Part 5
Author note- ရှေ့တစ်ပိုင်းမှာ နည်းနည်းမှားရေးထားလို့ ပြင်ထားပါတယ်
(Robinက Lisaရဲ့ လက်ထောက်ဖြစ်ပြီး Emilyက Lisaရဲ့ exပါ)
ဟန်ဆောင်အတွဲဟာ သူတို့ဇာတ်လမ်းကို ရိုက်ကူးဖို့ စားသောက်ဆိုင်ကို ထွက်လာကြသည်
ရိုမန်တစ်ဆန်တဲ့ မီးရောင်မှိန်မှိန်လေးအောက်တွင် Chaelisaတို့ ညစာအတူစားနေကြသည်
စားသောက်ဆိုင်ထဲက လူတစ်ချို့က Lisaကို သတိထားမိပြီး ခိုးကြည့်ရင်း တိုးတိုးပြောနေကြသည်
ဟုတ်တယ် Chaelisaတို့က ဒီလိုဖြစ်စေချင်တာ
လူတွေကြည့်နေမှန်းသိလို့ Lisa ကြိုတင်စီစဥ်ထားတဲ့ ပန်းစည်းလေးကို Chaeyoungကို ပေးလိုက်သည်
ထို့နောက် Chaeyoungရဲ့လက်ကို ကိုင်ရင်းလည်း စကားတွေပြောနေကြသည်
ပန်းစည်းပေးလိုက် လက်ကလေးကိုင်လိုက် လက်ဖမိုးလေးကို နမ်းနေတဲ့ အတွဲကို ကြည့်ရင်း စားသောက်ဆိုင်က လူတွေမှာ အားကျနေကြသည်
Lisaတို့ ညစာစားပြီး ကားပါကင်ဘက် ထွက်လာတော့ မသိမသာနဲ့ သူတို့ကိုချောင်းနေတဲ့ သတင်းထောက်တွေကိုတွေ့ရသည်
"Party time..."
Lisa တိုးတိုးလေးရေရွတ်ပြီး Chaeyoungရဲ့ ခါးလေးကို ဖက်လိုက်သည်
"ဒီထက်ပိုပြီး ကဲပြရမလား Lisa "
Lisaရဲ့ နားနားလေးကပ်ပြီးပြောတော့ Lisa သွားလေးတွေပေါ်အောင်ရယ်ပြီး Chaeyoungရဲ့လက်ကို ကိုင်လိုက်သည်
"မလုပ်ပါနဲ့ ခုနတင် နင့်အမေက ငါ့ကိုချိန်းခြောက်ထားတာကို...."
Chaeyoungကို Lisa ကားတံခါးဖွင့်ပေးတော့ Chaeyoungလည်း ကားထဲကို ဝင်လိုက်သည်
Lisa မှာ Chaeyoungကို ခါးပက်ပက်ပေးရင်း ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်
မွှေးလိုက်တာ Chaeyoungဆီက ရတဲ့အနံ့လေးတွေကို Lisa အရမ်းသဘောကျတယ် .....
ထပ်ပြီး နမ်းချင်လိုက်တာ....
စားသောက်ဆိုင်ကနေ Lisaတို့ထွက်လာပြီး Chaeyoungရဲ့ တိုက်ခန်းကို မောင်းသွားကြသည်
"ငါတို့ သေချာလေး သရုပ်ဆောင်နိုင်ခဲ့ကြတယ်ထင်တယ် "
Chaeyoung ပြောပြီး သူ့ဖိနပ်ကိုချွတ်ပြီး ခြေအိတ်ကိုပါ ချွတ်လိုက်သည်
"Yah Chaeyoung ဖိနပ်စီးထားစမ်းပါ နံလိုက်တာ "
Lisa ကားမောင်းရင်း သူ့သူငယ်ချင်းကိုပြောလိုက်သည်
"ဒါက နင့်အတွက် ပြစ်ဒဏ်ဘဲလေ "
Chaeyoung ပြောပြီး ကားခုံကိုနောက်ဆုတ်ကာ ခြေထောက်နှစ်ဖက်ကို dashboard ပေါ်တင်လိုက်သည်
"Chaeng..နင့်အနံ့ကြောင့့် ...ငါမေ့လဲတော့မယ်"
Lisa ပြောပြီး ကားထဲက air conကို ဖွင့်လိုက်သည်
Lisaကို ကြည့်ပြီး Chaeyoung အူတက်နေအောင်ရယ်သည်
"ဒီဟာက နင်ပေးရမယ့် အရာဘဲ Manoban ဒီ fake dateကြောင့်သာမဟုတ်ရင် ငါခြေသလုံးမွှေးရိတ်ရမှာမဟုတ်ဘူး "
"ငါ အမွှေးထူတာလေးတွေကြိုက်တယ် အာ ငါပြောတာ လက်အမွှေးနော် ဆံပင်မွှေးရော"
"ငါလည်း အမွှေးထူတယ်လေ ကိုင်ကြည့်မလား ငါပြောတာ လက်အမွှေးနော် "
"Park Chaeyoung ကျွန်တော်မျိုး ကားမောင်းနေပါတယ် ဘုရား"
"နင့်လက်တစ်ဖက်ပေး "
