Truyen3h.Co

Business Proposal

Part 14

KimFany059


Lisaမှာ Somi​ဆီကိုလည်း ဖုန်းဆက်ပြီး Chaeyoungကို တောင်းပန်ကြောင်း ပြောသည်

Somiက သူ့တောင်းပန်မှုကို Chaeyoungကို ပြန်ပြောပြဖို့ကိုလည်း Lisaက ဆုတောင်းနေသေးသည်

Chaelisaတို့ ခဏခဏရန်ဖြစ်ဖူးပါတယ် ဒါပေမယ့် ဒီတစ်ခါက အဆိုးဆုံးလို့ပြောရမယ် ဘာလို့လည်းဆိုတော့ Lisaက Chaeyoungအပေါ် ရိုင်းပြီး စော်ကားခဲ့မိတယ်လေ

Lisaသာ သူ့စိတ်သူ ထိန်းနိုင်ခဲ့ရင် ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူး

အလုပ်ကနေ Lisa အိမ်ကိုပြန်လာခဲ့သည် အလုပ်မှာလည်း သူအာရုံမစိုက်နိုင်လို့ အိမ်ကို စောစောပြန်လာပြီး ဘာမှမရှိတဲ့ အခန်းကြီးကို စိုက်ကြည့်နေမိသည်

Lisa သူ့ကုတင်ပေါ်က ဂျာကင်ကို ယူပြီး ဖုန်းထုတ်လိုက်သည်

ထို့နောက် တစ်စုံတစ်ယောက်ဆီသို့ ဖုန်းဆက်လိုက်သည်

"Hello  Jisoo....ငါ stressတွေ ခဏလောက်လျော့ချင်နေလို့ အဲ့တာ နင်တို့ရုံးနားက barကို လာလို့ရမလားလို့လေ.....ဟုတ်ပြီ အဲ့တာဆို ငါလာခဲ့မယ် ခုချက်ချင်းလာပြီ ဒါဘဲနော်   "

Lisa ကားသော့ကိုယူပြီး ထွက်လာသည် Chaeyoungပြီးရင် Jisooက သူအခင်ဆုံး သူငယ်ချင်းလေ ခဏခဏဘုကလန့်တွေ ပြောပြီး ရန်ဖြစ်ကြတာကလွဲလို့ပေါ့

Lisa လည်ပင်းထဲထိ တစ်ဆို့မွန်းကြပ်နေတဲ့ သူ့အမှားတွေ နောင်တတွေကို ရင်ဖွင့်ရမယ့်သူ လိုအပ်နေတယ်မဟုတ်လား

"Ryder ...Octagon barကို လိုက်ပို့ပေးပါ"

"ဟုတ်ကဲ့ဗျာ့ "

Lisa ကားပေါ်တက်ပြီး မသွားခင် Chaeyoungဆီကို Good Night လို့ ပို့လေသည်

Barထဲ ဝင်ဝင်င်ချင်း ခပ်ဖျော့ဖျော့ အလင်းရောင်နဲ့ ဆေးလိပ်ဘီယာအရက်နံ့တွေက Lisaကို ကြိုဆိုနေသည် 

တီးလုံးသံတွေနဲ့ ကခုန်နေတဲ့ လူတွေကို တိုးဝှေ့ရင်း ဂျောင်ကျတဲ့ privateဆန်ဆန်နေရာမှာ သူ့ကို လက်လှမ်းပြနေတဲ့ Jisooကို Lisaတွေ့လိုက်ရသည်

"Hey Nerd...ဘယ်လိုလည်း နေကောင်းလား အဆင်ပြေလား "

"သောက်တလွဲတွေလုပ်မိနေတယ် "

"Okay...အရက်တွေထပ်လိုအုံးမှာဘဲ ဟိတ် ဒီကို vodkas နှစ်ခွက်လောက် "

Jisooလည်း Barက ကောင်မလေးကို လက်နှစ်ချောင်းထောင်ပြပြီး မှာလိုက်သည်

"ငါ ဖျက်စီးခဲ့မိပြီထင်တယ် "

"အရင်ဆုံး ဒါလေးသောက်လိုက်"

