Truyen3h.Co

Business Proposal

Part 29

KimFany059

"မဟုတ်ဘူး Chae ငါရှင်းပြပါမယ် နင်ထင်သလို မဟုတ်ပါဘူး Emilyက ငါ့ကို လာနမ်းတာပါ ငါကပြန်မနမ်းပါဘူး "

Lisaမှာ ပြာပြာသလဲနဲ့ သူ့ရည်းစားကို ရှင်းပြလေသည်

"အင်း ငါသိပါတယ် "

Lisaမှာ သူ့မိန်းမရဲ့ပါးလေးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး

"ငါတကယ်ကျိန်ပြောရဲပါတယ် သူ့ကို ပြန်မနမ်းပါဘူး တွန်းတောင်လွှတ်လိုက်သေးတယ် မယုံရင် Ryderကို မေးလို့ရပါတယ် ...ငါ ဂရုမစိုက်မိဘဲ ပေါ့ဆမိလို့ တောင်းပန်ပါတယ် နော် ငါက နင့်ကိုဘဲ ချစ်တာပါ နောက်ဆို ဒါမျိုးမဖြစ်အောင် ငါခပ်ကင်းကင်း နေမယ်လေနော် "

Chaeyoung မှာ သူ့မိန်းမကို စိတ်မဆိုးနိုင် Lisaရဲ့ မျက်ဝန်းထဲကိုကြည့်လိုက်တာနဲ့ အမှန်တွေပြောနေမှန်း သိရတယ်လေ

Lisaက သူ့ကိုဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ Chaeyoungယုံတယ်

"ငါသိပါတယ် Lisa...ငါနင့်ကိုယုံတယ် ငါ မယုံတာ အဲ့ဒီခွေးမကိုဘဲ ....သူ့ကိုသတ်ပစ်မယ် တကယ်ငါသတ်ပစ်ချင်နေပြီ "

"Chaeyoung မလုပ်ရဘူး.... Emilyနဲ့ခပ်ဝေးဝေးမှာ တတ်နိုင်သမျှ နေပါဟာ...Yoosunက Emilyကို အသုံးချပြီး ငါ့ကိုအနိုင်ယူဖို့ လုပ်နေတာ ဒါပေမယ့် သူဘာမှမရစေရဘူးလို့ ငါကတိပေးတယ် ပြီးတော့ ငါတို့လက်ထပ်တာ တစ်နှစ်ကျော်နေပြီလေ မကြာခင် ဒီ companyကို ငါတို့အပြီးပိုင်ရတော့မှာ ဒါကြောင့်မို့လို့ သူက Emilyကို အသုံးချပြီး ငါတို့ကို ခွဲဖို့ ကြိုးစားနေတာ "

"ဒါပေမယ့် Emilyကို ငါ ပညာပြမှဖြစ်မယ် "

"မလုပ်ပါနဲ့ Chaeyoungရယ် Emilyကို တစ်ယောက်တည်းလွှတ်ထားလိုက်ပါ ငါကြည့်ရှင်းလိုက်ပါမယ် နင်က ဘာမှမလုပ်ဘဲဲငြိမ်ငြိမ်လေး နေပေးလေနော်.... "

"...."

"နော်လို့ "

"အင်းပါ "

"ချစ်တယ် Chae...ပြီးတော့ အရမ်းလွမ်းတယ် "

Chaeyoungကို ဖက်ပြီး Lisaပြောလိုက်သည်

"ငါရောဘဲ "

Chaeyoungလည်း Lisaကို ပြန်ဖက်လိုက်သည်

ထို့နောက် Lisa အဝတ်အစားလဲပြီးနောက် Chaeyoungနဲ့အတူတူ အိပ်ရာဝင်လေသည်

နောက်တစ်နေ့ မနက် Lisa အလုပ်သွားတော့ Chaeyoungမှာ သူ့ဖုန်းကိုကောက်ယူလိုက်သည်

ပြီးတော့ Emilyကို စာပို့လိုက်သည်

Lisaကို ထပ်ပြီး မနှောင့်ယှက်အောင် Emilyကို ပညာပေးမှဖြစ်မယ်လေ

********

Chaeyoung ခေါင်းကိုက်နေတဲ့ကြားက မျက်လုံးကိုကြိုးစားဖွင့်နေရသည်

Chaeyoung ကြိုးစားပြီးထိုင်ကာ မျက်လုံးကိုသေချာအားယူဖွင့်နေသည်

သွေးညှီနံ့တွေရနေတဲ့ ပတ်ဝန်းကျင်ကို Chaeyoung သေချာမြင်ရပြီး ထအော်မိသည်

"What the hack "

