Truyen3h.Co

Business Proposal

Part 20

KimFany059

Chaeyoungမှာ ဆေးရုံရဲ့ အရေးပေါ် areaက ထိုင်ခုံတွင် ထိုင်စောင့်နေသည်

သူ့အမေကတော့ လိုက်ကာနဲ့ကွယ်ပြီး Chaeyoungရဲ့ သူငယ်ချင်းလို့ပြောရမလား မိန်းမလို့ခေါ်ရမလား... Chaeyoungရဲ့ Lisaကို စမ်းသပ်စစ်ဆေးနေသည်

Chaeyoungမှာ ခြေဖျားလေးထောက်ပြီး လိုက်ကာကိုများ ကျော်ကြည့်လို့ ရမလားဆိုပြီး ကြည့်နေသည်

"အားလုံးအဆင်​ပြေတယ် သမီး... Lisaက မကြာခင် သက်သာသွားမှာပါ "

Mrs.Parkက Lisaကို စမ်းသပ်ပြီးနောက် လိုက်ကာနောက်ကနေ ထွက်လာပြီး သူ့သမီးကို ပြောလိုက်သည်

"ကျေးဇူးတင်ပါတယ် Omar "

သူ့အမေရဲ့ စကားကြောင့် Chaeyoung စိုးရိမ်နေတာတွေ လျော့သွားတယ်

"Jacksonက ပြောတယ် Lisaက ရေဓာတ်အရမ်းခန်းခြောက်နေတာတဲ့ ပြီးတော့ သူ့ရဲ့ Dehydrateကလည်း အရမ်းလျော့နည်းနေတယ်တဲ့ ဒါကြောင့်မို့လို့ အမေသူ့ကို ဆေးချိတ်ပေးထားတယ် သူ တစ်ပတ်လောက်အနားယူသင့်တယ်ထင်တယ် ဒါပေမယ့် ဆေးရုံကနေ သူသတိရလာရင် ဆင်းလို့ရပါတယ် အမေတို့ သူ ကိုယ်ပူကျပြီး အဖျားထပ်မဝင်အောင်တော့ ဂရုစိုက်ရမှာပေါ့ "

"ဟုတ် Omar...သူ့ကို သမီးကြည့်လို့ရလား...."

"ရတာပေါ့ သူ့ကို အမေ private roomကို ရွေ့လိုက်အုံးမယ် ဘယ်သူက သတင်းပေးလိုက်တယ်မသိဘူး သတင်းထောက်တွေ ဆေးရုံရှေ့ရောက်လာကြတယ်..."

Chaeyoung ခေါင်းညိတ်ပြီး လိုက်ကာကိုဆွဲဖွင့်လိုက်ပြီး ထိုင်ခုံတွင်ထိုင်လိုက်သည်

ထို့နောက် Lisaလက်ကို ကိုင်ပြီး Chaeyoung နမ်းလိုက်သည်

"နင် အဆင်ပြေသွားမှာ​ပါ Lisa....နင်လေ ငါ့ကို အရမ်းလန့်အောင်လုပ်တာဘဲ ....."

ဆေးတွေချိတ်ထားတဲ့ Lisaကို ကြည့်ရင်း Chaeyoung ပါးပေါ်က မျက်ရည်တွေ စီးကျလာသည်

"နလပိန်းတုံး ဖြစ်နေမိလို့ ငါတောင်းပန်ပါတယ် ငါထင်တာက.....ငါအားလုံး အမှန်တိုင်းဖြစ်အောင် လုပ်ပါ့မယ် ကျေးဇူးပြုပြီး သတိရလာပေးပါတော့ "

Chaeyoung မှာ Lisaရဲ့ နဖူးကို နမ်းပြီး ပြောလိုက်သည်

"ခွင့်ပြုပါအုံး ကျွန်မတို့ လူနာကို ဟင် Dr.Chaeyoung... "

သူနာပြု ချာလီမှာ Chaeyoungကို တွေ့ပြီး အံ့သြသွားတယ်

"ချာလီ ဒီနေ့ ဒီအထပ်ဂျူတီကျတာလား "

Chaeyoung က ပင်ပန်းနေတဲ့အသံနဲ့မေးလိုက်ပေမယ့် Lisaလက်ကိုတော့ ကိုင်ထားဆဲပါ

"မဟုတ်ဘူး Dr အမေက ဒီမှာအရေးကြီး Vip လူနာရှိတယ် Private roomကို ရွေ့ပေးပါလို့ ပြောလို့ လာခဲ့တာ Lisaမှန်းမသိလိုက်ဘူး... သူ့ဆွေမျိုးတွေ ဒါမှမဟုတ် သူ့မိန်းမက ဘယ်မှာလည်းဟင် အခန်းပြောင်းမှာကို အသိပေးချင်လို့ "

"သူ့မိန်းမက ဒီမှာပါ ငါလေ "

Chaeyoungရဲ့ စကားကြောင့် ချာလီ အံ့သြသွားတယ်

"ဒေါက်တာကလား ဟင် ဘယ်လို နေပါအုံး "

"လိမ်ခဲ့မိလို့တောင်းပန်ပါတယ် Lisaအတွက် အထောက်အကူဖြစ်စေချင်လို့ ငါတို့လက်ထပ်ထားတာကို ဖုံးကွယ်ထားတာပါ ...."

