Truyen3h.Co

Business Proposal

Part 4

KimFany059


ဟန်ဆောင်လက်ထပ်မယ့် အကြံဥာဏ်ကို လက်ခံပြီးနောက် Chaelisaတို့ အခုအခြေအနေကနေ ဘယ်လိုရှေ့ဆက်ရမလည်းဆိုတာ တိုင်ပင်ဆွေးနွေးနေကြသည်

သူတို့နှစ်ယောက် သရုပ်ဆောင်နေတာနဲ့မတူဘဲ တကယ်ချစ်ကြိုက်တဲ့အတွဲလို သဘာဝကျကျနေထိုင်ဖို့လိုသည် ဒါမှ ဘုတ်အဖွဲ့က သံသယမဝင်မှာလေ ဟုတ်တယ်မလား

Chaelisaတို့ရဲ့ အစီအစဥ်က ရိုးစင်းပါတယ် လူမြင်ကွင်းမှာ ချိန်းတွေ့မယ် သူတို့ပုံတွေကို ရိုက်တင်မယ် ဆိုးလ်မြို့တင်မကဘူး တောင်ကိုရီးယားတစ်နိုင်ငံလုံးက မီဒီယာ သတင်းတွေမှာ Lalisaဟာ ဒီဆံပင်ရွှေရောင် Park Chaeyoungနဲ့ ဒိတ်နေတဲ့ ပုံတွေ သတင်းတွေ ပလူပျံနေအောင် မြင်ရဖို့ လုပ်မယ်

Lisaက တကယ်ကို သိုသိုသိပ်သိပ်နေတတ်တဲ့သူပါ နဲ့ Emily တွဲနေတုန်းကဆိုရင် သူတို့ကိုကြည့်နေတဲ့ မျက်လုံးတွေဆီက လွတ်အောင်နေခဲ့တဲ့သူ ဒါပေမယ့် Emily ကတော့ အာရုံစိုက်ခံရမှုကို အရမ်းနှစ်သက်တဲ့သူလေ

Lalisaကို အချိုတွေကျွေးပြီး နောက်ရည်းစားနဲ့ဖောက်ပြန်ပြတဲ့ ....Emily

Emily ကျေးဇူးတော်ကြောင့် Lalisaဟာ အလုပ်ထဲစိတ်နှစ်ပြီး ကြမ်းတမ်းတဲ့ မိန်းမတွေ​ကြိုက်နှစ်သက်တာ ခံရတဲ့သူဖြစ်သွားခဲ့ပါတယ် ဒါကြောင့်လည်း Lisaရဲ့ မိဘတွေက သူ့သမီးကို စိတ်ပူကြတာ မဟုတ်လား

အသည်းတွေကွဲပြီး ခက်ခဲနေတဲ့ အခြေအနေထဲရောက်နေတဲ့ သူငယ်ချင်းဖြစ်သူ မူးရူး​နေတဲ့ပုံတွေ မီဒီယာသမားတွေမတွေ့မိအောင် ဆိုရှယ်မီဒီယာပေါ် ရောက်မသွားအောင် Park Chaeyoungမှာ တော်တော်ကာကွယ်ပေးခဲ့ရသည်

Park Chaeyoungက Lalisaကို အကောင်းတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးခဲ့တာဘဲ

"မနက်ဖြန်ညကျရင် ငါတို့အပြင်ထွက်မှာမို့လို့ အချိန်ဇယားတွေဖျက်ပေးထားပါ "

Lisa သူ့အတွင်းရေးမှူးကို အမိန့်ပေးလိုက်သည်

"နင်တို့တွေ ဒါကြီး တကယ်လုပ်ကြမှာလား "

Chaeyoungရဲ့ တိုက်ခန်းတွင် Jennieနဲ့Somiတို့ ပီဇာစားရင်း မေးလ်ိုက်ကြသည်

"ဟုတ်တယ် တကယ်လုပ်မှာ Jennie အခု ငါတို့က truth or dare gameဆော့နေတာမှ မဟုတ်တာ Lisa ကို ကူညီပေးမယ်လို့ ကတိပေးထားခဲ့တယ်လေ ..."

နှစ်နှစ်လုံး Lisaနဲ့လက်ထပ်ပြီး အတူတူနေရင်း ပျော်နေသလို ဟန်ဆောင်နေရမှာက မခက်ခဲဘူးလို့ Chaeyoung အပိုင်တွက်ထားပုံပေါ်သည်

"နင့်အပိုင်းကို ဘယ်လိုသေချာဆော့မလည်းဆိုတာ ငါသိချင်တယ် "

Somiမှာ ပီဇာလှမ်းယူရင်း Chaeyoungနဲ့Lisaကို ကြည့်ပြီး မေးလိုက်သည်

"နင်တို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေသလို နေပြရမှာနော် နေပါအုံး နင်တို့ လျှာသုံးပြီးတောင် နမ်းဖူးရဲ့လား "

Somiရဲ့စကားကြောင့် Chaeyoung လန့်သွားတယ် Lisaမကြားဖို့ မျှော်လင့်ရင်း Lisaကို လှမ်းကြည့်တော့ ဖုန်းပြောရင်း အလုပ်ရှုပ်နေသည်

"God.... Somi ငါတို့က ချစ်သူအစစ်မှ မဟုတ်တာ အဲ့လောက်ထိ လုပ်စရာမလိုပါဘူး "

