Truyen3h.Co

Business Proposal

Part 11

KimFany059

Jennieတို့ အကူအညီဖြင့် Chaeyoung သူ့ပစ္စည်းအဝတ်အစားတွေကို Lisa အိမ်ကို ယူလာခဲ့နိုင်သည်

အထုပ်အပိုးတွေကို Lisaရဲ့ အိမ်ဖော်တွေက ကူသယ်ပေးပြီး Lisa အခန်းထဲထည့်ပေးကြသည်

အခန်းထဲတွင် Chaeyoung အထုတ်အပိုးတွေ ဖြည်ရင်း နံရံပေါ်မှာ ချိတ်ထားတဲ့ Lisa မိဘဓာတ်ပုံကို ကြည့်ပြီး ပြုံးလိုက်မိသည်

အဲ့ပုံတွေက Kumgang တောင်ပေါ်မှာ ရိုက်ထားတဲ့ ပုံတွေမဟုတ်လား အဲ့ဓာတ်ပုံလေးကို ကြည့်ရင်း Lisaနဲ့ စတွေ့ခဲ့ချိန်ကိုတောင် ပြန်သတိရသွားသည်

အဝတ်အစားတွေထုတ်ပြီး ညအိပ်ဝတ်စုံကသက်သက် အတွင်းခံတွေကသက်သက်ဆိုပြီး Chaeyoung ခွဲလိုက်တယ်

ထို့နောက် အံဆွဲဘီဒိုတွေထဲ သက်သက်စီခွဲထည့်ရင်း Lisa ခြေအိတ်တွေထားထားတဲ့ အံဆွဲကို ဖွင့်လိုက်တော့ Lisaနဲ့Emilyရဲ့ အတွဲဓာတ်ပုံကို တွေ့လိုက်ရသည်

Emilyက Lisaရဲ့ လက်မောင်းကို တွဲထားပြီး Lisaကလည်း တောက်ပစွာပြုံးနေတဲ့ပုံကိုကြည့်ရင်း Chaeyoung ဝမ်းနည်းလာသလို ခံစားရသည်

Chaeyoung သူ့အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ဒီဓာတ်ပုံကို Lisaဆီကနေ စုတ်ဖြဲလွှင့်ပစ်ချင်စိတ်ကို ထိန်းထားရသည်

"ဘာလို့ ဒီသောက်ဓာတ်ပုံကို သိမ်းထားရသေးတာလည်း Lalisa...."

Chaeyoung ထိန်းမရတော့ဘဲ ပေါက်ကွဲပြီး အော်လိုက်သည်

လည်သာထိုင်ခုံမှာထိုင်ရင်း Lisa သက်ပြင်းချလိုက်သည်

Robinနဲ့ Jinwooတို့နဲ့အတူ Companyအကြောင်း Lisaရုံးခန်းထဲမှာ ဆွေးနွေးနေကြတာလေ

ည ၁၁နာရီထိုးနေပြီ Lisa အိမ်ပြန်ချင်နေပြီ...သူပြန်လာတာကို စောင့်နေမယ့် Park Chaeyoungဆီ ပြန်သွားချင်နေပြီ

Jinwooပြောသမျှကို Lisa အာရုံစိုက်နားထောင်မနေဘဲ ခေါင်းတွေသာ ညိတ်ပြနေတယ်

"CEO Lisa.....ကြည့်ရတာ စိတ်မပါဘူးထင်တယ် ကျွန်မတို့က ပြောနေပေမယ့် "

သူ့ရဲ့အတွင်းရေးမှူးစကားကြောင့် Lisa ထရပ်လိုက်သည်

"အာ မဟုတ်ပါဘူး နည်းနည်းပင်ပန်းနေလို့ပါ "

"ကြည့်ရတာ Chaeyoungက မင်းကို အရမ်းပင်ပန်းအောင်လုပ်ထားတယ်ထင်တယ် ...သန်မာမယ်ထင်နေတာ ထင်ထားတာထက်တောင် ပျော့ညံ့နေပါလား Lisa shii "

Jinwooရဲ့စကားကြောင့် Lisa မျက်လုံးပြူးသွားသည်

ဒီတစ်ယောက် ဘာတွေလျှောက်ပြောနေတာလည်းဟ

Lisaကို ကြည့်ပြီး Jinwoo တဟားဟားနဲ့ရယ်လေသည် Lisaရဲ့အတွင်းရေးမှူးကတော့ အကြောင်းစုံသိထားလို့ သက်ပြင်းချလိုက်သည်

အကြောင်းစုံသိထားပေမယ့်လည်း Lisaက ဟန်ဆောင်လက်ထပ်ထားကြောင်းကိုတော့ ရှေ့နေကြီးကို ပြောပြမှာ မဟုတ်ဘူးလေ

