Truyen3h.Co

Business Proposal

Part 28

KimFany059

Lisa အိမ်ကို ပြန်ရောက်လာတော့ သူ့မိန်းမ Chaeyoung အိပ်နေပြီထင်လို့ သူ့မိန်းမ မနိုးအောင် တိုးတိုးလေး အိမ်ထဲဝင်လာသည်

ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်တော့ မအိပ်သေးဘဲ ကုတင်ပေါ် စာအုပ်ထိုင်ဖတ်နေတဲ့ Chaeyoungကို တွေ့လိုက်ရသည်

"Chae...မအိပ်သေးဘူးလား နောက်ကျနေပြီကို ..."

Lisaမှာ Chaeyoungကို ပြောရင်း ဂျာကင်ကို ချွတ်ကာ ထိုင်ခုံပေါ် တင်လိုက်သည်

"ငါလည်း ခုနမှ ပြန်ရောက်တာရယ် ဒီနေ့ ဆေးရုံက ခွဲစိတ်မှုကတော်တော်ကြာတယ်လေ အဲ့တာကြောင့် မအိပ်သေးဘဲ နင့်ကိုစောင့်နေတာ "

Chaeyoung ပြောပြီး ကုတင်ပေါ်ကနေ လေးဘက်ထောက်လာပြီး Lisaကို ဖက်လိုက်သည်

သို့သော် တစ်ခုခုကြောင့် Chaeyoung မျက်မှောင်ကြုတ်ပြီး ဖက်ထားရာက ခွာလိုက်သည်

"ဘာဖြစ်လို့လည်း ချွေးနံ့ နံလို့လား "

"မဟုတ်ဘူး ရေမွှေးနံ့ရနေတာ အချစ် နင်က ရေမွှေးသိပ်မသုံးဘူးလေ ဘယ်က ရေမွှေးအနံ့လည်း "

Chaeyoungရဲ့ စကားကြောင့် Lisaလည်း သူ့အင်ကျီကို သူပြန်နမ်းကြည့်သည်

"Emilyရဲ့ ရေမွှေးအနံ့ထင်တယ် သူခုန ငါ့ကိုဖက်လိုက်တုံးက ပါလာတာနေမယ် "

"နေပါအုံး Emilyက ဘာလို့ နင့်ကိုဖက်ရတာလည်း "

"Aww ငါသူ့ကို အတိတ်က ကိစ္စတွေ စိတ်ထဲမထားတော့ကြောင်း သူ့ကိုခွင့်လွှတ်ကြောင်းပြောတော့ သူပျော်သွားပြီးဖက်တာနေမယ် စိတ်မပူပါနဲ့ ငါသူ့ကို နင့်ကိုဘယ်လောက်ချစ်ကြောင်း ပြောပြီး စည်းတားထားပါတယ် "

Lisaက Emilyကို မေ့နိုင်သွားတာကို Chaeyoung ဝမ်းသာပေမယ့် Lisaအနား  Emilyရှိနေတာကို Chaeyoung စိတ်မချ ​မြေခွေးမက ဘယ်လို အကျင့်ယုတ်အုံးမလည်းဆိုတာ မသိရဘူးလေ

ထပ်ပြီး Chaeyoungအတွက် စိတ္တဇ ဖြစ်စရာက ပေါ်လာပြန်သည်

Lisaနဲ့ Yoosun,Emilyတို့က တရုတ်ပြည်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာတဲ့လေ

Chaeyoung လိုက်သွားချင်ပေမယ့်လည်း အရေးကြီးတဲ့ ခွဲစိတ်မှု နှစ်ခုက ရှိနေတော့ Lisaကို တစ်ယောက်တည်း လွှတ်လိုက်ရသည်

Lisaကလည်း Chaeyoung စိတ်ပူစေရမယ့် ကိစ္စတွေ ဘာမှမလုပ်ပေ ဘယ်နေရာကိုရောက်နေကြောင်း ဘာတွေလုပ်နေကြောင်း သက်သေ videoနဲ့တကွ အချိန်နဲ့တပြေးညီ ပို့တောင်ပေးနေသေးသည်