Lisaရဲ့လက်တစ်ဖက်ကို ယူပြီး သူ့လက်ပေါ် Chaeyoungတင်လိုက်သည်
"တွေ့လား အမွှေးလေးတွေက နူးညံ့နေတာဘဲ "
"ဟုတ်ပါ့ဗျာ အမွှေးလေးတွေက နူးညံ့နေလို့ congratulationပါ Doctor Park Chaeyoung "
"ချီးထုပ် လာမရွဲ့နဲ့ "
Chaeyoungရဲ့တိုက်ခန်းကိုရောက်တော့ တိုက်ခန်းရှေ့ထိ Lisaက လိုက်ပို့သည်
"အိမ်ထဲမဝင်တော့ဘူးလား Lisa "
"ဟင့်အင်း နည်းနည်းပင်ပန်းနေလို့ မဝင်တော့ဘူး..ဒီနေ့ အရမ်းပျော်ခဲ့ရတယ် Chaeyoung "
"ငါလည်းအတူတူဘဲ အရမ်းပျော်တယ် Lisa "
"မနက်ဖြန်ရော နင့်ကို လာခေါ်လို့ရလား "
"ရပါတယ် အရမ်းကြီး အလုပ်လုပ်မနေနဲ့အုံး "
Lisa ခေါင်းညိတ်ပြီး Chaeyoungကို ဖက်လိုက်သည်
"ငါ့အတွက် ဒီလိုမျိုးတွေထိ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် နင်က စကြာဝဠာတစ်ခုလုံးမှာ အကောင်းဆုံး သူငယ်ချင်းဘဲ "
"နင်ရောဘဲ "
Chaeyoungပြောပြီး မျက်လုံးမှိတ်ကာ Lisaကို ပြန်ဖက်လိုက်သည်
"ငါတို့ အဆင်ပြေသွားမယ်မဟုတ်လား "
"ဘာမေးချင်တာလည်း Chaeyoung "
"နင်နဲ့ငါ အခုလို ဟန်ဆောင်နေတာ အဆင်ပြေသွားမယ် မဟုတ်လားလို့ ဘာလို့လည်းဆိုတော့ ငါ့အတွက် ဟန်ဆောင်နေတယ်လို့ကို မခံစားရလို့ "
"ငါ ကတိပေးပါတယ် Chaeyoung ငါတို့အားလုံး အဆင်ပြေသွားမှာ ငါတို့ ကိုင်တွယ်ဖြတ်သန်းနိုင်ပါတယ် နှစ်ယောက်အတူပေါ့ "
"အင်း နှစ်ယောက်အတူ "
*********
Lisa laptop နဲ့ reportတွေ လုပ်နေရင်း Chaeyoungအကြောင်းကို တွေးမိသွားတယ်
သူတို့ တွဲနေသလို ဟန်ဆောင်နေတာ နှစ်လတောင်ရှိသွားရောပေါ့ မဂ္ဂဇင်းတွေ သတင်းစာတွေရဲ့ ခေါင်းစဥ်တွေ ခေါင်းစီးတွေမှာလည်း "Lisa Manobanရဲ့ သတို့သမီးလောင်း" "အမျိုးသမီးထုကြီးရဲ့ Lisa Manoban အသည်းနှလုံးကို ခိုးယူသွားတဲ့ ဒေါက်တာ Park Chaeyoung " အစရှိတဲ့ ခေါင်းစဥ်တွေနဲ့အတူ Chaelisaတို့ လက်တွဲပြီး လမ်းလျှောက်နေကြတာတွေ ညစာအတူစားနေတာတွေ ဆင်တူလက်စွပ်လေးတွေရဲ့ ဓာတ်ပုံတွေပါ ထည့်ထားသည်
ဇာတ်လမ်းလေးကတော့ "အရမ်းပွေပြီးဆိုးတဲ့ Lisaဟာ သူ့သူငယ်ချင်း Park Chaeyoungဆီမှာ ကျရှုံးသွားပြီး မုဆိုးကနေ သားကောင်အဖြစ် ပြောင်းလဲသွားကြောင်း" တဲ့ကွယ်
သူတို့တွေပိုပြီး ဟန်ဆောင်ချိန်းတွေ့လေ Lisaအတွက် ပိုခက်ခဲလာလေဘဲ သူတို့နှစ်ယောက်ကြားက စည်းတွေကို ကြည့်ရင်း Lisa ဝေဝါးလာတယ်
Chaeyoungက Lisaအတွက် အကောင်းဆုံးကြိုးစားနေချိန် Lisaကတော့ မကောင်းတဲ့စိတ်တွေဝင်မလာအောင် သူ့စိတ်သူထိန်းထားရသည်
knock knock
"ဝင်ခဲ့ပါ "
"ချီးပေ Lisa နင်တို့ လက်ထပ်ပွဲ ဖိတ်စာရပြီဟေ့ "
Jisoo ပြောပြီး စက္ကူသေတ္တာလေးကို သယ်ကာ ရုံးခန်းထဲဝင်လာသည်
Lisaမှာ ဖိတ်စာကိုဖတ်ကြည့်ရင်း သူ့သူငယ်ချင်းကို တကယ်လက်ထပ်ရတော့မယ်ဆိုပြီး တွေးမိနေသည်
"ဟုတ်တယ် ငတုံး နင့်သူငယ်ချင်းကို တကယ်လက်ထပ်ရတော့မယ် "
