Truyen3h.Co

CEO Kim

Part 2

KimFany059

#Unicode

"ငရဲကနေ ကြိုဆိုပါတယ် Jennie Kim. ..."

Jennie နားသို့ Jisoo ကပ်ပြောလိုက်စဥ် Jennie မှာ အခွင့်အရေး ယူပြီး Jisooကို ဆွဲဖက်လေသည်

Jisooပြောတဲ့ စကားလည်း Jennie နားထဲ မဝင်...ယခု သူမစိတ်ထဲရှိနေတာ Jisooကိုပင်....Jisooကို Jennie အရမ်း လွမ်းနေခဲ့တာလေ

သူမကို လာဖက်တဲ့ Jennieကို Jisoo တွန်းလွှတ်ဖို့ သူမ စိတ်ကပြောနေပေမယ့် Jennieဆီက ရတဲ့ ရေမွှေးအနံ့ကြောင့် Jisoo ငြိမ်သက်သွားတယ်

Jennieဆီက ရတဲ့ ခေါင်းလျှော်ရည် ရနံ့ကလည်း Jisooကို ငုတ်တုတ်မေ့စေသည် ....

Jisoo ဝန်မခံချင်ပေမယ့် Jennieကို သူမလည်း လွမ်းနေခဲ့တာလေ

ပြီးတော့ Jennie ဆီက ရတဲ့ ရေမွှေးအနံ့က သူမ Jennieကို ဝယ်ပေးနေကြ ရေမွှေးပုလင်းဆိုတာ Jisoo မှတ်မိနေသည်

Jennieကလည်း Jisoo ကို တင်းတင်းကြပ်ကြပ် ဖက်ပြီး ငိုချင်လာသောကြောင့် သူမစိတ်ကိုသူမ ထိန်းနေသည်

"Ah. .."

Jennie အသံကြောင့် Jisoo အသိစိတ်ဝင်လာပြီး Jennieကို တွန်းလိုက်သည်

"ဒီကို အလုပ်လုပ်ဖို့လာတာနော် အီစီကလီလုပ်ဖို့လာတာလား "

Jisoo ပြောပြီး ဆိုဖာတွင် ထိုင်လိုက်သည်

"တောင်းပန်ပါတယ် "

Jennieလည်း တောင်းပန်စကားပြောပြီး Jisooနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်

"ဒီတော့ နင်က ငါ့ရဲ့ အတွင်းရေးမှူးလုပ်ချင်တာပေါ့ ဟုတ်လား "

သူမကို စိုက်ကြည့်ပြီး မေးတဲ့ Jisooကြောင့် Jennie နေရခက်နေသည်

"ဟုတ်ပါတယ် အကောင်းဆုံးလုပ်ပါမယ်လို့ ကတိပေးပါတယ်....."

"ကောင်းပြီ မင်း အင်တာဗျူး အောင်သွားပြီ အခုကစပြီး မင်းက ငါ့အတွင်းရေးမှူး ဖြစ်သွားပြီ "

Jisoo စကားကြောင့် Jennie အရမ်း အံ့သြသွားတယ်....ဘာမေးခွန်းမှ မမေးဘဲ မဖြေရသေးဘဲ အလုပ်တန်းရတာ Jennie တစ်ယောက်ဘဲ ရှိမည်

Jennie ဘာကြောင့် ဘာမှမမေးဘဲ အလုပ် ခန့်ရတာလည်းဆိုတာ Jisooကို မမေးတော့ပေ

ဘာလို့လည်းဆိုတော့ သူမ ဖြစ်ချင်နေတဲ့ Jisooရဲ့ အတွင်းရေးမှူး ဖြစ်နေပြီလေ

"ပထမဆုံး ဘာမှမခိုင်းခင် Company က ငါ့ရဲ့ စည်းကမ်းတွေ ပြောပြမယ် "

"ဟုတ် ဘာစည်းကမ်းလည်း ..."

"ဝန်ထမ်းတွေ လိုက်နာရမယ့် စည်းကမ်းက သုံးခုဘဲ ရှိတယ် နံပါတ်တစ်...အလုပ်လာချိန်မှန်ရမယ်...အလုပ်နောက်ကျတာ မကြိုက်ဘူး တစ်မိနစ်လေးနောက်ကျရင်တောင် ငါ လက်မခံဘူး နောက်ကျရင် ထုတ်မယ် ...."

