Truyen3h.Co

Business Proposal

Part 15

KimFany059


Lisaရဲ့ အိမ် Lisaနဲ့သုံးရက်လောက် ခပ်ဝေးဝေးနေလိုက်ခြင်းက Chaeyoungရဲ့ ခေါင်းကို ဦးနှောက်ကို ရှင်းလင်းစေသည်

သူက Lisaကို ကူညီမယ်လို့ ကတိပေးခဲ့တာ မဟုတ်လား ဒီတော့ ဆက်လက်ကူညီပေးပြီးတော့ စည်းဘောင်တွေကို မကျော်ဘဲနေရမယ်လို့ Chaeyoung တွေးခဲ့တယ်

ဒါပေမယ့် Lisaက သူ့ကို ပိုင်ဆိုးပိုင်နင်းလုပ်ပြီး အိုဗာဖြစ်လွန်းခဲ့တာတော့ Chaeyoung မကြိုက် ဘယ်သူမှ သူ့ကို အဲ့လိုလာလုပ်ခွင့်တော့ Chaeyoung မပေးချင်ပေ

ညလယ်ခေါင်ရောက်နေပြီမို့လို့ Lisaအိမ်က အိမ်ဖော်တွေ အိမ်ပြန်သွားကြလောက်ရောပေါ့ အခု အိမ်ထဲမှာ သူနဲ့ Lisaဘဲ ရှိနေတော့မှာ

Chaeyoung ခြံထဲကို ဝင်လာပြီး ကားပါကင်ထိုးလိုက်သည်

ထို့နောက် ဂျာကင်ထဲက သော့ကိုထုတ်ပြီး အိမ်တံခါးသော့ဖွင့်လိုက်သည်

ဂျာကင်ကို ဆိုဖာပေါ်တင်လိုက်ပြီး သူအိပ်နေကျ အခန်းဘက်ကို လျှောက်လာသည်

အခန်းတံခါးကို ဖွင့်လိုက်တော့ ခံစားချက်မျိုးစုံရှိ​နေတဲ့ မျက်ဝန်းတွေနဲ့သူ့ကို ကြည့်နေတဲ့ Lisaကို တွေ့လိုက်ရတယ်

"Chaeyoung "

Lisa ကုတင်ပေါ်က ထပြီး ဆင်းလိုက်ပေမယ့် အရမ်းမူးနေလို့ လဲကျသွားတယ်

Chaeyoungမှာ ချက်ချင်းဘဲ Lisaကို လှမ်းဖမ်းပြီး ပွေ့ထူလိုက်သည်

"နင် ပြန်လာပြီပေါ့ ...."

Chaeyoung အိမ်ပြန်လာတာကို မြင်လိုက်ရတဲ့ Lisaမှာ အရမ်းပျော်နေသည်

"အင်း ငါပြန်လာပြီ....ငါတို့ စကားပြောဖို့ လိုနေပြီ ဒါပေမယ့် နင်က အရမ်းမူးနေတာဘဲ "

"အာ နင်ထင်သလိုမဟုတ်ဘူးနော် ငါ...Jisooနဲ့Barမှာ သောက်လာတာပါ"

Chaeyoung အထင်လွဲသွားမှာဆိုးလို့ Lisa အမြန်ရှင်းပြလေသည်

"ဘယ်သူနဲ့သောက်သောက် ငါစိတ်မဝင်စားပါဘူး ဒါက နင့်ရဲ့ private lifeလေ "

Chaeyoung ဂရုမစိုက်သလို ဟန်ဆောင်နေတဲ့ သူ့ကိုယ်သူ စိတ်တိုမိသည်

အဲ့လို ဂရုမစိုက်သလို နေနေတာက သူ့သူငယ်ချင်းကို နာကျင်အောင် လုပ်နေတာမဟုတ်လား

Lisaက သူ့ကိုယ်သူ မကောင်းတဲ့သူလို့ ထင်အောင် Chaeyoung လုပ်နေမိပြီဆိုပြီး ဒေါသထွက်မိသည်

"Sorry ငါ စကားပြောရင့်သွားရင်....အခုလောလောဆယ်တော့ ငါတို့အိပ်ရအောင် မနက်ကျမှ စကားအေးဆေးပြောကြတာပေါ့ "

Lisa ခေါင်းညိတ်ပြပြီး ကုတင်ပေါ်က ထရပ်လိုက်သည်

"ကောင်းပြီ မနက်ဖြန်မှ ပြောကြမယ် ကောင်းသောညပါ Chaeyoung "

Chaeyoungကို မနမ်းမိအောင် Lisaထိန်းပြီး အခန်းထဲက ထွက်လာလိုက်သည်

သူတို့ သူငယ်ချင်းဆက်ဆံရေး ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက တစ်ခုခုကို ကယ်တင်ချင်တယ်ဆိုရင် နှစ်ယောက်လုံး တစ်ယောက်အပေါ် တစ်ယောက် ရိုးသားမှဖြစ်မယ်

မနက်ဖြန်ကျရင်တော့ Chaeyoungကဘဲ သူတို့ရဲ့ ဟန်ဆောင်လက်ထပ်ထားခြင်းကို ဆက်လက်လုပ်မလား ရပ်တန့်မလား ဆုံးဖြတ်မည်