Jisooမှာ သူ့သူငယ်ချင်း မျက်နှာအနေအထားကို ကြည့်ပြီး ဘာဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်တယ်လေ
"ပြီးတော့ နင်တို့ရဲ့ နောက်ဆုံးအပျိုညကို ကုန်ဆုံးဖို့ ပါတီလုပ်ပေးအုံးမှာ "
"ဘာ "
Jisooရဲ့ စကားကြောင့် Lisa shockရသွားတယ်
"ဟုတ်တယ် နင့်ရုံးခန်းက ကောင်မလေးတွေကို အသိပေးလိုက်အုံး "
"Jisoo ဒါက တကယ်လက်ထပ်တာမှ မဟုတ်တာ ဒီလောက်ထိ ကြီးကြီးကျယ်ကျယ် လုပ်စရာမလိုဘူးလေ "
"Blah Blah ဟန်ဆောင်လက်ထပ်တာ Blah Blah တော်ပါတော့ ဟန်ဆောင်တယ်သာပြောတယ် ကျေနပ်နေတာများ "
"Yah Kim Jisoo "
"သွားတော့မယ် နင့်ဝန်ထမ်းတွေကို အသိပေးထားလိုက် ငတုံး ဒါဘဲ "
Jisoo ပြောပြီး ရုံးခန်းထဲကထွက်သွားသည်
Lisa သက်ပြင်းချပြီး ဖိတ်စာတွေကို ထိုင်ကြည့်နေသည်
သိပ်မကြာခင် သူ့သူငယ်ချင်းနဲ့ တကယ် လက်ထပ်ရတော့မှာဘဲ
Knock Knock
"yah Kim Jisoo နင့်ရဲ့ ပါတီ အစီအစဥ်တွေ မသိချင်ဘူး "
"Hey ငါပါ Lisaရ "
Jisooထင်ပြီး Lisa အော်လိုက်ပေမယ့် Jisoo မဟုတ်ဘဲ Chaeyoung ဖြစ်နေသည်
Lisaလည်း Chaeyoungကို Jisooရဲ့ ပါတီအကြောင်းပြောပြီး တိုင်တော့ Chaeyoungက ရယ်လိုက်သည်
"ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ Lalisaရယ် သူတို့က ဒီပွဲကို စီစဥ်ရတော့ အစအဆုံး သူတို့ကြိုက်သလိုလုပ်ပါစေ "
"အေးပါကွာ ငါနင့်ကို ခေါ်ရတဲ့အကြောင်းအရင်းက ငါ့ရှေ့နေနဲ့အတူ ရှယ်ယာရှင်တွေနဲ့ တွေ့ပေးမလို့ အဲ့တာပြီးရင် နင် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရတော့မယ် ...ငါ့ကိုကြည့် Chae...ဒီနှစ်နှစ်အတွင်းမှာ လူတစ်ယောက်ယောက်ကိုတွေ့လို့ ချိန်းတွေ့ချင်တယ်ဆိုလည်း ရတယ် ငါနင့်ကို စာချုပ်ပြပြီး လှောင်အိမ်ထဲ ထည့်မထားချင်ဘူး ဒါပေမယ့် လူတွေသတိမထားမိအောင်တော့ ဒိတ်ပေါ့ "
"ဒါဆို ငါတစ်ခြားတစ်ယောက်ယောက်နဲ့ ဖောင်းဒိုင်းလုပ်ရင်ရော နင် ဘာမှမဖြစ်ဘူးလား အိုး နေပါအုံး နင်နဲ့ငါက ဟန်ဆောင်ထားတာဆိုတော့ ဘယ်သူနဲ့ငါ ဖောင်းဒိုင်းလုပ်လုပ် ရတယ်ပေါ့ အိုကေ လူအများကြီးစုထားရမယ် "
"Chaeng ငါက အဲ့သဘောမျိုးပြောတာမဟုတ်ဘူးလေ ငါပြောချင်တာက နင့်ကိုချည်မထားချင်လို့ နင်မွန်းကြပ်မှာဆိုးလို့ နင်လူကောင်းတစ်ယောက်ကိုတွေ့ရင် ရတယ်ချိန်းတွေ့လိုက် နင့်အတွက် ငါဝမ်းသာပေးမယ် "
"ဟုတ်ပြီ စိတ်မပူနဲ့ တစ်ယောက်ယောက်ကို တွေ့ရင် နင့်ကိုအသိပေးပြီး နင့်ကုတင်ပေါ်မဟုတ်ဘဲ ငါ့တိုက်ခန်းကိုခေါ်သွားလိုက်မယ် ဟုတ်ပြီလား "
Chaeyoungရဲ့ စကားကြောင့် Lisa မျက်နှာပျက်သွားတယ် Chaeyoungလည်း သူစကားမှားသွားတာကို ချက်ချင်းသိလိုက်သည် သူပြောလိုက်တဲ့စကားက Emilyကို သတိရစေတယ်မဟုတ်လား
"Sorry Lisa ငါ ငါအဲ့လိုမပြောလိုက်သင့်ဘူး တောင်းပန်ပါတယ် "
Chaeyoung ပြောပြီး Lisaကို ဖက်ကာတောင်းပန်လိုက်သည်