"ကောင်းပြီ Jinwooလည်း အဲ့နေရာမှာ ရှိနေအောင် လုပ်ထားပါ ပြီးတော့ လက်ထပ်ပွဲအတွက် reviewကောင်းတဲ့နေရာလေးတွေ စာရင်းလုပ်ပြီး ပို့ထားပေး​ပါ "

Lisa ဖုန်းပြောရင်း သူ့သူငယ်ချင်းသုံးယောက်ကြား ဝင်ထိုင်လိုက်သည်

"အားလုံး အဆင်ပြေရဲ့လား Lisa "

"ပြေပါတယ် မနက်ဖြန်အတွက်တောင် နေရာယူထားပြီးပြီ Chaeyoung Business community ကလူတွေ ငါတို့ကို မကြာခင်တွေ့ရတော့မယ် ဒါကလွယ်သလိုဘဲ "

Lisaပြောပြီး ပီဇာတစ်ခုကို ကောက်ယူလိုက်သည်

"ပြီးရင် နောက်လကျရင် ငါတို့လက်ထပ်လက်စွပ်ဝတ်ရမယ် ငါတို့လက်ထပ်မယ့်အကြောင်း ကြော်ငြာမယ် ဖိတ်စာတွေဝေကြမယ် Wedding partyကို ဘယ်မှာလုပ်ချင်လည်း Chaeyoung "

"Party?အင်း တကယ်တော့ အဲ့အကြောင်းတောင် ငါမတွေးရသေးဘူး "

"အာ ဟုတ်ပြီ ငါတို့ လက်ထပ်ပွဲစီစဥ်မယ့်သူတစ်ယောက်လောက် ရှာထားမှဖြစ်မယ် ဘာလို့လည်းဆိုတော့ ငါတို့နှစ်ယောက်လုံးကလည်း အလုပ်ရှုပ်နေကြတဲ့သူတွေ မဟုတ်လား "

"တစ်ယောက်ယောက်ကများ လက်ထပ်ပွဲစီစဥ်မယ့် သူအကြောင်း ပြောလိုက်သလား "

Somi သူ့ဖုန်းကိုကိုင်မြှောက်ရင်း မေးလိုက်သည်

"ငါ့မှာ အကြံတစ်ချို့ရှိတယ် နင်တို့ကို ပြမယ် ကလေးတွေ "

"Somi ငါတို့လက်ထပ်ပွဲအတွက် နင် စီစဥ်ပေးချင်သလားဟင် "

Somiကို Chaeyoung အကူအညီတောင်းလိုက်သည်

ဘာလို့လည်းဆိုတော့ သူလည်း လူနာတွေနဲ့အလုပ်များနေလို့ လက်ထပ်ပွဲအကြောင်း သေချာမတွေးနိုင်ဘူးလေ

"ဒါပေါ့ ကူညီပေးရမှာပေါ့ ငါနဲ့ Jennie​က စီစဥ်ပေးမယ်လေ ငါတို့အားလုံး ကူညီပေးမယ် နင်တို့က လက်ထပ်ပွဲကို ဘယ်လိုလေးလုပ်ချင်တယ်လို့သာပြောပြီး ကျန်တာ ငါတို့လက်ထဲ အပ်ထားလိုက် "

"ဒီတိုင်း ဘယ်လိုပြောရမလည်း ရင်းနှီးတဲ့သူတွေလောက်ပေါ့ ငါတို့မိသားစုတွေရယ် companyကလူတွေရယ်... ဒီလက်ထပ်ပွဲက ငါနဲ့ဆိုင်တာမို့လို့ ကုန်ကျငွေအားလုံး ငါ့လက်ထောက်ဆီ စာရင်းပို့ထားလိုက် ပြီးတော့ Chaeyoung "

"အင်း Lisa ပြောလေ "

"New Yorkက Vera Wang ကို ဆက်သွယ်ထားတယ် လက်ထပ်ပွဲအတွက် ဂါဝန်နဲ့ပတ်သက်ပြီး နင်ကြိုက်တဲ့အချိန် New Yorkကို သွားကြည့်လို့ရတယ် လေယာဥ်လက်မှတ်ကို ငါ့လက်ထောက်ကဘဲ စီစဥ်ပေးလိမ့်မယ် "

"Lisa ဒီလက်ထပ်ပွဲအတွက် စီစဥ်တာတွေက စျေးအရမ်းကြီးလွန်းတယ် အဲ့အတွက် နင်ပေးရတာ အရမ်းများတယ် "

"Chaeyoung ....နင့်ကို ပျော်စေချင်တယ်လို့ ငါပြောဖူးတယ် မဟုတ်လား Veraက တော်တဲ့ဒီဇိုင်းနာမို့လို့ နင်က တစ်ကမ္ဘာလုံးမှာ အလှဆုံး သတို့သမီး ဖြစ်စေရမယ် "

"Respect Sister...Lisaပြောတာ မှန်တယ် Chaeyoung နင်က အရမ်းအလုပ်ကြိုးစားထားတော့ အခုချိန်က နင့်ကို တစ်ယောက်ယောက်က ဂရုစိုက်ပေးရမယ့် အချိန်ဘဲ အဲ့ဒီတော့ စိတ်လျော့ပြီး ပျော်လိုက်စမ်းပါ "

Chaeyoung ရဲ့ ပခုံးကို ပုတ်ပြီး Jennie ပြောလိုက်သည်

"ဒါနဲ့ ဟန်းနီးမွန်း ဘယ်ကိုသွားချင်လည်း "

Somiရဲ့ စကားကြောင့် Lisa အံ့သြသွားတယ်

"ဟန်းနီးမွန်း ဟုတ်လား "

