Part 31
Jisooမှာ Lisaကို စခန်းအပြင်ဘက် ခဏခေါ်သွားသည်
အခုအခြေအနေအရ Lisaရဲ့ companyကိုပါ ထိခိုက်ပြီး ရှယ်ယာတွေ ထိုးကျနိုင်လို့ companyကို ပြန်သွားပြီး အခြေအနေကို ထိန်းပေးဖို့ အကြံပေးလေသည်
Lisaလည်း သက်ပြင်းချပြီး Jisooက Chaeyoungနဲ့ စကားပြောနေချိန် Companyကို ထွက်လာလိုက်သည်
Jisooမှာ Joyကို Chaeyoungနဲ့ နှစ်ယောက်တည်း စကားပြောချင်ကြောင်း ခွင့်တောင်းသည်
Joyလည်း Chaeyoungကို ထောင်ထဲက ခဏထုတ်ပေးပြီး စစ်ဆေးရေးရုံးခန်းထဲဲ ပြန်သွားခိုင်းသည်
"ကောင်းပြီ Chaengieရေ ပြောကြရအောင် "
Jisoo စာအုပ်ကို စားပွဲခုံပေါ် တင်ပြောတော့ Chaeyoung သက်ပြင်းချလိုက်သည်
"Jisooရယ် ဘယ်လောက်တောင် ဆိုးရွားနေသလည်း "
"ငါ နင့်ကို လျှောက်ပြောနေတာတော့ မဟုတ်ဘူး နင့်ကို ဓားနဲ့အတူ အလောင်းနဲ့မလှမ်းမကမ်းမှာ ရဲတွေက တွေ့ခဲ့ကြတာ...ပြီးတော့ ဟိုတစ်ခါ နင် အဲ့သေဆုံးသူကို လူမြင်ကွင်းမှာ ရိုက်ခဲ့တဲ့သက်သေကလည်းရှိနေတော့ နင့်အတွက် အမှုဆင်ဖို့က ကွက်တိပြည့်စုံလွန်းနေတယ် အဲ့နေရာမှာ နောက်တစ်ယောက်ရှိနေတယ်ဆိုတဲ့သက်သေ ငါတို့လိုနေတယ် "
"ငါ့ခေါင်းကို ရိုက်ခံရတာလေ "
"ဟုတ်တယ် ဒါကြောင့်မို့လို့ Emilyက တစ်ယောက်တည်း မဟုတ်ကြောင်း ပြဖို့ သက်သေလိုနေတာ Emilyက သူ့ဗိုက်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခံရပြီး သေသွားတာ ဘေးအိမ်ကလည်း အော်ဟစ်တဲ့ အသံကြားတယ်ပြောတော့ သေချာပေါက် Emilyက တရားခံနဲ့ ရင်းနှီးလောက်တယ် ဘာလို့လည်းဆိုတော့ အိမ်ထဲကို သူပေးဝင်ထားတယ် မဟုတ်လား ငါတို့သာ တရားခံအစစ်ကို ရှာနိိုင်ရင် နင်လွတ်နိုင်တယ် "
"Emily က ငါသူ့ဆီ လာမယ်ဆိုတာသိတာ မဟုတ်ဘူး "
"ဒါဆို နင့်နောက်လိုက်နေတဲ့သူရှိနေတာဘဲ "
Jisooမှာ ပြောပြီး သူ့ဖုန်းကိုကောက်ကိုင်သည်
ထို့နောက် Jennieဆီသို့ ဖုန်းခေါ်လိုက်သည်
"Hey Jen...ဖြည်းဖြည်း Chaeyoung ထောင်ထဲနေနေရတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ် တစ်ခုအကူအညီတောင်းချင်လို့ နင့်အသိ တရုတ်မလေးလေ သူက Hackerကွာ ဟုတ်တယ် Ning Yizhuo... သူ့ကို အကူအညီတစ်ခုတောင်းပေးပါ့လား ငါလိပ်စာပေးလိုက်မယ် အဲ့လိပ်စာက လမ်းတွေမှာ တပ်ထားတဲ့ CCTV တွေကို Hackပေးပါလို့ ဖျက်ထားတာတွေရှိရင်လည်း ကြိုးစားပြန်ယူပေးဖို့ အကူအညီတောင်းပေးပါလား "
Jisooပြောပြီး သက်ပြင်းချလိုက်သည်
"အင်းပါ ဂရုစိုက်အုံးနော် Jen ....'