"ရပါတယ် Chaeng ငါအခုလိုပြောနေတာကလည်း နင့်ကိုပျော်စေချင်လို့ပါ "
ငြင်းခုန်စကားများကြတဲ့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ထားရင်း တိတ်ဆိတ်နေကြသည်
"ကောင်းပြီ ငါတို့လက်ထပ်ထားတဲ့ အချိန်အတောအတွင်း တစ်ယောက်ယောက်ကို ငါတွေ့ခဲ့ရင် နင့်ကို အရင်ပြောပါမယ် Lisa...နင်လည်း အဲ့လိုမျိုးတွေ့လာရင် ငါ့ကိုပြောပါမယ်လို့ ကတိပေးပါ ငါတို့ အရင်ကတည်းက တစ်ယောက်ရဲ့ ရည်းစားအကြောင်း crushအကြောင်းတွေ ပြောနေကြမဟုတ်လား ဘာမှမပြောင်းလဲသွားဘဲ အမှန်တိုင်း ပြောရအောင် "
"ငါလည်း ကတိပေးပါတယ် ...."
Lisa ပြောပြီး Chaeyoungကို တင်းတင်းကြပ်ကြပ်ဖက်ထားလေသည်
"Chaeng ဒါကစစ်ဆေးမှုတစ်ခုဘဲနော် သူတို့က ငါတို့ကိုအနီးကပ်စစ်ဆေးကြမှာ အဓိကက Yoosun သူ့ကို နင်မှတ်မိလားမသိဘူး ဟိုတစ်ခါ ခရစ်စမတ်ပါတီလာတုံးက သူရှိတယ်လေ "
"အရပ်ရှည်ရှည် ဆံပင်အညိုနဲ့မိန်းမလား "
"ဟုတ်တယ် သူဘဲ "
"အေးဆေးပေါ့ အဲ့ဘွားတော်ကို ဘာလို့ကြောက်ရမှာလည်း "
"ကဲ ဒါဆို လုပ်လိုက်ကြစို့ Boardက လူတွေကို သွားတွေ့ကြစို့ "
Chaeyoungရဲ့ လက်ကိုတွဲပြီး အစည်းအဝေးခန်းမသို့ ထွက်လာသည်
"Good eveningပါ အားလုံးဘဲ စောင့်ခိုင်းထားရလို့ အားနာပါတယ် "
Lisa Chaeyoungနဲ့အတူ အစည်းအဝေးခန်းမထဲ ဝင်လာပြီး နှုတ်ဆက်လိုက်သည်
"အားလုံးလည်း သတင်းတွေဖတ်ပြီးလောက်ရောပေါ့ ကျွန်မက ဒီလှပတဲ့ကောင်မလေးနဲ့ လက်ထပ်မလို့ပါ "
Lisaကပြောတော့ Chaeyoungက ပြုံးပြီး အားလုံးကို နှုတ်ဆက်လိုက်သည်
"Congratulation ပါ Lisa..."
Boardက လူတွေမှာ Lisaကို ဂုဏ်ပြုနေကြပေမယ့် Yoosunကတော့ Chaelisaကို အကဲခတ်နေသည်
Chaeyoungကလည်း ရိပ်မိလို့ ပြုံးပြီး Yoosunကို စိုက်ကြည့်နေသည်
#tbc
#zawgyi
Author note- ေရွ႕တစ္ပိုင္းမွာ နည္းနည္းမွားေရးထားလို႔ ျပင္ထားပါတယ္
(Robinက Lisaရဲ႕ လက္ေထာက္ျဖစ္ၿပီး Emilyက Lisaရဲ႕ exပါ)
ဟန္ေဆာင္အတြဲဟာ သူတို႔ဇာတ္လမ္းကို ရိုက္ကူးဖို႔ စားေသာက္ဆိုင္ကို ထြက္လာၾကသည္
ရိုမန္တစ္ဆန္တဲ့ မီးေရာင္မွိန္မွိန္ေလးေအာက္တြင္ Chaelisaတို႔ ညစာအတူစားေနၾကသည္
စားေသာက္ဆိုင္ထဲက လူတစ္ခ်ိဳ႕က Lisaကို သတိထားမိၿပီး ခိုးၾကည့္ရင္း တိုးတိုးေျပာေနၾကသည္
ဟုတ္တယ္ Chaelisaတို႔က ဒီလိုျဖစ္ေစခ်င္တာ
လူေတြၾကည့္ေနမွန္းသိလို႔ Lisa ႀကိဳတင္စီစဥ္ထားတဲ့ ပန္းစည္းေလးကို Chaeyoungကို ေပးလိုက္သည္
ထို႔ေနာက္ Chaeyoungရဲ႕လက္ကို ကိုင္ရင္းလည္း စကားေတြေျပာေနၾကသည္
ပန္းစည္းေပးလိုက္ လက္ကေလးကိုင္လိုက္ လက္ဖမိုးေလးကို နမ္းေနတဲ့ အတြဲကို ၾကည့္ရင္း စားေသာက္ဆိုင္က လူေတြမွာ အားက်ေနၾကသည္
Lisaတို႔ ညစာစားၿပီး ကားပါကင္ဘက္ ထြက္လာေတာ့ မသိမသာနဲ႕ သူတို႔ကိုေခ်ာင္းေနတဲ့ သတင္းေထာက္ေတြကိုေတြ႕ရသည္
"Party time..."