'ဟုတ်တယ်လေ နင်တို့ လက်ထပ်ပွဲဆင်နွှဲဖို့လေ သောက်ရူးရဲ့ "

"Come on Lisa လက်ထပ်ပြီးတာနဲ့ အလုပ်တန်းလုပ်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော် ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုကို လိုချင်ရင် လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ရမယ်လေ "

Jennieမှာပြောရင်း Chaeyoungကို မျက်စိမှိတ်ပြလိုက်သည်

"ဒီတော့ ငါတို့ ဘယ်သွားကြမလည်း "

"LAလား Europe လား "

"ဟေး ငါက အလုပ်လည်းရှိသေးတော့ ဝေးဝေးလံလံသွားလို့မရဘူးလေ "

"ကောင်းပြီ ဒါဆိုရင် အနီးစပ်ဆုံးနေရာရွေးပေးမယ် "

"ကျေးဇူး ကူညီပေးလို့ တကယ်ကျေးဇူးတင်တယ် Jennieနဲ့ Somiရေ ငါအခု အလုပ်ကို ပြန်သွားရတော့မှာမို့လို့ တစ်ခုခုဆို ဖုန်းဆက်နော် Chaeyoung "

Lisa နှုတ်ဆက်ပြီး သူငယ်ချင်းသုံးယောက်ထိုင်နေတဲ့ထဲမှာမှ Chaeyoungကိုသာ ရွေးနမ်းပြီး ထွက်သွားသည်

Somiနဲ့ Jennieကတော့ Lisaတို့ကိုကြည့်ပြီး တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ကာ အချက်ပြနေကြသည်

"တကယ်ဘဲ နင်တို့နှစ်ယောက်ကတော့ နိုင်ငံခြားထိသွားစရာလိုလို့လား ဒီလက်ထပ်ပွဲက အစစ်မှ မဟုတ်တာ "

Chaeyoung ဘီယာဗူးကို ကောက်ကိုင်ရင်း Somiတို့ကို ဆူလိုက်သည်

"နင့် လွတ်လပ်တဲ့ အပျိုဘဝကို စတေးပြီး Lisaကို ကူညီကတည်းက နင့်မှာ သနားကြင်နာတတ်တဲ့ နှလုံးသားကြီးကြီး ရှိတာ သိပါတယ် Chaeyoungရယ် "

"အစစ်မဟုတ်တဲ့ လက်ထပ်ပွဲကို အစစ်ဖြစ်စေချင်လား Chaeyoung "

"ပေါက်ကရတွေ လာမေးမနေနဲ့ Jennie "

Chaeyoung ရှက်ပြီး သူ့သူငယ်ချင်းကို ရန်လုပ်လိုက်သည်

ဆေးရုံရဲ့သုံးထပ်မြောက်ကို ရောက်တဲ့အခါ Lisa သူ့အင်ကျီကော်လံကို တတိယအကြိမ်မြောက် သပ်သပ်ရပ်ရပ်ဖြစ်အောင်ဆွဲလိုက်သည်

သူနဲ့မကြာခင် လက်ထပ်တော့မယ့် သတို့သမီးလေးကို ညစာအတူစားဖို့ Lisa လာခေါ်တာလေ

Business womanလေးဟာ ဓာတ်လှေကားထဲကနေ ထွက်လာပြီး ဧည့်ကြိုကောင်တာကို လျှောက်လာသည်

"Hi..ဟို Doctor Park နဲ့တွေ့ချင်လို့ပါ "

Chaeyoungနဲ့ အကြိမ်ပေါင်းများစွာ ညစာအတူစားနေကြကို ဒီနေ့မှ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာ Lisaမသိ

ရင်းနှီးမြုပ်နှံသူတွေနဲ့တွေ့ဆုံရတာတောင် မတုန်လှုပ်တဲ့ Lisaက ဟန်ဆောင်ပြီးချိန်းတွေ့တာလေးကျမှ တုန်လှုပ်နေလိုက်တာ

"ဟုတ်ကဲ့ Doctor Parkဆိုတာ ဘယ်က Parkလည်းဟင် "

"အာ Park Chaeyoungပါ "

"ဒီကနေ တည့်တည့်သွားပြီး ဘယ်ဘက်ကွေ့လိုက်ပါ ဆာဂျရီဌာနရောက်ပါလိမ့်မယ် "

"ကျေးဇူး ချာလီ "

သူနာပြုမလေးရဲ့ နာမည်ကတ်ကို ဖတ်ပြီး Lisa ကျေးဇူးတင်စကားပြောလိုက်သည်

Chaeyoungရုံးခန်းကို Lisa သိပ်မရှာလိုက်ရ တံခါးရှေ့မှာ ကပ်ထားတဲ့ Chaeyoungရဲ့ နာမည်လေးကို တွေ့လိုက်ရသည်

Knock Knock

"ဝင်ခဲ့ပါ "

Chaeyoungရဲ့ စကားကြောင့် Lisaလည်း ရုံးခန်းထဲ ဝင်လာသည်

"Hello Chaeng "

"oh hey...shit Sorry ငါမေ့နေတာ ခဏနော် ရေအမြန်ချိုးလိုက်မယ် "

Chaeyoungမှာ Lisaကို မြင်မှ ချိန်းထားတာကို သတိရပြီး သူမရဲ့ ဖိုင်တွေကို သိမ်းလိုက်သည်