*****

သာယာတဲ့ ငှက်ကလေးတွေအသံဟာ မနက်ခင်းရောက်လာကြောင်း အိပ်ပျော်နေတဲ့  Chaelisaကို အသိပေးနေသလိုပင်

Chaeyoungမှာ ကုတင်ပေါ်မှာ ထိုင်ပြီး Lisaကို စောင့်နေသည်

Lisaက သူ့ဆီရောက်လာမယ်ဆိုတာ Chaeyoung ​သေချာသိတယ်လေ

ခဏကြာတော့ အခန်းတံခါးခေါက်ပြီး အထဲသို့ Lisa ဝင်လာသည်

"ကောင်းသော မနက်ခင်းပါ Chaeyoung .."

အခန်းထဲ ဝင်လာတဲ့ Chaeyoungကို ကြည့်ရင်း သူ့မျက်ဝန်းတွေအောက်မှာ ညိုမဲနေတာကို တွေ့လိုက်ရသည်

သူ့မျက်ဝန်းအောက်က အညိုမဲတွေက Lisa ညမအိပ်ထားတာကို ပုံဖော်နေသလိုပင်

Lisaက ထိုင်ခုံကိုယူပြီး ကုတင်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်

အခန်းထဲက အမျိုးသမီးနှစ်ယောက်မှာ ဘယ်သူကအရင် စကားပြောမလည်းဆိုတာ စောင့်ဆိုင်းနေကြသည်

"ငါ လုပ်ခဲ့တဲ့လုပ်ရပ်အတွက် နင့်ကို စိတ်ရင်းနဲ့ လေးလေးနက်နက် တောင်းပန်ပါတယ် Chaeyoung နင့်ကို မလေးမစားလုပ်ခဲ့ပြီး နင့်ယုံကြည်ချက်ကိုပါ ဖျက်စီးခဲ့မိတယ် "

Lisaက တည်တည်ငြိမ်ငြိမ်နဲ့ Chaeyoungကို တောင်းပန်နေသည်

Lisaရဲ့ ကမ္ဘာလေးပြန်ရဖို့ Lisa သေချာလေးပြောကာ တောင်းပန်နေတာပါ

Chaeyoungရဲ့ ခွင့်လွှတ်မှုကို Lisa လိုအပ်နေပါတယ် ...Chaeyoungက ခွင့်လွှတ်မယ်လို့လည်း Liaa မျှော်လင့်နေပါတယ်

"နင့်ကို ကာကွယ်ပေးရမယ့်အစား နင့်ကို နာကျင်စေခဲ့တယ် ငါတကယ် တောင်းပန်တာပါ ...."

သူ့ကို စိုက်ကြည့်နေတဲ့ Chaeyoungရဲ့ ရှေ့တွင် သိမ်ငယ်လာသလို ခံစားလာရသည်

Chaeyoungမှာ Lisaကို ဖက်ထားကာ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုပြီး နှစ်သိမ့်ပေးချင်နေသည်

သို့သော်လည်း သူတို့ အရွယ်ရောက်ပြီးတဲ့သူလို ပြုမူစကားပြောရမယ် မဟုတ်လား

"ငါ နင့်ကို ဘာလို့ လက်ထပ်ခဲ့လည်းဆိုတာ သိတယ်မလား ဟန်ဆောင်လက်ထပ်ထားတယ်ဆိုတာ ငါတို့အလုပ်အတွက်ကို နင်က ချီးထုပ်လို လုပ်နေတယ် "

"ငါသိပါတယ်... နင် ငါ့အတွက် အများကြီးလုပ်​ပေးခဲ့တယ်ဆိုတာ ငါသိပါတယ် ငါကသာ.. ငါနင့်ကို အဲ့လိုပြောခဲ့မိလို့ တကယ်နောင်တရနေမိတယ် "

"အတူအိပ်ဖို့ ပြောခဲ့မိတာလား နင် ဘာလို့ နင်နဲ့အတူအိပ်ဖို့ ငါ့ကိုလာပြောရတာလည်း "

"အဲ့လိုပြောမိလို့ ငါ့ကိုယ်ငါလည်း ရှက်မိပါတယ် အဲ့လိုထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ် "

"Lisa...နင် ငါ့ကို ရိုးသားသင့်တယ် ငါက နင့်အချစ်ဆုံး သူငယ်ချင်းလေ ဘာလို့ ငါ့ကို မယုံတာလည်း "

"ငါ ငါရှက်လို့ "

Lisa ခေါင်းငုံ့ပြီး ပြောလိုက်သည်

"emilyနဲ့တုန်းက....နင်သိပါတယ်....ငါ တန်ဖိုးမရှိတော့သလို ခံစားရတယ် ..အဲ့မိန်းမဆီမှာ ငါ့သိက္ခာမာနတွေ တစ်စစီ ကွဲကြေသွားခဲ့တယ် ...Emilyအတွက် ရည်းစားကောင်းဖြစ်မိလို့ ဂုဏ်ယူခဲ့တယ် ဒါပေမယ့် သူက တစ်ခြားသူကို ရွေးသွားတော့ ငါ အရမ်း ငါ့ကိုယ်ငါ သိမ်ငယ်သွားမိတယ် Chaeyoungရယ်  ငါ ဘာတွေများ အမှားလုပ်မိလည်း ငါဘာများ မပြည့်စုံခဲ့လည်းဆိုတာ ငါ့ကိုကျော်ပြီး ဘာလို့ တစ်ခြားသူကိုရွေးသွားလည်း ငါက လိုအပ်ချက်တွေရှိနေလားလို့ ငါ့ကိုယ်ငါ သံသယတွေ ဝင်လာခဲ့မိတယ် "