Lisa တရုတ်ပြည်က ပြန်ရမယ့်ညမှာ ဟိုတယ်အခန်းထဲတွင် Chaeyoungနဲ့ Video callပြောနေသည်

Knock Knock

"ချစ် ခဏနော် တံခါးခေါက်သံကြားလို့ သွားကြည့်လိုက်အုံးမယ် "

Lisa တံခါးဖွင့်လိုက်တော့ Yoosunနဲ့ Emily ဖြစ်နေသည်

"Lisa shii လက်မှတ်ထိုးခိုင်းဖို့ တစ်ခုကျန်သွားလို့ အဲ့တာလေး "

"Yoosun အလုပ်ကိုသေချာလုပ်ပါရှင့် တစ်ခုခုကျန်နေခဲ့လို့မဖြစ်ဘူးလေ "

Lisaမှာ Yoosunပေးတဲ့ Fileတွဲကို လက်မှတ်ထိုးဖို့ ကုတင်ပေါ်တွင် ထိုင်ဖတ်နေချိန် Emilyက Lisaဘေးနား ဝင်ထိုင်ပြီး Lisaရဲ့ဖုန်းကို ကောက်ကိုင်လိုက်သည်

"Hey Chaeyoung စိတ်မပူနဲ့နော် နင့်မိန်းမကို ငါညကျ သေချာပြုစုစောင့်ရှောက်ပေးလိုက်မယ် "

"ဟာ ဘာလုပ်တာလည်း ဖုန်းပေးစမ်းပါ လက်မှတ်ထိုးပြီးပြီမို့လို့ နှစ်ယောက်သား ထွက်ကြတော့ "

Yoosunကိုရော Emilyကိုပါ Lisaအခန်းထဲကနေ မောင်းထုတ်လိုက်သည် 

"ချစ်လေးရေ ရပြီ "

Lisa ဖုန်းကိုကောက်ကိုင်ကိုင်ချင်း Emilyကို ကျိန်ဆဲနေတဲ့ Chaeyoungရဲ့ ကျိန်ဆဲသံတွေကို ကြားလိုက်ရသည်

"ဟောဗျာ စိတ်လျော့စမ်းပါ အသည်းလေးရဲ့..... ချစ်တယ်လေ နော် Hello Chae... Chaeng "

တစ်ဖက်က ဖုန်းကိုချသွားသောကြောင့် Lisa ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်

ငါ့မယားတော့ ငါ့ကိုစိတ်ဆိုးသွားပြီထင်တယ်...

အလုပ်ကိစ္စပြီးတာနဲ့ Koreaကို Lisa ချက်ချင်းပြန်လာလည်

လေ​ဆိပ်တွင် သူ့ကိုလာကြိုမယ့် Ryderကို စောင့်ရင်း Emilyတစ်ယောက်တည်း ရပ်နေတာကို တွေ့လိုက်ရသည်

"Lisa..."

"အင်း နင်ဒီမှာ ဘာလုပ်နေတာလည်း "

"ကားငှားဖို့ စောင့်နေတာ "

"Yoosunက နင့်အတွက် ကားမစီစဥ်ပေးဘူးလား "

Lisaကမေးတော့ Emilyက ခေါင်းခါပြသည်

Lisa သက်ပြင်းချပြီး

"ဘယ်လိုအထက်လူကြီးပါလိမ့် လာ ငါနင့်ကိုပြန်လိုက်ပို့ပေးမယ် မိုးကလည်းချုပ်နေတော့ ကားငှားဖို့ခက်လိမ့်မယ် ဟိုမှာ ငါ့ကားဆရာလာနေပြီ "

"ကျေးဇူးတင်ပါတယ် Lisa ငါ့ကို အမြဲဂရုစိုက်ပေးလို့ "

"ဒါဆို တစ်မျိုးမထင်နဲ့ ငါ့ဝန်ထမ်းမို့လို့ ဂရုစိုက်ပေးတာဘဲ ရှိတယ် တစ်ခြား ဘာစိတ်မှမရှိဘူး "

"အင်းပါ "

