Part 6
ကျယ်လောင်တဲ့ Speaker အသံတွေနဲ့အတူ လူတစ်ချို့က Barမှာ စီတန်းသောက်စားနေကြသည် တစ်ချို့ကတော့ club မီးရောင်တွေအောက်မှာ ကခုန်နေကြသည်
လူတစ်ချို့ကတော့ မှောင်ရိပ်ခိုပြီး စကားတွေပြောနေကြသည်
Jisoo Jennieနဲ့ Somiကတော့ သူဌေးတွေလူချမ်းသာတွေသာ သွားနိုင်တဲ့ "The Crave " Clubတွင် VIP အခန်းကို ယူခဲ့ကြသည်
"Allright Bitch show me what you got"
Somi အော်ဟစ်ပြီး ဘီယာခွက်ကို မြှောက်လိုက်သည်
Chaeyoungတို့ခွက်မြှောက်ပြီး အရက်သောက်လိုက်ကြပေမယ့် Jisooကတော့ ရေသာသောက်သည်
Chaeyoungက ရိုးရိုးအင်ကျီ အပြာလေးနဲ့ ဂျင်းဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ထားသည်
Lisaက Chaeyoung အေးနေမှာဆိုးလို့ သူ့ဂျာကင်ကို Chaeyoungဆီပေးထားသည်
ပြီးတော့ Chaelisa နှစ်ယောက်မှာ Somiပေးထားတဲ့ သရဖူလေးတွေကိုပါ ဆောင်းထားသေးသည်
Lisaမှာ ရှက်နေပေမယ့် Chaeyoung လက်ကို ကိုင်ထားပြီး သီချင်းသံနဲ့ငြိမ့်နေသည်
"ငါတို့ ဘာလို့ သူတို့အကူအညီကို ယူခဲ့မိတာလည်း "
Chaeyoung ကြားအောင် Chaeyoungရဲ့ နားနားသို့ကပ်ပြီး Lisa ပြောလိုက်သည်
Lisaရဲ့စကားကြောင့် Chaeyoung သဘောကျပြီး တခစ်ခစ်ရယ်လေသည်
"အဲ့လောက်ထိ မဆိုးပါဘူး Lisaရ သူတို့ ကူညီပေးထားတာကို အသိအမှတ်ပြုလိုက်စမ်းပါ "
"Hey ဟို lesbian နှစ်ယောက် လာပါ ပွဲရဲ့ main Character တွေက ချောင်မှာ ဘာလုပ်နေတာလည်း "
Somiနဲ့ Jisooက ချောင်ထဲထိုင်နေတဲ့ Chaelisaကို ဆွဲခေါ်လာကြသည်
"okay dokey အခု ဂိမ်းတစ်ခုကစားမှာ ဖြစ်ပါတယ် ဒါကတော့ Lalisaဟာ သူ့သတို့သမီးအကြောင်း ဘယ်လောက်သိလည်းဆိုတဲ့ ကစားနည်းဘဲဲဖြစ်ပါတယ် "
"ဟုတ်ပြီ Lisa နင့်ရဲ့သတို့သမီးအကြောင်း ဖြေဖို့ပြင်တော့ ရော့ white board သေးသေးလေးနှစ်ခု တစ်ယောက်တစ်ခုစီ ယူထား "
"တကယ်ကြီးလား Chaeyoung ငါတို့မူကြိုရောက်နေတာလား "
Lisa သူ့ဘေးနားက သတို့သမီးလောင်းလေးကို လှမ်းမေးလိုက်သည်
Chaeyoungမှာ Lisa မေးခွန်းကြောင့် ရယ်ပြီး White boardကို ကိုင်လိုက်သည်
"Okay အရိုးရှင်းဆုံးတစ်ခုနဲ့ စလိုက်ရအောင် Chaeyoung အကြိုက်ဆုံးအရောင်က ဘာလည်း "
Jennie မေးခွန်းကို Lisa ပြုံးပြီး ယုံကြည်ချက်ရှိရှိနဲ့ Whiteboard မှာ ချရေးလိုက်သည်
"ဟုတ်ပြီ Chaeyoungရဲ့ အဖြေကို ကြည့်လိုက်ရအောင် ..."
