Part 9
ဂျယ်ဂျူမှာ အားပါးတရလည်ပြီး နောက်ဆုံးနေ့တွင် Chaelisaတို့ ကလပ်ကို ရောက်နေသည်
Lisaမှာ အရင်ကထက်ပိုပြီး တိတ်ဆိတ်ငြိမ်သက်နေတယ် သူတို့တွေပျော်ခဲ့ကြပေမယ့် Lisaရဲ့ စိတ်က တစ်နေရာရာကိုရောက်နေတယ်
ကလပ်မှာ Chaelisaတို့ အရက်မှာပြီးထိုင်သောက်နေကြသည်
Chaeyoungမှာ မတက်ကြွနေတဲ့ Lisaကို Dancing Floorသို့ ဆွဲခေါ်လာပေမယ့် ခဏကပြီး ပင်ပန်းလို့ဆိုပြီး Lisa သွားထိုင်ပြန်သည်
Chaeyoungလည်း လိုက်မခေါ်တော့ဘဲ အနားမှာရှိတဲ့ကောင်လေးတစ်ယောက်နဲ့ကခုန်နေသည်
Lisaမှာ သက်ပြင်းချပြီး clubမှာရှိတဲ့ Barတွင် သွားထိုင်သောက်နေသည်
"တစ်ယောက်တည်းလား ကိုယ် အရက်ဝယ်တိုက်ရမလား မိန်းကလေး "
ကောင်လေးတစ်ယောက်က Lisaကို လာကြောင်တော့ Lisaမှာ သူ့လက်သန်းကြွယ်က လက်စွပ်ကိုပြလိုက်သည်
"Sorry ပိုင်ရှင်ရှိပါတယ် "
"shit ဘယ်လိုလူကများ လက်ထပ်ထားတဲ့ကောင်မလေးကို ပလစ်ထားတာလည်း "
"မပလစ်ပါဘူး ဟိုဘက်မှာရှိပါတယ် "
Lisa ကခုန်နေတဲ့ Chaeyoungကို လက်ညိုးထိုးကာ ပြောလိုက်သည်
ကောင်လေးလည်းထွက်သွားရော bartender ကောင်မလေးက Lisaကို ပြုံးကြည့်နေသည်
"Lesbian အတွဲလား ဟန်းနီးမွန်းထွက်လာတာလား..."
"ဟုတ်တယ် နောက်တစ်ခွက်လောက် "
bartenderက အရက်ထည့်ပေးရင်း ထပ်မေးလိုက်သည်
"ဆံပင်ရွှေရောင်နဲ့တစ်ယောက်လား "
"ဟုတ်တယ် သူကငါ့မိန်းမဘဲ "
"သူက လှသားဘဲ "
"ဟုတ်တယ်နော် မင်းလည်းလှပါတယ် "
Lisaမှာ သူ့ကိုပြုံးပြီး ကြည့်နေတဲ့ bartenderကို ပြန်ချီးကျူးလိုက်သည်
Lisaမှာ ကောင်မလေးနဲ့စကားပြောနေရင်း Dancing floorက Chaeyoungကိုလည်း မျက်စိအောက်က အပျောက်မခံပေ သူငယ်ချင်းဆိုတော့ ဂရုစိုက်ပေးရမယ် မဟုတ်လား
bartender ကောင်မလေးနဲ့ စကားပြောရတာလည်း တစ်ခုတော့ကောင်းပါတယ် Lisa သူ့အတိတ်ကအမှတ်တရဆိုးတွေကို မတွေးမိတော့ဘူးလေ
ဂျယ်ဂျူက အမှတ်တရတွေက Lisaကို ရောက်ကတည်းနှိပ်စက်နေပေမယ့် ဂျယ်ဂျူကို ပို့ပေးတဲ့ Somiတို့ကို အပြစ်မတင်ရက်ပါ သူတို့က ဂျယ်ဂျူကအကြောင်းတွေမသိဘူးလေ
"ရှင့်မိန်းမ တစ်ခြားသူတွေနဲ့ တွဲကနေတာကို သဝန်မတိုဘူးလား "
"မတိုပါဘူး သူ့ကိုငါယုံတယ်လေ "
Lisa နည်းနည်းမူးနေပြီမို့လို့ စကားပြောတာတွေက လေးလံနေသည်
"သဝန်မတိုတတ်ဘူးပေါ့ ချစ်ဖို့ကောင်းလိုက်တာ "
ကောင်မလေးက Lisa လက်မောင်းကို လာကိုင်တော့ Lisa သဘောကျပြီး ပြုံးလိုက်သည်
ကောင်မလေးတွေက သူ့ကိုလာထိတွေ့ရင် Lisa သဘောကျတယ်လေ
"အိုး ကျွန်မရဲ့ နားချိန်ရောက်ပြီဘဲ ခဏသွားနားမလို့ အမူးပြေချင်ရင် လိုက်ခဲ့လို့ရတယ်နော် "
Bartender ကောင်မလေးမှာ Lisaကို မျက်စိမှိတ်ပြပြီး ပြောလိုက်သည်
ဒါက အချက်ပြတာဘဲလို့ Lisa တွေးပြီး ကောင်မလေးနောက်ကို လိုက်သွားသည်
အိမ်သာထဲတွင် ကောင်မလေးနဲ့ Lisaမှာ နှုတ်ခမ်းချင်းစုပ်နမ်းနေကြသည်
ကောင်မလေးကို ဘေစင်ပေါ်တွင်ပြီး ကောင်မလေးရဲ့ ရင်သားနှစ်ဖက်ကို Lisaဆုပ်နယ်လိုက်သည်
"humm..."
