Part 12
Lisaကို နှုတ်ဆက်ပြီး Chaeyoung ဆေးရုံကို ထွက်လာခဲ့သည်
ဆေးရုံကကောင်တာတွင် သူနာပြု ချာလီ နဲ့အတူ Dr.Hyunsukတို့က ရယ်မောနေကြသည်
"Good Morning Dr.Park...."
"Morning ....ဘာတွေရယ်မောနေကြတာလည်း "
Chaeyoung ကောင်တာပေါ်က သူ့နာမည်နဲ့ ဖိုင်ကိုယူရင်း မေးလိုက်သည်
"Awwn..ဒီလိုလေ Dr.Kwonက Dr.Limကို အချိန်ရလား မေးတာဗျာ အဲ့တာက ဒိတ်မလားလို့ပြောတာနဲ့ တူတူဘဲ မဟုတ်လား Dr.Limက မဟုတ်ဘူးဆိုပြီး ငြင်းနေလို့ ပိန်းဥလို့ စနေကြတာ "
"မဟုတ်ပါဘူးဟ "
"Hey ဒီတစ်ပတ် ငါတို့ နားရက်ရရင် လျှောက်လည်ကြမလား "
"ချာလီ...က ဒကာခံမယ်ဆို လည်မယ်လေ "
"သေလိုက်ပါ့လား "
သူနာပြု ချာလီက Dr.Hyunsukကို ရန်လုပ်ပြီး Chaeyoungကို တိုးတိုးလေးကကပ်ပြောသည်
"Dr.Park....အကယ်၍ ....ကျွန်မတို့ လျှောက်လည်မယ်ဆိုရင်....Dr.Parkနဲ့ သူငယ်ချင်းကိုပါ ခေါ်လာလို့ရမလား "
ချာလီရဲ့ စကားကြောင့် Chaeyoung ပြုံးရယ်နေရာက ရုပ်တည်သွားတယ်
"ဘာလည်း ဘယ်သူလည်း "
ချာလီက ဘယ်သူ့ကိုပြောလည်းဆိုတာ Chaeyoung သိတာပေါ့ ဒါပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တယ်
ဒီဆေးရုံကလူတွေက ဆေးရုံမှာဘဲ အချိန်ကုန်တာများတော့ သတင်းဘာညာမဖတ်နိုင်တာများတယ်လေ ဒါကြောင့်လည်း Chaeyoungနဲ့Lisa လက်ထပ်ထားတဲ့သတင်း သူတို့မသိတာ
Lisaနဲ့အကြောင်း ဆေးရုံကလူတွေကို မပြောပြဖို့ တွေးလိုက်တယ် ဒါမှလည်း သူ ဒီနေရာဒီဆေးရုံလေးမှာတော့ သာမန်ဘဝလေးနဲ့ပုံမှန်နေနိုင်မယ် မဟုတ်လား
ပြီးတော့ Lisaကိုလည်း နေရာတကာမှာ လက်ထပ်ထားတယ်ဆိုတဲ့ စကားကြီးနဲ့မချည်ထားချင်ဘူး
"ချစ်စရာကောင်းတဲ့ ထိုင်းမလေးလေ Dr.Park "
သူနာပြုချာလီက ဆက်ပြီးပြောပြန်သည်
"Aww သူလား သူက အရမ်းအလုပ်များနေတာ ပြီးတော့ တစ်လောက လက်ထပ်ပြီး ပျော်ရွှင်နေလေရဲ့...အခု ဆွေးနွေးတိုင်ပင်ရမယ့် လူရှိလား "
"ဟုတ် Dr.Check က အခန်းနံပါတ် 319မှာရှိပါတယ်...ဟူး Dr.Park သူငယ်ချင်း လက်ထပ်သွားတဲ့သတင်းက ကျွန်မအတွက် ဝမ်းနည်းစရာဘဲ သူက အရမ်းလန်းတာနော် သူ့ကိုရတဲ့လူကတော့ ကံကောင်းတာဘဲ "
"ကျေးဇူး "
Chaeyoungမှာ သူ့လူနာကြည့်ဖို့ 319 အခန်းကို သွားလေသည်
"Annyeonghasayo.... "
