Part 7
#Unicode
"Ladies and Gentleman..... Mrs.Manobanတို့ကို ကြိုဆိုလိုက်ရအောင် "
Jisooက ကြော်ငြာလိုက်ပြီးနောက်မှာ Chaeyoungနဲ့Lisaက ဧည့်ကြိုကောင်တာကနေ ကပွဲခန်းမဆီသို့ လက်တွဲကာ သွားလေသည်
Lisaက Chaeyoungရဲ့ခါးလေးကို ဖက်ထားပြီး Chaeyoungက Lisaရဲ့ လည်ပင်းကို သိုင်းဖက်ကာ သီချင်းလေးနဲ့အတူ စည်းချက်ညီစွာကနေသည်
Adele ရဲ့ "Make you feel my love " သီချင်းသံစဥ်နဲ့အတူ လှုပ်ရှားရင်း Lisaတို့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ တစ်ယောက်မျက်ဝန်းကိုတစ်ယောက် စိုက်ကြည့်နေသည်
"ဘယ်သူက ဒီသီချင်းဖွင့်ဖို့ ရွေးထားတာလည်း "
"Somiနဲ့Jennie ရွေးထားတာ ငါတို့အတွက်တဲ့ ငါတို့က တကယ်မဟုတ်ဘူးလို့ပြောထားတာကို ငါတို့ကိုရည်ရွယ်ပြီး ရွေးတယ်လို့ပြောတာဘဲ "
"အဲ့ဒီလိုလား "
Lisaက မျက်မှောင်ကြုတ်ပြီး ပြောတော့ Chaeyoungကရယ်တယ်
"ဒါပေမယ့် နားထောင်ကြည့်တော့လည်း သီချင်းလေးကကောင်းသားဘဲ စာသားလေးက မိုက်တယ် "
Lisaက ပြောပြီး Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည်
နှစ်ယောက်သား တွဲကရင်း Mr.Park တို့ကရောက်လာပြီး Chaeyoungနဲ့ တွဲကဖို့လူလဲလိုက်သည်
အခု Chaeyoungက သူ့အဖေနဲ့ကနေတာလေ
"ငါ့သမီး လက်ထပ်ပွဲတက်နိုင်လို့ ဝမ်းသာမိတယ် "
"Dad "
Chaeyoungက ရန်လုပ်တော့ Mr.Parkက တဟားဟားနဲ့ရယ်သည်
"Hey ကလေးမ ဒီဖေအေက အသက်ကြီးနေပြီလေ တကယ် အစက ငါ့သမီး လက်ထပ်ပွဲတက်နိုင်ပါ့မလား ငါမသေခင် သူ့soulmate ရှာတွေ့ပြီး လက်ထပ်အုံးပါ့မလားဆိုပြီး တွေးပူနေတာ "
သူ့အဖေရဲ့ စကားကြောင့် Chaeyoung သက်ပြင်းချပြီး Lisaကို လှမ်းကြည့်လိုက်သည်
"Dad...Lisaက သမီးရဲ့ soulmate မဟုတ်ပါဘူး ဒီအတိုင်း သူငယ်ချင်းလေ ပြီးတော့ ဘာလို့ ဒီလက်ထပ်ပွဲလုပ်လည်းဆိုတာ Dadလည်း သိရက်နဲ့ "
"သမီး...Lisaကို ကြည့်လိုက်တဲ့အခါ တစ်ခုခုမခံစားမိဘူးလား သူနဲ့အတူရှိတဲ့အခါ ပျော်ပြီး တစ်မျိုးမခံစားရဘူးလား "
"ဟုတ် ဒါပေမယ့် ..."