Chaeyoungလည်း ဘုတ်ထောင်ပြသောအခါ
"Chaeyoungက baby pinkလို့ ဖြေထားပါတယ် ကဲ Lisa အဖြေကို ကြည့်လိုက်ရအောင် "
Lisaလည်း ယုံကြည်ချက်ရှိရှိနဲ့ သူ့အဖြေကိုပြလိုက်သည်
"Lisaကလည်း baby pinkလို့ ဖြေထားပါတယ်ဗျို့ "
"Ok ပထမမေးခွန်းက လွယ်တော့ ဒုတိယတစ်ခုဆီ ဆက်သွားရအောင် Chaeyoungက အဲ့သီချင်းကို ကြိုက်ပေမယ့် သူအကြိုက်ဆုံး သီချင်းလို့ ဝန်မခံဖူးတဲ့ သီချင်းတစ်ပုဒ် ကို ဖြေပါ "
Chaeyoungမှာ marker ကို သူ့ပါးစပ်ထဲထည့်ပြီး အဖြေကို စဥ်းစားလေသည် ထို့နောက် white boardမှာ ချရေးသည်
Lisaမှာ Chaeyoung အကြိုက်ဆုံးနဲ့ မကြိုက်တဲ့ သီချင်းတွေကို အာရုံစိုက်ပြီး ခွဲခြမ်းစိတ်ဖြာနေသည်
အာ ဟုတ်သားဘဲ အဲ့သီချင်း သိပြီ
Lisa ပြုံးပြီး သီချင်းနာမည်ကို ချရေးလိုက်သည်
"Ok Princess Park အဖြေကို ဖတ်ပြပါ "
"Call me may be "
Lisaမှာ မျက်စိမှိတ်ပြပြီး သူ့အဖြေကို ပြတော့ Chaeyoung ကျေနပ်သဘောကျလို့ ရယ်လေသည်
Lisaကလည်း သူ့သတို့သမီးလို Call me may beလို့ ရေးထားတာလေ
"တကယ်ကြီးလား ငါ့ကောင် "
မေးခွန်းများစွာဖြေပြီးနောက် Lisa နှစ်ခုဘဲမှားလို့ Jisoo အံ့သြပြီး မေးလိုက်သည်
တကယ်ကို တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေကြတာဘဲ ဒါနဲ့များ ဘာလို့ ဟန်ဆောင်ပြီးတွဲနေကြတာလည်း
Somiတို့မေးသမျှ မေးခွန်းတွေကို Lisa အလွယ်တကူဘဲ ဖြေနိုင်နေတယ်
Chaeyoungက သူ့ခန္ဓာကိုယ်မှာ အကြိုက်ဆုံး အစိတ်အပိုင်းကို Lisa ဖြေနိုင်လို့လည်း အံ့သြနေသည်
Lisaက အဖြေမှန်တွေကို တွေဝေခြင်းမရှိဘဲ သေချာဖြေနိုင်တာဘဲ
"ကောင်းပြီ နောက်ဆုံးမေးခွန်း ဖောင်းဒိုင်းလုပ်ဖို့ အကောင်းဆုံးနေရာက ဘယ်နေရာလည်း "
Jennieရဲ့ မေးခွန်းကြောင့် Lisaတို့ရှက်သွားကြတယ် ဒါပေမယ့် အဖြေကိုတော့ ချရေးနေကြသည်
Chaeyoungရဲ့ အဖြေက "ရုံးခန်း"တဲ့ နေပါအုံး သူက ဘယ်ရုံးခန်းမှာ ဖောင်းဒိုင်းချင်တာလည်း
Lisaကတော့ "ကားပေါ်မှာ" လို့ ဖြေထားလေရဲ့
"မှတ်ထားကြနော် ဒါမှဖောင်းဒိုင်းလုပ်ရင် သူကဘယ်နေရာကြိုက်တယ်ဘာညာ "
"Yah Kim Jisoo ငရှုပ်မ "
Lisa သူ့ကို စနောက်နေတဲ့ Jisooကို အော်လိုက်သည်
"ကဲ နောက်တစ်ခု Chaeyoungကို ရယ်မောအောင်လုပ်ပေးမယ့် suprise "
နောက် suprise တစ်ခုကတော့ သူတို့အခင်ဆုံးသူငယ်ချင်း ကောင်လေးနှစ်ယောက်ဖြစ်တဲ့ louisနဲ့ leoက sexyကျစေတဲ့ အဝတ်အစားကို ဝတ်ပြီး twerking လုပ်ပြသည်
"နင်တို့စနေကြတာလား "
သူ့ရည်းစားအတုရှေ့ ဖင်လှုပ်ကာ ကပြနေတဲ့ leoတို့ကို Lisa မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