Chaeyoung လန့်သွားပြီး သူ့လက်တစ်ဖက်မှာလည်း ဓားတစ်ချောင်းကိုကိုင်ထားတာတွေ့ရသည်

Chaeyoung ပိုလန့်သွားပြီး ဓားကိုလွှတ်ချလိုက်သည်

ထို့အပြင် ဆူညံသံတွေနဲ့အတူ ယူနီဖောင်းတွေ ဝတ်ထားတဲ့ သေနတ်ကိုင်လူတစ်ချို့ အထဲကို ဝင်လာကြသည်

ဒါပေမယ့် Chaeyoungကတော့ ရေကူးကန်ဘေးနားက Emilyရဲ့ သွေးတွေရွှဲနေတဲ့ အလောင်းကိုသာ အံ့သြတကြီး ကြောက်လန့်တကြားကြည့်နေမိသည်

"ငါတို့မြင်နိုင်တဲ့အထိ မင်းရဲ့လက်ကို မြှောက်ထားလိုက်ပါ ..."

"oh my god...."

Chaeyoungမှာ ရဲတွေကို ကြည့်ပြီး အနောက်ကိုဆုတ်လိုက်မိသည်

"မလှုပ်နဲ့ "

Chaeyoungလည်း ဘာလုပ်ရမှန်းမသိလို့ လက်ကိုမြှောက်ထားလိုက်မိသည်

"Chae...Chaeyoung "

"Joy....."

"နင်ဘာလုပ်ခဲ့တာလည်း "

Chaeyoungကို အလန့်တကြားကြည့်ပြီး Joyမေးလိုက်သည်

Chaeyoungမှာ ရဲစခန်းထဲက အမှုစစ်အခန်းထဲ ရောက်နေသည်

သူ့လက်တွေကလည်း လက်ထိပ်ခတ်ခံထားရတဲ့အပြင် Joyကလည်း သူ့ရှေ့မှာထိုင်ပြီး သူ့ကိုကြည့်နေသည်

Joyမှာ Chaeyounhဆီက အဖြေကိုစောင့်နေပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေသည်

Chaeyoungမှာလည်း သူမြင်ခဲ့တဲ့အရာတွေကြောင့် ခုထိ တုန်လှုပ်နေသည်

သူ့လက်တွေက သွေးတွေကလည်း ခြောက်ကပ်သွားပြီး သူ့ခေါင်းတွေကလည်း ထိုးကိုက်နေသည်

ပြီးတော့ Chaeyoungရဲ့ လက်ဗွေရာကို စစ်ဆေးကြည့်တဲ့အခါ ဓားပေါ်မှာနဲ့ Emily ကိုယ်ပေါ်မှာ ရှိခဲ့တဲ့ဓားဒဏ်ရာနဲ့ ကိုက်ညီမှုရှိနေသည်

ထို့အပြင် မီဒီယာတွေကလည်း Lisa Manobanရဲ့ မိန်းမဖြစ်သူက စိတ်ဖောက်ပြန်ပြီး Lisaရဲ့ ရည်းစားဟောင်းကိုသတ်လိုက်ခြင်း.....Lisaရဲ့ ရည်းစားဟောင်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ Park Chaeyoung တကယ်သတ်နိုင်ခဲ့တာလား

အစရှိသော သတင်းခေါင်းစဥ်တွေနဲ့ သတင်းရေးကြပြီး ပြည်သူလူထုဟာလည်း Park Chaeyoungကို အပြင်းအထန်ဝေဖန်ရှုံ့ချနေကြပါတယ်

"Chaeyoung... ကျေးဇူးပြုပြီး နင် ဘာဖြစ်ခဲ့တာလည်းဆိုတာ ငါ့ကိုပြောမပြရင် ငါ နင့်ကို ကူညီနိုင်မှာ မဟုတ်ဘူးနော် "

Joyမှာ Chaeyoungကို နောက်တစ်ခေါက်ထပ်ပြီး ချော့မေးပြန်သည်

"ရှေ့နေလာမှ ပြောလို့ရလား"

"Chaeyoung ငါက နင့်သူငယ်ချင်းဘဲလေ ငါ့ကိုပြောပြလို့ရပါတယ်ဟ ငါနင့်ကို ကူညီချင်တယ် "

Joyကပြောပေမယ့် Chaeyoungက ဘာမှပြန်မပြော...