"ဒါဆိုရင် ဒီနေ့တော့ ဒီလောက်နဲ့ရပ်လိုက်ရအောင် ကျွန်မရဲ့ အမျိုးသမီးကလည်း ကျွန်မပြန်လာမယ့်အချိန် စောင့်နေလောက်ပြီ "

"ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော်ပြန်တော့မယ် ဇနီးချောလေးနဲ့ ကောင်းသောညလေး ပိုင်ဆိုင်ပါစေ "

Jinwoo ရုံးခန်းက ထွက်သွားတော့မှ Lisa သက်ပြင်းချမိသည်

"CEO ဒီကစားပွဲကို ဆက်ကစားနေအုံးမှာလား....အခု Company ကိုပြန်အုပ်ချုပ်ခွင့်ရတော့မှာဆိုတော့ ရှယ်ယာရှင်တစ်ချို့က မကျေမနပ်ဖြစ်နေကြတယ်"

"ငါ သိတယ် Robin...အရာအားလုံး အဆင်ပြေချောမွေ့အောင်သာ စီစဥ်ထားပါ ပြီးတော့ Chaeyoungရဲ့ လုံခြုံရေးလည်း အရေးကြီးတယ်နော် "

Lisa ပြောပြီး သူ့ရဲ့ coatကို ကောက်ဝတ်လိုက်သည်

"အိမ်ပြန်တော့မယ် Robin မင်းလည်း ရုံးဆင်းတော့လေ တစ်ခုခုဆိုရင် ငါ့ဆီဖုန်းဆက်လိုက် "

Lisaပြောပြီး အိမ်သို့ပြန်လာခဲ့သည်

အိမ်ကို ပြန်ရောက်တော့ Chaeyoungကိုများတွေ့ရမလားဆိုတဲ့စိတ်နဲ့ အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲ Chaeyoungကို မတွေ့ရလို့ ဝမ်းနည်းသွားတယ်

သူ့ရဲ့အခန်းထဲဝင်သွားတော့မှာ သူ့ကုတင်ပေါ် အိပ်ပျော်နေတဲ့ Chaeyoungကိုမြင်တော့ Lisa ပြုံးမိသွားတယ်

Chaeyoung မနိုးအောင် အဝတ်အစားလဲပြီး Lisa ရေချိုးလိုက်သည်

ရေပူလေးတွေက Lisaရဲ့ စိတ်ဖိအားတစ်ချို့ကို လျော့ချပေးနေသည်

Yoosunကြောင့် ရလာတဲ့ စိတ်ဖိအားတွေလေ

Kumgang တောင်တန်းနဲ့ပတ်သက်ပြီး Yoosunလုပ်ချင်တာတွေကို Lisa ပါဝါအာဏာအသုံးချပြီး တားနိုင်မှဖြစ်မည်

သူ့မိဘတွေ သွေးနဲ့ချွေးနဲ့တည်ဆောက်ထားတဲ့ companyကို Yoosunအလွယ်တကူဖျက်စီးမှာကို မလိုလားဘူးလေ

Lisa ရေချိုးပြီးနောက် အခန်းထဲပြန်ဝင်လာပြီး ညအိပ်ဝတ်စုံကိုထုတ်ဝတ်လိုက်သည်

ထို့နောက် ခြေအိတ်အံဆွဲကိုဖွင့်လိုက်တော့ Emilyနဲ့သူ့ပုံကို တွေ့လိုက်ရသည်

ပျော်ရွှင်စရာ ဝမ်းနည်းစရာ ဒေါသတွေနဲ့နာကျင်မှုတွေဖြစ်လာစေတဲ့ ဓာတ်ပုံကို အခုထိ သိမ်းထားမိလို့ Lisa သူ့ကိုယ်သူ အရမ်းမုန်းမိနေသည်

"ငါ မင်းကို မေ့ပစ်မှ ဖြစ်တော့မယ် Emily...ဒီခံစားချက်ကြီးကို ငါအရမ်းမုန်းတယ် မခံစားနိုင်တော့ဘူး "

Lisa ဓာတ်ပုံကို အံဆွဲထဲပြန်ထည့်ပြီး ဘီဒိုတံခါးပိတ်လိုက်သည်

ထို့နောက် အိပ်ပျော်နေတဲ့ Chaeyoungကို စောင်သေချာခြုံပေးလိုက်သည်

အိပ်နေတာလေးက ဘာလို့အရမ်း ကြည့်ကောင်းပြီးလှနေတာလည်း

အိပ်ပျော်နေသော Chaeyoung မျက်နှာလေးကို Lisa စိုက်ကြည်ရင်း တွေးလိုက်မိသည်

Chaeyoung မျက်နှာပေါ်ကျနေတဲ့ ဆံပင်တစ်ချို့ကို Lisa ဖယ်ပေးရင်း Chaeyoungရဲ့ ပါးဖောင်းဖောင်းလေးက အရမ်းနူးညံ့နေတာကို ခံစားမိလိုက်ရသည်

