Truyen3h.Co

Business Proposal

Part 8

KimFany059


Chaeyoung လိုက်ကာကိုထိုးဖောက်လာတဲ့ နေအလင်းရောင်ကြောင့် အိပ်ရာက နိုးလာတယ်

လေယာဥ်စီးပြီး ဟိုတယ်ကို ရောက်ရောက်ချင်း Chaeyoung ပင်ပန်းလို့ အိပ်ပျော်သွားခဲ့တာ ခုမှနိုးသည်

မျက်နှာကို လက်နဲ့ပွတ်စဥ် လက်စွပ်လေးကိုတွေ့တော့ Chaeyoung သတိထားမိသွားသည်

သူအခင်ဆုံး သူငယ်ချင်းနဲ့လက်ထပ်ခဲ့တာဆိုတာကိုပေါ့

"Oh shit ငါ တကယ်လက်ထပ်ခဲ့တာဘဲ "

အခန်းတစ်ခုလုံးကို ပန်းလေးတွေနဲ့အလှဆင်ထားပြီး စားပွဲခုံပေါ်မှာလည်း ရှန်ပိန်ပုလင်းတွေကို တင်ထားသေးသည်

အိပ်ရာကြီးကတော်တော်ကျယ်ပြီး သက်တောင့်သက်သာ ရှိစေသည်

Chaeyoung လူးလှိမ့်အိပ်ရင်း ကုတင်ပေါ်မှာ သူတစ်ယောက်တည်း ရှိတယ်ဆိုတာ သတိထားမိသွားတယ်

Lisaက ကုတင်ပေါ် လာမအိပ်ဘူးဘဲ

Chaeyoung လက်စွပ်လေးကိုချွတ်ကြည့်တော့ လက်စွပ်အတွင်းထဲတွင် L+C ဆိုပြီး ထွင်းထားတဲ့စာလုံးလေးကို မြင်ပြီး ပြုံးမိသွားသည်

လက်စွပ်ကို Chaeyoung ပြန်ဝတ်ပြီး အိပ်ခန်းထဲက ထွက်လာကာ Lisaကို လိုက်ရှာသည်

"Lisa "

Chaeyoung မီးဖိုခန်းဘေးနားတွင် Tvအကြီးကြီးကိုလည်း တွေ့လိုက်ရသေးသည်

Somiတို့က အကောင်းဆုံးအခန်းကို Booking လုပ်ပေးထားတာဘဲ

နောက်ဆုံးတော့ ဆိုဖာပေါ် အိပ်နေတဲ့ Lisaကို Chaeyoung ရှာလို့တွေ့ပြီလေ

Lisaကို မြင်ရုံနဲ့ Chaeyoung ဘာလို့ ရင်ခုန်နှုန်းတွေ မြန်လာလည်းဆိုတာ သူ့ကိုယ်သူမသိတော့ပေ

Lisa ရှေ့ကစားပွဲခုံပေါ် ထိုင်လိုက်ပြီး အိပ်နေတဲ့ သူမိန်းမကိုကြည့်ကာ Chaeyoung ပြုံးနေသည်

ပြီးတော့ Lisaလက်က လက်စွပ်ကလည်း Chaeyoungရဲ့ အပြုံးကို ပိုမိုတောက်ပလာအောင်လုပ်နိုင်တယ် မဟုတ်လား

"ဘာလည်း "

Lisa ပြန်ထူးလိုက်ပေမယ့် မျက်လုံးကတော့ မှိတ်ထားတုန်းပင်

"နင် ဒီမှာ အိပ်တာလား ငါတို့မှာ King size bedရှိတယ်ဆိုတာ သိတယ်မဟုတ်လား "

"နင်က ပင်ပန်းနေတာလေ အဲ့တာကြောင့်မို့လို့ အနှောင့်အယှက်ဖြစ်မှာဆိုးလို့ ဒီဆိုဖာမှာလာအိပ်တာ "

"ရူးကြောင်ကြောင် လုပ်မနေနဲ့ Lisa...အရင်ကလည်း ငါတို့တစ်ကုတင်ပေါ်မှာ အတူတူအိပ်နေကြကို ဘာအရူးထနေတာလည်း "

"အဲ့တုန်းက ငါတို့လက်မထပ်ရသေးဘူးလေ "