Jisoo ပြောပြီး ဖုန်းချလိုက်သည်
"သူ ပြဿနာမတက်ဖို့ မျှော်လင့်ရမယ် "
"Come on Chaeng ငါလည်း သူ့ကို ဆွဲမထည့်ချင်ပါဘူး ဒါပေမယ့် ငါရဲတွေကို မယုံဘူး ....ဒီကောင်တွေ လာဘ်ယူထားရင်ယူထားမှာ အငတ်တွေလေ "
"Joyတော့ မပါပါဘူး သူက လူကောင်းတစ်ယောက်ပါ ငါသူ့ကိုယုံတယ် ..."
"Lisaကတော့ နင့်သူငယ်ချင်းအသစ်ကို သိပ်ကြည်တာ မဟုတ်ဘူးနော် Chae "
"ငါ သိပါတယ် ဒါပေမယ့် သူ့အကူအညီလိုတာ ဥာဏ်ကောင်းတဲ့ ငါတို့Lisaလေးလည်း သိမှာပါ "
"Ok ဒါဆို ငါလည်း ငါ့အသိတရားသူကြီး ဘာညာနဲ့သွားတွေ့အုံးမယ် စိတ်မပူနဲ့ သူငယ်ချင်း ငါနင့်ကို ဒီကနေ ရအောင် ပြန်ထုတ်ပေးမယ် သိလား ဒါနဲ ငါမပါဘဲ ဘယ်သူနဲ့မှ စကားမပြောနဲ့နော် သူတို့က ပြောချင်တယ်ဆိုရင် ငါ့ကိုခေါ်ခိုင်းလိုက် "
"အင်းပါ စိတ်မပူပါနဲ့ "
*****
နှစ်ရက်သာ ကြာသွားပေမယ့် နောက်ထပ် ဘာသက်သေမှ မရှိလာသေးသောကြောင့် Lisaမှာ သူ့မိန်းမအတွက် ပြာနေသည်
ဘုတ်အဖွဲ့အစည်းအရုံးကလည်း Chaeyoungနဲ့ပတ်သက်ပြီး အပြစ်တင်နေကြတာကို Yoosunကတော့ ကျေနပ်နေသည်
Lisaနဲ့နှစ်ယောက်တည်း ဓာတ်လှေကားထဲတွေ့တော့ Yoosunက Lisaကို ခနဲ့သည်
"Park Chaeyoung အတွက် စိတ်မကောင်းပါဘူး "
"သိပ်ပြီး ပျော်မနေနဲ့ မကြာခင် Chaeyoungက အပြစ်မရှိလို့ လွတ်လာလိမ့်မယ် "
"ဟုတ်လား အဘက်ဘက်က သက်သေတွေရှိနေတာကို ဘယ်လိုလွတ်လာမလည်း သိချင်လိုက်တာ "
Lisaမှာ Yoosunမျက်နှာကို ပိတ်ထိုးချင်စိတ်တွေ ထိန်းထားရသည်
ခုချိန် ထိုးလိုက်ရင် Lisaပါ ပြဿနာတက်ပြီး သူနဲ့Chaeyoung အတူကြိုးစားကယ်တင်ထားတဲ့ company က ရေစုန်မျှောသွားမှာလေ
Lisa အံကြိတ်ပြီး လက်သီးကိုသာ ဆုပ်ထားမိသည်
ဓာတ်လှေကားလည်း ပွင့်ရော သူ့ကို ပြုံးပြီး ကြည့်နေတဲ့ Jisooကို တွေ့ရလေသည်
"Lisa သွားရင်းနဲ့ စကားပြောရအောင် "
Lisaရဲ့ လက်ကိုဆွဲပြီး Jisoo အပြင်ကိုခေါ်လာသည်
ကားပေါ်တွင် Jisoo သူ့ဘောင်းဘီအိတ်ထဲက stickကို ထုတ်ပြသည်
"ဘာကြီးလည်း "
"Stickလေ နင့်မိန်းမ အပြစ်ကင်းကြောင်း ပြမယ့် stickလေး "
Jisooရဲ့ စကားကြောင့် Lisa အရမ်းပျော်သွားတယ်
"တကယ်လား ဘယ်ကရလာတာလည်း ဘယ်လိုရတာလည်း အဲ့ထဲဘာပါလည်း "
"ဖြေးဖြေးမေးပါ ငါ့ကောင်ရ အသက်လည်းရှူပါအုံး "
"ငါ အရမ်းသိချင်နေပြီ Jisoo "
"ဒီလို နေပါအုံး ကားကိုအာရုံစိုက်မောင်းနော် Chaeyoungဆီ မရောက်ဘဲဆေးရုံရောက်နေမယ် "
