Part 17
Flash back
ဆိုးလ်မှာ မိုးတွေရွာနေတဲ့နေ့လေးတစ်နေ့တွင်
Chaelisa နှစ်ယောက် သူတို့ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေကြသည်
Lisaမှာ Chaeyoungရဲ့ တိုက်ခန်းကနေ မပြန်ဘဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ Chartတွေ Graph တွေကို လေ့လာနေသည်
Lisaရဲ့ မိဘတွေက အလုပ်ကိစ္စနဲ့ အမြဲအပြင်ရောက်နေတော့ Lisaတစ်ယောက် အိမ်ကြီးထဲ အထီးကျန်ပြီး မနေချင်သောကြောင့် Chaeyoung အိမ်ကို အမြဲရောက်လာခဲ့ခြင်းဖြစ်သည်
Lisaက ဆိုဖာပေါ် စာလေ့လာနေချိန် Chaeyoungက သူ့အခန်းက ကုတင်ပေါ်တွင် စာလေ့လာသည်
နှစ်ယောက်သား စာလေ့လာကျက်မှတ်ချိန်တွင် ဘာသာမေဂျာမတူသောကြောင့် ခွဲနေကြပြီး ခဏနားတဲ့အချိန်မှာတော့ ပီဇာ ဒိန်ချဥ် မုန့်တွေစားဖို့ အတူရှိကြပြန်သည်
Alarm အသံကြားရပေမယ့် Lisaက စာဆက်ဖတ်နေသည်
Chaeyoungကတော့ အခန်းထဲကနေထွက်လာကာ
"ဘာစားချင်လည်း Lisa မနေ့က ကျန်တဲ့ ဟင်းတွေတော့ရှိတယ် နင် တရုတ်ဟင်းစားချင်တယ်ဆိုလည်း မှာစားလို့ရတယ်နော် "
Chaeyoungမှာ ရေခဲသေတ္တာတံခါးကို ပိတ်ပြီး စာဖတ်နေသေးတဲ့ သူ့သူငယ်ချင်းကို ကြည့်လိုက်သည်
သူ့သူငယ်ချင်းက ဘာမှပြန်မဖြေသောကြောင့် Chaeyoung သက်ပြင်းချပြီး Lisaဆီ သွားကာ သူ့လက်ထဲက စာအုပ်ဆွဲလုလိုက်သည်
"ဘာလုပ်တာလည်း Chae ပြန်ပေး "
"Hell No မရပါဘူး Lisa အခုက အနားယူတဲ့အချိန်လေ နင်က ငါတို့သဘောတူညီထားတာကို ချိုးဖောက်မလို့လား "
"Come on Chae ပြန်ပေးစမ်းပါ "
"No Catch me if you can "
Lisaကို Chaeyoung ပြောင်ပြပြီး ဧည့်ခန်းထဲ ပတ်ပြေးလေသည်
Lisaကလည်း သူ့ကိုပြောင်ပြရယ်မောပြီး ပတ်ပြေးနေတဲ့ Chaeyoungကို လိုက်ဖမ်းလေသည်
"Chaeyoung စာအုပ်ပြန်ပေး နောက်စရာမဟုတ်ဘူးနော် "
Lisaမှာ သတိပေးလိုက်ပေမယ့် စိတ်တိုနေတဲ့ လေသံနဲ့ပြောခြင်းတော့ မဟုတ်ပေ
"Chaeyoung ငါ့ကို ပြန်ပေးစမ်း ဘလဘလ "
Lisaကို စနောက်ပြီး သူ့အခန်းထဲသို့ Chaeyoungပြေးဝင်သွားသည်
"Yah Park Chaeng "
"စျေးကွက်စီးပွားရေးရဲ့ လုပ်ငန်းတာဝန်ကိုပြော..."
"Ugh! Chaengie "
"မေးခွန်းကိုသာ ဖြေစမ်းပါ"
"ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်း ရဲ့ လုပ်နိုင်စွမ်းနဲ့ဖြစ်နိုင်စွမ်းများကို ဖြန့်ဝေပေးတဲ့တာဝန်ပါ "
Lisa ဖြေပြီး Chaeyoungကို ထပ်ဖမ်းပြန်သည်
Chaeyoungနဲ့ စိန်ပြေးလိုက်တမ်းဆော့ရတာကို Lisa အရမ်းနှစ်သက်သဘောကျနေတယ်လေ
"Markting Channel ကရော "
Lisaမှာ ပြုံးပြီး Chaeyoungရဲ့ မေးခွန်းကို ထပ်ဖြေပြန်သည်
"Perfect ဘဲ Lisa A+ ရပြီ နေပါအုံး ဒီဖုန်းနံပါတ်က ဘာလည်း ဘယ်ကောင်မလေး ဖုန်းနံပါတ်လညလး "
စာအုပ်နောက်က ရေးထားတဲ့ ဖုန်းနံပါတ်ကို တွေ့ပြီး Chaeyoung မေးလိုက်သည်
"Chaeyoung အဲ့စာအုပ်ပေးစမ်းပါ "
"ငါ တွေ့လို့မရတဲ့ ကြည့်လို့မရတဲ့ တစ်ခုခုရှိနေလို့လား...."