Jisooက အတည်ကြီးပြောနေပေမယ့် Jennieကတော့ အံ့သြနေမိသည် သူသိခဲ့တဲ့ Jisooက ဒီလိုမဟုတ်လေ နားလည်ပေးဖြည့်တွေးပေးတတ်တဲ့ သူမျိုး

"နံပါတ် နှစ် အမှားမလုပ်မိစေနဲ့.....သေးသေးလေး မှားရင်တောင် ငါ လက်မခံဘူး ထုတ်မှာဘဲ.....နောက်ဆုံးတစ်ခုကတော့ ငါပြောတဲ့စကားကို နားထောင်ရမယ် ပြန်မပြောရဘူး ပြန်ပြောတာနဲ့ ထုတ်မယ်....ငါ စိတ်တိုတဲ့အချိန် ရိုင်းလာတာမို့ ပြန်ခံပြောဖို့မစဥ်းစားနဲ့...နားလည်လား ဒီစည်းကမ်းသုံးခုကို...."

နောက်ဆုံး စည်းကမ်းက သူမကို ရည်ညွှန်းနေသလို Jennie ခံစားရသည် ဘာလို့ဆို သူမက ဘယ်တော့မှ တစ်ခြားသူ စကားကိုနားထောင်တတ်သူ မဟုတ် တစ်ခွန်းမကျန် ပြန်ပြောတတ်သေးတော့ သေချာသည် နောက်ဆုံး စည်းကမ်းက သူမကို ရည်ညွှန်းနေတာ

Jisoo ထပြီး သူမ စားပွဲခုံဘက် သွားလိုက်သည်

စားပွဲခုံပေါ်က စာရွက်ကို ယူပြီး Jennieကို ပေးလိုက်သည်

"ရော့ ဒီစာရွက်ယူထား...."

Jennieလည်း Jisooပေးတဲ့ စာရွက်ကို ယူလိုက်သည်

"ဒီစာရွက်ထဲမှာ ငါ့ Schedule တွေပါတယ် အခု ဆယ့်ငါးထပ်ကို သွားလိုက်.....ဆံပင်ရွှေရောင်နဲ့ အမျိုးသမီး Park Chaeyoungကို တွေ့ရလိမ့်မယ်
နင့်နာမည်ကိုပြောပြလိုက်  ဘာလုပ်ရမလည်း သူသိတယ်  သွားလို့ရပြီ "

Jisoo ထိုင်ခုံမှာ ဝင်ထိုင်ပြီး စားပွဲခုံပေါ်က laptopကို ဖွင့်လိုက်သည်

"ဟုတ် ဒါဆို သွားလိုက်အုံးမယ်နော် "

Jennie ပြောပြီး ထိုင်ရာက ထကာ တံခါးဘက် သွားစဥ် Jisooချောင်းဟန့်လိုက်သည်

"ခဏ...မေးစရာရှိတယ် ....နင် ဘာလို့ ပြန်လာတာလည်း....ဘာလို့လည်း..."

Jisoo မနေ့ကတည်းက ဒီမေးခွန်းကို မေးချင်နေတာပါ....မေးချင်လွန်းလို့ သိချင်လွန်းလို့ တစ်ညလုံး အိပ်မပျော်ဖြစ်နေခဲ့တာ

"ငါ ငါ နင့်ကို ချစ်လို့ ပြန်လာခဲ့တာ....ငါ့အမှားတွေအတွက် တကယ်နောင်တရနေပါပြီ...တကယ် တောင်းပန်ပါတယ် "

Jennie မျက်ရည်လေး ဝဲပြီးပြောပေမယ့် Jisooကတော့ Jennie စကားကြောင့် တဟားဟားရယ်နေသည်

"Wow... Jennie နင်က အရမ်း ရယ်ရတာဘဲ ဘာလည်း ငါအခုထိ နင်ပြောသမျှ အရူးလို ယုံမယ်လို့ထင်နေတာလား ...ဟားဟား စိတ်မပူပါနဲ့ နင် ဒီမှာ အလုပ်လုပ်တဲ့ အတောအတွင်း နင့်ကို ငါခံစားရသလို နာကျင်အောင် နှိပ်စက်ပြမယ် "

Jennie လည်း Jisooရဲ့ ရက်စက်တဲ့ စကားတွေကို နားမထောင်နိုင်တော့လို့ အခန်းထဲက ပြေးထွက်လာသည်

Yeriပြောတာ မှန်သည်...Jisooက လူတစ်ဖက်သားကို နာကျင်အောင် ပြောတတ်နေပြီ

Jennie ဓာတ်လှေကားထဲတွင် ဘယ်သူမှမရှိလို့ ငိုချလိုက်သည်

Jisoo ပြောင်းလဲသွားပြီ....နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးကနေ ကြမ်းတမ်းတဲ့ မကောင်းဆိုးဝါးလိုဖြစ်နေပြီ