Jisooမှာ သူတို့ရှေ့ချလာတဲ့ အရက်တစ်ခွက်ကိုယူပြီး Lisaကို ပေးလိုက်သည်

Lisaလည်း Vodkas တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်

"Jisoo...ငါ Chaeyoungကို အရုပ်တစ်ရုပ်လို မဆက်ဆံခဲ့သလို အပျော်မယားလို့လည်း မတွေးခဲ့ဖူးဘူး သိလား "

"အင်း ငါကြားခဲ့သလောက်ဆိုရင် နင် တော်တော်အခြေအနေဆိုးခဲ့တာဘဲ"

"ငါ... "

Lisa သက်ပြင်းချပြီး Vodkas နောက်တစ်ခွက်ကို တောင်းလိုက်သည်

"ဟုတ်တယ် Jisoo ငါလုပ်ခဲ့တာ အဲ့အတွက်လည်း ငါတော်တော်လေး နောင်တရနေတာ ငါ့ကိုယ်ငါ အားနည်းလို့ အရမ်းဒေါသထွက်တယ်  Yoosun က ငါ့ကို စိတ်သိမ်ငယ်စေအောင် ပြောတဲ့စကားတွေမှာ နားယောင်မိပြီး.... Chaeyoungအပေါ် ဆိုးဝါးတဲ့ အပြုအမူတွေ လုပ်ခဲ့မိတာ "

"ငါ နင့်ကို နားလည်ပါတယ် Lisa...နင် ကပျက်ကရိုက်ဖြစ်ပြီး စိတ်လွတ်သွားတယ်ဆိုတာ....ဒါပေမယ့် ဘာလို့ Chaeyoungကို အတူအိပ်ဖို့ သွားပြောရတာလည်း ပြောစမ်းပါအုံး Lisa...တစ်ကမ္ဘာလုံးမှာ နင့်အပေါ် အကောင်းဆုံး သူငယ်ချင်းကို ဘာလို့ ဖောင်းဒိုင်းလုပ်ဖို့ သွားပြောရတာလည်း "

Lisa နောက်တစ်ခွက်ကို ထပ်မော့လိုက်သည်

"ငါ...Chaeyoungကို စိတ်ဝင်စားနေတယ်ထင်တယ်"

Jisooမှာ Lisa စကားကြောင့် သောက်လက်စအရက်တွေ ပြန်ထွက်ကျမလိုတောင် ဖြစ်သွားတယ်

အရက်ခွက်ကိုကိုင်ရင်း Lisaကိုကြည့်ကာ

"နင် အဲ့လိုထင်တယ်ပေါ့ Lisa တကယ်ကြီးလား.... နောက်ဆုံးတော့ နင် သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ သတိထားမိလာပြီလား "

"ဒီရက်ပိုင်း ငါ့ရဲ့ထူးဆန်းတဲ့ ခံစားချက်တွေက ပိုဆိုးလာတယ် အရင်ကဆို သူ့ကိုမြင်ရင် ငါဘာမှမဖြစ်ဘူး အခုနောက်ပိုင်း သူ့ကိုမြင်ရင် နမ်းချင်လာပြီး သူနဲ့...."

Jisooမှာ Lisaရဲ့ စကားကြောင့် ရယ်လိုက်သည်

"God...18နှစ်လောက် ခင်လာတဲ့ သူငယ်ချင်းဆက်ဆံရေးက ဟန်ဆောင်လက်ထပ်ထားတဲ့ နှစ်လအတွင်းမှာ သတိထားမိလာတာလား နင်က အရင်ကတည်းက Chaeyoungအပေါ်ဆက်ဆံတာက ငါတို့နဲ့မတူဘူး သူ့ကိုဆိုအမြဲနွေးထွေးတယ် ဂရုစိုက်ပေးတယ် ပြီးတော့ သူကနင့်အတွက် ဘယ်လောက် အရေးပါလည်း နင်အသိဆုံးပါ တစ်ခါတစ်လေ နင်သူ့ကိုသဘောကျတယ်မဟုတ်လား ဒါပေမယ့် နင်က သူ့ရဲ့သူငယ်ချင်းဖြစ်နေလို့ စည်းတားခဲ့တာ"

