Truyen3h.Co

Business Proposal

Part 16

KimFany059


အဝတ်အစားတွေ ကင်းမဲ့နေတဲ့ Chaeyoungရဲ့ ခန္ဓာကိုယ်က Lisaရဲ့ကုတင်ပေါ်တွင် လူးလှိမ့်နေတဲ့ အိမ်မက်မက်ပြီး အိပ်ရာကနေ Lisaလန့်နိုးလာသည်

သူ့တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနေပြီး ဘောင်းဘီအောက်ပိုင်းကလည်း စိုရွဲနေလေရဲ့

Chaeyoung မနိုးခင် Lisa အမြန်ရေချိုးအဝတ်အစားလဲလေသည်

Lisaမှာ အလုပ်ကြိုးစားလုပ်ရင်း Chaeyoungဆီက ယုံကြည်ချက် ပြန်ရအောင် ကြိုးစားနေသည်

သူ့ရဲ့တစ်နေ့တာ အကြောင်း ခံစားချက်အကြောင်း Companyနဲ့ပတ်သက်တဲ့ Ideaတွေ မျှဝေပြီး Yoosunရဲ့တိုက်ခိုက်မှုတွေကိုလည်း ကြံ့ကြံ့ခိုင်ရှောင်နိုင်နေကြောင်း Chaeyoungကို Lisa ဂုဏ်ယူစွာပြောပြနေသည်

Park Chaeyoungနဲ့အဆင်ပြေနေကြောင်း သိရရင်လည်း Yoosunက မကျေမနပ်ဖြစ်နေကြောင်း Lisaက ပြောပြတိုင်း Chaeyoungကရယ်သည်

တစ်ပတ်နှစ်ပတ်လောက်ကြာသွားပြီးနောက် ဟန်ဆောင်လက်ထပ်ထားတဲ့အတွဲကလည်း အရင်လိုပြန်အဆင်ပြေပြေဖြစ်သွားပြီလေ

အလုပ်မှာဖြစ်လာတဲ့အကြောင်းတွေ မျှဝေပြောကြသလို တစ်ယောက်ကို တစ်ယောက်လည်း နှစ်သိမ့်အားပေးကြသေးသည်

သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်တွေအတူသွားကြပြီး သူတို့အိမ်မှာ ဘီယာသောက် ရုပ်ရှင်ကြည့်ရင်းလည်း အချိန်ဖြုန်းကြသေးသည်

Chaelisaတို့ လက်ထပ်ပြီးတာ ငါးလရှိသွားပြီး နှစ်ဝက်ထဲတောင် ရောက်လာပြီ ငါးလအတွင်း တစ်မိုးအောက်မှာ တစ်ခန်းထဲ တစ်ကုတင်ပေါ်မှာ အတူအိပ်ကြရင်း Chaeyoungကို လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမလုပ်နိုင်အောင် ရှောင်ရှားနိုင်ခဲ့သည်

ဒါပေမယ့် Chaeyoungကတော့ နေ့တိုင်း Lisa ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ပြီး အိပ်လေ့ရှိသည်

ဒါ့အပြင် Lisaမှာ Chaeyoungအပေါ်ထားတဲ့ ခံစားချက်တွေ တစ်နေ့တစ်ခြားတိုးပွားလာတယ် ပြီးတော့ Chaeyoungနဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ ခံစားချက်တွေကို Lisa နားလည်လာတယ်

Chaeyoungကို ကတိပေးထားတဲ့အတိုင်း ဆေးရုံကိုသွားပြီး​ နေ့လည်စာ အမြဲပို့ပေးလေ့ရှိသည် ...အဲ့လို သူ့အမျိုးသမီးအတွက် နေ့လည်စာပို့ပေးရတာကိုလည်း Lisaက ဂုဏ်ယူနေသေးသည်

ဓာတ်လှေကားထဲတွင် Chaeyoungရဲ့အထပ်မရောက်ခင် Lisa တစ်ယောက် Neck tieလေးကို သေချာပြင်နေသည်

ထို့နောက် ဓာတ်လှေကားထဲကထွက်လာပြီး သူနာပြုနှစ်ယောက်ကို နှုတ်ဆက်လေသည်

"Good Afternoon Jinyoung..ချာလီ ..."

