Truyen3h.Co

Business Proposal

Part 18

KimFany059


"Hey Lisa အဆင်ပြေရဲ့လား "

Chaeyoungမှာ လဲကျသွားတဲ့ Lisaကို ဆွဲထူသည်

"Lisa...."

Lisaဆီက ဘာမှအဖြေပြန်မကြားလို့ Lisaရဲ့ မျက်နှာကို ကိုင်ပြီး Chaeyoungမေးလိုက်သည်

"ဘာလည်း ဘယ်သူနဲ့လည်း "

"ငါ ထပ်ပြီး ချိန်းတွေ့ဖို့အသင့်ဖြစ်နေပြီ... Dr.Checkက ငါ့ကို ချိန်းတွေ့ဖို့ လာကမ်းလှမ်းတယ် သူက သဘောကောင်းပြီးချောတယ်လေ သူနဲ့ငါက အဆင်ပြေမပြေမသိသေးဘူးဆိုပေမယ့် ဒိတ်ကြည့်မလို့ နင်များခွင့်ပြုမလားလို့ "

Lisaမှာ သူ့ရဲ့နှလုံးသားက အပိုင်းပိုင်းအစစစုတ်ပြတ်သွားသလို ခံစားရသည်

Chaeyoungက သူ့အသည်းကို တစ်စစီဆွဲစုတ်သွားတာဘဲ

"အဲ့တာ နင်များ အဆင်ပြေမလားလို့ "

"အင်း "

"နင် သေချာလို့လား ခွင့်မပြုပေးလည်း ဘာမှမဖြစ်ဘူးနော် ငါစိတ်မဆိုးပါဘူး "

Lisaမှာ သူ့မျက်ရည်တွေကို Chaeyoungမမြင်အောင် Chaeyoungကို ကျောပေးထားသည်

"အစောပိုင်းကတည်းက ငါတို့ အလုပ်ကိစ္စ သဘောတူညီချက်ကို ပြောထားပြီးသားပါ Chaeyoung နင်က ငါ့ရဲ့အကျဥ်းသား မဟုတ်ဘူးလေ နင်ကြိုက်တာ နင်လုပ်ခွင့်ရှိပါတယ် နင် ချိန်းတွေ့ချင်ရင်လည်း ကိစ္စမရှိဘူး ငါအဆင်ပြေပါတယ် ဘယ်သူမှမသိအောင်တော့ ချိန်းတွေ့ပေါ့ဟာ "

"ကျေးဇူးပါ Lisa..နင်လည်း"

Chaeyoungမှာ Lisaကို နင်လည်း ချာလီနဲ့ဒိတ်လို့ရတယ်နော်လို့ ပြောဖို့လုပ်ပေမယ့် ပြောမထွက်ဘူး ဖြစ်နေသည်

"Umm နင် ငါ့ကိုဘာပြောမလို့လည်း "

"ဘာမှမဟုတ်ပါဘူး ဒီနေ့ည နင်အရမ်းတော်တယ်လို့ ပြောမလို့ "

Lisa ပြောပြီး ရေချိုးခန်းထဲဝင်သွားတယ်

"Lisa နင် ရေချိုးပြီးသားလေ "

"အင်း ထပ်ချိုးမလို့ "

Lisaအသံက ရုတ်တရက် သီးခြားဆန်သွားပြီး အေးစက်သွားသလို Chaeyoungခံစားရသည်

Lisaကတော့ ရေပန်းဖွင့်ပြီး ရေပန်းအောက်တွင် ထိုင်ငိုနေသည်... ရေပန်းအသံကြောင့် သူငိုနေမှန်း Chaeyoung သိမှာ မဟုတ်ဘူးလေ

******

သူ့မိဘတွေဆီ ပြန်သွားတဲ့ အိမ်ပြန်လမ်းကလည်း အရင်ကထက် ပိုကြာနေသလို ခံစားရတယ်

Check နဲ့ချိန်းတွေ့တာက ကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးခဲ့ပါတယ်

