Part 30
"Chae....."
Chaeyoung မျက်လုံးဖွင့်ကြည့်တော့ သူ့ဆီပြေးလာရလို့ ချွေးတွေရွှဲနစ်နေတဲ့ Lisaကို တွေ့လိုက်ရသည်
Lisaမှာ Chaeyoungကို ချက်ချင်း ဆွဲဖက်တော့ Chaeyoungမှာ Lisaရင်ခွင်ထဲတွင် ငိုလေသည်
"ရှူး မငိုနဲ့တော့နော် ငါ ဒီမှာရှိတယ် ဘာမှထပ်ဖြစ်လာမှာ မဟုတ်တော့ဘူးနော် နင့်ကို ကာကွယ်ပေးမယ် သိလား "
Lisa ပြောပြီး Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည်
"ပြီးတော့ နင့်မိဘတွေကလည်း သူတို့တတ်နိုင်တာတွေရှာလုပ်နေတယ် သူငယ်ချင်းတွေကလည်း အကောင်းဆုံးကြိုးစားပေးနေတာမို့လို့ မကြောက်နဲ့နော် ငါဘုရားမှာကျိန်တယ် နင့်ကို ဘာမှမဖြစ်စေရဘူးလို့ "
"Madam...သံသရရှိသူနဲ့ ခပ်ခွာခွာမှာနေပေးပါ "
Joyမှာ စစ်ဆေးရေးအခန်းထဲဝင်လာပြီး Chaelisaတို့ကို ကြည့်ကာ ပြောလိုက်သည်
"မနေတော့ဘာဖြစ်လည်း နင်က ဘယ်သူလည်း "
"ကျွန်မက စုံထောက် Park Joyပါ ရှင်ကရော"
Joyဆိုတဲ့ နာမည်လည်း ကြားရော Lisaမှာ တစ်ခုခုကို သတိရသွားတယ် ချက်ချင်းဘဲ မျက်မှောင်ကြုတ်ပြီး Joyကို ကြည့်ကာ
"ငါက Chaeyoungရဲ့ ဇနီးအမျိုးသမီး Lalisa Manoban ဘဲ "
"Aww Chaeyoungရဲ့ အမျိုးသမီးလား တွေ့ရတာ ဝမ်းသာပါတယ် ဒါက တိုက်ဆိုင်မှုမဟုတ်လောက်ဘူးနော် "
"မသိဘူးလေ ဘာကို တိုက်ဆိုင်ရမှာလည်း "
Lisaမှာ Joyကို ဘုကလန့်ပြောလိုက်သည်
"Okay Lisa နင့်အစွယ်ခဏသိမ်းထား ..."
Jisooမှာ အခန်းထဲအမြန်ဝင်လာပြီး စုံထောက်ကို ဆော်တော့မယ့် ပုံစံပေါက်နေတဲ့ သူ့သူငယ်ချင်းကို အမြန်ဆွဲလိုက်သည်
"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မက ရှေ့နေ Kim Jisooပါ Lisa Manobanတို့ဘက်က ရှေ့နေပါ Lisa shii စိတ်မရှိဘူးဆိုရင် ငါတို့ အလုပ်လုပ်နေတုံး နင်အပြင်မှာ စောင့်ပေးပါ့လား "
Jisooမှာ Joyကို မိတ်ဆက်ပြီး Lisaကို အခန်းထဲက နှင်ထုတ်လိုက်သည်
Lisa သက်ပြင်းချလိုက်တယ် သူ့သူငယ်ချင်းကို Lisa ယုံတော့ ဘာမှမပြောဘဲ Chaeyoung ပခုံးလေးကို ကိုင်လိုက်သည်
"Chae ငါ ဘယ်မှမသွားဘူးနော် အခန်းရှေ့မှာဘဲ ရှိနေမယ် တစ်ခုခုလိုရင် လှမ်းခေါ်လိုက်သိလား "
Lisa ပြောပြီးနောက် Joyကို မျက်စောင်းထိုးပြီး အခန်းထဲကထွက်လာသည်