Lisa နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာပြီး အာခေါင်တွေပါခြောက်လာသလို ခံစားရသ​ည်

Shit Lisa နင့်သူငယ်ချင်းကို အဲ့လိုနှာဗူးမထရဘူးလေ.....အားး Chaeyoungသာ သူ့ကို ဒီလိုစိုက်ကြည့်နေတာ သိရင် ငါ့ကိုထထိုးမှာဘဲ မဖြစ်သေးပါဘူး ပေါက်ကရအတွေးတွေ ထပ်မတွေးမိခင် အမြန် ဒီအခန်းကနေ ထွက်မှပါ...

Lisa သူ့ကိုယ်သူဆူပြီး ပေါက်ကရမလုပ်မိအောင် သူ့အခန်းထဲကနေ အမြန်ထွက်လာသည်

Lisa ​အခန်းထဲက ထွက်သွားတော့ Chaeyoung အိပ်ချင်ယောင်ဆောင်နေရာက ရပ်လိုက်သည်

တကယ်ဆို Chaeyoung အိပ်ပျော်မနေပါ Lisa ပြန်လာမှာကို စောင့်နေသူပါ...ဒါပေမယ့် ညနက်တဲ့အထိ သူ့ကိုမအိပ်ဘဲစောင့်နေရလားဆိုပြီး Lisa စိတ်မကောင်းဖြစ်မှာဆိုးလို့ Lisa ကားစက်သံကြားကတည်းက Chaeyoung အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်

"ငါ ဖြစ်စေချင်တာလည်း အဲ့တာဘဲ Lisa မကောင်းတဲ့ မိန်းမကို မေ့ပစ်ပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းစေချင်တာ "

Chaeyoung မှာ Lisa မိဘတွေရဲ့ ဓာတ်ပုံကိုကြည့်လိုက်သည်

"အန်တီတို့ကို ကတိပေးပါတယ် Lisaကိုအမြဲ ပျော်အောင်ထားပါမယ်လို့ "

Park Chaeyoungက ဘာတွေဘဲပေးဆပ်ရပေးဆပ်ရ Lisaကို ပျော်အောင်ထားနိုင်ဖို့ကိုဘဲ ဂရုစိုက်သည်

Lisaရဲ့ မိန်းမနေရာကနေ သရုပ်ဆောင်နေရတယ် မဟုတ်လား ဒီတော့ ဇာတ်ရုပ်ကို ​ပီပြင်အောင် သရုပ်ဆောင်ရမယ်လေ

*******'

Phone alarmသံကြောင့် Chaeyoung အိပ်ရာကနေ နိုးလာသည်

ဒီနေ့က Lisaအတွက် အရေးကြီးတဲ့နေ့လေ ဒါကြောင့်မို့လို့ Chaeyoung အစောကြီးထဖို့ alarmပေးထားခြင်းဖြစ်သည်

Board meeting dayဖြစ်လို့ Lisaအတွက် မနက်စာလုပ်ပေးမှဖြစ်မယ် ဒီနေ့အတွက် Lisa ညနက်တဲ့အထိအလုပ်လုပ်နေခဲ့တာ မဟုတ်လား

Chaeyoung သီချင်းလေးညည်းရင်း သွားတိုက်မျက်နှာသစ်လိုက်သည်

ထို့နောက် မနက်စာ လုပ်ဖို့ အခန်းထဲက ထွက်လာသည်

"Good Morningပါ မမလေး အစောကြီးနိုးနေပါ့လား တစ်ခုခုလိုလို့လား "

အိမ်ဖော်တစ်ယောက်ဖြစ်တဲ့ အမရာက မေးတော့ Chaeyoung ခေါင်းခါပြသည်

"မဟုတ်ပါဘူး Lisaအတွက် မနက်စာလုပ်ပေးမလို့ပါ "

"သြော် ဒါများ မမလေးရယ် ကျွန်မကို ခိုင်းလိုက်ပေါ့ ကျွန်မ နေ့တိုင်းလုပ်ပေးနေကျကို "

"အင်း သိပါတယ် ဒီနေ့က Lisaအတွက် အရေးကြီးတဲ့နေ့ဆိုတော့ ကိုယ်တိုင်လုပ်ပေးချင်လို့ပါ "

"ဟုတ် မမလေး "

"အမရာလည်း ဘေးကနေကူညီပေးပေါ့နော် "

"ဟုတ်ပါပြီ မမလေး "