"Jisoo ငါ...ငါမလုပ်နိုင်ဘူးထင်တယ် ဒါကြီးက ထူးဆန်းတယ် သူက သူက ငါ့အခင်ဆုံးသူငယ်ချင်းလေ ငါက ငါ့အပေါ် အကောင်းဆုံး သူငယ်ချင်းနဲ့ လိင်ဆက်ဆံချင်နေတယ် "

Lisaပြောပြီး နောက်တစ်ခွက်ထပ်မော့ပြန်သည်

"ကြည့်ရတာ ငါအလုပ်တွေများပြီး sexမလုပ်ရတာ ကြာလို့ထင်တယ် အဲ့တာကြောင့် ငါ့ရှေ့မှာ ရှိနေတဲ့ Chaeyoung ကို ပေါက်ကရတွေ ပြောမိနေတာ "

"Lisa...နင်တစ်ခြားသူတွေနဲ့ sex လုပ်ရင်တောင် အဲ့ခံစားချက်က ပျောက်သွားမှာမဟုတ်ဘူး နင်သူ့ကိုချစ်နေတယ်ဆိုတာ သတိမထားမိသ၍ပေါ့  "

"ငါ သူ့ကိုချစ်နေတာမဟုတ်ဘူး မဖြစ်နိုင်ဘူး ငါ...ငါက ချစ်နေတာမျိုး မဖြစ်နိုင်ဘူး "

Chaeyoung သူတို့အိမ်ကနေ ထွက်သွားကတည်းက ဘယ်လောက်လစ်ဟာပြီး ဗလာဖြစ်နေလည်းဆိုတာ Lisa ခံစားမိသည်

"ဟင့်အင်း ဒီအိမ်က ငါ့အိမ် ငါတစ်ယောက်တည်း ပိုင်တာ "

Lisa ရေရွတ်ပြီး သူ့အတွေးကို ပြန်ပြင်တုန်း Jisooက သူ့ကိုကြည့်နေသည်

နာကျင်မှုတွေက ပိုပြီး နက်ရှိုင်းလာလို့ Lisa ရုန်းထွက်လို့မရ သူ့သုခဘုံလေး Park Chaeyoungမရှိကတည်းက ထွက်သွားကတည်းက ငရဲကျနေသလို ခံစားနေရတယ်

"ငါက အသုံးမကျဘူး ဟုတ်တယ်မလား Jisoo Yoosunပြောတာမှန်တယ် ဒီcompanyကလည်း ငါ့အဖေကြောင့်သာ ဆက်ရှိနေတာ ငါ့ကြောင့်သာဆို ဒေဝါလီခံရတာကြာပေါ့ ဒါကြောင့်လည်း Emilyက ငါ့ကိိုထားခဲ့တာ"

"Lisa...Emilyက နင့်ကိုမချစ်ဘူး သူ နင့်ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး စိတ်ကစားခဲ့တာဘဲ ရှိတယ် ငါတို့နင့်ကို သတိပေးဖို့ ကြိုးစားခဲ့ဖူးပါတယ် နင်က အချစ်နွံထဲ နစ်နေလို့မသိတာလေ'

"ဒါပေမယ့် Chaeyoung....သူ သူကတော့ သဘောတူခဲ့တယ်လေ မဟုတ်ဘူးလား "

"dude...Chaeyoungက Emilyကို အရမ်းမုန်းတာသိလား နင် Emilyကြောင့် ပြုံးရယ်နေလို့ ဘာမှမပြောတာ နင်နဲ့ Emilyအတူရှိတိုင်း သူမျက်နှာပျက်ပြီး ဟန်ဆောင်ပြုံးနေရတာ နင်မှမသိတာ"

"မဖြစ်နိုင်တာ Chaeyoungက သဘောကောင်းတယ် ယဥ်ကျေးတယ် ပြီးတော့ ချစ်ဖို့လည်း ကောင်းတယ်  သူ ဘယ်သူ့ကိုမှ မမုန်းဖူးပါဘူး မုန်းတာမျိုး မရှိပါဘူး အင်း အခုတော့ သူငါ့ကို မုန်းနေလောက်ရောပေါ့ အဟက်.....Jisooရာ ငါသူ့ကို သူ့ကို အရမ်းလွမ်းတာဘဲ ငါ သူ့ကို ပြန်လာစေချင်တယ် သူမရှိဘဲ အသက်ရှူရတာ အရမ်းခက်ခဲတယ် ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး ငါသူ့ကို ချစ်တယ် "