"Oh နင့်ရဲ့ ရုံးခန်းမှာ ရေချိုးခန်းလည်း ရှိတာလား "

"ရှိတယ် နင်လိုချင်တယ်ဆို ကုတင်ပါထည့်ပေးမယ် "

Chaeyoung ရေချိုးခန်းထဲကနေ အော်လိုက်တော့ Lisa ရယ်လိုက်သည်

Chaeyoungနဲ့ ခင်တာကြာပေမယ့် ရုံးခန်းကိုတော့ တစ်ခါမှမရောက်ဖူးဘူးလေ

Chaeyoungရဲ့ ရုံးခန်းထဲ လှည့်ပတ်ကြည့်နေရင်း စင်ပေါ်မှာ သူနဲ့Chaeyoung ရဲ့ ကလေးဘဝကပုံလေးကို တွေ့ပြီး Lisa ပြုံးလိုက်မိသည်

Lisa ကလေးဘဝကအကြောင်းတွေတွေးနေရင်း Chaeyoung ရေချိုးခန်းထဲက ထွက်လာမှ သတိပြန်ဝင်လာသည်

သူ့ရှေ့ဖင်တုံးလုံးနဲ့ အဝတ်အစားလဲနေတဲ့ Chaeyoungကို Lisa စိုက်ကြည့်မိသည်

အင်း Chaeyoungကို ဖင်တုံးလုံးအနေအထားနဲ့ ငယ်ကတည်းက တွေ့ခဲ့ရတော့သိပ်တော့ မထူးဆန်းတော့ဘူးလေ

"Somiက ဟန်းနီးမွန်းအတွက် နေရာရှာတွေ့ပြီတဲ့ "

"ဘယ်မှာတဲ့လည်း "

"Supriseတဲ့ "

"အဲ့ကလေးမတွေကတော့ တကယ်ပါဘဲ "

"Chaeng..နင်တို့ဆေးရုံက သူနာပြုလေးက ချစ်စရာလေးနော် ဘာလို့ သူ့အကြောင်း မပြောပြတာလည်း "

"နင် စိတ်ဝင်စားမယ်မထင်လို့လေ "

"စိတ်ဝင်စားတတ်ပါတယ်ဟ သူ့နာမည်က ချာလီလား"

"နေပါအုံး နင့်ရဲ့ ရည်းစားအတုက အလုပ်များနေချိန် နင်က ချာလီနဲ့ အီစီကလီ လုပ်ချင်နေတာလား သြော် ငါတို့ရဲ့ relationshipအတုကို ဒီလိုလေး အစပျိုးလိုက်တာပေါ့လေ "

Chaeyoung braချိတ်တပ်ရင်း ရန်လုပ်လိုက်သည်

"Hey ချိတ်ကူတပ်ပေးရမလား "

"မလိုဘူး လစ် "

Lisaမှာ Chaeyoungကို ချိတ်တပ်ပေးဖို့လုပ်စဥ် Chaeyoungရဲ့ အမေက အခန်းထဲ ဝင်လာသည်

သူကလည်း ဒီဆေးရုံက ဆရာဝန်ဘဲလေ

"Chaeyoung သမီး အိုး အချိန်မှားပြီးရောက်လာမိတာဘဲ "

Bra ချိတ်တပ်နေတဲ့ Lisaတို့ကိုမြင်တော့ Mrs.Parkမှာ မျက်နှာပူလာသည်

"အာ မဟုတ်ပါဘူး ညစာသွားစားမလို့ အဝတ်လဲနေတာ Omma ပြီးပြီမို့လို့ သွားတော့မယ်နော် တာ့တာ "

"နေအုံး နေအုံး Lisa...ငါ့သမီးကို ကောင်းကောင်းဆက်ဆံနော် မဟုတ်ရင် သမီးဖျားတဲ့အခါ ပစ်ထားမှာ "

Mrs.Parkက Lisaကို နူးနူးညံ့ညံ့လေး ခြိမ်းခြောက်တော့ Lisaပြုံးလိုက်မိသည်

"စိတ်ချပါ ကျွန်မ သူ့ကို မင်းသမီးတစ်ပါးလိုဆက်ဆံမှာပါ "

Mrs.Parkကို နှုတ်ဆက်ပြီး Chaelisaတို့ ဆေးရုံကနေ ထွက်လာခဲ့ကြသည်

#tbc

#zawgyi

ဟန္ေဆာင္လက္ထပ္မယ့္ အႀကံဥာဏ္ကို လက္ခံၿပီးေနာက္ Chaelisaတို႔ အခုအေျခအေနကေန ဘယ္လိုေရွ႕ဆက္ရမလည္းဆိုတာ တိုင္ပင္ေဆြးႏြေးေနၾကသည္

သူတို႔ႏွစ္ေယာက္ သ႐ုပ္ေဆာင္ေနတာနဲ႕မတူဘဲ တကယ္ခ်စ္ႀကိဳက္တဲ့အတြဲလို သဘာဝက်က်ေနထိုင္ဖို႔လိုသည္ ဒါမွ ဘုတ္အဖြဲ႕က သံသယမဝင္မွာေလ ဟုတ္တယ္မလား