Lisaလည်း Ryderကို Emilyအိမ် အရင်ပြန်လိုက်ပို့ပေးဖို့ ပြောလိုက်သည်

Companyရဲ့ CEOကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် အတိတ်က ကိစ္စတွေကို အငြိုးတေး ထားနေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား

"Emily ငါနင့်ကို စိတ်သန့်သန့်နဲ့ အိမ်ပြန်လိုက်ပို့ပေးတာရယ် ဘာခံစားချက်မှ မရှိဘူးဆိုတာ သိထားနော် ငါနင့်ကို ခဏခဏပြောခဲ့သလိုဘဲ Chaeyoung ကို ငါအချစ်ဆုံးဘဲ ငါ့အမေပြီးရင် တစ်လောကလုံးမှာ ငါအချစ်ဆုံး မိန်းမက Park Chaeyoungဘဲ ဒါကြောင့်မို့လို့ နင့်ဆီ စိတ်ပြန်လည်လာမယ်လို့ မထင်ပါနဲ့ စိတ်ပြန်လည်လာအောင်လည်း နည်းမျိုးစုံကြိုးစားမနေပါနဲ့ ပြီးတော့ ငါ့မိန်းမကိုလည်း စိတ်ဒုက္ခ ပေးဖို့ မကြိုးစားပါနဲ့ ငါမကြိုက်ဘူး "

"ဟုတ်ပါပြီ CEOရယ် ...."

Emily ခနဲ့သလို အသံနဲ့ပြောလိုက်သည်

Emilyအိမ်ကိုလည်း ရောက်ရော Lisaက အထုပ်တွေကို ကားပေါ်က ကူချပေးသည်

"Good nightပါ CEO ကောင်းကောင်းပြန်ပါ "

Lisaလည်း ကားထဲဝင်ဖို့လုပ်တော့ Emilyက ရုတ်တရက် သူ့ကို လှမ်းဆွဲပြီး နှုတ်ခမ်းကို ထပ်နမ်းပြန်သည်

"ဘာလုပ်တာလည်း Emily အရင်တစ်ခါကတည်းက ငါပြောထားတာကို ဒါဘာလုပ်တာလည်း နောက်တစ်ခါဆို ငါ့အဆိုးမဆိုနဲ့ ဖြတ်ရိုက်မှာနော် "

Emilyကို ဆောင့်တွန်းပြီး Lisa ပြောလိုက်သည်

Lisa တော်တော်လေး ဒေါသထွက်နေပြီလေ

Emilyကို သတိပေးပြီးနောက် Lisa အိမ်ကို ပြန်လာသည်

အိမ်ကို ပြန်ရောက်တော့ ရုပ်တည်နဲ့ဖုန်းကို ကြည့်နေတဲ့ Chaeyoungကို တွေ့ရလေသည်

"Chae ငါပြန်ရောက်ပြီ.... Aigoo ခရီးက ပြန်လာတဲ့ မိန်းမကို မကြိုနိုင်လောက်တဲ့အထိ ဖုန်းထဲမှာ စိတ်ဝင်စားစရာတွေ ဘာပါလို့လည်း "

Lisaကမေးတော့ Chaeyoungက သူ့ဖုန်းကို Lisaဆီ လှမ်းပေးသည်

Lisaလည်း Chaeyoung ဖုန်းကိုယူကြည့်တော့ သူနဲ့Emily နမ်းနေတဲ့ပုံတွေနဲ့ သတင်းတွေကို တွေ့ရလေသည်

#tbc

#zawgyi

Lisa အိမ္ကို ျပန္ေရာက္လာေတာ့ သူ႕မိန္းမ Chaeyoung အိပ္ေနၿပီထင္လို႔ သူ႕မိန္းမ မနိုးေအာင္ တိုးတိုးေလး အိမ္ထဲဝင္လာသည္

ထို႔ေနာက္ အခန္းတံခါးကို ဖြင့္လိုက္ေတာ့ မအိပ္ေသးဘဲ ကုတင္ေပၚ စာအုပ္ထိုင္ဖတ္ေနတဲ့ Chaeyoungကို ေတြ႕လိုက္ရသည္

"Chae...မအိပ္ေသးဘူးလား ေနာက္က်ေနၿပီကို ..."