"နင် သူ့ကိုချစ်တာ ငါသိပါတယ် "

"ငါ သူ့ကိုချစ်တာ သေချာတယ် သူက ငါ့ရဲ့... Chaeyoungက ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်းလေ အချစ်ဆုံးသူငယ်ချင်း...သူက ငါ့ရဲ့........ငါ့.... ချီးဘဲ မသိတော့ဘူးဟာ "

Lisaပြောပြီး အရက်ခွက်ကိုကောက်ကိုင်သည်

"hey hey ထပ်မသောက်နဲ့တော့ နင်သောက်တာများနေပြီ အရူး လာပြန်မယ် "

Jisooမှာ Lisaကို တွဲပြီး သူ့ကားထိလိုက်ပို့ပေးသည်

ကားဒရိုင်ဘာကိုလည်း သေချာမောင်းပေးဖို့ ပြောလိုက်သေးသည်

"Park Chaeyoungရေ အရမ်းလွမ်းတယ်ဟာ ပြန်လာပါတော့ "

Chaeyoungနာမည်ကို Lisa တစ်လမ်းလုံးရေရွတ်လာခဲ့သည်

#tbc

#Zawgyi

Lisaမွာ Somiဆီကိုလည္း ဖုန္းဆက္ၿပီး Chaeyoungကို ေတာင္းပန္ေၾကာင္း ေျပာသည္

Somiက သူ႕ေတာင္းပန္မႈကို Chaeyoungကို ျပန္ေျပာျပဖို႔ကိုလည္း Lisaက ဆုေတာင္းေနေသးသည္

Chaelisaတို႔ ခဏခဏရန္ျဖစ္ဖူးပါတယ္ ဒါေပမယ့္ ဒီတစ္ခါက အဆိုးဆုံးလို႔ေျပာရမယ္ ဘာလို႔လည္းဆိုေတာ့ Lisaက Chaeyoungအေပၚ ရိုင္းၿပီး ေစာ္ကားခဲ့မိတယ္ေလ

Lisaသာ သူ႕စိတ္သူ ထိန္းနိုင္ခဲ့ရင္ ဒါမ်ိဳးျဖစ္လာမွာ မဟုတ္ဘူး

အလုပ္ကေန Lisa အိမ္ကိုျပန္လာခဲ့သည္ အလုပ္မွာလည္း သူအာ႐ုံမစိုက္နိုင္လို႔ အိမ္ကို ေစာေစာျပန္လာၿပီး ဘာမွမရွိတဲ့ အခန္းႀကီးကို စိုက္ၾကည့္ေနမိသည္

Lisa သူ႕ကုတင္ေပၚက ဂ်ာကင္ကို ယူၿပီး ဖုန္းထုတ္လိုက္သည္

ထို႔ေနာက္ တစ္စုံတစ္ေယာက္ဆီသို႔ ဖုန္းဆက္လိုက္သည္

"Hello  Jisoo....ငါ stressေတြ ခဏေလာက္ေလ်ာ့ခ်င္ေနလို႔ အဲ့တာ နင္တို႔႐ုံးနားက barကို လာလို႔ရမလားလို႔ေလ.....ဟုတ္ၿပီ အဲ့တာဆို ငါလာခဲ့မယ္ ခုခ်က္ခ်င္းလာၿပီ ဒါဘဲေနာ္   "

Lisa ကားေသာ့ကိုယူၿပီး ထြက္လာသည္ Chaeyoungၿပီးရင္ Jisooက သူအခင္ဆုံး သူငယ္ခ်င္းေလ ခဏခဏဘုကလန့္ေတြ ေျပာၿပီး ရန္ျဖစ္ၾကတာကလြဲလို႔ေပါ့

Lisa လည္ပင္းထဲထိ တစ္ဆို႔မြန္းၾကပ္ေနတဲ့ သူ႕အမွားေတြ ေနာင္တေတြကို ရင္ဖြင့္ရမယ့္သူ လိုအပ္ေနတယ္မဟုတ္လား