တကယ်တော့ Lisa ကော်ဖီဆိုင်မှာ ကော်ဖီဝယ်နေတုန်း ကောင်မလေးတစ်ယောက်က သူ့စာအုပ်မှာ ဖုန်းနံပါတ်ရေးသွားခြင်း ဖြစ်သည်
Chaeyoungပြောမှဘဲ Lisa သတိရလာသည်
"ပေးစမ်းပါ"
"ရှက်မနေပါနဲ့ Lisaရယ် အဲ့ကောင်မလေးအကြောင်း ပြောပြပါအုံး "
Chaeyoungကို အလစ်အငိုက်ဖမ်းပြီး Lisa လက်ကိုဆွဲချုပ်ဖမ်းလိုက်သည်
နှစ်ယောက်သား အရှိန်လွန်ပြီး ကုတင်ပေါ် ပြုတ်ကျသွားသည်
Chaeyoungရဲ့ ကိုယ်ပေါ်တွင် Lisa အုပ်မိုးမိပြီး အသက်ကို ဝဝတောင်မရှုနိုင်
သူ့ကိုပြုံးပြီးစနောက်နေတဲ့ Chaeyoungကို မျက်တောင်မခတ်မိဘဲဲ ကြည့်နေမိသည်
"အဲ့ကောင်မလေး နာမည်ပြော အဲ့တာဆို စာအုပ်ပြန်ပေးမယ် "
"ဘယ်သူမှမဟုတ်ဘူး ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ကောင်မလေးပါ "
"သေချာလား "
'သေချာတာပေါ့ "
"သူက ဘယ်လိုမျိုးလည်း "
"ငါ့typeမဟုတ်ဘူး "
"အော် အေးပေါ့ နင်က ဖင်ကြီးရင်ကြီးကို ကြိုက်တော့ "
"Yah ငါအဲ့တာတွေမကြိုက်ပါဘူး "
Lisa ပြောရင်း Chaeyoungရဲ့ မျက်ဝန်းညိုလေးကို စိုက်ကြည့်နေမိသည်
ဘယ်လောက်ထိတောင် စိုက်ကြည့်နေမိလည်းမသိ သူ့ရဲ့ နှာခေါင်းကို Chaeyoung ဆွဲညှစ်မှ အသိပြန်ဝင်လာသည်
"ဟင် အား နာတယ်ဟ "
"တရုတ်အစားအစာလား မနေ့ညက ကျန်တဲ့ဟာလား "
"မနေ့ညက ကျန်တဲ့ဟာဘဲ စားကြမယ် ငါဗိုက်ဆာနေပြီ "
"OK"
Chaeyoungလည်း အခန်းထဲက ထွက်သွားရော Lisaမှာ ငေးမောရင်း ကျန်ခဲ့သည်
End of Flashback
Lisaမှာ သူ့ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်
"Shit အဲ့ကတည်းက ငါ သူ့ကိုချစ်မိနေခဲ့တာဘဲ...ငါ ဘာလုပ်ရမလည်း ငါ ဒီခံစားချက်တွေကို ကြာကြာဖုံးကွယ်ထားနိုင်မယ်မထင်ဘူး "
Lisa စတင်ပြီး စိတ်လှုပ်ရှားလာသည်
သူက သူအချစ်ဆုံး သူငယ်ချင်း Park Chaeyoungကို ချစ်မိနေတာဘဲ... Chaeyoungကရော... Lisaလိုဘဲ ဖြစ်နေမလား
"ငါ Chaeyoungကို ပြောမှဖြစ်မယ် ငါ သူ့ကို ရိုးသားမယ်ဖုံးကွယ်ထားတာမျိုးမလုပ်တော့ဘူးလို့ ကတိပေးထားခဲ့တယ်လေ...ဒါပေမယ့် သူစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလည်း "
Lisaမှာ သက်ပြင်းချပြီး ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည် စိတ်ထဲကနေ တစ်နှစ်သုံး ရေတွက်ရင်း စိတ်တည်ငြိမ်အောင်လုပ်နေသည်
ထို့နောက် ရေချိုးခန်းထဲသွားပြီး မျက်နှာသစ်လေသည်
"Lisa အဆင်ပြေရဲ့လား "
Chaeyoung အိပ်နေရာက ထထိုင်ပြီး Lisaကို မေးလိုက်သည်
Lisa မျက်နှာသုတ်ပြီး ကုတင်ပေါ်တွင် ပြန်လာထိုင်သည်
"ပြေပါတယ် "
"လူလိမ် မနက်လေးနာရီတောင် ရှိနေပြီ နင်ခဏနားလိုက်ပါအုံး "
Chaeyoung နာရီကို တစ်ချက်ကြည့်ကာ Lisaရဲ့ မျက်နှာလေးကို ကိုင်ပြီး မေးလိုက်သည်
"Mr.Leeနဲ့ meetingရှိလို့ "
Lisa လိမ်ပြောလိုက်တာဆိုပေမယ့် Mr.Leeနဲ့တွေ့ရမှာတော့ အမှန်ပင်
"ရှိလည်း ခဏတော့ အိပ်ပါဟယ် "
"Soohyukက ဂရုတစိုက် ..."