"ဒါကြောင့် နင် ပြည့်တန်ဆာအိမ်တွေဆီ သွားတာလား "

"ဟုတ်တယ် ဒါပေမယ့် ခန္ဓာကိုယ်တွေတစ်ခုပြီးတစ်ခုသာ ​ပြောင်းသွားမယ် ငါ...စိတ်ကျေနပ်မှုမရခဲ့ဘူး ...အဲ့နောက်ပိုင်း ပျက်စီးနေတဲ့ ငါ့ကိုနင်ရှာတွေ့တုန်းက ငါအရမ်းရှက်ပြီး ပျောက်ကွယ်ချင်စိတ်တောင်ဖြစ်ခဲ့ဖူးတယ် "

"နင် အဲ့လိုတွေဖြစ်လို့ နင့်မိဘတွေက နင့်ကိုတကယ်ချစ်တဲ့သူရှာတွေ့ပြီး ပျော်ပျော်ရွင်ရွင်နဲ့ နေသွားစေချင်တာ "

"အင်း ငါ့မိဘတွေရဲ့ Companyကိုလည်း ငါမကာကွယ်နိုင်ခဲ့ပါဘူး...ဒါ​ပေမယ့်လေ Companyကို ဆုံးရှုံးရမှာကို နင့်ကိုဆုံးရှုံးရမှာလောက် ငါမကြောက်ဘူး Chae..."

"နင် ငါ့ကို မဆုံးရှုံးရပါဘူး Lisaရ... ငါ ဒီမှာရှိနေတယ်လေ ငါတို့က အခင်ဆုံး သူငယ်ချင်းတွေ မဟုတ်လား ငါတို့တွေ ရန်ဖြစ်တာမျိုးရှိပေမယ့် ငါ့ကိုတော့ မဆုံးရှုံးရစေရပါဘူး "

"Yoosun​က စကားပြောတာ အရမ်းတော်တယ် ငါ သူ့ရှေ့မှာ အားနည်းသွားခဲ့တယ် သူက Emilyကို အသုံးချပြီး ငါ့ကို တိုက်ခိုက်တာ ငါ တောင်းပန်ပါတယ် "

"နင် သူ့ကိုချစ်နေသေးလို့ ဒါမှမဟုတ် သူနဲ့အမှတ်တရတွေ မမေ့နိုင်သေးလို့ နင့်ကိုယ်နင် ခွင့်မလွှတ်နိုင်သေးတာဘဲ ...နင် မေ့ပစ်ပြီး ရှေ့ဆက်သင့်ပြီ Liz....Emilyက လိင်ကိစ္စသာယာမှုတစ်ခုအတွက်နဲ့ နင့်ကိုသစ္စာဖောက်ခဲ့တာ မဟုတ်ဘူးလေ...အဲ့ ခွေးမက....."

Chaeyoungမှာ Emilyအကြောင်း ပြောရုံနဲ့ ဒေါသကထွက်လာသည်

"ငါတို့နှစ်ယောက်လုံး သစ္စာဖောက်တာခံခဲ့ရတယ်လေ Lisa...ငါ့ရည်းစားဟောင်းကလည်း ငါ့ကို နာကျင်စေခဲ့တာဘဲ ဒါပေမယ့် သူငါ့ကိုဖျက်စီးခွင့်တော့ နင်မပေးခဲ့ဘူးလေ ငါနင့်ကို ရင်ဖွင့်ခဲ့တယ် ဒါကြောင့်လည်း နင်ငါ့ကိုကာကွယ်ပေးနိုင်ခဲ့တာ မဟုတ်လား ငါနင့်ကို ရင်ဖွင့်ခဲ့သလိုမျိုး နင်ဘာလို့ အားလုံးကိုပြောမပြဘဲ နာကျင်စရာတွေကို ဘာလို့သယ်ထားနေသေးတာလည်း...နင် လူတွေကို ယုံကြည်ဖို့ ခက်ခဲတယ်ဆိုတာ ငါသိပါတယ် Lisa...ဒါပေမယ့် အားလုံးပြိုကျမသွာခင် နင်ငါ့ကိုယုံဖို့တော့ လိုမယ် Lisa..."

