Truyen3h.Co

Business Proposal

Part 3

KimFany059


"Lisa...ဒါက နင့်အမေ လက်စွပ်မဟုတ်လား "

"ဟုတ်တယ် အမေ့ပိုင် ပစ္စည်းလေး နင်ဝတ်ထားရင် တော်တော်လှမှာ ပြီးတော့ ငါကလည်း နင့်ကိုဝတ်စေချင်သလို အမေကလည်း ဝတ်​စေချင်မှာဘဲ "

Chaeyoungမှာ ပျော်ပြီး Lisaကို ဖက်လိုက်သည်

"Lisa..ငါ လက်ခံတယ် ငါ...နင့်လက်ထပ်ခွင့်ကို လက်ခံပြီး နင့် companyကို ကယ်ပေးချင်တယ် အားလုံးအမှန်တိုင်းဖြစ်သွားအောင် ပြန်လုပ်ရအောင် "

****

စနေနေ့ မနက်ခင်းတွင် Chaeyoung အလုပ်နားလို့ အိပ်ရာက မထသေးဘဲ ပေတေအိပ်နေသည်

ထိုစဥ် ဖုန်းမြည်လာသောကြောင့် Chaeyoung အိပ်ချင်မူးတူးဖြင့် ဖုန်းကိုင်လိုက်သည်

"ဟုတ် Omma...သမီးလား နေကောင်းပါတယ် ဒါနဲ့ အမေတို့ကို သမီးပြောစရာရှိလို့ အမေတို့လက်ခံပါ့မလား​တောင်မသိဘူး..."

Chaeyoung အိပ်ရာကထပြီး ခေါင်းစီးကွင်းနဲ့ ဆံပင်ကို စည်းရင်းပြောလိုက်သည်

"အာ မဟုတ်တာပြောမလို့ မဟုတ်ပါဘူး Ommaရ...သမီး ဖုန်းပြန်ဆက်လိုက်မယ်လေနော် ချစ်တယ် "

Chaeyoungမှာ ဖုန်းကိုပစ်ချပြီး ခေါင်းအုံးနှစ်လုံးကြား ဒိုင်ဗင်ထိုးကာ မျက်နှာအပ်ချသည်

သူ့မိဘတွေနဲ့ သူငယ်ချင်းတွေကို Manoban companyကို ကယ်တင်ဖို့ Lisaနဲ့လက်ထပ်မယ့်အကြောင်း အသိပေးရမှာလေ

Lisaကတော့ သူတို့ရဲ့ အစီအစဥ်ကို သူငယ်ချင်းမိသားစုတွေကို ပြောပြဖို့အတွက် သူ့အိမ်က အဆင်ပြေတယ်လို့ Chaeyoungကိုပြောသည်

ဒါကြောင့်မို့လို့ မီဒီယာနဲ့လူတွေမသိခင် Lisaအိမ်ကို ချိန်းပြီး သူတို့အစီအစဥ်အကြောင်း ပြောပြဖို့ ဆုံးဖြတ်ခဲ့သည်

Chaeyoungမှာ ဆေးရုံက သူနဲ့ဆာဂျရီလုပ်ခဲ့တဲ့ လူနာတွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးရင်း တစ်မနက်ခင်းကို ကုန်ဆုံးလိုက်သည်

Chaeyoungဟာ သူ့အမေလိုဘဲ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်

ဒါပေမယ့် ရောဂါတွေကိုရှာဖွေကုသပေးတဲ့ လိုင်းကိုတော့ Chaeyoung စိတ်မဝင်စား ဆာဂျင်တွေထက် ဆာဂျရီဘက်ကို Chaeyoung ရွေးချယ်ခဲ့သည်

မျက်နှာ မီးလောင်ဒဏ်ရာကြောင့် လူတောမတိုးရဲတဲ့ ကောင်မ​လေးတစ်ယောက်ကို Chaeyoung အကောင်းတိုင်း ပြန်ဖြစ်အောင် ခွဲစိတ်ပေးခဲ့သည်

ရင်သားသေးလို့ အမျိုးသားဆီက ကွာရှင်းခံရတဲ့အမျိုးသမီးက ရင်သားလာခွဲစိတ်တာကိုလည်း Chaeyoung ကူညီပေးခဲ့သည်

သူတို့ရဲ့သိမ်ငယ်မှုတွေ ပျောက်သွားအောင် Chaeyoung ဟာ ကြိုးစားကူညီပေးရတာကို အရမ်းသဘောကျတယ်လေ

Chaeyoung မှတ်တမ်းတွေကြည့်ရင်း သူ့လက်သန်းကြွယ်က လက်စွပ်လေးကို ကြည့်ပြီး ပြုံးလိုက်မိသည်

Lisaမိဘတွေ ရှိတုန်းက Lisaအိမ် အလည်သွားတိုင်း Mrs.Manobanလက်မှာ ဒီလက်စွပ်လေး ဝတ်ထားတာကို Chaeyoung အမြဲတွေ့တယ်လေ

