Truyen3h.Co

Business Proposal

Part 27

KimFany059

နူးနူးညံ့ညံံ့ တေးသီချင်းတွေ ဖွင့်ထားတဲ့ Chaeyoungတို့အိမ်တွင် Jennieတို့ စားလိုက်သောက်လိုက်နဲ့ ပျော်နေကြသည်

ဒီပွဲကတော့ Manoban Company CEO Lisaကို ကယ်တင်နိုင်ခဲ့လို့ ကျင်းပခြင်း ဖြစ်သည်

"Chae...နင်ဘယ်လိုလုပ်ခဲ့တာလည်း "

Lisaမှာ အခုထိ Chaeyoungက သူတို့companyမှာ ရှယ်ယာဝင်ခဲ့တာကို အံ့သြနေခြင်းပင် ဖြစ်သည်

"ငါ နင့်ကို ဂရုစိုက်ပါမယ်လို့ ကတိပေးခဲ့တယ်လေ မဟုတ်လား နင်နေမကောင်းလို့ ဆေးရုံတက်ရတုံးက Jinwooက ရောက်လာပြီး နင် ရှယ်ယာတွေ ရောင်းမယ့်အကြောင်းပြောပြခဲ့တယ်လေ "

Lisaရဲ့ ရင်ခွင်ထဲကနေ Chaeyoung ပြောပြနေသည်

"Chaeyoung အဲ့တာက ပိုက်ဆံတွေအများကြီးဘဲလေ ဒေါ်လာ 300000 တောင်....နင် ဆေးရုံမှာလုပ်တဲ့လစာက အဲ့လောက်မရဘူးလေ "

"Appaက သူ့စက်ပစ္စည်းတွေနဲ့ သူ့နည်းပညာတစ်ချို့ကိုရောင်းတယ် Ommaကလည်း ဆေးရုံက သူ့ရှယ်ယာတစ်ချို့ရောင်းပေးတယ်လေ "

Chaeyoungရဲ့စကားကြောင့် Lisaမှာ ပိုအံ့သြပြီး သူ့ယောက္ခမတွေကို လှည့်ကြည့်လေသည်

"Mom...Dad သူပြောတာ အမှန်တွေလား တကယ်ကြီးလား "

"ဒါပေါ့ သမီးက Park familyရဲ့မိသားစုဝင်ဘဲလေ...ဒါက မိသားစုတွေ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြတာ မဟုတ်လား "

Mr.Park စကားကြောင့် Lisaမှာ ဝမ်းသာကျေနပ်ပီတိဖြစ်ပြီး မျက်ရည်တွေတောင် ဝဲလာသည်

"ကျေးဇူးတင်ပါတယ် ဘယ်လို ပြန်ဆပ်ရမှန်းတောင် မသိတော့ဘူး "

"ဘယ်လိုပြန်ဆပ်ရမလည်းဆိုတာ ပြောပြရမလား "

Chaeyoungမှာ Lisaနားလေးသို့ ကပ်ပြောတော့ Somiကထအော်သည်

"Hey hey အရှိန်ထိန်းကြနော် ကိုယ့်လူတို့ ငါတို့ရှိသေးတယ် "

Somi စကားကြောင့် Chaeyoungမှာ ရယ်ပြီး Lisaကို နမ်းလိုက်သည်

"တကယ်ကြီးလား ရည်းစားတွေမဖြစ်ခင်ကလည်း မျက်လုံးချင်းsexလုပ်တာကို ငါတို့က ထိုင်ကြည့်နေရတယ် အခု ယူပြီးသွားတော့လည်း တစ်ယောက်ကိုတစ်ယောက် နမ်းနေတာတွေ ထိုင်ကြည့်နေရတယ် "

Jennieမှာ Chaelisaတို့ ကဲနေတာကို ကြည့်ပြီး အော်လေသည်

ဒီလိုနဲ့ Chaeyoungတို့ ရုပ်ရှင်ကြည့်နေကြရင်း ဘီယာတွေကုန်သွားလို့ Chaeyoungမှာ မီးဖိုခန်းထဲ ဘီယာသွားယူသည်...သူ့မိဘတွေကတော့ အိပ်သွားရှာတယ်

Chaeyoung ခုလိုအခြေအနေလေးကို အရမ်းသဘောကျတယ် ကိုယ်ချစ်ရတဲ့ မိသားစု သူငယ်ချင်းနဲ့ကိုယ့်အမျိုးသ​မီးဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတာ နိဗ္ဗာန်ဘုံလိုပင်

Lisaနဲ့အခုလိုလေး အမြဲအတူရှိနေချင်သည်.... ပြီးတော့ ဒီထက်ပိုပြီး မိသားစုအသစ်တွေတိုးချင်ပေမယ့် Lisaက Companyကိစ္စနဲ့ အလုပ်ရှုပ်နေရတော့ ကလေးယူမယ့်အစီအစဥ်ကို နောက်ဆုတ်ထားရတယ်လေ