"အင်းပါ ဟုတ်ပါပြီ အခုအပြင်မှာ ကင်မရာတွေပေါနေလို့ သူ့ကို လုံခြုံတဲ့နေရာ ပို့ပေးမယ်နော် "

Chaeyoung ခေါင်းညိတ်ပြီး Lisa နဖူးကို ထပ်နမ်းလိုက်ပြန်သည်

ချာလီက Lisaကို Vipအခန်းသို့ ရွေ့သွားစဥ် Chaeyoungမှာ သူ့ကိုစောင့်နေတဲ့ သူ့သူငယ်ချင်းတွေဆီကို လျှောက်သွားသည်

"Hey Chaeng သူ့အခြေအနေ ဘယ်လိုလည်း "

Somiမှာ Chaeyoungကို ဖက်လိုက်ပြီး မေးလိုက်သည် ..Jennieကလည်း Chaeyoungရဲ့လက်ကို ကိုင်ထားသည် ဒါကြောင်လည်း Lisaပြီးရင် Somiနဲ့Jennieကို Chaeyoung လိုအပ်တာ သူတို့နှစ်ယောက်က Chaeyoungအတွက်ဆို အမြဲအဆင်သင့်ရှိပေးနေတယ်လေ

Chaeyoungမှာ waiting roomမှာစောင့်နေတဲ့ Jisoo Leoတို့ကိုလည်း နှုတ်ဆက်လိုက်သည်

"လာပေးကြလို့ ကျေးဇူးတင်ပါတယ် Lisaက အခုအဆင်ပြေသွားပါပြီ Vip အခန်းကို ရွေ့ထားတာမို့လို့ စိတ်ပူစရာမလိုတော့ပါဘူး "

Chaeyoungရဲ့ စကားကြောင့် သူငယ်ချင်းအားလုံး စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်

Chaeyoungမှာ မေးခွန်းတစ်ခုကို မေးဖို့ တွေဝေတွန့်ဆုတ်နေမိသည်

ထိုမေးခွန်းကား....

"ဟိုလေ....နင်တို့ရော သိထားကြလား... "

Chaeyoung အသက်ဝဝရှုပြီး ဆက်ပြောသည်

"Lisaက ငါ့ကိုချစ်နေတယ်ဆိုတာလေ.... "

"သူ နင့်ကိုပြောလိုက်ပြီလား "

Leoကမေးတော့ Chaeyoung ခေါင်းညိတ်ပြသည်

"သူ သတိလစ်မသွားခင် ငါ့ကိုပြောသွားခဲ့တယ် ငါက တကယ် ကန်းနေတာဘဲ "

"Hey...Chaeng... အဲ့လိုကြီး မတွေးပါနဲ့ နင့်ဘက်ကလည်းမမှားပါဘူး "

Somiက သူ့သူငယ်ချင်းကို ဝင်နှစ်သိမ့်သည်

"Lisaက လွန်ခဲ့တဲ့လတွေကအထိ ဘာမှန်းသေချာမသိခဲ့ရှာဘူး နင့်အပေါ် ခံစားချက် ရှိနေတာ သူသိသွားတော့ အရမ်းတောင် လန့်သွားသေးတယ် ..."

"လတွေ ဟုတ်လား ဘုရားရေ အဲ့တုန်းက ငါ...သူ Emilyအပေါ် ခံစားချက် မပျောက်သေးဘူး ရှိနေသေးတယ်လို့ဘဲ ထင်နေခဲ့တာ... ငါ သူ့ကိုနာကျင်အောင် လုပ်ခဲ့တာဘဲ "

Chaeyoung ပြောပြီး စိတ်မကောင်းဖြစ်ပြီး အားနာလွန်းလို့ ငိုလေသည်

ဘယ်လောက်တောင် ရှက်စရာကောင်းလည်း သူ့ကို လုံခြုံစေပြီး အရမ်းချစ်ပေးတဲ့သူကို နာကျင်အောင် လုပ်ခဲ့တာလေ

သူ့အပေါ် ခံစားချက်ရှိနေတဲ့ Lisaရှေ့ကို ကောင်လေးနဲ့ချိန်းတွေ့ဖို့ထွက်သွားတဲ့လုပ်ရပ်က အရမ်းဆိုးရွားလွန်းတယ်မဟုတ်လား

"ငါတောင်းပန်ပါတယ် ငါမှားသွားတယ် ငါ...ငါ့လုပ်ရပ်တွေက သူ့ကို နာကျင်စေခဲ့တာ မသိခဲ့ဘူး "

"နှစ်တွေ အတော်ကြာရောပေါ့ နင်တို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုရှိနေတာ ငါတို့အားလုံး သတိထားမိပါတယ် အဲ့ကတည်းက နင်တို့ကြား တစ်ခုခုဖြစ်လာမယ်လို့တောင် သံသယဝင်မိသေးတယ်"

"ဟုတ်တယ် ငါတို့ကို ဘေးထားပြီး နှစ်ယောက်သား မျက်လုံးချင်း fuckနေတာတွေ "

Jennieရဲ့စကားကြောင့် Jisoo ရယ်ချင်စိတ်ကို ထိန်းထားရသည်

"Hey..."