Chaelisaတို႔ရဲ႕ အစီအစဥ္က ရိုးစင္းပါတယ္ လူျမင္ကြင္းမွာ ခ်ိန္းေတြ႕မယ္ သူတို႔ပုံေတြကို ရိုက္တင္မယ္ ဆိုးလ္ၿမိဳ႕တင္မကဘူး ေတာင္ကိုရီးယားတစ္နိုင္ငံလုံးက မီဒီယာ သတင္းေတြမွာ Lalisaဟာ ဒီဆံပင္ေ႐ႊေရာင္ Park Chaeyoungနဲ႕ ဒိတ္ေနတဲ့ ပုံေတြ သတင္းေတြ ပလူပ်ံေနေအာင္ ျမင္ရဖို႔ လုပ္မယ္

Lisaက တကယ္ကို သိုသိုသိပ္သိပ္ေနတတ္တဲ့သူပါ Emilyနဲ႕တြဲေနတုန္းကဆိုရင္ သူတို႔ကိုၾကည့္ေနတဲ့ မ်က္လုံးေတြဆီက လြတ္ေအာင္ေနခဲ့တဲ့သူ ဒါေပမယ့္ Emily ကေတာ့ အာ႐ုံစိုက္ခံရမႈကို အရမ္းႏွစ္သက္တဲ့သူေလ

Lalisaကို အခ်ိဳေတြေကြၽးၿပီး ေနာက္ရည္းစားနဲ႕ေဖာက္ျပန္ျပတဲ့ ....Emily

Emily ေက်းဇူးေတာ္ေၾကာင့္ Lalisaဟာ အလုပ္ထဲစိတ္ႏွစ္ၿပီး ၾကမ္းတမ္းတဲ့ မိန္းမေတြႀကိဳက္ႏွစ္သက္တာ ခံရတဲ့သူျဖစ္သြားခဲ့ပါတယ္ ဒါေၾကာင့္လည္း Lisaရဲ႕ မိဘေတြက သူ႕သမီးကို စိတ္ပူၾကတာ မဟုတ္လား

အသည္းေတြကြဲၿပီး ခက္ခဲေနတဲ့ အေျခအေနထဲေရာက္ေနတဲ့ သူငယ္ခ်င္းျဖစ္သူ မူး႐ူးေနတဲ့ပုံေတြ မီဒီယာသမားေတြမေတြ႕မိေအာင္ ဆိုရွယ္မီဒီယာေပၚ ေရာက္မသြားေအာင္ Park Chaeyoungမွာ ေတာ္ေတာ္ကာကြယ္ေပးခဲ့ရသည္

Park Chaeyoungက Lalisaကို အေကာင္းတိုင္း ျပန္ျဖစ္ေအာင္ ျပဳျပင္ေပးခဲ့တာဘဲ

"မနက္ျဖန္ညက်ရင္ ငါတို႔အျပင္ထြက္မွာမို႔လို႔ အခ်ိန္ဇယားေတြဖ်က္ေပးထားပါ "

Lisa သူ႕အတြင္းေရးမႉးကို အမိန့္ေပးလိုက္သည္

"နင္တို႔ေတြ ဒါႀကီး တကယ္လုပ္ၾကမွာလား "

Chaeyoungရဲ႕ တိုက္ခန္းတြင္ Jennieနဲ႕Somiတို႔ ပီဇာစားရင္း မေးလ်ိုက်ကြသည်

"ဟုတ္တယ္ တကယ္လုပ္မွာ Jennie အခု ငါတို႔က truth or dare gameေဆာ့ေနတာမွ မဟုတ္တာ Lisa ကို ကူညီေပးမယ္လို႔ ကတိေပးထားခဲ့တယ္ေလ ..."

ႏွစ္ႏွစ္လုံး Lisaနဲ႕လက္ထပ္ၿပီး အတူတူေနရင္း ေပ်ာ္ေနသလို ဟန္ေဆာင္ေနရမွာက မခက္ခဲဘူးလို႔ Chaeyoung အပိုင္တြက္ထားပုံေပၚသည္

"နင့္အပိုင္းကို ဘယ္လိုေသခ်ာေဆာ့မလည္းဆိုတာ ငါသိခ်င္တယ္ "

Somiမွာ ပီဇာလွမ္းယူရင္း Chaeyoungနဲ႕Lisaကို ၾကည့္ၿပီး ေမးလိုက္သည္

"နင္တို႔ႏွစ္ေယာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ေနသလို ေနျပရမွာေနာ္ ေနပါအုံး နင္တို႔ လွ်ာသုံးၿပီးေတာင္ နမ္းဖူးရဲ႕လား "

Somiရဲ႕စကားေၾကာင့္ Chaeyoung လန့္သြားတယ္ Lisaမၾကားဖို႔ ေမွ်ာ္လင့္ရင္း Lisaကို လွမ္းၾကည့္ေတာ့ ဖုန္းေျပာရင္း အလုပ္ရႈပ္ေနသည္

"God.... Somi ငါတို႔က ခ်စ္သူအစစ္မွ မဟုတ္တာ အဲ့ေလာက္ထိ လုပ္စရာမလိုပါဘူး "

"ေကာင္းၿပီ Jinwooလည္း အဲ့ေနရာမွာ ရွိေနေအာင္ လုပ္ထားပါ ၿပီးေတာ့ လက္ထပ္ပြဲအတြက္ reviewေကာင္းတဲ့ေနရာေလးေတြ စာရင္းလုပ္ၿပီး ပို႔ထားေပးပါ "

Lisa ဖုန္းေျပာရင္း သူ႕သူငယ္ခ်င္းသုံးေယာက္ၾကား ဝင္ထိုင္လိုက္သည္

"အားလုံး အဆင္ေျပရဲ႕လား Lisa "