Chaeyoung ဘီယာပုလင်းတွေယူပြီး ထွက်လာစဥ် အခန်းတစ်ခန်းထဲက အသံတွေ​ကြားလို့ ဘီယာတွေကို စားပွဲခုံပေါ်တင်ပြီး အခန်းတံခါးနားကပ်ကာ နားထောင်ကြည့်တော့ Jensooအသံဖြစ်နေသည်

"Geez...Jisoo နင်ငါ့ကို ဘာပြောစေချင်တာလည်း "

"ထားလိုက်ပါတော့ ဒါပေမယ့် ငါ့ကိုပေးထားတဲ့ ကတိတည်ပေးလို့ ကျေးဇူး Jen "

"ငါတို့ ဖောင်းဒိုင်းနေချိန် Chaeyoung အခန်းတံခါးလာခေါက်ပြီး Lisaကို လာရှာတာကို ဘယ်မေ့လို့ရမလည်း.."

"yep တော်တော်လေးဗြောင်းဆန်သွားတဲ့ ညလေ "

Jisoo ပြောပြီး ရယ်လေသည်

Chaeyoungလည်း အဲ့ဒီညကို ဘယ်မေ့မှာလည်း ခုထိမှတ်မိနေတုံးပင်

အဲ့နေ့ညက Chaeyoungတို့ သူငယ်ချင်းတစ်သိုက် ကောလိပ်ကနေ ကလပ်ကို သွားခဲ့ကြတာလေ

ကလပ်မှာ သောင်းကျန်းကြပြီး Chaeyoung အိမ်သာခဏသွားရာက ပြန်လာတော့ Lisaကို Chaeyoung ကလပ်ထဲမှာ မတွေ့တော့ပေ

Lisaကို မတွေ့တော့လို့ Chaeyoung အရမ်းစိတ်ပူသွားခဲ့တယ် ဘာလို့လည်းဆိုတော့ Lisaက အရမ်းမူးနေလို့လေ Lisaကို ခေါင်းမီးတောက်မတတ် လိုက်ရှာခဲ့ချိန်တွေကို Chaeyoung ခုထိမှတ်မိသေးသည်

"အဲ့တုံးက နင်က အိမ်သာထဲမှာ ဆေးလိပ်သောက်နေတာလေ ငါက အန်ချင်လို့ ပြေးလာပြီး အိမ်သာထဲ အတင်းတိုးဝင်တာ ငါ့ကြောင့် နင့်ဆေးလိပ် ပြုတ်ကျသွားတာ မှတ်မိသေးတယ် ပြီးတော့ အိမ်သာဘေးက အခန်းထဲ Lisaက Ginger girlကို fuckနေလို့ နင့်ငါ့ကို ဆွဲခေါ်လာခဲ့တာလေ ...."

"ဟုတ်ပါ့ Lisaက အဲ့ကောင်မလေးကို fuckရင်း Chaeyoungနာမည်ကို ညည်းနေခဲ့တာလေ သူ့အသံတွေကြောင့် ငါ စိတ်ကြွလာပြီး "

"ငါ့ကို ငါ့အခန်းထဲ လိုက်ပို့ပေးပြီး fuckတာမဟုတ်လား..."

"ဟား ဟုတ်ပါ့ Chaeyoungကြောင့် အရှိန်ပျက်ခဲ့တာလေ "

Jensooတို့ရဲ့ စကားကို ချောင်းနားထောင်မိရင်း Lisaကို Chaeyoung စိတ်မကောင်းဖြစ်မိသွားတယ်

အဲ့ကတည်းက Lisaက သူ့ဆန္ဒတွေသူ့စိတ်ကို ထိန်းထားခဲ့ရတာပါလား

Chaeyoung စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ ဧည့်ခန်းဘက်ပြန်ရောက်လာသည်

"အယ် Chae ဘာဖြစ်လို့လည်း "

"ငါနင့်ကို သိပ်ချစ်တာဘဲ Lisaရယ် "

Lisaက သူ့ကောင်မလေး မျက်နှာမကောင်းတာသိလို့မေးတော့ Chaeyoungမှာ Lisaကို ဖက်ပြီး ပြောလေသည်

"ငါရောဘဲ "

Lisaကပြောပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည် Chaeyoung ကလည်း Lisaကို ပြန်နမ်းသည်

ထိုစဥ် Somiက သူတို့ကို ခေါင်းအုံးနဲ့လှမ်းပေါက်လေသည်

"Hey what the hell Somi "

"ရုပ်ရှင်အေးဆေးကြည့်ရမှာလား နင်တို့ တပြွတ်ပြွတ်နဲ့နမ်းနေတာကို ကြည့်ရမှာလား ဘယ်မှာလည်း ဘီယာ ဘီယာသွားယူတာဆို "

"Sorry ငါမေ့ခဲ့လို့ ဟီးဟီး "

ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်ကြည့်ပြီးနောက် Chaelisa တို့ သူတို့အိမ်ကိုပြန်လာခဲ့ကြသည်

ကုတင်ပေါ်တွင် လှဲအိပ်နေကြရင်း

"Lisa ငါ့ရှယ်ယာတွေကို နင့်နာမည်နဲ့ လွှဲပေးလိုက်မယ်နော် "

"ဟာ မလုပ်ပါနဲ့ နင့်ရှယ်ယာတွေကို "

"ငါက businessနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလေ နင်ဘဲထိန်းထားပေးတာ ပိုမကောင်းဘူးလား..."