Lisaမွာ Chaeyoungကို ေျပာရင္း ဂ်ာကင္ကို ခြၽတ္ကာ ထိုင္ခုံေပၚ တင္လိုက္သည္

"ငါလည္း ခုနမွ ျပန္ေရာက္တာရယ္ ဒီေန႕ ေဆး႐ုံက ခြဲစိတ္မႈကေတာ္ေတာ္ၾကာတယ္ေလ အဲ့တာေၾကာင့္ မအိပ္ေသးဘဲ နင့္ကိုေစာင့္ေနတာ "

Chaeyoung ေျပာၿပီး ကုတင္ေပၚကေန ေလးဘက္ေထာက္လာၿပီး Lisaကို ဖက္လိုက္သည္

သို႔ေသာ္ တစ္ခုခုေၾကာင့္ Chaeyoung မ်က္ေမွာင္ၾကဳတ္ၿပီး ဖက္ထားရာက ခြာလိုက္သည္

"ဘာျဖစ္လို႔လည္း ေခြၽးနံ႕ နံလို႔လား "

"မဟုတ္ဘူး ေရေမႊးနံ႕ရေနတာ အခ်စ္ နင္က ေရေမႊးသိပ္မသုံးဘူးေလ ဘယ္က ေရေမႊးအနံ႕လည္း "

Chaeyoungရဲ႕ စကားေၾကာင့္ Lisaလည္း သူ႕အင္က်ီကို သူျပန္နမ္းၾကည့္သည္

"Emilyရဲ႕ ေရေမႊးအနံ႕ထင္တယ္ သူခုန ငါ့ကိုဖက္လိုက္တုံးက ပါလာတာေနမယ္ "

"ေနပါအုံး Emilyက ဘာလို႔ နင့္ကိုဖက္ရတာလည္း "

"Aww ငါသူ႕ကို အတိတ္က ကိစၥေတြ စိတ္ထဲမထားေတာ့ေၾကာင္း သူ႕ကိုခြင့္လႊတ္ေၾကာင္းေျပာေတာ့ သူေပ်ာ္သြားၿပီးဖက္တာေနမယ္ စိတ္မပူပါနဲ႕ ငါသူ႕ကို နင့္ကိုဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာၿပီး စည္းတားထားပါတယ္ "

Lisaက Emilyကို ေမ့နိုင္သြားတာကို Chaeyoung ဝမ္းသာေပမယ့္ Lisaအနား  Emilyရွိေနတာကို Chaeyoung စိတ္မခ် ေျမေခြးမက ဘယ္လို အက်င့္ယုတ္အုံးမလည္းဆိုတာ မသိရဘူးေလ

ထပ္ၿပီး Chaeyoungအတြက္ စိတၱဇ ျဖစ္စရာက ေပၚလာျပန္သည္

Lisaနဲ႕ Yoosun,Emilyတို႔က တ႐ုတ္ျပည္ကို အလုပ္ကိစၥနဲ႕ ခရီးထြက္ရမွာတဲ့ေလ

Chaeyoung လိုက္သြားခ်င္ေပမယ့္လည္း အေရးႀကီးတဲ့ ခြဲစိတ္မႈ ႏွစ္ခုက ရွိေနေတာ့ Lisaကို တစ္ေယာက္တည္း လႊတ္လိုက္ရသည္

Lisaကလည္း Chaeyoung စိတ္ပူေစရမယ့္ ကိစၥေတြ ဘာမွမလုပ္ေပ ဘယ္ေနရာကိုေရာက္ေနေၾကာင္း ဘာေတြလုပ္ေနေၾကာင္း သက္ေသ videoနဲ႕တကြ အခ်ိန္နဲ႕တေျပးညီ ပို႔ေတာင္ေပးေနေသးသည္

Lisa တ႐ုတ္ျပည္က ျပန္ရမယ့္ညမွာ ဟိုတယ္အခန္းထဲတြင္ Chaeyoungနဲ႕ Video callေျပာေနသည္

Knock Knock

"ခ်စ္ ခဏေနာ္ တံခါးေခါက္သံၾကားလို႔ သြားၾကည့္လိုက္အုံးမယ္ "