"ေျပပါတယ္ မနက္ျဖန္အတြက္ေတာင္ ေနရာယူထားၿပီးၿပီ Chaeyoung Business community ကလူေတြ ငါတို႔ကို မၾကာခင္ေတြ႕ရေတာ့မယ္ ဒါကလြယ္သလိုဘဲ "

Lisaေျပာၿပီး ပီဇာတစ္ခုကို ေကာက္ယူလိုက္သည္

"ၿပီးရင္ ေနာက္လက်ရင္ ငါတို႔လက္ထပ္လက္စြပ္ဝတ္ရမယ္ ငါတို႔လက္ထပ္မယ့္အေၾကာင္း ေၾကာ္ျငာမယ္ ဖိတ္စာေတြေဝၾကမယ္ Wedding partyကို ဘယ္မွာလုပ္ခ်င္လည္း Chaeyoung "

"Party?အင္း တကယ္ေတာ့ အဲ့အေၾကာင္းေတာင္ ငါမေတြးရေသးဘူး "

"အာ ဟုတ္ၿပီ ငါတို႔ လက္ထပ္ပြဲစီစဥ္မယ့္သူတစ္ေယာက္ေလာက္ ရွာထားမွျဖစ္မယ္ ဘာလို႔လည္းဆိုေတာ့ ငါတို႔ႏွစ္ေယာက္လုံးကလည္း အလုပ္ရႈပ္ေနၾကတဲ့သူေတြ မဟုတ္လား "

"တစ္ေယာက္ေယာက္ကမ်ား လက္ထပ္ပြဲစီစဥ္မယ့္ သူအေၾကာင္း ေျပာလိုက္သလား "

Somi သူ႕ဖုန္းကိုကိုင္ျမႇောက္ရင္း ေမးလိုက္သည္

"ငါ့မွာ အႀကံတစ္ခ်ိဳ႕ရွိတယ္ နင္တို႔ကို ျပမယ္ ကေလးေတြ "

"Somi ငါတို႔လက္ထပ္ပြဲအတြက္ နင္ စီစဥ္ေပးခ်င္သလားဟင္ "

Somiကို Chaeyoung အကူအညီေတာင္းလိုက္သည္

ဘာလို႔လည္းဆိုေတာ့ သူလည္း လူနာေတြနဲ႕အလုပ္မ်ားေနလို႔ လက္ထပ္ပြဲအေၾကာင္း ေသခ်ာမေတြးနိုင္ဘူးေလ

"ဒါေပါ့ ကူညီေပးရမွာေပါ့ ငါနဲ႕ Jennieက စီစဥ္ေပးမယ္ေလ ငါတို႔အားလုံး ကူညီေပးမယ္ နင္တို႔က လက္ထပ္ပြဲကို ဘယ္လိုေလးလုပ္ခ်င္တယ္လို႔သာေျပာၿပီး က်န္တာ ငါတို႔လက္ထဲ အပ္ထားလိုက္ "

"ဒီတိုင္း ဘယ္လိုေျပာရမလည္း ရင္းႏွီးတဲ့သူေတြေလာက္ေပါ့ ငါတို႔မိသားစုေတြရယ္ companyကလူေတြရယ္... ဒီလက္ထပ္ပြဲက ငါနဲ႕ဆိုင္တာမို႔လို႔ ကုန္က်ေငြအားလုံး ငါ့လက္ေထာက္ဆီ စာရင္းပို႔ထားလိုက္ ၿပီးေတာ့ Chaeyoung "

"အင္း Lisa ေျပာေလ "

"New Yorkက Vera Wang ကို ဆက္သြယ္ထားတယ္ လက္ထပ္ပြဲအတြက္ ဂါဝန္နဲ႕ပတ္သက္ၿပီး နင္ႀကိဳက္တဲ့အခ်ိန္ New Yorkကို သြားၾကည့္လို႔ရတယ္ ေလယာဥ္လက္မွတ္ကို ငါ့လက္ေထာက္ကဘဲ စီစဥ္ေပးလိမ့္မယ္ "

"Lisa ဒီလက္ထပ္ပြဲအတြက္ စီစဥ္တာေတြက ေစ်းအရမ္းႀကီးလြန္းတယ္ အဲ့အတြက္ နင္ေပးရတာ အရမ္းမ်ားတယ္ "

"Chaeyoung ....နင့္ကို ေပ်ာ္ေစခ်င္တယ္လို႔ ငါေျပာဖူးတယ္ မဟုတ္လား Veraက ေတာ္တဲ့ဒီဇိုင္းနာမို႔လို႔ နင္က တစ္ကမၻာလုံးမွာ အလွဆုံး သတို႔သမီး ျဖစ္ေစရမယ္ "

"Respect Sister...Lisaေျပာတာ မွန္တယ္ Chaeyoung နင္က အရမ္းအလုပ္ႀကိဳးစားထားေတာ့ အခုခ်ိန္က နင့္ကို တစ္ေယာက္ေယာက္က ဂ႐ုစိုက္ေပးရမယ့္ အခ်ိန္ဘဲ အဲ့ဒီေတာ့ စိတ္ေလ်ာ့ၿပီး ေပ်ာ္လိုက္စမ္းပါ "

Chaeyoung ရဲ႕ ပခုံးကို ပုတ္ၿပီး Jennie ေျပာလိုက္သည္

"ဒါနဲ႕ ဟန္းနီးမြန္း ဘယ္ကိုသြားခ်င္လည္း "

Somiရဲ႕ စကားေၾကာင့္ Lisa အံ့ၾသသြားတယ္

"ဟန္းနီးမြန္း ဟုတ္လား "

