Part 32
Jisoo က ကားပါကင်ထိုးနေစဥ် Lisaမှာ ရဲစခန်းထဲကို အမြန်ပြေးဝင်လာသည်
"Mrs.Manoban ဘာကိစ္စရှိလို့လည်း "
Joyက ထရပ်ပြီး မေးလိုက်သည်
"စာရွက်စာတမ်းတွေ ကျွန်မလက်ထဲ ရောက်လာပြီဆိုရင်တော့ ကျွန်မ သူ့ကိုလွှတ်ပေးလိုက်မှာပါ "
Joyရဲ့ စကားကြောင့် Lisa မျက်မှောင်ကြုတ်သွားတယ်
"ကျွန်မက ရန်သူမဟုတ်ပါဘူး Mrs.Manobanရယ် ရှင်လည်း သူ့ကို အမြန်လွှတ်ပေးချင်သလို ကျွန်မလည်း သူ့ကိုချက်ချင်း လွှတ်ပေးချင်တာပေါ့ "
Joyရဲ့ စကားကြောင့် Lisa ပိုပြီး မျက်မှောင်ကြုတ်သွားတယ်
သူ့မိန်းမကို Joy အီစီကလီလုပ်ထားတဲ့ကိစ္စ Lisa သိနေတဲ့အတွက်ကြောင့် သိပ်အမြင်မကြည်ဘူးလေ
"အပိုတွေပြောမယ့်အစား အလုပ်ကို သေချာလုပ်သင့်တယ်နော် ငါ့မိန်းမကို ဖမ်းထားတဲ့အချိန်မှာ တကယ့် တရားခံကလွတ်နေတယ်နော် "
"ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ် Mrs.Manoban "
"ဘာတွေ ကြိုးစားနေတာလည်း ဟမ် "
Lisaမှာ စားပွဲခုံကို ဘုန်းခနဲထုပြီး အော်လိုက်သည်
Jisooမှာ ရဲစခန်းထဲ အမြန်ပြေးဝင်လာပြီး Lisaကို အမြန်ဆွဲရပြန်သည်
"ဒီမှာ လိုအပ်တဲ့သက်သေတွေပါ စုံထောက်ကြီး ဒါဆိုရင် ကျွန်မရဲ့ အမှုသည်ကို အိမ်ပြန်ခေါ်သွားလို့ရပြီလား "
Joyလည်း Jisooပေးတဲ့ စာရွက်သက်သေတွေကို ကြည့်ပြီး သေချာစစ်ဆေးပြီးနောက် Chaeyoungကိုလွှတ်ပေးလေသည်
"Mrs.Chaeyoung Manoban ...အိမ်မှာဘဲနေပါနော် ဘယ်မှမသွားပါနဲ့နော် နိုင်ငံခြားကိုလည်း ထွက်ပြေးလို့မရပါဘူးနော် တို့တွေ မြင်နိုင်တဲ့နေရာမှာဘဲ နေပေးပါနော် "
Joyလည်း ပြောပြီး Chaeyoungရဲ့ လက်က လက်ထိပ်ကို ဖြုတ်ပေးလေသည်
Lisaမှာ ချက်ချင်းဘဲ Chaeyoungကို သူ့ရင်ခွင်ထဲ ဆွဲခေါ်လေသည်
"ကိုယ်တို့ အိမ်ကို ပြန်ကြမယ်နော် အချစ်လေး "
Joyရှေ့မှာ Chaeyoung ကို နမ်းပြီး Lisa ပြောလိုက်သည်
ထို့နောက် Chaeyoungကို ခေါ်ပြီး အိမ်ပြန်လာသည်
ပြီးတော့ အိမ်နားမှာလည်း Bodyguard လုံခြုံရေးတွေ Chaeyoungအတွက် ငှားထားပေးသေးသည် Chaeyoungကို ဒုက္ခပေးချင်တဲ့သူတွေက ရှိနေသေးတာလေ မဟုတ်လား
Chaeyoungက အိမ်ပြန်ရောက်တော့ ရေချိုးနေချိန် Lisaက Jisooနဲ့ စကားပြောနေသည်
"Jennieနဲ့ NingNingက CCTVကနေ တရားခံကို အသေးစိတ်ရှာနေကြတယ် မကြာခင် သူတို့ရှာတွေ့ကြမှာပါ အဲ့ကျရင် ငါနင့်ကိုအသိပေးမယ်လေ "
"ကျေးဇူးတင်တယ် Jisoo တကယ် နင်တို့ရှိနေလို့ ငါအားရှိနေရတာ "
"ရပါတယ် ငါ့လူရာ အချင်းချင်းဘဲ ကျေးဇူးတင်စကားမလိုပါဘူး "
Jisooလည်း ပြန်သွားရော Lisa ကုတင်ပေါ်တွင် Chaeyoungကို စောင့်နေသည်
တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာသောကြောင့် Chaeyoung အဆင်ပြေမနေမှန်း Lisa သိသည်
Chaeyoungမှာလည်း သူ့ခန္ဓာကိုယ်ပေါ်ကနေ ရေနဲ့အတူ စီးဆင်းသွားတဲ့သွေးတွေကြည့်ပြီး စိတ်ပင်ပန်းနေပြီး ကြောက်ရွံနေသည်
ဒါပေမယ့် အေးစက်တဲ့ သံတိုင်ကြားနေရတာထက် နွေးထွေးတဲ့ Lisaရဲ့ အရိပ်အောက် ရင်ခွင်ထဲမှာ နေရတာ Chaeyoungအတွက်တော့ နည်းနည်းစိတ်သက်သာရာရစေသည်
ရေချိုးပြီး ထွက်လာတော့ သူ့ကို ပြုံးပြပြီး စောင့်နေတဲ့ Lisaကိုတွေ့ရသည်
"နင် အဆင်ပြေရဲ့လား Chae "
"ငါကြောက်တယ် Lisa....Yoosunလက်ချက်ဆိုတဲ့ သက်သေကို ငါတို့မရှာနိုင်ခဲ့ရင် ဘယ်လိုလုပ်မလည်း "
Chaeyoung ပြောပြီး Lisaရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်
"Shuu အဲ့လိုကြီးမပြောပါနဲ့ Chae ရယ် "
Lisa ပြောပြီး Chaeyoungကို ဆွဲဖက်သည်
ပြီးတော့ နှစ်သိမ့်အားပေးတဲ့အနေနဲ့ Chaeyoungရဲ့ နဖူးလေးကို Lisa အနမ်းပေးလိုက်သည်
"နင်ရော အဆင်ပြေလား ဘယ်လိုလည်း ငါပြောချင်တာက Emilyကလည်း နင့်အတွက်အရေးပါခဲ့တယ် မဟုတ်လား အခု သူက..."