Lisa စကားတောင်မဆုံးသေး Chaeyoungက သူ့နှုတ်ခမ်းကို လာနမ်းလေသည်
Chaeyoungက သူ့နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့နဲ့လာနမ်းနေသည်
Chaeyoungရဲ့ အနမ်းတွေကြားမှာ Lisa အရည်ပျော်ကျနေပြီလေ
Lisa မျက်လုံးမှိတ်လိုက်ပြီး Chaeyoungရဲ့ အနမ်းကို ပြန်တုံ့ပြန်လိုက်သည်
Chaeyoungမှာ Lisaကို တွန်းလှဲပြီး အပေါ်စီးကနေ အုပ်မိုးကာ နမ်းနေသည်
"Humm Chaeng..."
Lisaရဲ့ Moanသံကြောင့် Chaeyoung အသိစိတ်ပြန်ဝင်လာသည်
"Oh shit...."
Chaeyoung အမြန်ဘဲ Lisaပေါ်ကနေ ဖယ်ပြီးလှဲအိပ်လိုက်သည်
Lisaမှာ အခုချိန် Chaeyoung ကို ဖွင့်ပြောလိုက်ရမလားဆိုပြီး တွေးနေမိသည်
Chaeyoungကို ဆက်နမ်းချင်သည်.... ဒါပေမယ့် ဘာစကားမှပြောမထွက်နိုင်ဘဲဲ ဖြစ်နေတယ်
'တွေ့လား ဘာမှမထူးဆန်းပါဘူး Meetingမှာဖြစ်ဖြစ် Soohyukမှာရှေ့ရှေ့ ငါတို့ ဒီလိုနမ်းပြလိုက်ရင် သူတို့သံသယဝင်မှာ မဟုတ်တော့ဘူး "
"မထူးဆန်းပါဘူးတဲ့လား "
Lisaဘက်က တကယ်ကြီးခံစားနေရချိန် Chaeyoungက ဘာမှမခံစားရသလို ဖြစ်နေတော့ နည်းနည်းဝမ်းနည်းမိသွားတယ်
"ခဏအိပ်လိုက်နော် Lisa နင့်နောက်မှာ ငါရှိတယ် "
"အင်း ငါသိပါတယ် "
Chaeyoung ဆေးရုံတွင် သူ့လူနာတွေကို ကြည့်ရှုပြီးနောက် သူ့reportတွေကို Mr.Lee Soohyuk,Seung Jooနဲ့တစ်ခြား board memberတို့နဲ့ စားသောက်ဆိုင်တွင် မတွေ့ခင်ထိ အမြန်ပြီးဆုံးအောင် လုပ်နေသည်
ပရိတ်သတ်တွေအတွက် Chaelisaတို့ ကပြဖျော်ဖြေရအုံးမယ်လေ
ဒီနေ့ ခွဲစိတ်မှုကတော့ Checkကပါ ဝင်ကူညီလို့ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးသွားတယ်လေ
Checkက ကြင်နာတတ်ပြီး ဟာသတွေပြောတတ်တဲ့ ကောင်လေးပါ အဲ့လိုဟာသတွေပြောပြီး Chaeyoungနဲ့ ပိုခင်မင်ရင်းနှီးအောင်တောင် လုပ်နိုင်သည်
ပြီးတော့ Lisaအကြောင်းကိုလည်း တွေးမိသေးတယ်
Lisaက....သူနဲ့အတူအိပ်ဖို့ပြောပြီးနောက်ပိုင်း သူ့ကတိတွေတည်ပြီး ခပ်ခွာခွာနေခဲ့တာကို တွေးနေမိတယ်
ဒါတွေဖြစ်ပျက်နေတာတွေ Lisa လိင်စိတ်ပြင်းပြနေတာတွေ သူ့ကိုရှောင်ရှားနေတာတွေက Emilyကို မမေ့နိုင်သေးလို့ဆိုပြီး Chaeyoung တွေးနေသည်
Chaeyoungက အရင်ကလို Lisaနဲ့ skinship လုပ်ချင်နေမိတယ်... Lisaက သူ့ကိုရှောင်နေတာက စိတ်အနှောင့်အယှက်ဖြစ်စေတယ်