Lisa အိမ်မှာ တစ်လကျော်လောက် နေရင်း  အိမ်ဖော်တစ်ချို့နဲ့တောင် Chaeyoung ရင်းနှီးနေပြီလေ

ဘေကွန် ပိုင်မုန့်နဲ့ စတော်ဘယ်ရီဝေဖယ်ရယ် လိမ္မော်ဖျော်ရည် ထည့်ထားတဲ့ ဗန်းကိုကိုင်ပြီး Chaeyoungမှာ Lisa အိပ်နေတဲ့ အခန်းဘက်သို့သွားလေသည်

"Good Morning Lisa...ထတော့ "

Chaeyoung အခန်းရှေ့ရပ်ပြီး အော်လိုက်စဥ် အခန်းထဲက Lisaရဲ့ ညည်းညူသံကို ကြားရသည်

"အား......အား Chaeyoung..Oh....Chaeng "

ဘုရားရေ Lisa ဘာဖြစ်နေတာလည်း အိမ်မက်ဆိုးမက်နေတာလား

"Lisa....အဆင်ပြေရဲ့လား ဘာဖြစ်နေတာလည်း "

Chaeyoung စိတ်ပူလို့ အခန်းတံခါးကို ထုကာမေးလိုက်သည်

"Ahhh Chaeng...ငါ...အား "

"Lisa ငါအခန်းထဲဝင်လာတော့မယ်နော် ဘာဖြစ်နေတာလည်း "

"fuck အဲ့ မဝင်လာနဲ့ရတယ် ငါနိုးနေပြီ "

မိနစ်အနည်းငယ်ကြာတော့ Lisa အခန်းတံခါးကို လာဖွင့်သည်

"မှန်းစမ်း ဖျားနေတာလား "

Lisaရဲ့ နဖူးကို Chaeyoung စမ်းလိုက်ပေမယ့် ကိုယ်ပူတာမျိုး မရှိပေ

ဒါဆို ဘာလို့ တစ်ခုခုကြောင့် နာနေသလို တအားအားနဲ့ အော်နေရတာလည်း

"အစောကြီးနိုးနေတာလား Chaeyoung "

"တစ်ခုခုဖြစ်နေတာလား "

"မဖြစ်ပါဘူး "

"သြော် ငါနင့်အတွက် မနက်စာလုပ်လာတယ် "

"အယ် မနက်အစောကြီးထပြီး ငါ့အတွက် မနက်စာလုပ်ပေးတာလား "

Chaeyoungရဲ့ စကားကြောင့် Lisa ပျော်သွားပြီးပြုံးလိုက်သည်

"ဟုတ်တယ် ဒီနေ့ နင်အဆင်ပြေအောင်လို့လေ "

"Gomawo Chaeng...နင်က ငါ့အတွက် အကောင်းဆုံးမိန်းမဘဲ "

Lisaမှာ Chaeyoungကို နမ်းပြီး သူ့လက်ထဲက လင်ဗန်းကိုယူလိုက်သည်

"ဒါဆို ငါရေချိုးအုံးမယ်နော် Chaeng...ပြီးရင် နင်ပြင်ပေးတဲ့ မနက်စာလေးနဲ့ ငါ့တစ်နေ့တာကို အစပြုပစ်မယ် "

"အေးပါဟာ ငါလည်း ဆေးရုံသွားဖို့ ရေချိုးလိုက်အုံးမယ်..."

Chaeyoung ရေချိုးနေရင်း မနက်က Lisaရဲ့ ထူးဆန်းတဲ့အော်သံကို ပြန်တွေးမိနေသည်

နေမကောင်းတာလည်းမဟုတ် အိမ်မက်ဆိုးလည်း မမက်ဘဲ သူဘာဖြစ်တာလည်းဟ

#tbc

#Zawgyi

Jennieတို႔ အကူအညီျဖင့္ Chaeyoung သူ႕ပစၥည္းအဝတ္အစားေတြကို Lisa အိမ္ကို ယူလာခဲ့နိုင္သည္

အထုပ္အပိုးေတြကို Lisaရဲ႕ အိမ္ေဖာ္ေတြက ကူသယ္ေပးၿပီး Lisa အခန္းထဲထည့္ေပးၾကသည္

အခန္းထဲတြင္ Chaeyoung အထုတ္အပိုးေတြ ျဖည္ရင္း နံရံေပၚမွာ ခ်ိတ္ထားတဲ့ Lisa မိဘဓာတ္ပုံကို ၾကည့္ၿပီး ၿပဳံးလိုက္မိသည္

အဲ့ပုံေတြက Kumgang ေတာင္ေပၚမွာ ရိုက္ထားတဲ့ ပုံေတြမဟုတ္လား အဲ့ဓာတ္ပုံေလးကို ၾကည့္ရင္း Lisaနဲ႕ စေတြ႕ခဲ့ခ်ိန္ကိုေတာင္ ျပန္သတိရသြားသည္