Lisa တိုးတိုးေလးေရ႐ြတ္ၿပီး Chaeyoungရဲ႕ ခါးေလးကို ဖက္လိုက္သည္
"ဒီထက္ပိုၿပီး ကဲျပရမလား Lisa "
Lisaရဲ႕ နားနားေလးကပ္ၿပီးေျပာေတာ့ Lisa သြားေလးေတြေပၚေအာင္ရယ္ၿပီး Chaeyoungရဲ႕လက္ကို ကိုင္လိုက္သည္
"မလုပ္ပါနဲ႕ ခုနတင္ နင့္အေမက ငါ့ကိုခ်ိန္းေျခာက္ထားတာကို...."
Chaeyoungကို Lisa ကားတံခါးဖြင့္ေပးေတာ့ Chaeyoungလည္း ကားထဲကို ဝင္လိုက္သည္
Lisa မွာ Chaeyoungကို ခါးပက္ပက္ေပးရင္း ပါးေဖာင္းေဖာင္းေလးကို နမ္းလိုက္သည္
ေမႊးလိုက္တာ Chaeyoungဆီက ရတဲ့အနံ႕ေလးေတြကို Lisa အရမ္းသေဘာက်တယ္ .....
ထပ္ၿပီး နမ္းခ်င္လိုက္တာ....
စားေသာက္ဆိုင္ကေန Lisaတို႔ထြက္လာၿပီး Chaeyoungရဲ႕ တိုက္ခန္းကို ေမာင္းသြားၾကသည္
"ငါတို႔ ေသခ်ာေလး သ႐ုပ္ေဆာင္နိုင္ခဲ့ၾကတယ္ထင္တယ္ "
Chaeyoung ေျပာၿပီး သူ႕ဖိနပ္ကိုခြၽတ္ၿပီး ေျခအိတ္ကိုပါ ခြၽတ္လိုက္သည္
"Yah Chaeyoung ဖိနပ္စီးထားစမ္းပါ နံလိုက္တာ "
Lisa ကားေမာင္းရင္း သူ႕သူငယ္ခ်င္းကိုေျပာလိုက္သည္
"ဒါက နင့္အတြက္ ျပစ္ဒဏ္ဘဲေလ "
Chaeyoung ေျပာၿပီး ကားခုံကိုေနာက္ဆုတ္ကာ ေျခေထာက္ႏွစ္ဖက္ကို dashboard ေပၚတင္လိုက္သည္
"Chaeng..နင့္အနံ႕ေၾကာင့့္ ...ငါေမ့လဲေတာ့မယ္"
Lisa ေျပာၿပီး ကားထဲက air conကို ဖြင့္လိုက္သည္
Lisaကို ၾကည့္ၿပီး Chaeyoung အူတက္ေနေအာင္ရယ္သည္
"ဒီဟာက နင္ေပးရမယ့္ အရာဘဲ Manoban ဒီ fake dateေၾကာင့္သာမဟုတ္ရင္ ငါေျခသလုံးေမႊးရိတ္ရမွာမဟုတ္ဘူး "
"ငါ အေမႊးထူတာေလးေတြႀကိဳက္တယ္ အာ ငါေျပာတာ လက္အေမႊးေနာ္ ဆံပင္ေမႊးေရာ"
"ငါလည္း အေမႊးထူတယ္ေလ ကိုင္ၾကည့္မလား ငါေျပာတာ လက္အေမႊးေနာ္ "
"Park Chaeyoung ကြၽန္ေတာ္မ်ိဳး ကားေမာင္းေနပါတယ္ ဘုရား"
"နင့္လက္တစ္ဖက္ေပး "
Lisaရဲ႕လက္တစ္ဖက္ကို ယူၿပီး သူ႕လက္ေပၚ Chaeyoungတင္လိုက္သည္
"ေတြ႕လား အေမႊးေလးေတြက ႏူးညံ့ေနတာဘဲ "
"ဟုတ္ပါ့ဗ်ာ အေမႊးေလးေတြက ႏူးညံ့ေနလို႔ congratulationပါ Doctor Park Chaeyoung "
"ခ်ီးထုပ္ လာမ႐ြဲ႕နဲ႕ "
Chaeyoungရဲ႕တိုက္ခန္းကိုေရာက္ေတာ့ တိုက္ခန္းေရွ႕ထိ Lisaက လိုက္ပို႔သည္
"အိမ္ထဲမဝင္ေတာ့ဘူးလား Lisa "
"ဟင့္အင္း နည္းနည္းပင္ပန္းေနလို႔ မဝင္ေတာ့ဘူး..ဒီေန႕ အရမ္းေပ်ာ္ခဲ့ရတယ္ Chaeyoung "
"ငါလည္းအတူတူဘဲ အရမ္းေပ်ာ္တယ္ Lisa "