ကောင်မလေးရဲ့ ညည်းညူသံကြောင့် Lisaရဲ့ စိတ်တွေပိုကြွလာသည်
ကောင်မလေးနဲ့နမ်းရင်း ကောင်မလေးမှာ Lisaဘောင်းဘီဇစ်ကို ဆွဲဖြုတ်တော့ Lisa moanရင်း Chaeyoungကို တွေးမိသွားတယ်
Chaeyoung.....
"ငါတို့လက်ထပ်ထားတဲ့ အချိန်အတောအတွင်း တစ်ယောက်ယောက်ကို ငါတွေ့ခဲ့ရင် နင့်ကို အရင်ပြောပြ ပါမယ် Lisa...နင်လည်း အဲ့လိုမျိုးတွေ့လာရင် ငါ့ကိုပြောပြမယ်လို့ ကတိပေး "
Lisa အရမ်းမူးနေပေမယ့် Chaeyoungရဲ့စကားတွေ ပြန်ကြားယောင်လာတယ်
"Shit...ငါ ကတိပေးခဲ့တာဘဲ ငါကတိဖျက်မိတော့မလို့ Excuse me "
Bartender ကောင်မလေးကို တွန်းလွှတ်ပြီး Lisa အိမ်သာထဲကနေ ဒယိမ်းဒယိုင်နဲ့ထွက်လာသည်
Lisa clubကို ပြန်လာပြီး Chaeyoungကို အာရုံစိုက်ကာ လိုက်ရှာနေသည် မြင်ကွင်းတွေက ဝေဝါးနေပြီး Lisa ပင်ပန်းလာတယ်
သူ့သူငယ်ချင်းကို ဘယ်မှာမှမတွေ့ရလို့ Lisa လူအုပ်ထဲ အထီးကျန်သလိုခံစားလာရပြီး မေ့လဲသွားချင်လာသလို ခံစားနေရပြီ
Lisa မျက်လုံးကိုမှိတ်ပြီး စိတ်လျော့ကာ Chaeyoungကို ရှာဖို့ကြိုးစားသည်
သို့သော် Emilyကိုသာ မြင်ယောင်လာသည်
Emilyရဲ့ Moanသံနဲ့ ပြီးတော့မယ်ဆိုပြီး အော်နေတဲ့အသံကို Lisa ကြားယောင်လာသည်
Lisa ခေါင်းခါယမ်းပြီး သူ့အတွေးတွေပျောက်သွားဖို့ နှင်ထုတ်နေသည်
Emilyက သူစိမ်းတစ်ယောက်အပေါ်တက်ခွစီးရင်း fuckခံနေတာ....Lisaက ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ ပန်းစီးနဲ့အတူ သူ့ရည်းစား တစ်ခြားတစ်ယောက်နဲ့ sexလုပ်နေတာကို တံခါးပေါက်ကနေ တွေ့ခဲ့ရတာ
ဒါ့အပြင် သူစိမ်းတစ်ယောက်ကို blowjobလုပ်ပေးနေတဲ့ Emily...Lisaကိုတောင် သတိမထားမိနိုင်တဲ့အထိ ဖြစ်ချင်သလိုဖြစ်နေတဲ့ Emilyကို Lisa ခေါင်းထဲက ထုတ်ပြီး မျက်လုံးဖွင့်လိုက်တော့ Chaeyoungကို သူစိမ်းယောက်ျားတစ်ယောက်နဲ့တွဲကာနေတာ မြင်လိုက်ရသည်
Lisa ဒေါသထွက်လွန်းလို့ မျက်လုံးတွေပါ နီရဲလာတယ်
လူတွေကို တွန်းဖယ်ပြီး သူ့မိန်းမ သူ့အမျိုးသမီး Chaeyoungဆီ Lisaရအောင်သွားသည်
"သူ့ဘေးကဖယ်စမ်း ချီး "
Lisaမှာ Chaeyoungနဲ့တွဲကနေတဲ့ ယောက်ျားကို ဆွဲထိုးလေသည်