Lisa တံခါးဖြင့္လိုက္ေတာ့ Yoosunနဲ႕ Emily ျဖစ္ေနသည္

"Lisa shii လက္မွတ္ထိုးခိုင္းဖို႔ တစ္ခုက်န္သြားလို႔ အဲ့တာေလး "

"Yoosun အလုပ္ကိုေသခ်ာလုပ္ပါရွင့္ တစ္ခုခုက်န္ေနခဲ့လို႔မျဖစ္ဘူးေလ "

Lisaမွာ Yoosunေပးတဲ့ Fileတြဲကို လက္မွတ္ထိုးဖို႔ ကုတင္ေပၚတြင္ ထိုင္ဖတ္ေနခ်ိန္ Emilyက Lisaေဘးနား ဝင္ထိုင္ၿပီး Lisaရဲ႕ဖုန္းကို ေကာက္ကိုင္လိုက္သည္

"Hey Chaeyoung စိတ္မပူနဲ႕ေနာ္ နင့္မိန္းမကို ငါညက် ေသခ်ာျပဳစုေစာင့္ေရွာက္ေပးလိုက္မယ္ "

"ဟာ ဘာလုပ္တာလည္း ဖုန္းေပးစမ္းပါ လက္မွတ္ထိုးၿပီးၿပီမို႔လို႔ ႏွစ္ေယာက္သား ထြက္ၾကေတာ့ "

Yoosunကိုေရာ Emilyကိုပါ Lisaအခန္းထဲကေန ေမာင္းထုတ္လိုက္သည္ 

"ခ်စ္ေလးေရ ရၿပီ "

Lisa ဖုန္းကိုေကာက္ကိုင္ကိုင္ခ်င္း Emilyကို က်ိန္ဆဲေနတဲ့ Chaeyoungရဲ႕ က်ိန္ဆဲသံေတြကို ၾကားလိုက္ရသည္

"ေဟာဗ်ာ စိတ္ေလ်ာ့စမ္းပါ အသည္းေလးရဲ႕..... ခ်စ္တယ္ေလ ေနာ္ Hello Chae... Chaeng "

တစ္ဖက္က ဖုန္းကိုခ်သြားေသာေၾကာင့္ Lisa ဘာလုပ္ရမွန္းမသိျဖစ္သြားတယ္

ငါ့မယားေတာ့ ငါ့ကိုစိတ္ဆိုးသြားၿပီထင္တယ္...

အလုပ္ကိစၥၿပီးတာနဲ႕ Koreaကို Lisa ခ်က္ခ်င္းျပန္လာလည္

ေလဆိပ္တြင္ သူ႕ကိုလာႀကိဳမယ့္ Ryderကို ေစာင့္ရင္း Emilyတစ္ေယာက္တည္း ရပ္ေနတာကို ေတြ႕လိုက္ရသည္

"Lisa..."

"အင္း နင္ဒီမွာ ဘာလုပ္ေနတာလည္း "

"ကားငွားဖို႔ ေစာင့္ေနတာ "

"Yoosunက နင့္အတြက္ ကားမစီစဥ္ေပးဘူးလား "

Lisaကေမးေတာ့ Emilyက ေခါင္းခါျပသည္

Lisa သက္ျပင္းခ်ၿပီး

"ဘယ္လိုအထက္လူႀကီးပါလိမ့္ လာ ငါနင့္ကိုျပန္လိုက္ပို႔ေပးမယ္ မိုးကလည္းခ်ဳပ္ေနေတာ့ ကားငွားဖို႔ခက္လိမ့္မယ္ ဟိုမွာ ငါ့ကားဆရာလာေနၿပီ "

"ေက်းဇူးတင္ပါတယ္ Lisa ငါ့ကို အၿမဲဂ႐ုစိုက္ေပးလို႔ "

"ဒါဆို တစ္မ်ိဳးမထင္နဲ႕ ငါ့ဝန္ထမ္းမို႔လို႔ ဂ႐ုစိုက္ေပးတာဘဲ ရွိတယ္ တစ္ျခား ဘာစိတ္မွမရွိဘူး "