"နင် business အကြောင်းတွေသိပါတယ် အချစ်ရယ် သိလို့ဘဲ ငါ့ကိုလက်ထပ်ပေးပြီး ကူညီခဲ့တာ မဟုတ်လား "

"ဒါကတော့ နင့်အတွက် ဘာမဆိုလုပ်ပေးချင်လို့လေ "

"နင်က နင့်နှလုံးသားအတိုင်း လိုက်လုပ်တယ် ငါ့အတွက် ပမာဏများတဲ့ငွေတွေရအောင် လုပ်ပေးတယ် ငါကသာ နင့်ကိုချစ်ကြောင်းပြောပြဖို့ ကြောက်နေခဲ့တာ "

"နင်မကြောက်ပါဘူး နင်ထုတ်ပြောခဲ့တယ်လေ မဟုတ်ဘူးလား "

"ငါ ပြိုလဲချိန်တိုင်း နင်အမြဲ အနားရှိပေးလို့ ကျေးဇူးတင်ပါတယ် အချစ်ရယ် "

Chaeyoungကို တင်းတင်းကြပ်ကြပ် ဖက်ပြီး Lisa ပြောလိုက်သည်

*****

Lisa companyတွင် အလုပ်ကိစ္စတွေ အပြီးသတ်ပြီး အိမ်ပြန်ဖို့ ပြင်လေသည်

"CEO မပြန်သေးဘူးလား "

ရုံးခန်းတံခါးခေါက်ပြီး ဝင်လာတဲ့ Emilyကို Lisa တစ်ချက်ကြည့်လိုက်သည်

"အခုပြန်မလို့ "

"အတော်ဘဲ ငါလည်း အခုမှ အလုပ်ပြီးလို့ ပြန်မလို့လေ Yoosunက လေဆိပ်သွားလို့ သူ့အလုပ်တွေ လက်စသတ်ပေးနေတာ နိုင်ငံခြား​က ပြန်လာတဲ့ သူ့သားကို သွားကြိုတာဆိုလား "

"Aww "

Lisa ပြောပြီး ရုံးခန်းထဲက ထွက်လာသည်

Emilyကလည်း Lisaနောက် လိုက်လာပြီး ဓာတ်လှေကားစောင့်နေသည်

"ငါ နင်နဲ့ သူငယ်ချင်းဖြစ်ခါစ အချိန်ကို လွမ်းလိုက်တာ Lisa "

"အဲ့အချိန်တွေ ပြန်မရနိုင်တော့ဘူး Emily ငါ နင့်ကို မယုံတော့ဘူး ပြီးတော့ ဖြစ်ခဲ့သမျှဟာတွေက အတိတ်မှာ ကျန်ခဲ့ပြီ ငါ့အတွက် အရေးမပါတော့ပါဘူး အခု ငါ့အတွက် အရေးပါတာက Park Chaeyoung ဘဲ "

Lisaပြောပြီး ဓာတ်လှေကားထဲ ဝင်တော့ Emilyက လိုက်လာသည်

"ငါ့အတွက်တော့ အရေးပါတယ် Lisa...ငါတို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖျက်ဆီးခဲ့မိလို့ တောင်းပန်ပါတယ် ငါတစ်လျှောက်လုံး နောင်တရနေခဲ့တာ "

"မေ့လိုက်တော့ Emily ငါလည်း မေ့လိုက်သလို နင်လည်း မေ့သင့်ပြီ "

Lisaပြောပြီး ဓာတ်လှေကားကနေ ထွက်မယ်လုပ်တော့ Emilyက သူ့လက်ကို ဆွဲပြီး Lisaနှုတ်ခမ်းကို နမ်းလိုက်သည်

"ဘာလုပ်တာလည်း ငါမကြိုက်ဘူး နောက်အဲ့လိုမလုပ်ပါနဲ့ "

Emilyကို ဆောင့်တွန်းပြီး Lisaကားပါကင်သို့ ထွက်လာသည်

Emily သူ့ကို နမ်းလိုက်တာကို Lisa စိတ်ထဲတောင်မထား အိမ်မှာ စောင့်နေတဲ့ သူ့မိန်းမ တစ်ယောက်တည်း အထီးကျန်နေမှာဆိုးလို့ အိမ်ကိုသာ အမြန်ပြန်လာသည်

#tbc

#Zawgyi

နူးနူးညံ့ညံ့ တေးသီချင်းတွေ ဖွင့်ထားတဲ့ Chaeyoungတို့အိမ်တွင် Jennieတို့ စားလိုက်သောက်လိုက်နဲ့ ပျော်နေကြသည်










































"ငါရောဘဲ "



"Hey what the hell Somi "














*****


"CEO မပြန်သေးဘူးလား "


"အခုပြန်မလို့ "


"Aww "












#tbc

Bạn đang đọc truyện trên: Truyen3h.Co