Truyen3h.Co

Business Proposal

Part 13

KimFany059


Lisaအတွက်တော့ တကယ့်ပြဿနာတွေ ရောက်လာတဲ့နေ့ပါဘဲ

Chaeyoungကလည်း စိတ်ဆိုးသွားသလို meetingကလည်း အရင်တိုင်း မဲညီတူညီမျှရပြီး နောက်ထပ်ရက်ရွေ့ခံရပြန်တယ်

Lisa ပြဿနာတွေလုပ်မိနေတယ်ဆိုတာ သိပါတယ်

သူ့ကိုယုံတဲ့ Chaeyoungအပေါ် အမှားလုပ်ခဲ့မိတယ်

Chaeyoung ရဲ့ ယုံကြည်မှုတွေကို Lisa ချိုးဖျက်ခဲ့တယ်

ဒါကြောင့်မို့လို့ Chaeyoungကို တောင်းပန်ဖို့ ဖုန်းဆက်ပေမယ့် Voice message ချန်ထားပါဆိုတာနဲ့ တွေ့နေရသည်

Lisa စာပို့ပြီး တောင်းပန်ပေမယ့် Chaeyoungဆီက replyပြန်မရပေ

ဒီတော့ Lisaမှာ သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်ရသည်

Jennie...Jennieဆီကို Lisa ဖုန်းဆက်လိုက်သည်

Jennie ဖုန်းကိုင်မယ့်အချိန်ကို Lisa လက်သည်းကိုက်ရင်း စောင့်နေမိသည်

တော်တော်ကြာတဲ့အထိ Jennieက ဖုန်းမကိုင်လို့ Lisa ဖုန်းချမလို့ရှိသေး Jennieရဲ့ ဒေါသထွက်နေတဲ့အသံကို ကြားလိုက်ရသည်


"Jennie...နေပါအုံး ခဏလေးပါဟ ငါ...ငါသိပါတယ် ငါအမှားလုပ်မိတာ...လုပ် လုပ်စမ်းပါ ငါ့ကို Chaeyoungနဲ့ ဖုန်းပြောခွင့်ပေးပါလား "

Jennieမှာ ဘာမှပြန်မပြောပေ.. .သူသာ အနားရှိရင် Lisaကို ပိတ်ထိုးမယ်ဆိုတာ Lisa သိတယ်လေ

"Okay... Okay မပြောစေချင်ဘူးဆိုလည်း ထားပါတော့....Chaeyoung အိမ်ပြန်ရောက်ပြီလား "

Jennie ပြန်ဖြေမယ့်အချိန်ကို Lisa စိတ်ရှည်ရှည်နဲ့စောင့်နေပါတယ် ဒါပေမယ့် Jennieက တစ်ခွန်းလေးတောင် ပြန်မဖြေပေ

"Jennie...သူ့ကို ငါ စောင့်နေမယ်လို့ ပြောပေးပါ ပြီးတော့ ငါ...သူ့ကိုတောင်းပန်ပါတယ်လို့ ပြောပေးပါလား ပြီးတော့... "

Lisa ဆက်မပြောခင် သူ့နှုတ်ခမ်းကိုသူ ဖိတ်ကိုက်ထားသည်

သူ ဘာပြောရမလည်း Chaeyoungရဲ့ ဘောင်းဘီထဲ သူလက်ချောင်းလေးတွေ တိုးဝင်ချင်နေကြောင်း ပြောရမှာလား

"ငါ တကယ် တောင်းပန်ပါတယ်လို့ ပြောပေးပါ Jennie "

Lisaသက်ပြင်းချပြီး ပြောကာ ဖုန်းချလိုက်သည်

Lisaက ပြာယာခတ်နေချိန် Chaeyoungကတော့ ရေခဲမုန့်စားရင်း သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ရုပ်ရှင်ကြည့်နေသည်

သူ့ဖုန်းက တစ််ချိန်လုံးမြည်နေတာကို သိသည် ဒါပေမယ့် ဘယ်သူဆက်လည်းဆိုတာသိလို့ Chaeyoung မကိုင်ဘဲ တမင်ပစ်ထားသည်

နောက်တော့ Jennieဆီကို Lisa ဖုန်းဆက်သည် Jennieက မေးငေါ့ပြတော့ Chaeyoungက ခေါင်းခါပြသည်

Jennieမှာ ဖုန်းချလိုက်ပြီး

"သူက နင့်ကို စောင့်နေမယ်တဲ့ "

"dude...Lisaက ချစ်စရာကောင်းတဲ့ ခွေးပေါက်ကလေးကနေ အရမ်းထန်တဲ့ မြေခွေးအဖြစ် ဘယ်လိုပြောင်းလဲသွားတာလည်းဟ "