Checkက ယဥ်ကျေးတယ် လူကြီးလူကောင်းဆန်တယ် ဟာသတွေပြောပေမယ့်လည်း သူတို့စကားပြောရင်း အလုပ်ကိစ္စဘက်ဘဲ ပြန်ပြန်ရောက်သွားတယ်

အမှန်တိုင်း ပြောရရင် ဒိတ်လုပ်နေတယ်လို့ Chaeyoung မခံစားရဘူးဖြစ်နေတယ်

ဗိုက်ထဲမှာ လိပ်ပြာတွေ ပျံဝဲနေသလို ခံစားချက်မျိုး မဟုတ်ဘဲ အလုပ်ကိစ္စကြောင့် ညစာအတူစားနေရသလို ခံစားရတယ်

Checkမှာ Chaeyoungရဲ့ မိဘအိမ်ရှေ့တွင် ကားရပ်လိုက်သည်

ဘယ်သူမှမသိအောင်ချိန်းတွေ့တာမို့လို့ သူ့မိဘအိမ်ကို ပြန်ပို့ဖို့ Chaeyoung ရွေးချယ်ခဲ့ခြင်းဖြစ်သည်

"ညစာလိုက်ကျွေးလို့ ထပ်ပြီး ကျေးဇူးတင်ပါတယ် Check "

Chaeyoungမှာ သူ့ကိုကားတံခါးဖွင့်ပေးတဲ့ Checkကို ကျေးဇူးတင်စကားပြောလိုက်သည်

"ရပါတယ်ဗျာ ဒါဆို အလုပ်မှာ တွေ့ကြမယ်နော် "

"ဟုတ် Good Night ပါ "

Chaeyoungက နှုတ်ဆက်တော့ Checkက မပြန်သေးဘဲ တစ်ခုခုကို စောင့်နေသလိုဘဲ ဖက်တာလား အနမ်းလား Chaeyoung မသိပေမယ့် ဒီအတိုင်း အိမ်ထဲကို ဝင်သွားလိုက်သည်

"Welcome back kid..."

Mr.Parkမှာ မအိပ်သေးဘဲ သူ့သမီးပြန်လာမယ့်အချိန် စောင့်နေခဲ့တာလေ

"Dateကဘယ်လိုလည်း "

"အဆင်ပြေပါတယ် Checkက လူကောင်းတစ်ယောက်ပါ "

"ပြီးတော့ရော.... "

"ဒိတ်က အဆင်​ပြေပြေနဲ့ ပြီးသွားပါတယ် "

"သမီး အတင်းဖိအားပေးစရာမလိုဘူးဆိုတာ သိတယ်ဟုတ် တစ်ခါတစ်လေ လူနှစ်ယောက်ကြား Chemistry မိသလို တစ်ခါတစ်လေတော့လည်း မဟုတ်ပြန်ဘူး "

သူ့အဖေရဲ့စကားကြောင့် Chaeyoung သက်ပြင်းချလိုက်သည်

"Dad....သမီးလုပ်နေတာတွေက မှန်ရဲ့လား မသိတော့ဘူး "

Mr.Parkမှာ သူ့သမီးလေးကို ဆွဲဖက်ကာ နှစ်သိမ့်လေသည်

"သမီးမှာ ချိန်းတွေ့ပိုင်ခွင့်ရှိပါတယ် Lisaကလည်း ခွင့်ပြုပေးထားတယ် မဟုတ်လား ..."

"သမီးသိပါတယ် Dad..ဒါပေမယ့် တစ်ခုခုမှားနေသလို ခံစားနေရတယ်  သမီး Lisaကို သေချာမြင်နေရတယ် သူ...အရင်လိုမဟုတ်ဘဲ သမီးကိုရှောင်နေတာ Jisooကိုမေးကြည့်တော့လည်း အဖြေပြန်မရဘူး.... သမီးက တစ်ခုခုအမှားလုပ်မိလို့ သူကရှောင်နေတာလား "

တကယ်တော့ Jisooက Chaeyoungကို စိတ်ဆိုးနေခြင်းဖြစ်သည်

Lisaက Chaeyoungအပေါ် ခံစားချက်ရှိနေတာကို Jennieတို့ကိုပါ Jisoo ပြောပြထားတာလေ

Chaeyoungက Lisaကို အဖြေပြန်ပေးမယ်ဆိုရင် သူတို့တွေ ဂုဏ်ပြုပွဲကျင်းပဖို့တောင် ပြင်ဆင်ပြီးသွားပြီ