ထို့နောက် Jisooမှာခုံကို ယူပြီး Chaeyoungရှေ့ထိုင်လိုက်သည် Joyကလည်း ကင်မရာကို ခလုတ်နှိပ်ပြီး မှတ်တမ်းစယူသည်
"Emilyက သေသွားပြီဆိုတာ သိတယ်မဟုတ်လား ဒီတော့ Emilyရဲ့ အိမ်ကို သွားတုံးက ဘာဖြစ်ခဲ့လည်းဆိုတာ ပြောပြလို့ရမလား "
"Humm...ဆေးရုံမသွားခင် ငါ Emilyရဲ့ အိမ်ကို သွားဖို့ စီစဥ်ခဲ့တယ် ဒီအတိုင်း ငါ့အမျိုးသမီးနဲ့ပတ်သက်ပြီး သူ့ပုံစံကို ဆင်ခြင်ဖို့ သတိပေးဖို့ပါ ....နင်တို့လည်း သတင်းတွေတွေ့မှာပါ သူအနေအထိုင်မတတ်လို့ ငါက စကားပြောဖို့ သွားခဲတာပါ သူ့အိမ်ကို ငါရောက်ပြီး တံခါးခေါက်တော့ သူ လာဖွင့်ပေးတယ် "
"အိမ်နီးချင်းတွေပြောတာတော့ နင်တို့တွေ အော်ပြီး ရန်ဖြစ်ကြတာ ပြင်းထန်တယ်ဆိုဘဲ "
Joyက ပြောလိုက်သည်
"ဟုတ်တယ် အဲ့ခွေးမက အာ သူက Lisaက ငါ့ကို သစ္စာဖောက်ပြီးထားသွားမယ့်အကြောင်းတွေ ပြောတယ်လေ ....အဲ့တာ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ သူ့ကိုပြောပြီး Lisaအနား မကပ်ဖို့ သတိပေးခဲ့တယ် ပြီးတော့ ငါ လှည့်ပြန်ဖို့လုပ်တော့ သူက ငါ့ကိုခေါ်လိုက်တယ် အဲ့အချိန် သူ့ကိုလှည့်ကြည့်မိချိန်မှာ တစ်ခုခုနဲ့ ခေါင်းကို ရိုက်တာခံလိုက်ရတယ် အဲ့တာဘဲ ငါကျိန်ရဲပါတယ် "
"နင် သူ့ကိုရိုက်နက်ခဲ့တာတွေ သတင်းတွေ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေထဲမှာတောင် ပါလာခဲ့တယ်နော်....အဲ့တာဘာလို့လည်း နင့်အမျိုးသမီးနဲ့တွေ့နေလို့လား "
"Lisaနဲ့သူက အလုပ်ရှင်နဲ့ဝန်ထမ်းပါဘဲ ပြီးတော့ အဲ့တုံးက ရိုက်တာက သူက ငါ့ကို မခံချင်အောင်ပြောလို့ပါ "
"အဲ့လိုမခံချင်စိတ်က လူသတ်မှုထိဖြစ်လာတာလား "
"စုံထောက် Park အဲ့လိုမေးစရာမလိုဘူးထင်တယ် ဒီမှာ Chaeyoungလည်း ခံရတာပါ လာ သူ့နောက်စေ့ကိုကြည့် "
Jisooမှာ Chaeyoungကို ခေါင်းငုံ့ခိုင်းပြီး သူ့ခေါင်းက ရိုက်ခံထားရတဲ့ ဒဏ်ရာကို ပြလေသည်
Joyလည်း ဒဏ်ရာကိုသေချာကြည့်ပြီး
'မှုခင်းဆိုင်ရာ ဆေးဆရာဝန်ကိုခေါ်ပြီး သူ့ခေါင်းက ဒဏ်ရာကို စစ်ခိုင်းလိုက်မယ် '
"စစ်ခိုင်းပေးပါ Chaeyoungက လုပ်ကြံခံရတာပါ "
Jisooရဲ့စကားကြောင့် Joy မျက်မှောင်ကြုတ်သွားတယ်
"လုပ်ကြံခံရတယ် ဟုတ်လား ဘယ်သူက လုပ်ကြံလည်းဆိုတာ သံသယဖြစ်မိတဲ့သူရှိလား ဘာကြောင့်လည်း "
"Yoosun...."