"နင့်ရည်းစားဟောင်းကြောင့် နာကျင်နေရချိန်မှာ ငါ့နာကျင်စရာတွေကို မျှဝေမပေးချင်ခဲ့ဘူးလေ  Chae...နင်ငါ့ကို စိတ်ပျက်သွားမှာ အရမ်းကြောက်တယ် "

"နင့်ကိုငါ စိတ်မပျက်ပါဘူး Lisa....ဘယ်တော့မှ စိတ်မပျက်ဘူး တစ်ခုဘဲ ငါ့ကို အမှန်တိုင်း ပြောပြပေးပြီး ရိုးသားပေးပါ ငါတို့က အခင်ဆုံးသူငယ်ချင်းတွေ မဟုတ်လား အခင်ဆုံးသူငယ်ချင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် လျို့ဝှက်ချက်ထားတာမျိုးမရှိဘူးလေ ကောင်းတာတွေရောဆိုးတာတွေရော အကုန်ပြောပြရမယ် စိတ်ပျက်တာမျိုးရှိလာမှာမဟုတ်ဘူး ဘာလို့လည်းဆိုတော့ နင့်ကိုငါချစ်လို့ ငါအချစ်ဆုံး သူငယ်ချင်း Lisaကို ပြန်လိုချင်တယ် "

"ငါလည်း နင့်ကို ပြန်လိုချင်တယ် Chaeyoung...ငါတို့ အရင်လို "

"အဲ့တာတော့ နင့်အပေါ်မူတည်တယ် ငါ့ကိုဘာလုပ်ပေးမှာလည်း "

Chaeyoungရဲ့ စကားကြောင့် Lisaပြုံးလိုက်သည်

"ငါ့ကိုဘာလုပ်စေချင်လည်း မိန်းမပျိုလေး "

Chaeyoungမှာ သူ့အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး

"humm နင်နေ့တိုင်း ငါ့ဆေးရုံကိုလာပြီး နေ့လည်စာလာပို့ပေးရမယ် "

"ကောင်းပြီ ဖြစ်စေရမယ် "

"ငါ အလုပ်မှာ ပင်ပန်းလာတိုင်း နင်ငါ့ကို နှိပ်နယ်ပေးရမယ် ခြေထောက်ကိုပါ နှိပ်ရမှာနော် "

"နူးညံ့တဲ့ အမိန့်တော်အတိုင်းပါ Chaeng...ပြီးတော့ ဘာလုပ်ပေးရအုံးမလည်း "

"နောက်တစ်ခုကတော့.."

Chaeyoungပြောပြီး ထရပ်ကာ Lisaရဲ့ မျက်နှာကိုကိုင်လိုက်သည်

"နင် ဒီမှာ အိပ်ရမယ် "

Lisaမှာ မမျှော်လင့်ထားတဲ့ Chaeyoungရဲ့စကားကြောင့် ရှက်ပြီး မျက်နှာလေးနီရဲလာသည်

"ငါ...ဟိုလိုတွေလုပ်ခဲ့တာတောင်မှ နင်က ငါ့ကို အိပ်စေချင်တာလား "

"ဟုတ်တယ် ဒီနေရာကို နင်ပိုင်တယ်လေ...ပြီးတော့ နင် ငါ့ကို ဘာမှထပ်မလုပ်တော့ဘူးလို့ ယုံပါတယ် "

"ဒါပေမယ့် အာ ငါ တစ်ခြားမှာ အိပ်တာအကောင်းဆုံးထင်တယ် "

"မရဘူး အရူး နင် ဒီမှာ အိပ်ကို အိပ်ရမယ် ငါတို့တစ်ယောက်ယုံကြည်ချက်တစ်ယောက် ပြန်လည်တည်ဆောက်နေချိန် နင်တစ်ခြားမိန်းကလေးအကြောင်းတွေတွေးတာ လက်မခံနိုင်ဘူး...Sex Godness Lalisa  "

"Oh..."

လာ သူငယ်ချင်း ငါတို့အတူအိပ်ရအောင် "

Lisaကို ဆွဲဖက်ပြီး Chaeyoung ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်

'ဒါနဲ့ ငါက Sex godness ဆိုတာ ဘယ်လိုသိတာလည်း "

"ရှူး Lalisa ငါတို့ အခုမှ အကြည်ဓာတ်လေးရနေတာကို မနှောင့်ယှက်နဲ့ ပါးစပ်ပိတ်ထား "

"oh...ok "

နောက်ဆုံးတော့ Lalisa ပျောက်ဆုံးသွားတဲ့ သုခဘုံလေး ပြန်ရပြီလေ

#tbc

#zawgyi

Lisaရဲ႕ အိမ္ Lisaနဲ႕သုံးရက္ေလာက္ ခပ္ေဝးေဝးေနလိုက္ျခင္းက Chaeyoungရဲ႕ ေခါင္းကို ဦးႏွောက္ကို ရွင္းလင္းေစသည္

သူက Lisaကို ကူညီမယ္လို႔ ကတိေပးခဲ့တာ မဟုတ္လား ဒီေတာ့ ဆက္လက္ကူညီေပးၿပီးေတာ့ စည္းေဘာင္ေတြကို မေက်ာ္ဘဲေနရမယ္လို႔ Chaeyoung ေတြးခဲ့တယ္

ဒါေပမယ့္ Lisaက သူ႕ကို ပိုင္ဆိုးပိုင္နင္းလုပ္ၿပီး အိုဗာျဖစ္လြန္းခဲ့တာေတာ့ Chaeyoung မႀကိဳက္ ဘယ္သူမွ သူ႕ကို အဲ့လိုလာလုပ္ခြင့္ေတာ့ Chaeyoung မေပးခ်င္ေပ