Somiကမေးတော့ Chaeyoung ခေါင်းခါပြသည်

"သူ ဘာဖြစ်သွားမှန်းကိုမသိတာ...အားလုံးက အဆင်ပြေပြေဖြစ်နေတုန်း သူက ငါ့ကို ဆွဲနမ်းတယ် အဲ့အထိ ပြေပါသေးတယ် နောက်တော့ အရမ်းကြမ်းလာပြီး သူနဲ့အတူအိပ်ပေးဖို့ ပြောတယ် ငါကသူ့မိန်းမဖြစ်လို့ အိပ်ကိိုအိပ်ပေးရမယ်တဲ့ "

Chaeyoungပြောပြီး Jennieရဲ့ ပေါင်ပေါ်လှဲအိပ်လိုက်သည် Somiကတော့ ရေခဲမုန့်ဆက်စားနေသည်

"Chaeng...Lisaကို နင်အသိဆုံးဘဲ မဟုတ်လား ငါနဲ့Somiတောင် နင့်လောက် Lisaအကြောင်းကို မသိဘူး  ငါပြောချင်တာကဟာ Lisaက fuckချင်တယ်ဆိုရင်လည်း လက်ခံလိုက်ပေါ့ သူက ကျွမ်းတယ် မဟုတ်လား "

"Hey Jen ဘာတွေလျှောက်ပြောနေတာလည်း "

"စတာပါ Somiရ ငါပြောချင်တာက သူဘာတွေဖြစ်နေလည်းဆိုတာ နင်တစ်ယောက်ဘဲ ရှာနိုင်မှာ နင်က သူ့homieဘဲ သူ့အကြောင်းနင်အသိဆုံးဆိုတော့ အိမ်ပြန်ပြီး နင့်မိန်းမနဲ့ စကားသွားပြော "

Jennieရဲ့ စကားကြောင့် Chaeyoung သက်ပြင်းချလိုက်သည်

"ငါ ပြန်မသွားချင်ဘူး ...အခုလောလောဆယ် ပြန်သွားရင် သူ့ကိုမြင်တာနဲ့ သူ့ဖင်ကို ပိတ်ကန်မိလိမ့်မယ် နင်တို့မသိလို့ သူနဲ့အတူအိပ်ပေးဖို့ပြောတုန်းက သူ့မျက်နှာက အရမ်းအေးစက်ပြီး ကြောက်စရာကောင်းနေတာ ငါသိတဲ့ Lisaနဲ့တစ်ခြားစီဘဲ  "

"နင် အခုတွေ့နေရတဲ့ Lisaက ငါတို့အမြဲတွေ့နေရတဲ့ Lisaဘဲ Chaeng သူက နင့်အပေါ်ဘဲ နူးညံ့တာ"

"အခု သူ နင့်အပေါ်ကို အဲ့လိုဖြစ်နေတယ်ဆိုတော့ မဟုတ်မှလွဲလို့.  "

"မဟုတ်တာ Somiရယ် Lisaက ငါ့ကိုချစ်နေတာ မဖြစ်နိုင်ပါဘူး  ဆက်မပြောနဲ့တော့ သူက ဒီအတိုင်း သူ့ရည်းစားဟောင်းကို သတိရလို့နေမှာပါ "

"ဒီတော့ နင် ဘာဆက်လုပ်မှာလည်း ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတော့မှာလား "

Chaeyoungမှာ သူ့လက်သန်းကြွယ်က လက်စွပ်ကို ကြည့်လိုက်သည်

"Lisaအတွက် ငါလုပ်ခဲ့တာ.... ငါသူ့ကို ငါ့ကမ္ဘာတစ်ခုလုံး ပေးခဲ့တာ "

"Chae နင်နေရတာ အဆင်မပြေဖြစ်လာပြီး မပျော်ဘူးဆိုရင် လွှတ်ချလိုက်လို့ရတာဘဲ နင်တို့က တကယ်လက်ထပ်ထားတာမှ မဟုတ်တာ ဒါတွေအားလုံးက အတုအယောင်တွေလေ မဟုတ်လား"

Somiရဲ့ စကားတွေကို Chaeyoung သေချာစဥ်းစားနေတယ်

အလုပ်ကြောင့် ဟန်ဆောင်လက်ထပ်ခဲ့ပြီးနောက် Lisaနဲ့ အတူတစ်အိမ်ထဲနေခဲ့ချိန်တွေကို ပြန်တွေးတောနေမိတယ်

Lisaနဲ့အတူနေခဲ့တဲ့တစ်လျှောက်လုံး ပျော်စရာတွေနဲ့ ပြည့်နေခဲ့တယ် Lisa သူ့ကို အိပ်ရာထဖို့ ကလိလာထိုးပြီး နှိုးတဲ့အခါတိုင်း အလုပ်ကပြန်ရောက်ပြီလို့ အမြဲအော်နှုတ်ဆက်အသိပေးတဲ့အခါတိုင်း Chaeyoung အရမ်းပျော်ခဲ့ပါတယ်

Lisaရဲ့အိပ်ခန်းက သူ့အတွက် နွေးထွေးပြီး အိမ်နဲ့တူစေတဲ့ ခံစားချက်ကိုလည်း Chaeyoung သဘောကျတယ်