"Awwn Dr.Park ရောက်ပြီလား.... လာ ဒါက Dr.Parkအတွက် လူနာ Soo Hyun ....ကားမတော်တဆဖြစ်ပြီး မျက်နှာပါ ထိသွားတဲ့ကောင်မလေးပါ လောလောဆယ်တော့ သူ့အရိုးတွေကို ကျွန်တော်ဆက်ကြည့်ဖို့ ကြိုးစားနေတာ Soo hyun shii ဒါက Dr.Park...ပလက်စတစ်ဆာဂျူရီလုပ်တဲ့နေရာမှာ အရမ်းတော်တဲ့ဆရာဝန်မလေး မင်းရဲ့မျက်နှာ အကောင်းတိုင်း ပြန်ဖြစ်စေရမယ် "
"အားကိုးပါတယ် Dr.Parkရယ် '
Dr.Checkက မိတ်ဆက်ပေးတော့ Soo Hyunမှာ Chaeyoungကို အားကိုးတကြီးနဲ့ ကြည့်ရှာသည်
Lisaမှာ သူ့ရုံးခန်းထဲတွင် စာချုပ်စာရင်းတွေကို ဆယ်ကြိမ်လောက် ပြန်ဖတ်နေပေမယ့် အာရုံမရပေ
"ငါဘာတွေဖြစ်နေတာလည်း ချီး "
Lisa ခွက်ထဲ ရေခဲနဲ့ ဝီစကီနည်းနည်းထည့်ပြီး မော့လိုက်သည်
ခုအချိန်မှာ ဝီစကီကဘဲ သူ့ကိုကယ်နိုင်မှာလေ
Lisa သက်ပြင်းချပြီး ထိုင်ခုံပေါ်တွင် မှီချလိုက်သည်
"စားပွဲခုံပေါ်မှာ ဘာပုံမှလည်းမရှိပါလား လက်ထပ်ပြီးသားလူက သူ့မိန်းမနဲ့ဓာတ်ပုံတော့ရှိရမယ်လေ "
Lisa သူ့ကိုယ်သူပြောပြီး အံဆွဲထဲက သူတို့ဓာတ်ပုံတစ်ပုံနဲ့ဓာတ်ပုံဘောင်ကိုထုတ်လိုက်သည်
ထို့နောက် ဓာတ်ပုံကိုသေချာထည့်ပြီး စားပွဲခုံပေါ် တင်လိုက်သည်
သူ ပွေ့ချီထားတာကို ပြုံးရယ်ပျော်နေတဲ့ Chaeyoungကို ကြည့်ရင်း Lisa ပြုံးမိသွားတယ်
ဓာတ်ပုံထဲမှာ သူတို့က တကယ့်အတွဲနဲ့တူနေတာဘဲဲ ပြုံးပျော်နေလိုက်တာများ
အပြင်လက်ရှိလောကမှာတော့... Lisaက သူတို့ဆက်ဆံရေးကို ရူးမိုက်တဲ့လိင်ပိုင်းဆိုင်ရာ အထိအတွေ့ကြောင့် ဖျက်စီးနိုင်ချေရှိနေတယ်
ဒီမနက်တစ်ခင်းလုံးမှာ Chaeyoungကို သူ့သူငယ်ချင်းလို့ Lisa ဘယ်လိုမှမမြင်နိုင် မသတ်မှတ်နိုင်ဖြစ်နေတယ်
Chaeyoungအပေါ် ထူးဆန်းတဲ့ ခံစားချက်မျိုး အရင်က တစ်ခါမှမဖြစ်ခဲ့ဖူးပေ
ဂျယ်ဂျူမှာ Chaeyoungကို နမ်းပြီးကတည်းက Chaeyoungက သူ့အပေါ် ဆွဲဆောင်မှုရှိသလို ခံစားနေရသည်
ထပ်ပြီး Chaeyoungရဲ့ နှုတ်ခမ်းကို နမ်းချင်နေသည်
Chaeyoungရဲ့ ကိုယ်ခန္ဓာကို ထိတွေ့ချင်သည်
Chaeyoungရဲ့ ကိုယ်သင်းရနံ့ကို ရှုရှိုက်ချင်သည်
Chaeyoungကို မြင်ရလေလေ လိုချင်တပ်မက်စိတ်က ပိုများလာလေလေဖြစ်နေတယ်
Chaeyoungနဲ့တစ်အိမ်တည်း အတူနေရတာက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးကို ဖက်တွယ်ထားရသလို Lisa ခံစားနေရသည်
Chaeyoungနဲ့အတူအိပ်ချင်နေတယ်ဆိုတာ Chaeyoungသာသိရင် Lisaကို မုန်းသွားမလား....