Lisaမှာ ဆေးရုံကို ခဏခဏလာလွန်းလို့ ဆေးရုံက သူနာပြုတစ်ချို့မှာ Chaelisaတို့နှစ်ယောက်ကို တွဲနေပြီလို့တောင် ထင်ကြသေးသည် 

ဒါပေမယ့် Lisaက လက်ထပ်ထားတဲ့အမျိုးသမီးဆိုပြီး ငြင်းခဲ့သည်

Chaeyoungမှာ Lisaနဲ့လက်ထပ်ထားကြောင်းကို လျို့ဝှက်ထားချင်သည် ဘာလို့လည်းဆိုတော့ ဟန်ဆောင်လက်ထပ်ထားလို့လေ မဟုတ်လား

Lisaကလည်း Chaeyoungဆုံးဖြတ်ချက်ကို ဘာမှမပြောဘဲ လက်ခံလေသည်

"ကောင်းသောနေ့လေးပါ Lisa "

သူနာပြု ချာလီ မှာ Lisaကို အခုထိ အီစီကလီလုပ်နေသေးတယ်

သူငယ်ချင်းအနေနဲ့ ညစာအတူစားဖို့တောင် ပြောဖူးသေးသည်

Lisaက သူ့မိန်းမဟာ Chaeyoung ကလွဲလို့ တစ်ခြားမိန်းကလေးတွေနဲ့ တွေ့တာခင်မင်တာကို သဝန်တိုတတ်တယ်လို့ ပြောပြီး ယဥ်ယဥ်ကျေးကျေး ငြင်းလေ့ရှိသည်

"Dr.Parkအတွက် နေ့လည်စာလာပို့တာ သူ့ကိုပေးပေးလို့ရလား "

"ရတာပေါ့ ဒါလေးလုပ်ပေးရတာ မပင်ပန်းပါဘူး "

"ကျေးဇူး "

Lisaမှာ စကားထွေထွေထူးထူးဆက်မပြောဘဲ နေ့လည်စာဘူးတွေကို ထားပြီး ဓာတ်လှေကားဘက် ပြန်သွားသည်

ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ရပ်စောင့်နေစဥ် တစ်စုံတစ်ယောက်က အနောက်ကနေ သူ့ကို သိုင်းဖက်လေသည်

"နင် ဒီမှာဘဲ "

Lisaမှာ ကျောပေးထားသောလည်း အသံကြောင့် ဘယ်သူလည်းဆိုတာ သိပြီး  ပြုံးလေသည်

"Chaeng...သူနာပြု ကောင်တာမှာ နင့်အတွက် နေ့လည်စာထားခဲ့တယ်"

Lisaမှာ အနောက်ကိုလှည့်ပြီး တစ်လောကလုံးမှာ သူမြင်ဖူးသမျှ တွေ့ဖူးသမျှ မိန်းမတွေထက် ကျက်သရေပိုရှိပြီး လှပတဲ့ ကောင်မလေးကို ပြုံးကြည့်နေသည်

Chaeyoungက အရင်ကလို ဆေးရုံဝတ်စုံနဲ့ coatလေးဝတ်ထားတာမဟုတ်ပေ

Lisa ဝယ်ပေးထားတဲ့ အင်ကျီလေးကို ဝတ်ထားတဲ့ Chaeyoungကို Lisaမှာ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိသည်

"Company ပြန်သွားမလို့လား "

"ဟုတ်တယ် ရင်းနှီးမြုပ်နှံတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်စရာရှိသေးတယ် ဒါနဲ့လေ Chaeyoung နင် အရမ်းလှတာဘဲ သိလား"

"ကျေးဇူး Lisa...ဒီနေ့ ငါဆေးရုံ boardအစည်းအဝေး တက်စရာရှိလို့လေ ပိုက်ဆံမရှိတဲ့ ကလေးတွေ ကားမတော်တဆမှုကြောင့် မတော်တဆမှု တစ်ခုခုကြောင့် မျက်နှာထိခိုက်တာမျိုး ရှိရင် ငါက ငွေကြေးအခမဲ့လုပ်ပေးမယ့် projectအကြောင်း ပြောစရာရှိလို့ "