ဒါပေမယ့် Jisooကို အပြစ်တင်လို့မရပေ

ဒါတွေ အားလုံးက Jennie အမှားတွေပင်...Jennieက ဘာမှမပြောဘဲ Jisooကို ထားခဲ့မိသည်

ဓာတ်လှေကားလည်း ပွင့်ရော Jennie သူမ မျက်ရည်တွေကို သုတ်လိုက်သည်

Jisoo သူမကို ချီးကျူးအောင် Jennie အလုပ်ကြိုးစားရမည်

Jennie ဓာတ်လှေကားထဲက ထွက်လာပြီး ဓာတ်လှေကားရှေ့က အခန်းထဲသို့ ဝင်သွားသည်

Jisooပြောတဲ့ ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးကို ရှာပေမယ့် မတွေ့လို့ စာရိုက်နေတဲ့ ကောင်မလေးကို Jennie အကူအညီသွားတောင်းလေသည်

"ဟိုလေ ခွင့်ပြုပါအုံး "

စာရိုက်နေတဲ့ ကောင်မလေးမှာ စာရိုက်နေရာက ရပ်ပြီး Jennie ကို လှည့်ကြည့်လေသည်

"ဟုတ် ပြောပါ "

"ဆံပင်ရွှေရောင်နဲ့ Park Chaeyoungဆိုတဲ့ တစ်ယောက်က ဘယ်မှာလည်း မသိဘူး "

"Aww မင်းက သူ့ကိုရှာနေတာလား သူ အပြင်ခဏထွက်သွားတယ် ...ပြန်လာတော့မှာပါ ခဏစောင့်နိုင်လား "

"ဟုတ် စောင့်နိုင်ပါတယ်..."

"အဲ့တာဆို ထိုင်အုံးလေ ရော့ ဒီမယ် ခုံ "

ကောင်မလေးမှာ သူမဘေးနားက ခုံကိုယူပြီး Jennie ကိုပေးလိုက်သည်

Jennieလည်း ခုံယူထိုင်ပြီး အူကြောင်ကြောင်လေး ဖြစ်နေသည်

"ဒါနဲ့ ...မင်းက ဒီကို ဘာလာလုပ်တာလည်း "

"Aww Chawက Miss Kimရဲ့ အတွင်းရေးမှူး အသစ်လေ ..သူက ဒီကို သွားခိုင်းလို့ Park Chaeyoung က ဂိုက်လုပ်ပေးလိမ့်မယ်ပြောလို့လေ "

"Aww good luckပါရှင် ဒါနဲ့ နာမည်က ဘယ်လိုခေါ်လည်း အလှလေးလား "

ကောင်မလေး စကားကြောင့် Jennie ရှက်သွားတယ်

"Chaw နာမည်က Jennie Kim ပါ..."

" Bae Joohyun ပါ...Baeလို့လည်း ခေါ်လို့ရတယ်နော် အချောလေးမို့ Baeလို့ ခေါ်ခိုင်းတာ "

Joohyun မျက်ခုံးပင့်ပြပြီး ပြောတော့ Jennie gummy smileလေးပေါ်အောင် ပြုံးလိုက်သည်

"တွေ့ရတာ ဝမ်းသာပါတယ် Joohyunnie "

"Wow Joohyunnie လို့ခေါ်တာလည်း ငါသဘောကျတယ်... ...ငါ့သူငယ်ချင်းတွေဘဲ ငါ့ကို Nickname ခေါ်တာ "

"Chawက အခု Joohyunie သူငယ်ချင်း ဖြစ်သွားပြီလေ "

"Haha ဟုတ်ပါပြီ "

Jennieမှာ Joohyun နဲ့စကားပြောရင်း စိတ်သက်သာရာ ရပြီး ပျော်နေသည်

ခုန ဖြစ်နေတဲ့ လေးလံတဲ့ ခံစားချက်တွေတောင် ပျောက်သွားသည်

Joohyunနဲ့ အတူ Chaeyoungကို စောင့်ရင်း  စကားတွေပြောရင်း ရယ်မောနေစဥ်....အေးစက်တဲ့ အသံကြောင့် Jennie အေးခဲသွားသည်

" အလုပ်စဝင်တဲ့ နေ့မှာဘဲ ငါ့ဝန်ထမ်းနဲ့ အီစီကလီ လုပ်နေတယ်ပေါ့ "

#TBC

#zawgyi









"Ah. .."




"တောင်းပန်ပါတယ် "










"ဟုတ် ဘာစည်းကမ်းလည်း ..."







"ရော့ ဒီစာရွက်ယူထား...."





















"ဟိုလေ ခွင့်ပြုပါအုံး "


"ဟုတ် ပြောပါ "

















"Haha ဟုတ်ပါပြီ "





#TBC

Bạn đang đọc truyện trên: Truyen3h.Co