Mrs.Manoban တန်ဖိုးထားရတဲ့ လက်စွပ်လေးကို ဝတ်ထားခွင့်ရလို့ Chaeyoung ဂုဏ်ယူမိသည်

အခု အိမ်မက်မက်နေတာ မဟုတ်ဘူးဘဲ Chaeyoungက သူ့အခင်ဆုံး သူငယ်ချင်းကို လက်ထပ်တော့မှာ

Lisaကို လက်ထပ်ရတာဟာ အပြစ်တစ်ခုလို Chaeyoungမခံစားရ ဘောင်တွေစည်းတွေရှိသလို မခံစားရဘဲ သဘာဝကျကျ လွတ်လပ်နေသလို ခံစားရသည် ပြီးတော့ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး Chaeyoungက သူ့ကိုယ်သူလည်း လုပ်နိုင်တယ်လို့ ယုံကြည်တယ်လေ

သူ့ဖုန်းမြည်သံဟာ Chaeyoungကို အတွေးထဲကနေ လက်တွေ့ကမ္ဘာကို ပြန်ရောက်စေသည်

"Hey Somi..ဟုတ်တယ် ဒီနေ့ည မဟုတ်ဘူး နင်အဲ့ဒီကို သွားရမှာ Jennieလည်း ရအောင်ခေါ်လာခဲ့နော် Jisooလည်း အဲ့ကိုသွားလိမ့်မယ် ဟုတ်ပြီ သိပ်မကြာခင် တွေ့ကြတာပေါ့ "

Chaeyoung အလုပ်ကို လက်စသတ်ပြီး Lisaဆီ သွားဖို့ ရေချိုးပြင်ဆင်လေသည်

ဘာဝတ်ရမလည်း ရွေးနေတုန်း သူနဲ့Lisaက တကယ်လက်ထပ်တာမဟုတ်ဘဲ နှစ်နှစ်ကျော်ရင် ကွာရှင်းမယ့်သူတွေဆိုတာ Chaeyoung သူ့ကိုယ်သူသတိပေးနေမိသည်

Chaeyoung ကြည့်ကောင်းမယ့် အဝတ်အစား ဝတ်ပြီး Lisa အိမ်ကိုထွက်လာသည်

Lisaရဲ့ အိမ်ကိုရောက်တော့ အိမ်ဖော်တစ်ယောက်က Chaeyoungကို နှုတ်ဆက်ပြီး Lisa အခန်းထဲခေါ်သွားသည်

Chaeyoung အခန်းထဲရောက်တော့ Lisaက အဝတ်အစားဝတ်နေသည်

အဝတ်အစားမပါတဲ့ Lisaရဲ့ ခန္ဓာကိုယ်ကို Chaeyoung ခဏခဏမြင်ဖူးတယ်လေ

Chaeyoungတို့ နှစ်ယောက်က အတူတူအိပ်တယ် အတူစားတယ် တစ်ယောက်ဆံပင်တစ်ယောက်စည်းပေးတယ် တစ်ခါတစ်လေ ဆယ်ကျော်သက်တွေလို ဂိမ်းတွေဆော့ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်နမ်းကြသေးသည်

သူတို့မလုပ်ဖူးတဲ့အရာကတော့ တစ်ခုသာရှိတော့သည် အဲ့တာကတော့ ဖောင်းဒိုင်းလုပ်ခြင်းပါ

"Chaeyoung နင်...အရမ်းလှတာဘဲ...."

"ငါလှတာ ငါသိပါတယ် "

"Gosh...နင် အဆင်သင့်ဖြစ်ပြီလား "

"ထင်တာဘဲ သူတို့စိတ်ဆိုးသွားကြမယ်လို့ ထင်လား "

"ငါမသိဘူး ဒါပေမယ့် သူတို့ကို ငါသေချာရှင်းပြမှာပါ "

ည ရှစ်နာရီခွဲတော့ Lisa အိမ်ကို သူတို့သူငယ်ချင်းတွေအပြင် Chaeyoung မိဘတွေပါ ရောက်လာသည်

အိမ်ဖော်တွေက ဝိုင်နဲ့အသီးတွေ ပြင်ဆင်ပေးထားပြီး Jennieတို့မှာ ဝိုင်သောက်ရင်း အချင်းချင်း စကားပြောနေကြသည်

"ဒီတော့ ငါတို့က ဘာကိုဂုဏ်ပြုရမှာလည်း ငါပြောချင်တာက တစ်ခုခုအတွက် ခေါ်လိုက်တာမဟုတ်လား "

Jennie ဝိုင်ခွက်ကိုကိုင်ပြီး Chaeyoungကို မေးလိုက်သည်

"မေးခွန်းကောင်းဘဲ Jendeuk "

Jisooက ဝင်ထောက်ခံလိုက်သည်

Somiကတော့ loveနဲ့ဆော့ကစားနေသည်

Chaeyoung ထရပ်ပြီး ဝိုင်ခွက်ကို အသီးခက်ရင်းနဲ့ တီးလိုက်သည်

အားလုံးလည်း စကားပြောနေရာက ရပ်ပြီး Chaeyoungကို ကြည့်လိုက်ကြသည် 

"Humm Hi...အားလုံးဘဲ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဟုတ်တယ် ကျွန်မတို့က တစ်ခုခုအတွက် ဂုဏ်ပြုဖို့... အာ "

