Part 19
At Manoban company
Lisaမှာ ရှယ်ယာရှင်တွေကို ရှယ်ယာရှင်အသစ် Dr.Checkနဲ့ မိတ်ဆက်ပေးလေသည်
Dr.Checkမှာ ရှယ်ယာရှင်တွေနဲ့ မိတ်ဆက်ပြီးနောက် သူ့အစီအစဥ်တွေကို ပြောပြလေသည်
ရှယ်ယာရှင်တွေကလည်း Dr.Checkရဲ့ အစီအစဥ်ကို သဘောကျပြီး ဒီလိုရှယ်ယာရှင်မျိုး ရှာနိုင်ခဲ့တဲ့ Lisaကိုလည်း ချီးကျူးနေကြသည်
ထို့နောက် Lisaကလည်း Checkနဲ့အတူ projectကို တွဲလုပ်မယ့်အကြောင်း သေချာရှင်းပြသည်
Meetingပြီးတဲ့အခါတွင် Mount Kumgang နဲ့ပတ်သက်တဲ့ Voting ပြန်စလေသည်
Lisaမှာ တော်တော်လေးစိတ်လှုပ်ရှားပြီး ရင်တွေခုန်နေသည်
တစ်ယောက်တစ်လှည့်စီ မဲစာရင်းပုံးထဲတွင် မဲထည့်ပြီးနောက် မဲရေတွက်တဲ့အခါတွင် Lisaက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိိသွားသည်
"လအတော်ကြာထိ ကျွန်မကို ယုံကြည်ပေးပြီး စောင့်ပေးကြလို့ ကျေးဇူးတင်ပါတယ် ကျွန်မကို ယုံကြည်ပေးကြလို့ ဒီထက်ပိုပြီး Manoban companyဟာ ကြီးပွားတိုးတက်စေမယ့်လို့ ကတိပေးပါတယ် ကျွန်မ ဒီထက်ပိုပြီး ကြိုးစားပါမယ် "
Lisaမှာ ရှယ်ယာရှင်တွေကို ကျေးဇူးတင်စကားပြောလေသည်
ထို့နောက် အစည်းအဝေးပြီးလို့ ရှယ်ယာရှင်တွေ အသီးသီး ပြန်ကြကုန်သည်
"Dr.Check..."
သူ့ရုံးခန်းရှေ့တွင် စောင့်နေသော Dr.Checkကို Lisaလှမ်းခေါ်လိုက်သည်
ထို့နောက် Dr.Checkကို ရုံးခန်းထဲသို့ Lisaခေါ်လိုက်သည်
"Dr.Checkကြောင့် ကျွန်မ Projectဆက်လုပ်ခွင့်ရသွားတာ ကျေးဇူးတင်ပါတယ် "
"မဟုတ်တာ Lisaကလည်း အမြင်ရှိပြီး တော်တဲ့ business womanဘဲလေ ကျွန်တော့်အကြံကိုလက်ခံပေးပြီး ရှယ်ယာရှင်ဖြစ်လာဖို့ ကမ်းလှမ်းပေးလို့သာ ကျွန်တော်က ပြန်ပြီး ကျေးဇူးတင်ရမှာပါ"
Dr.Checkကပြောပြီး ပြန်မယ်လုပ်တော့ Lisaက လှမ်းတားသည်
"Dr.Check.... Chaeyoung နဲ့ အဆင်ပြေရဲ့လား "
Dr.Checkမှာ Lisaဘက်ကို ပြန်လှည့်လာပြီး
"သူ မင်းကို ဘာမှပြောမပြဘူးလား "
"ဘာကိုလည်းဟင် "
"ကျွန်တော်တို့ သူငယ်ချင်းလိုဘဲ ဆက်နေကြမယ်လို့ တစ်ယောက်ကိုတစ်ယောက် ပြောပြီးသားရယ် "
Dr.Checkရဲ့ စကားကြောင့် Lisa ပါးစပ်အဟောင်းသားဖြစ်သွားတယ် ဒါဆို ဒီနေ့ ဒိတ်စရာရှိတယ်ဆိုပြီး ထွက်သွားတဲ့ Chaeyoungက ဘယ်သူနဲ့တွေ့နေတာလည်း
သူ့ထက်သာတဲ့ လူတစ်ယောက် သူမဟုတ်တဲ့ လူတစ်ယောက်ကို Chaeyoung ရှာတွေ့သွားပြီး ချစ်သွားမှာကို Lisa အရမ်းကြောက်နေတယ်