"Yoosunက ဘယ်သူလည်းဆိုတာ သေချာရှင်းပြပေးပါ "
"သူက Manoban companyက မန်နေဂျာပါ Lisaပြီးရင် ရှယ်ယာအများဆုံးသူမို့လို့ သူက အဲ့companyကို ပိုင်ဆိုင်ချင်လို့ Lisaကို အမျိုးစုံချောက်ချနေတာကြာပါပြီ "
Chaeyoungလည်း Yoosunရဲ့ အကြောင်းတွေကို Joyအား သေချာရှင်းပြပြောပြလေသည်
"ကောင်းပြီ ဒါဆိုရင် မနက်ဖြန် Yoosunဆီသွားပြီး လေ့လာကြည့်မယ် "
မှုခင်းဆရာဝန်ရောက်လာပြီး Chaeyoungကို သေချာစစ်ဆေးကြည့်တော့ Chaeyoungခေါင်းဟာ အားပြင်းပြင်းနဲ့ ရိုက်ခံရကြောင်း အတည်ပြုသွားသည် ထို့အပြင် ဒီလိုအရိုက်ခံရပြီးရင် တန်းပြီး မေ့လဲတတ်ကြောင်းပါ ရှင်းပြသွားသည်
"ဒီတော့ တရားခံက Chaeyoung မဟုတ်ဘူးပေါ့ ဒါပေမယ့် လုပ်ထုံးလုပ်တမ်းနဲ့အညီ သံသယရှိသူကို 48 နာရီ ချုပ်ထားမှဖြစ်မှာပါ 48နာရီပြည့်ပြီးရင်လည်း Chaeyoungက အိမ်မှာဘဲနေရပြီး စောင့်ကြည့်ခံရပါမယ်နော် ..Chae...နင်က တရားခံမဟုတ်ကြောင်းပြဖို့ ငါ တရားခံအစစ်ကို ကြိုးစားရှာပေးပါမယ်...."
Joyက ပြောပြီး ထွက်သွားတော့ ရဲစခန်းက ရဲနှစ်ယောက်မှာ Chaeyoungကို ရဲစခန်းက အကျဥ်းထောင်ထဲထည့်ဖို့ လာခေါ်လေသည်
အခန်းထဲက ထွက်လာတဲ့ Chaeyoungကို Lisa ထပ်ပြီး ပြေးဖက်ပြန်သည်
"Chae...ငါရှိတယ်နော် ငါဘယ်မှမသွားဘူး နင်နဲ့အတူရှိနေတယ် "
"Mrs.Manoban သံသယရှိသူကို လွှတ်ပေးပါ "
"Lisa...အပြင်မှာ အန္တရာယ်များတယ် ဘာမှလျှောက်မလုပ်နဲ့နော် "
Chaeyoungမှာ သူ့ကောင်မလေးကို သူ့အမျိုးသမီးကို စိတ်ပူပြီး မှာလေသည်
"စိတ်ချပါ ငါနင့်ကို ဒီထဲကနေ ရအောင်ထုတ်ပေးမယ် "
Chaeyoungလည်း Jisooနဲ့ Lisaကို ပြုံးပြပြီး ထောင်ထဲဝင်သွားလေသည်
#tbc
#zawgyi
"Chae....."
Joyက ပြောလိုက်သည်
"Yoosun...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co