"Oh my god... Chaeyoung သမီး ဗိုက်ကြီးနေတာလား "

Mrs.Parkမှာ သူ့သမီးက ရည်းစားမရှိဘူးဆိုတာ သိပေမယ့် အခုတလော အပြုအမူတွေထူးဆန်းနေလို့ တစ်ခုခု ဖြစ်နေတာတော့ သတိထားမိသည်

"မဟုတ်ပါဘူး သူက ဗိုက်မကြီးပါဘူး အန်တီ "

Lisaက အမြန်ထရပ်ပြီး Chaeyoungလက်ကို ကိုင်ကာ Mrs.Parkကို ပြောလိုက်သည်

"​ကျွန်မတို့က....လက်ထပ်ကြတော့မလို့ပါ "

Chaelisaတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာပြောလိုက်ကြသည်

Lisa တို့စကားကြောင့် Jensooတို့မှာတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်နေတယ်

Somiကလည်း Loveနဲ့ဆော့ရာက ရပ်ပြီး Chaelisaတို့ကိုကြည့်နေသည်

Mr.Parkတို့ကလည်း တစ်ခုခုပြောဖို့ စဥ်းစားနေသည်

"Fucking Shit"

"ဦးလေး ​ကျွန်မ ရှင်းပြပါမယ် "

"Lisaရေ Park Familyကနေ ကြိုဆိုပါတယ် "

Mr.Parkမှာ ပြောပြီး Lisaကို လာဖက်သည်

"တကယ်ကြီးလား Chaeyoung ဘယ်တုန်းက နင်တို့တွဲလိုက်ကြတာလည်း နောက်ဆုံးတော့ ငါတို့အကြာကြီးစောင့်နေရတဲ့နေ့ ရောက်လာပြီ နင်တို့နှစ်ယောက် ဘယ်အချိန်ကြိုက်ကြမလည်းဆိုတာ စောင့်နေတာ "

Jennieက သူ့သူငယ်ချင်းတို့ကိုပြောလိုက်တော့ Chaeyoung ခေါင်းခါပြသည်

"မဟုတ်ဘူး Jen နင်ထင်သလိုမဟုတ်ဘူး နေကြပါအုန်း အားလုံးဘဲ ခဏ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ချစ်လို့လက်ထပ်ကြတာ မဟုတ်ပါဘူး "

Chaeyoungရဲ့ စကားကြောင့် အားလုံးပါးစပ်အဟောင်းသားဖြစ်သွားသည်

"ကျွန်မ ရှင်းပြပါရစေ နည်းနည်းရှုပ်ပေမယ့် ရှင်းပြပါရစေ "

"ဒါဆိုလည်း ရှင်းပြ Lisa..."

Jisooမှာ ဘာတွေဖြစ်နေလည်းဆိုတာ သေချာသိဖို့ သူ့သူငယ်ချင်းကို ရှင်းပြဖို့ အခွင့်အရေးပေးလိုက်သည်

Lisaလည်း သက်ပြင်းချပြီး ဖြစ်ခဲ့သမျှကို အကုန်ရှင်းပြလိုက်သည်

"ဒီတော့ Lisa companyကို ထိန်းချုပ်နိုင်ဖို့ နင်တို့နှစ်ယောက်က လက်ထပ်ကြတာ ဟုတ်လား "

"Ommaတော့ သမီးတို့အကြံကို မကြိုက်ဘူးနော် "

Mrs.Parkကမကြိုက်ဘူးပြောနေပေမယ့် Chaeyoungကတော့ ဟန်ဆောင်လက်ထပ်စာချုပ်မှာ လက်မှတ်တောင် ထိုးပြီးရောပေါ့

"အခုလိုအခြေအနေဖြစ်လာရပြီဆိုတော့ Mr.Parkတို့ ကျွန်မ Chaeyoungကို သေချာဂရုစိုက်ပါမယ်လို့ ကတိပေးပါတယ် ကျွန်မရဲ့ဇနီးမယားအဖြစ် ဟန်ဆောင်ရပေမယ့် Chaeyoungကို လွတ်လပ်ခွင့်ပေးထားမှာပါ ကျွန်မတို့နှစ်ယောက်ကြား ဘာမှပြောင်းမသွားပါဘူး သူက ကျွန်မအခင်ဆုံး သူငယ်ချင်းဖြစ်လို့ သူ့ကိုဂရုစိုက်ပြီးလေးစားပါတယ် နှစ်နှစ်ကျော်သွားလို့ သူတစ်ယောက်ယောက်ကို ရှာတွေ့ရင်တောင် ကျွန်မ မတားပါဘူး "