'ဟုတ္တယ္ေလ နင္တို႔ လက္ထပ္ပြဲဆင္ႏႊဲဖို႔ေလ ေသာက္႐ူးရဲ႕ "

"Come on Lisa လက္ထပ္ၿပီးတာနဲ႕ အလုပ္တန္းလုပ္ဖို႔ ေတြးေနတာေတာ့ မဟုတ္ပါဘူးေနာ္ ရွယ္ယာရွင္ေတြရဲ႕ ယုံၾကည္မႈကို လိုခ်င္ရင္ လုပ္ရိုးလုပ္စဥ္အတိုင္း လုပ္ရမယ္ေလ "

Jennieမွာေျပာရင္း Chaeyoungကို မ်က္စိမွိတ္ျပလိုက္သည္

"ဒီေတာ့ ငါတို႔ ဘယ္သြားၾကမလည္း "

"LAလား Europe လား "

"ေဟး ငါက အလုပ္လည္းရွိေသးေတာ့ ေဝးေဝးလံလံသြားလို႔မရဘူးေလ "

"ေကာင္းၿပီ ဒါဆိုရင္ အနီးစပ္ဆုံးေနရာေ႐ြးေပးမယ္ "

"ေက်းဇူး ကူညီေပးလို႔ တကယ္ေက်းဇူးတင္တယ္ Jennieနဲ႕ Somiေရ ငါအခု အလုပ္ကို ျပန္သြားရေတာ့မွာမို႔လို႔ တစ္ခုခုဆို ဖုန္းဆက္ေနာ္ Chaeyoung "

Lisa ႏႈတ္ဆက္ၿပီး သူငယ္ခ်င္းသုံးေယာက္ထိုင္ေနတဲ့ထဲမွာမွ Chaeyoungကိုသာ ေ႐ြးနမ္းၿပီး ထြက္သြားသည္

Somiနဲ႕ Jennieကေတာ့ Lisaတို႔ကိုၾကည့္ၿပီး တစ္ေယာက္ကိုတစ္ေယာက္မ်က္စပစ္ကာ အခ်က္ျပေနၾကသည္

"တကယ္ဘဲ နင္တို႔ႏွစ္ေယာက္ကေတာ့ နိုင္ငံျခားထိသြားစရာလိုလို႔လား ဒီလက္ထပ္ပြဲက အစစ္မွ မဟုတ္တာ "

Chaeyoung ဘီယာဗူးကို ေကာက္ကိုင္ရင္း Somiတို႔ကို ဆူလိုက္သည္

"နင့္ လြတ္လပ္တဲ့ အပ်ိဳဘဝကို စေတးၿပီး Lisaကို ကူညီကတည္းက နင့္မွာ သနားၾကင္နာတတ္တဲ့ ႏွလုံးသားႀကီးႀကီး ရွိတာ သိပါတယ္ Chaeyoungရယ္ "

"အစစ္မဟုတ္တဲ့ လက္ထပ္ပြဲကို အစစ္ျဖစ္ေစခ်င္လား Chaeyoung "

"ေပါက္ကရေတြ လာေမးမေနနဲ႕ Jennie "

Chaeyoung ရွက္ၿပီး သူ႕သူငယ္ခ်င္းကို ရန္လုပ္လိုက္သည္

ေဆး႐ုံရဲ႕သုံးထပ္ေျမာက္ကို ေရာက္တဲ့အခါ Lisa သူ႕အင္က်ီေကာ္လံကို တတိယအႀကိမ္ေျမာက္ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ဆြဲလိုက္သည္

သူနဲ႕မၾကာခင္ လက္ထပ္ေတာ့မယ့္ သတို႔သမီးေလးကို ညစာအတူစားဖို႔ Lisa လာေခၚတာေလ

Business womanေလးဟာ ဓာတ္ေလွကားထဲကေန ထြက္လာၿပီး ဧည့္ႀကိဳေကာင္တာကို ေလွ်ာက္လာသည္

"Hi..ဟို Doctor Park နဲ႕ေတြ႕ခ်င္လို႔ပါ "

Chaeyoungနဲ႕ အႀကိမ္ေပါင္းမ်ားစြာ ညစာအတူစားေနၾကကို ဒီေန႕မွ ဘာလို႔ အရမ္းစိတ္လႈပ္ရွားေနတယ္ဆိုတာ Lisaမသိ

ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႕ေတြ႕ဆုံရတာေတာင္ မတုန္လႈပ္တဲ့ Lisaက ဟန္ေဆာင္ၿပီးခ်ိန္းေတြ႕တာေလးက်မွ တုန္လႈပ္ေနလိုက္တာ

"ဟုတ္ကဲ့ Doctor Parkဆိုတာ ဘယ္က Parkလည္းဟင္ "

"အာ Park Chaeyoungပါ "

"ဒီကေန တည့္တည့္သြားၿပီး ဘယ္ဘက္ေကြ႕လိုက္ပါ ဆာဂ်ရီဌာနေရာက္ပါလိမ့္မယ္ "

"ေက်းဇူး ခ်ာလီ "

သူနာျပဳမေလးရဲ႕ နာမည္ကတ္ကို ဖတ္ၿပီး Lisa ေက်းဇူးတင္စကားေျပာလိုက္သည္

Chaeyoung႐ုံးခန္းကို Lisa သိပ္မရွာလိုက္ရ တံခါးေရွ႕မွာ ကပ္ထားတဲ့ Chaeyoungရဲ႕ နာမည္ေလးကို ေတြ႕လိုက္ရသည္