Lisa ထပ်ပြီး အံ့သြရပြန်သည် Park Chaeyoungက ရုပ်ကလေးလှရုံတင်မဟုတ်ဘူး စိတ်သဘောထားက ပြည့်ဝပြီး သနားကြင်နာတတ်သေးသည်

သူ့ကိုယ်သူထက် တစ်ခြားတစ်ယောက် လိုအပ်ချက်ကို ပိုဂရုစိုက်သည်

အဲ့တာတွေကြောင့်လည်း Lisaက သူ့ကို စချစ်ခဲ့တာ

Lisaမှာ အရမ်းလှပတဲ့ Chaeyoungရဲ့ မျက်ဝန်းညိုတွေကြား ရုန်းထွက်ဖို့ခက်နေသည်

နေပါအုံး စချစ်ခဲ့တာ.. .

"Oh my god နောက်ဆုံးတော့ ငါသတိထားမိပြီ ငါသိပြီ "

ရုတ်တရက် ထအော်တဲ့ Lisaကြောင့် Chaeyoung လန့်သွားတယ်

"ဘာဖြစ်တာလည်း "

"အာ ဘာမှမဟုတ်ပါဘူး ဒီတိုင်း လာမယ့် အစည်းအဝေးအတွက် ပြောစရာတစ်ခုရှာတွေ့လို့ရယ် "

"နင် လုပ်နိုင်ပါတယ် Lisa...နင်ကအတော်ဆုံးဆိုတာ သိတယ်မလား Fighting "

Lisaရဲ့ ဆံပင်လေးကို နားရွက်နောက်သို့ ပို့ပေးရင်း Chaeyoung ပြောလိုက်သည်

"Thank you Chae "

Chaeyoungမှာ Lisaကို ထပ်မထိမိဖို့ သူ့လက်ကို နောက်သို့ ပို့ထားရသည် အခုတလော Chaeyoung ဘာဖြစ်နေတယ်မသိ ထူးထူးဆန်းဆန်း Lisaကို အရင်ကထက် ပိုထိတွေ့ချင်နေသည်

"Chaeyoung shii "

​အသံသြသြယောက်ျားဆန်ဆန် အသံတစ်သံက Chaelisaတို့ ကြားက အခိုက်အတန့်ကို ဝင်နှောင့်ယှက်လေသည်

Lisaမှာ အရပ်ရှည်ရှည် all blackဝတ်ထားပြီး Coatအရှည်ဝတ်ထားတဲ့ ကောင်လေးကို လှမ်းကြည့်လိုက်သည်

Chaeyoungကို ပြုံးပြနေတဲ့ အဲ့ကောင်လေးကို သိပ်သဘောမကျတာနဲ့ ဓာတ်လှေကားထဲ မဝင်တော့ဘဲ Chaeyoung ရှေ့တွင် ရပ်လိုက်သည်

"Hey Check.....သူက ကျွန်မ အခင်ဆုံးသူငယ်ချင်းLisaလေ Lisa သူက ငါတို့ဆေးရုံမှာ ခွဲစိတ်တာအတော်ဆုံး ဆရာဝန် Dr.Check တဲ့

Checkမှာ Lisaကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းတော့ Lisaလည်း လက်ဆွဲနှုတ်ဆက်လိုက်သည်

"Lisa Manobanပါ တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာ "

"Lisa Manoban...Oh Manobanဆိုတာ Manoban companyကလား"

"ဟုတ်ပါတယ် "

Checkမှာ အံ့သြပြီး မျက်ခုံးပင့်လိုက်သည်

"Wow...အဲ့ companyက တကယ်အထင်ကြီးစရာကောင်းတယ် အဲ့companyက နည်းပညာတွေက စိတ်ဝင်စားစရာကောင်းတယ်ဗျာ့ အဲ့ companyမှာ ကျွန်တော်ရှယ်ယာဝင်ဖို့တောင် စိတ်ကူးနေတာဗျာ "

Check စကားကို Lisa စိတ်ဝင်စားသွားတယ်....သူက companyဆက်လက်လည်ပတ်နိုင်ဖို့ ရင်းနှီးမြုပ်နှံမှုတစ်ချို့ရှာဖွေနေတာလေ မဟုတ်လား