အဝတ္အစားေတြထုတ္ၿပီး ညအိပ္ဝတ္စုံကသက္သက္ အတြင္းခံေတြကသက္သက္ဆိုၿပီး Chaeyoung ခြဲလိုက္တယ္

ထို႔ေနာက္ အံဆြဲဘီဒိုေတြထဲ သက္သက္စီခြဲထည့္ရင္း Lisa ေျခအိတ္ေတြထားထားတဲ့ အံဆြဲကို ဖြင့္လိုက္ေတာ့ Lisaနဲ႕Emilyရဲ႕ အတြဲဓာတ္ပုံကို ေတြ႕လိုက္ရသည္

Emilyက Lisaရဲ႕ လက္ေမာင္းကို တြဲထားၿပီး Lisaကလည္း ေတာက္ပစြာၿပဳံးေနတဲ့ပုံကိုၾကည့္ရင္း Chaeyoung ဝမ္းနည္းလာသလို ခံစားရသည္

Chaeyoung သူ႕ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ၿပီး ဒီဓာတ္ပုံကို Lisaဆီကေန စုတ္ၿဖဲလႊင့္ပစ္ခ်င္စိတ္ကို ထိန္းထားရသည္

"ဘာလို႔ ဒီေသာက္ဓာတ္ပုံကို သိမ္းထားရေသးတာလည္း Lalisa...."

Chaeyoung ထိန္းမရေတာ့ဘဲ ေပါက္ကြဲၿပီး ေအာ္လိုက္သည္

လည္သာထိုင္ခုံမွာထိုင္ရင္း Lisa သက္ျပင္းခ်လိဳက္သည္

Robinနဲ႕ Jinwooတို႔နဲ႕အတူ Companyအေၾကာင္း Lisa႐ုံးခန္းထဲမွာ ေဆြးႏြေးေနၾကတာေလ

ည ၁၁နာရီထိုးေနၿပီ Lisa အိမ္ျပန္ခ်င္ေနၿပီ...သူျပန္လာတာကို ေစာင့္ေနမယ့္ Park Chaeyoungဆီ ျပန္သြားခ်င္ေနၿပီ

Jinwooေျပာသမွ်ကို Lisa အာ႐ုံစိုက္နားေထာင္မေနဘဲ ေခါင္းေတြသာ ညိတ္ျပေနတယ္

"CEO Lisa.....ၾကည့္ရတာ စိတ္မပါဘူးထင္တယ္ ကြၽန္မတို႔က ေျပာေနေပမယ့္ "

သူ႕ရဲ႕အတြင္းေရးမႉးစကားေၾကာင့္ Lisa ထရပ္လိုက္သည္

"အာ မဟုတ္ပါဘူး နည္းနည္းပင္ပန္းေနလို႔ပါ "

"ၾကည့္ရတာ Chaeyoungက မင္းကို အရမ္းပင္ပန္းေအာင္လုပ္ထားတယ္ထင္တယ္ ...သန္မာမယ္ထင္ေနတာ ထင္ထားတာထက္ေတာင္ ေပ်ာ့ညံ့ေနပါလား Lisa shii "

Jinwooရဲ႕စကားေၾကာင့္ Lisa မ်က္လုံးျပဴးသြားသည္

ဒီတစ္ေယာက္ ဘာေတြေလွ်ာက္ေျပာေနတာလည္းဟ

Lisaကို ၾကည့္ၿပီး Jinwoo တဟားဟားနဲ႕ရယ္ေလသည္ Lisaရဲ႕အတြင္းေရးမႉးကေတာ့ အေၾကာင္းစုံသိထားလို႔ သက္ျပင္းခ်လိဳက္သည္

အေၾကာင္းစုံသိထားေပမယ့္လည္း Lisaက ဟန္ေဆာင္လက္ထပ္ထားေၾကာင္းကိုေတာ့ ေရွ႕ေနႀကီးကို ေျပာျပမွာ မဟုတ္ဘူးေလ

"ဒါဆိုရင္ ဒီေန႕ေတာ့ ဒီေလာက္နဲ႕ရပ္လိုက္ရေအာင္ ကြၽန္မရဲ႕ အမ်ိဳးသမီးကလည္း ကြၽန္မျပန္လာမယ့္အခ်ိန္ ေစာင့္ေနေလာက္ၿပီ "

"ေကာင္းၿပီေလ ဒါဆိုလည္း ကြၽန္ေတာ္ျပန္ေတာ့မယ္ ဇနီးေခ်ာေလးနဲ႕ ေကာင္းေသာညေလး ပိုင္ဆိုင္ပါေစ "