Knock Knock

"ဝင္ခဲ့ပါ "

Chaeyoungရဲ႕ စကားေၾကာင့္ Lisaလည္း ႐ုံးခန္းထဲ ဝင္လာသည္

"Hello Chaeng "

"oh hey...shit Sorry ငါေမ့ေနတာ ခဏေနာ္ ေရအျမန္ခ်ိဳးလိုက္မယ္ "

Chaeyoungမွာ Lisaကို ျမင္မွ ခ်ိန္းထားတာကို သတိရၿပီး သူမရဲ႕ ဖိုင္ေတြကို သိမ္းလိုက္သည္

"Oh နင့္ရဲ႕ ႐ုံးခန္းမွာ ေရခ်ိဳးခန္းလည္း ရွိတာလား "

"ရွိတယ္ နင္လိုခ်င္တယ္ဆို ကုတင္ပါထည့္ေပးမယ္ "

Chaeyoung ေရခ်ိဳးခန္းထဲကေန ေအာ္လိုက္ေတာ့ Lisa ရယ္လိုက္သည္

Chaeyoungနဲ႕ ခင္တာၾကာေပမယ့္ ႐ုံးခန္းကိုေတာ့ တစ္ခါမွမေရာက္ဖူးဘူးေလ

Chaeyoungရဲ႕ ႐ုံးခန္းထဲ လွည့္ပတ္ၾကည့္ေနရင္း စင္ေပၚမွာ သူနဲ႕Chaeyoung ရဲ႕ ကေလးဘဝကပုံေလးကို ေတြ႕ၿပီး Lisa ၿပဳံးလိုက္မိသည္

Lisa ကေလးဘဝကအေၾကာင္းေတြေတြးေနရင္း Chaeyoung ေရခ်ိဳးခန္းထဲက ထြက္လာမွ သတိျပန္ဝင္လာသည္

သူ႕ေရွ႕ဖင္တုံးလုံးနဲ႕ အဝတ္အစားလဲေနတဲ့ Chaeyoungကို Lisa စိုက္ၾကည့္မိသည္

အင္း Chaeyoungကို ဖင္တုံးလုံးအေနအထားနဲ႕ ငယ္ကတည္းက ေတြ႕ခဲ့ရေတာ့သိပ္ေတာ့ မထူးဆန္းေတာ့ဘူးေလ

"Somiက ဟန္းနီးမြန္းအတြက္ ေနရာရွာေတြ႕ၿပီတဲ့ "

"ဘယ္မွာတဲ့လည္း "

"Supriseတဲ့ "

"အဲ့ကေလးမေတြကေတာ့ တကယ္ပါဘဲ "

"Chaeng..နင္တို႔ေဆး႐ုံက သူနာျပဳေလးက ခ်စ္စရာေလးေနာ္ ဘာလို႔ သူ႕အေၾကာင္း မေျပာျပတာလည္း "

"နင္ စိတ္ဝင္စားမယ္မထင္လို႔ေလ "

"စိတ္ဝင္စားတတ္ပါတယ္ဟ သူ႕နာမည္က ခ်ာလီလား"

"ေနပါအုံး နင့္ရဲ႕ ရည္းစားအတုက အလုပ္မ်ားေနခ်ိန္ နင္က ခ်ာလီနဲ႕ အီစီကလီ လုပ္ခ်င္ေနတာလား ေၾသာ္ ငါတို႔ရဲ႕ relationshipအတုကို ဒီလိုေလး အစပ်ိဳးလိုက္တာေပါ့ေလ "

Chaeyoung braခ်ိတ္တပ္ရင္း ရန္လုပ္လိုက္သည္

"Hey ခ်ိတ္ကူတပ္ေပးရမလား "

"မလိုဘူး လစ္ "

Lisaမွာ Chaeyoungကို ခ်ိတ္တပ္ေပးဖို႔လုပ္စဥ္ Chaeyoungရဲ႕ အေမက အခန္းထဲ ဝင္လာသည္

သူကလည္း ဒီေဆး႐ုံက ဆရာဝန္ဘဲေလ

"Chaeyoung သမီး အိုး အခ်ိန္မွားၿပီးေရာက္လာမိတာဘဲ "

Bra ခ်ိတ္တပ္ေနတဲ့ Lisaတို႔ကိုျမင္ေတာ့ Mrs.Parkမွာ မ်က္ႏွာပူလာသည္

"အာ မဟုတ္ပါဘူး ညစာသြားစားမလို႔ အဝတ္လဲေနတာ Omma ၿပီးၿပီမို႔လို႔ သြားေတာ့မယ္ေနာ္ တာ့တာ "

"ေနအုံး ေနအုံး Lisa...ငါ့သမီးကို ေကာင္းေကာင္းဆက္ဆံေနာ္ မဟုတ္ရင္ သမီးဖ်ားတဲ့အခါ ပစ္ထားမွာ "

Mrs.Parkက Lisaကို ႏူးႏူးညံ့ညံ့ေလး ၿခိမ္းေျခာက္ေတာ့ Lisaၿပဳံးလိုက္မိသည္

"စိတ္ခ်ပါ ကြၽန္မ သူ႕ကို မင္းသမီးတစ္ပါးလိုဆက္ဆံမွာပါ "

Mrs.Parkကို ႏႈတ္ဆက္ၿပီး Chaelisaတို႔ ေဆး႐ုံကေန ထြက္လာခဲ့ၾကသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co