"သဘောကျစိတ်ဝင်စားတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ် Doctor Check "

"Oh come on guys နင်တို့တွေ Business Meetingလုပ်နေတာလား"

Chaeyoungမှာ Lisaက Checkနဲ့ရင်းနှီးသွားပြီး စကားပြောနေတာကို သိပ်သဘောမကျပေ

"Checkလို့ဘဲခေါ်ပါ ရှယ်ယာအကြောင်း ဆွေးနွေးချင်တယ်ဆိုရင် မင်း ကြိုက်တဲ့အချိန် ဆက်သွယ်နိုင်ပါတယ် "

Lisaမှာ ခေါင်းညိတ်ပြပြီး သူ့ဖုန်းကိုထုတ်ကာ ပြက္ခဒိန်ကို ကြည့်လိုက်သည်

"နောက်တစ်ပတ် အဆင်ပြေမယ်ထင်တယ် Confirm လုပ်ဖို့ ကျွန်မ လက်ထောက်အတွင်းရေးမှူးကို ဆက်သွယ်ပေးပါ Check "

Lisaမှာ သူ့လိပ်စာကတ်ကို ထုတ်ပေးတော့ Checkလည်း သူ့လိပ်စာကတ်ပြန်ပေးလိုက်သည်

"ဒါ ကျွန်တော့်ကတ်ပါ အချိန်မရွေးဆက်သွယ်လို့ ရပါတယ် "

Lisaနဲ့Checkတို့ နှုတ်ဆက်ပြီးနောက် Checkမှာ Chaeyoungရဲ့ ပခုံးကိုပုတ်ပြီး

"ခဏနေရင် တွေ့ကြမယ်နော် Chaeyoung "

Checkနဲ့Chaeyoung တွေ့မယ့်အစီအစဥ်ကို Lisa မကြိုက်ပေ ဒါပေမယ့် ထပ်ပြီး ပေါက်ကရတွေပြောမိမှာဆိုးလို့ သူ့ပါးစပ်ကိုသူ ထိန်းထားရသည်

"နောက်မှတွေ့မယ် Chaeng "

Chaeyoungရဲ့ အိအိဖောင်းဖောင်း ပါးလေးကို နမ်းပြီး Lisa နှုတ်ဆက်လိုက်သည်

Chaeyoungရဲ့ မျက်ကွင်းညိုလေးက သံလိုက်လို Lisaကို ဆွဲဆောင်နေသည်

နောက်ဆုံးတော့ Lisa ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပြီ

ဓာတ်လှေကားထဲဝင်ပြီး အောက်ထပ်ကို ဆင်းသွားချိန် Lisa တစ်ယောက်ယောက်ကို ဖုန်းဆက်လေသည်

"Jisoo...ငါ ငါအခင်ဆုံး သူငယ်ချင်းကို ချစ်မိနေပြီ "

#tbc

#zawgyi

အဝတ္အစားေတြ ကင္းမဲ့ေနတဲ့ Chaeyoungရဲ႕ ခႏၶာကိုယ္က Lisaရဲ႕ကုတင္ေပၚတြင္ လူးလွိမ့္ေနတဲ့ အိမ္မက္မက္ၿပီး အိပ္ရာကေန Lisaလန့္နိုးလာသည္

သူ႕တစ္ကိုယ္လုံးလည္း ေခြၽးေတြ႐ႊဲေနၿပီး ေဘာင္းဘီေအာက္ပိုင္းကလည္း စို႐ြဲေနေလရဲ႕

Chaeyoung မနိုးခင္ Lisa အျမန္ေရခ်ိဳးအဝတ္အစားလဲေလသည္

Lisaမွာ အလုပ္ႀကိဳးစားလုပ္ရင္း Chaeyoungဆီက ယုံၾကည္ခ်က္ ျပန္ရေအာင္ ႀကိဳးစားေနသည္

သူ႕ရဲ႕တစ္ေန႕တာ အေၾကာင္း ခံစားခ်က္အေၾကာင္း Companyနဲ႕ပတ္သက္တဲ့ Ideaေတြ မွ်ေဝၿပီး Yoosunရဲ႕တိုက္ခိုက္မႈေတြကိုလည္း ႀကံ့ႀကံ့ခိုင္ေရွာင္နိုင္ေနေၾကာင္း Chaeyoungကို Lisa ဂုဏ္ယူစြာေျပာျပေနသည္