"ဘယ်လို သူငယ်ချင်းအချင်းချင်း တစ်ကုတင်တည်း အတူအိပ်တာ ဘာဖြစ်လို့လည်း အရူးမ ကုတင်ပေါ်မှာ ငါတစ်ယောက်တည်းအိပ်ရတာ ခြေထောက်အေးတယ်ဟ '

"ငါတွေးနေတာ Chaeyoung...နင်... ငါ့ကို...အခွင့်အရေးယူချင်နေတာမလား "

"သေလိုက်လေ Lisa...နင့်ကိုယ်နင်ထင်နေသလို အရမ်းလန်းနေတာလည်း မဟုတ်ပါဘူး အော့ "

Chaeyoungကအော့အန်သလို လုပ်ပြတော့ Lisa နှုတ်ခမ်းစူသွားသည်

"မနက်စောစော စိတ်ထိခိုက်သွားပြီ "

"စိတ်ထိခိုက်မနေနဲ့ထ... မနက်စာစားပြီး ဂျယ်ဂျူမှာ တစ်ဝကြီးပျော်ရအောင် Mrs.Park "

"Ok Fine...ကောင်တာကို လှမ်းမှာထားလိုက်အုံး မနက်စာချန်ထားဖို့ "

"ကောင်းပြီ "

Lisa မှာ အခန်းထဲဝင်သွားပြီး သူ့ရဲ့အဝတ်အိတ်ကို ဖွင့်လိုက်သည်

ဒီဂျယ်ဂျူကျွန်းမှာ Lisaတို့ ဟန်းနီးမွန်းထွက်ရတယ်တဲ့ Lisaအတွက် အမှတ်တရတွေအများကြီးရှိခဲ့တဲ့ နေရာတစ်ခုလေ

Chaelisaတို့ သူတို့အခန်း ဝရံတာတွင် မနက်စာစားနေကြသည်

လှပလွန်းတဲ့ ကမ်းခြေ ဖြူဖွေးလွန်းတဲ့ သဲသောင်ပြင် ကြည်လင်ရှင်းသန့်တဲ့ရေလှိုင်းလေးတွေက Chaeyoungရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်သည်

"ဂျယ်ဂျူက ခရီးထွက်ဖို့အတွက် အကောင်းဆုံးနေရာဘဲ Somiတို့က ဒီနေရာမှာ ဘိုကင်တင်ပေးလို့ ငါဝမ်းသာမိတယ် "

Lisaက ကြက်အူချောင်းကြော်လေးကို လှီးရင်းပြောလိုက်သည်

"ဂျယ်ဂျူကို ပထမဆုံးရောက်ဖူးတာဘဲ နင်ကတော့ ခဏခဏရောက်ဖူးပြီး ဂျယ်ဂျူအကြောင်းသိတဲ့ပုံဘဲ "

"အင်း ဟုတ်တယ် နွေရာသီဆို ဂျယ်ဂျူကို ခဏခဏလာဖြစ်တယ် Chaeyoung သိတယ်မလား ငါ့မိဘတွေက ခရီးသွားမယ်ဆို ဂျယ်ဂျူနဲ့Kumgang တောင်တန်းဘက်ဘဲ...အဲ့တောင်တက်ရင်း နင်နဲ့တွေ့ခဲ့ရတာပေါ့ "

"မိုက်တာပေါ့ ဒါဆို ဒီနေ့နင်က ဂျယ်ဂျူကျွန်းအတွက် င့ါရဲ့ လမ်းပြလေးပေါ့ "

"ဒါပေါ့ Park Chaeyoungရဲ့ လမ်းပြကြယ်လေး ဖြစ်ပေးပါမယ် "

Chaeyoungကို Lisa မျက်စိမှိတ်ပြပြီး ပြောတော့ Chaeyoungကရယ်တယ်

"နောက်ပိုင်းတော့ Jisooနဲ့ငါ ဒီကို ခဏခဏလာဖြစ်တယ် နွေတစ်ရာသီလုံး ပေါက်ကရလုပ်ရင်း ကုန်ဆုံးဖြစ်တာပေါ့ဟာ "

Chaeyoungမှာ Lisaနဲ့Jisooတို့ ဂျယ်ဂျူမှာ ဘယ်လိုဖြတ်သန်းခဲ့ကြောင်း တွေးရင်း ပြုံးလိုက်သည်