"Ryder ...Octagon barကို လိုက္ပို႔ေပးပါ"

"ဟုတ္ကဲ့ဗ်ာ့ "

Lisa ကားေပၚတက္ၿပီး မသြားခင္ Chaeyoungဆီကို Good Night လို႔ ပို႔ေလသည္

Barထဲ ဝင္ဝင္င္ခ်င္း ခပ္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္နဲ႕ ေဆးလိပ္ဘီယာအရက္နံ႕ေတြက Lisaကို ႀကိဳဆိုေနသည္ 

တီးလုံးသံေတြနဲ႕ ကခုန္ေနတဲ့ လူေတြကို တိုးေဝွ႕ရင္း ေဂ်ာင္က်တဲ့ privateဆန္ဆန္ေနရာမွာ သူ႕ကို လက္လွမ္းျပေနတဲ့ Jisooကို Lisaေတြ႕လိုက္ရသည္

"Hey Nerd...ဘယ္လိုလည္း ေနေကာင္းလား အဆင္ေျပလား "

"ေသာက္တလြဲေတြလုပ္မိေနတယ္ "

"Okay...အရက္ေတြထပ္လိုအုံးမွာဘဲ ဟိတ္ ဒီကို vodkas ႏွစ္ခြက္ေလာက္ "

Jisooလည္း Barက ေကာင္မေလးကို လက္ႏွစ္ေခ်ာင္းေထာင္ျပၿပီး မွာလိုက္သည္

"ငါ ဖ်က္စီးခဲ့မိၿပီထင္တယ္ "

"အရင္ဆုံး ဒါေလးေသာက္လိုက္"

Jisooမွာ သူတို႔ေရွ႕ခ်လာတဲ့ အရက္တစ္ခြက္ကိုယူၿပီး Lisaကို ေပးလိုက္သည္

Lisaလည္း Vodkas တစ္ခြက္ကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္သည္

"Jisoo...ငါ Chaeyoungကို အ႐ုပ္တစ္႐ုပ္လို မဆက္ဆံခဲ့သလို အေပ်ာ္မယားလို႔လည္း မေတြးခဲ့ဖူးဘူး သိလား "

"အင္း ငါၾကားခဲ့သေလာက္ဆိုရင္ နင္ ေတာ္ေတာ္အေျခအေနဆိုးခဲ့တာဘဲ"

"ငါ... "

Lisa သက္ျပင္းခ်ၿပီး Vodkas ေနာက္တစ္ခြက္ကို ေတာင္းလိုက္သည္

"ဟုတ္တယ္ Jisoo ငါလုပ္ခဲ့တာ အဲ့အတြက္လည္း ငါေတာ္ေတာ္ေလး ေနာင္တရေနတာ ငါ့ကိုယ္ငါ အားနည္းလို႔ အရမ္းေဒါသထြက္တယ္  Yoosun က ငါ့ကို စိတ္သိမ္ငယ္ေစေအာင္ ေျပာတဲ့စကားေတြမွာ နားေယာင္မိၿပီး.... Chaeyoungအေပၚ ဆိုးဝါးတဲ့ အျပဳအမူေတြ လုပ္ခဲ့မိတာ "

"ငါ နင့္ကို နားလည္ပါတယ္ Lisa...နင္ ကပ်က္ကရိုက္ျဖစ္ၿပီး စိတ္လြတ္သြားတယ္ဆိုတာ....ဒါေပမယ့္ ဘာလို႔ Chaeyoungကို အတူအိပ္ဖို႔ သြားေျပာရတာလည္း ေျပာစမ္းပါအုံး Lisa...တစ္ကမၻာလုံးမွာ နင့္အေပၚ အေကာင္းဆုံး သူငယ္ခ်င္းကို ဘာလို႔ ေဖာင္းဒိုင္းလုပ္ဖို႔ သြားေျပာရတာလည္း "

Lisa ေနာက္တစ္ခြက္ကို ထပ္ေမာ့လိုက္သည္

"ငါ...Chaeyoungကို စိတ္ဝင္စားေနတယ္ထင္တယ္"