Park Chaeyoungနဲ႕အဆင္ေျပေနေၾကာင္း သိရရင္လည္း Yoosunက မေက်မနပ္ျဖစ္ေနေၾကာင္း Lisaက ေျပာျပတိုင္း Chaeyoungကရယ္သည္

တစ္ပတ္ႏွစ္ပတ္ေလာက္ၾကာသြားၿပီးေနာက္ ဟန္ေဆာင္လက္ထပ္ထားတဲ့အတြဲကလည္း အရင္လိုျပန္အဆင္ေျပေျပျဖစ္သြားၿပီေလ

အလုပ္မွာျဖစ္လာတဲ့အေၾကာင္းေတြ မွ်ေဝေျပာၾကသလို တစ္ေယာက္ကို တစ္ေယာက္လည္း ႏွစ္သိမ့္အားေပးၾကေသးသည္

သူငယ္ခ်င္းေတြနဲ႕အတူ စားေသာက္ဆိုင္ေတြအတူသြားၾကၿပီး သူတို႔အိမ္မွာ ဘီယာေသာက္ ႐ုပ္ရွင္ၾကည့္ရင္းလည္း အခ်ိန္ျဖဳန္းၾကေသးသည္

Chaelisaတို႔ လက္ထပ္ၿပီးတာ ငါးလရွိသြားၿပီး ႏွစ္ဝက္ထဲေတာင္ ေရာက္လာၿပီ ငါးလအတြင္း တစ္မိုးေအာက္မွာ တစ္ခန္းထဲ တစ္ကုတင္ေပၚမွာ အတူအိပ္ၾကရင္း Chaeyoungကို လိင္ပိုင္းဆိုင္ရာ ထိေတြ႕မႈမလုပ္နိုင္ေအာင္ ေရွာင္ရွားနိုင္ခဲ့သည္

ဒါေပမယ့္ Chaeyoungကေတာ့ ေန႕တိုင္း Lisa ရင္ခြင္ထဲ ေခါင္းေလးတိုးေဝွ႕ၿပီး အိပ္ေလ့ရွိသည္

ဒါ့အျပင္ Lisaမွာ Chaeyoungအေပၚထားတဲ့ ခံစားခ်က္ေတြ တစ္ေန႕တစ္ျခားတိုးပြားလာတယ္ ၿပီးေတာ့ Chaeyoungနဲ႕ပတ္သက္ၿပီး ရႈပ္ေထြးတဲ့ ခံစားခ်က္ေတြကို Lisa နားလည္လာတယ္

Chaeyoungကို ကတိေပးထားတဲ့အတိုင္း ေဆး႐ုံကိုသြားၿပီး ေန႕လည္စာ အၿမဲပို႔ေပးေလ့ရွိသည္ ...အဲ့လို သူ႕အမ်ိဳးသမီးအတြက္ ေန႕လည္စာပို႔ေပးရတာကိုလည္း Lisaက ဂုဏ္ယူေနေသးသည္

ဓာတ္ေလွကားထဲတြင္ Chaeyoungရဲ႕အထပ္မေရာက္ခင္ Lisa တစ္ေယာက္ Neck tieေလးကို ေသခ်ာျပင္ေနသည္

ထို႔ေနာက္ ဓာတ္ေလွကားထဲကထြက္လာၿပီး သူနာျပဳႏွစ္ေယာက္ကို ႏႈတ္ဆက္ေလသည္

"Good Afternoon Jinyoung..ခ်ာလီ ..."