"ကောင်းပြီလေ နင့်ရှေ့နေ လာနေပြီတဲ့ တစ်ယောက်တည်း နေချင်နေမှာပေါ့ ငါရှေ့ကို ခဏသွားလိုက်အုံးမယ် "

Joyက ရှေ့ကိုထွက်သွားတော့ Chaeyoung ဘာတွေဖြစ်ခဲ့လည်းဆိုတာ သေချာပြန်စဥ်းစားကြည့်နေသည်

Emilyနဲ့စကားပြောနေချိန် ရုတ်တရက်ထွက်လာတဲ့ မီးခိုးတွေကြောင့် Chaeyoung ဘာမှမမြင်ရဘဲဲ ဖြစ်နေချိန် အနောက်ကနေ တစ်ခုခုနဲ့ရိုက်တာ ခံလိုက်ရမှန်း Chaeyoung မှတ်မိလာတယ်

ဒါဆို လုပ်ကြံခံရတာဘဲ........

Chaeyoung သူလုပ်ကြံခံရမှန်း သိသွားပြီးဒေါသထွက်သွားသည် .....

#tbc

#zawgyi

"မဟုတ္ဘူး Chae ငါရွင္းျပပါမယ္ နင္ထင္သလို မဟုတ္ပါဘူး Emilyက ငါ့ကို လာနမ္းတာပါ ငါကျပန္မနမ္းပါဘူး "

Lisaမွာ ျပာျပာသလဲနဲ႕ သူ႕ရည္းစားကို ရွင္းျပေလသည္

"အင္း ငါသိပါတယ္ "

Lisaမွာ သူ႕မိန္းမရဲ႕ပါးေလးႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး

"ငါတကယ္က်ိန္ေျပာရဲပါတယ္ သူ႕ကို ျပန္မနမ္းပါဘူး တြန္းေတာင္လႊတ္လိုက္ေသးတယ္ မယုံရင္ Ryderကို ေမးလို႔ရပါတယ္ ...ငါ ဂ႐ုမစိုက္မိဘဲ ေပါ့ဆမိလို႔ ေတာင္းပန္ပါတယ္ ေနာ္ ငါက နင့္ကိုဘဲ ခ်စ္တာပါ ေနာက္ဆို ဒါမ်ိဳးမျဖစ္ေအာင္ ငါခပ္ကင္းကင္း ေနမယ္ေလေနာ္ "

Chaeyoung မွာ သူ႕မိန္းမကို စိတ္မဆိုးနိုင္ Lisaရဲ႕ မ်က္ဝန္းထဲကိုၾကည့္လိုက္တာနဲ႕ အမွန္ေတြေျပာေနမွန္း သိရတယ္ေလ

Lisaက သူ႕ကိုဘယ္ေတာ့မွ သစၥာမေဖာက္ဘူးဆိုတာ Chaeyoungယုံတယ္

"ငါသိပါတယ္ Lisa...ငါနင့္ကိုယုံတယ္ ငါ မယုံတာ အဲ့ဒီေခြးမကိုဘဲ ....သူ႕ကိုသတ္ပစ္မယ္ တကယ္ငါသတ္ပစ္ခ်င္ေနၿပီ "

"Chaeyoung မလုပ္ရဘူး.... Emilyနဲ႕ခပ္ေဝးေဝးမွာ တတ္နိုင္သမွ် ေနပါဟာ...Yoosunက Emilyကို အသုံးခ်ၿပီး ငါ့ကိုအနိုင္ယူဖို႔ လုပ္ေနတာ ဒါေပမယ့္ သူဘာမွမရေစရဘူးလို႔ ငါကတိေပးတယ္ ၿပီးေတာ့ ငါတို႔လက္ထပ္တာ တစ္ႏွစ္ေက်ာ္ေနၿပီေလ မၾကာခင္ ဒီ companyကို ငါတို႔အၿပီးပိုင္ရေတာ့မွာ ဒါေၾကာင့္မို႔လို႔ သူက Emilyကို အသုံးခ်ၿပီး ငါတို႔ကို ခြဲဖို႔ ႀကိဳးစားေနတာ "