Lisa အတွေးလွန်နေစဥ် ဖုန်းမြည်သံကြောင့် လန့်သွားသည်
"Ok...ကျွန်မ လာခဲ့ပါမယ် "
Lisa ဖုန်းချပြီး သူတို့ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်သည်
"Chaeyoungက ငါ့ကို အခင်ဆုံးသူငယ်ချင်းလို့ သဘောထားပြီး အရမ်းခင်တာ ငါက....ငါက ယုတ်မာတဲ့အတွေးတွေ မတွေးသင့်ဘူး....."
Lisa သက်ပြင်းချပြီး အစည်းအဝေးခန်းထဲ သွားလေသည်
"Good Afternoon Lisa..ဘယ်လိုလည်း အဆင်ပြေလား "
"ဟုတ်ကဲ့ ပြေပါတယ် Yoosun "
"နင့်မိန်းမ Chaeyoungရော "
"Chaeyoungလည်း ကျန်းမာပျော်ရွှင် အဆင်ပြေလျက်ပါ"
"ကဲ ဒါဆိုလည်း အစည်းအဝေးစကြတာပေါ့ "
Yoosunက ထရပ်ပြီး သူ့ပရောဂျက်တွေကို ပရောဂျက်တာနဲ့ပြကာ ရှင်းပြနေသည်
"ကျွန်မတို့သာ KumGang Corpနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် စျေးကွက်တွေက ထင်ထားတာထက် ထိုးထောင်တက်သွားမှာ သေချာပါတယ် Mount KumGangက Manoban Companyကို အမြတ်များများ ဝင်ငွေများများရအောင် ကူညိပေးနိုင်မှာပါ ဒါကြောင့် Manobam companyရဲ့ အနာဂတ်အတွက် ကောင်းသောရလဒ်တွေ ပိုင်ဆိုင်ချင်ရင် ပူးပေါင်းသင့်တယ်လို့ အကြံပေးပါရစေ "
"တင်ပြချက်အတွက် ကျေးဇူးပါ ကဲ Lisa shii ရှင့်အလှည့်ပါ "
Lisaလည်း ခေါင်းညိတ်ပြီး သူ့I padကို ဖွင့်ကာ ထရပ်လိုက်သည်
"ဘုတ်အဖွဲ့အစည်းက မန်ဘာအားလုံး ကောင်းသောနေ့လည်ခင်းပါ ဒီနေ့ ကျွန်မတင်ပြချင်တာကတော့ Manoban companyက မှီခိုခြင်းမရှိဘဲ ဘယ်လိုတိုးတက်အောင်လုပ်ရမလည်းဆိုတဲ့အကြောင်းပါ "
Lisaမှာ သူ့အစီအစဥ်တွေကို သေချာရှင်းပြပြီး ဘုတ်အဖွဲ့အစည်းက ရှယ်ယာရှင်တွေ မေးသမျှလည်း သေချာဖြေပေးနေသည်
"ထင်မြင်ချက်တွေများနေတယ် Lisa...ပိုက်ဆံအများကြီး ဘယ်ကနေ အစုအပြုံလိုက် ရောက်လာမှာလည်း ဘယ်လိုစီစဥ်ထားသလည်း ....အကူအညီမယူချင်ဘူး ထွက်ငွေလည်း လျော့ချင်တယ်ဆိုရင် ဌာနတစ်ချို့ကို ပိတ်ပစ်မှာဘဲ အဆင်ပြေမယ်..."