"ဒါပေမယ့်တွေ လုပ်မနေနဲ့ သမီး တစ်ခါတစ်ခါ သမီးရှေ့မှာ ရှိတဲ့သူက သမီးရဲ့ချစ်သူအစစ်အမှန် ဖြစ်လာနိုင်တယ် သူငယ်ချင်းလည်းဖြစ်နိုင်တယ် Lisaနဲ့သမီးရဲ့ ကြားက သံယောဇဥ်ကလည်း စတွေ့ကတည်းက ခိုင်မာတယ်မဟုတ်လား...သမီးနဲ့Lisaက ကောင်းကင်နဲ့ကမ္ဘာမြေကြီးလိုဘဲ လိုက်ဖက်ပါတယ်"
"Dad စကားကြီးကလည်း "
Mr.Parkမှာ ပြုံးပြီး သူ့သမီးနဖူးလေးကို နမ်းလိုက်သည်
"အခုရော ဘယ်လိုလည်း သမီးရဲ့ လက်မှာရှိတဲ့ လက်စွပ်က အတုတော့မဟုတ်ဘူးလေ ပြီးတော့ လက်ထပ်ပွဲခန်းမထဲမှာ သမီးကို စောင့်နေတဲ့ Lisaဆီသွားတုန်းက နှလုံးခုန်သံကလည်း အတုမဟုတ်ဘူးလေ ဒီပါတီရော သမီးတို့ ခံစားနေရတဲ့ ပျော်ရွှင်မှုတွေအားလုံးက အစစ်အမှန်တွေပါ ကလေးရဲ့...သမီးတို့ နှစ်ယောက်ကို အဖေယုံတယ် ဘာကြောင့် ဒီကစားပွဲကို ပါဝင်ပါစေ အဆုံးထိဖြစ်လာသမျှကို အဖေအပြစ်မမြင်ဘဲ supportပေးမယ် "
"သမီး ဒါတွေကို ဖျက်စီးမိသွားမှာ အရမ်းကြောက်တယ် Dad "
Chaeyoungပြောပြီး သူ့အဖေကိုဖက်ထားလိုက်သည်
ငယ်ငယ်က မိုးခြိမ်းသံကြောင့် ကြောက်ပြီး အဖေ့
ရင်ခွင်ထဲ ဝင်လာတတ်တဲ့ Chaeyoungဟာ ခုထိမပြောင်းလဲသေးပေ
"သမီး လုပ်နိုင်ပါတယ် သမီးက သတ္တိရှိပြီး သန်မာတယ် မဟုတ်လား "
Mr.Parkက ပြောပြီး သူ့သမီးကိုဖက်လိုက်သည်
သီချင်းပြီးသွားတဲ့အခါတွင်
"ကဲ အဖေတို့ မိန်းမတွေဆီ ပြန်သွားရအောင် "
Mr.Parkကပြောတော့ Chaeyoung ခေါင်းညိတ်ပြီး သူ့အမေနဲ့Lisaဆီ အတူသွားလေသည်
Mrs.Parkကတော့ Lisaကို သူ့သမီးကို ဂရုစိုက်ဖို့ ချော့တစ်လှည့်ခြောက်တစ်လှည့်ပြောနေလေရဲ့
"Hello... Doctor Park...ကျွန်မရဲ့ Mrs.Park Lisaကို ပြန်ခေါ်လို့ရလားရှင့် "
"Oh အချိန်မရွေးပါဘဲ "
Lisaတို့လည်း သူ့ယောက္ခမတို့ကို နှုတ်ဆက်ပြီး သူတို့သူငယ်ချင်းတွေဆီ သွားလေသည်
"ပျော်ရဲ့လား Chaeyoung "
"ငါ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ဘဲ Lisa "