"ဒါေပမယ့္ Emilyကို ငါ ပညာျပမွျဖစ္မယ္ "

"မလုပ္ပါနဲ႕ Chaeyoungရယ္ Emilyကို တစ္ေယာက္တည္းလႊတ္ထားလိုက္ပါ ငါၾကည့္ရွင္းလိုက္ပါမယ္ နင္က ဘာမွမလုပ္ဘဲဲၿငိမ္ၿငိမ္ေလး ေနေပးေလေနာ္.... "

"...."

"ေနာ္လို႔ "

"အင္းပါ "

"ခ်စ္တယ္ Chae...ၿပီးေတာ့ အရမ္းလြမ္းတယ္ "

Chaeyoungကို ဖက္ၿပီး Lisaေျပာလိုက္သည္

"ငါေရာဘဲ "

Chaeyoungလည္း Lisaကို ျပန္ဖက္လိုက္သည္

ထို႔ေနာက္ Lisa အဝတ္အစားလဲၿပီးေနာက္ Chaeyoungနဲ႕အတူတူ အိပ္ရာဝင္ေလသည္

ေနာက္တစ္ေန႕ မနက္ Lisa အလုပ္သြားေတာ့ Chaeyoungမွာ သူ႕ဖုန္းကိုေကာက္ယူလိုက္သည္

ၿပီးေတာ့ Emilyကို စာပို႔လိုက္သည္

Lisaကို ထပ္ၿပီး မႏွောင့္ယွက္ေအာင္ Emilyကို ပညာေပးမွျဖစ္မယ္ေလ

********

Chaeyoung ေခါင္းကိုက္ေနတဲ့ၾကားက မ်က္လုံးကိုႀကိဳးစားဖြင့္ေနရသည္

Chaeyoung ႀကိဳးစားၿပီးထိုင္ကာ မ်က္လုံးကိုေသခ်ာအားယူဖြင့္ေနသည္

ေသြးညွီနံ႕ေတြရေနတဲ့ ပတ္ဝန္းက်င္ကို Chaeyoung ေသခ်ာျမင္ရၿပီး ထေအာ္မိသည္

"What the hack "

Chaeyoung လန့္သြားၿပီး သူ႕လက္တစ္ဖက္မွာလည္း ဓားတစ္ေခ်ာင္းကိုကိုင္ထားတာေတြ႕ရသည္

Chaeyoung ပိုလန့္သြားၿပီး ဓားကိုလႊတ္ခ်လိဳက္သည္

ထို႔အျပင္ ဆူညံသံေတြနဲ႕အတူ ယူနီေဖာင္းေတြ ဝတ္ထားတဲ့ ေသနတ္ကိုင္လူတစ္ခ်ိဳ႕ အထဲကို ဝင္လာၾကသည္

ဒါေပမယ့္ Chaeyoungကေတာ့ ေရကူးကန္ေဘးနားက Emilyရဲ႕ ေသြးေတြ႐ႊဲေနတဲ့ အေလာင္းကိုသာ အံ့ၾသတႀကီး ေၾကာက္လန့္တၾကားၾကည့္ေနမိသည္

"ငါတို႔ျမင္နိုင္တဲ့အထိ မင္းရဲ႕လက္ကို ျမႇောက္ထားလိုက္ပါ ..."

"oh my god...."

Chaeyoungမွာ ရဲေတြကို ၾကည့္ၿပီး အေနာက္ကိုဆုတ္လိုက္မိသည္

"မလႈပ္နဲ႕ "

Chaeyoungလည္း ဘာလုပ္ရမွန္းမသိလို႔ လက္ကိုျမႇောက္ထားလိုက္မိသည္

"Chae...Chaeyoung "

"Joy....."