'အေးပါဟ "
"ဒီလို...ငါ Jennieဆီ အကူအညီတောင်းလိုက်တာ သူ့အသိက Hackerလေ.... CCTV တွေကို hackခိုင်းရာက Emily အိမ်ထဲမလှမ်းမကမ်းက CCTVမှာ Chaeyoungက Emilyနဲ့စကားပြောပြီး အိမ်ထဲက ထွက်အလာ Hoodieဝတ်ထားတဲ့ လူတစ်ယောက်က Chaeyoung ကို Emilyကို နောက်လှည့်ကြည့်တဲ့အချိန် ရိုက်သွားတာ အဲ့တာကို ပြန်ရှာတွေ့တော့ download လုပ်ပြီး ငါ့ဆီ ပို့လိုက်တာ အဲ့သက်သေ Joyဆီကိုလည်း ပို့ထားတယ် ဒါကြောင့်မို့လို့ သွားခေါ်ရအောင်လို့ "
Jisooရဲ့ စကားကြောင့် Lisa အရမ်းပျော်သွားတယ် ပျော်လွန်းလို့ မျက်ရည်တွေတောင်ကျလာသည်.... သူ Chaeyoungကို စိတ်ပူနေခဲ့တာ ပြန်မရမှာ ထောင်ကျမှာကို စိတ်ပူနေခဲ့တာလေ
"ကျေးဇူးတင်လိုက်တာ.... Jisoo...နင့်ကျေးဇူးတွေ Jennieနဲ့ အဲ့ဟက်ကာလေး ကျေးဇူးတွေ ငါ့အပေါ် အများကြီးတင်နေပြီ....ငါ အားလုံး အရင်အတိုင်း ပြန်ဖြစ်တဲ့ နေ့ကျရင် နင်တို့ကို ကျေးဇူးဆပ်ပါမယ် "
"အေးပါ Jennieနဲ့ ငါလက်ထပ်မယ့်နေ့ကျ လက်ဖွဲ့ကောင်းကောင်းပေး"
"ဘာ နင်တို့က လက်ထပ်တော့မှာလား "
Jisooရဲ့ စကားကြောင့် Lisa အံ့သြသွားသည်
"မဟုတ်ပါဘူး အခုမှ အီစီကလီရှိပါသေးတယ် "
"တကယ် ကျေးဇူးတင်ပါတယ် နင်တို့ကြောင့်သာ မဟုတ်ရင် ငါ ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး ဘာမှမလုပ်နိုင်ဘူး သိလား စောက်ရဲတွေကလည်း ဘာမှအားမကိုးရဘူး အပြစ်မဲ့တဲ့သူကို ဆွဲစိပြီး တရားခံအစစ်ကျ မရှာနိုင်ဘူး မျိုစို့ဖို့ဘဲ တတ်တယ် စောက်ဝက်တွေ "
Lisaမှာ သူ့ကောင်မလေးတွေ တွေ့ရဖို့ အရမ်းစိတ်လှုပ်ရှားနေသည်
#tbc
#zawgyi
Joyလည်း Chaeyoungကို ထောင်ထဲက ခဏထုတ်ပေးပြီး စစ်ဆေးရေးရုံးခန်းထဲ ပြန်သွားခိုင်းသည်
"ဟုတ်တယ် ဒါကြောင့်မို့လို့ Emilyက တစ်ယောက်တည်း မဟုတ်ကြောင်း ပြဖို့ သက်သေလိုနေတာ Emilyက သူ့ဗိုက်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ခံရပြီး သေသွားတာ ဘေးအိမ်ကလည်း အော်ဟစ်တဲ့ အသံကြားတယ်ပြောတော့ သေချာပေါက် Emilyက တရားခံနဲ့ ရင်းနှီးလောက်တယ် ဘာလို့လည်းဆိုတော့ အိမ်ထဲကို သူပေးဝင်ထားတယ် မဟုတ်လား ငါတို့သာ တရားခံအစစ်ကို ရှာနိုင်ရင် နင်လွတ်နိုင်တယ် "
"အင်းပါ စိတ်မပူပါနဲ့ "
*****
"ဘာကြီးလည်း "
'အေးပါဟ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co