"ဘာလည်း ငါပြောတာမှန်နေတာဘဲကို "

"တကယ်ကြီလား Jennie "

"တကယ်ကြီး Chae...နှစ်ယောက်သား ညတိုင်း ရုပ်ရှင်အတူကြည့်ကြတာတွေ ဘယ်သွားသွားလက်ကိုင်ပြီးသွားကြတာတွေ gosh..."

Chaeyoungမှာ သူ့သူငယ်ချင်းတွေစကားကြောင့် ရယ်လိုက်သည် ဒါတွေအားလုံး Lisaနဲ့အတူလုပ်ခဲ့တာကိုးး

"နင် သူ့ကို ချစ်လား Chaeyoung "

Jisooက Chaeyoungကို မေးလိုက်သည်

"သူငယ်ချင်းလို အချစ်မျိုး မဟုတ်ဘူးနော်... Lisaနဲ့ အိမ်က အခန်းတိုင်း နေရာတိုင်းမှာ fuckချင်နေတဲ့စိတ်မျိုး ဖြစ်လာစေတဲ့ အချစ်မျိုး "

Jennieကထပ်မေးလို့ Chaeyoung ခေါင်းထဲ အရင်က Lisaနဲ့အမှတ်တရတွေ တန်းစီပေါ်လာသည်

ထိုအမှတ်တရတွေထဲမှာမှ Lisaက ကောင်မလေးတစ်ယောက်နဲ့ ပထမဆုံး fuckခဲ့ကြောင်း လာကြွားတာကိုပါ သတိရသွားတယ်

"Jennie နင် မဟုတ်ဘူးလို့ ငါ့ကိုပြောစမ်း ကောလိပ်မှာတုန်းက သူနဲ့မအိပ်ခဲ့ဘူးမလား သူနဲ့တစ်ည မတ်တပ်မရပ်ဘူးလို့ ပြောစမ်းပါ (One Night stand) "

"Hey Chaeyoung clam down "

"Jennie ငါနင့်ကို သတိပေးထားတယ်နော် ပြောစမ်း နင်သူနဲ့ fuckခဲ့လား အမှန်တိုင်းပြောနော် "

"ဟောတော် "

"နင့်အခန်းကို ငါလာတုန်းက အခန်းထဲမဝင်ခိုင်းခဲ့ဘူးလေ နင်မှတ်မိတယ်မလား..."

"အဲ့တုန်းက အခန်းထဲ တစ်ယောက်ယောက်ရှိတယ်ဆိုတာ မှန်ပေမယ့် Lisa မဟုတ်ပါဘူး Chaeyoungရယ် ငါက နင့်အပေါ်ကို အဲ့လိုလုပ်ရက်ပါ့မလား "

"ဒါဆို အခန်းထဲမှာ ရှိနေသူက Lisa မဟုတ်ရင် ဘယ်သူလည်း...."

"ဘယ်သူလည်းဆိုတာ ပြောပြလို့မရဘူး ငါသူ့ကို ကတိပေးထားလို့ ဒါပေမယ့် Lisa မဟုတ်ဘူးဆိုတာတော့ ငါကျိန်ရဲပါတယ်ဟ ပြီးတော့ Lisaက ငါ့လည်း စိတ်မဝင်စားပါဘူး သူ့မျက်လုံးတွေက နင့်ဆီအမြဲရှိနေတာကို "

"တောင်း တောင်းပန်ပါတယ် jen ငါစိတ်လွတ်သွားတယ် ဟုတ်တယ် ငါ Lisaကိုချစ်တယ်...... ငါ့ရည်းစားဟောင်းနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်းမှာ ငါပိုသိသာလာခဲ့တယ်ထင်တယ် ငါ့exကို Lisaက ပိတ်ထိုးခဲ့တာတွေ ငါငိုချင်ချိန်တိုင်း ရေခဲမုန့်ဝယ်ကျွေးခဲ့တာတွေ ဟုတ်တယ် အဲ့ကတည်းကဘဲ ငါ Lisaကို ချစ်တယ် "

Chaeyoungက ဝန်ခံလိုက်တဲ့အခါမှဘဲ သူငယ်ချင်းအားလုံး စိတ်အေးသွားရတယ် ဒီအရူးနှစ်ယောက်က သူငယ်ချင်းဆက်ဆံရေးပျက်စီးမှာဆိုးလို့ ရူးကြောင်ကြောင် လုပ်ရပ်တွေလုပ်နေတာတွေ ပြီးဆုံးသွားပါပြီလေ

Jisooတို့ အိမ်ပြန်သွားပေမယ့် Chaeyoungကတော့ မပြန်ဘဲ Lisaအခန်းထဲတွင်ရှိနေသည်

Lisaကို အဖျားကျအောင် ရေဝတ်ကပ်ပေးလိုက် ဆေးသွင်းထားတ အဆင်ပြေမပြေကြည့်လိုက်နဲ့ Chaeyoung တစ်ညလုံး မအိပ်ပေ

Lisa အဖျားကတော့ ကျသွားပေမယ့် သတိကတော့မရသေးပေ

Knock Knock

"ဝင်ခဲ့ပါ..."