"နင္ဘာလုပ္ခဲ့တာလည္း "

Chaeyoungကို အလန့္တၾကားၾကည့္ၿပီး Joyေမးလိုက္သည္

Chaeyoungမွာ ရဲစခန္းထဲက အမႈစစ္အခန္းထဲ ေရာက္ေနသည္

သူ႕လက္ေတြကလည္း လက္ထိပ္ခတ္ခံထားရတဲ့အျပင္ Joyကလည္း သူ႕ေရွ႕မွာထိုင္ၿပီး သူ႕ကိုၾကည့္ေနသည္

Joyမွာ Chaeyounhဆီက အေျဖကိုေစာင့္ေနေပမယ့္ ပတ္ဝန္းက်င္က တိတ္ဆိတ္လြန္းေနသည္

Chaeyoungမွာလည္း သူျမင္ခဲ့တဲ့အရာေတြေၾကာင့္ ခုထိ တုန္လႈပ္ေနသည္

သူ႕လက္ေတြက ေသြးေတြကလည္း ေျခာက္ကပ္သြားၿပီး သူ႕ေခါင္းေတြကလည္း ထိုးကိုက္ေနသည္

ၿပီးေတာ့ Chaeyoungရဲ႕ လက္ေဗြရာကို စစ္ေဆးၾကည့္တဲ့အခါ ဓားေပၚမွာနဲ႕ Emily ကိုယ္ေပၚမွာ ရွိခဲ့တဲ့ဓားဒဏ္ရာနဲ႕ ကိုက္ညီမႈရွိေနသည္

ထို႔အျပင္ မီဒီယာေတြကလည္း Lisa Manobanရဲ႕ မိန္းမျဖစ္သူက စိတ္ေဖာက္ျပန္ၿပီး Lisaရဲ႕ ရည္းစားေဟာင္းကိုသတ္လိုက္ျခင္း.....Lisaရဲ႕ ရည္းစားေဟာင္းကို သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့ Park Chaeyoung တကယ္သတ္နိုင္ခဲ့တာလား

အစရွိေသာ သတင္းေခါင္းစဥ္ေတြနဲ႕ သတင္းေရးၾကၿပီး ျပည္သူလူထုဟာလည္း Park Chaeyoungကို အျပင္းအထန္ေဝဖန္ရႈံ႕ခ်ေနၾကပါတယ္

"Chaeyoung... ေက်းဇူးျပဳၿပီး နင္ ဘာျဖစ္ခဲ့တာလည္းဆိုတာ ငါ့ကိုေျပာမျပရင္ ငါ နင့္ကို ကူညီနိုင္မွာ မဟုတ္ဘူးေနာ္ "

Joyမွာ Chaeyoungကို ေနာက္တစ္ေခါက္ထပ္ၿပီး ေခ်ာ့ေမးျပန္သည္

"ေရွ႕ေနလာမွ ေျပာလို႔ရလား"

"Chaeyoung ငါက နင့္သူငယ္ခ်င္းဘဲေလ ငါ့ကိုေျပာျပလို႔ရပါတယ္ဟ ငါနင့္ကို ကူညီခ်င္တယ္ "

Joyကေျပာေပမယ့္ Chaeyoungက ဘာမွျပန္မေျပာ...

"ေကာင္းၿပီေလ နင့္ေရွ႕ေန လာေနၿပီတဲ့ တစ္ေယာက္တည္း ေနခ်င္ေနမွာေပါ့ ငါေရွ႕ကို ခဏသြားလိုက္အုံးမယ္ "

Joyက ေရွ႕ကိုထြက္သြားေတာ့ Chaeyoung ဘာေတြျဖစ္ခဲ့လည္းဆိုတာ ေသခ်ာျပန္စဥ္းစားၾကည့္ေနသည္

Emilyနဲ႕စကားေျပာေနခ်ိန္ ႐ုတ္တရက္ထြက္လာတဲ့ မီးခိုးေတြေၾကာင့္ Chaeyoung ဘာမွမျမင္ရဘဲဲ ျဖစ္ေနခ်ိန္ အေနာက္ကေန တစ္ခုခုနဲ႕ရိုက္တာ ခံလိုက္ရမွန္း Chaeyoung မွတ္မိလာတယ္

ဒါဆို လုပ္ႀကံခံရတာဘဲ........

Chaeyoung သူလုပ္ႀကံခံရမွန္း သိသြားၿပီးေဒါသထြက္သြားသည္ .....

#tbc

Bạn đang đọc truyện trên: Truyen3h.Co