Chaeyoung ပြောရင်း အသံက တိမ်ဝင်သွားသည်
"Emilyက သူတို့အသုံးချခံဖြစ်သွားလို့ စိတ်တော့ မကောင်းဘူး ဒါပေမယ့် နင့်ကိုပါ အသုံးချသွားတာကို ငါဒေါသထွက်ပြီး ဝမ်းနည်းမိတယ် Chae...ငါတောင်းပန်ပါတယ် ငါနင့်ကို ကာကွယ်ပေးရမှာကို အသုံးမကျလိုက်တဲ့ ငါ..ငါနင်နဲ့ကွာရှင်းဖို့ထိ တွေးနေခဲ့တာ ငါသာ ကွာရှင်းပေးလိုက်ရင် Yoosunက နင့်ကိုလွှတ်ပေးရင် လွှတ်ပေးမှာ ဒါမှမဟုတ် ငါ သူ့ကို Manoban companyကိုပေးလိုက်ရမလား..."
Chaeyoungမှာ Lisaရဲ့ မျက်နှာလေးကို ဆုပ်ကိုင်ပြီး
"Hey Hey...အဲ့လောက်ထိလုပ်စရာမလိုဘူးလေ Lisa...ငါတို့ လက်ထပ်ခဲ့တဲ့ရည်ရွယ်ချက်ကဘာလည်း "
"ဒီ manoban companyကို ကယ်ဖို့ "
"ဟုတ်တယ်လေ ဒီ Manoban companyကို ကယ်ဖို့ ငါတို့တစ်နှစ်ခွဲထိ အတွဲညီညီ teammateပီသစွာ လက်တွဲဲဲကြိုးစားခဲ့တာ အခုလပိုင်းလောက် အလိုကျမှ လက်လျော့တော့မလို့လား ငါ့ကို မချစ်တော့ဘူးလား "
"နင့်ကို အရမ်းချစ်လို့ ငါ Yoosunလက်က ကာကွယ်ပေးဖို့ ကြိုးစားနေတာလေ "
"အဲ့တာဆို ငါတို့ ဒီထက်ပိုကြိုးစားရမယ်လေ ကွာရှင်းတယ်ဆိုတာ အရှုံးပေးတာနဲ့အတူတူဘဲ ငါ Yoosunကို အနိုင်မပေးနိုင်ဘူး Lisa ငါနင့်ကို အရမ်းချစ်တယ် နင့်အတွက် နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်သွားမယ် "
"ငါလည်း နင့်ကိုသိပ်ချစ်တယ် Chaeရယ် "
"ငါကပိုချစ်တာ ငါနင်နဲ့တူတဲ့ ကလေးလေးတွေမွေးပေးချင်တယ် နင်နဲ့အတူ မိသားစုတည်ဆောက်ချင်တယ် "
Chaeyoungရဲ့ စကားကြောင့် Lisaအံ့သြသွားတယ်
"မိသားစု နင်က ကလေးလေးလိုချင်တာလား "
"ဟုတ်တယ် Lisa...နင်ကလည်း အမေကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ် စိတ်မပူပါနဲ့ "
"Yeah ငါလည်း Chaeyoungပေါက်စလေးတွေ အိမ်ထဲပတ်ပြေးဆော့ကစားနေတာလေးတွေ မြင်ချင်မိတယ် ဒါကြောင့်မို့လို့ ကလေးလေးတွေရဖို့ လေ့ကျင့်ရအောင်လား "
Lisaပြောပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
Lisaကြောင့် Chaeyoung စိုးရိမ်မှုတွေကို ခဏမေ့ပြီး ရယ်လိုက်မိသေးသည်
"Chaeyoung ငါ ကတိပေးပါတယ် ငါတို့ရန်သူလက်ကနေ အနာဂတ်မှာ ငါ့ကလေးတွေရဲ့အမေဖြစ်လာမယ့် နင့်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးပါမယ် ...."
Lisaပြောပြီး Chaeyoungကို ထပ်နမ်းပြန်သည်
#tbc
#zawgyi
"ဟုတ်တယ်လေ ဒီ Manoban companyကို ကယ်ဖို့ ငါတို့တစ်နှစ်ခွဲထိ အတွဲညီညီ teammateပီသစွာ လက်တွဲကြိုးစားခဲ့တာ အခုလပိုင်းလောက် အလိုကျမှ လက်လျော့တော့မလို့လား ငါ့ကို မချစ်တော့ဘူးလား "
#tbc
Bạn đang đọc truyện trên: Truyen3h.Co