"နင်တို့ ဘယ်လိုမွှေခဲ့လည်းဆိုတာ သိချင်လိုက်တာ နေအုံး Somiတို့ကို ဂျယ်ဂျူကို ပို့ပေးလို့ ကျေးဇူးတင်ကြောင်း စာပို့လိုက်အုံးမယ် "

"OKAY ပါ

"Li​sa...လူတွေက ငါတို့ဟန်းနီးမွန်းအကြောင်းလည်း သိချင်ကြမှာဘဲ couple photoရိုက်ပြီး တင်ကြရအောင်လေ "

"ကောင်းသားဘဲ ရိုက်ရအောင် "

Chaelisaတို့လည်း ညားခါစဇနီးမယားလို့ထင်ရအောင် တစ်ယောက်ကိုတစ်ယောက် ပေါက်ကွဲလုမတတ်ဖက်ထားကြပြီး ပိုစ့်အမျိုးစုံပေးကာ ဓာတ်ပုံရိုက်လေသည်

ထို့နောက် Chaeyoungမှာ social mediaတွင် Lisaကိုသာမက Manoban companyကိုပါ tagတွဲပြီး ပုံတင်လေသည်

@roses_are_rosie  : ချစ်ရတဲ့အမျိုးသမီးလေးနဲ့အတူ @ManobanINC @lalalalisa_m

စက္ကန့် အနည်းငယ်ကြာတဲ့အခါမှာတော့ Chaeyoungရဲ့ပိုစ့်အောက်တွင် Somi ကောမန့်ဝင်ရေးသည်

@somsomi0309 : Chaeng နင်တို့ပုံတွေက Minion လေးတွေနဲ့တူတယ် လုပ်စမ်းပါ ခပ်ကြမ်းကြမ်းပုံလေး ချပြလိုက်

Somi ကောမန့်ကို Chaeyoung ဖတ်ပြတော့ Lisaမှာ ရှက်ပြီး မျက်နှာနီလာသည်

"မယုံနိုင်စရာဘဲ "

Lisa ပြောပြီး Chaeyoungရဲ့ မေးစေ့ကိုကိုင်လိုက်သည်

"ဓာတ်ပုံရိုက်ဖို့ readyလား "

"yep "

Lisaမှာ သူ့ရဲ့လည်ပင်းကို ရုတ်တရက်လာနမ်းသောကြောင့် Chaeyoung ရင်ခုန်သံတွေမြန်လာသည်

ထို့အပြင် လက်တွေပါတုန်လာပြီး လက်ဖျားတွေက အေးစက်လာသည်

"ဒီပုံလေးတင်လိုက်တော့ Chae.."

"o...okay "

@roses_are_rosie  : ဆာလောင်နေတဲ့ ငါ့မိန်းမလေး @lalalisa_m

ပုံတင်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာဘဲ like& commentတွေ တရကြမ်းတိုးလာသည်

"သူတို့တွေ ဒါမျိုးလိုချင်ကြတာထင်တယ် "

Followerတွေ ဆက်တိုက်တိုးလာတာကိုကြည့်ရင်း Lisa ပြောလိုက်သည်

Jennieတို့ကလည်း ပုံအောက်တွင် Lisaတို့ကို ပြင်သစ်အနမ်း နမ်းနေပုံတင်ဖို့ မြှောက်ပေးနေကြပြန်သည်

"ဘာပုံမှထပ်မတင်ပေးတော့ဘူး လာ ပင်လယ်ဘက်သွားစို့ ငါအရမ်းသွားချင်နေပြီ Lisa...."

Chaeyoungလည်း commentတွေကို လျစ်လျူရှုပြီး ပင်လယ်ဘက်သွားဖို့ ပြင်လေသည်

ပင်လယ်ကမ်းစပ်နားတွင် Chaelisaတို့ လက်တွဲကာ ရေလှိုင်းတွေကို ကြည့်ရင်း လမ်းလျှောက်နေကြသည်

Lisaက သူနဲ့Jisooတို့ ဒီကိုရောက်လာဖူးတဲ့အကြောင်းတွေကို ပြောပြနေသည်

တစ်ချို့အရာတွေကိုထိမ်ချန်ထားတာ Chaeyoungသိပေမယ့်လည်း Lisaပြောမှ နားထောင်မယ်ဆိုပြီး မမေးဘဲနေလေသည်

"ညတိုင်း ငါနဲ့Jisoo ဒီကိုလာပြီး မီးပန်းတွေရှယ်ဖောက်တာ "

"ဟုတ်လား "

"ပြီးတော့ နင်နဲ့မတွေ့ခင် အရင်တစ်နှစ်လောက်က ဒီနေရာမှာ ငါ ပထမဆုံးအနမ်းရဖူးတာဘဲ ဒီနေရာမှာ ရပ်ပြီး စကားပြောနေတုန်း အဲ့မိန်းက​လေးက ငါ့ကိုနမ်းသွားတာ ကောင်မလေးနာမည်က Ontariတဲ့ ..."