Lisaမှာ Mrs.Parkတို့ကို ဖြောင်းဖြပြီး ကတိပေးလေသည်

ခဏကြာတော့ အိမ်ပြန်သွားတဲ့ Mr.Parkတို့ကို ခြံတံခါးထိ Chaeyoungတို့ လိုက်ပို့ပေးကြသည်

"သူတို့က ငါတို့ကိုဘာလို့တကယ်တွဲတယ်ထင်ကြတာလည်း မသိဘူး "

"ငါကတော့ နင့်မိဘတွေ ငါ့ကိုသတ်တော့မယ်ထင်ပြီး ဘုရားစာရွတ်လိုက်ရတာ အာတောင်ခြောက်လာပြီ ဘာဘဲဖြစ်ဖြစ် ဟန်ဆောင်လက်ထပ််ဆိုပေမယ့် နင်အကြိုက်ဆုံး ဂါဝန်ဝယ်လိုက် ငါဝယ်ပေးမယ် ပြီးတော့ လက်ထပ်ပွဲအတွက် ငါအကုန်လုံး အကုန်ကျခံပေးမယ် နင့်အတွက် လက်စွပ်တစ်ကွင်းပါ ဝယ်ပေးမယ် အယ် အဲ့လိုပြောလို့ အမေ့လက်စွပ်ပြန်တောင်းတာ မဟုတ်ဘူးနော် အမေ့လက်စွပ်က နင့်အတွက်ပါ
အခု ဝယ်ပေးမယ့်လက်စွပ်က နင်က ငါ့အပိုင်ဆိုတာ တစ်ကမ္ဘာလုံးကိုသိစေချင်လို့  သိတယ်မလား မီဒီယာတွေက ငါတို့ဆင်တူလက်စွပ်လေးတွေကို လိုက်ချောင်းနေကြမှာလေ "

"ကောင်းသားဘဲ နင်ကအမြင်ရှိတော့ ငါဘာလက်စွပ်နေနေ ကြိုက်ပါတယ် "

Chaelisaတို့ စကားပြောရင်း အိမ်ထဲဲပြန်ဝင်လာကြသည်

"ဒါပေါ့ ငါက အမြင်ရှိလို့ နင့်ကိုလက်ထပ်ခွင့်တောင်းတာပေါ့ "

"Hey ဘယ်သူကအရင် လက်ထပ်ခွင့်တောင်းတာလည်း မမေ့နဲ့ "

Chaeyoungက ရန်လုပ်တော့ Lisa အူယားပြီး Chaeyoungပါးလေးကိုဆွဲညှစ်သည်

Jisooမှာ သူ့ကိုမမြင်ဘဲ ကျီစယ်နေကြတဲ့အချစ်ငှက်ကလေးတွေ ကြားအောင် ချောင်းဟန့်လိုက်သည်

"Hey Jisoo "

"Lisa နင် လက်ထပ်သင့်တဲ့သူက ငါဖြစ်ရမှာသိလား Chaeyoungက အလုပ်များနေတဲ့သူ ငါကအလုပ်မရှိလို့ အားနေတဲ့သူ နင်ငါ့ကို လစာပေးပြီး နှစ်နှစ်လောက်ငှားပစ်လိုက်လေ "

"Come on Jisoo နင်နဲ့ငါမှာ ဘာဓာတုဗေဒမှမရှိသလို ရူပဗေဒလည်း မရှိဘူး ဟုတ်ပြီလား နင့်သာငါလက်ထပ်လိုက်ရင် Yoosunက တစ်စက္ကန့်နဲ့တန်းမိမှာ "

Jisoo ဘာမှပြန်မပြောဘဲ ရယ်ပြီးခေါင်းညိတ်လိုက်သည်

ဟန်ဆောင်လက်ထပ်ကြပေမယ့် ဘယ်အချိန်ကျရင် Chaelisaတို့တစ်ယောက်ကို တစ်ယောက် ချစ်နေကြောင်း မဖုံးကွယ်ဘဲ ဝန်ခံကြမလည်းဆိုတာ Jisoo စောင့်နေတယ်လေ သူ့သူငယ်ချင်းနှစ်ယောက်အကြောင်း Jisooအသိဆုံး မဟုတ်လား

#tbc

#Zawgyi

"Lisa...ဒါက နင့္အေမ လက္စြပ္မဟုတ္လား "

"ဟုတ္တယ္ အေမ့ပိုင္ ပစၥည္းေလး နင္ဝတ္ထားရင္ ေတာ္ေတာ္လွမွာ ၿပီးေတာ့ ငါကလည္း နင့္ကိုဝတ္ေစခ်င္သလို အေမကလည္း ဝတ္ေစခ်င္မွာဘဲ "

Chaeyoungမွာ ေပ်ာ္ၿပီး Lisaကို ဖက္လိုက္သည္

"Lisa..ငါ လက္ခံတယ္ ငါ...နင့္လက္ထပ္ခြင့္ကို လက္ခံၿပီး နင့္ companyကို ကယ္ေပးခ်င္တယ္ အားလုံးအမွန္တိုင္းျဖစ္သြားေအာင္ ျပန္လုပ္ရေအာင္ "

****

စေနေန႕ မနက္ခင္းတြင္ Chaeyoung အလုပ္နားလို႔ အိပ္ရာက မထေသးဘဲ ေပေတအိပ္ေနသည္

ထိုစဥ္ ဖုန္းျမည္လာေသာေၾကာင့္ Chaeyoung အိပ္ခ်င္မူးတူးျဖင့္ ဖုန္းကိုင္လိုက္သည္

"ဟုတ္ Omma...သမီးလား ေနေကာင္းပါတယ္ ဒါနဲ႕ အေမတို႔ကို သမီးေျပာစရာရွိလို႔ အေမတို႔လက္ခံပါ့မလားေတာင္မသိဘူး..."