ညလယ္ေခါင္ေရာက္ေနၿပီမို႔လို႔ Lisaအိမ္က အိမ္ေဖာ္ေတြ အိမ္ျပန္သြားၾကေလာက္ေရာေပါ့ အခု အိမ္ထဲမွာ သူနဲ႕ Lisaဘဲ ရွိေနေတာ့မွာ

Chaeyoung ၿခံထဲကို ဝင္လာၿပီး ကားပါကင္ထိုးလိုက္သည္

ထို႔ေနာက္ ဂ်ာကင္ထဲက ေသာ့ကိုထုတ္ၿပီး အိမ္တံခါးေသာ့ဖြင့္လိုက္သည္

ဂ်ာကင္ကို ဆိုဖာေပၚတင္လိုက္ၿပီး သူအိပ္ေနက် အခန္းဘက္ကို ေလွ်ာက္လာသည္

အခန္းတံခါးကို ဖြင့္လိုက္ေတာ့ ခံစားခ်က္မ်ိဳးစုံရွိေနတဲ့ မ်က္ဝန္းေတြနဲ႕သူ႕ကို ၾကည့္ေနတဲ့ Lisaကို ေတြ႕လိုက္ရတယ္

"Chaeyoung "

Lisa ကုတင္ေပၚက ထၿပီး ဆင္းလိုက္ေပမယ့္ အရမ္းမူးေနလို႔ လဲက်သြားတယ္

Chaeyoungမွာ ခ်က္ခ်င္းဘဲ Lisaကို လွမ္းဖမ္းၿပီး ေပြ႕ထူလိုက္သည္

"နင္ ျပန္လာၿပီေပါ့ ...."

Chaeyoung အိမ္ျပန္လာတာကို ျမင္လိုက္ရတဲ့ Lisaမွာ အရမ္းေပ်ာ္ေနသည္

"အင္း ငါျပန္လာၿပီ....ငါတို႔ စကားေျပာဖို႔ လိုေနၿပီ ဒါေပမယ့္ နင္က အရမ္းမူးေနတာဘဲ "

"အာ နင္ထင္သလိုမဟုတ္ဘူးေနာ္ ငါ...Jisooနဲ႕Barမွာ ေသာက္လာတာပါ"

Chaeyoung အထင္လြဲသြားမွာဆိုးလို႔ Lisa အျမန္ရွင္းျပေလသည္

"ဘယ္သူနဲ႕ေသာက္ေသာက္ ငါစိတ္မဝင္စားပါဘူး ဒါက နင့္ရဲ႕ private lifeေလ "

Chaeyoung ဂ႐ုမစိုက္သလို ဟန္ေဆာင္ေနတဲ့ သူ႕ကိုယ္သူ စိတ္တိုမိသည္

အဲ့လို ဂ႐ုမစိုက္သလို ေနေနတာက သူ႕သူငယ္ခ်င္းကို နာက်င္ေအာင္ လုပ္ေနတာမဟုတ္လား

Lisaက သူ႕ကိုယ္သူ မေကာင္းတဲ့သူလို႔ ထင္ေအာင္ Chaeyoung လုပ္ေနမိၿပီဆိုၿပီး ေဒါသထြက္မိသည္

"Sorry ငါ စကားေျပာရင့္သြားရင္....အခုေလာေလာဆယ္ေတာ့ ငါတို႔အိပ္ရေအာင္ မနက္က်မွ စကားေအးေဆးေျပာၾကတာေပါ့ "

Lisa ေခါင္းညိတ္ျပၿပီး ကုတင္ေပၚက ထရပ္လိုက္သည္

"ေကာင္းၿပီ မနက္ျဖန္မွ ေျပာၾကမယ္ ေကာင္းေသာညပါ Chaeyoung "

Chaeyoungကို မနမ္းမိေအာင္ Lisaထိန္းၿပီး အခန္းထဲက ထြက္လာလိုက္သည္

သူတို႔ သူငယ္ခ်င္းဆက္ဆံေရး ဒါမွမဟုတ္ သူတို႔ႏွစ္ေယာက္ၾကားက တစ္ခုခုကို ကယ္တင္ခ်င္တယ္ဆိုရင္ ႏွစ္ေယာက္လုံး တစ္ေယာက္အေပၚ တစ္ေယာက္ ရိုးသားမွျဖစ္မယ္

မနက္ျဖန္က်ရင္ေတာ့ Chaeyoungကဘဲ သူတို႔ရဲ႕ ဟန္ေဆာင္လက္ထပ္ထားျခင္းကို ဆက္လက္လုပ္မလား ရပ္တန့္မလား ဆုံးျဖတ္မည္

*****

သာယာတဲ့ ငွက္ကေလးေတြအသံဟာ မနက္ခင္းေရာက္လာေၾကာင္း အိပ္ေပ်ာ္ေနတဲ့  Chaelisaကို အသိေပးေနသလိုပင္

Chaeyoungမွာ ကုတင္ေပၚမွာ ထိုင္ၿပီး Lisaကို ေစာင့္ေနသည္

Lisaက သူ႕ဆီေရာက္လာမယ္ဆိုတာ Chaeyoung ေသခ်ာသိတယ္ေလ

ခဏၾကာေတာ့ အခန္းတံခါးေခါက္ၿပီး အထဲသို႔ Lisa ဝင္လာသည္

"ေကာင္းေသာ မနက္ခင္းပါ Chaeyoung .."