သူတို့ဟန်နီးမွန်းထွက်လာတဲ့အချိန်ကို ဘာလို့Lisaက အရင်ကောင်မလေးအကြောင်းပြောနေတာလည်းဆိုပြီး Chaeyoung သိပ်တော့ဘဝင်မကျပေ

အာ ငါတို့ကတကယ်လက်ထပ်ထားတာမှမဟုတ်တာ ဟုတ်တယ် ငါသဝန်မတိုပါဘူး ဘာလို့ သဝန်တိုရမှာလည်း

"နောက်တော့ရော အဲ့ကောင်မလေး ဘယ်ရောက်သွားလည်း "

"နောက်ကျ နင့်ကို ငါတွေ့ခဲ့တယ်လေ နင်နဲ့တွေ့ပြီးနောက်ပိုင်း ဂျယ်ဂျူကို သိပ်စိတ်မဝင်စားတော့ဘူး "

Lisa ပြောလိုက်တဲ့စကားကြောင့် Chaeyoung အလိုမကျတာတွေပျောက်သွားပြီး ကျေနပ်သွားတယ်

တစ်နေကုန်လည်ပတ်လို့ ပြီးတဲ့နောက်မှာတော့ Chaeyoungတို့ ဟိုတယ်ကိုပြန်လာကြသည်

"Lalisa...ဆိုဖာမှာ ဘာလို့အိပ်နေပြန်တာတုန်း ကုတင်အကျယ်ကြီးရှိနေတာကို ဒီကိုလာခဲ့ "

Chaeyoungမှာ ကုတင်ပေါ်အိပ်ဖို့ ရှောင်နေတဲ့ သူ့သူငယ်ချင်းကို အော်လိုက်သည်

Lisaမှာ ဆိုဖာပေါ်တွင် ​ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ကာ နေသည်

ဂျယ်ဂျူကျွန်းပေါ်က အမှတ်တရတစ်ချို့က Lisaကို နှောင့်ယှက်နေလေရဲ့

"Lisa...."

Chaeyoungမှာ အငေးလွန်နေတဲ့ သူ့သူငယ်ချင်းပခုံးကို ပုတ်လိုက်သည်

"အင်း ငါကြားတယ် နင်သေချာလို့လား "

Chaeyoung ဘာမှမဖြေဘဲ သူ့သူငယ်ချင်းလက်ကို တွဲပြီး ကုတင်ပေါ်သို့ခေါ်သွားလေသည်

"Good night Lisa..."

Chaeyoung အခန်းမီးပိတ်ပြီး Lisaကို နှုတ်ဆက်လိုက်သည်

ပြီးတော့ Chaeyoung စိတ်ထဲကနေ သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဥ်ကို Lisaရဲ့ဆိုးဝါးတဲ့ အမှတ်တရတွေက အနှောင့်အယှက်မပေးပါစေနဲ့ဆိုပြီး ဆုတောင်းနေမိသည်

#tbc

#zawgyi

Chaeyoung လိုက္ကာကိုထိုးေဖာက္လာတဲ့ ေနအလင္းေရာင္ေၾကာင့္ အိပ္ရာက နိုးလာတယ္

ေလယာဥ္စီးၿပီး ဟိုတယ္ကို ေရာက္ေရာက္ခ်င္း Chaeyoung ပင္ပန္းလို႔ အိပ္ေပ်ာ္သြားခဲ့တာ ခုမွနိုးသည္

မ်က္ႏွာကို လက္နဲ႕ပြတ္စဥ္ လက္စြပ္ေလးကိုေတြ႕ေတာ့ Chaeyoung သတိထားမိသြားသည္

သူအခင္ဆုံး သူငယ္ခ်င္းနဲ႕လက္ထပ္ခဲ့တာဆိုတာကိုေပါ့

"Oh shit ငါ တကယ္လက္ထပ္ခဲ့တာဘဲ "