အခန်းထဲ ဝင်လာသူကား တစ်ခြားမဟုတ် Jinwoo ဖြစ်နေသည်

"ရှေ့နေကြီး ဘာလာလုပ်တာလည်း "

"Lisa သတိရလာပြီလား "

"အခုထိတော့ မရသေးဘူး "

"ဒါဆိုရင်တော့ Lisaရဲ့မိန်းမဖြစ်သူ Chayoungကဘဲ လက်မှတ်ထိုးပေးရတော့မယ်... Lisaက သူ့ရှယ်ယာ 10%ကို ရောင်းခိုင်းထားတယ်ဗျာ့ "

"ဟင် ဘာလို့လည်း "

Jinwooရဲ့စကားကြောင့် Chaeyoung အံ့သြသွားတယ်

"Dr.Checkရဲ့အစီအစဥ်တိုင်း လုပ်တာက ကုန်ကျမှုတစ်အားများတယ်ဗျာ Lisaက ဝန်ထမ်းတွေကိုလည်း မလျော့ရက်တော့ သူ့ရှယ်ယာကိုဘဲ ခွဲရောင်းမယ်ပြောတယ် "

Chaeyoung သက်ပြင်းချလိုက်သည် ဒီအရူးမလေးက ဘာလို့ မတိုင်ပင်ဘဲ လျှောက်လုပ်နေရတာလည်း

"ကောင်းပြီ ကျွန်မ လက်မှတ်ထိုးပေးပါမယ် တစ်ခုတော့ကူညီပေးပါ Jinwoo shii..."

"ဟုတ်ကဲ့ ဘာများလည်း "

"ရှယ်ယာရှင်တွေစာရင်းနဲ့ရှယ်ယာတွေကို ကျွန်မ emailထဲပို့ထားပေးပါ "

"ကောင်းပါပြီ "

Jinwoo ထွက်သွားတော့ lisaရှယ်ယာနဲ့ ပတ်သက်တဲ့အကြောင်းတွေ Chaeyoung စဥ်းစားနေသည်

"Chaeyoung............"

Lisaရဲ့ အသံကြားလိုက်ရလို့ Chaeyoung အရမ်းပျော်သွားသည်

"Lisa...နင် နင်သတိရလာပြီလား"

"နင် ရှိနေတာဘဲ "

"ဒါပေါ့ ငါနင့်အတွက် အမြဲရှိနေပေးမှာ သိရက်နဲ့ ခဏနော် "

Chaeyoungပြောပြီး အကြာကြီးအိပ်ထားရသူ Lisa ရေဆာနေမှာဆိုးလို့ ရေသန့်ပုလင်းထဲကရေကို ခွက်ထဲလောင်းထည့်နေသည်

Lisaမှာ Chaeyoungပေးတဲ့ ရေကိုသောက်ပြီးနောက်

"နင့်မိဘအိမ်ကို ပြေးလာပြီး ငါ့ခံစားချက်တွေပြောပြမိလို့ တောင်းပန်သင့်တယ် ထင်တယ်... "

"Lisa......"

"ငါ...ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မဖျက်စီးသင့်ဘူးထင်တယ် နော်...."

"Lisa!... "

"နင်မရှိဘဲ ငါဘာလုပ်ရမှန်းမသိဘူး ဘာဆက်ဖြစ်မလည်း ငါမသိဘူး နင်သာ Jayလား ဘယ်သူလည်း သူနဲ့အတူရှိ..."

Chaeyoungမှာ ပြောချင်တာတွေလှိမ့်ပြောနေတဲ့ Lisa ပါးစပ်ပိတ်သွားအောင် Lisaရဲ့နှုတ်ခမ်းကို ဖိနမ်းလိုက်သည်

"Chae...Chaeyoung "

"ငါက နင့်အပိုင်ဘဲ Lisa...နင်ကလည်း ငါ့အပိုင်ဘဲ"

Chaeyoung ပြောပြီး Lisaနှုတ်ခမ်းကို ထပ်နမ်းလိုက်သည်

#tbc

#zawgyi

Chaeyoungမွာ ေဆး႐ုံရဲ႕ အေရးေပၚ areaက ထိုင္ခုံတြင္ ထိုင္ေစာင့္ေနသည္

သူ႕အေမကေတာ့ လိုက္ကာနဲ႕ကြယ္ၿပီး Chaeyoungရဲ႕ သူငယ္ခ်င္းလို႔ေျပာရမလား မိန္းမလို႔ေခၚရမလား... Chaeyoungရဲ႕ Lisaကို စမ္းသပ္စစ္ေဆးေနသည္

Chaeyoungမွာ ေျခဖ်ားေလးေထာက္ၿပီး လိုက္ကာကိုမ်ား ေက်ာ္ၾကည့္လို႔ ရမလားဆိုၿပီး ၾကည့္ေနသည္

"အားလုံးအဆင္ေျပတယ္ သမီး... Lisaက မၾကာခင္ သက္သာသြားမွာပါ "