Jisooမွာ Lisa စကားေၾကာင့္ ေသာက္လက္စအရက္ေတြ ျပန္ထြက္က်မလိုေတာင္ ျဖစ္သြားတယ္

အရက္ခြက္ကိုကိုင္ရင္း Lisaကိုၾကည့္ကာ

"နင္ အဲ့လိုထင္တယ္ေပါ့ Lisa တကယ္ႀကီးလား.... ေနာက္ဆုံးေတာ့ နင္ သူ႕ကို စိတ္ဝင္စားေနတယ္ဆိုတာ သတိထားမိလာၿပီလား "

"ဒီရက္ပိုင္း ငါ့ရဲ႕ထူးဆန္းတဲ့ ခံစားခ်က္ေတြက ပိုဆိုးလာတယ္ အရင္ကဆို သူ႕ကိုျမင္ရင္ ငါဘာမွမျဖစ္ဘူး အခုေနာက္ပိုင္း သူ႕ကိုျမင္ရင္ နမ္းခ်င္လာၿပီး သူနဲ႕...."

Jisooမွာ Lisaရဲ႕ စကားေၾကာင့္ ရယ္လိုက္သည္

"God...18ႏွစ္ေလာက္ ခင္လာတဲ့ သူငယ္ခ်င္းဆက္ဆံေရးက ဟန္ေဆာင္လက္ထပ္ထားတဲ့ ႏွစ္လအတြင္းမွာ သတိထားမိလာတာလား နင္က အရင္ကတည္းက Chaeyoungအေပၚဆက္ဆံတာက ငါတို႔နဲ႕မတူဘူး သူ႕ကိုဆိုအၿမဲႏြေးေထြးတယ္ ဂ႐ုစိုက္ေပးတယ္ ၿပီးေတာ့ သူကနင့္အတြက္ ဘယ္ေလာက္ အေရးပါလည္း နင္အသိဆုံးပါ တစ္ခါတစ္ေလ နင္သူ႕ကိုသေဘာက်တယ္မဟုတ္လား ဒါေပမယ့္ နင္က သူ႕ရဲ႕သူငယ္ခ်င္းျဖစ္ေနလို႔ စည္းတားခဲ့တာ"

"Jisoo ငါ...ငါမလုပ္နိုင္ဘူးထင္တယ္ ဒါႀကီးက ထူးဆန္းတယ္ သူက သူက ငါ့အခင္ဆုံးသူငယ္ခ်င္းေလ ငါက ငါ့အေပၚ အေကာင္းဆုံး သူငယ္ခ်င္းနဲ႕ လိင္ဆက္ဆံခ်င္ေနတယ္ "

Lisaေျပာၿပီး ေနာက္တစ္ခြက္ထပ္ေမာ့ျပန္သည္

"ၾကည့္ရတာ ငါအလုပ္ေတြမ်ားၿပီး sexမလုပ္ရတာ ၾကာလို႔ထင္တယ္ အဲ့တာေၾကာင့္ ငါ့ေရွ႕မွာ ရွိေနတဲ့ Chaeyoung ကို ေပါက္ကရေတြ ေျပာမိေနတာ "

"Lisa...နင္တစ္ျခားသူေတြနဲ႕ sex လုပ္ရင္ေတာင္ အဲ့ခံစားခ်က္က ေပ်ာက္သြားမွာမဟုတ္ဘူး နင္သူ႕ကိုခ်စ္ေနတယ္ဆိုတာ သတိမထားမိသ၍ေပါ့  "

"ငါ သူ႕ကိုခ်စ္ေနတာမဟုတ္ဘူး မျဖစ္နိုင္ဘူး ငါ...ငါက ခ်စ္ေနတာမ်ိဳး မျဖစ္နိုင္ဘူး "

Chaeyoung သူတို႔အိမ္ကေန ထြက္သြားကတည္းက ဘယ္ေလာက္လစ္ဟာၿပီး ဗလာျဖစ္ေနလည္းဆိုတာ Lisa ခံစားမိသည္

"ဟင့္အင္း ဒီအိမ္က ငါ့အိမ္ ငါတစ္ေယာက္တည္း ပိုင္တာ "