အခန္းထဲ ဝင္လာတဲ့ Chaeyoungကို ၾကည့္ရင္း သူ႕မ်က္ဝန္းေတြေအာက္မွာ ညိုမဲေနတာကို ေတြ႕လိုက္ရသည္

သူ႕မ်က္ဝန္းေအာက္က အညိုမဲေတြက Lisa ညမအိပ္ထားတာကို ပုံေဖာ္ေနသလိုပင္

Lisaက ထိုင္ခုံကိုယူၿပီး ကုတင္နဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္

အခန္းထဲက အမ်ိဳးသမီးႏွစ္ေယာက္မွာ ဘယ္သူကအရင္ စကားေျပာမလည္းဆိုတာ ေစာင့္ဆိုင္းေနၾကသည္

"ငါ လုပ္ခဲ့တဲ့လုပ္ရပ္အတြက္ နင့္ကို စိတ္ရင္းနဲ႕ ေလးေလးနက္နက္ ေတာင္းပန္ပါတယ္ Chaeyoung နင့္ကို မေလးမစားလုပ္ခဲ့ၿပီး နင့္ယုံၾကည္ခ်က္ကိုပါ ဖ်က္စီးခဲ့မိတယ္ "

Lisaက တည္တည္ၿငိမ္ၿငိမ္နဲ႕ Chaeyoungကို ေတာင္းပန္ေနသည္

Lisaရဲ႕ ကမၻာေလးျပန္ရဖို႔ Lisa ေသခ်ာေလးေျပာကာ ေတာင္းပန္ေနတာပါ

Chaeyoungရဲ႕ ခြင့္လႊတ္မႈကို Lisa လိုအပ္ေနပါတယ္ ...Chaeyoungက ခြင့္လႊတ္မယ္လို႔လည္း Liaa ေမွ်ာ္လင့္ေနပါတယ္

"နင့္ကို ကာကြယ္ေပးရမယ့္အစား နင့္ကို နာက်င္ေစခဲ့တယ္ ငါတကယ္ ေတာင္းပန္တာပါ ...."

သူ႕ကို စိုက္ၾကည့္ေနတဲ့ Chaeyoungရဲ႕ ေရွ႕တြင္ သိမ္ငယ္လာသလို ခံစားလာရသည္

Chaeyoungမွာ Lisaကို ဖက္ထားကာ အရာအားလုံးအဆင္ေျပသြားလိမ့္မယ္ဆိုၿပီး ႏွစ္သိမ့္ေပးခ်င္ေနသည္

သို႔ေသာ္လည္း သူတို႔ အ႐ြယ္ေရာက္ၿပီးတဲ့သူလို ျပဳမူစကားေျပာရမယ္ မဟုတ္လား

"ငါ နင့္ကို ဘာလို႔ လက္ထပ္ခဲ့လည္းဆိုတာ သိတယ္မလား ဟန္ေဆာင္လက္ထပ္ထားတယ္ဆိုတာ ငါတို႔အလုပ္အတြက္ကို နင္က ခ်ီးထုပ္လို လုပ္ေနတယ္ "

"ငါသိပါတယ္... နင္ ငါ့အတြက္ အမ်ားႀကီးလုပ္ေပးခဲ့တယ္ဆိုတာ ငါသိပါတယ္ ငါကသာ.. ငါနင့္ကို အဲ့လိုေျပာခဲ့မိလို႔ တကယ္ေနာင္တရေနမိတယ္ "

"အတူအိပ္ဖို႔ ေျပာခဲ့မိတာလား နင္ ဘာလို႔ နင္နဲ႕အတူအိပ္ဖို႔ ငါ့ကိုလာေျပာရတာလည္း "

"အဲ့လိုေျပာမိလို႔ ငါ့ကိုယ္ငါလည္း ရွက္မိပါတယ္ အဲ့လိုထပ္မျဖစ္ေစရပါဘူးလို႔ ကတိေပးပါတယ္ "

"Lisa...နင္ ငါ့ကို ရိုးသားသင့္တယ္ ငါက နင့္အခ်စ္ဆုံး သူငယ္ခ်င္းေလ ဘာလို႔ ငါ့ကို မယုံတာလည္း "

"ငါ ငါရွက္လို႔ "