ဒါပေမယ့် Chaeyoungက ချိန်းတွေ့မယ့်အကြောင်းပြောတော့ Lisaအသည်းတွေကွဲသွားသလို Jisooတို့လည်း အနည်းငယ်စိတ်ပျက်သွားခဲ့ကြတယ်

"ဘယ်သူက မှန်တယ် ဘယ်သူကမှားတယ်လို့လည်း မဟုတ်ပါဘူး Jisooကလည်း အလုပ်များနေလို့နေမှာပါ ချိန်းတွေ့တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားမနေပါနဲ့ "

"ဟုတ် Dad... သမီး ပြန်တော့မယ် နောက်ကျနေပြီ "

Chaeyoungမှာ သူ့ကိုစောင့်နေပေးလို့ သူ့အဖေကို ကျေးဇူးတင်စကားပြောပြီး Lisaအိမ်သို့ ပြန်လာခဲ့သည်

ထပ်ပြီး မီးမှိန်မှိန်လေးထွန်းထားတာဘဲလား

Checkနဲ့ချိန်းတွေ့ပြီး ပြန်လာတိုင်း Lisaရဲ့ အိမ်က တိတ်ဆိတ်ပြီး မဲမှောင်နေတာကို Chaeyoung အမြဲဲကြုံရတယ်လေ

ပြီးတော့ အိမ်ထဲဝင်လိုက်ရင် Lisaမွေးထားတဲ့ Loveကလွဲလို့ သူ့ကိုကြိုဆိုမယ့်သူမရှိ

Lisaက အခုရက်ပိုင်း အိမ်ကို ပြန်မလာဘဲ Companyမှာနေတာများသည်

Chaeyoung ကုတင်ပေါ်တွင် လှဲအိပ်ပြီး အထီးကျန်သလို ခံစားနေရတယ် အရင်ကဆိုရင် သူတို့မအိပ်ခင် တစ်​ယောက်ကိုတစ်ယောက် စနောက်ခဲ့ချိန်တွေကို သတိရမိသည် အခုတော့ သူတစ်ယောက်တည်း အိပ်နေရတာ ဘယ်နှရက်ရှိနေပြီလည်းတောင် မမှတ်မိတော့ပေ

ဒီနေ့တော့ Chaeyoung barတစ်ခုကိုရောက်နေတယ် ဘာလို့လည်းဆိုတော့ ဘာလို့မှန်း Chaeyoungမသိပေ

ဒီနေ့ Checkနဲ့တွေ့ဖို့ ချိန်းထားပေမယ့် အလုပ်ကိစ္စကြောင့်  မလာနိုင်တော့ဘူးဆိုပြီး ဖုန်းဆက်တယ်လေ

တကယ်တော့ သူ Checkကို သူငယ်ချင်းထက်ပိုပြီး ခံစားချက်မရှိဘူးလို့ ပြောခဲ့မိတယ် နောက်ပိုင်း Checkနဲ့တွေ့တာက ဒီအတိုင်း အထီးကျန်နေသလိုခံစားရလို့ပင်

"တစ်ယောက်တည်း သောက်နေတာလား.... "

Chaeyoung အသံကြားရာကြည့်တော့ အရပ်ရှည်ရှည်မိန်းကလေးတစ်ယောက်က သူ့ကိုပြုံးပြနေတာကို တွေ့ရသည်

"ဟုတ် ငါနဲ့ချိန်းထားတဲ့ကောင်လေးက အလုပ်များနေတော့ မလာနိုင်လို့ "

"Wow ဒီလောက်ချောတဲ့ကောင်မလေး​ကို ဘာလို့ တစ်ယောက်တည်းထားခဲ့တာလည်း တို့သာဆိုအဲ့လိုလုပ်မှာ မဟုတ်ဘူး အလုပ်ကိုဖျက်ပြီးပြေးလာမှာ "

"သောက်အုံးမလား "

"ဟင့်အင်း မင်းကိုပြန်လိုက်ပို့ပေးရအုံးမှာမို့လို့ မသောက်တော့ဘူး "

"ဝေါင်း ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်လာချဥ်းကပ်တာဘဲနော် "

"ဘဝက တိုတိုလေးဆိုတော့ အချိန်မဖြုန်းချင်ဘူးလေ တို့နာမည်က Joy..."