"Bisexual Chaeyoungက မကြာခင် ပူစီချစ်သူဖြစ်တော့မယ်လေ မဟုတ်လား ဒါကြောင့် "
"ပေါက်ကရတွေဟာ "
Lisaမှာ Somiပြောတာကို လက်မခံဘဲ ခေါင်းခါယမ်းလိုက်သည်
"မျက်နှာထားဆိုးကြီးနဲ့ မနေစမ်းပါနဲ့ Lizရ "
Lisaဘေးနားဝင်ထိုင်ပြီး Jisoo ပြောလိုက်သည်
"What "
"Leoတို့ကို ထရိုက်မယ့် ရုပ်ကြီးနဲ့ ကြည့်နေတာလေ "
"မကြည့်ပါဘူးဟ "
"Lisa ကရအောင် "
"ကချင်ဘူး "
သူ့ကို ကဖို့လာခေါ်တဲ့ Chaeyoungရဲ့ ကမ်းလှမ်းချက်ကို Lisa ငြင်းလိုက်သည်
"စိတ်ဆိုးမနေနဲ့ လာ "
"မလာဘူး အရူးလိုကမနေချင်ဘူး "
"come on မြည်းကြီးလိုမနေစမ်းပါနဲ့ ဒီနေ့ညက ငါတို့ single ဖြစ်တာ နောက်ဆုံးနေ့မို့လို့ ကဲလိုက်ရအောင် "
Lisa လည်း မငြင်းနိုင်တော့ဘဲ သူ့ကိုလာကမ်းလှမ်းတဲ့ Chaeyoung လက်ကို တွဲလိုက်သည်
One shotတွေလည်း သောက်ရင်း ကရင်းခုန်ရင်း Lisaတို့ singleဘဝကို အပီကုန်ဆုံးနေကြသည်
မှန်ထဲက ပုံရိပ်ကိုကြည့်ရင်း သူ့အဖြူရောင် suitဝတ်စုံပေါ်ကို neck tie သေချာစည်းနေသည်
Lisa စိတ်တွေလှုပ်ရှားပြီး တစ်ကိုယ်လုံးတုန်နေတာ သေမလိုပင်ဖြစ်နေသည်
ဒီလက်ထပ်ပွဲက သာမန်လိုဖြစ်ပေမယ့် Lisa အရင်ကထက် စိတ်တွေပိုလှုပ်ရှားနေမိသည်
Lisa မှန်ရှေ့ အခါသုံးဆယ်လောက်ဖြတ်လျှောက်နေလို့ Jisooတစ်ယောက် မျက်စိတော်တော်နောက်နေပြီလေ
"Come on Girl စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါဟ "
"Chaeyoungက ဒီလက်ထပ်ပွဲကို ရောက်မလာရင် ဘယ်လိုလုပ်မလည်း...သူက ဒီလိုဟန်ဆောင်နေရတာကို ဆက်မလုပ်ချင်တော့ဘူးဆိုရင်ရော"
"စိတ်လျော့စမ်းပါ Lisaရ Chaeyoungက သူ့စကားသူတည်တတ်တဲ့မိန်းကလေးပါဟ ပြီးကျ သူက မင်းကို ဒီလောက်ချစ်တာကို နာကျင်အောင်လုပ်ပါ့မလား စိတ်ပူမနေနဲ့ Chaeyoung ဒီကိုရောက်လာပြီလို့ Somiက messageပို့လိုက်တယ် "
Leoက စိတ်လှုပ်ရှားနေတဲ့ သူ့သူငယ်ချင်းကို အားပေးသည်
"ဒီ neck tieကြီးဖြုတ်ထားစမ်း ကြည့်ရတာ မွန်းကြပ်တာ.... အဲ့တာမပါလည်း နင်က ကြည့်ကောင်းတယ် Lisa ...နင့်မိဘတွေတော့ လက်ထပ်ဖို့ စိတ်လှုပ်ရှားနေတဲ့ နင့်ကိုမြင်ရရင် အရမ်းပျော်နေမှာ ..."
"အင်းနော် "
"နင်က ဒါတွေအားလုံး ဟန်ဆောင်နေတယ်လို့သာပြောတယ် Lisa ဒါပေမယ့် ငါနင့်ကို မူလတန်းကျောင်းမှာကတည်းက သိလာတဲ့သူပါဟ Chaeyoungနဲ့တွေ့ပြီးနောက် နင်တော်တော်ပြောင်းလဲသွားတာ နင် ဒီလက်ထပ်ပွဲကျင်းပတာက companyကိုကယ်တင်ဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတာ နင်သိမှာပါ နင်နာကျင်ရတဲ့အခါတိုင်း Chaeyoungက ကုသပေးနေကြဆိုတော့ ...နင်သိပါတယ် ငါဘာပြောချင်မှန်း နင်..."