"အင္းပါ "

Lisaလည္း Ryderကို Emilyအိမ္ အရင္ျပန္လိုက္ပို႔ေပးဖို႔ ေျပာလိုက္သည္

Companyရဲ႕ CEOေကာင္းတစ္ေယာက္ ျဖစ္ဖို႔ဆိုရင္ အတိတ္က ကိစၥေတြကို အၿငိဳးေတး ထားေနလို႔ မျဖစ္ဘူးေလ ဟုတ္တယ္မလား

"Emily ငါနင့္ကို စိတ္သန့္သန့္နဲ႕ အိမ္ျပန္လိုက္ပို႔ေပးတာရယ္ ဘာခံစားခ်က္မွ မရွိဘူးဆိုတာ သိထားေနာ္ ငါနင့္ကို ခဏခဏေျပာခဲ့သလိုဘဲ Chaeyoung ကို ငါအခ်စ္ဆုံးဘဲ ငါ့အေမၿပီးရင္ တစ္ေလာကလုံးမွာ ငါအခ်စ္ဆုံး မိန္းမက Park Chaeyoungဘဲ ဒါေၾကာင့္မို႔လို႔ နင့္ဆီ စိတ္ျပန္လည္လာမယ္လို႔ မထင္ပါနဲ႕ စိတ္ျပန္လည္လာေအာင္လည္း နည္းမ်ိဳးစုံႀကိဳးစားမေနပါနဲ႕ ၿပီးေတာ့ ငါ့မိန္းမကိုလည္း စိတ္ဒုကၡ ေပးဖို႔ မႀကိဳးစားပါနဲ႕ ငါမႀကိဳက္ဘူး "

"ဟုတ္ပါၿပီ CEOရယ္ ...."

Emily ခနဲ႕သလို အသံနဲ႕ေျပာလိုက္သည္

Emilyအိမ္ကိုလည္း ေရာက္ေရာ Lisaက အထုပ္ေတြကို ကားေပၚက ကူခ်ေပးသည္

"Good nightပါ CEO ေကာင္းေကာင္းျပန္ပါ "

Lisaလည္း ကားထဲဝင္ဖို႔လုပ္ေတာ့ Emilyက ႐ုတ္တရက္ သူ႕ကို လွမ္းဆြဲၿပီး ႏႈတ္ခမ္းကို ထပ္နမ္းျပန္သည္

"ဘာလုပ္တာလည္း Emily အရင္တစ္ခါကတည္းက ငါေျပာထားတာကို ဒါဘာလုပ္တာလည္း ေနာက္တစ္ခါဆို ငါ့အဆိုးမဆိုနဲ႕ ျဖတ္ရိုက္မွာေနာ္ "

Emilyကို ေဆာင့္တြန္းၿပီး Lisa ေျပာလိုက္သည္

Lisa ေတာ္ေတာ္ေလး ေဒါသထြက္ေနၿပီေလ

Emilyကို သတိေပးၿပီးေနာက္ Lisa အိမ္ကို ျပန္လာသည္

အိမ္ကို ျပန္ေရာက္ေတာ့ ႐ုပ္တည္နဲ႕ဖုန္းကို ၾကည့္ေနတဲ့ Chaeyoungကို ေတြ႕ရေလသည္

"Chae ငါျပန္ေရာက္ၿပီ.... Aigoo ခရီးက ျပန္လာတဲ့ မိန္းမကို မႀကိဳနိုင္ေလာက္တဲ့အထိ ဖုန္းထဲမွာ စိတ္ဝင္စားစရာေတြ ဘာပါလို႔လည္း "

Lisaကေမးေတာ့ Chaeyoungက သူ႕ဖုန္းကို Lisaဆီ လွမ္းေပးသည္

Lisaလည္း Chaeyoung ဖုန္းကိုယူၾကည့္ေတာ့ သူနဲ႕Emily နမ္းေနတဲ့ပုံေတြနဲ႕ သတင္းေတြကို ေတြ႕ရေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co