*****
"နင်တို့နှစ်ယောက်က တကယ်စိတ်ညစ်စရာဘဲဟေ့ ဒီအတိုင်းဘဲ နမ်းလိုက်စမ်းပါ ဘယ်သူမှ အံ့သြမနေပါဘူးဟ "
Jennieမှာ ဘီယာတစ်ခွက်သောက်ပြီး Chaeyoungတို့ကိုပြောလိုက်သည်
"shut up Jennie "
"ငါတို့ရှေ့မှာမို့လို့ ရှက်နေတာလား ဒါဆို ဟန်းနီးမွန်းကျမှ ကဲပေါ့ ခိခိ "
Somiရဲ့ စကားကြောင့် Lisa သက်ပြင်းချလိုက်သည် သူ့သူငယ်ချင်းတွေရဲ့ စိတ်ထဲ ဘာလို့ ရူးကြောင်ကြောင် အတွေးတွေ ရှိနေပါလိမ့်လို့ တွေးနေမိတယ်
"ကဲ ဒါကတော့ Jisooလုပ်ထားတဲ့ ကိတ်မုန့်လေး နင်တို့နှစ်ယောက်အကြိုက် ရောလုပ်ထားတာတဲ့ ကိတ်ခွဲလိုက်ကြပါအုံး "
Lisaနဲ့Chaeyoungလည်း ကိတ်မုန့်လေးကို ဓာတ်ပုံရိုက်ပြီးနောက် နှစ်ယောက်တွဲပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တွင် တင်လိုက်ကြသည်
"ကဲ ကိတ်မုန့်ခွဲပါတော့ဗျို့ လက်ကိုင်ပြီးခွဲကြနော် "
Leo စကားကြောင့် Chaelisaလည်း လက်ကိုင်ပြီး ကိတ်မုန့်ခွဲလေသည်
ထို့နောက် ကိတ်မုန့်တွေကို တစ်ယောက်တစ်ဇွန်းခွံ့ကျွေးကြလေသည်
"နမ်းပါ နမ်းပါ ပြင်သစ်အနမ်း ပြင်သစ်အနမ်း "
Somiတို့ လက်ခုပ်တီးပြီး မြှောက်ပေးနေသောကြောင့် Lisa ရှက်ပြီး မျက်နှာတွေနီရဲလာတယ်
"ကိတ်မုန့်ထဲသာ ခေါင်းကြီးစိုက်ပစ်လိုက်ချင်တယ် "
မနမ်းမချင်း ဆက်တိုက်အော်နေတဲ့ သူငယ်ချင်းတွေ ကောင်းမှုကြောင့် Chaeyoung မျက်နှာလေးကိုကိုင်ပြီး နှုတ်ခမ်းလေးကို Lisa စုပ်နမ်းလိုက်သည်
"Yeah နမ်းပြီဟေ့ "
ပါတီပြီးတဲ့နောက်မှာတော့ လေဆိပ်ကိုသွားဖို့ Chaeyoungတို့သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားတွေ လဲလိုက်ကြသည်
"Have a safe flightပါ ငါ့လူတို့ "
"Honeymoonမှာ ပျော်ရွှင်ပါစေ "
"Thank guys '
Lisaတို့ သူတို့သူငယ်ချင်းကို နှုတ်ဆက်ပြီး Louisနဲ့အတူ လေဆိပ်ကို ထွက်လာကြသည်
Lisaတို့ တစ်နေကုန် ပင်ပန်းနေမှာသိလို့ Louis သူ့သူငယ်ချင်းတွေကို လေဆိပ်မောင်းပို့ပေးသည်