Lisaမွာ ေဆး႐ုံကို ခဏခဏလာလြန္းလို႔ ေဆး႐ုံက သူနာျပဳတစ္ခ်ိဳ႕မွာ Chaelisaတို႔ႏွစ္ေယာက္ကို တြဲေနၿပီလို႔ေတာင္ ထင္ၾကေသးသည္

ဒါေပမယ့္ Lisaက လက္ထပ္ထားတဲ့အမ်ိဳးသမီးဆိုၿပီး ျငင္းခဲ့သည္

Chaeyoungမွာ Lisaနဲ႕လက္ထပ္ထားေၾကာင္းကို လ်ိဳ႕ဝွက္ထားခ်င္သည္ ဘာလို႔လည္းဆိုေတာ့ ဟန္ေဆာင္လက္ထပ္ထားလို႔ေလ မဟုတ္လား

Lisaကလည္း Chaeyoungဆုံးျဖတ္ခ်က္ကို ဘာမွမေျပာဘဲ လက္ခံေလသည္

"ေကာင္းေသာေန႕ေလးပါ Lisa "

သူနာျပဳ ခ်ာလီ မွာ Lisaကို အခုထိ အီစီကလီလုပ္ေနေသးတယ္

သူငယ္ခ်င္းအေနနဲ႕ ညစာအတူစားဖို႔ေတာင္ ေျပာဖူးေသးသည္

Lisaက သူ႕မိန္းမဟာ Chaeyoung ကလြဲလို႔ တစ္ျခားမိန္းကေလးေတြနဲ႕ ေတြ႕တာခင္မင္တာကို သဝန္တိုတတ္တယ္လို႔ ေျပာၿပီး ယဥ္ယဥ္ေက်းေက်း ျငင္းေလ့ရွိသည္

"Dr.Parkအတြက္ ေန႕လည္စာလာပို႔တာ သူ႕ကိုေပးေပးလို႔ရလား "

"ရတာေပါ့ ဒါေလးလုပ္ေပးရတာ မပင္ပန္းပါဘူး "

"ေက်းဇူး "

Lisaမွာ စကားေထြေထြထူးထူးဆက္မေျပာဘဲ ေန႕လည္စာဘူးေတြကို ထားၿပီး ဓာတ္ေလွကားဘက္ ျပန္သြားသည္

ဓာတ္ေလွကားခလုတ္ကို ႏွိပ္ၿပီး ရပ္ေစာင့္ေနစဥ္ တစ္စုံတစ္ေယာက္က အေနာက္ကေန သူ႕ကို သိုင္းဖက္ေလသည္

"နင္ ဒီမွာဘဲ "

Lisaမွာ ေက်ာေပးထားေသာလည္း အသံေၾကာင့္ ဘယ္သူလည္းဆိုတာ သိၿပီး ၿပဳံးေလသည္

"Chaeng...သူနာျပဳ ေကာင္တာမွာ နင့္အတြက္ ေန႕လည္စာထားခဲ့တယ္"

Lisaမွာ အေနာက္ကိုလွည့္ၿပီး တစ္ေလာကလုံးမွာ သူျမင္ဖူးသမွ် ေတြ႕ဖူးသမွ် မိန္းမေတြထက္ က်က္သေရပိုရွိၿပီး လွပတဲ့ ေကာင္မေလးကို ၿပဳံးၾကည့္ေနသည္

Chaeyoungက အရင္ကလို ေဆး႐ုံဝတ္စုံနဲ႕ coatေလးဝတ္ထားတာမဟုတ္ေပ

Lisa ဝယ္ေပးထားတဲ့ အင္က်ီေလးကို ဝတ္ထားတဲ့ Chaeyoungကို Lisaမွာ ပါးစပ္အေဟာင္းသားနဲ႕ ၾကည့္ေနမိသည္

"Company ျပန္သြားမလို႔လား "

"ဟုတ္တယ္ ရင္းႏွီးျမဳပ္ႏွံတဲ့ကိစၥေတြနဲ႕ ပတ္သက္ၿပီး လုပ္စရာရွိေသးတယ္ ဒါနဲ႕ေလ Chaeyoung နင္ အရမ္းလွတာဘဲ သိလား"

"ေက်းဇူး Lisa...ဒီေန႕ ငါေဆး႐ုံ boardအစည္းအေဝး တက္စရာရွိလို႔ေလ ပိုက္ဆံမရွိတဲ့ ကေလးေတြ ကားမေတာ္တဆမႈေၾကာင့္ မေတာ္တဆမႈ တစ္ခုခုေၾကာင့္ မ်က္ႏွာထိခိုက္တာမ်ိဳး ရွိရင္ ငါက ေငြေၾကးအခမဲ့လုပ္ေပးမယ့္ projectအေၾကာင္း ေျပာစရာရွိလို႔ "