Jinwoo ႐ုံးခန္းက ထြက္သြားေတာ့မွ Lisa သက္ျပင္းခ်မိသည္

"CEO ဒီကစားပြဲကို ဆက္ကစားေနအုံးမွာလား....အခု Company ကိုျပန္အုပ္ခ်ဳပ္ခြင့္ရေတာ့မွာဆိုေတာ့ ရွယ္ယာရွင္တစ္ခ်ိဳ႕က မေက်မနပ္ျဖစ္ေနၾကတယ္"

"ငါ သိတယ္ Robin...အရာအားလုံး အဆင္ေျပေခ်ာေမြ႕ေအာင္သာ စီစဥ္ထားပါ ၿပီးေတာ့ Chaeyoungရဲ႕ လုံၿခဳံေရးလည္း အေရးႀကီးတယ္ေနာ္ "

Lisa ေျပာၿပီး သူ႕ရဲ႕ coatကို ေကာက္ဝတ္လိုက္သည္

"အိမ္ျပန္ေတာ့မယ္ Robin မင္းလည္း ႐ုံးဆင္းေတာ့ေလ တစ္ခုခုဆိုရင္ ငါ့ဆီဖုန္းဆက္လိုက္ "

Lisaေျပာၿပီး အိမ္သို႔ျပန္လာခဲ့သည္

အိမ္ကို ျပန္ေရာက္ေတာ့ Chaeyoungကိုမ်ားေတြ႕ရမလားဆိုတဲ့စိတ္နဲ႕ အိမ္ထဲဝင္လာေတာ့ ဧည့္ခန္းထဲ Chaeyoungကို မေတြ႕ရလို႔ ဝမ္းနည္းသြားတယ္

သူ႕ရဲ႕အခန္းထဲဝင္သြားေတာ့မွာ သူ႕ကုတင္ေပၚ အိပ္ေပ်ာ္ေနတဲ့ Chaeyoungကိုျမင္ေတာ့ Lisa ၿပဳံးမိသြားတယ္

Chaeyoung မနိုးေအာင္ အဝတ္အစားလဲၿပီး Lisa ေရခ်ိဳးလိုက္သည္

ေရပူေလးေတြက Lisaရဲ႕ စိတ္ဖိအားတစ္ခ်ိဳ႕ကို ေလ်ာ့ခ်ေပးေနသည္

Yoosunေၾကာင့္ ရလာတဲ့ စိတ္ဖိအားေတြေလ

Kumgang ေတာင္တန္းနဲ႕ပတ္သက္ၿပီး Yoosunလုပ္ခ်င္တာေတြကို Lisa ပါဝါအာဏာအသုံးခ်ၿပီး တားနိုင္မွျဖစ္မည္

သူ႕မိဘေတြ ေသြးနဲ႕ေခြၽးနဲ႕တည္ေဆာက္ထားတဲ့ companyကို Yoosunအလြယ္တကူဖ်က္စီးမွာကို မလိုလားဘူးေလ

Lisa ေရခ်ိဳးၿပီးေနာက္ အခန္းထဲျပန္ဝင္လာၿပီး ညအိပ္ဝတ္စုံကိုထုတ္ဝတ္လိုက္သည္

ထို႔ေနာက္ ေျခအိတ္အံဆြဲကိုဖြင့္လိုက္ေတာ့ Emilyနဲ႕သူ႕ပုံကို ေတြ႕လိုက္ရသည္

ေပ်ာ္႐ႊင္စရာ ဝမ္းနည္းစရာ ေဒါသေတြနဲ႕နာက်င္မႈေတြျဖစ္လာေစတဲ့ ဓာတ္ပုံကို အခုထိ သိမ္းထားမိလို႔ Lisa သူ႕ကိုယ္သူ အရမ္းမုန္းမိေနသည္

"ငါ မင္းကို ေမ့ပစ္မွ ျဖစ္ေတာ့မယ္ Emily...ဒီခံစားခ်က္ႀကီးကို ငါအရမ္းမုန္းတယ္ မခံစားနိုင္ေတာ့ဘူး "

Lisa ဓာတ္ပုံကို အံဆြဲထဲျပန္ထည့္ၿပီး ဘီဒိုတံခါးပိတ္လိုက္သည္

ထို႔ေနာက္ အိပ္ေပ်ာ္ေနတဲ့ Chaeyoungကို ေစာင္ေသခ်ာၿခဳံေပးလိုက္သည္

အိပ္ေနတာေလးက ဘာလို႔အရမ္း ၾကည့္ေကာင္းၿပီးလွေနတာလည္း

အိပ္ေပ်ာ္ေနေသာ Chaeyoung မ်က္ႏွာေလးကို Lisa စိုက္ၾကည္ရင္း ေတြးလိုက္မိသည္

Chaeyoung မ်က္ႏွာေပၚက်ေနတဲ့ ဆံပင္တစ္ခ်ိဳ႕ကို Lisa ဖယ္ေပးရင္း Chaeyoungရဲ႕ ပါးေဖာင္းေဖာင္းေလးက အရမ္းႏူးညံ့ေနတာကို ခံစားမိလိုက္ရသည္