Chaeyoung အိပ္ရာကထၿပီး ေခါင္းစီးကြင္းနဲ႕ ဆံပင္ကို စည္းရင္းေျပာလိုက္သည္

"အာ မဟုတ္တာေျပာမလို႔ မဟုတ္ပါဘူး Ommaရ...သမီး ဖုန္းျပန္ဆက္လိုက္မယ္ေလေနာ္ ခ်စ္တယ္ "

Chaeyoungမွာ ဖုန္းကိုပစ္ခ်ၿပီး ေခါင္းအုံးႏွစ္လုံးၾကား ဒိုင္ဗင္ထိုးကာ မ်က္ႏွာအပ္ခ်သည္

သူ႕မိဘေတြနဲ႕ သူငယ္ခ်င္းေတြကို Manoban companyကို ကယ္တင္ဖို႔ Lisaနဲ႕လက္ထပ္မယ့္အေၾကာင္း အသိေပးရမွာေလ

Lisaကေတာ့ သူတို႔ရဲ႕ အစီအစဥ္ကို သူငယ္ခ်င္းမိသားစုေတြကို ေျပာျပဖို႔အတြက္ သူ႕အိမ္က အဆင္ေျပတယ္လို႔ Chaeyoungကိုေျပာသည္

ဒါေၾကာင့္မို႔လို႔ မီဒီယာနဲ႕လူေတြမသိခင္ Lisaအိမ္ကို ခ်ိန္းၿပီး သူတို႔အစီအစဥ္အေၾကာင္း ေျပာျပဖို႔ ဆုံးျဖတ္ခဲ့သည္

Chaeyoungမွာ ေဆး႐ုံက သူနဲ႕ဆာဂ်ရီလုပ္ခဲ့တဲ့ လူနာေတြရဲ႕ မွတ္တမ္းေတြကို စစ္ေဆးရင္း တစ္မနက္ခင္းကို ကုန္ဆုံးလိုက္သည္

Chaeyoungဟာ သူ႕အေမလိုဘဲ ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္လာခဲ့ပါတယ္

ဒါေပမယ့္ ေရာဂါေတြကိုရွာေဖြကုသေပးတဲ့ လိုင္းကိုေတာ့ Chaeyoung စိတ္မဝင္စား ဆာဂ်င္ေတြထက္ ဆာဂ်ရီဘက္ကို Chaeyoung ေ႐ြးခ်ယ္ခဲ့သည္

မ်က္ႏွာ မီးေလာင္ဒဏ္ရာေၾကာင့္ လူေတာမတိုးရဲတဲ့ ေကာင္မေလးတစ္ေယာက္ကို Chaeyoung အေကာင္းတိုင္း ျပန္ျဖစ္ေအာင္ ခြဲစိတ္ေပးခဲ့သည္

ရင္သားေသးလို႔ အမ်ိဳးသားဆီက ကြာရွင္းခံရတဲ့အမ်ိဳးသမီးက ရင္သားလာခြဲစိတ္တာကိုလည္း Chaeyoung ကူညီေပးခဲ့သည္

သူတို႔ရဲ႕သိမ္ငယ္မႈေတြ ေပ်ာက္သြားေအာင္ Chaeyoung ဟာ ႀကိဳးစားကူညီေပးရတာကို အရမ္းသေဘာက်တယ္ေလ

Chaeyoung မွတ္တမ္းေတြၾကည့္ရင္း သူ႕လက္သန္းႂကြယ္က လက္စြပ္ေလးကို ၾကည့္ၿပီး ၿပဳံးလိုက္မိသည္

Lisaမိဘေတြ ရွိတုန္းက Lisaအိမ္ အလည္သြားတိုင္း Mrs.Manobanလက္မွာ ဒီလက္စြပ္ေလး ဝတ္ထားတာကို Chaeyoung အၿမဲေတြ႕တယ္ေလ