အခန္းတစ္ခုလုံးကို ပန္းေလးေတြနဲ႕အလွဆင္ထားၿပီး စားပြဲခုံေပၚမွာလည္း ရွန္ပိန္ပုလင္းေတြကို တင္ထားေသးသည္

အိပ္ရာႀကီးကေတာ္ေတာ္က်ယ္ၿပီး သက္ေတာင့္သက္သာ ရွိေစသည္

Chaeyoung လူးလွိမ့္အိပ္ရင္း ကုတင္ေပၚမွာ သူတစ္ေယာက္တည္း ရွိတယ္ဆိုတာ သတိထားမိသြားတယ္

Lisaက ကုတင္ေပၚ လာမအိပ္ဘူးဘဲ

Chaeyoung လက္စြပ္ေလးကိုခြၽတ္ၾကည့္ေတာ့ လက္စြပ္အတြင္းထဲတြင္ L+C ဆိုၿပီး ထြင္းထားတဲ့စာလုံးေလးကို ျမင္ၿပီး ၿပဳံးမိသြားသည္

လက္စြပ္ကို Chaeyoung ျပန္ဝတ္ၿပီး အိပ္ခန္းထဲက ထြက္လာကာ Lisaကို လိုက္ရွာသည္

"Lisa "

Chaeyoung မီးဖိုခန္းေဘးနားတြင္ Tvအႀကီးႀကီးကိုလည္း ေတြ႕လိုက္ရေသးသည္

Somiတို႔က အေကာင္းဆုံးအခန္းကို Booking လုပ္ေပးထားတာဘဲ

ေနာက္ဆုံးေတာ့ ဆိုဖာေပၚ အိပ္ေနတဲ့ Lisaကို Chaeyoung ရွာလို႔ေတြ႕ၿပီေလ

Lisaကို ျမင္႐ုံနဲ႕ Chaeyoung ဘာလို႔ ရင္ခုန္ႏႈန္းေတြ ျမန္လာလည္းဆိုတာ သူ႕ကိုယ္သူမသိေတာ့ေပ

Lisa ေရွ႕ကစားပြဲခုံေပၚ ထိုင္လိုက္ၿပီး အိပ္ေနတဲ့ သူမိန္းမကိုၾကည့္ကာ Chaeyoung ၿပဳံးေနသည္

ၿပီးေတာ့ Lisaလက္က လက္စြပ္ကလည္း Chaeyoungရဲ႕ အၿပဳံးကို ပိုမိုေတာက္ပလာေအာင္လုပ္နိုင္တယ္ မဟုတ္လား

"ဘာလည္း "

Lisa ျပန္ထူးလိုက္ေပမယ့္ မ်က္လုံးကေတာ့ မွိတ္ထားတုန္းပင္

"နင္ ဒီမွာ အိပ္တာလား ငါတို႔မွာ King size bedရွိတယ္ဆိုတာ သိတယ္မဟုတ္လား "

"နင္က ပင္ပန္းေနတာေလ အဲ့တာေၾကာင့္မို႔လို႔ အႏွောင့္အယွက္ျဖစ္မွာဆိုးလို႔ ဒီဆိုဖာမွာလာအိပ္တာ "

"႐ူးေၾကာင္ေၾကာင္ လုပ္မေနနဲ႕ Lisa...အရင္ကလည္း ငါတို႔တစ္ကုတင္ေပၚမွာ အတူတူအိပ္ေနၾကကို ဘာအ႐ူးထေနတာလည္း "

"အဲ့တုန္းက ငါတို႔လက္မထပ္ရေသးဘူးေလ "

"ဘယ္လို သူငယ္ခ်င္းအခ်င္းခ်င္း တစ္ကုတင္တည္း အတူအိပ္တာ ဘာျဖစ္လို႔လည္း အ႐ူးမ ကုတင္ေပၚမွာ ငါတစ္ေယာက္တည္းအိပ္ရတာ ေျခေထာက္ေအးတယ္ဟ '

"ငါေတြးေနတာ Chaeyoung...နင္... ငါ့ကို...အခြင့္အေရးယူခ်င္ေနတာမလား "

"ေသလိုက္ေလ Lisa...နင့္ကိုယ္နင္ထင္ေနသလို အရမ္းလန္းေနတာလည္း မဟုတ္ပါဘူး ေအာ့ "