"မနက္ျဖန္ေရာ နင့္ကို လာေခၚလို႔ရလား "
"ရပါတယ္ အရမ္းႀကီး အလုပ္လုပ္မေနနဲ႕အုံး "
Lisa ေခါင္းညိတ္ၿပီး Chaeyoungကို ဖက္လိုက္သည္
"ငါ့အတြက္ ဒီလိုမ်ိဳးေတြထိ လုပ္ေပးလို႔ ေက်းဇူးတင္ပါတယ္ နင္က စၾကာဝဠာတစ္ခုလုံးမွာ အေကာင္းဆုံး သူငယ္ခ်င္းဘဲ "
"နင္ေရာဘဲ "
Chaeyoungေျပာၿပီး မ်က္လုံးမွိတ္ကာ Lisaကို ျပန္ဖက္လိုက္သည္
"ငါတို႔ အဆင္ေျပသြားမယ္မဟုတ္လား "
"ဘာေမးခ်င္တာလည္း Chaeyoung "
"နင္နဲ႕ငါ အခုလို ဟန္ေဆာင္ေနတာ အဆင္ေျပသြားမယ္ မဟုတ္လားလို႔ ဘာလို႔လည္းဆိုေတာ့ ငါ့အတြက္ ဟန္ေဆာင္ေနတယ္လို႔ကို မခံစားရလို႔ "
"ငါ ကတိေပးပါတယ္ Chaeyoung ငါတို႔အားလုံး အဆင္ေျပသြားမွာ ငါတို႔ ကိုင္တြယ္ျဖတ္သန္းနိုင္ပါတယ္ ႏွစ္ေယာက္အတူေပါ့ "
"အင္း ႏွစ္ေယာက္အတူ "
*********
Lisa laptop နဲ႕ reportေတြ လုပ္ေနရင္း Chaeyoungအေၾကာင္းကို ေတြးမိသြားတယ္
သူတို႔ တြဲေနသလို ဟန္ေဆာင္ေနတာ ႏွစ္လေတာင္ရွိသြားေရာေပါ့ မဂၢဇင္းေတြ သတင္းစာေတြရဲ႕ ေခါင္းစဥ္ေတြ ေခါင္းစီးေတြမွာလည္း "Lisa Manobanရဲ႕ သတို႔သမီးေလာင္း" "အမ်ိဳးသမီးထုႀကီးရဲ႕ Lisa Manoban အသည္းႏွလုံးကို ခိုးယူသြားတဲ့ ေဒါက္တာ Park Chaeyoung " အစရွိတဲ့ ေခါင္းစဥ္ေတြနဲ႕အတူ Chaelisaတို႔ လက္တြဲၿပီး လမ္းေလွ်ာက္ေနၾကတာေတြ ညစာအတူစားေနတာေတြ ဆင္တူလက္စြပ္ေလးေတြရဲ႕ ဓာတ္ပုံေတြပါ ထည့္ထားသည္
ဇာတ္လမ္းေလးကေတာ့ "အရမ္းေပြၿပီးဆိုးတဲ့ Lisaဟာ သူ႕သူငယ္ခ်င္း Park Chaeyoungဆီမွာ က်ရႈံးသြားၿပီး မုဆိုးကေန သားေကာင္အျဖစ္ ေျပာင္းလဲသြားေၾကာင္း" တဲ့ကြယ္
သူတို႔ေတြပိုၿပီး ဟန္ေဆာင္ခ်ိန္းေတြ႕ေလ Lisaအတြက္ ပိုခက္ခဲလာေလဘဲ သူတို႔ႏွစ္ေယာက္ၾကားက စည္းေတြကို ၾကည့္ရင္း Lisa ေဝဝါးလာတယ္
Chaeyoungက Lisaအတြက္ အေကာင္းဆုံးႀကိဳးစားေနခ်ိန္ Lisaကေတာ့ မေကာင္းတဲ့စိတ္ေတြဝင္မလာေအာင္ သူ႕စိတ္သူထိန္းထားရသည္
knock knock
"ဝင္ခဲ့ပါ "
"ခ်ီးေပ Lisa နင္တို႔ လက္ထပ္ပြဲ ဖိတ္စာရၿပီေဟ့ "
Jisoo ေျပာၿပီး စကၠဴေသတၱာေလးကို သယ္ကာ ႐ုံးခန္းထဲဝင္လာသည္
Lisaမွာ ဖိတ္စာကိုဖတ္ၾကည့္ရင္း သူ႕သူငယ္ခ်င္းကို တကယ္လက္ထပ္ရေတာ့မယ္ဆိုၿပီး ေတြးမိေနသည္
"ဟုတ္တယ္ ငတုံး နင့္သူငယ္ခ်င္းကို တကယ္လက္ထပ္ရေတာ့မယ္ "