Lisa ေခါင္းငုံ႕ၿပီး ေျပာလိုက္သည္

"emilyနဲ႕တုန္းက....နင္သိပါတယ္....ငါ တန္ဖိုးမရွိေတာ့သလို ခံစားရတယ္ ..အဲ့မိန္းမဆီမွာ ငါ့သိကၡာမာနေတြ တစ္စစီ ကြဲေၾကသြားခဲ့တယ္ ...Emilyအတြက္ ရည္းစားေကာင္းျဖစ္မိလို႔ ဂုဏ္ယူခဲ့တယ္ ဒါေပမယ့္ သူက တစ္ျခားသူကို ေ႐ြးသြားေတာ့ ငါ အရမ္း ငါ့ကိုယ္ငါ သိမ္ငယ္သြားမိတယ္ Chaeyoungရယ္  ငါ ဘာေတြမ်ား အမွားလုပ္မိလည္း ငါဘာမ်ား မျပည့္စုံခဲ့လည္းဆိုတာ ငါ့ကိုေက်ာ္ၿပီး ဘာလို႔ တစ္ျခားသူကိုေ႐ြးသြားလည္း ငါက လိုအပ္ခ်က္ေတြရွိေနလားလို႔ ငါ့ကိုယ္ငါ သံသယေတြ ဝင္လာခဲ့မိတယ္ "

"ဒါေၾကာင့္ နင္ ျပည့္တန္ဆာအိမ္ေတြဆီ သြားတာလား "

"ဟုတ္တယ္ ဒါေပမယ့္ ခႏၶာကိုယ္ေတြတစ္ခုၿပီးတစ္ခုသာ ေျပာင္းသြားမယ္ ငါ...စိတ္ေက်နပ္မႈမရခဲ့ဘူး ...အဲ့ေနာက္ပိုင္း ပ်က္စီးေနတဲ့ ငါ့ကိုနင္ရွာေတြ႕တုန္းက ငါအရမ္းရွက္ၿပီး ေပ်ာက္ကြယ္ခ်င္စိတ္ေတာင္ျဖစ္ခဲ့ဖူးတယ္ "

"နင္ အဲ့လိုေတြျဖစ္လို႔ နင့္မိဘေတြက နင့္ကိုတကယ္ခ်စ္တဲ့သူရွာေတြ႕ၿပီး ေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ ေနသြားေစခ်င္တာ "

"အင္း ငါ့မိဘေတြရဲ႕ Companyကိုလည္း ငါမကာကြယ္နိုင္ခဲ့ပါဘူး...ဒါေပမယ့္ေလ Companyကို ဆုံးရႈံးရမွာကို နင့္ကိုဆုံးရႈံးရမွာေလာက္ ငါမေၾကာက္ဘူး Chae..."

"နင္ ငါ့ကို မဆုံးရႈံးရပါဘူး Lisaရ... ငါ ဒီမွာရွိေနတယ္ေလ ငါတို႔က အခင္ဆုံး သူငယ္ခ်င္းေတြ မဟုတ္လား ငါတို႔ေတြ ရန္ျဖစ္တာမ်ိဳးရွိေပမယ့္ ငါ့ကိုေတာ့ မဆုံးရႈံးရေစရပါဘူး "

"Yoosunက စကားေျပာတာ အရမ္းေတာ္တယ္ ငါ သူ႕ေရွ႕မွာ အားနည္းသြားခဲ့တယ္ သူက Emilyကို အသုံးခ်ၿပီး ငါ့ကို တိုက္ခိုက္တာ ငါ ေတာင္းပန္ပါတယ္ "

"နင္ သူ႕ကိုခ်စ္ေနေသးလို႔ ဒါမွမဟုတ္ သူနဲ႕အမွတ္တရေတြ မေမ့နိုင္ေသးလို႔ နင့္ကိုယ္နင္ ခြင့္မလႊတ္နိုင္ေသးတာဘဲ ...နင္ ေမ့ပစ္ၿပီး ေရွ႕ဆက္သင့္ၿပီ Liz....Emilyက လိင္ကိစၥသာယာမႈတစ္ခုအတြက္နဲ႕ နင့္ကိုသစၥာေဖာက္ခဲ့တာ မဟုတ္ဘူးေလ...အဲ့ ေခြးမက....."

Chaeyoungမွာ Emilyအေၾကာင္း ေျပာ႐ုံနဲ႕ ေဒါသကထြက္လာသည္

"ငါတို႔ႏွစ္ေယာက္လုံး သစၥာေဖာက္တာခံခဲ့ရတယ္ေလ Lisa...ငါ့ရည္းစားေဟာင္းကလည္း ငါ့ကို နာက်င္ေစခဲ့တာဘဲ ဒါေပမယ့္ သူငါ့ကိုဖ်က္စီးခြင့္ေတာ့ နင္မေပးခဲ့ဘူးေလ ငါနင့္ကို ရင္ဖြင့္ခဲ့တယ္ ဒါေၾကာင့္လည္း နင္ငါ့ကိုကာကြယ္ေပးနိုင္ခဲ့တာ မဟုတ္လား ငါနင့္ကို ရင္ဖြင့္ခဲ့သလိုမ်ိဳး နင္ဘာလို႔ အားလုံးကိုေျပာမျပဘဲ နာက်င္စရာေတြကို ဘာလို႔သယ္ထားေနေသးတာလည္း...နင္ လူေတြကို ယုံၾကည္ဖို႔ ခက္ခဲတယ္ဆိုတာ ငါသိပါတယ္ Lisa...ဒါေပမယ့္ အားလုံးၿပိဳက်မသြာခင္ နင္ငါ့ကိုယုံဖို႔ေတာ့ လိုမယ္ Lisa..."