Mrs.Parkက Lisaကို စမ္းသပ္ၿပီးေနာက္ လိုက္ကာေနာက္ကေန ထြက္လာၿပီး သူ႕သမီးကို ေျပာလိုက္သည္

"ေက်းဇူးတင္ပါတယ္ Omar "

သူ႕အေမရဲ႕ စကားေၾကာင့္ Chaeyoung စိုးရိမ္ေနတာေတြ ေလ်ာ့သြားတယ္

"Jacksonက ေျပာတယ္ Lisaက ေရဓာတ္အရမ္းခန္းေျခာက္ေနတာတဲ့ ၿပီးေတာ့ သူ႕ရဲ႕ Dehydrateကလည္း အရမ္းေလ်ာ့နည္းေနတယ္တဲ့ ဒါေၾကာင့္မို႔လို႔ အေမသူ႕ကို ေဆးခ်ိတ္ေပးထားတယ္ သူ တစ္ပတ္ေလာက္အနားယူသင့္တယ္ထင္တယ္ ဒါေပမယ့္ ေဆး႐ုံကေန သူသတိရလာရင္ ဆင္းလို႔ရပါတယ္ အေမတို႔ သူ ကိုယ္ပူက်ၿပီး အဖ်ားထပ္မဝင္ေအာင္ေတာ့ ဂ႐ုစိုက္ရမွာေပါ့ "

"ဟုတ္ Omar...သူ႕ကို သမီးၾကည့္လို႔ရလား...."

"ရတာေပါ့ သူ႕ကို အေမ private roomကို ေ႐ြ႕လိုက္အုံးမယ္ ဘယ္သူက သတင္းေပးလိုက္တယ္မသိဘူး သတင္းေထာက္ေတြ ေဆး႐ုံေရွ႕ေရာက္လာၾကတယ္..."

Chaeyoung ေခါင္းညိတ္ၿပီး လိုက္ကာကိုဆြဲဖြင့္လိုက္ၿပီး ထိုင္ခုံတြင္ထိုင္လိုက္သည္

ထို႔ေနာက္ Lisaလက္ကို ကိုင္ၿပီး Chaeyoung နမ္းလိုက္သည္

"နင္ အဆင္ေျပသြားမွာပါ Lisa....နင္ေလ ငါ့ကို အရမ္းလန့္ေအာင္လုပ္တာဘဲ ....."

ေဆးေတြခ်ိတ္ထားတဲ့ Lisaကို ၾကည့္ရင္း Chaeyoung ပါးေပၚက မ်က္ရည္ေတြ စီးက်လာသည္

"နလပိန္းတုံး ျဖစ္ေနမိလို႔ ငါေတာင္းပန္ပါတယ္ ငါထင္တာက.....ငါအားလုံး အမွန္တိုင္းျဖစ္ေအာင္ လုပ္ပါ့မယ္ ေက်းဇူးျပဳၿပီး သတိရလာေပးပါေတာ့ "

Chaeyoung မွာ Lisaရဲ႕ နဖူးကို နမ္းၿပီး ေျပာလိုက္သည္

"ခြင့္ျပဳပါအုံး ကြၽန္မတို႔ လူနာကို ဟင္ Dr.Chaeyoung... "

သူနာျပဳ ခ်ာလီမွာ Chaeyoungကို ေတြ႕ၿပီး အံ့ၾသသြားတယ္

"ခ်ာလီ ဒီေန႕ ဒီအထပ္ဂ်ဴတီက်တာလား "

Chaeyoung က ပင္ပန္းေနတဲ့အသံနဲ႕ေမးလိုက္ေပမယ့္ Lisaလက္ကိုေတာ့ ကိုင္ထားဆဲပါ

"မဟုတ္ဘူး Dr အေမက ဒီမွာအေရးႀကီး Vip လူနာရွိတယ္ Private roomကို ေ႐ြ႕ေပးပါလို႔ ေျပာလို႔ လာခဲ့တာ Lisaမွန္းမသိလိုက္ဘူး... သူ႕ေဆြမ်ိဳးေတြ ဒါမွမဟုတ္ သူ႕မိန္းမက ဘယ္မွာလည္းဟင္ အခန္းေျပာင္းမွာကို အသိေပးခ်င္လို႔ "

"သူ႕မိန္းမက ဒီမွာပါ ငါေလ "

Chaeyoungရဲ႕ စကားေၾကာင့္ ခ်ာလီ အံ့ၾသသြားတယ္

"ေဒါက္တာကလား ဟင္ ဘယ္လို ေနပါအုံး "

"လိမ္ခဲ့မိလို႔ေတာင္းပန္ပါတယ္ Lisaအတြက္ အေထာက္အကူျဖစ္ေစခ်င္လို႔ ငါတို႔လက္ထပ္ထားတာကို ဖုံးကြယ္ထားတာပါ ...."