Jisooမွာ သူ႕သူငယ္ခ်င္း မ်က္ႏွာအေနအထားကို ၾကည့္ၿပီး ဘာျဖစ္ေနတယ္ဆိုတာ ခန့္မွန္းနိုင္တယ္ေလ
"ၿပီးေတာ့ နင္တို႔ရဲ႕ ေနာက္ဆုံးအပ်ိဳညကို ကုန္ဆုံးဖို႔ ပါတီလုပ္ေပးအုံးမွာ "
"ဘာ "
Jisooရဲ႕ စကားေၾကာင့္ Lisa shockရသြားတယ္
"ဟုတ္တယ္ နင့္႐ုံးခန္းက ေကာင္မေလးေတြကို အသိေပးလိုက္အုံး "
"Jisoo ဒါက တကယ္လက္ထပ္တာမွ မဟုတ္တာ ဒီေလာက္ထိ ႀကီးႀကီးက်ယ္က်ယ္ လုပ္စရာမလိုဘူးေလ "
"Blah Blah ဟန္ေဆာင္လက္ထပ္တာ Blah Blah ေတာ္ပါေတာ့ ဟန္ေဆာင္တယ္သာေျပာတယ္ ေက်နပ္ေနတာမ်ား "
"Yah Kim Jisoo "
"သြားေတာ့မယ္ နင့္ဝန္ထမ္းေတြကို အသိေပးထားလိုက္ ငတုံး ဒါဘဲ "
Jisoo ေျပာၿပီး ႐ုံးခန္းထဲကထြက္သြားသည္
Lisa သက္ျပင္းခ်ၿပီး ဖိတ္စာေတြကို ထိုင္ၾကည့္ေနသည္
သိပ္မၾကာခင္ သူ႕သူငယ္ခ်င္းနဲ႕ တကယ္ လက္ထပ္ရေတာ့မွာဘဲ
Knock Knock
"yah Kim Jisoo နင့္ရဲ႕ ပါတီ အစီအစဥ္ေတြ မသိခ်င္ဘူး "
"Hey ငါပါ Lisaရ "
Jisooထင္ၿပီး Lisa ေအာ္လိုက္ေပမယ့္ Jisoo မဟုတ္ဘဲ Chaeyoung ျဖစ္ေနသည္
Lisaလည္း Chaeyoungကို Jisooရဲ႕ ပါတီအေၾကာင္းေျပာၿပီး တိုင္ေတာ့ Chaeyoungက ရယ္လိုက္သည္
"ကေလးေတြကို ေပ်ာ္ခြင့္ေပးလိုက္ပါ Lalisaရယ္ သူတို႔က ဒီပြဲကို စီစဥ္ရေတာ့ အစအဆုံး သူတို႔ႀကိဳက္သလိုလုပ္ပါေစ "
"ေအးပါကြာ ငါနင့္ကို ေခၚရတဲ့အေၾကာင္းအရင္းက ငါ့ေရွ႕ေနနဲ႕အတူ ရွယ္ယာရွင္ေတြနဲ႕ ေတြ႕ေပးမလို႔ အဲ့တာၿပီးရင္ နင္ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးရေတာ့မယ္ ...ငါ့ကိုၾကည့္ Chae...ဒီႏွစ္ႏွစ္အတြင္းမွာ လူတစ္ေယာက္ေယာက္ကိုေတြ႕လို႔ ခ်ိန္းေတြ႕ခ်င္တယ္ဆိုလည္း ရတယ္ ငါနင့္ကို စာခ်ဳပ္ျပၿပီး ေလွာင္အိမ္ထဲ ထည့္မထားခ်င္ဘူး ဒါေပမယ့္ လူေတြသတိမထားမိေအာင္ေတာ့ ဒိတ္ေပါ့ "
"ဒါဆို ငါတစ္ျခားတစ္ေယာက္ေယာက္နဲ႕ ေဖာင္းဒိုင္းလုပ္ရင္ေရာ နင္ ဘာမွမျဖစ္ဘူးလား အိုး ေနပါအုံး နင္နဲ႕ငါက ဟန္ေဆာင္ထားတာဆိုေတာ့ ဘယ္သူနဲ႕ငါ ေဖာင္းဒိုင္းလုပ္လုပ္ ရတယ္ေပါ့ အိုေက လူအမ်ားႀကီးစုထားရမယ္ "
"Chaeng ငါက အဲ့သေဘာမ်ိဳးေျပာတာမဟုတ္ဘူးေလ ငါေျပာခ်င္တာက နင့္ကိုခ်ည္မထားခ်င္လို႔ နင္မြန္းၾကပ္မွာဆိုးလို႔ နင္လူေကာင္းတစ္ေယာက္ကိုေတြ႕ရင္ ရတယ္ခ်ိန္းေတြ႕လိုက္ နင့္အတြက္ ငါဝမ္းသာေပးမယ္ "