Mrs.Manoban တန္ဖိုးထားရတဲ့ လက္စြပ္ေလးကို ဝတ္ထားခြင့္ရလို႔ Chaeyoung ဂုဏ္ယူမိသည္

အခု အိမ္မက္မက္ေနတာ မဟုတ္ဘူးဘဲ Chaeyoungက သူ႕အခင္ဆုံး သူငယ္ခ်င္းကို လက္ထပ္ေတာ့မွာ

Lisaကို လက္ထပ္ရတာဟာ အျပစ္တစ္ခုလို Chaeyoungမခံစားရ ေဘာင္ေတြစည္းေတြရွိသလို မခံစားရဘဲ သဘာဝက်က် လြတ္လပ္ေနသလို ခံစားရသည္ ၿပီးေတာ့ လက္ထပ္ပြဲနဲ႕ ပတ္သက္ၿပီး Chaeyoungက သူ႕ကိုယ္သူလည္း လုပ္နိုင္တယ္လို႔ ယုံၾကည္တယ္ေလ

သူ႕ဖုန္းျမည္သံဟာ Chaeyoungကို အေတြးထဲကေန လက္ေတြ႕ကမၻာကို ျပန္ေရာက္ေစသည္

"Hey Somi..ဟုတ္တယ္ ဒီေန႕ည မဟုတ္ဘူး နင္အဲ့ဒီကို သြားရမွာ Jennieလည္း ရေအာင္ေခၚလာခဲ့ေနာ္ Jisooလည္း အဲ့ကိုသြားလိမ့္မယ္ ဟုတ္ၿပီ သိပ္မၾကာခင္ ေတြ႕ၾကတာေပါ့ "

Chaeyoung အလုပ္ကို လက္စသတ္ၿပီး Lisaဆီ သြားဖို႔ ေရခ်ိဳးျပင္ဆင္ေလသည္

ဘာဝတ္ရမလည္း ေ႐ြးေနတုန္း သူနဲ႕Lisaက တကယ္လက္ထပ္တာမဟုတ္ဘဲ ႏွစ္ႏွစ္ေက်ာ္ရင္ ကြာရွင္းမယ့္သူေတြဆိုတာ Chaeyoung သူ႕ကိုယ္သူသတိေပးေနမိသည္

Chaeyoung ၾကည့္ေကာင္းမယ့္ အဝတ္အစား ဝတ္ၿပီး Lisa အိမ္ကိုထြက္လာသည္

Lisaရဲ႕ အိမ္ကိုေရာက္ေတာ့ အိမ္ေဖာ္တစ္ေယာက္က Chaeyoungကို ႏႈတ္ဆက္ၿပီး Lisa အခန္းထဲေခၚသြားသည္

Chaeyoung အခန္းထဲေရာက္ေတာ့ Lisaက အဝတ္အစားဝတ္ေနသည္

အဝတ္အစားမပါတဲ့ Lisaရဲ႕ ခႏၶာကိုယ္ကို Chaeyoung ခဏခဏျမင္ဖူးတယ္ေလ

Chaeyoungတို႔ ႏွစ္ေယာက္က အတူတူအိပ္တယ္ အတူစားတယ္ တစ္ေယာက္ဆံပင္တစ္ေယာက္စည္းေပးတယ္ တစ္ခါတစ္ေလ ဆယ္ေက်ာ္သက္ေတြလို ဂိမ္းေတြေဆာ့ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ဖက္နမ္းၾကေသးသည္

သူတို႔မလုပ္ဖူးတဲ့အရာကေတာ့ တစ္ခုသာရွိေတာ့သည္ အဲ့တာကေတာ့ ေဖာင္းဒိုင္းလုပ္ျခင္းပါ

"Chaeyoung နင္...အရမ္းလွတာဘဲ...."

"ငါလွတာ ငါသိပါတယ္ "

"Gosh...နင္ အဆင္သင့္ျဖစ္ၿပီလား "

"ထင္တာဘဲ သူတို႔စိတ္ဆိုးသြားၾကမယ္လို႔ ထင္လား "

"ငါမသိဘူး ဒါေပမယ့္ သူတို႔ကို ငါေသခ်ာရွင္းျပမွာပါ "

ည ရွစ္နာရီခြဲေတာ့ Lisa အိမ္ကို သူတို႔သူငယ္ခ်င္းေတြအျပင္ Chaeyoung မိဘေတြပါ ေရာက္လာသည္

အိမ္ေဖာ္ေတြက ဝိုင္နဲ႕အသီးေတြ ျပင္ဆင္ေပးထားၿပီး Jennieတို႔မွာ ဝိုင္ေသာက္ရင္း အခ်င္းခ်င္း စကားေျပာေနၾကသည္

"ဒီေတာ့ ငါတို႔က ဘာကိုဂုဏ္ျပဳရမွာလည္း ငါေျပာခ်င္တာက တစ္ခုခုအတြက္ ေခၚလိုက္တာမဟုတ္လား "

Jennie ဝိုင္ခြက္ကိုကိုင္ၿပီး Chaeyoungကို ေမးလိုက္သည္

"ေမးခြန္းေကာင္းဘဲ Jendeuk "