"အင္းပါ ဟုတ္ပါၿပီ အခုအျပင္မွာ ကင္မရာေတြေပါေနလို႔ သူ႕ကို လုံၿခဳံတဲ့ေနရာ ပို႔ေပးမယ္ေနာ္ "

Chaeyoung ေခါင္းညိတ္ၿပီး Lisa နဖူးကို ထပ္နမ္းလိုက္ျပန္သည္

ခ်ာလီက Lisaကို Vipအခန္းသို႔ ေ႐ြ႕သြားစဥ္ Chaeyoungမွာ သူ႕ကိုေစာင့္ေနတဲ့ သူ႕သူငယ္ခ်င္းေတြဆီကို ေလွ်ာက္သြားသည္

"Hey Chaeng သူ႕အေျခအေန ဘယ္လိုလည္း "

Somiမွာ Chaeyoungကို ဖက္လိုက္ၿပီး ေမးလိုက္သည္ ..Jennieကလည္း Chaeyoungရဲ႕လက္ကို ကိုင္ထားသည္ ဒါေၾကာင္လည္း Lisaၿပီးရင္ Somiနဲ႕Jennieကို Chaeyoung လိုအပ္တာ သူတို႔ႏွစ္ေယာက္က Chaeyoungအတြက္ဆို အၿမဲအဆင္သင့္ရွိေပးေနတယ္ေလ

Chaeyoungမွာ waiting roomမွာေစာင့္ေနတဲ့ Jisoo Leoတို႔ကိုလည္း ႏႈတ္ဆက္လိုက္သည္

"လာေပးၾကလို႔ ေက်းဇူးတင္ပါတယ္ Lisaက အခုအဆင္ေျပသြားပါၿပီ Vip အခန္းကို ေ႐ြ႕ထားတာမို႔လို႔ စိတ္ပူစရာမလိုေတာ့ပါဘူး "

Chaeyoungရဲ႕ စကားေၾကာင့္ သူငယ္ခ်င္းအားလုံး စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိဳက္သည္

Chaeyoungမွာ ေမးခြန္းတစ္ခုကို ေမးဖို႔ ေတြေဝတြန့္ဆုတ္ေနမိသည္

ထိုေမးခြန္းကား....

"ဟိုေလ....နင္တို႔ေရာ သိထားၾကလား... "

Chaeyoung အသက္ဝဝရႈၿပီး ဆက္ေျပာသည္

"Lisaက ငါ့ကိုခ်စ္ေနတယ္ဆိုတာေလ.... "

"သူ နင့္ကိုေျပာလိုက္ၿပီလား "

Leoကေမးေတာ့ Chaeyoung ေခါင္းညိတ္ျပသည္

"သူ သတိလစ္မသြားခင္ ငါ့ကိုေျပာသြားခဲ့တယ္ ငါက တကယ္ ကန္းေနတာဘဲ "

"Hey...Chaeng... အဲ့လိုႀကီး မေတြးပါနဲ႕ နင့္ဘက္ကလည္းမမွားပါဘူး "

Somiက သူ႕သူငယ္ခ်င္းကို ဝင္ႏွစ္သိမ့္သည္

"Lisaက လြန္ခဲ့တဲ့လေတြကအထိ ဘာမွန္းေသခ်ာမသိခဲ့ရွာဘူး နင့္အေပၚ ခံစားခ်က္ ရွိေနတာ သူသိသြားေတာ့ အရမ္းေတာင္ လန့္သြားေသးတယ္ ..."

"လေတြ ဟုတ္လား ဘုရားေရ အဲ့တုန္းက ငါ...သူ Emilyအေပၚ ခံစားခ်က္ မေပ်ာက္ေသးဘူး ရွိေနေသးတယ္လို႔ဘဲ ထင္ေနခဲ့တာ... ငါ သူ႕ကိုနာက်င္ေအာင္ လုပ္ခဲ့တာဘဲ "

Chaeyoung ေျပာၿပီး စိတ္မေကာင္းျဖစ္ၿပီး အားနာလြန္းလို႔ ငိုေလသည္

ဘယ္ေလာက္ေတာင္ ရွက္စရာေကာင္းလည္း သူ႕ကို လုံၿခဳံေစၿပီး အရမ္းခ်စ္ေပးတဲ့သူကို နာက်င္ေအာင္ လုပ္ခဲ့တာေလ

သူ႕အေပၚ ခံစားခ်က္ရွိေနတဲ့ Lisaေရွ႕ကို ေကာင္ေလးနဲ႕ခ်ိန္းေတြ႕ဖို႔ထြက္သြားတဲ့လုပ္ရပ္က အရမ္းဆိုး႐ြားလြန္းတယ္မဟုတ္လား

"ငါေတာင္းပန္ပါတယ္ ငါမွားသြားတယ္ ငါ...ငါ့လုပ္ရပ္ေတြက သူ႕ကို နာက်င္ေစခဲ့တာ မသိခဲ့ဘူး "

"ႏွစ္ေတြ အေတာ္ၾကာေရာေပါ့ နင္တို႔ႏွစ္ေယာက္ၾကားမွာ ဆက္သြယ္မႈရွိေနတာ ငါတို႔အားလုံး သတိထားမိပါတယ္ အဲ့ကတည္းက နင္တို႔ၾကား တစ္ခုခုျဖစ္လာမယ္လို႔ေတာင္ သံသယဝင္မိေသးတယ္"

"ဟုတ္တယ္ ငါတို႔ကို ေဘးထားၿပီး ႏွစ္ေယာက္သား မ်က္လုံးခ်င္း fuckေနတာေတြ "

Jennieရဲ႕စကားေၾကာင့္ Jisoo ရယ္ခ်င္စိတ္ကို ထိန္းထားရသည္

"Hey..."