ကားပေါ်တွင် Chaeyoungမှာ မျက်လုံးမှိတ်ပြီး Lisa ပခုံးပေါ်တွင် မှီလိုက်သည်
Chaeyoungရဲ့ အပြုအမူကြောင့် Lisa ပြုံးလိုက်မိသည်
"ဒီကိုလာ "
Lisaမှာ Chaeyoungကို သူ့ပေါင်ပေါ်တွင် အိပ်ခိုင်းသည်
"ပင်ပန်းနေမှာပေါ့ လေဆိပ်ကို မရောက်ခင်ထိ ငါ့ပေါင်ပေါ်မှာ လှဲအိပ်လိုက် "
Chaeyoungရဲ့ ပခုံးလေးကို နှိပ်ပေးရင်း Lisa ပြောလိုက်သည်
"Hummm Thanks "
"ရပါတယ်ဟ "
Lisa ပြုံးပြီး Chaeyoungလေး အိပ်ပျော်သွားအောင် နှိပ်ပေးနေသည်
Louisမှာ ကားမောင်းရင်း ကားမှန်ကနေတဆင့် သူ့သူငယ်ချင်းတွေကို ကြည့်ပြီး ရယ်လိုက်သည်
"ဘာလည်း "
Lisa ကားမှန်ကနေ ကြည့်ပြီး ရန်လုပ်လိုက်သည်
"ဒီနေ့မင်း အရင်ကထက် ပိုပျော်နေသလိုဘဲ Lisa...Chaeyoungကြောင့်ထင်ပါရဲ့ "
"Chaeyoungက ငါ့ရဲ့အရာအားလုံးလေ သူကငါ့အတွက် ဘာမဆိုတောင်းဆိုလို့ရတဲ့ သူငယ်ချင်းကောင်း "
"Yes...လူတိုင်းမှာတော့ သူငယ်ချင်းကောင်းဆိုတာ ရှိပါတယ် ဒါပေမယ့် Lisa..မင်းနဲ့Chaeyoung ဆက်ဆံရေးကတော့ ထူးဆန်းတယ်လေ....မှတ်မိပါသေးတယ် Chaeyoungက မင်းကို ငါတို့နဲ့ မိတ်ဆက်ပေးတုန်းက ငါသိပ်တော့ အမြင်မကြည်ခဲ့ဘူးပေါ့ ဘာကောင်မကြီးလည်းဆိုပြီး ဒါပေမယ့် မင်း သူ့ကိုဂရုစိုက်ပေးတာတွေ သူ့ကိုပျော်အောင်ရယ်မောအောင် လုပ်ပေးနိုင်တာတွေကြည့်ပြီး ငါမှားသွားတယ်ဆိုတာ သိလိုက်ရတယ် ပြီးတော့ Lisa မင်းက လူတွေအပြင် ငါတို့ကိုပါ မင်းပုံစံကို ခန့်မှန်းလို့မရအောင် နေတတ်သေးတယ် ဒါပေမယ့် Chaeyoungနဲ့တွေ့တဲ့အခါ မင်းရဲ့ပုံစံအစစ်ကို အမြဲချပြလေ့ရှိတယ် ဒါကြောင့် ငါပြောချင်တဲ့စကားက ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်အောင်မလုပ်နဲ့ "
"အကြံပေးတာလား ခြိမ်းခြောက်တာလားဟ "
"ထင်ချင်သလိုထင် ငါ့ကောင် "
Louisရဲ့ စကားကြောင့် Lisa ရယ်ပြီး သူ့ပေါင်ပေါ် အိပ်ပျော်နေတဲ့ Chaeyoungကို ငုံ့ကြည့်ကာ မျက်နှာလေးကို ပွတ်သပ်လိုက်မိသည်
#tbc
#zawgy