Jisooက ဝင္ေထာက္ခံလိုက္သည္

Somiကေတာ့ loveနဲ႕ေဆာ့ကစားေနသည္

Chaeyoung ထရပ္ၿပီး ဝိုင္ခြက္ကို အသီးခက္ရင္းနဲ႕ တီးလိုက္သည္

အားလုံးလည္း စကားေျပာေနရာက ရပ္ၿပီး Chaeyoungကို ၾကည့္လိုက္ၾကသည္ 

"Humm Hi...အားလုံးဘဲ လာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဟုတ္တယ္ ကြၽန္မတို႔က တစ္ခုခုအတြက္ ဂုဏ္ျပဳဖို႔... အာ "

"Oh my god... Chaeyoung သမီး ဗိုက္ႀကီးေနတာလား "

Mrs.Parkမွာ သူ႕သမီးက ရည္းစားမရွိဘူးဆိုတာ သိေပမယ့္ အခုတေလာ အျပဳအမူေတြထူးဆန္းေနလို႔ တစ္ခုခု ျဖစ္ေနတာေတာ့ သတိထားမိသည္

"မဟုတ္ပါဘူး သူက ဗိုက္မႀကီးပါဘူး အန္တီ "

Lisaက အျမန္ထရပ္ၿပီး Chaeyoungလက္ကို ကိုင္ကာ Mrs.Parkကို ေျပာလိုက္သည္

"ကြၽန္မတို႔က....လက္ထပ္ၾကေတာ့မလို႔ပါ "

Chaelisaတို႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ကာေျပာလိုက္ၾကသည္

Lisa တို႔စကားေၾကာင့္ Jensooတို႔မွာတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ဘာေျပာရမွန္းမသိျဖစ္ေနတယ္

Somiကလည္း Loveနဲ႕ေဆာ့ရာက ရပ္ၿပီး Chaelisaတို႔ကိုၾကည့္ေနသည္

Mr.Parkတို႔ကလည္း တစ္ခုခုေျပာဖို႔ စဥ္းစားေနသည္

"Fucking Shit"

"ဦးေလး ကြၽန္မ ရွင္းျပပါမယ္ "

"Lisaေရ Park Familyကေန ႀကိဳဆိုပါတယ္ "

Mr.Parkမွာ ေျပာၿပီး Lisaကို လာဖက္သည္

"တကယ္ႀကီးလား Chaeyoung ဘယ္တုန္းက နင္တို႔တြဲလိုက္ၾကတာလည္း ေနာက္ဆုံးေတာ့ ငါတို႔အၾကာႀကီးေစာင့္ေနရတဲ့ေန႕ ေရာက္လာၿပီ နင္တို႔ႏွစ္ေယာက္ ဘယ္အခ်ိန္ႀကိဳက္ၾကမလည္းဆိုတာ ေစာင့္ေနတာ "

Jennieက သူ႕သူငယ္ခ်င္းတို႔ကိုေျပာလိုက္ေတာ့ Chaeyoung ေခါင္းခါျပသည္

"မဟုတ္ဘူး Jen နင္ထင္သလိုမဟုတ္ဘူး ေနၾကပါအုန္း အားလုံးဘဲ ခဏ ကြၽန္မတို႔က တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္လို႔လက္ထပ္ၾကတာ မဟုတ္ပါဘူး "

Chaeyoungရဲ႕ စကားေၾကာင့္ အားလုံးပါးစပ္အေဟာင္းသားျဖစ္သြားသည္

"ကြၽန္မ ရွင္းျပပါရေစ နည္းနည္းရႈပ္ေပမယ့္ ရွင္းျပပါရေစ "

"ဒါဆိုလည္း ရွင္းျပ Lisa..."

Jisooမွာ ဘာေတြျဖစ္ေနလည္းဆိုတာ ေသခ်ာသိဖို႔ သူ႕သူငယ္ခ်င္းကို ရွင္းျပဖို႔ အခြင့္အေရးေပးလိုက္သည္

Lisaလည္း သက္ျပင္းခ်ၿပီး ျဖစ္ခဲ့သမွ်ကို အကုန္ရွင္းျပလိုက္သည္

"ဒီေတာ့ Lisa companyကို ထိန္းခ်ဳပ္နိုင္ဖို႔ နင္တို႔ႏွစ္ေယာက္က လက္ထပ္ၾကတာ ဟုတ္လား "

"Ommaေတာ့ သမီးတို႔အႀကံကို မႀကိဳက္ဘူးေနာ္ "

Mrs.Parkကမႀကိဳက္ဘူးေျပာေနေပမယ့္ Chaeyoungကေတာ့ ဟန္ေဆာင္လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ေတာင္ ထိုးၿပီးေရာေပါ့

"အခုလိုအေျခအေနျဖစ္လာရၿပီဆိုေတာ့ Mr.Parkတို႔ ကြၽန္မ Chaeyoungကို ေသခ်ာဂ႐ုစိုက္ပါမယ္လို႔ ကတိေပးပါတယ္ ကြၽန္မရဲ႕ဇနီးမယားအျဖစ္ ဟန္ေဆာင္ရေပမယ့္ Chaeyoungကို လြတ္လပ္ခြင့္ေပးထားမွာပါ ကြၽန္မတို႔ႏွစ္ေယာက္ၾကား ဘာမွေျပာင္းမသြားပါဘူး သူက ကြၽန္မအခင္ဆုံး သူငယ္ခ်င္းျဖစ္လို႔ သူ႕ကိုဂ႐ုစိုက္ၿပီးေလးစားပါတယ္ ႏွစ္ႏွစ္ေက်ာ္သြားလို႔ သူတစ္ေယာက္ေယာက္ကို ရွာေတြ႕ရင္ေတာင္ ကြၽန္မ မတားပါဘူး "