"ကဲ ဒါဆိုပြန်အုံးမယ်နော် CEO "
Check ထွက်သွားတော့ Lisaမှာ ခြေထောက်တွေမခိုင်တော့သလို ခံစားရတယ်
အာခေါင်တွေခြောက်လာပြီး ခေါင်းတွေကလည်း မူးလာတယ်
Lisa ကားသော့ကိုကောက်ကိုင်ပြီး companyကနေ ပြေးထွက်လာသည်
ဘာလို့ ဒီနေ့ကျမှ ကားလမ်းတွေ အရမ်းရှုပ်နေတာလည်း
ဒီနေ့ကျမှ Jisooကလည်း ဖုန်းမကိုင်ဘူး Somiတို့ဆီ သွားဖို့ကလည်း အဆင်မပြေ နောက်ဆုံးတော့ Lisa.....သူ့အတွက် ဒုတိယမိသားစုလို နွေးထွေးစေတဲ့ အိမ်ကိုမောင်းထွက်လာသည်
"Lisa...သမီး "
"Mr.Park....Chaw...Chawလေ Chaeyoungကို ဆုံးရှုံးလိုက်ရပြီထင်တယ် လက်လွှတ်လိုက်ရပြီ "
Lisaမှာ တံခါးလာဖွင့်ပေးတဲ့ Mr.Parkကို ဖက်ပြီး ငိုလေသည်
"အယ် မဟုတ်ဘူးလေ သမီးရဲ့ Chaeyoungကို သမီး မဆုံးရှုံးပါဘူး"
Lisaရဲ့ နောက်ကျောကို ပုတ်ပေးပြီး Mr.Park နှစ်သိမ့်ပေးနေသည်
"Chaeyoungက အခုစိတ်ရှုပ်နေလို့ပါ အခုမှ သူ့ ခံစားချက်တွေက ပေါက်ကွဲလာနေတာ သူ...သမီးကလွဲပြီး ဘယ်သူ့ကိုမှချစ်လို့မရဘူးဆိုတာ သတိထားမိလာပုံဘဲ "
Mr.Park မှာ Lisaကို သူ့သမီးအရင်းတစ်ယောက်လို နှစ်သိမ့်ပေးနေသည်
"သမီး ကြည့်ရတာ နေမကောင်းတဲ့ပုံဘဲ အဖေ ရေယူပေးမယ် ခဏ "
Mr.Parkပေးတဲ့ ရေကိုသောက်လိုက်တဲ့အခါ Lisa လည်ပင်းတစ်ခုလုံး နာကျင်လွန်းလို့ ကွဲအက်မတတ်ခံစားရသည်
"Chaw ဒီကိုမလာခဲ့သင့်ဘူး တောင်းပန်ပါတယ် Chawကြောင့် အလုပ်ရှုပ်နေမှာပေါ့ "
"သမီးကလည်း အဲ့လိုမပြောပါနဲ့ အဖေတို့က သွေးသားမတော်စပ်ပေမယ့် သမီးငယ်ငယ်ကတည်းက မိသားစုချင်းရင်းနှီးခဲ့တော့ သမီးကလည်း အဖေ့သမီး အမေ့သမီးဘဲလေ အဖေတို့ဆီကိုမှ ရင်လာမဖွင့်ရင် ငါ့သမီး ဘယ်ကိုသွားမလည်း တစ်ယောက်တည်း မွန်းကြပ်နေမှာပေါ့..."
"Chaeyoungရဲ့ အဖေပြောသလိုဘဲ သမီးရယ် Chaeyoungကို ပျော်ရွှင်အောင်လုပ်ပေးပြီး ဂရုစိုက်ပေးလို့ အမေတို့က ကျေးဇူးတင်နေတာ Lisaလေးကိုလေ ..."
Mrs.Parkကလည်း အခန်းထဲက ထွက်လာပြီး Lisaကို အားပေးရှာသည်
ကားစက်ရပ်သံကြောင့် Chaeyoung ပြန်လာပြီဆိုတာ Lisaတို့သိတယ်လေ
"Lisa....."
တကယ် မွေးရကျိုးနပ်တဲ့သမီးပါ အပြင်ကပြန်ရောက်လာလာချင်း သူ့Lisa နာမည်ကို အရင်ခေါ်ရှာသည်
"Lisa နင် အဆင်ပြေရဲ့လား တံခါးဖွင့်ပေးပါအုံး Dad Lisa အဆင်ပြေလားလို့ ..."