Lisa ေရ႐ြတ္ၿပီး သူ႕အေတြးကို ျပန္ျပင္တုန္း Jisooက သူ႕ကိုၾကည့္ေနသည္

နာက်င္မႈေတြက ပိုၿပီး နက္ရွိုင္းလာလို႔ Lisa ႐ုန္းထြက္လို႔မရ သူ႕သုခဘုံေလး Park Chaeyoungမရွိကတည္းက ထြက္သြားကတည္းက ငရဲက်ေနသလို ခံစားေနရတယ္

"ငါက အသုံးမက်ဘဴး ဟုတ္တယ္မလား Jisoo Yoosunေျပာတာမွန္တယ္ ဒီcompanyကလည္း ငါ့အေဖေၾကာင့္သာ ဆက္ရွိေနတာ ငါ့ေၾကာင့္သာဆို ေဒဝါလီခံရတာၾကာေပါ့ ဒါေၾကာင့္လည္း Emilyက ငါ့ကိိုထားခဲ့တာ"

"Lisa...Emilyက နင့္ကိုမခ်စ္ဘူး သူ နင့္ကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူး စိတ္ကစားခဲ့တာဘဲ ရွိတယ္ ငါတို႔နင့္ကို သတိေပးဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္ နင္က အခ်စ္ႏြံထဲ နစ္ေနလို႔မသိတာေလ'

"ဒါေပမယ့္ Chaeyoung....သူ သူကေတာ့ သေဘာတူခဲ့တယ္ေလ မဟုတ္ဘူးလား "

"dude...Chaeyoungက Emilyကို အရမ္းမုန္းတာသိလား နင္ Emilyေၾကာင့္ ၿပဳံးရယ္ေနလို႔ ဘာမွမေျပာတာ နင္နဲ႕ Emilyအတူရွိတိုင္း သူမ်က္ႏွာပ်က္ၿပီး ဟန္ေဆာင္ၿပဳံးေနရတာ နင္မွမသိတာ"

"မျဖစ္နိုင္တာ Chaeyoungက သေဘာေကာင္းတယ္ ယဥ္ေက်းတယ္ ၿပီးေတာ့ ခ်စ္ဖို႔လည္း ေကာင္းတယ္  သူ ဘယ္သူ႕ကိုမွ မမုန္းဖူးပါဘူး မုန္းတာမ်ိဳး မရွိပါဘူး အင္း အခုေတာ့ သူငါ့ကို မုန္းေနေလာက္ေရာေပါ့ အဟက္.....Jisooရာ ငါသူ႕ကို သူ႕ကို အရမ္းလြမ္းတာဘဲ ငါ သူ႕ကို ျပန္လာေစခ်င္တယ္ သူမရွိဘဲ အသက္ရႉရတာ အရမ္းခက္ခဲတယ္ ငါသူ႕ကို အဆုံးရႈံးမခံနိုင္ဘူး ငါသူ႕ကို ခ်စ္တယ္ "

"နင္ သူ႕ကိုခ်စ္တာ ငါသိပါတယ္ "

"ငါ သူ႕ကိုခ်စ္တာ ေသခ်ာတယ္ သူက ငါ့ရဲ႕... Chaeyoungက ငါ့ရဲ႕ အခင္ဆုံး သူငယ္ခ်င္းေလ အခ်စ္ဆုံးသူငယ္ခ်င္း...သူက ငါ့ရဲ႕........ငါ့.... ခ်ီးဘဲ မသိေတာ့ဘူးဟာ "

Lisaေျပာၿပီး အရက္ခြက္ကိုေကာက္ကိုင္သည္

"hey hey ထပ္မေသာက္နဲ႕ေတာ့ နင္ေသာက္တာမ်ားေနၿပီ အ႐ူး လာျပန္မယ္ "

Jisooမွာ Lisaကို တြဲၿပီး သူ႕ကားထိလိုက္ပို႔ေပးသည္

ကားဒရိုင္ဘာကိုလည္း ေသခ်ာေမာင္းေပးဖို႔ ေျပာလိုက္ေသးသည္

"Park Chaeyoungေရ အရမ္းလြမ္းတယ္ဟာ ျပန္လာပါေတာ့ "

Chaeyoungနာမည္ကို Lisa တစ္လမ္းလုံးေရ႐ြတ္လာခဲ့သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co