တစ်ခါတစ်ခါ Good night kissပေးတဲ့ အနမ်းတွေကိုလည်း သဘောကျတယ်

ဒါဆိုရင် ဘယ်ဟာက အတုအယောင်တွေလည်း အပျော်တွေလား မဟုတ်တာ ပျော်နေခဲ့တဲ့ ခံစားချက်တွေက အတုအယောင် မဟုတ်ဘူးလေ

Chaeyoung ဘယ်အရာက အတုအယောင်လည်းဆိုတာ မသိတော့ဘူး

Lisaရဲ့ ဖြစ်တည်မှုကို စဥ်းစားကြည့်ရုံနဲ့ Chaeyoung နှလုံးခုန်မြန်လာတယ်

ဘယ်ဟာက အတု ဘယ်ဟာက အစစ်လည်းဆိုတာ Chaeyoung ကိုယ်တိုင် အဖြေရှာမှဖြစ်မည်

"နှစ်နှစ်ဘဲ... အလုပ်ကိစ္စတွေအတွက် နှစ်နှစ်လောက်ဘဲ သီးခံရင်ရပါပြီ Guys...."

အလုပ်ကိစ္စအတွက်လို့ chaeyoung ပြောလိုက်ပေမယ့် တကယ်တော့ သူ လိမ်ပြောလိုက်တယ်ဆိုတာ Chaeyoung သိတယ်လေ

****

သုံးရက်ရှိနေပြီ..   ..နေသုံးကြိမ်ဝင် နေသုံးကြိမ်ထွက်လာတာတောင် Chaeyoungက Lisaဆီ ပြန်မလာခဲ့ပါဘူး

Lisa အခုတော့ ဧည့်သည်တွေအတွက်ထားထားတဲ့ အခန်းထဲမနေတော့ဘဲ သူ့အခန်းထဲဲပြန်ရောက်လာပြီ

ဘာလို့လည်းဆို အဲ့အခန်းထဲမှာ Chaeyoungရဲ့ ကိုယ်သင်းရနံ့လေးတွေ ကျန်ရှိနေသောကြောင့် ဖြစ်သည်

အိပ်ရာခင်းပေါ်က Chaeyoungရဲ့ ကိုယ်သင်းရနံ့လေးရှူရင်း Lisa အိပ်ပျော်အောင် ကြိုးစားရသည်

အဲ့ရနံ့တွေသာ ပျောက်သွားလို့ကတော့ Lisa စိတ်လွတ်ပြီး ရူးသွားလောက်မည်

အမှားအကြီးကြီးလုပ်မိလို့ ပြန်ပေးဆပ်နေရတာဘဲ...

Chaeyoungဆီ Lisa သူငယ်ချင်းဆိုတဲ့စည်းကို ကျော်မိပြီး အခွင့်အရေးယူမိကြောင်း သူမှားသွားလို့ တောင်းပန်ကြောင်း Chaeyoungကို အရမ်းလွမ်းနေလို့ ရူးမတတ်ဖြစ်နေကြောင်း နေ့တိုင်းစာပို့ပေမယ့် Chaeyoungကတော့ replyမလုပ်ပေ

Chaeyoungရဲ့ ဆေးရုံရှေ့ အိမ်ရှေ့ထိသွားစောင့်ရှာချင်ပေမယ့် Chaeyoungကို နေရာတစ်ခုလေးတော့ ပေးရမယ်လေ ....ဒါပေမယ့် Chaeyoungဆီက အဆက်အသွယ်မရတာက Emilyနဲ့ လမ်းခွဲခဲ့ချိန်ထက် Emilyကိုဆုံးရှုံးခဲ့ရတာထက် ပိုနာကျင်စေသည်

#tbc

#zawgyi























သူ့ဖုန်းက တစ်ချိန်လုံးမြည်နေတာကို သိသည် ဒါပေမယ့် ဘယ်သူဆက်လည်းဆိုတာသိလို့ Chaeyoung မကိုင်ဘဲ တမင်ပစ်ထားသည်






"သူ ဘာဖြစ်သွားမှန်းကိုမသိတာ...အားလုံးက အဆင်ပြေပြေဖြစ်နေတုန်း သူက ငါ့ကို ဆွဲနမ်းတယ် အဲ့အထိ ပြေပါသေးတယ် နောက်တော့ အရမ်းကြမ်းလာပြီး သူနဲ့အတူအိပ်ပေးဖို့ ပြောတယ် ငါကသူ့မိန်းမဖြစ်လို့ အိပ်ကိုအိပ်ပေးရမယ်တဲ့ "

























****


Lisa အခုတော့ ဧည့်သည်တွေအတွက်ထားထားတဲ့ အခန်းထဲမနေတော့ဘဲ သူ့အခန်းထဲပြန်ရောက်လာပြီ







#tbc

Bạn đang đọc truyện trên: Truyen3h.Co