Mr.Parkလည်း Lisaကို ဧည့်ခန်းမှာ နေခိုင်းပြီး သူ့သမီးကို တံခါးသွားဖွင့်ပေးသည်
"Lisa ကား အပြင်ဘက်မှာ ရပ်ထားတာတွေ့လို့ သူကိစ္စကြီးကြီးမားမားဖြစ်မှ Dadတို့ဆီလာတာလေ အခုသူအဆင်ပြေရဲ့လားဟင် "
"Lisaက ကလေးမဟုတ်တော့ပါဘူး သမီးရယ် အခုက သမီးတို့နှစ်ယောက် ထွက်ပြေးရမယ့် အချိန်မဟုတ်ဘဲ မျက်နှာချင်းဆိုင်ရတော့မယ့် အချိန်ရောက်လာပြီထင်တယ် အဖေတို့ အခန်းထဲမှာ ရှိနေမယ် ဘာဖြစ်ဖြစ် သမီးရွေးချယ်မှုကို အဖေတို့ လက်ခံမယ် ဟုတ်ပြီလား "
Mr.Parkမှာ ပြောပြီး သူ့မိန်းမကိုခေါ်ကာ အခန်းထဲဝင်သွားသည်
သူ့ဆီလျှောက်လာတဲ့ Chaeyoungကို Lisa လှမ်းကြည့်ပြီး လည်ပင်းတွင် အနီကွက်ကြီးတစ်ခုကို သတိထားမိသွားတယ်
Lisaမှာ သူ့ဒေါသကိုသူထိန်းပြီး အသက်ဝဝရှူထုတ်နေသည်
"Lisa..အဆင်ပြေရဲ့လား"
"နင် ဘယ်သူနဲ့တွေ့ပြီး ပြန်လာတာလည်း "
Lisaအသံမှာ ဒေါသအသံမပါပေမယ့် အေးစက်နေတာကို Chaeyoung သတိထားမိသည်
"ဟို "
"Checkနဲ့က သူငယ်ချင်းလိုဘဲနေကြဆိုလို့ ငါသတင်းကြားလာတယ် ဒီတော့ နင် ဘယ်သူနဲ့ တွေ့လာတာလည်း "
"သူငယ်ချင်းအသစ်ပါ သူ့နာမည်ကJoyတဲ့ "
"Joy...Joyက နင့်အပေါ်ကောင်းလား "
Lisa မေးရင်း ခေါင်းတွေထိုးကိုက်လာတာကို ခံစားရသည်
Chaeyoung ကလည်း Lisa မျက်နှာက ဖြူဖက်ဖြူရော် ဖြစ်လာတာကို သတိထားမိတယ်လေ
"အဆင်ပြေပါတယ် သူက "
"အဆင်ပြေတာမျိုးမလိုချင်ဘူး ဒီထက်ပိုပြီး တိတိကျကျဖြေပေး "
Chaeyoungမှာ ဘာမှမဖြေဘဲ Lisaဆီသို့ ပြေးသွားပြီး နဖူးကို လက်ဖြင့်စမ်းကြည့်သည်
"ဘုရားရေ Lisa နင်ကိုယ်တွေ အရမ်းပူနေပါလား နင့်ကို ဂရုစိုက်ပါလို့ ငါပြောခဲ့တာကို ဘာလို့စကားနားမထောင်တာလည်း "
"ငါ့ကို ရွေးပါ Chaeng..."
"What...နေအုံး နင်ဖျားနေတာ လှဲအိပ်မှဖြစ်မယ် "
"ငါ့အပိုင်ဖြစ်ပေးပါ "
Lisaရဲ့စကားကြောင့် Chaeyoung ပြောစရာစကားတွေပျောက်ဆုံးသွားပြီး ခေါင်းခါမိသည်
Lisaက Emilyကိုချစ်နေတာ မဟုတ်ဘူးလား
"Lisa လာ ငါ့အခန်းထဲသွားရအောင် "
Chaeyoungကတွဲခေါ်တော့ Lisaကရယ်တယ်
Chaeyoungရဲ့ မျက်နှာလေးကို Lisaဆုပ်ကိုင်ပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်
ဒီတစ်ခါတော့ အရက်မူးနေလို့ မဟုတ်သလို လိင်စိတ်ပြင်းပြနေလို့လည်း မဟုတ်
Lisaရဲ့ အနမ်းတွေက သိမ်မွေ့ပြီးနူးညံ့သည်
Chaeyoungကို နမ်းနေရင်း Lisaရဲ့ အမြင်တွေက ဝေဝါးလာတယ် တစ်ဖြည်းဖြည်း အမှောင်ကျလာရင်း စကားတစ်ခွန်းပြောပြီး Lisa မေ့လဲသွားတယ်
"Ai hod yu in Chaeyoung "
#tbc
#zawgyi
At Manoban company
တစ်ယောက်တစ်လှည့်စီ မဲစာရင်းပုံးထဲတွင် မဲထည့်ပြီးနောက် မဲရေတွက်တဲ့အခါတွင် Lisaက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားသည်
"Dr.Check..."
"ဘာကိုလည်းဟင် "
"Lisa...သမီး "
"Lisa....."
"Lisa..အဆင်ပြေရဲ့လား"
"ဟို "
"အဆင်ပြေပါတယ် သူက "
"ငါ့ကို ရွေးပါ Chaeng..."
"ငါ့အပိုင်ဖြစ်ပေးပါ "
"Ai hod yu in Chaeyoung "
#tbc
Bạn đang đọc truyện trên: Truyen3h.Co