Knock Knock
တံခါးခေါက်သံကြောင့် Jisooပြောမယ့်စကားတွေ ပြတ်သွားသည်
"သတို့သမီးက အဆင်သင့်ဖြစ်နေပြီ "
အခန်းအပြင်က Louis စကားကြောင့် Lisa ရင်တွေတုန်လွန်းလို့ ရေတစ်ဗူးဖောက်သောက်လိုက်သည်
"နင် လုပ်နိုင်ပါတယ် fighting "
Lisa အားတင်းပြီး အခန်းထဲက ထွက်လာကာ ခန်းမထဲ ဝင်လာသည်
ခန်းမထဲတွင် သူ့companyက ဝန်ထမ်းတွေရှယ်ယာရှင်တွေနဲ့ Chaeyoungနဲ့မိသားစုတွေကို တွေ့လိုက်ရသည်
ပြီးတော့ တံခါးပေါက်နားမှာ..... Mr.Parkနဲ့ရပ်နေတဲ့ သူဝယ်ပေးထားတဲ့ ဂါဝန်ကို ဝတ်ထားပြီး အရမ်းလှနေတဲ့ Chaeyoungကို Lisa ကြည့်ရင်း တံတွေးမျိုချမိသည်
"ဘာလို့ အရမ်းလှနေတာလည်း "
Lisa နှုတ်ခမ်းတွေခြောက်သလိုဖြစ်လာပြီး သူ့အကြည့်တွေကလည်း သတို့သမီးလေးဆီက မခွာနိုင်ပေ သံလိုက်လို ဆွဲကပ်ထားသည်
Mr.Parkက သူ့သမီးလက်ကို တွဲပြီး Lisaဆီလျှောက်လာသည်
ထို့နောက် သူ့သမီးကို Lisaဆီသို့ လွှဲပေးလိုက်သည်
"ငါ့ကလေးကို ဂရုစိုက်ပေးပါ Lisa "
"ဟုတ်ကဲ့ ကျွန်မ ဂရုစိုက်မှာ စိတ်ချပါ "
Chaeyoungရဲ့လက်ကို တွဲပြီး Lisa ပြောလိုက်သည်
"ဒီလက်စွပ်လေးနဲ့ ကတိသစ္စာပြုပါရစေ Chaeyoung မင်းက ငါ့ဘဝအတွက် တစ်ဦးတည်းသော မိန်းမပါ ဒီနေ့ကနေအစပြုပြီး ငါ့နောက်ဆုံးထွက်သက်ထိ မင်းကိုချစ်သွားမယ်လို့ ကတိသစ္စာပြုပါတယ် "
Lisa ပြောပြီး လက်စွပ်ကို Chaeyoung လက်သန်းကြွယ်တွင် စွပ်ပေးလိုက်သည်
Chaeyoungကလည်း Lisaကဲ့သို့ ကတိသစ္စာဆိုပြီး လက်စွပ်စွပ်ပေးသည်
Somiတို့မှာ သူ့သူငယ်ချင်းတို့ကို ကြည့်ပြီး မျက်ရည်တွေဝဲလာသည်
လက်ထပ်ပွဲကို တက်ရောက်ကြတဲ့ ရှယ်ယာရှင်တွေကလည်း Lisaတို့ကို ပြုံးပြီးကြည့်နေကြသည်
Yoosunကတော့ သိပ်ပြီးတော့ သဘောမကျပေ
Fatherက ဆုတွေတောင်းပေးပြီးနောက် Lisaတို့ကို နမ်းခိုင်းသည်
Fatherရဲ့ စကားကြောင့် Lisa သူ့နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားရသည်
Chaeyoung နှုတ်ခမ်းကို နောက်ဆုံးနမ်းခဲ့ချိန်က သူတို့ ကောလိပ်ကျောင်းသူဘဝက ဂိမ်းတစ်ခုကစားပြီး ရှုံးခဲ့ချိန်ကလေ
Chaeyoungရဲ့ မျက်နှာလေးကိုကိုင်ပြီး Lisaမှာ လှပလွန်းတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
ဘုရားရေ ငါဘာလို့ ငါ့သူငယ်ချင်းကို နမ်းရတာကို သာယာသဘောကျနေတာလည်း
Chaeyoungကလည်း သံလိုက်လိုအဆွဲငင်ခံရပြီး Lisa လည်ပင်းကို သိုင်းဖက်ကာ အနမ်းတွေကို ပြန်လည်တုံ့ပြန်လိုက်သည်
#tbc
#zawgyi
"okay dokey အခု ဂိမ်းတစ်ခုကစားမှာ ဖြစ်ပါတယ် ဒါကတော့ Lalisaဟာ သူ့သတို့သမီးအကြောင်း ဘယ်လောက်သိလည်းဆိုတဲ့ ကစားနည်းဘဲဖြစ်ပါတယ် "
"Call me may be "
"တကယ်ကြီးလား ငါ့ကောင် "
"Yah Kim Jisoo ငရှုပ်မ "
"နင်တို့စနေကြတာလား "
"ပေါက်ကရတွေဟာ "
"What "
"မကြည့်ပါဘူးဟ "
"Lisa ကရအောင် "
"ကချင်ဘူး "
"စိတ်ဆိုးမနေနဲ့ လာ "
"အင်းနော် "
Knock Knock
#tbc
Bạn đang đọc truyện trên: Truyen3h.Co