Chaeyoungကေအာ့အန္သလို လုပ္ျပေတာ့ Lisa ႏႈတ္ခမ္းစူသြားသည္

"မနက္ေစာေစာ စိတ္ထိခိုက္သြားၿပီ "

"စိတ္ထိခိုက္မေနနဲ႕ထ... မနက္စာစားၿပီး ဂ်ယ္ဂ်ဴမွာ တစ္ဝႀကီးေပ်ာ္ရေအာင္ Mrs.Park "

"Ok Fine...ေကာင္တာကို လွမ္းမွာထားလိုက္အုံး မနက္စာခ်န္ထားဖို႔ "

"ေကာင္းၿပီ "

Lisa မွာ အခန္းထဲဝင္သြားၿပီး သူ႕ရဲ႕အဝတ္အိတ္ကို ဖြင့္လိုက္သည္

ဒီဂ်ယ္ဂ်ဴကြၽန္းမွာ Lisaတို႔ ဟန္းနီးမြန္းထြက္ရတယ္တဲ့ Lisaအတြက္ အမွတ္တရေတြအမ်ားႀကီးရွိခဲ့တဲ့ ေနရာတစ္ခုေလ

Chaelisaတို႔ သူတို႔အခန္း ဝရံတာတြင္ မနက္စာစားေနၾကသည္

လွပလြန္းတဲ့ ကမ္းေျခ ျဖဴေဖြးလြန္းတဲ့ သဲေသာင္ျပင္ ၾကည္လင္ရွင္းသန့္တဲ့ေရလွိုင္းေလးေတြက Chaeyoungရဲ႕ စိတ္အာ႐ုံကို ဆြဲေဆာင္နိုင္သည္

"ဂ်ယ္ဂ်ဴက ခရီးထြက္ဖို႔အတြက္ အေကာင္းဆုံးေနရာဘဲ Somiတို႔က ဒီေနရာမွာ ဘိုကင္တင္ေပးလို႔ ငါဝမ္းသာမိတယ္ "

Lisaက ၾကက္အူေခ်ာင္းေၾကာ္ေလးကို လွီးရင္းေျပာလိုက္သည္

"ဂ်ယ္ဂ်ဴကို ပထမဆုံးေရာက္ဖူးတာဘဲ နင္ကေတာ့ ခဏခဏေရာက္ဖူးၿပီး ဂ်ယ္ဂ်ဴအေၾကာင္းသိတဲ့ပုံဘဲ "

"အင္း ဟုတ္တယ္ ႏြေရာသီဆို ဂ်ယ္ဂ်ဴကို ခဏခဏလာျဖစ္တယ္ Chaeyoung သိတယ္မလား ငါ့မိဘေတြက ခရီးသြားမယ္ဆို ဂ်ယ္ဂ်ဴနဲ႕Kumgang ေတာင္တန္းဘက္ဘဲ...အဲ့ေတာင္တက္ရင္း နင္နဲ႕ေတြ႕ခဲ့ရတာေပါ့ "

"မိုက္တာေပါ့ ဒါဆို ဒီေန႕နင္က ဂ်ယ္ဂ်ဴကြၽန္းအတြက္ င့ါရဲ႕ လမ္းျပေလးေပါ့ "

"ဒါေပါ့ Park Chaeyoungရဲ႕ လမ္းျပၾကယ္ေလး ျဖစ္ေပးပါမယ္ "

Chaeyoungကို Lisa မ်က္စိမွိတ္ျပၿပီး ေျပာေတာ့ Chaeyoungကရယ္တယ္

"ေနာက္ပိုင္းေတာ့ Jisooနဲ႕ငါ ဒီကို ခဏခဏလာျဖစ္တယ္ ႏြေတစ္ရာသီလုံး ေပါက္ကရလုပ္ရင္း ကုန္ဆုံးျဖစ္တာေပါ့ဟာ "

Chaeyoungမွာ Lisaနဲ႕Jisooတို႔ ဂ်ယ္ဂ်ဴမွာ ဘယ္လိုျဖတ္သန္းခဲ့ေၾကာင္း ေတြးရင္း ၿပဳံးလိုက္သည္

