပါတယ္ Lisaရ "

"ဘာဘဲျဖစ္ေနေန နင့္အေပၚမွာ ငါအေႂကြးတင္သြားၿပီ Chaeyoung ဒီေတာ့ နင့္ကိုအေႂကြးျပန္ဆပ္နိုင္မယ့္ အခ်ိန္ထိ ဒီမွာဘဲေနရမယ္ အင္း အေႂကြးမဆပ္ဘဲ ေနလိုက္ရမလားဘဲ "

Lisaက စေနာက္ေတာ့ Chaeyoungက ရယ္လိုက္သည္

#tbc

မၾကာခင္ အစပ္မုန္တိုင္းလာနိုင္ေခ်ရွိသည္ xD

Bạn đang đọc truyện trên: Truyen3h.Co