"Chaeyoung "

Joyနဲ့ Chaeyoung စကားပြောကြရင်း  နောက်တော့ Joyက Chaeyoungကို သူ့အိမ်ခေါ်သွားလေသည်

Joyနဲ့ နမ်းနေရင်း Joy moanသံကြောင့် Chaeyoungမှာ ရုတ်တရက် Lisaကို သတိရသွားတယ်

Joyမှာ Chaeyoungရဲ့အဝတ်အစားတွေကိုချွတ်ပေးရင်း လည်ပင်းကဆွဲကြိုးလေးကို တွေ့လေသည်

"ဆွဲကြိုးက လှသားဘဲ ဘယ်သူဝယ်ပေးတာလည်း "

Dr.Park Chaeyoung.... companyကို ကယ်တင်ပေးဖို့ ငါ့ကိုလက်ထပ်နိုင်မလား

Lisa နင့်ကို ငါ လက်ထပ်မယ်

ငါနင့်ကို လက်စွပ်ဝယ်ပေးမယ် အမေ့လက်စွပ်ကို ပြန်ပေးဖို့ပြောတာ မဟုတ်ဘူးနော် အဲ့လက်စွပ်က နင့်အပိုင်ပါ

ငါ နင့်ကိုယုံတယ် Chaeyoung

"အာ Sorry Joy..."

သူ့လည်ပင်းကို လာနမ်းတဲ့ Joyကို Chaeyoungတွန်းထုတ်လိုက်သည်

"Aww ရပါတယ် နင်အဆင်သင့်မဖြစ်သေးရင် ဘာမှမဖြစ်ပါဘူး တို့ကလည်း လောသွားတာရယ် "

"ငါ သွားမှဖြစ်မယ် Joy နင်က အရမ်းကောင်းတဲ့သူပါ အမှန်တိုင်းပြောရရင် သူမအကြောင်း တွေးရင်း နင်နဲ့sex မလုပ်ချင်ဘူး "

"တို့အပေါ် ပွင့်ပွင့်လင်းလင်း ပြောပေးလို့ ကျေးဇူးပါ Chaeyoung နေပါအုံး နင်က ကောင်လေးနဲ့ဒိတ်နေတာ မဟုတ်လား "

"အင်း..."

'ဒါပေမယ့် နင် သူမအကြောင်းတွေးနေတာလို့ ပြောလိုက်သလားလို့ "

"Gosh "

"နင်တော့ ရှုပ်နေပြီဘဲ "

"ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူး နောက်မှ ကော်ဖီဝယ်တိုက်မယ်နော် ဒါက ငါ့လိပ်စာကတ် "

Chaeyoungမှာ သူ့လိပ်စာကတ်ကို ပေးပြီး Joyအိမ်ကနေ ပြေးထွက်လာခဲ့သည်

#tbc

#zawgyi

"Hey Lisa အဆင္ေျပရဲ႕လား "

Chaeyoungမွာ လဲက်သြားတဲ့ Lisaကို ဆြဲထူသည္

"Lisa...."

Lisaဆီက ဘာမွအေျဖျပန္မၾကားလို႔ Lisaရဲ႕ မ်က္ႏွာကို ကိုင္ၿပီး Chaeyoungေမးလိုက္သည္

"ဘာလည္း ဘယ္သူနဲ႕လည္း "

"ငါ ထပ္ၿပီး ခ်ိန္းေတြ႕ဖို႔အသင့္ျဖစ္ေနၿပီ... Dr.Checkက ငါ့ကို ခ်ိန္းေတြ႕ဖို႔ လာကမ္းလွမ္းတယ္ သူက သေဘာေကာင္းၿပီးေခ်ာတယ္ေလ သူနဲ႕ငါက အဆင္ေျပမေျပမသိေသးဘူးဆိုေပမယ့္ ဒိတ္ၾကည့္မလို႔ နင္မ်ားခြင့္ျပဳမလားလို႔ "