"နင္တို႔ ဘယ္လိုေမႊခဲ့လည္းဆိုတာ သိခ်င္လိုက္တာ ေနအုံး Somiတို႔ကို ဂ်ယ္ဂ်ဴကို ပို႔ေပးလို႔ ေက်းဇူးတင္ေၾကာင္း စာပို႔လိုက္အုံးမယ္ "

"OKAY ပါ

"Lisa...လူေတြက ငါတို႔ဟန္းနီးမြန္းအေၾကာင္းလည္း သိခ်င္ၾကမွာဘဲ couple photoရိုက္ၿပီး တင္ၾကရေအာင္ေလ "

"ေကာင္းသားဘဲ ရိုက္ရေအာင္ "

Chaelisaတို႔လည္း ညားခါစဇနီးမယားလို႔ထင္ရေအာင္ တစ္ေယာက္ကိုတစ္ေယာက္ ေပါက္ကြဲလုမတတ္ဖက္ထားၾကၿပီး ပိုစ့္အမ်ိဳးစုံေပးကာ ဓာတ္ပုံရိုက္ေလသည္

ထို႔ေနာက္ Chaeyoungမွာ social mediaတြင္ Lisaကိုသာမက Manoban companyကိုပါ tagတြဲၿပီး ပုံတင္ေလသည္

@roses_are_rosie  : ခ်စ္ရတဲ့အမ်ိဳးသမီးေလးနဲ႕အတူ @ManobanINC @lalalalisa_m

စကၠန့္ အနည္းငယ္ၾကာတဲ့အခါမွာေတာ့ Chaeyoungရဲ႕ပိုစ့္ေအာက္တြင္ Somi ေကာမန့္ဝင္ေရးသည္

@somsomi0309 : Chaeng နင္တို႔ပုံေတြက Minion ေလးေတြနဲ႕တူတယ္ လုပ္စမ္းပါ ခပ္ၾကမ္းၾကမ္းပုံေလး ခ်ျပလိုက္

Somi ေကာမန့္ကို Chaeyoung ဖတ္ျပေတာ့ Lisaမွာ ရွက္ၿပီး မ်က္ႏွာနီလာသည္

"မယုံနိုင္စရာဘဲ "

Lisa ေျပာၿပီး Chaeyoungရဲ႕ ေမးေစ့ကိုကိုင္လိုက္သည္

"ဓာတ္ပုံရိုက္ဖို႔ readyလား "

"yep "

Lisaမွာ သူ႕ရဲ႕လည္ပင္းကို ႐ုတ္တရက္လာနမ္းေသာေၾကာင့္ Chaeyoung ရင္ခုန္သံေတြျမန္လာသည္

ထို႔အျပင္ လက္ေတြပါတုန္လာၿပီး လက္ဖ်ားေတြက ေအးစက္လာသည္

"ဒီပုံေလးတင္လိုက္ေတာ့ Chae.."

"o...okay "

@roses_are_rosie  : ဆာေလာင္ေနတဲ့ ငါ့မိန္းမေလး @lalalisa_m

ပုံတင္ၿပီး စကၠန႔္အနည္းငယ္အတြင္းမွာဘဲ like& commentေတြ တရၾကမ္းတိုးလာသည္

"သူတို႔ေတြ ဒါမ်ိဳးလိုခ်င္ၾကတာထင္တယ္ "

Followerေတြ ဆက္တိုက္တိုးလာတာကိုၾကည့္ရင္း Lisa ေျပာလိုက္သည္

Jennieတို႔ကလည္း ပုံေအာက္တြင္ Lisaတို႔ကို ျပင္သစ္အနမ္း နမ္းေနပုံတင္ဖို႔ ျမႇောက္ေပးေနၾကျပန္သည္

"ဘာပုံမွထပ္မတင္ေပးေတာ့ဘူး လာ ပင္လယ္ဘက္သြားစို႔ ငါအရမ္းသြားခ်င္ေနၿပီ Lisa...."