"Lisa ဘာဖြစ်တာလည်း "
Chaeyoungမှာ ထပ်ထိုးဖို့ရွယ်နေတဲ့ Lisaကို တားလေသည်
"သူက ငါ့မိန်းမကွ ခွေးသားရ "
"ဒီခွေးမ ဘာဖြစ်ချင်နေတာလည်း "
Chaeyoungမှာ Lisa ကလပ်ထဲရန်ဖြစ်တယ်ဆိုပြီး သတင်းခေါင်းစဥ်အတပ်မခံရအောင် ဘယ်သူမှသတိမထားမိခင် Lisaကို ကလပ်ထဲကနေ အမြန်ဆွဲခေါ်လာသည်
ဟိုတယ်အခန်းကို ပြန်ရောက်တဲ့အခါတွင် မူးနေတဲ့ Lisaကို ရေတစ်ဗူးပေးလိုက်သည်
"Lisa ဘာတွေဖြစ်နေတာလည်း "
"ငါ... Bartenderကို...နမ်းခဲ့တယ် "
Lisa ရေဘူးဖွင့်ရင်း ပြောလိုက်သည်
Lisa စကားကြောင့် Chaeyoung နည်းနည်းတော့ စိတ်ပျက်သွားတယ်
ငါတို့က ဟန်ဆောင်လက်ထပ်ထားတာဘဲလေ... စိတ်ပျက်လို့မှမရတာ Lisaလည်း သူကြိုက်တဲ့သူနဲ့တွဲခွင့်ရှိပါတယ် ဒါပေမယ့်... ဒါကြီးကတော့ လွန်တယ်မလား....
"ကောင်းပြီ နင်တို့..."
"မဟုတ်ဘူး မဟုတ်ပါဘူး ငါတို့အဲ့အခြေအနေထိခဲ့မရောက်ဘူးရယ်...ငါတကယ်တောင်းပန်ပါတယ် "
Chaeyoung ကို မရင်ဆိုင်ရဲလို့ Lisa ခေါင်းငုံ့ပြီးတောင်းပန်လိုက်သည်
"နင် ဘာတွေဖြစ်နေတာလည်း Lisa...နင့်ပုံစံက ထူးဆန်းနေပြီး ငါ့ကို စကားလည်းမပြောဘူး.."
Lisaရဲ့ မျက်နှာကို ဆွဲကိုင်ပြီး Chaeyoungမေးလိုက်သည်
"အဲ့လူကို နင်ဆွဲထိုးခဲ့တယ်နော် Lisa...နင် အဲ့လိုမဟုတ်ပါဘူး နင်စိတ်ထင်သလို အဲ့လိုမလုပ်တတ်ပါဘူး Lisa ဘာတွေဖြစ်နေတာလည်း "
"သူက...သူ့ dickက နင့်...."
"Hey နင်အမြင်မှားတာနေမှာပါ ငါတို့အဲ့လောက်ထိ နီးနီးကပ်ကပ်ကြီးမကသလို ငါ့ကိုအဲ့လိုလာလုပ်တာကိုလည်း လက်မခံပါဘူးဟ "
ဒါဆို Lisa...အမြင်မှားနေတာဘဲ သူ...Chaeyoungကို သဝန်တိုပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာ
"ငါ့ကို စကားပြောစမ်းပါ Lisaရ ငါနင့်အတွက်ရှိနေပါတယ် ဘယ်သူက ဘယ်အရာက နင့်ကိုနာကျင်စေပြီး ခုလိုမျိုးဖြစ်အောင်လုပ်နေတာလည်း "
Emilyကတစ်မျိုး မိဘသေဆုံးမှုကြောင့်တစ်မျိူး စိတ်တွေရှုပ်ထွေးနေတဲ့ Lisaကို Chaeyoung တောင်းပန်လိုက်သည်
"Emily....Emilyက အဲ့ကောင်ကို blowjobလုပ်ပေးခဲ့တာ...ငါ ငါက သူ့အတွက် မလုံလောက်ဘူး ထင်..."