Lisaမွာ သူ႕ရဲ႕ႏွလုံးသားက အပိုင္းပိုင္းအစစစုတ္ျပတ္သြားသလို ခံစားရသည္

Chaeyoungက သူ႕အသည္းကို တစ္စစီဆြဲစုတ္သြားတာဘဲ

"အဲ့တာ နင္မ်ား အဆင္ေျပမလားလို႔ "

"အင္း "

"နင္ ေသခ်ာလို႔လား ခြင့္မျပဳေပးလည္း ဘာမွမျဖစ္ဘူးေနာ္ ငါစိတ္မဆိုးပါဘူး "

Lisaမွာ သူ႕မ်က္ရည္ေတြကို Chaeyoungမျမင္ေအာင္ Chaeyoungကို ေက်ာေပးထားသည္

"အေစာပိုင္းကတည္းက ငါတို႔ အလုပ္ကိစၥ သေဘာတူညီခ်က္ကို ေျပာထားၿပီးသားပါ Chaeyoung နင္က ငါ့ရဲ႕အက်ဥ္းသား မဟုတ္ဘူးေလ နင္ႀကိဳက္တာ နင္လုပ္ခြင့္ရွိပါတယ္ နင္ ခ်ိန္းေတြ႕ခ်င္ရင္လည္း ကိစၥမရွိဘူး ငါအဆင္ေျပပါတယ္ ဘယ္သူမွမသိေအာင္ေတာ့ ခ်ိန္းေတြ႕ေပါ့ဟာ "

"ေက်းဇူးပါ Lisa..နင္လည္း"

Chaeyoungမွာ Lisaကို နင္လည္း ခ်ာလီနဲ႕ဒိတ္လို႔ရတယ္ေနာ္လို႔ ေျပာဖို႔လုပ္ေပမယ့္ ေျပာမထြက္ဘူး ျဖစ္ေနသည္

"Umm နင္ ငါ့ကိုဘာေျပာမလို႔လည္း "

"ဘာမွမဟုတ္ပါဘူး ဒီေန႕ည နင္အရမ္းေတာ္တယ္လို႔ ေျပာမလို႔ "

Lisa ေျပာၿပီး ေရခ်ိဳးခန္းထဲဝင္သြားတယ္

"Lisa နင္ ေရခ်ိဳးၿပီးသားေလ "

"အင္း ထပ္ခ်ိဳးမလို႔ "

Lisaအသံက ႐ုတ္တရက္ သီးျခားဆန္သြားၿပီး ေအးစက္သြားသလို Chaeyoungခံစားရသည္

Lisaကေတာ့ ေရပန္းဖြင့္ၿပီး ေရပန္းေအာက္တြင္ ထိုင္ငိုေနသည္... ေရပန္းအသံေၾကာင့္ သူငိုေနမွန္း Chaeyoung သိမွာ မဟုတ္ဘူးေလ

******

သူ႕မိဘေတြဆီ ျပန္သြားတဲ့ အိမ္ျပန္လမ္းကလည္း အရင္ကထက္ ပိုၾကာေနသလို ခံစားရတယ္

Check နဲ႕ခ်ိန္းေတြ႕တာက ေကာင္းေကာင္းမြန္မြန္နဲ႕ ၿပီးဆုံးခဲ့ပါတယ္

Checkက ယဥ္ေက်းတယ္ လူႀကီးလူေကာင္းဆန္တယ္ ဟာသေတြေျပာေပမယ့္လည္း သူတို႔စကားေျပာရင္း အလုပ္ကိစၥဘက္ဘဲ ျပန္ျပန္ေရာက္သြားတယ္

အမွန္တိုင္း ေျပာရရင္ ဒိတ္လုပ္ေနတယ္လို႔ Chaeyoung မခံစားရဘူးျဖစ္ေနတယ္

ဗိုက္ထဲမွာ လိပ္ျပာေတြ ပ်ံဝဲေနသလို ခံစားခ်က္မ်ိဳး မဟုတ္ဘဲ အလုပ္ကိစၥေၾကာင့္ ညစာအတူစားေနရသလို ခံစားရတယ္