"ဘာလည္း ငါေျပာတာမွန္ေနတာဘဲကို "

"တကယ္ႀကီလား Jennie "

"တကယ္ႀကီး Chae...ႏွစ္ေယာက္သား ညတိုင္း ႐ုပ္ရွင္အတူၾကည့္ၾကတာေတြ ဘယ္သြားသြားလက္ကိုင္ၿပီးသြားၾကတာေတြ gosh..."

Chaeyoungမွာ သူ႕သူငယ္ခ်င္းေတြစကားေၾကာင့္ ရယ္လိုက္သည္ ဒါေတြအားလုံး Lisaနဲ႕အတူလုပ္ခဲ့တာကိုးး

"နင္ သူ႕ကို ခ်စ္လား Chaeyoung "

Jisooက Chaeyoungကို ေမးလိုက္သည္

"သူငယ္ခ်င္းလို အခ်စ္မ်ိဳး မဟုတ္ဘူးေနာ္... Lisaနဲ႕ အိမ္က အခန္းတိုင္း ေနရာတိုင္းမွာ fuckခ်င္ေနတဲ့စိတ္မ်ိဳး ျဖစ္လာေစတဲ့ အခ်စ္မ်ိဳး "

Jennieကထပ္ေမးလို႔ Chaeyoung ေခါင္းထဲ အရင္က Lisaနဲ႕အမွတ္တရေတြ တန္းစီေပၚလာသည္

ထိုအမွတ္တရေတြထဲမွာမွ Lisaက ေကာင္မေလးတစ္ေယာက္နဲ႕ ပထမဆုံး fuckခဲ့ေၾကာင္း လာႂကြားတာကိုပါ သတိရသြားတယ္

"Jennie နင္ မဟုတ္ဘူးလို႔ ငါ့ကိုေျပာစမ္း ေကာလိပ္မွာတုန္းက သူနဲ႕မအိပ္ခဲ့ဘူးမလား သူနဲ႕တစ္ည မတ္တပ္မရပ္ဘူးလို႔ ေျပာစမ္းပါ (One Night stand) "

"Hey Chaeyoung clam down "

"Jennie ငါနင့္ကို သတိေပးထားတယ္ေနာ္ ေျပာစမ္း နင္သူနဲ႕ fuckခဲ့လား အမွန္တိုင္းေျပာေနာ္ "

"ေဟာေတာ္ "

"နင့္အခန္းကို ငါလာတုန္းက အခန္းထဲမဝင္ခိုင္းခဲ့ဘူးေလ နင္မွတ္မိတယ္မလား..."

"အဲ့တုန္းက အခန္းထဲ တစ္ေယာက္ေယာက္ရွိတယ္ဆိုတာ မွန္ေပမယ့္ Lisa မဟုတ္ပါဘူး Chaeyoungရယ္ ငါက နင့္အေပၚကို အဲ့လိုလုပ္ရက္ပါ့မလား "

"ဒါဆို အခန္းထဲမွာ ရွိေနသူက Lisa မဟုတ္ရင္ ဘယ္သူလည္း...."

"ဘယ္သူလည္းဆိုတာ ေျပာျပလို႔မရဘူး ငါသူ႕ကို ကတိေပးထားလို႔ ဒါေပမယ့္ Lisa မဟုတ္ဘူးဆိုတာေတာ့ ငါက်ိန္ရဲပါတယ္ဟ ၿပီးေတာ့ Lisaက ငါ့လည္း စိတ္မဝင္စားပါဘူး သူ႕မ်က္လုံးေတြက နင့္ဆီအၿမဲရွိေနတာကို "

"ေတာင္း ေတာင္းပန္ပါတယ္ jen ငါစိတ္လြတ္သြားတယ္ ဟုတ္တယ္ ငါ Lisaကိုခ်စ္တယ္...... ငါ့ရည္းစားေဟာင္းနဲ႕လမ္းခြဲခဲ့ၿပီးေနာက္ပိုင္းမွာ ငါပိုသိသာလာခဲ့တယ္ထင္တယ္ ငါ့exကို Lisaက ပိတ္ထိုးခဲ့တာေတြ ငါငိုခ်င္ခ်ိန္တိုင္း ေရခဲမုန့္ဝယ္ေကြၽးခဲ့တာေတြ ဟုတ္တယ္ အဲ့ကတည္းကဘဲ ငါ Lisaကို ခ်စ္တယ္ "

Chaeyoungက ဝန္ခံလိုက္တဲ့အခါမွဘဲ သူငယ္ခ်င္းအားလုံး စိတ္ေအးသြားရတယ္ ဒီအ႐ူးႏွစ္ေယာက္က သူငယ္ခ်င္းဆက္ဆံေရးပ်က္စီးမွာဆိုးလို႔ ႐ူးေၾကာင္ေၾကာင္ လုပ္ရပ္ေတြလုပ္ေနတာေတြ ၿပီးဆုံးသြားပါၿပီေလ

Jisooတို႔ အိမ္ျပန္သြားေပမယ့္ Chaeyoungကေတာ့ မျပန္ဘဲ Lisaအခန္းထဲတြင္ရွိေနသည္

Lisaကို အဖ်ားက်ေအာင္ ေရဝတ္ကပ္ေပးလိုက္ ေဆးသြင္းထားတ အဆင္ေျပမေျပၾကည့္လိုက္နဲ႕ Chaeyoung တစ္ညလုံး မအိပ္ေပ

Lisa အဖ်ားကေတာ့ က်သြားေပမယ့္ သတိကေတာ့မရေသးေပ

Knock Knock

"ဝင္ခဲ့ပါ..."