"Yoosunက ဘယ်လိုတွေးနေတာလည်း ကျွန်မ မသိဘူး ကျွန်မတို့ ဝန်ထမ်းတွေက ဒီ companyအတွက် အလွန်တန်ဖိုးရှိတဲ့သူတွေပါ မိသားစုလိုလည်း ဖြစ်နေတော့ သူတို့ကိုဖြုတ်ချစရာမလိုတဲ့ နည်းလမ်း ကျွန်မရှာဖွေမှာပါ "
"ဘယ်လိုရှာဖွေနိုင်မှာလည်း...မင်းက ငယ်ရွယ်ပြီး အခုမှလက်ထပ်ထား..."
"ကျွန်မ အိမ်ထောင်ရေးကိစ္စ ကျွန်မဘာသာကိုင်တွယ်နိုင်ပါတယ် ကျွန်မက ငယ်သေးပေမယ့် မိဘတွေနဲ့အတူ ငယ်ကတည်းက ဒီcompanyအကြောင်း လေ့လာထားလို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ် .."
"အိမ်ထောင်ရေးကိစ္စကို ကိုင်တွယ်နိုင်တယ် ဟုတ်လား Emilyလိုလား Lisa...ကလပ်တွေသွား ဘားတွေတက်... အိမ်ပြန်နောက်ကျနေတဲ့ မင်းကို Chaeyoungက စောင့်ရတာ ပျင်းလာရင် ဘယ်လိုလုပ်မလည်း မင်းထက်ကောင်းတဲ့သူရှာတွေ့ပြီး မင်းကိုကွာရှင်းရင် ဘယ်လိုလုပ်မလည်း "
Yoosunမှာ ယုတ်မာတဲ့နည်းနဲ့ Lisaကို တိုက်ခိုက်လေသည်
"ဒီအစည်းအဝေးမှာ ကျွန်မ အိမ်ထောင်ရေးကိစ္စပါ ဆွဲထည့်ပြောစရာမလိုဘူးနော် "
အခြေအနေတွေက တင်းမာလာလို့ ဘုတ်အဖွဲ့အစည်း အဖွဲ့ဝင်တွေက အစည်းအဝေးခဏရပ်ဖို့အကြံပေးလိုက်သည်
ထို့နောက် မိနစ်သုံးဆယ်နေမှ အစည်းအဝေးပြန်စဖို့ ပြောပြီး ကော်ဖီသောက်ဖို့ ထွက်သွားကြသည်
"Oh...Chaeyoungပါလား "
Yoosun ကြောင့် ဒေါသထွက်နေတဲ့ Lisaမှာ Chaeyoungနာမည်ကြားတော့ အရမ်းပျော်သွားတယ်
"ဟုတ်တယ် Lisaအတွက် နေ့လည်စာလာပို့ပေးတာ ကျွန်မ ဒီနားမှာ ရပ်နေတာ အကြာကြီးဘဲ ရှင်တို့မပြီးသေးလို့ စောင့်နေတာ ခဏ breaktimeပေးလို့ ကျေးဇူးပါ "
Chaeyoungက သူ့ကိုနေ့လည်စာ လာပို့ပေးတာတဲ့...Lisa နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာသည်
Chaeyoungက သူခက်ခဲနေတဲ့အချိန်မှာ ထပ်ပြီး ရောက်လာပြန်သည်
Lisa သူ့မိန်းမဆီကို ပြေးလာတယ်....
"Hey Li..."