Checkမွာ Chaeyoungရဲ႕ မိဘအိမ္ေရွ႕တြင္ ကားရပ္လိုက္သည္

ဘယ္သူမွမသိေအာင္ခ်ိန္းေတြ႕တာမို႔လို႔ သူ႕မိဘအိမ္ကို ျပန္ပို႔ဖို႔ Chaeyoung ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္

"ညစာလိုက္ေကြၽးလို႔ ထပ္ၿပီး ေက်းဇူးတင္ပါတယ္ Check "

Chaeyoungမွာ သူ႕ကိုကားတံခါးဖြင့္ေပးတဲ့ Checkကို ေက်းဇူးတင္စကားေျပာလိုက္သည္

"ရပါတယ္ဗ်ာ ဒါဆို အလုပ္မွာ ေတြ႕ၾကမယ္ေနာ္ "

"ဟုတ္ Good Night ပါ "

Chaeyoungက ႏႈတ္ဆက္ေတာ့ Checkက မျပန္ေသးဘဲ တစ္ခုခုကို ေစာင့္ေနသလိုဘဲ ဖက္တာလား အနမ္းလား Chaeyoung မသိေပမယ့္ ဒီအတိုင္း အိမ္ထဲကို ဝင္သြားလိုက္သည္

"Welcome back kid..."

Mr.Parkမွာ မအိပ္ေသးဘဲ သူ႕သမီးျပန္လာမယ့္အခ်ိန္ ေစာင့္ေနခဲ့တာေလ

"Dateကဘယ္လိုလည္း "

"အဆင္ေျပပါတယ္ Checkက လူေကာင္းတစ္ေယာက္ပါ "

"ၿပီးေတာ့ေရာ.... "

"ဒိတ္က အဆင္ေျပေျပနဲ႕ ၿပီးသြားပါတယ္ "

"သမီး အတင္းဖိအားေပးစရာမလိုဘူးဆိုတာ သိတယ္ဟုတ္ တစ္ခါတစ္ေလ လူႏွစ္ေယာက္ၾကား Chemistry မိသလို တစ္ခါတစ္ေလေတာ့လည္း မဟုတ္ျပန္ဘူး "

သူ႕အေဖရဲ႕စကားေၾကာင့္ Chaeyoung သက္ျပင္းခ်လိဳက္သည္

"Dad....သမီးလုပ္ေနတာေတြက မွန္ရဲ႕လား မသိေတာ့ဘူး "

Mr.Parkမွာ သူ႕သမီးေလးကို ဆြဲဖက္ကာ ႏွစ္သိမ့္ေလသည္

"သမီးမွာ ခ်ိန္းေတြ႕ပိုင္ခြင့္ရွိပါတယ္ Lisaကလည္း ခြင့္ျပဳေပးထားတယ္ မဟုတ္လား ..."

"သမီးသိပါတယ္ Dad..ဒါေပမယ့္ တစ္ခုခုမွားေနသလို ခံစားေနရတယ္  သမီး Lisaကို ေသခ်ာျမင္ေနရတယ္ သူ...အရင္လိုမဟုတ္ဘဲ သမီးကိုေရွာင္ေနတာ Jisooကိုေမးၾကည့္ေတာ့လည္း အေျဖျပန္မရဘူး.... သမီးက တစ္ခုခုအမွားလုပ္မိလို႔ သူကေရွာင္ေနတာလား "

တကယ္ေတာ့ Jisooက Chaeyoungကို စိတ္ဆိုးေနျခင္းျဖစ္သည္

Lisaက Chaeyoungအေပၚ ခံစားခ်က္ရွိေနတာကို Jennieတို႔ကိုပါ Jisoo ေျပာျပထားတာေလ

Chaeyoungက Lisaကို အေျဖျပန္ေပးမယ္ဆိုရင္ သူတို႔ေတြ ဂုဏ္ျပဳပြဲက်င္းပဖို႔ေတာင္ ျပင္ဆင္ၿပီးသြားၿပီ