Lisaကို Chaeyoung သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်
"ငါ Emilyကို ဂျယ်ဂျူကိုခေါ်လာခဲ့တာ သူနဲ့ငါ ခဏခဏရန်ဖြစ်ပေမယ့် ပြန်အဆင်ပြေစေချင်လို့ ဒီကိုခေါ်လာခဲ့တာ သူကထပ်ပြီး စိတ်ဆိုးပြန်တယ် ငါတို့relarionshipနဲ့ပတ်သက်လို့ ငါကဘာမှမသိလို့တဲ့...ဒါပေမယ့် ငါ့ဘက်က သူက ငါ့ကမ္ဘာ သူကငါ့အတွက် ဘယ်လောက်အရေးပါကြောင်း ပြချင်ခဲ့တာ သူမသိဘူး ဒါကြောင့် ငါအပျော်ဆုံးနေရာကို သူ့ခေါ်လာခဲ့တယ် ဂျယ်ဂျူမှာ ငါတို့ပျော်ခဲ့တယ် ငါတို့...အချစ်တွေဖန်တီးခဲ့တယ် ငါသူ့ကိုသိပ်ချစ်ခဲ့တာလေ ငါ့စိတ်ထဲမှာ စီစဥ်ထားတဲ့ အစီအစဥ်တွေအကြောင်း သူ့ကိုပြောပြတယ် သူနဲ့ငါ လက်ထပ်ပြီး မိသားစုတစ်ခုတည်ထောင်မယ့်အကြောင်း ...အဲ့တာနဲ့သူက ငါတို့အကြောင်းကို publicချပြဖို့ ပြောတယ် ငါက ခုချက်ချင်းချပြဖို့ အဆင်မပြေကြောင်းပြောတော့ ငါတို့ထပ်ရန်ဖြစ်ကြတယ် အဲ့တာနဲ့ သူ ငါ့ကိုစိတ်ဆိုးသွားတယ် နောက်ရက်မှာ ငါသူ့ကိုချော့ဖို့ သူ့အိမ်သွားတော့ တစ်ခြားတစ်ယောက်နဲ့fuckနေတာကို တွေ့လိုက်ရတယ် "
Chaeyoungမှာ သူ့ရင်ခွင်ထဲ ကလေးတစ်ယောက်လိုငိုနေတဲ့ Lisa ခေါင်းလေးကိုပွတ်ပေးနေသည်
"Lisa....Emilyက...နင့်ကို အဲ့လောက်ထိနာကျင်အောင်လုပ်ခဲ့လို့ စိတ်မကောင်းပါဘူး အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် သူနဲ့ဒိတ်တာကို ငါလက်မခံဘဲ တားလိုက်ချင်တယ် Lisaရယ် နင်နာကျင်နေရတာတွေ ငါမကြည့်ရက်ဘူး ငါနင့်ကို ကာကွယ်ပေးချင်တယ် ငါနင့်ကိုပျော်အောင်လုပ်ပေးချင်တယ်..."
Lisaမှာ Chaeyoungရဲ့ မျက်ဝန်းလေးတွေကို စိုက်ကြည့်နေသည်
Chaeyoungက Lisaရဲ့ အိမ်လေးဘဲ
Chaeyoungက Lisaကို နွေးထွေးစေပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ အိမ်လေး
Chaeyoungက Lisaကို ချစ်ပေးပြီး ပျော်စရာတွေပေးတဲ့ အိမ်လေး
Chaeyoungက Lisaအတွက် ကောင်းကင်ဘုံက
နတ်သက်ကြွေလာတဲ့ နတ်သမီးလေး
"ငါ နင့်ကိုလိုအပ်တယ် Chae..."
Lisa ပြောပြီး Chaeyoungကို ဆွဲနမ်းလိုက်သည်
ဒါပေမယ့် Chaeyoung လက်မခံခဲ့ဘူး Lisaက အရမ်းမူးနေတာ မဟုတ်လား
"Lisa လာအိပ်ကြစို့ "
အရမ်းမူးနေတဲ့ Lisaကို Chaeyoung တွဲခေါ်ပြီး ကုတင်ဘက်သို့ ခေါ်လာသည်
#tbc
#Zawgyi
"သူက လှသားဘဲ "
"humm..."
Chaeyoung.....
"သူ့ဘေးကဖယ်စမ်း ချီး "
"Lisa ဘာဖြစ်တာလည်း "
"ကောင်းပြီ နင်တို့..."
"သူက...သူ့ dickက နင့်...."
Emilyကတစ်မျိုး မိဘသေဆုံးမှုကြောင့်တစ်မျိုး စိတ်တွေရှုပ်ထွေးနေတဲ့ Lisaကို Chaeyoung တောင်းပန်လိုက်သည်
"Lisa လာအိပ်ကြစို့ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co