"ဟုတ္ၿပီ စိတ္မပူနဲ႕ တစ္ေယာက္ေယာက္ကို ေတြ႕ရင္ နင့္ကိုအသိေပးၿပီး နင့္ကုတင္ေပၚမဟုတ္ဘဲ ငါ့တိုက္ခန္းကိုေခၚသြားလိုက္မယ္ ဟုတ္ၿပီလား "
Chaeyoungရဲ႕ စကားေၾကာင့္ Lisa မ်က္ႏွာပ်က္သြားတယ္ Chaeyoungလည္း သူစကားမွားသြားတာကို ခ်က္ခ်င္းသိလိုက္သည္ သူေျပာလိုက္တဲ့စကားက Emilyကို သတိရေစတယ္မဟုတ္လား
"Sorry Lisa ငါ ငါအဲ့လိုမေျပာလိုက္သင့္ဘူး ေတာင္းပန္ပါတယ္ "
Chaeyoung ေျပာၿပီး Lisaကို ဖက္ကာေတာင္းပန္လိုက္သည္
"ရပါတယ္ Chaeng ငါအခုလိုေျပာေနတာကလည္း နင့္ကိုေပ်ာ္ေစခ်င္လို႔ပါ "
ျငင္းခုန္စကားမ်ားၾကတဲ့ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ဖက္ထားရင္း တိတ္ဆိတ္ေနၾကသည္
"ေကာင္းၿပီ ငါတို႔လက္ထပ္ထားတဲ့ အခ်ိန္အေတာအတြင္း တစ္ေယာက္ေယာက္ကို ငါေတြ႕ခဲ့ရင္ နင့္ကို အရင္ေျပာပါမယ္ Lisa...နင္လည္း အဲ့လိုမ်ိဳးေတြ႕လာရင္ ငါ့ကိုေျပာပါမယ္လို႔ ကတိေပးပါ ငါတို႔ အရင္ကတည္းက တစ္ေယာက္ရဲ႕ ရည္းစားအေၾကာင္း crushအေၾကာင္းေတြ ေျပာေနၾကမဟုတ္လား ဘာမွမေျပာင္းလဲသြားဘဲ အမွန္တိုင္း ေျပာရေအာင္ "
"ငါလည္း ကတိေပးပါတယ္ ...."
Lisa ေျပာၿပီး Chaeyoungကို တင္းတင္းၾကပ္ၾကပ္ဖက္ထားေလသည္
"Chaeng ဒါကစစ္ေဆးမႈတစ္ခုဘဲေနာ္ သူတို႔က ငါတို႔ကိုအနီးကပ္စစ္ေဆးၾကမွာ အဓိကက Yoosun သူ႕ကို နင္မွတ္မိလားမသိဘူး ဟိုတစ္ခါ ခရစ္စမတ္ပါတီလာတုံးက သူရွိတယ္ေလ "
"အရပ္ရွည္ရွည္ ဆံပင္အညိုနဲ႕မိန္းမလား "
"ဟုတ္တယ္ သူဘဲ "
"ေအးေဆးေပါ့ အဲ့ဘြားေတာ္ကို ဘာလို႔ေၾကာက္ရမွာလည္း "
"ကဲ ဒါဆို လုပ္လိုက္ၾကစို႔ Boardက လူေတြကို သြားေတြ႕ၾကစို႔ "
Chaeyoungရဲ႕ လက္ကိုတြဲၿပီး အစည္းအေဝးခန္းမသို႔ ထြက္လာသည္
"Good eveningပါ အားလုံးဘဲ ေစာင့္ခိုင္းထားရလို႔ အားနာပါတယ္ "
Lisa Chaeyoungနဲ႕အတူ အစည္းအေဝးခန္းမထဲ ဝင္လာၿပီး ႏႈတ္ဆက္လိုက္သည္
"အားလုံးလည္း သတင္းေတြဖတ္ၿပီးေလာက္ေရာေပါ့ ကြၽန္မက ဒီလွပတဲ့ေကာင္မေလးနဲ႕ လက္ထပ္မလို႔ပါ "
Lisaကေျပာေတာ့ Chaeyoungက ၿပဳံးၿပီး အားလုံးကို ႏႈတ္ဆက္လိုက္သည္
"Congratulation ပါ Lisa..."
Boardက လူေတြမွာ Lisaကို ဂုဏ္ျပဳေနၾကေပမယ့္ Yoosunကေတာ့ Chaelisaကို အကဲခတ္ေနသည္
Chaeyoungကလည္း ရိပ္မိလို႔ ၿပဳံးၿပီး Yoosunကို စိုက္ၾကည့္ေနသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co