"Ladies and Gentleman..... Mrs.Manobanတို႔ကို ႀကိဳဆိုလိုက္ရေအာင္ "
Jisooက ေၾကာ္ျငာလိုက္ၿပီးေနာက္မွာ Chaeyoungနဲ႕Lisaက ဧည့္ႀကိဳေကာင္တာကေန ကပြဲခန္းမဆီသို႔ လက္တြဲကာ သြားေလသည္
Lisaက Chaeyoungရဲ႕ခါးေလးကို ဖက္ထားၿပီး Chaeyoungက Lisaရဲ႕ လည္ပင္းကို သိုင္းဖက္ကာ သီခ်င္းေလးနဲ႕အတူ စည္းခ်က္ညီစြာကေနသည္
Adele ရဲ႕ "Make you feel my love " သီခ်င္းသံစဥ္နဲ႕အတူ လႈပ္ရွားရင္း Lisaတို႔ ဘယ္သူ႕ကိုမွဂ႐ုမစိုက္ဘဲ တစ္ေယာက္မ်က္ဝန္းကိုတစ္ေယာက္ စိုက္ၾကည့္ေနသည္
"ဘယ္သူက ဒီသီခ်င္းဖြင့္ဖို႔ ေ႐ြးထားတာလည္း "
"Somiနဲ႕Jennie ေ႐ြးထားတာ ငါတို႔အတြက္တဲ့ ငါတို႔က တကယ္မဟုတ္ဘူးလို႔ေျပာထားတာကို ငါတို႔ကိုရည္႐ြယ္ၿပီး ေ႐ြးတယ္လို႔ေျပာတာဘဲ "
"အဲ့ဒီလိုလား "
Lisaက မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာေတာ့ Chaeyoungကရယ္တယ္
"ဒါေပမယ့္ နားေထာင္ၾကည့္ေတာ့လည္း သီခ်င္းေလးကေကာင္းသားဘဲ စာသားေလးက မိုက္တယ္ "
Lisaက ေျပာၿပီး Chaeyoungရဲ႕ နဖူးေလးကို နမ္းလိုက္သည္
ႏွစ္ေယာက္သား တြဲကရင္း Mr.Park တို႔ကေရာက္လာၿပီး Chaeyoungနဲ႕ တြဲကဖို႔လူလဲလိုက္သည္
အခု Chaeyoungက သူ႕အေဖနဲ႕ကေနတာေလ
"ငါ့သမီး လက္ထပ္ပြဲတက္နိုင္လို႔ ဝမ္းသာမိတယ္ "
"Dad "
Chaeyoungက ရန္လုပ္ေတာ့ Mr.Parkက တဟားဟားနဲ႕ရယ္သည္
"Hey ကေလးမ ဒီေဖေအက အသက္ႀကီးေနၿပီေလ တကယ္ အစက ငါ့သမီး လက္ထပ္ပြဲတက္နိုင္ပါ့မလား ငါမေသခင္ သူ႕soulmate ရွာေတြ႕ၿပီး လက္ထပ္အုံးပါ့မလားဆိုၿပီး ေတြးပူေနတာ "
သူ႕အေဖရဲ႕ စကားေၾကာင့္ Chaeyoung သက္ျပင္းခ်ၿပီး Lisaကို လွမ္းၾကည့္လိုက္သည္
"Dad...Lisaက သမီးရဲ႕ soulmate မဟုတ္ပါဘူး ဒီအတိုင္း သူငယ္ခ်င္းေလ ၿပီးေတာ့ ဘာလို႔ ဒီလက္ထပ္ပြဲလုပ္လည္းဆိုတာ Dadလည္း သိရက္နဲ႕ "
"သမီး...Lisaကို ၾကည့္လိုက္တဲ့အခါ တစ္ခုခုမခံစားမိဘူးလား သူနဲ႕အတူရွိတဲ့အခါ ေပ်ာ္ၿပီး တစ္မ်ိဳးမခံစားရဘူးလား "
"ဟုတ္ ဒါေပမယ့္ ..."