ဒါေပမယ့္ Chaeyoungက ခ်ိန္းေတြ႕မယ့္အေၾကာင္းေျပာေတာ့ Lisaအသည္းေတြကြဲသြားသလို Jisooတို႔လည္း အနည္းငယ္စိတ္ပ်က္သြားခဲ့ၾကတယ္

"ဘယ္သူက မွန္တယ္ ဘယ္သူကမွားတယ္လို႔လည္း မဟုတ္ပါဘူး Jisooကလည္း အလုပ္မ်ားေနလို႔ေနမွာပါ ခ်ိန္းေတြ႕တာနဲ႕ ပတ္သက္ၿပီး ကိုယ့္ကိုကိုယ္ အျပစ္ရွိသလို ခံစားမေနပါနဲ႕ "

"ဟုတ္ Dad... သမီး ျပန္ေတာ့မယ္ ေနာက္က်ေနၿပီ "

Chaeyoungမွာ သူ႕ကိုေစာင့္ေနေပးလို႔ သူ႕အေဖကို ေက်းဇူးတင္စကားေျပာၿပီး Lisaအိမ္သို႔ ျပန္လာခဲ့သည္

ထပ္ၿပီး မီးမွိန္မွိန္ေလးထြန္းထားတာဘဲလား

Checkနဲ႕ခ်ိန္းေတြ႕ၿပီး ျပန္လာတိုင္း Lisaရဲ႕ အိမ္က တိတ္ဆိတ္ၿပီး မဲေမွာင္ေနတာကို Chaeyoung အၿမဲဲႀကဳံရတယ္ေလ

ၿပီးေတာ့ အိမ္ထဲဝင္လိုက္ရင္ Lisaေမြးထားတဲ့ Loveကလြဲလို႔ သူ႕ကိုႀကိဳဆိုမယ့္သူမရွိ

Lisaက အခုရက္ပိုင္း အိမ္ကို ျပန္မလာဘဲ Companyမွာေနတာမ်ားသည္

Chaeyoung ကုတင္ေပၚတြင္ လွဲအိပ္ၿပီး အထီးက်န္သလို ခံစားေနရတယ္ အရင္ကဆိုရင္ သူတို႔မအိပ္ခင္ တစ္ေယာက္ကိုတစ္ေယာက္ စေနာက္ခဲ့ခ်ိန္ေတြကို သတိရမိသည္ အခုေတာ့ သူတစ္ေယာက္တည္း အိပ္ေနရတာ ဘယ္ႏွရက္ရွိေနၿပီလည္းေတာင္ မမွတ္မိေတာ့ေပ

ဒီေန႕ေတာ့ Chaeyoung barတစ္ခုကိုေရာက္ေနတယ္ ဘာလို႔လည္းဆိုေတာ့ ဘာလို႔မွန္း Chaeyoungမသိေပ

ဒီေန႕ Checkနဲ႕ေတြ႕ဖို႔ ခ်ိန္းထားေပမယ့္ အလုပ္ကိစၥေၾကာင့္  မလာနိုင္ေတာ့ဘူးဆိုၿပီး ဖုန္းဆက္တယ္ေလ

တကယ္ေတာ့ သူ Checkကို သူငယ္ခ်င္းထက္ပိုၿပီး ခံစားခ်က္မရွိဘူးလို႔ ေျပာခဲ့မိတယ္ ေနာက္ပိုင္း Checkနဲ႕ေတြ႕တာက ဒီအတိုင္း အထီးက်န္ေနသလိုခံစားရလို႔ပင္

"တစ္ေယာက္တည္း ေသာက္ေနတာလား.... "

Chaeyoung အသံၾကားရာၾကည့္ေတာ့ အရပ္ရွည္ရွည္မိန္းကေလးတစ္ေယာက္က သူ႕ကိုၿပဳံးျပေနတာကို ေတြ႕ရသည္

"ဟုတ္ ငါနဲ႕ခ်ိန္းထားတဲ့ေကာင္ေလးက အလုပ္မ်ားေနေတာ့ မလာနိုင္လို႔ "