Lisa ထပ္ၿပီး အံ့ၾသရျပန္သည္ Park Chaeyoungက ႐ုပ္ကေလးလွ႐ုံတင္မဟုတ္ဘူး စိတ္သေဘာထားက ျပည့္ဝၿပီး သနားၾကင္နာတတ္ေသးသည္

သူ႕ကိုယ္သူထက္ တစ္ျခားတစ္ေယာက္ လိုအပ္ခ်က္ကို ပိုဂ႐ုစိုက္သည္

အဲ့တာေတြေၾကာင့္လည္း Lisaက သူ႕ကို စခ်စ္ခဲ့တာ

Lisaမွာ အရမ္းလွပတဲ့ Chaeyoungရဲ႕ မ်က္ဝန္းညိုေတြၾကား ႐ုန္းထြက္ဖို႔ခက္ေနသည္

ေနပါအုံး စခ်စ္ခဲ့တာ.. .

"Oh my god ေနာက္ဆုံးေတာ့ ငါသတိထားမိၿပီ ငါသိၿပီ "

႐ုတ္တရက္ ထေအာ္တဲ့ Lisaေၾကာင့္ Chaeyoung လန့္သြားတယ္

"ဘာျဖစ္တာလည္း "

"အာ ဘာမွမဟုတ္ပါဘူး ဒီတိုင္း လာမယ့္ အစည္းအေဝးအတြက္ ေျပာစရာတစ္ခုရွာေတြ႕လို႔ရယ္ "

"နင္ လုပ္နိုင္ပါတယ္ Lisa...နင္ကအေတာ္ဆုံးဆိုတာ သိတယ္မလား Fighting "

Lisaရဲ႕ ဆံပင္ေလးကို နား႐ြက္ေနာက္သို႔ ပို႔ေပးရင္း Chaeyoung ေျပာလိုက္သည္

"Thank you Chae "

Chaeyoungမွာ Lisaကို ထပ္မထိမိဖို႔ သူ႕လက္ကို ေနာက္သို႔ ပို႔ထားရသည္ အခုတေလာ Chaeyoung ဘာျဖစ္ေနတယ္မသိ ထူးထူးဆန္းဆန္း Lisaကို အရင္ကထက္ ပိုထိေတြ႕ခ်င္ေနသည္

"Chaeyoung shii "

အသံၾသၾသေယာက္်ားဆန္ဆန္ အသံတစ္သံက Chaelisaတို႔ ၾကားက အခိုက္အတန့္ကို ဝင္ႏွောင့္ယွက္ေလသည္

Lisaမွာ အရပ္ရွည္ရွည္ all blackဝတ္ထားၿပီး Coatအရွည္ဝတ္ထားတဲ့ ေကာင္ေလးကို လွမ္းၾကည့္လိုက္သည္

Chaeyoungကို ၿပဳံးျပေနတဲ့ အဲ့ေကာင္ေလးကို သိပ္သေဘာမက်တာနဲ႕ ဓာတ္ေလွကားထဲ မဝင္ေတာ့ဘဲ Chaeyoung ေရွ႕တြင္ ရပ္လိုက္သည္

"Hey Check.....သူက ကြၽန္မ အခင္ဆုံးသူငယ္ခ်င္းLisaေလ Lisa သူက ငါတို႔ေဆး႐ုံမွာ ခြဲစိတ္တာအေတာ္ဆုံး ဆရာဝန္ Dr.Check တဲ့

Checkမွာ Lisaကို လက္ဆြဲႏႈတ္ဆက္ဖို႔ ကမ္းလွမ္းေတာ့ Lisaလည္း လက္ဆြဲႏႈတ္ဆက္လိုက္သည္

"Lisa Manobanပါ ေတြ႕ရတာ ဝမ္းသာပါတယ္ ေဒါက္တာ "

"Lisa Manoban...Oh Manobanဆိုတာ Manoban companyကလား"