"ဒါေပမယ့္ေတြ လုပ္မေနနဲ႕ သမီး တစ္ခါတစ္ခါ သမီးေရွ႕မွာ ရွိတဲ့သူက သမီးရဲ႕ခ်စ္သူအစစ္အမွန္ ျဖစ္လာနိုင္တယ္ သူငယ္ခ်င္းလည္းျဖစ္နိုင္တယ္ Lisaနဲ႕သမီးရဲ႕ ၾကားက သံေယာဇဥ္ကလည္း စေတြ႕ကတည္းက ခိုင္မာတယ္မဟုတ္လား...သမီးနဲ႕Lisaက ေကာင္းကင္နဲ႕ကမၻာေျမႀကီးလိုဘဲ လိုက္ဖက္ပါတယ္"
"Dad စကားႀကီးကလည္း "
Mr.Parkမွာ ၿပဳံးၿပီး သူ႕သမီးနဖူးေလးကို နမ္းလိုက္သည္
"အခုေရာ ဘယ္လိုလည္း သမီးရဲ႕ လက္မွာရွိတဲ့ လက္စြပ္က အတုေတာ့မဟုတ္ဘူးေလ ၿပီးေတာ့ လက္ထပ္ပြဲခန္းမထဲမွာ သမီးကို ေစာင့္ေနတဲ့ Lisaဆီသြားတုန္းက ႏွလုံးခုန္သံကလည္း အတုမဟုတ္ဘူးေလ ဒီပါတီေရာ သမီးတို႔ ခံစားေနရတဲ့ ေပ်ာ္႐ႊင္မႈေတြအားလုံးက အစစ္အမွန္ေတြပါ ကေလးရဲ႕...သမီးတို႔ ႏွစ္ေယာက္ကို အေဖယုံတယ္ ဘာေၾကာင့္ ဒီကစားပြဲကို ပါဝင္ပါေစ အဆုံးထိျဖစ္လာသမွ်ကို အေဖအျပစ္မျမင္ဘဲ supportေပးမယ္ "
"သမီး ဒါေတြကို ဖ်က္စီးမိသြားမွာ အရမ္းေၾကာက္တယ္ Dad "
Chaeyoungေျပာၿပီး သူ႕အေဖကိုဖက္ထားလိုက္သည္
ငယ္ငယ္က မိုးၿခိမ္းသံေၾကာင့္ ေၾကာက္ၿပီး အေဖ့
ရင္ခြင္ထဲ ဝင္လာတတ္တဲ့ Chaeyoungဟာ ခုထိမေျပာင္းလဲေသးေပ
"သမီး လုပ္နိုင္ပါတယ္ သမီးက သတၱိရွိၿပီး သန္မာတယ္ မဟုတ္လား "
Mr.Parkက ေျပာၿပီး သူ႕သမီးကိုဖက္လိုက္သည္
သီခ်င္းၿပီးသြားတဲ့အခါတြင္
"ကဲ အေဖတို႔ မိန္းမေတြဆီ ျပန္သြားရေအာင္ "
Mr.Parkကေျပာေတာ့ Chaeyoung ေခါင္းညိတ္ၿပီး သူ႕အေမနဲ႕Lisaဆီ အတူသြားေလသည္
Mrs.Parkကေတာ့ Lisaကို သူ႕သမီးကို ဂ႐ုစိုက္ဖို႔ ေခ်ာ့တစ္လွည့္ေျခာက္တစ္လွည့္ေျပာေနေလရဲ႕
"Hello... Doctor Park...ကြၽန္မရဲ႕ Mrs.Park Lisaကို ျပန္ေခၚလို႔ရလားရွင့္ "
"Oh အခ်ိန္မေ႐ြးပါဘဲ "
Lisaတို႔လည္း သူ႕ေယာကၡမတို႔ကို ႏႈတ္ဆက္ၿပီး သူတို႔သူငယ္ခ်င္းေတြဆီ သြားေလသည္
"ေပ်ာ္ရဲ႕လား Chaeyoung "
"ငါ့ဘဝမွာ အေပ်ာ္ဆုံးေန႕တစ္ေန႕ဘဲ Lisa "