Lisa ႏွလုံးခုန္ႏႈန္းေတြ အရမ္းျမန္လာၿပီး အာေခါင္ေတြပါေျခာက္လာသလို ခံစားရသည္

Shit Lisa နင့္သူငယ္ခ်င္းကို အဲ့လိုႏွာဗူးမထရဘူးေလ.....အားး Chaeyoungသာ သူ႕ကို ဒီလိုစိုက္ၾကည့္ေနတာ သိရင္ ငါ့ကိုထထိုးမွာဘဲ မျဖစ္ေသးပါဘူး ေပါက္ကရအေတြးေတြ ထပ္မေတြးမိခင္ အျမန္ ဒီအခန္းကေန ထြက္မွပါ...

Lisa သူ႕ကိုယ္သူဆူၿပီး ေပါက္ကရမလုပ္မိေအာင္ သူ႕အခန္းထဲကေန အျမန္ထြက္လာသည္

Lisa အခန္းထဲက ထြက္သြားေတာ့ Chaeyoung အိပ္ခ်င္ေယာင္ေဆာင္ေနရာက ရပ္လိုက္သည္

တကယ္ဆို Chaeyoung အိပ္ေပ်ာ္မေနပါ Lisa ျပန္လာမွာကို ေစာင့္ေနသူပါ...ဒါေပမယ့္ ညနက္တဲ့အထိ သူ႕ကိုမအိပ္ဘဲေစာင့္ေနရလားဆိုၿပီး Lisa စိတ္မေကာင္းျဖစ္မွာဆိုးလို႔ Lisa ကားစက္သံၾကားကတည္းက Chaeyoung အိပ္ခ်င္ေယာင္ေဆာင္ေနျခင္း ျဖစ္သည္

"ငါ ျဖစ္ေစခ်င္တာလည္း အဲ့တာဘဲ Lisa မေကာင္းတဲ့ မိန္းမကို ေမ့ပစ္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းေစခ်င္တာ "

Chaeyoung မွာ Lisa မိဘေတြရဲ႕ ဓာတ္ပုံကိုၾကည့္လိုက္သည္

"အန္တီတို႔ကို ကတိေပးပါတယ္ Lisaကိုအၿမဲ ေပ်ာ္ေအာင္ထားပါမယ္လို႔ "

Park Chaeyoungက ဘာေတြဘဲေပးဆပ္ရေပးဆပ္ရ Lisaကို ေပ်ာ္ေအာင္ထားနိုင္ဖို႔ကိုဘဲ ဂ႐ုစိုက္သည္

Lisaရဲ႕ မိန္းမေနရာကေန သ႐ုပ္ေဆာင္ေနရတယ္ မဟုတ္လား ဒီေတာ့ ဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ရမယ္ေလ

*******'

Phone alarmသံေၾကာင့္ Chaeyoung အိပ္ရာကေန နိုးလာသည္

ဒီေန႕က Lisaအတြက္ အေရးႀကီးတဲ့ေန႕ေလ ဒါေၾကာင့္မို႔လို႔ Chaeyoung အေစာႀကီးထဖို႔ alarmေပးထားျခင္းျဖစ္သည္

Board meeting dayျဖစ္လို႔ Lisaအတြက္ မနက္စာလုပ္ေပးမွျဖစ္မယ္ ဒီေန႕အတြက္ Lisa ညနက္တဲ့အထိအလုပ္လုပ္ေနခဲ့တာ မဟုတ္လား

Chaeyoung သီခ်င္းေလးညည္းရင္း သြားတိုက္မ်က္ႏွာသစ္လိုက္သည္

ထို႔ေနာက္ မနက္စာ လုပ္ဖို႔ အခန္းထဲက ထြက္လာသည္

"Good Morningပါ မမေလး အေစာႀကီးနိုးေနပါ့လား တစ္ခုခုလိုလို႔လား "

အိမ္ေဖာ္တစ္ေယာက္ျဖစ္တဲ့ အမရာက ေမးေတာ့ Chaeyoung ေခါင္းခါျပသည္

"မဟုတ္ပါဘူး Lisaအတြက္ မနက္စာလုပ္ေပးမလို႔ပါ "

"ေၾသာ္ ဒါမ်ား မမေလးရယ္ ကြၽန္မကို ခိုင္းလိုက္ေပါ့ ကြၽန္မ ေန႕တိုင္းလုပ္ေပးေနက်ကိဳ "