Chaeyoungလည္း commentေတြကို လ်စ္လ်ဴရႈၿပီး ပင္လယ္ဘက္သြားဖို႔ ျပင္ေလသည္

ပင္လယ္ကမ္းစပ္နားတြင္ Chaelisaတို႔ လက္တြဲကာ ေရလွိုင္းေတြကို ၾကည့္ရင္း လမ္းေလွ်ာက္ေနၾကသည္

Lisaက သူနဲ႕Jisooတို႔ ဒီကိုေရာက္လာဖူးတဲ့အေၾကာင္းေတြကို ေျပာျပေနသည္

တစ္ခ်ိဳ႕အရာေတြကိုထိမ္ခ်န္ထားတာ Chaeyoungသိေပမယ့္လည္း Lisaေျပာမွ နားေထာင္မယ္ဆိုၿပီး မေမးဘဲေနေလသည္

"ညတိုင္း ငါနဲ႕Jisoo ဒီကိုလာၿပီး မီးပန္းေတြရွယ္ေဖာက္တာ "

"ဟုတ္လား "

"ၿပီးေတာ့ နင္နဲ႕မေတြ႕ခင္ အရင္တစ္ႏွစ္ေလာက္က ဒီေနရာမွာ ငါ ပထမဆုံးအနမ္းရဖူးတာဘဲ ဒီေနရာမွာ ရပ္ၿပီး စကားေျပာေနတုန္း အဲ့မိန္းကေလးက ငါ့ကိုနမ္းသြားတာ ေကာင္မေလးနာမည္က Ontariတဲ့ ..."

သူတို႔ဟန္နီးမြန္းထြက္လာတဲ့အခ်ိန္ကို ဘာလို႔Lisaက အရင္ေကာင္မေလးအေၾကာင္းေျပာေနတာလည္းဆိုၿပီး Chaeyoung သိပ္ေတာ့ဘဝင္မက်ေပ

အာ ငါတို႔ကတကယ္လက္ထပ္ထားတာမွမဟုတ္တာ ဟုတ္တယ္ ငါသဝန္မတိုပါဘူး ဘာလို႔ သဝန္တိုရမွာလည္း

"ေနာက္ေတာ့ေရာ အဲ့ေကာင္မေလး ဘယ္ေရာက္သြားလည္း "

"ေနာက္က် နင့္ကို ငါေတြ႕ခဲ့တယ္ေလ နင္နဲ႕ေတြ႕ၿပီးေနာက္ပိုင္း ဂ်ယ္ဂ်ဴကို သိပ္စိတ္မဝင္စားေတာ့ဘူး "

Lisa ေျပာလိုက္တဲ့စကားေၾကာင့္ Chaeyoung အလိုမက်တာေတြေပ်ာက္သြားၿပီး ေက်နပ္သြားတယ္

တစ္ေနကုန္လည္ပတ္လို႔ ၿပီးတဲ့ေနာက္မွာေတာ့ Chaeyoungတို႔ ဟိုတယ္ကိုျပန္လာၾကသည္

"Lalisa...ဆိုဖာမွာ ဘာလို႔အိပ္ေနျပန္တာတုန္း ကုတင္အက်ယ္ႀကီးရွိေနတာကို ဒီကိုလာခဲ့ "

Chaeyoungမွာ ကုတင္ေပၚအိပ္ဖို႔ ေရွာင္ေနတဲ့ သူ႕သူငယ္ခ်င္းကို ေအာ္လိုက္သည္

Lisaမွာ ဆိုဖာေပၚတြင္ ထိုင္ရင္း ျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္ကာ ေနသည္

ဂ်ယ္ဂ်ဴကြၽန္းေပၚက အမွတ္တရတစ္ခ်ိဳ႕က Lisaကို ႏွောင့္ယွက္ေနေလရဲ႕

"Lisa...."

Chaeyoungမွာ အေငးလြန္ေနတဲ့ သူ႕သူငယ္ခ်င္းပခုံးကို ပုတ္လိုက္သည္

"အင္း ငါၾကားတယ္ နင္ေသခ်ာလို႔လား "

Chaeyoung ဘာမွမေျဖဘဲ သူ႕သူငယ္ခ်င္းလက္ကို တြဲၿပီး ကုတင္ေပၚသို႔ေခၚသြားေလသည္

"Good night Lisa..."

Chaeyoung အခန္းမီးပိတ္ၿပီး Lisaကို ႏႈတ္ဆက္လိုက္သည္

ၿပီးေတာ့ Chaeyoung စိတ္ထဲကေန သူတို႔ရဲ႕ ဟန္းနီးမြန္းခရီးစဥ္ကို Lisaရဲ႕ဆိုးဝါးတဲ့ အမွတ္တရေတြက အႏွောင့္အယွက္မေပးပါေစနဲ႕ဆိုၿပီး ဆုေတာင္းေနမိသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co