*****
"နင္တို႔ႏွစ္ေယာက္က တကယ္စိတ္ညစ္စရာဘဲေဟ့ ဒီအတိုင္းဘဲ နမ္းလိုက္စမ္းပါ ဘယ္သူမွ အံ့ၾသမေနပါဘူးဟ "
Jennieမွာ ဘီယာတစ္ခြက္ေသာက္ၿပီး Chaeyoungတို႔ကိုေျပာလိုက္သည္
"shut up Jennie "
"ငါတို႔ေရွ႕မွာမို႔လို႔ ရွက္ေနတာလား ဒါဆို ဟန္းနီးမြန္းက်မွ ကဲေပါ့ ခိခိ "
Somiရဲ႕ စကားေၾကာင့္ Lisa သက္ျပင္းခ်လိဳက္သည္ သူ႕သူငယ္ခ်င္းေတြရဲ႕ စိတ္ထဲ ဘာလို႔ ႐ူးေၾကာင္ေၾကာင္ အေတြးေတြ ရွိေနပါလိမ့္လို႔ ေတြးေနမိတယ္
"ကဲ ဒါကေတာ့ Jisooလုပ္ထားတဲ့ ကိတ္မုန့္ေလး နင္တို႔ႏွစ္ေယာက္အႀကိဳက္ ေရာလုပ္ထားတာတဲ့ ကိတ္ခြဲလိုက္ၾကပါအုံး "
Lisaနဲ႕Chaeyoungလည္း ကိတ္မုန့္ေလးကို ဓာတ္ပုံရိုက္ၿပီးေနာက္ ႏွစ္ေယာက္တြဲပုံရိုက္ကာ ဆိုရွယ္မီဒီယာေပၚတြင္ တင္လိုက္ၾကသည္
"ကဲ ကိတ္မုန့္ခြဲပါေတာ့ဗ်ိဳ႕ လက္ကိုင္ၿပီးခြဲၾကေနာ္ "
Leo စကားေၾကာင့္ Chaelisaလည္း လက္ကိုင္ၿပီး ကိတ္မုန့္ခြဲေလသည္
ထို႔ေနာက္ ကိတ္မုန့္ေတြကို တစ္ေယာက္တစ္ဇြန္းခြံ႕ေကြၽးၾကေလသည္
"နမ္းပါ နမ္းပါ ျပင္သစ္အနမ္း ျပင္သစ္အနမ္း "
Somiတို႔ လက္ခုပ္တီးၿပီး ျမႇောက္ေပးေနေသာေၾကာင့္ Lisa ရွက္ၿပီး မ်က္ႏွာေတြနီရဲလာတယ္
"ကိတ္မုန့္ထဲသာ ေခါင္းႀကီးစိုက္ပစ္လိုက္ခ်င္တယ္ "
မနမ္းမခ်င္း ဆက္တိုက္ေအာ္ေနတဲ့ သူငယ္ခ်င္းေတြ ေကာင္းမႈေၾကာင့္ Chaeyoung မ်က္ႏွာေလးကိုကိုင္ၿပီး ႏႈတ္ခမ္းေလးကို Lisa စုပ္နမ္းလိုက္သည္
"Yeah နမ္းၿပီေဟ့ "
ပါတီၿပီးတဲ့ေနာက္မွာေတာ့ ေလဆိပ္ကိုသြားဖို႔ Chaeyoungတို႔သက္ေတာင့္သက္သာရွိေစမယ့္ အဝတ္အစားေတြ လဲလိုက္ၾကသည္
"Have a safe flightပါ ငါ့လူတို႔ "
"Honeymoonမွာ ေပ်ာ္႐ႊင္ပါေစ "
"Thank guys '
Lisaတို႔ သူတို႔သူငယ္ခ်င္းကို ႏႈတ္ဆက္ၿပီး Louisနဲ႕အတူ ေလဆိပ္ကို ထြက္လာၾကသည္
Lisaတို႔ တစ္ေနကုန္ ပင္ပန္းေနမွာသိလို႔ Louis သူ႕သူငယ္ခ်င္းေတြကို ေလဆိပ္ေမာင္းပို႔ေပးသည္
ကားေပၚတြင္ Chaeyoungမွာ မ်က္လုံးမွိတ္ၿပီး Lisa ပခုံးေပၚတြင္ မွီလိုက္သည္