"အင္း သိပါတယ္ ဒီေန႕က Lisaအတြက္ အေရးႀကီးတဲ့ေန႕ဆိုေတာ့ ကိုယ္တိုင္လုပ္ေပးခ်င္လို႔ပါ "

"ဟုတ္ မမေလး "

"အမရာလည္း ေဘးကေနကူညီေပးေပါ့ေနာ္ "

"ဟုတ္ပါၿပီ မမေလး "

Lisa အိမ္မွာ တစ္လေက်ာ္ေလာက္ ေနရင္း  အိမ္ေဖာ္တစ္ခ်ိဳ႕နဲ႕ေတာင္ Chaeyoung ရင္းႏွီးေနၿပီေလ

ေဘကြန္ ပိုင္မုန့္နဲ႕ စေတာ္ဘယ္ရီေဝဖယ္ရယ္ လိေမၼာ္ေဖ်ာ္ရည္ ထည့္ထားတဲ့ ဗန္းကိုကိုင္ၿပီး Chaeyoungမွာ Lisa အိပ္ေနတဲ့ အခန္းဘက္သို႔သြားေလသည္

"Good Morning Lisa...ထေတာ့ "

Chaeyoung အခန္းေရွ႕ရပ္ၿပီး ေအာ္လိုက္စဥ္ အခန္းထဲက Lisaရဲ႕ ညည္းၫူသံကို ၾကားရသည္

"အား......အား Chaeyoung..Oh....Chaeng "

ဘုရားေရ Lisa ဘာျဖစ္ေနတာလည္း အိမ္မက္ဆိုးမက္ေနတာလား

"Lisa....အဆင္ေျပရဲ႕လား ဘာျဖစ္ေနတာလည္း "

Chaeyoung စိတ္ပူလို႔ အခန္းတံခါးကို ထုကာေမးလိုက္သည္

"Ahhh Chaeng...ငါ...အား "

"Lisa ငါအခန္းထဲဝင္လာေတာ့မယ္ေနာ္ ဘာျဖစ္ေနတာလည္း "

"fuck အဲ့ မဝင္လာနဲ႕ရတယ္ ငါနိုးေနၿပီ "

မိနစ္အနည္းငယ္ၾကာေတာ့ Lisa အခန္းတံခါးကို လာဖြင့္သည္

"မွန္းစမ္း ဖ်ားေနတာလား "

Lisaရဲ႕ နဖူးကို Chaeyoung စမ္းလိုက္ေပမယ့္ ကိုယ္ပူတာမ်ိဳး မရွိေပ

ဒါဆို ဘာလို႔ တစ္ခုခုေၾကာင့္ နာေနသလို တအားအားနဲ႕ ေအာ္ေနရတာလည္း

"အေစာႀကီးနိုးေနတာလား Chaeyoung "

"တစ္ခုခုျဖစ္ေနတာလား "

"မျဖစ္ပါဘူး "

"ေၾသာ္ ငါနင့္အတြက္ မနက္စာလုပ္လာတယ္ "

"အယ္ မနက္အေစာႀကီးထၿပီး ငါ့အတြက္ မနက္စာလုပ္ေပးတာလား "

Chaeyoungရဲ႕ စကားေၾကာင့္ Lisa ေပ်ာ္သြားၿပီးၿပဳံးလိုက္သည္

"ဟုတ္တယ္ ဒီေန႕ နင္အဆင္ေျပေအာင္လို႔ေလ "

"Gomawo Chaeng...နင္က ငါ့အတြက္ အေကာင္းဆုံးမိန္းမဘဲ "

Lisaမွာ Chaeyoungကို နမ္းၿပီး သူ႕လက္ထဲက လင္ဗန္းကိုယူလိုက္သည္

"ဒါဆို ငါေရခ်ိဳးအုံးမယ္ေနာ္ Chaeng...ၿပီးရင္ နင္ျပင္ေပးတဲ့ မနက္စာေလးနဲ႕ ငါ့တစ္ေန႕တာကို အစျပဳပစ္မယ္ "

"ေအးပါဟာ ငါလည္း ေဆး႐ုံသြားဖို႔ ေရခ်ိဳးလိုက္အုံးမယ္..."

Chaeyoung ေရခ်ိဳးေနရင္း မနက္က Lisaရဲ႕ ထူးဆန္းတဲ့ေအာ္သံကို ျပန္ေတြးမိေနသည္

ေနမေကာင္းတာလည္းမဟုတ္ အိမ္မက္ဆိုးလည္း မမက္ဘဲ သူဘာျဖစ္တာလည္းဟ

#tbc

Bạn đang đọc truyện trên: Truyen3h.Co