သူတို့ မကွာရှင်းခင်အထိ Lisaကို ဘယ်သူ့လက်ထဲမှ Chaeyoung မပေးချင်ပေ
ဂျိုးဒီ လက်ထဲကိုလည်း Chaeyoung မထည့်ပေးချင်သလို ဘယ်သူ့ရင်ခွင်ထဲကိုမှ Lisaကို Chaeyoung မပေးချင်ပေ
မနက်ကလည်း Lisaကို သူရုတ်တရက်ကြီး နမ်းချင်စိတ်ဖြစ်လာလို့ နမ်းလိုက်မိတဲ့အကြောင်းလည်း ပြန်တွေးနေမိတယ်
"ငါကိုယ်က ထူးဆန်းနေတာဘဲ... ငါသာ သူငယ်ချင်းဆိုတဲ့ စည်းကို ပြန်ရှာလိုက်ရင် ငါတို့ friendshipက အရင်တိုင်း ပြန်ဖြစ်လာမယ်ထင်တယ်..Lisa နင်ကလည်း အခုထိ Emilyကို ချစ်နေသေးတာ မဟုတ်လား ဒီတော့ အီစီကလီတွေနားပြီး ဂိမ်းပြန်ဆော့ကြတာပေါ့ "
Chaeyoung သက်ပြင်းချပြီး စားသောက်ဆိုင်သွားဖို့ Lisaလာခေါ်ရန် ဖုန်းဆက်လိုက်သည်
Lisaမှာ သူ့companyတွင် Checkနဲ့စာချုပ်တွေ ချုပ်ဖို့ ပြင်ဆင်နေသည်
ထိုစဥ် Chaeyoungက ဖုန်းဆက်လို့ Lisa ကားသော့ကိုယူပြီး ဆေးရုံကိုထွက်လာသည်
Chaelisa နှစ်ယောက် သူတို့ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ထွက်လာကြသည်
"Oh Chaeyoungနဲ့ Lisaပါလား Sweet coupleလေး တွေ့ရတာ ဝမ်းသာပါတယ် "
Yoosunက နှုတ်ဆက်တော့ Chaeyoung ပြုံးပြပြီး Lisaကတော့ သူ့ဇနီးထိုင်ဖို့ ခုံပြင်ပေးလေသည်
ထို့နောက် Lisaမှာ Mr.Leeတို့နဲ့စကားပြောနေချိန် Chaeyoungမှာ နားထောင်ပြီး စားပွဲခုံအောက်ကနေ Lisaရဲ့ လက်ကို ကိုင်ထားပေးလေသည်
Chaeyoung သူ့ဘေးနားမှာရှိနေပေးပြီး ဝင်ကူပြောပေးလို့ Lisa ကျေးဇူးတင်နေမိသည် Chaeyoungသာမရှိရင် သူဘယ်လိုနေရမလည်းမသိ
"excuse me.. သန့်စင်ခန်း ခဏသွားမလို့ ခွင့်ပြုပါအုံး "
"ရပါတယ် Lisa ကြိုက်သလောက်အချိန်ယူပါ မင်းရဲ့မိန်းမက တော်တော်စကားပြောကောင်းတော့ စိတ်ဝင်စားစရာကောင်းတယ် "
Sungjooက အရက်ခွက်ကို မြှောက်ပြပြီး ပြောတော့ Lisaမှာ သူ့ကိုဆွဲထိုးချင်စိတ် ထိန်းထားရသည်
"ဟုတ်ပါ့ရှင် သူ့ကိုလက်ထပ်ခွင့်ရတာ ကျွန်မအတွက် ကံအကောင်းဆုံးပါဘဲ "
Lisaပြောပြီး Sungjooရှေ့ Chaeyoungကို နမ်းပြလိုက်သည်
Lisa အိမ်သာထဲရောက်တော့ သူ့ရဲ့ဖုန်းကို ထုတ်လိုက်သည်
Lisa Manoban - Jisoo ငါသူ့ကို ဖွင့်ပြောတော့မလို့
Lisaမှာ Jisoo စာပြန်မယ့်အချိန် စောင့်နေသည်
သူ ယုံကြည်ချက်ရှိရှိ ဖွင့်ပြောမယ့်အချိန် တစ်ယောက်ယောက်က သူ့အနောက်ကနေ ရှိနေပေးဖို့ လိုတယ်လေ