Chaeyoungရဲ႕ အျပဳအမူေၾကာင့္ Lisa ၿပဳံးလိုက္မိသည္
"ဒီကိုလာ "
Lisaမွာ Chaeyoungကို သူ႕ေပါင္ေပၚတြင္ အိပ္ခိုင္းသည္
"ပင္ပန္းေနမွာေပါ့ ေလဆိပ္ကို မေရာက္ခင္ထိ ငါ့ေပါင္ေပၚမွာ လွဲအိပ္လိုက္ "
Chaeyoungရဲ႕ ပခုံးေလးကို ႏွိပ္ေပးရင္း Lisa ေျပာလိုက္သည္
"Hummm Thanks "
"ရပါတယ္ဟ "
Lisa ၿပဳံးၿပီး Chaeyoungေလး အိပ္ေပ်ာ္သြားေအာင္ ႏွိပ္ေပးေနသည္
Louisမွာ ကားေမာင္းရင္း ကားမွန္ကေနတဆင့္ သူ႕သူငယ္ခ်င္းေတြကို ၾကည့္ၿပီး ရယ္လိုက္သည္
"ဘာလည္း "
Lisa ကားမွန္ကေန ၾကည့္ၿပီး ရန္လုပ္လိုက္သည္
"ဒီေန႕မင္း အရင္ကထက္ ပိုေပ်ာ္ေနသလိုဘဲ Lisa...Chaeyoungေၾကာင့္ထင္ပါရဲ႕ "
"Chaeyoungက ငါ့ရဲ႕အရာအားလုံးေလ သူကငါ့အတြက္ ဘာမဆိုေတာင္းဆိုလို႔ရတဲ့ သူငယ္ခ်င္းေကာင္း "
"Yes...လူတိုင္းမွာေတာ့ သူငယ္ခ်င္းေကာင္းဆိုတာ ရွိပါတယ္ ဒါေပမယ့္ Lisa..မင္းနဲ႕Chaeyoung ဆက္ဆံေရးကေတာ့ ထူးဆန္းတယ္ေလ....မွတ္မိပါေသးတယ္ Chaeyoungက မင္းကို ငါတို႔နဲ႕ မိတ္ဆက္ေပးတုန္းက ငါသိပ္ေတာ့ အျမင္မၾကည္ခဲ့ဘူးေပါ့ ဘာေကာင္မႀကီးလည္းဆိုၿပီး ဒါေပမယ့္ မင္း သူ႕ကိုဂ႐ုစိုက္ေပးတာေတြ သူ႕ကိုေပ်ာ္ေအာင္ရယ္ေမာေအာင္ လုပ္ေပးနိုင္တာေတြၾကည့္ၿပီး ငါမွားသြားတယ္ဆိုတာ သိလိုက္ရတယ္ ၿပီးေတာ့ Lisa မင္းက လူေတြအျပင္ ငါတို႔ကိုပါ မင္းပုံစံကို ခန့္မွန္းလို႔မရေအာင္ ေနတတ္ေသးတယ္ ဒါေပမယ့္ Chaeyoungနဲ႕ေတြ႕တဲ့အခါ မင္းရဲ႕ပုံစံအစစ္ကို အၿမဲခ်ျပေလ့ရွိတယ္ ဒါေၾကာင့္ ငါေျပာခ်င္တဲ့စကားက ရႈပ္ရႈပ္ယွက္ယွက္ေတြျဖစ္ေအာင္မလုပ္နဲ႕ "
"အႀကံေပးတာလား ၿခိမ္းေျခာက္တာလားဟ "
"ထင္ခ်င္သလိုထင္ ငါ့ေကာင္ "
Louisရဲ႕ စကားေၾကာင့္ Lisa ရယ္ၿပီး သူ႕ေပါင္ေပၚ အိပ္ေပ်ာ္ေနတဲ့ Chaeyoungကို ငုံ႕ၾကည့္ကာ မ်က္ႏွာေလးကို ပြတ္သပ္လိုက္မိသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co