Chaeyoungရဲ့ မျက်နှာကို တင်းတင်းကြပ်ကြပ်ကိုင်ပြီး Chaeyoungရဲ့ နှုတ်ခမ်းကို Lisa တပ်မက်စွာ နမ်းပစ်လိုက်သည်
Chaeyoungမှာ ရုတ်တရက်ကြောင်သွားပေမယ့် ဘုတ်အဖွဲ့အစည်းက လူတစ်ချို့ကလည်း ကြည့်နေကြတော့ အလိုက်သင့်ပြန်နမ်းလိုက်သည်
"ညားခါစအတွဲတွေများ ကဲလိုက်တာ "
Chaelisaတို့ကို ကြည့်ပြီး ရယ်မောကာ ဘုတ်အဖွဲ့အစည်းတွေ ထွက်သွားတော့ Lisaမှာ Chaeyoungလက်ကို ဆွဲပြီး သူ့ရုံးခန်းထဲ ခေါ်သွားသည်
Yoosun စကားတွေ ကြားယောင်ပြီး Lisa အရမ်းစိတ်ပူနေတယ်
ရုံးခန်းထဲရောက်တော့ Chaeyoungကို Lisa ထပ်နမ်းပြန်သည်
"နေ နေပါအုံး Lisa...."
"Chaeng..."
"ဘာဖြစ်နေတာလည်း နင် "
"ငါနဲ့အတူအိပ်ပေးပါ"
Lisaရဲ့ စကားကြောင့် Chaeyoung အံ့သြသွားတယ်
"ဘာ...Lisa ငါက နင့်သူငယ်ချင်းလေ နင်ရူးနေတာလား "
"မရူးဘူး နင်က ငါ့မိန်းမ ငါနဲ့အတူ အိပ်ကိုအိပ်ရမယ် '
Chaeyoungမှာ သူ့သူငယ်ချင်းကို ကြည့်ပြီး မယုံနိုင်ဖြစ်နေသည်
"Fuck you Lisa..."
Lisaကို ဆဲပြီး Chaeyoung ရုံးခန်းထဲက ထွက်သွားသည်
'နေအုံး Chaeng....Chae....'
Chaeyoungကို Lisa လိုက်တားပေမယ့် မမှီလိုက် ဓာတ်လှေကားကအောက်ထပ်ကို ဆင်းသွားလေသည်
#tbc
#zawgyi
"Good Morning Dr.Park...."
"မဟုတ်ပါဘူးဟ "
"သေလိုက်ပါ့လား "
"ဘာလည်း ဘယ်သူလည်း "
"ကျေးဇူး "
"Annyeonghasayo.... "
ဓာတ်ပုံထဲမှာ သူတို့က တကယ့်အတွဲနဲ့တူနေတာဘဲ ပြုံးပျော်နေလိုက်တာများ
"Ok...ကျွန်မ လာခဲ့ပါမယ် "
"ကျွန်မတို့သာ KumGang Corpနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် ဈေးကွက်တွေက ထင်ထားတာထက် ထိုးထောင်တက်သွားမှာ သေချာပါတယ် Mount KumGangက Manoban Companyကို အမြတ်များများ ဝင်ငွေများများရအောင် ကူညိပေးနိုင်မှာပါ ဒါကြောင့် Manobam companyရဲ့ အနာဂတ်အတွက် ကောင်းသောရလဒ်တွေ ပိုင်ဆိုင်ချင်ရင် ပူးပေါင်းသင့်တယ်လို့ အကြံပေးပါရစေ "
"Oh...Chaeyoungပါလား "
"Hey Li..."
"နေ နေပါအုံး Lisa...."
"Chaeng..."
"ဘာဖြစ်နေတာလည်း နင် "
"ငါနဲ့အတူအိပ်ပေးပါ"
"Fuck you Lisa..."
'နေအုံး Chaeng....Chae....'
#tbc
Bạn đang đọc truyện trên: Truyen3h.Co