Lisaမွာ Mrs.Parkတို႔ကို ေျဖာင္းျဖၿပီး ကတိေပးေလသည္

ခဏၾကာေတာ့ အိမ္ျပန္သြားတဲ့ Mr.Parkတို႔ကို ၿခံတံခါးထိ Chaeyoungတို႔ လိုက္ပို႔ေပးၾကသည္

"သူတို႔က ငါတို႔ကိုဘာလို႔တကယ္တြဲတယ္ထင္ၾကတာလည္း မသိဘူး "

"ငါကေတာ့ နင့္မိဘေတြ ငါ့ကိုသတ္ေတာ့မယ္ထင္ၿပီး ဘုရားစာ႐ြတ္လိုက္ရတာ အာေတာင္ေျခာက္လာၿပီ ဘာဘဲျဖစ္ျဖစ္ ဟန္ေဆာင္လက္ထပ္္ဆိုေပမယ့္ နင္အႀကိဳက္ဆုံး ဂါဝန္ဝယ္လိုက္ ငါဝယ္ေပးမယ္ ၿပီးေတာ့ လက္ထပ္ပြဲအတြက္ ငါအကုန္လုံး အကုန္က်ခံေပးမယ္ နင့္အတြက္ လက္စြပ္တစ္ကြင္းပါ ဝယ္ေပးမယ္ အယ္ အဲ့လိုေျပာလို႔ အေမ့လက္စြပ္ျပန္ေတာင္းတာ မဟုတ္ဘူးေနာ္ အေမ့လက္စြပ္က နင့္အတြက္ပါ
အခု ဝယ္ေပးမယ့္လက္စြပ္က နင္က ငါ့အပိုင္ဆိုတာ တစ္ကမၻာလုံးကိုသိေစခ်င္လို႔  သိတယ္မလား မီဒီယာေတြက ငါတို႔ဆင္တူလက္စြပ္ေလးေတြကို လိုက္ေခ်ာင္းေနၾကမွာေလ "

"ေကာင္းသားဘဲ နင္ကအျမင္ရွိေတာ့ ငါဘာလက္စြပ္ေနေန ႀကိဳက္ပါတယ္ "

Chaelisaတို႔ စကားေျပာရင္း အိမ္ထဲဲျပန္ဝင္လာၾကသည္

"ဒါေပါ့ ငါက အျမင္ရွိလို႔ နင့္ကိုလက္ထပ္ခြင့္ေတာင္းတာေပါ့ "

"Hey ဘယ္သူကအရင္ လက္ထပ္ခြင့္ေတာင္းတာလည္း မေမ့နဲ႕ "

Chaeyoungက ရန္လုပ္ေတာ့ Lisa အူယားၿပီး Chaeyoungပါးေလးကိုဆြဲညွစ္သည္

Jisooမွာ သူ႕ကိုမျမင္ဘဲ က်ီစယ္ေနၾကတဲ့အခ်စ္ငွက္ကေလးေတြ ၾကားေအာင္ ေခ်ာင္းဟန့္လိုက္သည္

"Hey Jisoo "

"Lisa နင္ လက္ထပ္သင့္တဲ့သူက ငါျဖစ္ရမွာသိလား Chaeyoungက အလုပ္မ်ားေနတဲ့သူ ငါကအလုပ္မရွိလို႔ အားေနတဲ့သူ နင္ငါ့ကို လစာေပးၿပီး ႏွစ္ႏွစ္ေလာက္ငွားပစ္လိုက္ေလ "

"Come on Jisoo နင္နဲ႕ငါမွာ ဘာဓာတုေဗဒမွမရွိသလို ႐ူပေဗဒလည္း မရွိဘူး ဟုတ္ၿပီလား နင့္သာငါလက္ထပ္လိုက္ရင္ Yoosunက တစ္စကၠန့္နဲ႕တန္းမိမွာ "

Jisoo ဘာမွျပန္မေျပာဘဲ ရယ္ၿပီးေခါင္းညိတ္လိုက္သည္

ဟန္ေဆာင္လက္ထပ္ၾကေပမယ့္ ဘယ္အခ်ိန္က်ရင္ Chaelisaတို႔တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ေနေၾကာင္း မဖုံးကြယ္ဘဲ ဝန္ခံၾကမလည္းဆိုတာ Jisoo ေစာင့္ေနတယ္ေလ သူ႕သူငယ္ခ်င္းႏွစ္ေယာက္အေၾကာင္း Jisooအသိဆုံး မဟုတ္လား

#tbc

Bạn đang đọc truyện trên: Truyen3h.Co