"ဟုတ္ပါတယ္ "

Checkမွာ အံ့ၾသၿပီး မ်က္ခုံးပင့္လိုက္သည္

"Wow...အဲ့ companyက တကယ္အထင္ႀကီးစရာေကာင္းတယ္ အဲ့companyက နည္းပညာေတြက စိတ္ဝင္စားစရာေကာင္းတယ္ဗ်ာ့ အဲ့ companyမွာ ကြၽန္ေတာ္ရွယ္ယာဝင္ဖို႔ေတာင္ စိတ္ကူးေနတာဗ်ာ "

Check စကားကို Lisa စိတ္ဝင္စားသြားတယ္....သူက companyဆက္လက္လည္ပတ္နိုင္ဖို႔ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခ်ိဳ႕ရွာေဖြေနတာေလ မဟုတ္လား

"သေဘာက်စိတ္ဝင္စားတယ္ဆိုတာ သိရလို႔ ဝမ္းသာပါတယ္ Doctor Check "

"Oh come on guys နင္တို႔ေတြ Business Meetingလုပ္ေနတာလား"

Chaeyoungမွာ Lisaက Checkနဲ႕ရင္းႏွီးသြားၿပီး စကားေျပာေနတာကို သိပ္သေဘာမက်ေပ

"Checkလို႔ဘဲေခၚပါ ရွယ္ယာအေၾကာင္း ေဆြးႏြေးခ်င္တယ္ဆိုရင္ မင္း ႀကိဳက္တဲ့အခ်ိန္ ဆက္သြယ္နိုင္ပါတယ္ "

Lisaမွာ ေခါင္းညိတ္ျပၿပီး သူ႕ဖုန္းကိုထုတ္ကာ ျပကၡဒိန္ကို ၾကည့္လိုက္သည္

"ေနာက္တစ္ပတ္ အဆင္ေျပမယ္ထင္တယ္ Confirm လုပ္ဖို႔ ကြၽန္မ လက္ေထာက္အတြင္းေရးမႉးကို ဆက္သြယ္ေပးပါ Check "

Lisaမွာ သူ႕လိပ္စာကတ္ကို ထုတ္ေပးေတာ့ Checkလည္း သူ႕လိပ္စာကတ္ျပန္ေပးလိုက္သည္

"ဒါ ကြၽန္ေတာ့္ကတ္ပါ အခ်ိန္မေ႐ြးဆက္သြယ္လို႔ ရပါတယ္ "

Lisaနဲ႕Checkတို႔ ႏႈတ္ဆက္ၿပီးေနာက္ Checkမွာ Chaeyoungရဲ႕ ပခုံးကိုပုတ္ၿပီး

"ခဏေနရင္ ေတြ႕ၾကမယ္ေနာ္ Chaeyoung "

Checkနဲ႕Chaeyoung ေတြ႕မယ့္အစီအစဥ္ကို Lisa မႀကိဳက္ေပ ဒါေပမယ့္ ထပ္ၿပီး ေပါက္ကရေတြေျပာမိမွာဆိုးလို႔ သူ႕ပါးစပ္ကိုသူ ထိန္းထားရသည္

"ေနာက္မွေတြ႕မယ္ Chaeng "

Chaeyoungရဲ႕ အိအိေဖာင္းေဖာင္း ပါးေလးကို နမ္းၿပီး Lisa ႏႈတ္ဆက္လိုက္သည္

Chaeyoungရဲ႕ မ်က္ကြင္းညိုေလးက သံလိုက္လို Lisaကို ဆြဲေဆာင္ေနသည္

ေနာက္ဆုံးေတာ့ Lisa ရွင္းရွင္းလင္းလင္း ျမင္နိုင္ခဲ့ၿပီ

ဓာတ္ေလွကားထဲဝင္ၿပီး ေအာက္ထပ္ကို ဆင္းသြားခ်ိန္ Lisa တစ္ေယာက္ေယာက္ကို ဖုန္းဆက္ေလသည္

"Jisoo...ငါ ငါအခင္ဆုံး သူငယ္ခ်င္းကို ခ်စ္မိေနၿပီ "

#tbc

Bạn đang đọc truyện trên: Truyen3h.Co