"Wow ဒီေလာက္ေခ်ာတဲ့ေကာင္မေလးကို ဘာလို႔ တစ္ေယာက္တည္းထားခဲ့တာလည္း တို႔သာဆိုအဲ့လိုလုပ္မွာ မဟုတ္ဘူး အလုပ္ကိုဖ်က္ၿပီးေျပးလာမွာ "

"ေသာက္အုံးမလား "

"ဟင့္အင္း မင္းကိုျပန္လိုက္ပို႔ေပးရအုံးမွာမို႔လို႔ မေသာက္ေတာ့ဘူး "

"ေဝါင္း ေကြ႕ဝိုက္မေနဘဲ တိုက္ရိုက္လာခ်ဥ္းကပ္တာဘဲေနာ္ "

"ဘဝက တိုတိုေလးဆိုေတာ့ အခ်ိန္မျဖဳန္းခ်င္ဘူးေလ တို႔နာမည္က Joy..."

"Chaeyoung "

Joyနဲ႕ Chaeyoung စကားေျပာၾကရင္း  ေနာက္ေတာ့ Joyက Chaeyoungကို သူ႕အိမ္ေခၚသြားေလသည္

Joyနဲ႕ နမ္းေနရင္း Joy moanသံေၾကာင့္ Chaeyoungမွာ ႐ုတ္တရက္ Lisaကို သတိရသြားတယ္

Joyမွာ Chaeyoungရဲ႕အဝတ္အစားေတြကိုခြၽတ္ေပးရင္း လည္ပင္းကဆြဲႀကိဳးေလးကို ေတြ႕ေလသည္

"ဆြဲႀကိဳးက လွသားဘဲ ဘယ္သူဝယ္ေပးတာလည္း "

Dr.Park Chaeyoung.... companyကို ကယ္တင္ေပးဖို႔ ငါ့ကိုလက္ထပ္နိုင္မလား

Lisa နင့္ကို ငါ လက္ထပ္မယ္

ငါနင့္ကို လက္စြပ္ဝယ္ေပးမယ္ အေမ့လက္စြပ္ကို ျပန္ေပးဖို႔ေျပာတာ မဟုတ္ဘူးေနာ္ အဲ့လက္စြပ္က နင့္အပိုင္ပါ

ငါ နင့္ကိုယုံတယ္ Chaeyoung

"အာ Sorry Joy..."

သူ႕လည္ပင္းကို လာနမ္းတဲ့ Joyကို Chaeyoungတြန္းထုတ္လိုက္သည္

"Aww ရပါတယ္ နင္အဆင္သင့္မျဖစ္ေသးရင္ ဘာမွမျဖစ္ပါဘူး တို႔ကလည္း ေလာသြားတာရယ္ "

"ငါ သြားမွျဖစ္မယ္ Joy နင္က အရမ္းေကာင္းတဲ့သူပါ အမွန္တိုင္းေျပာရရင္ သူမအေၾကာင္း ေတြးရင္း နင္နဲ႕sex မလုပ္ခ်င္ဘူး "

"တို႔အေပၚ ပြင့္ပြင့္လင္းလင္း ေျပာေပးလို႔ ေက်းဇူးပါ Chaeyoung ေနပါအုံး နင္က ေကာင္ေလးနဲ႕ဒိတ္ေနတာ မဟုတ္လား "

"အင္း..."

'ဒါေပမယ့္ နင္ သူမအေၾကာင္းေတြးေနတာလို႔ ေျပာလိုက္သလားလို႔ "

"Gosh "

"နင္ေတာ့ ရႈပ္ေနၿပီဘဲ "

"ငါ့ကို ဂ႐ုစိုက္ေပးလို႔ ေက်းဇူး ေနာက္မွ ေကာ္ဖီဝယ္တိုက္မယ္ေနာ္ ဒါက ငါ့လိပ္စာကတ္ "

Chaeyoungမွာ သူ႕လိပ္စာကတ္ကို ေပးၿပီး Joyအိမ္ကေန ေျပးထြက္လာခဲ့သည္

Bạn đang đọc truyện trên: Truyen3h.Co