အခန္းထဲ ဝင္လာသူကား တစ္ျခားမဟုတ္ Jinwoo ျဖစ္ေနသည္

"ေရွ႕ေနႀကီး ဘာလာလုပ္တာလည္း "

"Lisa သတိရလာၿပီလား "

"အခုထိေတာ့ မရေသးဘူး "

"ဒါဆိုရင္ေတာ့ Lisaရဲ႕မိန္းမျဖစ္သူ Chayoungကဘဲ လက္မွတ္ထိုးေပးရေတာ့မယ္... Lisaက သူ႕ရွယ္ယာ 10%ကို ေရာင္းခိုင္းထားတယ္ဗ်ာ့ "

"ဟင္ ဘာလို႔လည္း "

Jinwooရဲ႕စကားေၾကာင့္ Chaeyoung အံ့ၾသသြားတယ္

"Dr.Checkရဲ႕အစီအစဥ္တိုင္း လုပ္တာက ကုန္က်မႈတစ္အားမ်ားတယ္ဗ်ာ Lisaက ဝန္ထမ္းေတြကိုလည္း မေလ်ာ့ရက္ေတာ့ သူ႕ရွယ္ယာကိုဘဲ ခြဲေရာင္းမယ္ေျပာတယ္ "

Chaeyoung သက္ျပင္းခ်လိဳက္သည္ ဒီအ႐ူးမေလးက ဘာလို႔ မတိုင္ပင္ဘဲ ေလွ်ာက္လုပ္ေနရတာလည္း

"ေကာင္းၿပီ ကြၽန္မ လက္မွတ္ထိုးေပးပါမယ္ တစ္ခုေတာ့ကူညီေပးပါ Jinwoo shii..."

"ဟုတ္ကဲ့ ဘာမ်ားလည္း "

"ရွယ္ယာရွင္ေတြစာရင္းနဲ႕ရွယ္ယာေတြကို ကြၽန္မ emailထဲပို႔ထားေပးပါ "

"ေကာင္းပါၿပီ "

Jinwoo ထြက္သြားေတာ့ lisaရွယ္ယာနဲ႕ ပတ္သက္တဲ့အေၾကာင္းေတြ Chaeyoung စဥ္းစားေနသည္

"Chaeyoung............"

Lisaရဲ႕ အသံၾကားလိုက္ရလို႔ Chaeyoung အရမ္းေပ်ာ္သြားသည္

"Lisa...နင္ နင္သတိရလာၿပီလား"

"နင္ ရွိေနတာဘဲ "

"ဒါေပါ့ ငါနင့္အတြက္ အၿမဲရွိေနေပးမွာ သိရက္နဲ႕ ခဏေနာ္ "

Chaeyoungေျပာၿပီး အၾကာႀကီးအိပ္ထားရသူ Lisa ေရဆာေနမွာဆိုးလို႔ ေရသန့္ပုလင္းထဲကေရကို ခြက္ထဲေလာင္းထည့္ေနသည္

Lisaမွာ Chaeyoungေပးတဲ့ ေရကိုေသာက္ၿပီးေနာက္

"နင့္မိဘအိမ္ကို ေျပးလာၿပီး ငါ့ခံစားခ်က္ေတြေျပာျပမိလို႔ ေတာင္းပန္သင့္တယ္ ထင္တယ္... "

"Lisa......"

"ငါ...ငါတို႔ရဲ႕ သူငယ္ခ်င္းဆက္ဆံေရးကို မဖ်က္စီးသင့္ဘူးထင္တယ္ ေနာ္...."

"Lisa!... "

"နင္မရွိဘဲ ငါဘာလုပ္ရမွန္းမသိဘူး ဘာဆက္ျဖစ္မလည္း ငါမသိဘူး နင္သာ Jayလား ဘယ္သူလည္း သူနဲ႕အတူရွိ..."

Chaeyoungမွာ ေျပာခ်င္တာေတြလွိမ့္ေျပာေနတဲ့ Lisa ပါးစပ္ပိတ္သြားေအာင္ Lisaရဲ႕ႏႈတ္ခမ္းကို ဖိနမ္းလိုက္သည္

"Chae...Chaeyoung "

"ငါက နင့္အပိုင္ဘဲ Lisa...နင္ကလည္း ငါ့အပိုင္ဘဲ"

Chaeyoung ေျပာၿပီး Lisaႏႈတ္ခမ္းကို ထပ္နမ္းလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co