"နင့္ရည္းစားေဟာင္းေၾကာင့္ နာက်င္ေနရခ်ိန္မွာ ငါ့နာက်င္စရာေတြကို မွ်ေဝမေပးခ်င္ခဲ့ဘူးေလ  Chae...နင္ငါ့ကို စိတ္ပ်က္သြားမွာ အရမ္းေၾကာက္တယ္ "

"နင့္ကိုငါ စိတ္မပ်က္ပါဘူး Lisa....ဘယ္ေတာ့မွ စိတ္မပ်က္ဘူး တစ္ခုဘဲ ငါ့ကို အမွန္တိုင္း ေျပာျပေပးၿပီး ရိုးသားေပးပါ ငါတို႔က အခင္ဆုံးသူငယ္ခ်င္းေတြ မဟုတ္လား အခင္ဆုံးသူငယ္ခ်င္းေတြဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ လ်ိဳ႕ဝွက္ခ်က္ထားတာမ်ိဳးမရွိဘူးေလ ေကာင္းတာေတြေရာဆိုးတာေတြေရာ အကုန္ေျပာျပရမယ္ စိတ္ပ်က္တာမ်ိဳးရွိလာမွာမဟုတ္ဘူး ဘာလို႔လည္းဆိုေတာ့ နင့္ကိုငါခ်စ္လို႔ ငါအခ်စ္ဆုံး သူငယ္ခ်င္း Lisaကို ျပန္လိုခ်င္တယ္ "

"ငါလည္း နင့္ကို ျပန္လိုခ်င္တယ္ Chaeyoung...ငါတို႔ အရင္လို "

"အဲ့တာေတာ့ နင့္အေပၚမူတည္တယ္ ငါ့ကိုဘာလုပ္ေပးမွာလည္း "

Chaeyoungရဲ႕ စကားေၾကာင့္ Lisaၿပဳံးလိုက္သည္

"ငါ့ကိုဘာလုပ္ေစခ်င္လည္း မိန္းမပ်ိဳေလး "

Chaeyoungမွာ သူ႕ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ၿပီး

"humm နင္ေန႕တိုင္း ငါ့ေဆး႐ုံကိုလာၿပီး ေန႕လည္စာလာပို႔ေပးရမယ္ "

"ေကာင္းၿပီ ျဖစ္ေစရမယ္ "

"ငါ အလုပ္မွာ ပင္ပန္းလာတိုင္း နင္ငါ့ကို ႏွိပ္နယ္ေပးရမယ္ ေျခေထာက္ကိုပါ ႏွိပ္ရမွာေနာ္ "

"ႏူးညံ့တဲ့ အမိန့္ေတာ္အတိုင္းပါ Chaeng...ၿပီးေတာ့ ဘာလုပ္ေပးရအုံးမလည္း "

"ေနာက္တစ္ခုကေတာ့.."

Chaeyoungေျပာၿပီး ထရပ္ကာ Lisaရဲ႕ မ်က္ႏွာကိုကိုင္လိုက္သည္

"နင္ ဒီမွာ အိပ္ရမယ္ "

Lisaမွာ မေမွ်ာ္လင့္ထားတဲ့ Chaeyoungရဲ႕စကားေၾကာင့္ ရွက္ၿပီး မ်က္ႏွာေလးနီရဲလာသည္

"ငါ...ဟိုလိုေတြလုပ္ခဲ့တာေတာင္မွ နင္က ငါ့ကို အိပ္ေစခ်င္တာလား "

"ဟုတ္တယ္ ဒီေနရာကို နင္ပိုင္တယ္ေလ...ၿပီးေတာ့ နင္ ငါ့ကို ဘာမွထပ္မလုပ္ေတာ့ဘူးလို႔ ယုံပါတယ္ "

"ဒါေပမယ့္ အာ ငါ တစ္ျခားမွာ အိပ္တာအေကာင္းဆုံးထင္တယ္ "

"မရဘူး အ႐ူး နင္ ဒီမွာ အိပ္ကို အိပ္ရမယ္ ငါတို႔တစ္ေယာက္ယုံၾကည္ခ်က္တစ္ေယာက္ ျပန္လည္တည္ေဆာက္ေနခ်ိန္ နင္တစ္ျခားမိန္းကေလးအေၾကာင္းေတြေတြးတာ လက္မခံနိုင္ဘူး...Sex Godness Lalisa  "

"Oh..."

လာ သူငယ္ခ်င္း ငါတို႔အတူအိပ္ရေအာင္ "

Lisaကို ဆြဲဖက္ၿပီး Chaeyoung ကုတင္ေပၚသို႔ ပစ္လွဲလိုက္သည္

'ဒါနဲ႕ ငါက Sex godness ဆိုတာ ဘယ္လိုသိတာလည္း "

"ရႉး Lalisa ငါတို႔ အခုမွ အၾကည္ဓာတ္ေလးရေနတာကို မႏွောင့္ယွက္နဲ႕ ပါးစပ္ပိတ္ထား "

"oh...ok "

ေနာက္ဆုံးေတာ့ Lalisa ေပ်ာက္ဆုံးသြားတဲ့ သုခဘုံေလး ျပန္ရၿပီေလ

#tbc

Bạn đang đọc truyện trên: Truyen3h.Co