General Jisoo- Holly shit နင် Chaeyoungကို ဖွင့်ပြောမလို့လား
Lisa Manoban - ဟုတ်တယ် Chu ငါ သူ့ကို ညစာစားပြီး အိမ်ပြန်ရောက်တဲ့အခါ ဖွင့်ပြောမလို့
General Jisoo - fuck yess သူ့ကို ပြောလိုက်တော့ ငါ့ကောင် သူ့ဘက်က ဘာပြောလည်းဆိုတာ ငါ့ကို ပြန်ပြောအုံး
Lisa Manoban- သူ ငါ့ကို ငြင်းရင် ဘယ်လိုလုပ်မလည်း
General Jisoo - ဆွဲဘုလိုက်
Jisooက တကယ်ဘဲပေါက်ကရတွေ ပြောနေတယ်
Lisa စာဆက်မပို့ဘဲ ဖုန်းကိုပြန်ထည့်ကာ မှန်ကိုကြည့်ပြီး သူ့ကိုယ်သူ အားပေးလေသည်
*****
Chaelisaတို့နှစ်ယောက် အိမ်ပြန်ရောက်လာသောအခါ ခြေထောက်ဆေး သွားတိုက်ပြီး ညအိပ်ဝတ်စုံ လဲနေကြသည်
"ငါ နင့်ကိုပြောစရာရှိတယ် Lisa "
"Chaeng နင့်ကိုပြောစရာရှိလို့ "
သူတို့နှစ်ယောက် တစ်ပြိုင်တည်း ပြောလိုက်တဲ့စကားကြောင့် Chaeyoung သဘောကျပြီး ရယ်လိုက်သည်
Lisaကလည်း ပြုံးပြီး Chaeyoungကို ကြည့်နေသည်
"Umm နင်အရင်ပြောလိုက်ပါ Chaeyoung "
"သေချာလား "
"အင်း "
"ok "
Chaeyoung ပြောပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်
"ငါတို့တစ်ယောက်ကိုတစ်ယောက် ရိုးသားရမယ်လို့ ကတိပေးထားတယ်မဟုတ်လား ငါနင့်ကို တစ်ခုပြောစရာရှိလို့ "
"အင်း ဘာများလည်း "
Lisa မေးပြီး ဘောင်းဘီကောက်စွပ်လိုက်သည်
"ငါ ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့မလို့ "
Chaeyoungရဲ့စကားကြောင့် Lisa လဲကျသွားသည်
#tbc
#zawgyi
Flash back
"No Catch me if you can "
"Yah Park Chaeng "
"ဈေးကွက်စီးပွားရေးရဲ့ လုပ်ငန်းတာဝန်ကိုပြော..."
"Ugh! Chaengie "
"Markting Channel ကရော "
"ပေးစမ်းပါ"
သူ့ကိုပြုံးပြီးစနောက်နေတဲ့ Chaeyoungကို မျက်တောင်မခတ်မိဘဲ ကြည့်နေမိသည်
"သေချာလား "
'သေချာတာပေါ့ "
"သူက ဘယ်လိုမျိုးလည်း "
"ငါ့typeမဟုတ်ဘူး "
"ဟင် အား နာတယ်ဟ "
"OK"
End of Flashback
"Lisa အဆင်ပြေရဲ့လား "
"ပြေပါတယ် "
"Soohyukက ဂရုတစိုက် ..."
"Humm Chaeng..."
"Oh shit...."
Chaeyoungကို ဆက်နမ်းချင်သည်.... ဒါပေမယ့် ဘာစကားမှပြောမထွက်နိုင်ဘဲ ဖြစ်နေတယ်
"မထူးဆန်းပါဘူးတဲ့လား "
"အင်း ငါသိပါတယ် "
*****
"သေချာလား "
"အင်း "
"ok "
"အင်း ဘာများလည်း "
#tbc
Bạn đang đọc truyện trên: Truyen3h.Co